← Chapters

ဒေါသပုန်ထခြင်း(၉)

Vol. 151 Ch. 2083

ဒေါသပုန်ထခြင်း(၉)

Vol. 151 Ch. 2083

“ခရမ်းရောင်လက်ဝါးဘိုးဘေးစိတ်ဝိညာဉ်ချိပ်ပိတ်မှု…။ ဒီမန္တာန်ကို မဟာအင်ပါယာကူးတောက်က အင်ပါယာမိသားစုသုံးစုဆီ လွှဲပြောင်းပေးခဲ့တာ။ လက်ရှိ အင်ပါယာကပဲ ဒါကို အသုံးပြုနိုင်တယ်။ သူတို့က ဒါကို သူတို့ရဲ့ဘဝမှာ တကြိမ်သာ အသုံးပြုနိုင်တယ်။ မဟာအင်ပါယာအောက်က လူတိုင်းဟာ ဒီမန္တာန်ကို အသုံးပြုခံရရင် သူတို့ရဲ့ ဘဝကို ဆက်ပြီး ထိန်းချုပ်နိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး…”

“မဟာအင်ပါယာကူးတောက်တစ်ယောက်ပဲ ဒီမန္တာန်ကို ဖယ်ရှားနိုင်တယ်…” ရွှမ်လောသည် သုန်မှုန်စွာ ပြောလာ၏။

ဝမ်လင်းသည် ငြိမ်သက်နေမြဲပင်။

ရွှမ်လောသည် ရှေးတောက်အင်ပါယာကို ကြည့်ကာ တည်ငြိမ်စွာ ဆို၏။ “ယဲ့တောက် ရှေးတောက်ရဲ့ စောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဒီမှာရှိတဲ့ အတားအဆီးကို ဖယ်ရှားပြီး သူမကို ဝမ်လင်းခေါ်သွားဖို့ ခွင့်ပြုပေးဖို့ ငါ တောင်းဆိုတယ်။ ပြီးရင် ဒီအမျိုးသမီးရဲ့ မန္တာန်ကို ဖယ်ရှားဖို့ မဟာအင်ပါယာကူးတောက်ကို ငါ သွားတောင်းဆိုမယ်…”

“အင်ပါယာသားတော်။ အမျိုးသမီးတစ်ယောက်အတွက် ဒါက မထိုက်တန်ပါဘူး…”

အင်ပါယာ၏ အဖေဖြစ်သူသည်လည်း မျက်မှောင်ကြုတ်ကာ ရှေးတောက်အင်ပါယာကို ကြည့်နေ၏။

“ဒီအမျိုးသမီးဟာ ဝမ်လင်းဇနီးရဲ့ စိတ်ဝိညာဉ် ဖြစ်နေမှတော့ မင်းက သူမကို ဘာကြောင့် လိုချင်နေရတာလဲ။ မင်း သူ့ကို ပြန်ပေးလိုက်ပါ။ ဒီလိုအစွမ်းထက်တဲ့သူက ငါတို့ ရှေးတောက်မှာ နေထိုင်ဖို့ ဆုံးဖြတ်ပြီးပြီးပဲ။ မင်း ပြန်မပေးရင် ဒါက သူ့စိတ်နှလုံးကို အေးစက်သွားစေလိမ့်မယ်…”

“စိတ်နှလုံးအေးစက်သွားတာလား။ အဲ့လို ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ သင်ဟာ အိုနေပြီ။ ဒါ့ကြောင့် ဒီလိုအဓိပ္ပာယ်မရှိတဲ့ အရာတွေ မပြောပါနဲ့တော့။ ပြီးတော့ အရှင်ရွှမ်…ဒါက အင်ပါယာမိသားစုရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ သင်ဟာ ရှေးတောက်ရဲ့ စောင့်ရှောက်သူသာ ဖြစ်တယ်။ သင် မဟာအင်ပါယာကူးတောက်နဲ့ သဘောတူညီချက်ကို မေ့သွားပြီလား။  ဒီလူဟာ နန်းတော်ကို အတင်းအကြပ် ဝင်လာပြီး အင်ပါယာအာဏာစက်ကို ထိပါး စော်ကားခဲ့တာ။ အရှင်ရွှမ်က ဒီလူ့ကို သင့် တာဝန်တစ်ရပ်အနေနဲ့ သတ်ပစ်ဖို့ ငါ မျှော်လင့်တယ်…”

ရှေးတောက်အင်ပါယာသည် အေးစက်စက် ဆိုလာ၏။ သူသည် ရွှမ်လော၏ တောင်းဆိုမှုကိုပင် လစ်လျူရှုသည်။

သူသည် ထိုသို့ ပြုမူ ဝံ့ခြင်းမှာ သူ့အနေဖြင့် မည်သူကမျှ သူ့ကို သတ်ဖြတ်ဝံ့လိမ့်မည် မဟုတ်ဟု ယုံကြည်သောကြောင့်ပင်။ အထူးသဖြင့် ဝမ်လင်းပင်။

ရွှမ်လောသည် ဒေါသတကြီး ပြုံးလိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သည်ရှေးတောက်အင်ပါယာမှာ သူ ညွှန်ပေးခဲ့သော သူ ဖြစ်၏။ အခု ထိုအင်ပါယာက သည်လိုစကားမျိုး သူ့ကို ပြောဝံ့နေပေသည်။ ရွှမ်လောက စကားဆိုမည့်ဟန် ပြင်လိုက်စဉ် ဝမ်လင်းက ပြောလာ၏။

“ငါ ဒူးထောက်မယ်ဆိုရင် မင်း သူမကို ခေါ်သွားခွင့် ပြုမှာလား…”

“မင်း ငါ့ကို အရင်တုန်းက သတ်ချင်ခဲ့တာ မဟုတ်ဘူးလား။ မင်း အရင်တုန်းက မောက်မာခဲ့တာ မဟုတ်ဘူးလား။ မင်းဟာ အရင်တုန်းက ဒူးထောက်ချင်စိတ် မရှိခဲ့ဘူးမလား။ အခုမှာ မင်းက ဒူးထောက်နေချင်တယ်ပေါ့။ မင်းဟာ လှိုဏ်ဂူလောကက လာတဲ့ ပုရွတ်ဆိတ်သာသာပါပဲ။ ငါဟာ မိုးကောင်းကင်ရဲ့ ဂုဏ်ယူရတဲ့ သားတော်တစ်ယောက်။ မင်းက ငါ့ရှေ့ကို လာပြီးတော့ ဒူးထောက်ပါ။ ငါ စိတ်ကျေနပ်မယ်ဆို ငါ့အနေနဲ့ ဒီအမျိုးသမီးကို မင်းကို လက်ဆောင်အဖြစ် ပေးချင် ပေးမိလိမ့်မယ်…”

ရှေးတောက်အင်ပါယာက လှောင်ပြုံး ပြုံးသည်။

“ငါ ဝမ်လင်းဟာ ငါ့ဘဝအဆုံးထိ ရှေးတောက်ကို စောင့်ကြပ်ပေးသွားမယ်။ ငါ ဒူးထောက်နိုင်တယ်။ ငါ မင်းကို မသတ်ဘဲလည်း နေနိုင်တယ်။ ငါ ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်အပိုင်းအစကို လိုချင်ရုံလေးပဲ။ သူမကို ပြန်ပေးပါ။ ငါ့ရှိ သူမကို ပြန်ပေးပါ။ အဆင်ပြေတယ်မလား…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်သည်။ သူ့မျက်လုံးထဲတွင် အဆုံးမဲ့ ဝမ်းနည်းခြင်းတို့ ပြည့်လာသည်။

“သူမကို မင်းရှိ ပေးရမယ် ဟုတ်လား။ ဒါကတော့ ငါ့ စိတ်အခြေအနေပေါ်ပဲ မူတည်တယ်။ ဒီအမျိုးသမီးနဲ့နှစ်ပေါင်းထောင်ချီလောက် ကျီဆယ်ကစားပြီးရင်တော့ မင်းကလည်း အဲ့အချိန်အတွင်း  နာနာခံခံ ရှိရင်တော့ ငါ သူမကို မင်းရှိ ပေးချင်ပေးမှာပေါ့…”

ရှေးတောက်အင်ပါယာသည် ရယ်မောကာ ဆိုသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက မျက်လုံးမှိတ်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်သည် ပေါက်ကွဲထွက်လာကာ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်ရ၏။ စုန့်ကျိပေါ်ရှိ အတားအဆီးကိုမူ သူ့အနေဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးကနေ ခံစားမိနိုင်သည်။ သူ့ထံ၌သာ အချိန်ရှိပါက သူသည် ထိုအတားအဆီးချိပ်ပိတ်မှုကို ဖယ်ရှားချိုးဖျက်နိုင်ပေမည်။

သူ သူ့သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားရသည့် အကြောင်းရင်းမှာ ရွှမ်လောကြောင့်သာ ဖြစ်၏။ အကြောင်းမှာ ရွှမ်လောသည် ရှေးတောက်အင်ပါယာကို သတ်ဖို့ ခွင့်ပြုမည် မဟုတ်သောကြောင့်ပင်။ ရွှမ်လောသည် ရှေးတောက်၏ စောင့်ရှောက်သူ ဖြစ်၏။ သည်နေရာတွင် အင်ပါယာအာဏာစက်သည် အကြွင်းမဲ့ မဟုတ်လား။

“ငါ ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်အပိုင်းအစအတွက် တခြားအရာတွေနဲ့လည်း လဲလှယ်ပေးနိုင်တယ်…”  ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့သတ်ဖြတ်လိုစိတ်ကို ထပ်မံ ဖိနှိပ်သည်။ သို့ပေမည့် သူ့မျက်လုံးတို့သည် နီရဲလာကာ သူက ကြမ်းရှရှလေသံဖြင့် ပြောလိုက်၏။

“အို..မင်းက ဘာနဲ့များ လဲလှယ်ချင်လဲ ပြောပါအုံး…”  ရှေးတောက်အင်ပါယာက ဆို၏။

ဝမ်လင်းသည် စုန့်ကျိကို ကြည့်သည်။ ထို့နောက် သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်၏။ စိတ်ဝိညာဉ်တစ်ခု ပေါ်လာသည်။ သည်စိတ်ဝိညာဉ်၏ မျက်လုံးမှာ မှိတ်ထားလျက် ရှိ၏။ သို့သော် ၎င်းထံမှ ရွှေရောင်အလင်းကို ပေးစွမ်းနေသည်။ ထိုအလင်းက မသန့်စင်နေဘဲ ယင်းစိတ်ဝိညာဉ်သည် နာကျင်မှုကို ခံစားနေရပုံ ပေါ်သည်။

“ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်နဲ့ဆို လုံလောက်တယ်မလား…”  ဝမ်လင်း၏အကြည့်က ရှေးတောက်အင်ပါယာပေါ်သို့ ကျရောက်သွားသည်။

ရှေးတောက်အင်ပါယာ၏ အမူအရာသည် သည်စိတ်ဝိညာဉ်ကို စိုက်ကြည့်နေလျက် ပြောင်းလဲသွား၏။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်မှု ပြည့်သွားသည်။

“ကောင်းကင်ဘုံအင်ပါယာ။ ဒါ…ဒါ မဖြစ်နိုင်ဘူး။ သူ…မင်း…မင်းမှာ ဒီစိတ်ဝိညာဉ် တကယ်ပိုင်ဆိုင်ထားတာပဲ…”  ရှေးတောက်အင်ပါယာသည် ပင့်သက်ရှိုက်မိ၏။ သူသာမက ဝမ်လင်း ထိုစိတ်ဝိညာဉ်ကို ထုတ်ယူလိုက်သည့်အခါတွင် ရှေးတောက်ဝင်အားလုံး၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။

တခြားကလန်နှစ်ခုမှ အဖွဲ့ဝင်များသည်လည်း အတူတူပင်။ အများစုက ကောင်းကင်ဘုံအင်ပါယာကို မြင်ဖူးကြပေသည်။ ထို့ကြောင့် သူတို့သည် ထိုစိတ်ဝိညာဉ်ကို တွေ့မြင်သည့်အခါ ၎င်းသည် အစစ်အမှန်ဖြစ်သည်ကို ချက်ခြင်း သိလိုက်သည်။

ရှေးတောက်အင်ပါယာ၏ ဖခင်ဖြစ်သူ၏ မျက်လုံးသည် ပြူးကျယ်သွားကာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ရွှမ်လောသည်ပင် ထိုစိတ်ဝိညာဉ်ကို မြင်သည့်အခါ တုန်လှုပ်သွားမိသည်။

“မလုံလောက်သေးဘူး။ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်တစ်ခုလောက်နဲ့ ဘယ်လုံလောက်မလဲ…”  ရှေးတောက်အင်ပါယာ၏ စိတ်နှလုံးသည် အခုန်မြန်လာသည်။ သူသည် ဝမ်လင်းကို ပထမဆုံးအကြိမ်အဖြစ် အထိတ်တလန့် ကြည့်မိ၏။ သူသည် ဝမ်လင်း ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို မည်သို့ ရယူပိုင်ဆိုင်ခဲ့သည်ကို စိတ်ကူး၍ပင် မကြည့်နိုင်ပေ။ ထို့အပြင် ကောင်းကင်ဘုံအင်ပါယာသည် နေကိုးစင်းထဲမှ တစ်ယောက် ဖြစ်၏။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူက သူ့ဘယ်လက်ကို ကောင်းကင်ထက်သို့ ဝေ့ယမ်း၏။ အဖြူအနက်နေမင်းသည် သူ၏နောက်တွင် ပေါ်လာ၏။ ထိုနေမင်းအတွင်းမှ တစ်စုံတစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ၎င်းမှာ ဦးခေါင်းတစ်ခုပင်။ ၎င်းသည် မျက်လုံးနှင့်နား ကင်းမဲ့နေသော ဦးခေါင်း ဖြစ်၏။

ထိုဦးခေါင်း ပေါ်လာသည့်အခိုက်တွင် အလွန်တရာ ထူထဲသော ကောင်းကင်ဘုံစွမ်းအင်နှင့် ရွှေရောင်အလင်းတို့ ပျံ့နှံ့လာ၏။

“ဒီဦးခေါင်းကိုပါ ထည့်ပေါင်းလိုက်ရင်ကော လုံလောက်ပြီလား…”  ဝမ်လင်း၏ အသံက ပို၍ ကြမ်းရှလာ၏။

“ဒါက…”  ရှေးတောက်အင်ပါယာသည် ထိုဦးခေါင်းကို တွေ့မြင်သည့်အခါ မင်သက်သွားသည်။ သူသည် ၎င်းကို သိသလို ခံစားမိသည်။ သို့သော် သူသည် မမှတ်မိဘဲ ဖြစ်နေသည်။

“ဒါက…ဒါက ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းပဲ။ ဒဓါက တကယ်ပဲ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်း…”  ရှေးတောက်အင်ပါယာ၏ အဖေဖြစ်သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားကာ သူသည် နန်းတော်ထဲမှပင် ပျံသန်းထွက်လာသည်။ သူသည် လေထဲရှိ ထိုဦးခေါင်းကို စိုက်ကြည့်ကာ အရင်တုန်းက လုံးဝ မဖြစ်ပေါ်ဖူးသော စိတ်လှုပ်ရှားမှုမျိုး လှစ်ဟပေါ်သည်။

“ဘာ…ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်း ဟုတ်လား…”  ရှေးတောက်အင်ပါယာသည် အသိပြန်ဝင်လာကာ သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

ရွှမ်လောသည်ပင် ထိုဦးခေါင်းကို ကြည့်ကာ ပင့်သက်ရှိုက်မိပြီး သူ့စိတ်သည်လည်း ဟာလာဟင်းလင်း ဖြစ်မိသွားသည်။

သူတို့သည်ပင် ထိုသို့ ဖြစ်နေလျှင် ကျန်သည့်သူများမှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ရှေးတောက်အင်ပါယာအဖေဖြစ်သူ၏ အော်သံကို ကြားသည့်အခါ သူတို့အားလုံးသည် ထိုဦးခေါင်းကို လှမ်းကြည့်မိ၏။ သူတို့ခံစားမိသော တုန်လှုပ်မှုက ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို မြင်ခဲ့ရချိန်ထက် များစွာ ပိုပြင်းထန်နေသည်။

“ကောင်းကင်ဘုံ…ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်း…”

“ကောင်းကင်ဘုံဘိုးဘေး…ဟာ သေဆုံးသွားခဲ့ပြီ။ ဒါဆို ရှေးဘိုးဘေးကရော။ သူကကော ခုထိ အသက်ရှင်နေသေးလား…”

“ဒီဝမ်လင်းက ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို တကယ်ပဲ ပိုင်ဆိုင်ထားတယ်…”

ထိုကိစ္စသည် နန်းတော်တစ်ခုလုံးကို ဂယက်ထသွားစေလိမ့်မည်။ မကြာမီတွင် ရှေးကလန်တစ်ခုလုံးကို ဂယက်ထသွားစေလိမ့်မည်။ တခြားကလန်နှစ်ခုမှ သူများသည်လည်း ယင်းဦးခေါင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ဝမ်လင်းသည် မင်သက်နေသော ရှေးတောက်အင်ပါယာကို ကြည့်ကာ ကြမ်းရှရှ  လေသံဖြင့် ပြောလာ၏။ “ဒီနှစ်ခုနဲ့ ငါ့ဇနီးရဲ့ စိတ်ဝိညာဉ်ကို လဲလှယ်မဆိုရင် လုံလောက်ပြီလား…”

“လုံလောက်ပြီ…လုံလောက်ပြီ…”  ထိုသို့ ဖြေလာသူမှာ ရှေးတောက်အင်ပါယာ၏ အဖေ ဖြစ်သူပင်။ သူသည် စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် သူ့သားကို ကြည့်သည်။

“ယဲ့တောက်…ဒီအရာနှစ်ခုနဲ့ဆို ငါတို့ ရှေးတောက်ဟာ မော်ကြွားမြင့်တက်လာလိမ့်မယ်။ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်နဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းတို့နဲ့ဆို ငါတို့ ရှေးတောက်ဟာ ရှေးကလန်တစ်ခုလုံးကို စုစည်းအုပ်ချုပ်နိုင်တဲ့ အခွင့်အရေး ရလာလိမ့်မယ်။ ဒီအမျိုးသမီးကို လက်လွှတ်ပေးလိုက်တော့…”

ထိုအဘိုးအို၏အသံသည် စိတ်လှုပ်ရှားခြင်းကြောင့် တုန်နေ၏။

ရှေးတောက်အင်ပါယာသည် ချီတုံချတုံ ဖြစ်နေသည်။

“မြန်မြန်…အတားအဆီးကို ဖယ်ပေးလိုက်တော့။ မင်း ဘာကို စောင့်နေတာလဲ…” ထိုအဘိုးအိုက ပူပန်တကြီး အော်၏။

“မလုံလောက်သေးဘူး။ သူ့လို ရန်သူတော် ရှိနေရင် ကျုပ် အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ သူ့ကို သတ်လိုက်ရင် ဒီအရာနှစ်ခုလုံးဟာ ကျုပ်တို့ ရှေးတောက်ရဲ့ အပိုင်ပဲ…”  ရှေးတောက်အင်ပါယာ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားသည်။

“မင်း…”  ထိုအဘိုးအိုသည် သူ့သားကို ဟောက်ရန် ဟန်ပြင်သည်။ သို့သော် သူသည် ရုတ်တရက် စကားပြောမည်ကို ရပ်ကာ ဝမ်လင်းထံ လှည့်ကြည့်၏။ သူ၏မျက်လုံးက အရောင်တောက်သွားလေသည်။

“မင်းတို့ တော်တော်များသွားပြီ…”  ကောင်းကင်ထက်၌ ရွှမ်လောသည် ထိုသို့ ကြိမ်းမောင်းလိုက်တော့သည်။ သူ၏ ကြိမ်းမောင်းသံကြောင့် တချို့သည် သွေးများပင် အန်ထုတ်လိုက်ရ၏။ သူတို့၏မျက်နှာထက်တွင် အကြောက်တရားတို့ ပြည့်ကုန်သည်။

ရှေးတောက်အင်ပါယာ၏မျက်နှာသည်ပင် ဖြူရောသွား၏။ သူသည် သွေးအပြည့် အန်ထုတ်လိုက်ရသည်။ သူက ရွှမ်လောကို ဒေါသထွက်စွာ လှမ်းကြည့်သည်။

“ရွှမ်လော…သင်က ကျုပ်ကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်လား။ သင်က မဟာအင်ပါယာကူးတောက်ရဲ့ ဒေါသကို မကြောက်ဘူးလား…”

“ယဲ့တောက်…အတားအဆီးကို ဖြေလျှော့လိုက်။ မင်း ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းနဲ့ ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်ကို ယူနိုင်တယ်။ ဒီအဘိုးအိုက ဘာမှ မဖြစ်ခဲ့သလို ပြုမူ ပေးလိုက်မယ်။ ဒါပေမဲ့ မင်း မလုပ်ရင်တော့ ဒီအဘိုးအိုက ဒီကနေ့ မင်းကို သတ်ဖို့ မဟာအင်ပါယာကူးတောက်နဲ့ပါ တိုက်ခိုက်ရလိမ့်မယ်…”  ရွှမ်လော၏ စိတ်နှလုံးသည် နာကျင်နေ၏။ သူသည် ဝမ်လင်း၏ ပုံပန်းအသွင်ကို ကြည့်နေမိ၏။ သူသည် သူ့တပည့်ဖြစ်သူ၏ ဖြစ်အင်ကို ကြည့်ကာ သည်းမခံနိုင်တော့ပေ။

သူသည် ဝမ်လင်း၏ ထိုသို့ လုပ်ဆောင်မှုများက သူ့အတွက် ဖြစ်ကြောင်းကို နားလည်၏။ သူ၏တပည့်က သူ့ကို မခက်ခဲစေချင်ပေ။ သူ့ကို စိတ်မပျက်စေချင်ပေ။ ထို့ကြောင့် ဝမ်လင်းသည် ခုထိ တင်းခံကာ သည်းခံ‌ပေးနေတာ ဖြစ်သည်။

သည်လိုတပည့်မျိုးအတွက် ရွှမ်လောသည် ဂုဏ်ယူမိ၏။ သူ၏တပည့်ဖြစ်သူကပင် ထိုသို့ လုပ်ဆောင်ပေးနိုင်ပါက သူသည် နှစ်ပေါင်းမရေမတွက်နိုင်စွာ အသက်ရှင်ခဲ့ရပြီး ဖြစ်ကာ သူကိုယ်တိုင် သူ၏တပည့်ဖြစ်သူအတွက် သည်အင်ပါယာကို သတ်ပစ်ပေတော့မည်။ သူသည် ရှေးအင်ပါယာကို သတ်သော ပထမဆုံး မဟာအင်ပါယာ ဖြစ်လာပေလိမ့်မည်။

ရွှမ်လောသည် ထိုသို့ လုပ်ဆောင်ပါက အကျိုးဆက်ကို ကောင်းကောင်းသိ၏။ သို့သော် ခုချိန်တွင် သူသည် သူ့တပည့်ဖြစ်သူကို ခုလိုပုံစံဖြင့် ကြည့်နေရသည့်အခါ သူက ထိုသို့ လုပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

“သင်က ငါ့ကို သတ်မယ် ဟုတ်လား။ ရွှမ်လော…သင်ဟာ ရှေးတောက်ရဲ့ မဟာအင်ပါယာပဲ။ သင်သာ ငါ့ကို သတ်လိုက်ရင် မဟာအင်ပါယာကူးတောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံရရုံသာမက သင် နှစ်ပေါင်း မရေမတွက်နိုင်အောင် စောင့်ရှောက်ခဲ့တဲ့ ရှေးတောက်ကို ဆန့်ကျင်ရာလည်း ရောက်တယ်။ သင်ဟာ ရှေးတောက်တစ်ခုလုံးကို ရန်စစော်ကားရာလည်း ရောက်တယ်။ သင်က ငါ့ကို သတ်ဝံ့တယ်လား။ သင်ဟာ သေသွားခဲ့မယ်ဆိုရင်တောင် ရှေးတောက်ရဲ့ အပြစ်သား ဖြစ်သွားလိမ့်မယ်။ ရှေးတောက်တစ်ခုလုံးရဲ့ မုန်းတီးမှုကို ခံရတဲ့သူ ဖြစ်သွားလိမ့်မယ်…”

ရှေးတောက်အင်ပါယာက အော်ဟစ်ကာ ပြောဆိုလာ၏။ သူ့အမူအရာမှာလည်း ကြမ်းတမ်းနေသည်။

ရွှမ်လော၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူသည် သူ၏ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကို ဖုံးကွယ်ရန် မျက်လုံးမှိတ်လိုက်သည်။

“ငါဟာ ရှေးတောက်ကို ဒီနေကနေ့ထိ စောင့်ရှောက်ခဲ့တယ်။ ဘာ နောင်တရစရာမှ မရှိခဲ့ဘူး။ ငါ့မှာ ဒီတပည့်တစ်ယောက်ပဲ ရှိတယ်။ ငါဟာ သူ့ကို လှိုဏ်ဂူလောကကနေ ခေါ်လာခဲ့တာ။ သူဟာ ကောင်းကင်ဘုံကလန်မှာ အနှိုင်းမဲ့နေရာတစ်ခု ရထားပြီးပြီ။ ဒါပေမဲ့ သူက ငါ့ကို လာရှာခဲ့တယ်။ ငါ့မှာ ဒီတပည့်တစ်ယောက်ပဲ ရှိတယ်…”

ရွှမ်လောသည် မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်လုံးထံမှ ပြတ်သေားသောအကြည့် လှစ်ဟပေါ်လာသည်။

ရွမ်လောသည် ထိုသို့ ဆုံးဖြတ်သည့်အခါ၌ ဝမ်လင်းက ညင်သာစွာ ပြောလာ၏။” “ဆရာ…”  သူသည် ရွှမ်လောကို ကြည့်ကာ ပြုံး၏။ သူသည် ဝမ်အာ၏ စိတ်ဝိညာဉ်အပိုင်းအစကို ရှာတွေ့ခဲ့ချိန်မှစ၍ အခုသည် ပထမဆုံးအကြိမ် ပြုံးလိုက်ခြင်းပင်။

သို့သော် ရွှမ်လောက ထိုအပြုံးကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးမှာ ပိုနာကျင်ရသည်။ ထိုအပြုံးက မည်သို့သော အပြုံးမျိုးနည်း။ ယင်းက ငြိမ်သက်သော ငိုခြင်းတမျိုးသာ ဖြစ်နေသည် မဟုတ်လား။

“ဆရာ…သင်က ရှေးတောက်ကို သင့်တဘဝလုံး ကာကွယ်ပေးခဲ့တယ်။ တပည့်က သင့်ရဲ့ ဒီဆုံးဖြတ်ချက်နဲ့ မထိုက်တန်ပါဘူး…”  ဝမ်လင်းသည် ရွှမ်လောကို ကြည့်ကာ ဒူးထောက်လိုက်၏။ သူသည် ရွှမ်လောကို ဒူးထောက်ကာ ဦးညွှတ်အရိုအသေ ပေးသည်။

သူ၏ဘဝတွင် သူသည် ကောင်းကင်နှင့်မြေကြီး၏ရှေ့တွင် ဒူးမထောက်ဟု ပြောခဲ့ဖူး၏။ သူသည် သူ့မိဘများနှင့် စစ်ထူကိုသာ လေးစားသမှု ထား၏။ အခု သူ ဒူးထောက်ရမည့် နောက်တစ်ယောက် ရှိလာခဲ့ပေပြီ။

“တပည့်…မင်း…”  ရွှမ်လော၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်လာတော့သည်။

All Chapters