← Chapters

ဒေါသပုန်ထခြင်း(၁၁)

Vol. 151 Ch. 2085

ဒေါသပုန်ထခြင်း(၁၁)

Vol. 151 Ch. 2085

နန်းတော်၏ အပြင်ဘက်တွင် ကျန်နေသော လူတစ်ထောင်နီးပါးသည် အကြောက်တရားနှင့် ပြည့်နေသည်။

ဝမ်လင်း နန်းတော်ထံ ခြေလှမ်းသည့်အခါ ရှေးတောက်အင်ပါယာ၏ မျက်နှသည် ဖြူရောသွား၏။ သူသည် နောက်သို့ အလိုလို ဆုတ်မိကာ ဝမ်လင်းကို စိုက်ကြည့်၏။

“ဝမ်လင်း…ငါ သေရမယ်ဆိုရင်တောင် ဒီအမျိုးသမီးလည်း သေရလိမ့်မယ်။ မင်း ငါ့ကို သတ်ဝံ့လား။ ငါ့မှာ မဟာအင်ပါယာကူးတောက်ရဲ့ အကာအကွယ်လည်း ရှိတယ်။ ဒီလောကမှာ ဘယ်သူကမှ ရှေးအင်ပါယာတွေကို မသတ်နိုင်ဘူး…”

ဝမ်လင်းသည် ရှေးတောက်အင်ပါယာနှင့် သုန်မှုန်သော သူ၏အဖေဖြစ်သူတို့ကို လစ်လျူရှုထား၏။ သူက စုန့်ကျိကိုသာ ကြည့်နေသည်။ ထိုအမျိုးသမီးကို ကြည့်နေရင်း သူ့ရူးသွပ်မှုက အနည်းငယ် လျှော့ပါးသွားသည်။ သူသည် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်တွင်းရှိ စိတ်ဝိညာဉ်အပိုင်းအစ၏ အော်ရာနောက်သို့ နှစ်ပေါင်းထောင်ချီ လိုက်လံရှာဖွေနေခဲ့တာ မဟုတ်လား

သို့သော် ထိုအခိုက်တွင် ဝမ်လင်းရှေ့၌ အရိပ်များ ပေါ်လာ၏။ ယင်းတို့မှာ အခိုးအငွေ့များကဲ့သို့ပင်။ ၎င်းတို့သည် ဝမ်လင်းထံ တိုးဝင်လာသည်။

ဝမ်လင်းသည် သူတို့ထံ ဖြတ်ခနဲသာ ဝေ့ကြည့်လိုက်သည်ဟု ထင်ရ၏။ သူ့အကြည့်က စုန့်ကျိထံ၌သာ မြဲမြံစွာ ရှိနေုတုန်းပင်။ သူ ရှေ့သို့ လျှောက်လာစဉ် တစီစီအသံများ ပဲ့တင်ထပ်ကာ ထိုပုန်းကွယ်နေသော အရိပ်များသည်အတင်းအကြပ် ထွက်ပေါ်လာရ၏။ သည်ပုံရိပ်များသည် သွေးအန်ရကာ သူတို့၏ခန္ဓာကိုယ်များတွင် အက်ကြောင်းများ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားကြလေ၏။

မျက်စိတမှိတ်အတွင်း ဝမ်လင်းရှေ့တွင် ပုံရိပ်ဒါဇင်ချီ ပေါ်လာခဲ့၏။သို့သော် မည်သူကမျှ အသက်မရှင်နိုင်ခဲ့ပေ။ ဝမ်လင်းသည် စိတ်ရှုပ်ထွေးနေသော စုန့်ကျိရှေ့တွင် လာရပ်သည်။

ထိုအမျိုးသမီးက ဝမ်လင်းကို မော့ကြည့်ကာ တစ်ခုခု ပြောရန် ဟန်ပြင်၏။ သို့သော် သူမက သူမ၏စကားလုံးများကို မေ့နေသည်။ သူမသည် ဝမ်လင်းကို ကြည့်နေမိ၏။ သူမ၏မျက်လုံးထဲတွင် ရုန်းကန်မှုတို့ ရှိနေကာ သူမ၏မှတ်ဉာဏ်များ နိုးထလာသည့်အလား။

“သူ ဘယ်သူလဲ။ သူမကရော ဘယ်သူလဲ။ ငါကရော။ ငါကသာ သူမဆိုရင် အန်တီချန်နဲ့ ညီမတန်တို့ကရော ဘယ်သူတွေလဲ…”  ထိုအမျိုးသမီးသည် သူမ၏ ခေါင်းကို ဆုပ်ကိုင်ကာ တုန်ယင်နေ၏။ သူမသည် နာကျင်နေရပုံ ပေါ်သည်။

ဝမ်လင်း၏ စိတ်နှလုံးမှာ ကြေကွဲရလေ၏။ သူက သူ့ညာလက်ကိုပင့်မြှောက်ကာ သူ့နောက်သို့လက်ညွှန်လိုက်၏။ နာကျင်ဆိုးဝါးစွာအော်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွးသည်။ သည်အခိုက်ကို အသာစီးယူကာ တိုက်ခိုက်ချင်လာသော အရိပ်တစ်ခုသည် ဝမ်လင်း၏ လက်ညွှန်ချက်ကြောင့် သူ ဘာမျှ မလုပ်နိုင်ခင်မှာပါ သေဆုံးသွားရ၏။

ဝမ်လင်းက သူ့ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ “မကြောက်ပါနဲ့။ ငါက အန်တီချန်၊ ညီမတန်တို့ကို ဘယ်သူဘယ်ဝါတွေမှန်း မသိပါဘူး။ ဒါပေမဲ့ ငါက နင်ဟာ လီမူဝမ်ဆိုတာကိုပဲ သိတယ်။ နင်ဟာ ငါ နှစ်ပေါင်းထောင်ချီ လိုက်လံရှာဖွေနေတဲ့ ငါ့ရဲ့ ဇနီးပဲ…”

ထိုအမျိုးသမီးသည် လီမူဝမ် ဟူသော အမည်ကို ကြားသည့်အခါ သူမသည် နာကျင်စွာ ခံစားမိ၏။ ထိုအမည်သည် ထူးခြားသောစွမ်းအား ပိုင်ဆိုင်ထားသည်။ သူမသည် သူမ၏စိတ်ဝိညာဉ်ထဲ၌ ရင်းနှီးမှုအာရုံကို ရ၏။ ၎င်းမှာ သူမ၏ အမည်အစစ် ဖြစ်နေသည့်အလား။

“လီမူဝမ်…လီမူဝမ်…စုန့်ကျိ။ ငါဟာ တကယ်က ဘယ်သူလဲ…”  ပြင်းထန်သော နာကျင်မှုကြောင့် သူမ၏ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာ၏။

ရှေးတောက်အင်ပါယာသည် ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ လှုပ်ရှားရန် ဟန်ပြင်သည်။ ထိုစဉ် သူသည် ဝမ်လင်း၏ အေးစက်စက်နှာခေါင်းရှုံ့သံကို ကြားလိုက်ရ၏။

ယင်းအသံက ရှေးတောက်အင်ပါယာကို နာကျင်စူးဝါးစွာ အော်ဟစ်မိသွားစေသည်။ သူ့ဒွာရပေါက်များထံမှ သွေးများ စီးကျလာကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ ဝမ်လင်းသည် အလျင်အမြန် သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုအမျိုးသမီး၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။ ထို့နောက် ဝမ်လင်း၏ စိတ်ဝိညာဉ်သွေးစက်၏ အရိပ်အမြွက်က ဝမ်လင်း၏ လက်ချောင်းမှ တဆင့် ထိုအမျိုးသမီးထံ ဖြတ်သန်းစီးဆင်းသွားသည်။ ထိုစိတ်ဝိညာဉ်သွေး ဝင်ရောက်လာသည့်အခါ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။

သည်လောကမှ ပိုင်ဆိုင်သည်ဟု မထင်မှတ်ရသော သိသိသာသာ အစင်းကြောင်းတစ်ခုက သူမ၏နှဖူးထက်တွင် ပေါ်လာ၏။ ၎င်းက သူမနောက်ရှိ ရှေးတောက်အင်ပါယာနှင့် ချိတ်ဆက်ထားသည်။ တုံ့နှေးမနေဘဲ ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ ထိုအဆင်းကြောင်းကို ရိုက်ချ၏။

ထိုအခါ အနှီအစင်းကြောင်းသည် ထက်ပိုင်းပြတ်သွားသည်။

ယင်းအခိုက်တွင် ရှေးတောက်အင်ပါယာသည် သွေးအန်လိုက်ရ၏။ သူသည် အလွန်ဆိုးဝါးသည့်ပုံ ပေါက်နေကာ သူ့မျက်လုံးထဲတွင်လည်း အကြောက်တရားနှင့် မယုံကြည်မှုတို့ ပြည့်နေသည်။

“မဖြစ်နိုင်ဘူး။ ဒီခရမ်းလက်ဝါးဘိုးဘေးစိတ်ဝိညာဉ်ချိပ်ပိတ်မှုကို ဒီလိုမျိုး ဖြတ်ပိုင်းပစ်လို့ မရဘူး။ ဒါဟာ အင်ပါယာမိသားစုတွေရဲ့ လျှို့ဝှက်မန္တာန်ပဲ။ မဟာအင်ပါယာကူးတောက်ကသာ ဒါကို ဖယ်ရှားနိုင်တာ…”   ရှေးတောက်အင်ပါယာသည် အကြောက်အကန် ဆို၏။ သူက ဝမ်လင်းအနားသို့ တိုးမလာဝံ့ဘဲ နောက်သို့ ဆက်တိုက်ဆုတ်သည်။

ဝမ်လင်းသည် ရှေးတောက်အင်ပါယာကို အရေးမစိုက်ပေ။ သူက နာကျင်နေသောအမျိုးသမီးကိုသာ ကြည့်နေ၏။ သူက သူမ၏ဆံပင်ကို ယုယစွာ သပ်ပေးလိုက်သည်။

“မကြောက်ပါနဲ့ ငါ နင့်ကို ခေါ်သွားမယ်…”

ထိုအမျိုးသမီးက သည်စကားကို ကြားသည့်အခါ သူမ၏ တုန်ယင်နေမှုက ရုတ်တရက် ရပ်သွားကာ သူမ၏မျက်လုံးထဲရှိ ရုန်းကန်ရမှုက အရင်ထက် ပိုအားကောင်းလာသည်။

ထိုစကားက သူမ၏စိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ သူမ၏ ဝိုးတဝါးမှတ်ဉာဏ်ထဲတွင် ဂယက်ထနေသည်။

သူမသည် အိပ်မက်ထဲ၌လည်း ထိုစကားကို ကြားမိခဲ့ဖူး၏။ ယင်းအသံသည် သူမ၏ စိတ်ထဲတွင် အဆက်မပြတ်ရှိနေခဲ့ပြီး သူမက ထိုအသံကို ရှာဖွေဖို့လည်း ကြိုးစားခဲ့ပြီး ဖြစ်၏။ သို့သော် သူမ မည်သိုပင် ကြိုးစားပါစေ ၎င်းအသံကို မမှတ်မိနိုင်၊ သို့မဟုတ် မရှာဖွေနိုင် ဖြစ်ခဲ့ရသည်။

သူမက ညပွဲ၌ ဝမ်လင်း၏ ဝမ်အာ ဟူသော စကားကို ကြားခဲ့ရသည်မှစ၍ သူမ၏စိတ်နှလုံးသည် တုန်ယင်ကာ ရင်းနှီးသလိုခံစားချက်မျိုးကို အားကောင်းစွာ ခံစားမိခဲ့သည်။ သို့သော် သူမသည် မမှတ်မိနိုင် ဖြစ်နေတုန်းပင်။ သို့သော် ငါ နင့်ကို ခေါ်သွားမယ် ဟူသော စကားကို ကြားသည့်နောက်တွင်မူ ယင်းစကားများသည် သူမ၏အိပ်မက်ထဲမှ စကားများနှင့် တထပ်တည်း ဖြစ်သွားလေ၏။

သူမသည် ခပ်ရေးရေးမှတ်မိလာသည်။ သူမသည် ထိုအိပ်မက်ထဲမှ အသံသည် သူမရှေ့တွင် ရှိနေသော လူတစ်ယောက်ထံမှ ထွက်ပေါ်လာတာကို မှတ်မိ၏။

“မကြောက်ပါနဲ့…ငါ မင်းကို ခေါ်သွားမှာပါ…”

သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူမ၏မျက်လုံးထံမှ မျက်ရည်များ စီးကျလာသည်။ သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှု အများစုသည် ပျောက်ကွယ်သွားသည်။ သူမသည် ဝမ်လင်းကို ကြည့်နေ၏။ ဝမ်လင်း၏မျက်နှာသည် သူမအတွက် ပိုပို၍ ရင်းနှီးကျွမ်းဝင်လာသည်။

“ဝမ်…လင်း…”  ထိုအမျိုးသမီး၏ အသံက မပီမပြင် ဖြစ်နေ၏။ သူမသည် အချိန်အတန်ကြာ စကားမပြောခဲ့သည့်အလား။ သို့သော် သူမ ပြောလိုက်သည့်အရာက ဝမ်လင်း၏ စိတ်ကို တုန်ဟည်းသွားစေကာ မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသည့်အလား။

ဝမ်လင်းသည် စိတ်လှုပ်တရှား ဖြစ်လာကာ ကောင်းကင်ထက်သို့  အော်ဟစ်ရယ်မောပြီး ထိုအမျိုးသမီးကို ပွေ့ဖက်လိုက်သည်။ သူသည် ရှေးတောက်အင်ပါယာနှင့် အလန့်တကြား ဖြစ်နေသော ထိုသူ၏ အဖေထံ အကြည့်ရောက်သွားသည်။ သို့သော် သူ့အဖေနှင့် မတူသည်မှာ ရှေးတောက်အင်ပါယာသည် တည်ငြိမ်မှု အငွေ့အသက် ရှိနေတုန်းပင်။

ဝမ်လင်း လှမ်းကြည့်လိုက်သည့်အခါ ရှေးတောက်အင်ပါယာသည် ဝမ်လင်း၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို ကောင်းစွာ တွေ့မြင်သည်။ သူ့စိတ်နှလုံးမှာ ပြိုလဲလုမတတ် ဖြစ်သွား၏။

“ငါဟာ ရှေးတောက်အင်ပါယာပဲ။ ငါဟာ မဟာအင်ပါယာကူးတောက်ရဲ့ အကာအကွယ်ကို ရထားတဲ့သူ။ မင်း ငါ့ကို မသတ်နိုင်ဘူး…”   ရှေးတောက်အင်ပါယာသည် ထပ်မံ၍ နောက်ဆုတ်၏။ ဝမ်လင်း၏မျက်လုံးက လင်းလက်သွားသည်။ သူသည် ထိုသူ့ကို သတ်ချင်၏။ ရိုးတွင်းခြင်စီထဲကနေကို မုန်းတီးနေသည်။ သူသည် လီမူဝမ်ကို ပွေ့ဖက်ကာ ရှေးတောက်အင်ပါယာထံ တိုးဝင်လာတော့သည်။

ဝမ်လင်းသည် ချက်ခြင်း နီးကပ်လာသည်။ သူ၏မျက်လုံးထဲဝွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ရှိနေသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ရှေးတောက်အင်ပါယာပေါ်သို့ ရိုက်ချလိုက်သည်။

“မဟာအင်ပါယာကူးတောက်…ကျနော့်ကို ကယ်တင်ပေးပါ…”  ရှေးတောက်အင်ပါယာသည် အသည်းအသန် အော်ဟစ်လေသည်။

သို့သော် ဝမ်လင်း၏လက်ဝါးချက် ကျရောက်လာရုံ ရှိသေး ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ရှေးတောက်အင်ပါယာ၏ ပတ်လည်တွင် ခရမ်းရောင်အလင်း ပေါ်လာကာ ဝမ်လင်း၏ လက်ဝါးချက်ကို ပြန်ကန်သွားစေသည်။

ရှေးတောက်အင်ပါယာသည် ထိုခရမ်းရောင်အလင်းကို မြင်သည့်အခါ သူသည် ချက်ခြင်း ရယ်မော၏။ သူ့မျက်လုံးထဲရှိ အကြောက်တရားမှာ ကွယ်ပျောက်သွားကာ တည်ငြိမ်မှု အစားထိုးသည်။ သူသည် ဝမ်လင်းကို ကြမ်းကြတ်စူးရဲစွာ လှမ်းကြည့်သည်။

“ငါဟာ ရှေးတောက်အင်ပါယာပဲ။ ငါဟာ ရှေးဘိုးဘေးရဲ့ မျိုးဆက်။ မင်းက ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ ဒီလောကမှာ ဘယ်သူကမှ ငါ့ကို မသတ်နိုင်ဘူး…”

ရှေးတောက်အင်ပါယာသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ နန်းတော်အပြင်ဘက်ရှိ လူများထံသို့ ဟိန်းဟောက်လိုက်လေ၏။

“ရှေးကလန်ဝင်အားလုံး…ဒီလူ့ကို သတ်ကြ။ ဒီအမိန့်ကို ဖိဆန်တဲ့သူမှန်သမျှ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမယ်…”  သူ၏စကားသံ ထွက်ပေါ်လာသည့်အခ ရင်ပြင်ပတ်လည်ရှိ ရှေးတောက်ဝင်သောင်းချီနှင့် ထိုအမိန့်စကားကို ကြားသိသော သူများသည်ပါ ရောက်ရှိလာ၏။ သူတို့က နန်းတော်ကို လှမ်းကြည့်ကာ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည်။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားကာ သူက သူ့ညာလက်ဖြင့် ရှေးတောက်အင်ပါယာကို ရိုက်ချ၏။ ခရမ်းရောင်အလင်းသည် လင်းလက်သွားကာ ဝမ်လင်း၏ တိုက်ခိုက်မှုကို ခုခံသည်။

ထို့အတွက်ကြောင့် ရှေးတောက်အင်ပါယာသည် မောက်မာစွာ ရယ်မောလေ၏။ သူသည် ရှောင်ပင် မရှောင်ဘဲ ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်သည်။

“မင်းမှာ ငါ့ကို သတ်ပိုင်ခွင့် ဘယ်လိုများ ရှိရတာလဲ။ ဝမ်လင်း…မင်းဟာ လှိုဏ်ဂူလောကက ပုရွတ်ဆိတ်တစ်ကောင်ပဲ။ အခု ငါ့ရဲ့ ရှေးတောက်ကလန်ဝင် တစ်သိန်းဟာ လာနေကြပြီ။ မင်း ဘယ်လိုများ ထွက်သွားမလဲ ငါ မြင်ချင်သေးတယ်။ မင်း သေရမယ်။ မင်း သေတာနဲ့ ငါ ဒီအမျိုးသမီးနဲ့ ပျော်ပါးပစ်မယ်။ သူမကို သေတဲ့အထိ ငါ့ကို အဖော်ပြုခိုင်းမယ်…”

“ငါ မင်းကို မသတ်နိုင်ဘူးလား…”  ဝမ်လင်း၏ ဆံပင်သည် လေမတိုက်ပါဘဲ ရွှေ့လျားကာ သူ၏နောက်တွင် မဟာအင်ပါယာနေမင်း ပေါ်လာ၏။ ၎င်းသည် အဖြူအနက်အလင်းကို တပြိုင်တည်း ပေးစွမ်းသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်သွေးသည် မြန်ဆန်စွာ လည်ပတ်သည်။ တချိန်တည်းမှာ ဝမ်လင်း၏ ခန္ဓာကိုယ်ထံမှ လေတေးသံ ထွက်ပေါ်လာသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ၎င်းမှာ မိုးကြိုးတေးသံပင်။

တိမ်တိုက်များကလည်း လေနှင့်မိုးကြိုးတို့နှင့်အတူ ရောထွေးလှည့်ပတ်ကာ လေပုလွေတေးသံကို ဖန်တီးသည်။

မိုးများရွာသွန်းကာ မိုးတေးသံကိုလည်း ဖန်တီး၏။ ထို့နောက်တွင် ကောင်းကင်နှင့်မြေကြီး တေးသံတို့သည် ပေါ်လာ၏။ သည့်နောက် ဝမ်လင်း၏ ခုန္ဓာကိုယ်မှ ခုနစ်ခုမြောက်တေးသံ ထွက်ပေါ်သည်။ ရှစ်ခုမြောက်တေးသံကမူ သူ၏ အတွင်းအင်္ဂါများ၏ တေးသံပင်။ ၎င်းကို စကားဖြင့် ဖော်ပြ၍ မရနိုင်ပါ။ ထိုအသံသည် ရှေးတောက်နန်းတော် တလျှောက် ပဲ့တင်ထပ်သည်။

“ဒီလောကမှာ မင်းကို သတ်နိုင်တဲ့သူဟာ မဟာအင်ပါယာကူးတောက် အပြင် နောက်ထပ် တစ်ယောက်ရှိသေးတယ်။ အဲ့သူဟာ ရှေးဘိုးဘေးပဲ…”  ဝမ်လင်းက ဖြည်းဖြည်းချင်း ပြော၏။ သူ၏ စကားသံ ထွက်ပေါ်လာနေရင်း သူ၏စိတ်ဝိညာဉ်သွေးသည် ကိုးခုမြောက် တေးသံစဉ်ကို ထုတ်လွှတ်လာ၏။

ထိုနောက်ဆုံးတေးသံစဉ်သည် သွေးမျိုးဆက် တေးသံပင်။ ထိုတေးသံ ပေါ်လာသည့်အခါ ဝမ်လင်း၏ မျက်လုံးသည် ငွေရောင် ဖြစ်လာသည်။ ထိုငွေရောင်က အကြွင်းမဲ့ဖြစ်တည်မှုကို လှစ်ဟပြသည်။

ဝမ်လင်း၏နောက်ရှိ နန်းတော်အထက်တွင် ဧရာမအရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်က လက်နောက်ပစ်ကာ ကောင်းကင်ထက်သို့ အထင်သေးဟန်ဖြင့် ကြည့်၏။ ၎င်း၏ပုံပန်းသွင်ပြင်မှာ ဒီမြို့ရှိ ရှေးဘိုးဘေးရုပ်တုနှင့် ချွတ်ဆွတ်တူသည်။

“ရှေး…ရှေးဘိုးဘေး…”  ရင်ပြင်၊ နန်းတော်၊ မြို့ထဲရှိ လူတိုင်းသည် ထိုအရိပ်ကို တွေ့မြင်သည့်အခါ အားလုံး တုန်လှုပ်ကုန်သည်။ သူတို့သည် စိတ်လှုပ်ရှားမှု၊ ကြောက်ရွှံ့မှုတို့ဖြင့် ပြည့်နှက်ကုန်သည်။

“အကျွန်တို့ မျိုးဆက်တွေက ရှေးဘိုးဘေးကို နှုတ်ဆက်ပါတယ်…” မည်သူကစ၍ ဒူးထောက်လိုက်သည်ကို မသိရပေ။ သို့သော် လျှပ်တပြတ်အတွင်း ရင်ပြင်နှင့်နန်းတော်ထဲရှိိ လူပေါင်းတစ်သိန်းသည် ဒူးထောက်လိုက်ကြသည်။

All Chapters