← Chapters

အင်ပါယာ၏ သေခြင်းတရား

Vol. 151 Ch. 2086

အင်ပါယာ၏ သေခြင်းတရား

Vol. 151 Ch. 2086

သံစဉ်ကိုးခုသည် တပြိုင်နက်တည်း ပေါ်လာ၏။ ဤသည်မှာ ကောလဟာလဒဏ္ဌာရီများထဲက အရာ ဖြစ်၏။ သို့သော် သည်အခိုက်တွင် ရှေးတောက်နန်းတော်တွင် ယင်းတေးသံစဉ်ကိုးခုသည် ပဲ့တင်ထပ်သည်။

ရှေးကလန်ဝင်များသည် စိတ်လှုပ်ရှားခြင်း ပြည့်နှက်ကာ ရှေးဘိုးဘေးအရိပ်ကို ဒူးထောက်ကြ၏။

ရှေးတောက်အင်ပါယာ၏ ဖခင်ဖြစ်သူလည်း တုန်လှုပ်ကာ တုံ့ဆိုင်းခြင်း မရှိဒူးထောက်နေ၏။ သို့သော် သူ၏စိတ်ထဲတွင် စိတ်လှုပ်ရှားခြင်း ရှိမနေ၊ အတိုင်းမသိ အကြောက်တရားသာ ရှိနေသည်။

“ဒီလူက ရှေးဘိုးဘေးရဲ့ အရိပ်ကို ဆင့်ခေါ်ခဲ့တာ။ သူဟာ သံစဉ်ကိုးခုကိုလည်း တီးခတ်နိုင်စွမ်း ရှိတယ်။ သူဟာ ငါတို့ တော်ဝင်မိသားစုတွေ ဘယ်သူမှ မလုပ်နိုင်တဲ့ အရာကို လုပ်နိုင်နေတာပဲ။ ဒီလူဟာ ငါတို့ တော်ဝင်မိသားစုထက် ပိုမို သန့်စင်တဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာများလား…”

ရွှမ်လောသည် နေရာတွင် ရပ်၍ ရှေးဘိုးဘေး၏ အရိပ်ကို တလေးတစား ကြည့်နေ၏။ သူက ဒူးမထောက်ပေ။ သို့သော် သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ထိုအရိပ်အား ဦးညွတ်လိုက်၏။

ရှေးတောက်အင်ပါယာသည် မင်သက်သွားသည်။ သူ့မျက်လုံးထံမှ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။ သူသည် ရူးသွားသည့်အလား။ သူက နန်းတော်အပြင်သို့ ရောက်သည့်အထိ နောက်ဆုတ်လာ၏။ သူက မော့ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် လက်နောက်ပစ်လျက် မားမားရပ်နေသော ပုံရိပ်ကို မြင်သည်။

ထိုအခါ သူ၏ စိတ်နှလုံးသည် တုန်ယင်လှုပ်ခါသွား၏။

“မဖြစ်နိုင်ဘူး…  ”  သူသည် အကြောက်အကန် နောက်ဆုတ်သွားကာ ရင်ပြင်ထိ ရောက်လာသည်။

“ငါဟာ မိုးကောင်းကင်ရဲ့ သားတော်ပဲ။ ငါဟာ ရှေးတောက်အင်ပါယာ။ ငါဟာ ရှေးဘိုးဘေးရဲ့မျိုးဆက်…”   ရှေးတောက်အင်ပါယာ၏ မျက်နှာသည် ဖြူရောနေ၏။ သူ့စိတ်ထဲတွင် ရူးသွပ်ခြင်းတို့ ပြည့်လာသည်။ သူသည် ဒီအမှန်တရားကို လက်သင့်မခံနိုင်ပေ။ သူက သည်လိုရိုက်ချက်မျိုးကို တောင့်မခံနိုင်ပါ။ သူသည် ထိုအရိပ်ထံ လက်ညှိုးထိုးကာ ဆိုးဝါးစွာ အော်ဟစ်လိုက်တော့၏။

ရွှမ်လောကလွဲ၍ ရင်ပြင်ရှိ လူတိုင်းသည် ဒူးထောက်နေကြ၏။ တခြားကလန်ဝင်နှစ်ခုမှ အဖွဲ့ဝင်များသည်ပင် ဒူးထောက်နေသည်။ ရှေးတောက်အင်ပါယာတစ်ယောက်သာ နေရာတွင် ရပ်၍ အရူးတစ်ယောက်ကဲ့သို့ ရှေးဘိုးဘေးအရိပ်ကို လက်ညှိုးထိုးကာ အော်ဟစ်နေသည်။

“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒါက အတုအယောင်ပဲ။ ဒါက သူ ဖန်တီးလိုက်တဲ့ ပုံရိပ်ယောင်ပဲ။ ဒါဟာ အစစ်မဟုတ်ဘူး။ ငါဟာ စစ်မှန်တဲ့ မျိုးဆက်တစ်ယောက်။ ငါ့ ပေါ်ထွက်လာအောင် ထောက်ပိုးထားတဲ့ သွေးမျိုးဆက်ရှိတယ်။ ငါဟာ ရှေးတောက်အင်ပါယာပဲ…”

“မင်းတို့အားလုံး…ထရပ်ကြ။ မင်းတို့တွေ မျက်လုံး ကန်းသွားကြတာလား။ ဒါက အတုအယောင်ပဲ။ ထရပ်ကြ…”

ရှေးတောက်အင်ပါယာသည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေလေ၏။ သူ့ဘေးပတ်လည်ရှိ လူများ၏ ဒူးထောက်နေမှုက သူ့ကို အကြောက်တရားနှင့် ဖိအားကို ခံစားရစေ၏။ သည်အမှန်တရားကို အတင်းအကြပ် လက်သင့်ခံခိုင်းနေသည်။

သို့သော် သူ မည်သို့ပင် အော်အော် မည်သူကမျှ သူ့ကို  အရေးမစိုက်ကြပေ။ သူတို့အားလုံးသည် ရှေးဘိုးဘေးအရိပ်ကြောင့် တုန်လှုပ်နေကာ မည်သူကမျှ ထမရပ်ဝံ့ကြပေ။

ရှေးကလန်တွင် အင်ပါယာစွမ်းအားသည် အတုမဲ့ ဖြစ်နေခြင်းမှာ သူတို့သည် အင်ပါယာအာဏာစက်ကို ဖန်တီးခဲ့သူ့အပေါ် ကြည်ညိုမှုကြောင့် ဖြစ်၏။ ရှေးဘိုးဘေးက ကလန်သုံးခုကို ဖန်တီးခဲ့သူ မဟုတ်လား။

သူတို့၏ စိတ်ထဲတွင် ရှေးဘိုးဘေးသည် အနှိုင်းမဲ့တည်ရှိမှုတစ်ခု ဖြစ်၏။

“ဘုရင်တွေ၊ အင်မောတယ်ဗိုလ်ချုပ်တွေ။ ဒီအင်ပါယာအတွက် ထရပ်ကြလေ။ မင်းတို့က ဒါဟာ အတုအယောင်ဆိုတာကို မမြင်ကြဘူးလား။ အတု…အတု…အတုတွေ…”

ရှေးတောက်အင်ပါယာသည် တုန်ယင်နေလျက် သူသည် ဘုရင်ဆယ့်ရှစ့်ပါးထဲမှ တစ်ပါးထံ အတင်းပြေးဝင်သွားကာ ကန်ထည့်လိုက်၏။

ရင်ပြင်တစ်ခုလုံးသည် သေလောက်အောင် ငြိမ်သက်နေပြီး ရှေးတောက်အင်ပါယာတစ်ယောက်သာ ဆူညံပွက်လော ရိုက်နေတာ ဖြစ်၏။ သို့သော် သူ့ကို မည်သူကမျှ မကြည့်ပေ။

“အတူ…ဒါတွေအားလုံးက အတုအယောင်တွေပဲ…”  ရှေးတောက်အင်ပါယာ၏ မျက်လုံးကို ကြောက်ရွှံ့မှုက သိမ်းပိုက်ထား၏။ သည်အခိုက်တွင် စုန့်ကျိ(ဝါ)လီမူဝမ်ကို ပွေ့ဖက်ထားသော ဝမ်လင်းသည် နန်းတော်ထဲမှ လှမ်းလျှောက်လာ၏။

သူသည် နန်းတော်၏ တံခါးဝတွင် ရပ်ကာ အပြင်သို့ ကြည့်၏။ လူတိုင်းသည် ဒူးထောက်နေတာကို သူ မြင်သည်။ ထို့နောက် သူသည် စုန့်ကျိနှင့်အတူ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။

သူ ပေါ်လာသည့်အခါ ရှေးဘိုးဘေး  ဧရာမအရိပ်သည် သူနှင့် ထပ်သွားကာ ဖော်ပြ၍မရသော ဖိအားကို ပေးစွမ်းလာသည်။ ထိုဖိအားသည် မြေပြင်ကို တုန်ခါစေကာ ကောင်းကင်ကို အရောင်များ ပြောင်းလဲစေသည်။ ဒူးထောက်နေသော လူအားလုံးမှာ စတင် တုန်ယင်ကုန်သည်။

ဝမ်လင်းက ခေါင်းငုံ့ကြည့်၏။ သူ၏ငွေရောင်မျက်လုံးသည် ရက်စက်ခြင်းနှင့် မထူးခြားနားမှုကို ဖော်ကြူးကာ သူသည် အော်ဟစ်နေသော ရှေးတောက်အင်ပါယာကို လှမ်းကြည့်သည်။ တချိန်တည်းမှာ ရှေးတောက်ဘိုးဘေး၏ အရိပ်သည်လည်း ၎င်း၏ဦးခေါင်းကို ငုံ့၍ ရှေးတောက်အင်ပါယာကို တူညီသောငွေရောင်မျက်လုံးဖွင့် ကြည့်လာသည်။

ရှေးတောက်အင်ပါယာ၏ အော်ဟစ်သံသည် ထိုအရိပ်က သူ့ကို ကြည့်လာသည့်အခါ ရုတ်တရက် ရပ်သွားသည်။ သူသည် အံတင်းတင်းကြိတ်၍ နောက်ဆုတ်ကာ ရုတ်ချည်း ထပ်အော်သည်။

“ကျုပ်က သင့်ရဲ့ မျိုးဆက်ပဲ။ ကျုပ်က ရှေးကလန်ကို သစ္စာမဖောက်ခဲ့ဘူး။ သင် ကျုပ်ကို မသတ်နိုင်ဘူး…”

ဝမ်လင်းသည် ငြိမ်သက်နေမြဲ၌င်။ သူ့ညာလက်ကို ပင့်မြှောက်၏။ ထိုအခါ ရှေးဘိုးဘေးအရိပ်သည်လည်း အလားတူ လုပ်ဆောင်သည်။ ဝမ်လင်းက ရှေးတောက်အင်ပါယာထံ လက်ညွှန်လိုက်စဉ် ကောင်းကင်ထက်ရှိ ဧရာမလက်တစ်ဖက်ကလည်း ရှေးတောက်အင်ပါယာကို လက်ညွှန်သည်။

“ယဲ့တောက်…ရှေးဘိုးဘေးရဲ့ လက်ကို အသုံးပြုပြီး ငါ မင်းကို အသတ်နုတ်ပေးလိုက်မယ်…” ဤသည်မှာ ရှေးဘိုးဘေးအရိပ် ပေါ်လာသည့်နောက် ဝမ်လင်း ပထမဆုံးပြောလာသော စကားပင်။ ထို့နောက်တွင် ရှေးဘိုးဘေး၏ ညာလက်ထံမှ ငွေရောင်အလင်း ပျံသန်းထွက်ကာ ရှေးတောက်အင်ပါယာထံ တန်းမတ်စွာ ဝင်ရောက်လာသည်။

ရှေးတောက်အင်ပါယာ၏ မျက်နှာသည် ပြာနှမ်းသွားသည်။ သူက အာခေါင်ခြစ်၍ အော်ဟစ်လိုက်၏။ “မဟုတ်ဘူး…”

“မဟာအင်ပါယာကူးတောက် ငါ့ကို ကယ်ပါ။  အဖေ…ငါ့ကို ကယ်ပေးပါ။ ဘိုးဘေး…ငါ့ကိုကယ်ပါ။ အင်ပါယာဆရာသခင် ငါ့ကို ကပ်တင်ပေးပါ…”  ရှေးတောက်အင်ပါယာသည် အလန့်တကြား အော်ဟစ်နေသည်။

သူသည် ထိုသို့ အော်ဟစ်နေစဉ် နန်းတော်အောက်ရှိ မြေအောက်အတွင်းနက်ပိုင်းတွင် လျှို့ဝှက်အခန်းထဲ၌ မှော်စာလုံးများ ဖုံးနေသော ခရမ်းရောင်ခေါင်းတလား တစ်ခု ရှိနေသည်။

ထိုခေါင်းတလားထဲတွင် အဘွားအိုတစ်ယောက် လှဲလျောင်းနေ၏။ သူမသည် အရိုးစုအသွင် ရှိသော်လည်း တော်ဝင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူမက ရုတ်တရက် မျက်လုံးဖွင့်လာကာ ကြောက်ရွှံ့မှုနှင့် တွေဝေမှုကို လှစ်ဟဖော်ပြ၏။ သို့သော် သူမသည် ထွက်မလာပေ။

အပြင်ဘက်တွင်မူ ငွေရောင်အလင်း နီးကပ်လာစဉ် ခရမ်းရောင်အလင်းက ရေှးတောက်အင်ပါယာ ပတ်လည်၌ ပေါ်လာ၏။ သို့သော် ငွေရောင်အလင်းက ၎င်းကို ထိမိသည့်အခါ ထိုအလင်းသည် ချက်ခြင်း ပျက်စီးသွားပြီး ငွေရောင်အလင်းက ရှေးတောက်အင်ပါယာ၏ မျက်ခုံးနှစ်ခုကြားသို့ ထွင်းဖောက်သွားသည်။

ရှေးတောက်အင်ပါယာ၏ ဦးခေါင်းမှာ သွေးအလိမ်းလိမ်းဖြင့် ပေါက်ကွဲသွား၏။ သူ့ခန္ဓာကိုယ်သည် တစစီ စဖြစ်လာသည်။ သူ၏တကိုယ်လုံးသည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပျက်စီး၏။ ထိုအပိုင်းအစများသည် ဗလာနတ္တိဖြစ်သည့်အထိ ပျက်စီးခြင်း ဆိုက်သည်။

သူ၏စိတ်ဝိညာဉ်သည်ပင် ငွေရောင်အလင်းကြောင့် ဗလာကင်းမဲ့သွားကာ လုံးဝ ဖျက်သိမ်းဖျက်စီးခြင်း ခံလိုက်ရ၏။ ရှေးတောက်အင်ပါယာသည် သူ၏နန်းတော်မှာပင် အသက်ခံလိုက်ရ၏။ သူ့လူများရှေ့တွင်ပင် အသက်ခံလိုက်ရသည်။

နန်းတော်ထဲ၌ ဒူးထောက်နေသော ရှေးတောက်အင်ပါယာ၏ ဖခင်ဖြစ်သူမှာ သူ့ကို အော်ခေါ်သံ ကြားသည့်အခါ တုန်လှုပ်မိ၏။ သူသည် ရုန်းကန်သည်။ သို့သော် သူသည် သူ့သားဖြစ်သူ အင်ပါယာကို မကယ်ဝင်ဝံ့ပေ။ ရှေးဘိုးဘေး၏ အရိပ်ထံမှ သူ့သားကို ကယ်တင်ပေးနိုင်မည့် နည်းလမ်းလည်း သူ့ထံတွင် ရှိမနေပါ။

ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်း၏မျက်နှာသည် အနည်းငယ် ဖြူရောသွား၏။ ရှေးဘိုးဘေးအရိပ်သည် တဖြည်းဖြည်း ကွယ်ပျောက်သည်။ သို့သော် လုံးဝ မပျောက်ကွယ်ခင် ဝမ်လင်းသည် မိုးကုပ်စက်ဝန်းရှိ အင်ပါယာမြို့အပြင်ဘက်မှ တောင်ကတုံးတစ်ခုထံသို့ ရုတ်တရက် လှမ်းကြည့်၏။

ဝမ်အာ၏ စိတ်ဝိညာဉ်ကို ခိုးယူခဲ့သည့်အတွက် တာဝန်ရှိသော သူမှာ ရှေးတောက်အင်ပါယာ မဟုတ်ပေ။ မဟာစိတ်ဝိညာဉ်ကလန်၏ ကျောက်စိမ်းပြားကို အသုံးပြုကာ ဝမ်လင်း တွေ့မြင်ခဲ့သော ခုနစ်ရောင်စုံအလင်းဖြင့် ဝန်းရံထားသော ပုံရိပ်သာ ဖြစ်၏။ ထိုသူမှာ ရှေးတောက်၏ ဆန်းကြယ်လှသော အင်ပါယာဆရာသခင် ဖြစ်သူပင်။

လီမူဝမ်၏ စိတ်ဝိညာဉ်အပိုင်းအစကို အင်ပါယာဆရာသခင်က ယူဆောင်ကာ ရှေးတောက်အင်ပါယာကို ပေးခဲ့တာ ဖြစ်၏။ ထို့အပြင် အနှီစိတ်ဝိညာဉ်ကို တစုံတစ်ယောက်နှင့် ပေါင်းစည်းဖို့ သူကပင် ရှေးတောက်အင်ပါယာကို ပြောခဲ့တာ ဖြစ်သည်။

ထိုအင်ပါယာဆရာသခင်သည် သည်ကိစ္စများအားလုံး၏ နောက်ကွယ်တွင် ရှိနေသည်။ ရှေးတောက်အင်ပါယာသည် ထိုအင်ပါယာဆရာသခင်ဖြစ်သူ၏ အကြံအစဉ်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

ဝမ်လင်းသည် ထိုသည်ကို သူ ကျောက်စိမ်းပြားအတွင်း၌ တွေ့မြင်ခဲ့တည်းက သတိပြုမိခဲ့တာပင်။ သို့သော် သူက ၎င်းကို ဖိနှိပ်ထားခဲ့၏။ အကြောင်းမှာ ထိုစဉ်က သူသည် ဒေါသပုန်ထနေပြီ ဖြစ်သောကြောင့်ပင်။

အခု ရှေးတောက်အင်ပါယာသည် သေသွားခဲ့ပြီ ဖြစ်၍ ဝမ်လင်းသည် သည်ကိစ္စများနောက်မှ ဦးနှောက်ပိုင်ရှင် ကြိုးကိုင်သူကို သွားကြည့်ရအုံးမည်။ သူ ထင်မြင်သလိုသာ ဆိုပါက အနှီသူသည် ထိုသူသာ ဖြစ်ပေလိမ့်မည်။

ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံဖြင့် ဆန်းကြယ်လှသော ရှေးတောက်၏ အင်ပါယာဆရာသခင်ကို မရှာနိုင်ပေ။ သို့သော် သူက ရှေးဘိုးဘေး၏အရိပ်ကို ဆင့်ခေါ်ကာ ရှေးတောက်အင်ပါယာကို သတ်ခဲ့ချိန်က ရှေးတောက်အင်ပါယာ၏ သေဆုံးခြင်းအော်ရာကို မြေကြီးတွင်းမှ စုပ်ယူခဲ့ကာ ထိုအကွာအဝေးရှိ တောင်ကတုံးထံ ဦးတည်သွားခဲ့ပေသည်။

ရှေးဘိုးဘေး၏ အရိပ် အသက်ဝင်လာသည့်အခါ၌ သူသည် သည်တောင်အတွင်း၌ မဟာအစီအရင်တစ်ခု ရှိနေတာကိုလည်း ခံစားမိသည်။ သူသည် ထိုအစီအရင်၏ ဗဟိုချက်တွင် ပုံရိပ်တစ်ခု ရှိနေသည်ကို ဝိုးတဝါး တွေ့မြင်နိုင်ခဲ့သည်။

ရှေးတောက်အင်ပါယာ၏ အရိပ် ပျောက်ကွယ်တော့မည်ကို ကြည့်ကာ ဝမ်လင်း၏ မျက်လုံးထဲ၌ ငွေရောင်လင်းလက်သွား၏။ သူက သူ့ညာလက်ကို ၎င်းတောင်ရှိရာသို့ လက်ညွှန်လိုက်သည်။

ထိုလက်ညွှန်ချက်နှင့်အတူ အလွန်တရာ အားကောင်းလှသော မင်းသား ကျိတု သူ့ထံ ပေးခဲ့သော ကျောက်စိမ်းပြားတွင်း၌ မြင်ဖူးသည့် လက်ညွှန်ချက်မှာ သူ၏စိတ်ထဲတွင် ပေါ်လာသည်။

ရှေးဘိုးဘေး အရိပ်ကလည်း လက်မြှောက်ကာ မပျောက်ကွယ်သွားခင် ထိုအရပ်သို့ လက်ညွှန်၏။ သို့ပေမည့် ဒီမန္တာန်မှာ ပြည့်စုံသွားသည်။

အင်ပါယာမြို့၏ အပြင်ဘက်၊ တောင်ကတုံးပတ်လည်ရှိ ဟင်းလင်းပြင်သည် လောကနှင့် ပိုင်းခြားထားသည့်ပုံရကာ ၎င်းသည် ရုတ်တရက် ညှစ်ခြေ ခံလိုက်ရ၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဆယ်ရောင်စုံက ယင်းတောင်ပတ်လည်တွင် ပေါ်လာပြီး ဝမ်လင်း၏ တိုက်ခိုက်မှုကို စတင်ခုခံသည်။

နန်းတော်ကနေပင် ထိုဆူညံသံကို သဲ့သဲ့ကြားနိုင်၏။ တောင်သည် တုန်ဟည်းနေလျက် ကြီးမားသောအက်ကြောင်းတစ်ခုသည် ၎င်းပေါ်တွင် ပေါ်လာကာ ထက်ပိုင်းခြမ်းသွား၏။ ထိုအခါ အတွင်းရှိ ဧရာမအစီအရင်တစ်ခု လှစ်ဟပေါ်လာသည်။

သို့သော် ရှေးဘိုးဘေး၏ လက်ချောင်းစွမ်းအားမှာလည်း ထိုဆယ်ရောင်စုံအလင်းကြောင့် လွင့်ပြယ်သွားသည်။ ထိုစွမ်းအားနှစ်ခုလုံး ကွယ်ပျောက်သွား၏။

ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူက လက်ဝေ့ယမ်းကာ စုန့်ကျိနှင့်အတူ ကောင်းကင်ထက်သို့ ပျံသန်းတက်လာ၏။ ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်နှင့် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းကိုလည်း သူနှင့်အတူ ယူဆောင်သိမ်းဆည်းသွားသည်။

သို့သော် သူ ထွက်သွားတော့မည့် အခိုက်တွင် နန်းတော်အောက်မှ ဟိန်းအော်သံ ထွက်ပေါ်လာသည်။

“အင်ပါယာကို သတ်တဲ့ အပြစ်သားကို ခွင့်လွှတ်ပေးလို့ မရဘူး။ နင် ကောင်းကင်ဘုံအင်ပါယာရဲ့ စိတ်ဝိညာဉ်နဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဦးခေါင်းကို ချန်ထားခဲ့ရမယ်…”

All Chapters