ရှေးတောက်အင်ပါယာဆရာသခင်
Vol. 151 Ch. 2089
၎င်းသည် ထိုမြူနှင့် ထိမိသည့်အခါ မြူသည် ဆူပွက်သွားသည်ဟု ထင်ရကာ အထက်သို့ ပျံ့လေ၏။ မြူအတွင်းမှ သားရဲဟိန်းသံများပါ ထွက်ပေါ်လာသည်။
ထိုဟိန်းအော်သံများသည် အဘက်ဘက်သို့ ပျံ့နှံ့၏။ ဝမ်လင်း၏ အဆုံးစွန်တာအိုခြောက်ပါး အမှတ်အသားက ထိုမြူထဲသို့ ဝင်ရောက်သွားသည့်အခါ ၎င်းသည် မြူ၏ ဝါးမြိုခြင်း ခံလိုက်ရသည့်အလား။
ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်သွား၏။ သူသည် မဆင်မခြင် မလုပ်ဆောင်ပေ။ မြူထဲ၌ ရှိနေသော ရှေးတောက်အင်ပါယာဆရာသခင်ဖြစ်သူမှာ သူ ထင်ထားသည့်သူ အမှန်တကယ် ဖြစ်နေပါက သည်မြူသည် ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ ထိုသူက သူ့ကို အထဲသို့ အလွယ်တကူ ဝင့်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
“သူက ဒီမှာ အချိန်အကြာကြီး ရှိနေပြီး နန်တော်နဲ့ ချိတ်ဆက်ထားတဲ့ အစီအရင်ကြီးတစ်ခုကိုလည်း ဖန်တီးထားခဲ့တယ်။ ရှေးကလန်မှာ ဒီလို ထူးခြားတဲ့ အစီအရင်ကို နေရာချထားတဲ့အတွက် သူ့ရဲ့ ပန်းတိုင်းဟာ ကြီးမားရလိမ့်မယ်…”
“သူဟာ မထွက်လာဘဲ ဆယ်ရောင်စုံမြူနဲ့ ဝန်းရံထားမှတော့ ဒါဟာ သူ့ရဲ့ အရေးတကြီးအခိုက်မှာ အသုံးပြုတဲ့ မန္တာန်ဖြစ်တယ်လို့ ဆိုလိုနေတာပဲ…”
ဝမ်လင်းသည် ထိုမြူကို စိုက်ကြည့်နေကာ စဉ်းစားနေစဉ် မြူအတွင်းမှ ကျယ်လောင်စွာ တုန်ဟည်းသံများ ထွက်ပေါ်လာသည်။
မြူသည် အလျင်အမြန် လှည့်ပတ်နေ၏။ အတွင်းမှ ကြီးမားသော ဖီးနစ်တစ်ကောင် ထိုးထွက်လာသည်။ ၎င်း၏ ကြီးမားသော ခန္ဓကိုယ်က အနက်ရောင်အခိုးအငွေ့ကို ပေးစွမ်းကာ ၎င်းပတ်လည်တွင် အားကောင်းသော ဖိအားကို ထုတ်လွှတ်သည်။
ထိုသားရဲ ပေါ်လာသည့်အခါ ဝမ်လင်း၏ အဆုံးစွန်ခြောက်ပါးအမှတ်အသားက ၎င်းပေါ်သို့ သက်ဆင်းသွား၏။ သားရဲသည် အော်မြည်ကာ ထိုအမှတ်အသားထံ တိုးဝင်လာ၏။
“မင်းမှာ နည်းလမ်းအချို့ ရှိထားတာပဲ။ မင်းမှာ ကောင်းကင်ဘုံဘိုးဘေးရဲ့ အဆုံးစွန်ရှစ်ပါး တာအိုကို ပြီးမြောက်ထားရင်တော့ မင်းအနေနဲ့ ဒီအဘိုးအိုရဲ့ ဆယ်ရောင်စုံမြူကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ခြောက်ပါးထဲနဲ့တော့ မင်းအနေနဲ့ အထဲကို ဝင်ချင်ရင် ပိုခက်ခက်ခဲခဲ လုပ်ရလိမ့်မယ်…”
မြူသည် တုန်ဟည်းနေစဉ် ရယ်သံတစ်သံသည် အတွင်းမှ ထွက်ပေါ်လာသည်။ ထိုရယ်သံသည် အလွန်ရှင်းလင်း၏။ တုန်ဟည်းသံများကို ဖြတ်၍ ထွက်ပေါ်လာခြင်းပင်။
ဝမ်လင်း၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထပ်နေသော အရိပ်တစ်ခုပေါ်လာ၏။ သူ၏ ဒြပ်စင်ငါးခုအနှစ်သာရ ခန္ဓာကိုယ် ပေါ်လာခြင်းပင်။ ၎င်းသည် သူနှင့် ချွတ်ဆွတ်တူသည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူသည် ဆယ်ရောင်စုံမြူထံ တိုးဝင်လာတော့သည်။ သူက ကြီးမားသောသားရဲနားသို့ နီးကပ်သွားပြီး သူ့လက်ဝါးချက်ကို ဝေ့ယမ်း၏။ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့သည် ပေါ်လာသည်။
မရေမတွက်နိုင်သော ရွှေရောင်ဓားငယ်များ ပေါ်လာကာ ဓားမုန်တိုင်းတစ်ခုကို ဖွဲ့စည်း၏။ ထိုမုန်တိုင်းတွင် အားကောင်းလှသော သတ္တုအနှစ်သာရ ပါဝင်သည်။ ၎င်းသည် ကြီးမားသောသားရဲထံ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသည်။ ထိုသားရဲက ခုခံရန် ဟန်ပြင်စဉ် မြေစွမ်းအားက ၎င်းပေါ်သို့ ထိရိုက်ချလာ၏။ တချိန်တည်းမှာ ဓားမုန်တိုင်းသည် ရောက်ရှိလာသဖြင့် ၎င်းသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။
ထိုသို့ နာကျင်စွာ အော်ဟစ်သံ ပဲ့တင်ထပ်နေစဉ် ဆယ်ရောင်စုံမြူသည် အပြင်းအထန် တဝီဝီ လှည့်ပတ်ကာ ကြီးမားသော ပုံရိပ်လေးခု ပေါ်လာ၏။ ပထမပုံရိပ်သည် မြေကြီးတစ်ကောင်ပင်။ ၎င်း၏ခန္ဓာကိုယ်မှာ အံ့မခန်းကြီးမား၏။ ထိုမြွေက ပါးစပ်ဖွင့်ကာ အနီရောင်အော်ရာ အမြောက်အများကို ထွေးထုတ်၍ ဒြပ်စင်ငါးခုခန္ဓာကိုယ်ကို ခြုံလွှမ်းစေသည်။
ဒုတိယသားရဲမှာ ပုတ်သင်သတ္တဝါ ဖြစ်၏။ ၎င်းသည် အလွန်ထူးခြားကာ တကိုယ်လုံး အဖြူရောင် ရှိ၏။ ၎င်းပေါ်လာသည့်နောက် လျှာထုတ်ကာ အေးစက်မှုတစ်ခုသည် ဝမ်လင်း၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ထံ ပျံ့လွင့်လာသည်။
ထို့အပြင် တောင်ပံခြောက်ခုနှင့် ထူးခြားသော သားရဲတစ်ကောင်လည်း ရှိသေး၏။ ၎င်း၏ပစ်မှတ်မှာ ဝမ်လင်းမဟုတ်ဘဲ အထက်ရှိ အဆုံးစွန်ခြောက်ပါးတာအိုအမှတ်အသားထံသို့ ဖြစ်သည်။
နောက်ဆုံးသားရဲကမူ ရုပ်စိုးစိုး ကပ်ပါးကောင်သားရဲ ဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်သည် ညှိုစို့စို့အနံ့ကို ထုတ်လွှတ်နေ၏။ ၎င်း၏ ဦးခေါင်းထက်တွင် လက်တံနှစ်ခု ရှိသည်။ ထိုလက်တံ၏ ထိပ်များတွင် မိန်းမလှဦးခေါင်းများ ရှိနေသည်။
ထိုသားရဲ ပေါ်လာသည့်အခါ လက်တံထိပ်ဖျားရှိ မိန်းမလှနှစ်ယောက်သည် စူးစူးရှရှ အော်သံ ပြုကာ ဝမ်လင်းကို ကြည့်သည်။ သူတို့၏မျက်လုံးထဲတွင် ကြမ်းကြုတ်ရက်စက်မှု ဖြတ်ပြေးသွားကာ ထိုနှစ်ယောက်သည် မြူထဲကနေ ထိုးထွက်၍ ဝမ်လင်းထံ ဦးတည်သည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ ထိုထူးခြားသော ကပ်ပါးကောင် ရောက်လာသည့်အခါ သူက သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ၏နောက်တွင် ရှေးတောက်အရိပ်ကြီး ပေါ်လာ၏။ ထို့နောက် သူ၏ ကြယ်နှစ်ဆယ့်ခုနစ်လုံး ပေါ်လာသည်။ ဝမ်လင်းက လက်သီးချက် ပစ်သွင်းလိုက်သည်။
သူ့နောက်မှ ရှေးတောက်အရိပ်သည်လည်း လက်သီးချက်တချက် ပစ်သွင်းလာသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မိန်းမလှဦးခေါင်းနှစ်ခုနှင့် သားရဲက မြူထဲသို့ ပြန်လွင့်စင်ထွက်သွား၏။ သို့ပေမည့် မျက်စိတမှိတ်အတွင်း ၎င်းသည် ပြန်ပေါ်လာသည်။ ၎င်းသည် မည်သည့်ဒဏ်ရာမှျ မရခဲ့ပေ။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူ့ဒြပ်စင်ငါးခုခန္ဓာကိုယ်ကို တိုက်ခိုက်နေသော သားရဲနှစ်ကောင်မှာလည်း စူးဝါးသော အသံများကို ထုတ်လွှတ်နေ၏။ ထိုသားရဲနှစ်ကောင်၏ အထက်တွင် ကြီးမားသော လက်ကဲ့သို့ သစ်ပင်နှစ်ပင် ပေါ်လာကာ ထိုသားရဲနှစ်ကောင်အား သွေးအလိမ်းလိမ်းဖြစ်သည့်အထိ ရိုက်ချလာ၏။
အဖြူရောင်ပုတ်သင် သားရဲကမူ မီးအနှစ်သာရကြောင့် မီးပင်လယ်ဖြင့် ခြုံလွှမ်းခံထားရသည်။ ထိုသားရဲသည် နာကျင်စွာ အော်ဟစ်၍ မြူထဲသို့ ပြန်ဆုတ်သည်။
အတောင်ခြောက်ဖက်နှင့်သားရဲလည်း ရှိသေး၏။ ၎င်းက ဝမ်လင်း၏ အဆုံးစွန်တာအိုခြောက်ပါး အမှတ်အသားထံ ပျံသန်းဝင်လာသည်။ သို့သော် ထိုအမှတ်အသားက ရုတ်တရက် ဧရာမလက်တစ်ဖက်အဖြစ်သို့ ပေါက်ကွဲသွားသည်။ ၎င်းသည် ထိုသားရဲကို ဖမ်းဆုပ်ကာ အကြမ်းပတမ်း ညှစ်ချေပြီး ၎င်းကို ပျက်စီးသွားစေသည်။
သို့ပေမည့် ထူးခြားသည်မှာ မြူထဲမှ ယင်းသို့သော သားရဲနောက်တစ်ကောင်သည် ပျံသန်းထွက်လာ၏။
သို့ပေမည့် ထိုသားရဲ ပျံသန်းထွက်လာသည့်အခိုက်တွင် ၎င်းပတ်လည်တွင် ရေငွေ့များစွာ ပေါ်လာပြီး ထိုသားရဲ၏ ခန္ဓာကိုယ်ကို ထက်ရှသော ဓားများကဲ့သို့ ထွင်းဖောက်သည်။
တချိန်တည်းမှာ လက်တံများနှင့် ကပ်ပါးကောင်ကလည်း နောက်ထပ် တိုးဝင်လာရန် ဟန်ပြင်စဉ် သဲမှုန့်များစွာ ပေါ်လာ၏။ ဤသည်မှာ ဝမ်လင်း၏ မြေဒြပ်အနှစ်သာရခန္ဓာကိုယ် ဖြစ်ကာ ၎င်းသည် ကပ်ပါးကောင်သားရဲထံ တရှိန်ထိုး ဝင်ရောက်လာသည်။ မျက်စိတမှိတ်အတွင်း ထိုသားရဲသည် မြေမှုန့်ရုပ်တု ဖြစ်သွားသည်။
ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ထိုမြေမှုန့်ရုပ်တုသည် တစစီ ဖြစ်သွားသည်။
သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်နှင့် အဆုံးစွန်တာအိုခြောက်ပါးတို့သည် ထိုသားရဲငါးကောင်ကို ဖိနှိပ်ထားဖို့ လုံလောက်၏။ ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားကာ သူက ကောင်းကင်ထက်သို့ လက်ညွှန်သည်။ ကြီးမားသော ရှေးတောက်အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းသည် အစစ်အမှန်လူကဲ့သို့ ထင်ရလေ၏။ ၎င်းသည် မြူထံ လျှောက်လှမ်းလာသည်။ ၎င်းက လက်သီးဆုပ်ကာ မြူ၏ဗဟိုချက်သို့ လက်သီးချက် ပစ်သွင်းသည်။
သို့ပေမည့် ထိုလက်သီးချက်က မြူပေါ်သို့ ကျရောက်သွားသည့်အခါ မြူအတွင်း၌ ပေါင်းစပ်နေသော လက်တံရှစ်ခုနှင့် ပင်လယ်သားရဲကြီး၏ ပိတ်ဆို့ခြင်းကို ခံရ၏။ ၎င်း၏ လက်တံရှစ်ခုသည် ရှေးတောက်အရိပ်၏ လက်ကို ခြုံလွှမ်းကာ ထို့နောက် ၎င်းသားရဲသည် စူးရှစွာ အော်ဟစ်သည်။
သိပ်မကြာခင်တွင် နောက်ထပ်သားရဲသုံးကောင်သည် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာပြန်၏။ တစ်ကောင်မှာ ငှက်ကြီး ဖြစ်၏။ ၎င်းက တောင်ပံကို ဖြန့်ကား၍ ကောင်းကင်ထက်သို့ ပျံတက်သည်။ နောက်တစ်ကောင်မှ ကြီးမားသော ခရမ်းရောင်ဖီးနစ်ပင်။ ၎င်းပေါ်လာသည့်အခါ ခရမ်းရောင်အလင်းသည် ပြန့်ကြဲပြီး ၎င်း၏ အော်မြည်သံသည် လောကတခွင် ပဲ့တင်ထပ်သည်။
နောက်ဆုံးသားရဲက လူသားအသွင်ရှိ၏။ ၎င်းထံ၌ ကြီးမားသော ဦးခေါင်းနှစ်လုံးကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ လက်ဖြင့် ၎င်း၏ ရင်ဘက်သို့ ထုရိုက်ကာ ပါးစပ်ဟပြီး ဝမ်လင်းထံ တိုးဝင်လာသည်။
စုစုပေါင်း သားရဲကိုးကောင်သည် ဝမ်လင်း မြူတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးဖို့ ပေါ်လာကြသည်။
“ဆယ်ကောင်မြောက် သားရဲလည်း ရှိနေလောက်အုံးမယ်…” ဝမ်လင်းက နှာခေါင်းရှုံ့ကာ ကောင်းကင်ထက်ရှိ ငှက်ကြီးထံ လက်ညွှန်၏။ ထိုငှက်ပတ်လည်ရှိ ဟင်းလင်းပြင်သည် လောကနှင့် ပိုင်းခြားသွားဟန် ရကာ ထို့နောက် ရုတ်တရက် ညှစ်ချေခံရသည်။ သူ့လက်ချောင်းမှ အရောင်လက်သွားသည်။ ၎င်းသည် ရှေးဘိုးဘေး၏လက်ချောင်းတိုက်ကွက်ပင်။
တချိန်တည်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်မှ နောက်ထပ်အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ သူ၏ သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ် လှမ်းထွက်လာတာပင်။ ထိုအနှစ်သာရခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ပေးစွမ်းကာ ရက်စက်လိုဟန် အပြုံးကို ထုတ်ဖော်၏။
သူ၏မျက်လုံးသည် အေးစက်ကာ အကြင်နာမဲ့၏။ သူသည် ရှေ့သို့ လှမ်းကာ ခရမ်းရောင်ဖီးနစ်ကို ထွင်းဖောက်သည့် မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းသည်။ ထိုဖီးနစ်က နာကျင်စွာ အော်ဟစ်ကာ ပေါက်ကွဲထွက်သွား၏။ ထို့နောက်တွင် သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်သည် လှမ်းထွက်လာ၏။ သူက လျှာသပ်ကာ နောက်ထပ် သားရဲထံ တိုးဝင်သွားပြန်သည်။
ကိုးယောက်မြောက်သားရဲ၊ ဦးခေါင်းနှစ်ခုနှင့်သားရဲသည် ဝမ်လင်းနှင့် ပေရာချီထိ ရောက်လာ၏။ ၎င်းက ဝမ်လင်းထံ ဆိုးဝါးသော အနံ့အသက်ကို ထုတ်လွှတ်၍ တိုးဝင်လာသည်။
“သေချင်နေတာပဲ…” သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်၊ သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်တို့သည် အဝေးတွင် ရှိနေကာ ခုခါ၌ သူ့တွင် ဆန်းကြယ်အနှစ်သာရများဖြင့်သာ ကျန်နေသော်လည်း ထိုသားရဲသည် သူ့ကို လာရှုပ်၍ မရနိုင်ပေ။
ဝမ်လင်းသည် ခုထိ လုံးဝ အသုံးမပြုရသေးသော အစွမ်းထက်ဆုံးရှေးကလန် မန္တာန် ရှိထားသေး၏။ ရှေးကလန်တစ်ခုလုံးတွင် ၎င်းမန္တာန်သည် တုန်လှုပ်ဖွယ် အစွမ်းထက်သည့် အသက်ကယ်မန္တာန်ပင်။
ထိုဦးခေါင်းနှစ်လုံးနှင့်သားရဲ တိုးဝင်လာသည့်အခါတွင် ဝမ်လင်းက မာန်သွင်းကာ ကောင်းကင်ထက်သို့ ဟစ်ကြွေးသည်။ သူ့ထံမှ တစီစီအသံများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ပုံမှန်လူ အရွယ်ကနေ ပေထောင်ချီထိ ကြီးမားလာသည်။
ရှေးတောက်စစ်မှန်သောခန္ဓာကိုယ်။
ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် သူ၏ရှေးတောက်အစစ်အမှန်ခန္ဓာကိုယ်ပုံစံကို ဖော်ပြလာတာပင်။ သူ၏ အစွမ်းထက်လှသော ခန္ဓာကိုယ်က ရှေးကျသော အော်ရာကို ထုတ်လွှတ်နေ၏။ သူ့ခန္ဓာကိုယ်တွင် သိသာနက်မှောင်သော ပုံစံကွက်များ ရှိနေပြီး ဆန်းပြားသော ခံစားမှုကို ပေးစွမ်းသည်။
“ထွက်သွားစမ်း…” ရှေးကလန်တွင် လူတစ်ယောက်သည် သူတို့၏ ရှေးတောက်အစစ်အမှန်ခန္ဓာကိုယ်ကို အလွယ်တကူ မဖော်ထုတ်ပေ။ အကြောင်းမှာ ထိုခန္ဓာကိုယ်သာ ထိခိုက်မိပါက သူတို့၏ ကျင့်ကြံမှုအပေါ် ကြီးစွာ သက်ရောက်မှု ရှိသွားမည် ဖြစ်သောကြောင့်ပင်။
နန်းတော်၌ ရှေးတောက်ဝင်များနှင့် အင်ပါယာသည်ပင် သူတို့၏ ရှေးတောက်ခန္ဓာကိုယ်ကို ဖော်ထုတ်ရန် အချိန်မရခင်မှာပင် ဝမ်လင်း၏ ဖျက်စီးခြင်းကို ခံခဲ့ရပေ၏။
ပေထောင်ချီသည် ဝမ်လင်း၏အကန့်အသတ် မဟုတ်ပေ။ သူက ရှေ့သို့ လှမ်းကာ လက်သီးချက် ပစ်သွင်းသည်။ ခေါင်းနှစ်လုံးနှင့် သားရဲသည် အကြောက်တရားကို ဖော်ပြကာ အော်မြည်သံပေး၍ ၎င်းသည်လည်း လက်သီးချက်ကို ပစ်သွင်းသည်။ သို့သော် သူတို့၏လက်သီးချက်များ ထိပ်တိုက်တွေ့သည့်အခါ ထိုသားရဲ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားသည်။
၎င်းမှာ လုံးဝ မခုခံနိုင်လိုက်ပေ။ ဝမ်လင်းသည် မြူထဲသို့ တိုက်ရိုက် လှမ်းလာ၏။ သူ၏ ခန္ဓာကိုယ်သည် ပေခုနစ်ထောင်ကနေသည် ရှစ်ထောင်ထိ ချဲ့ကားကြီးမားလာပြန်သည်။ သို့သော် ၎င်းသည် သူ၏ အကန့်အသတ်မဟုတ် နေဆဲပင်။
သူ၏ ကြီးမားသောလက်သီးချက်က မြူပေါ်သို့ ထိမှန်သည်။ သူ့လက်သီးချက် ကျရောက်မည့်အခါ ရှိသေး မြူထံမှ တုန်လှုပ်ချောက်ခြားဖွယ် တစီစီအသံများ ထွက်ပေါ်လာ၏။ ထိုအသံက ကျယ်ကျယ်လောင်လောင် ပျံ့နှံ့၏။ ဝမ်လင်း၏ ဒြပ်စင်ငါးခုခန္ဓာကိုယ်၊ သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်တို့နှင့် တိုက်ခိုက်နေသော သားရဲများသည် ပေါက်ကွဲသွားကြ၏။ ယင်တို့သည် မြူအဖြစ်သို့ ပြောင်းကာ ပြန်လှည့်သွားသည်။
ထိုမြူသည် ရွှေ့လျားကာ မြန်မြန် စုဝေးသည်။ ဝမ်လင်း၏လက်သီးချက် ကျရောက်သွားသည့်အခါ ပေခုနစ်ထောင်၊ရှစ်ထောင်လောက် ရှိသော သားရဲတစ်ကောင်သည် မြူထဲမှ တရကြမ်း ထွက်လာ၏။
ထိုသားရဲ၏ ကြီးမားသော တောင်ပံကို ဖြန့်ကားထားပြီး ၎င်းထံတွင် မျက်လုံးနှစ်လုံး ပိုင်ဆိုင်ထားသည်။ ၎င်းမှာ ဧရာမယင်သားရဲ ဖြစ်၏။ ၎င်းက ဝမ်လင်း၏လက်သီးချက်ကို တိုက်ခိုက်လိုက်၏။
ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့မျက်လုံးထံမှ ထူးခြားသောအလင်း လှစ်ဟပေါ်သည်။ ထိုယင်ကောင် နောက်သို့ လွင့်ထွက်သွားစဉ် သူက မြူသည် ပျံ့နှံ့ကာ ဗဟို၌ အဘိုးအိုတစ်ယောက် ထိုင်နေတာကို မြင်လိုက်ရသည်။
သူက ထိုအဘိုးအိုကို သိပေသည်။
“ရှေ့ဖြစ်ဟောသူ…။ တကယ်ပဲ သင် ဖြစ်နေတာကို…”