← Chapters

ယ်နိမိတ်စည်းကို ချိုးဖျက်ခြင်း

Vol. 151 Ch. 2090

ယ်နိမိတ်စည်းကို ချိုးဖျက်ခြင်း

Vol. 151 Ch. 2090

မြူများ လွင့်ပြယ်သွားသော အခါ ထိုပျက်စီးသွားသော တောင်အတွင်းရှိ အစီအရင်သည် လှစ်ဟပေါ်လာသည်။ ထိုဆယ်ရောင်စုံအစီအရင်၏ ဗဟိုချက်တွင် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ ဝမ်လင်းသည် ထိုအဘိုးအိုကို တွေ့မြင်သည်။ ထိုသူမှာ ရှေ့ဖြစ်ဟောသူနှင့် အလွန်ဆင်တူလှ၏။

သို့သော် ဝမ်လင်းသည် ထိုသူ့ကို သေချာကြည့်သည့်အခါ ယင်းလူသည် ရှေ့ဖြစ်ဟောသူနှင့် ဆင်သလို တခြားတစ်ယောက်နှင့်လည်း အသွင်တူနေပေသည်။

“ဝမ်လင်း…ငါတို့ ထပ်တွေ့ရပြန်ပြီ…”  ထိုအဘိုးအိုက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်ကာ ပြုံး၏။ သူ၏အပြုံးက မှန်းရခက်သော အပြုံးမျိုးပင်။ ၎င်းအပြုံးတွင် လောဘနှင့် အောက်မေ့မှုအချို့ ပါဝင်နေပုံ ရသည်။ သို့သော် သူ့မျက်လုံးအတွင်းနက်ပိုင်းမူ ကြောက်ရွှံမှု အရိပ်အမြွက် ကွယ်ဝှက်နေ၏။

ဝမ်လင်း၏ ခန္ဓာကိုယ်သည် ပေခုနစ်ထောင်ကနေ ရှစ်ထောင်ထိ ကြီးမားနေခဲ့ပြီ ဖြစ်၏။ ထိုအဘိုးအိုကို စိုက်ကြည့်ကာ သူက ပြောလာသည်။ “ကျုပ်က သင့်ကို ရှေ့ဖြစ်ဟောသူ ဒါမှမဟုတ် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဘယ်သူလို့ ခေါ်ဆိုသင့်လဲ…”

ထိုသူက ရှေ့ဖြစ်ဟောသူနှင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူတို့နှစ်ယောက် ထပ်နေသော အသွင်အပြင်နှင့် တူနေပေသည်။

“ငါ့မှာ နာမည်တွေ အများကြီးပဲ။ ဒါပေမဲ့ ခုထိ ငါ့ကို ရှေ့ဖြစ်ဟောသူလို့ ခေါ်တာကိုပဲ ပိုနှစ်ခြိုက်မိတယ်…”  ထိုအဘိုးအိုသည် ပြုံး၍ ဆိုကာ သူ့ညာလက်ကို အစီအရင်ထံသို့ ဖိချသည်။

ဧရာမအစီအရင်သည် ထပ်မံ အသက်ဝင်လာကာ ထူးခြားသောအလင်းတစ်ခုကို ထုတ်လွှတ်၏။ ထိုအလင်းသည် လောကကို ခြုံလွှမ်းကာ သည်လောက၏ စွမ်းအားကို စွဲဆောင်သည်။ ၎င်းသည် တုန်ခါလှိုင်းတစ်ခုကို ဖန်တီး၏။ ဝမ်လင်း၏ ခန္ဓာကိုယ်သည်ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

“တည်နေရာရွှေ့ပြောင်းတာ…”  ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်သွား၏။ အတားအဆီးများအပေါ် နားလည်သဘောပေါက်မှုအရ သူသည် ရှေ့ဖြစ်ဟောသူ၏ အောက်မှ အစီအရင်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှန်း ပြောနိုင်သည်။

“ကံမကောင်းစွာနဲ့ မင်းက လုံလုံလောက်လောက် မသတ်ခဲ့တာပဲ…” ထိုအဘိုးအိုက သက်ပြင်းချ၏။

ဝမ်လင်းသည် မည်သို့မျှ မတုန့်ပြန်ပေ။ သူ့ထံတွင် သံသယများစွာ ရှိနေ၏။ သို့သော် သူသည် ဘာတစ်ခုကိုမျှ မပြောပေ။ သူက ညာလက်ကို ပင့်မြှောက်ကာ ထိုအစီအရင်ထံ ရိုက်ချ၏။ ဝမ်လင်း၏ အစွမ်းထက်ခန္ဓာကိုယ်အားနှင့် အားကောင်းသော လက်သီးချက်က ၎င်းအစီအရင်ပေါ်သို့ ကျရောက်သွားသည်။ သို့သော် ၎င်းလက်သီးချက်မှာ တန်ပြန်ကန်အားကို ခံစားမိသည်။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်ကာ သူ့ညာလက်သည် ပြန်ကန်သွားသည်။

သူသည် ထိုအစီအရင်သည် လုံးဝ မထိခိုက်သွားတာကို လှမ်းမြင်လိုက်ရ၏။

“မင်း ဒီအစီအရင်ကို မချိုးဖျက်နိုင်ပါဘူး။ မင်း ဒီအဘိုးအိုရဲ့ အစီအစဉ်ကို မဟန့်တားနိုင်ဘူး။ ငါ ဒီနေ့ကို ရောက်ဖို့ စောင့်နေခဲ့တာ ကြာရှည်လွန်းခဲ့ပြီ…”

ထိုအဘိုးအိုသည် ခေါင်းယမ်းကာ ဝမ်လင်းကို ကြည့်၏။ သူ၏မျက်လုံးထံမှ ထူးခြားသောအကြည့် လှစ်ဟပေါ်သည်။ ၎င်းထံ၌ ရှုပ်ထွေးသေ စိတ်ခံစားမှု၊ လောဘနှင့် အကြောက်တရားတို့ ပါဝင်နေပုံ ရသည်။

ဝမ်လင်းသည် အရင်တုန်းက ရှေ့ဖြစ်ဟောသူထံကနေ သည်လိုအကြည့်မျိုးကို မြင်ဖူးသည်။ သို့သော် အရင်က ခုလောက်ထိ မထင်ရှားမသိသာပေ။ ဤသည်မှာ သူ၏ မဟာအင်ပါယာအဆင့်သို့ ရောက်လာသော ကျင့်ကြံမှုနှင့် ပတ်သတ်နေလောက်ပေမည်။

“ရှေ့ဖြစ်ဟောသူဟာ သေသွားခဲ့ပြီ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူလည်း သေသွားပြီ။ သင်က ဘယ်သူလဲ…”  ဝမ်လင်းသည် အော်ဟစ်ကာ မေး၏။ သူ၏ခန္ဓာကိုယ်သည် ထပ်မံချဲ့ကားလာသည်။ သူသည် ခုခါ၌ ပေတစ်သောင်းကျော်ထိ ကြီးမားနေလေပြီ။ သူ၏ ညာခြေထောက်က အောက်ဘက်ရှိ အစီအရင်ကို စောင့်နင်းလိုက်ချေသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ သို့သော် ဝမ်လင်း၏ ညာခြေသည် ထိုအစီအရင်နှင့် ထိမိသည့်အခါ သူ၏ ခြေထောက်သည် တုန်ယင်ကာ ပြင်းထန်သော ကန်အားက သူ့ကို ထပ်မံ၍ နောက်ဆုတ်သွားစေသည်။

“ငါ ဘယ်သူလဲ…”  ထိုအဘိုးအိုက ခဏတဖြုတ် ငြိမ်သက်စွာ စဉ်းစားပြီးနောက် ရယ်မော၏။

“ငါ ဘယ်သူလဲ ဟုတ်လား။ ငါ ဘယ်သူလဲဆိုတာကို ငါကိုယ်တိုင်အပြင် နောက်ထပ် သိတဲ့သူ တစ်ယောက်ပဲ ရှိတယ်။ ပြီးတော့ မင်းလည်း သိပ်မကြာခင် လုံလုံလောက်လောက် သိလာရပါလိမ့်မယ်…”  ထိုအဘိုးအို ပတ်လည်ရှိ အစီအရင်သည် တောက်ပလာကာ တစီစီ မြည်လာ၏။ အစီအရင်သည် အသက်ဝင်လာစဉ် မြေပြင်ထုသည်လည်း လှုပ်ခါရမ်းတော့သည်။

“ဒါက ဘယ်လို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မလို့ မြေပြင်ကို လှုပ်ခါရမ်းစေရတာလဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ ် ထိုသူမှာ ရှေ့ဖြစ်ဟောသူ၊ သို့မဟုတ် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ မည်သူမည်ဝါပင် ဖြစ်နေပါစေ ဝမ်အာ၏ စိတ်ဝိညာဉ်ကို ယူဆောင်သွားခြင်းအတွက် တာဝန်ယူရမည့် ရှေးတောက်၏ အင်ပါယာဆရာသခင်လည်း ဟုတ်နေပေသည်။ သူသည် ဝမ်လင်း သတ်ပစ်မည့် တစုံတစ်ယောက်ပင်။

ထိုအစီအရင် ပို၍ အားကောင်းလာသည်ကို မြင်သည့်အခါ ဝမ်လင်းက အသက်ဝဝရှိုက်၏။ သူ၏ခန္ဓာကိုယ်မှ တုန်ဟည်းသံတို့ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်နှင့် မျက်နှာရှိ သွေးကြောတို့မှာ ဖောင်းကြွလာကာ သူ့အား ကြမ်းကြုတ်သောဟန်ပန် ပေါ်စေသည်။

သူက မာန်သွင်းလိုက်၏။ သူ၏ခန္ဓာကိုယ်သည် ထပ်မံ၍ ချဲ့ကားလာသည်။ သူသည် ခုခါ၌ ပေတစ်သိန်းနီးပါးထိ ကြီးမားလာချေသည်။

ထိုခန္ဓာကိုယ်က လောကကိုပါ အရောင်များ ပြောင်းလဲသွားစေသည်။ အောက်ဘက်မှ အစီအရင်သည် သူ့အတွက် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ ဝမ်လင်း၏မျက်လုံးထံမှ အဆုံးမဲ့ ငွေရောင်အလင်း ထုတ်လွှတ်လာကာ သူက အစီအရင်ထံ နောက်ထပ် လက်သီးချက် ပစ်သွင်းသည်။

ထိုလက်သီးချက် ကျရောက်လာသည့်အခါ ကီလိုမီတာ ငါးဆယ်ကနေသည် ကီလိုမီတာ ထောင်သောင်းချီအတွင်းရှိ လောက၏ စွမ်းအားသည် ဆွဲငင်ယူခြင်း ခံရသည်။ ဝမ်လင်း၏ လက်သီးချက်သည် တွင်းနက်တစ်ခုအဖြစ်သို့ ပြောင်းကာ စွမ်းအား အားလုံးကို စုပ်ယူ၍ သည်လောကပေါ်သို့ သက်ဆင်းလာလေသည့်နှယ် ထင်မှားရ၏။

အစီအရင်အတွင်းရှိ အဘိုးအိုသည် ထူးခြားသောအမူအရာဖြင့် မော့ကြည့်၏။ သူသည် ထိတ်ပြာမသွားပေ။ ထိုလက်သီးချက် ကျရောက်လာသည့်အခါ အစီအရင်ထံမှ အလင်းသည် အပြင်းအထန် လင်းလက်ပြီး ရုတ်တရက် တစစီ ဖြစ်သွား၏။ ထို့နောက် ၎င်းလက်သီးချက်သည် အဘိုးအိုထံ နီးကပ်လာသည်။

မျက်စိတမှိတ်အတွင်း ထိုလက်သီးချက်က ယင်းအဘိုးအို၏ ခန္ဓာကိုယ်ထိ၏။ သို့သော် ၎င်းသည် သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်၊ အစီအရင်ကို ထွင်းဖောက်ကာ မြေပြင်ထက်သို့ ကျဆင်းသွား၏။ မြေပြင်ထုသည် အပြင်းအထန် တုန်ခါ၍ လှိုင်းများသည်  အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ တောင်သည် ပွင့်ဟကာ ဧရာမတွင်းပေါက်ကြီး ပေါ်လာ၏။

သို့သော် ဝမ်လင်း၏ အမူအရာသည် သုန်မှုန်သွားသည်။အကြောင်းမှာ ထိုအဘိုးအိုနှင့် အစီအရင်သည် မည်သို့မျှ ထိခိုက်မှု မရှိဘဲ နေရာတွင် သည်အတိုင်းဆက်၍ ရှိနေသောကြောင့်ပင်။

ထိုအဘိုးအိုနှင့်အစီအရင်သည် ဝမ်လင်းနှင့် ကွဲပြား‌သော ဟင်းလင်းပြင်တွင် တည်ရှိနေသလား မှတ်ရလေ၏။

“မင်း ဘာလို့ အင်အား ဖြုန်းတီးနေရတာလဲ…” ထိုအဘိုးအိုက ပြုံး၍ ခေါင်းယမ်ကာ သက်ပြင်းချ၏။

“ဝမ်လင်းသည် ခဏ စဉ်းစားပြီးနောက် ပြောလိုက်၏။ ဒီလောက် အချိန်ကြာနေမှတော့ သင်ဟာ ခုထိ တည်နေရာမရွှေ့ပြောင်းသေးဘူး။ ဒါဟာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု မဟုတ်ဘူးပဲ…”

ထိုသို့ ပြောလာသည့်အခါ ယင်းအဘိုးအို၏ မျက်လုံးသည် လင်းလက်သွား၏။

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ကြုံ့လာကာ မျက်စိတမှိတ်အတွင်း ဧရာမပုံရိပ်ကြီးလည်း ပျောက်ကွယ်သွား၏။ ထိုအစား ပုံမှန်လူအရွယ်အစားဖြင့် ဝတ်စုံဖြူဝမ်လင်း ပေါ်လာသည်။

သူ ထိုမျှ မြန်မြန်ဆန်ဆန် ပြန်ကြုံ့သွားခြင်းမှာ သူ့နောက်ရှိ ဧရာမပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ လွင့်ပြယ်သွားသလို ထင်ရသောကြောင့်ပင်။

သူ၏ပုံမှန်အရွယ်အစားသို့ ပြန်ရောက်လာပြီးနောက် သူက ရှေ့သို့ လှမ်းကာ အစီအရင်ရှေ့သို့ ရောက်လာ၏။ သူသည် ရှေ့ဖြစ်ဟောသူ၊ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ နှစ်ယောက်လုံးနှင့် တူနေသော အဘိုးအိုကို ကြည့်သည်။ သူ့ညာလက်ကို ဝေ့ယမ်း၏။ သူ၏ ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်၊ သူ၏ သတ်ဖြတ်သူမိုးကြိုးခန္ဓာကိုယ်တို့သည် သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်သွားသည်။

ထိုအဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီအစီအရင်ဟာ တကယ်ပဲ တည်နေရာရွှေ့ပြောင်းရုံအစီအရင်တစ်ခု မဟုတ်ဘူး။ ဒါရဲ့ အစစ်အမှန် သက်ရောက်မှုဟာ ရှေးဂိတ်တံခါးကို ဖွင့်လှစ်ဖို့အတွက်ပဲ။ ကံမကောင်းစွာနဲ့ မင်းရဲ့ သတ်ဖြတ်သူဟာ လုံလောက်အောင် အစွမ်းမထက်သေးတာပဲ…”

“မင်း ဒီအစီအရင်ကို မချိုးဖျက်နိုင်ဘူး။ ဒီအစီအရင် အသက်ဝင်တာကိုလည်း  မဟန့်တားနိုင်ဘူး။ ဒီတော့ မင်းထိုင်ပြီး ငါတို့ ခဏတဖြုတ် စကားပြောကြတာ ပိုကောင်းလိမ့်မယ်။ ဒီအဘိးအိုက မင်းအတွက် မင်းရဲ့ သံသယအချို့ကို ဖြေရှင်းပေးချင် ပေးနိုင်မှာ…”  ထိုအဘိုးအိုသည် ပြုံး၍ ဝမ်လင်းကို ကြည့်၏။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေလျက် ခေါင်းယမ်းသည်။ သူသည် ရှေ့သို့ လှမ်း၏။ သူ၏နောက်တွင် ဧရာမနေတစင်း ပေါ်လာသည်။ ထိုနေသည် အဖြူအနက်အလင်းကို ထုတ်လွှတ်နေသည်။

“အစီအရင်ထဲမှာ ရှိနေတဲ့ တစုံတစ်ယောက်နဲ့ ငါဟာ စကားပြောလေ့ မရှိဘူး…”  ဝမ်လင်းက တည်ငြိမ်စွာ ဆို၏။ ထို့နောက် သူသည် အစီအရင်၏ အနားစွန်းထံ လျှောက်လာသည်။ သူသည် အစီအရင်တွင်းသို့ လှမ်းလာကာ လှိုင်းဂယက်များ ထလေ၏။

သူသည် ထိုအစီအရင်ကို ဖြတ်၍ လျှောက်လာသော်လည်း အစီအရင်ထံမှ မတူညီသော နေရာဟင်းလင်းပြင်တွင် ရပ်နေသကဲ့သို့ပင်။

ထိုအဘိုးအိုက သူနှင့် ပေရာချီ အကွာရှိ ဝမ်လင်းကို ကြည့်ကာ သနားသောဟန်ပန်အကြည့်ကို လှစ်ဟဖော်သည်။ သို့သော် နောက်အသက်ရှုစာအချိန်၌ ထိုအဘိုးအို၏ မျက်လုံးသူငယ်အိမ်သည် အပြင်းအထန် ကြုံ့သွား၏။

ဝမ်လင်းသည် နေရာတွင် ရပ်နေလျက်ဖြင့် သူ၏ကျင့်ကြံမှုက မြင့်တက်လာနေသည်။ သူ့နောက်မှ မဟာအင်ပါယာနေမင်းသည် တောက်ပလာကာ မျက်စိတမှိတ်အတွင်း အရက်ထက် ဆယ်စကျော် ချဲ့ကားလာသည်။

မဟာအင်ပါယာနေမင်းထံမှ ပိုမိုတောက်ပသော အလင်းကို ပေးစွမ်း၏။ ၎င်း၏ ချဲ့ကားမှုမှာလည်း မရပ်တန့်ပေ။

“မင်း ဘာလုပ်နေတာလဲ…”  ထိုအဘိုးအိုသည် မဟာအင်ပါယာနေမင်းကို စိုက်ကြည့်နေလျက် သူ၏အမူအရာမှာ သုန်မှုန်လာ၏။ တုံ့နှေးမနေဘဲ သူက ညာလက်ကို ပင့်မြှောက်၏။ ဧရာမယင်ကောင်တစ်ကောင်သည် သူ့ကို လှည့်ပတ်ကာ တဝီဝီ အော်မြည်သံ ပြုသည်။ ၎င်းသည် ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ ဝမ်လင်းထံ တိုးဝင်လာ၏။

သို့သော် ထိုယင်ကောင်သည် ဝမ်လင်းနှင် ပေဒါဇင်ချီသို့ ရောက်လာသည့်အခါ ထပ်မံ၍ တိုးကပ်မလာနိုင်တော့ပေ။ မမြင်ရသော အတားအဆီးတစ်ခုက ၎င်းရှေ့သို့ တိုးလာခြင်းကို ဟန့်တားလိုက်သည့်အလား။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထိုအသံက ဒေါသဖြင့် မမြင်ရသော အတားအဆီးကို ဝင်ဆောင့်နေသော ယင်ကောင်ထံမှ ဖြစ်သည်။ ဝမ်လင်းက သူ့ညာလက်ကို သူ့ရှေ့ရှိ လေဟာနယ်ထံ ဆန့်ထုတ်၏။ ထိုအခါ စိတ်ဝိညာဉ်တစ်ခု ပေါ်လာသည်။ ထိုစိတ်ဝိညာဉ်မှာ ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ပင်။

ထိုစိတ်ဝိညာဉ်ကို ကိုင်ဆောင်ကာ ဝမ်လင်းက မျက်လုံးမှိတ်ထား၏။ သူ၏ကျင့်ကြံမှုအဆင့်မှာ ဆက်၍ မြင့်တက်လာနေသည်။ သူက သူ့စွမ်းအားအားလုံးကို ထိုစိတ်ဝိညာဉ်ပေါ်သို့ သွန်းလောင်းပေးကာ ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်သည် မျက်လုံးဖွင့်လာပြီး တလျှံလှှျံ စူးရှသော ရွှေရောင်အလင်းကို ထုတ်လွှတ်လာ၏။ သို့သော် ထိုမျက်လုံးတွင် စိတ်ရှုပ်ထွေးမှု ပြည့်နေကာ အသိစိတ်ကင်းမဲ့သည်။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းကာ ထိုစိတ်ဝိညာဉ်ကို သူ၏နောက်ရှိ မဟာအင်ပါယာနေမင်းထံ ပစ်သွင်းလိုက်သည်။

မဟာအင်ပါယာနေမင်းအတွင်း၌ ဝိုးတဝါး ဦးခေါင်းတစ်ခုလည်း ရှိနေသည်။ ၎င်းမှာ ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းပင်။

ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်က မဟာအင်ပါယာနေမင်းနှင့် ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းထဲ ဝင်ရောက်သည့်အခိုက်တွင် ထိုနေမင်းသည် မူလအရွယ်ထက် အဆတစ်ရာထိ ချဲ့ကားလာသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူက အော်ဟစ်လိုက်၏။ မဟာအင်ပါယာနေမင်းသည် အဆများစွာ ချဲ့ကားသွားပြီးနောက် ရုတ်တရက် သူက မျက်လုံးဖွင့်လာသည်။

“မဟာအင်ပါယာနေမင်းကို လောင်ကျွမ်းစေ…”  မဟာအင်ပါယာနေမင်းသည် စတင်လောင်ကျွမ်းလာသည်။

ထိုအဘိုးအို၏ အမူအရာသည် ပြောင်းလဲသွား၏။ ထို့နောက် သူက ရုတ်တရက် ထရပ်ကာ အော်ဟစ်လိုက်သည်။ “မင်းက တကယ်ပဲ လီမူဝမ်ကို ပြန်အသက်မရှင်စေချင်တော့ဘူးလား…”

All Chapters