← Chapters

ထာဝရနတ်ဘုရားနယ်မြေ

Vol. 151 Ch. 2091

ထာဝရနတ်ဘုရားနယ်မြေ

Vol. 151 Ch. 2091

ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာ၏။ သို့သော် သူက စကားမဆိုသလို သူ၏ ရူးသွပ်သော လုပ်ရပ်ကိုလည်း မရပ်ပေ။ သူက ကောင်းကင်ဘုံအင်ပါယာ၏ စိတ်ဝိညာဉ်ကို ကောင်းကင်ဘုံဘိုးဘေး၏ ဦးခေါင်းနှင့် ပေါင်းစည်းစေပြီး ၎င်းကို ပိုမြန်မြန် အရည်ပျော်အောင် လုပ်နေ၏။ သူသည် သူ၏ မဟာအင်ပါယာနေမင်းကို ယင်းတို့နှင့်ပေါင်းစည်းကာ ပြင်းထန်သောအားတစ်ခုကို ငှားယမ်းယူသည်။

ထိုအခိုက်တွင် မဟာအင်ပါယာနေမင်းသည် လောင်ကျွမ်းနေလျက် ဧရာမနေမင်းသည် အလျင်အမြန် ကြုံ့လာသည်။ မျက်စိတမှိတ်အတွင်း ၎င်းသည် ကြီးမားသော အရွယ်အစားကနေ ကြုံ့ကာ ပျောက်ကွယ်သွးသည့်အထိပင်။ တချိန်တည်းမှာ အစွမ်းထက်အားတစ်ခုက ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ထူးခြားသော နည်းလမ်းဖြင့် ဝင်ရောက်လာသည်။ ထို့နောက် သူက ညာခြေကို စောင့်ချလိုက်သည်။

ထိုအခါ သူ့ပတ်လည်တွင် ဝုန်းဒိုင်းကြဲ မြည်ဟိန်းသံများ ဖြစ်ပေါ်သည်။

သည်အစီအရင်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနှင့် မတူညီသောနေရာဟင်းလင်းပြင်၌ တည်ရှိပါက ဝမ်လင်း၏ ပြီးခဲ့သော တိုက်ခိုက်မှုများက အသုံးဝင်လိမ့်မည် မဟုတ်ပေ။ သူက ၎င်းကို မြင်သာမြင်နိုင်ပြီး မထိနိုင် ဖြစ်ခဲ့သည်။

ထိုအစီအရင်သည် ဒီနေရာတွင် ရှိနေ၍ နန်းတော်ထံမှ သေခြင်းအော်ရာကို စုပ်ယူနိုင်၏။ ဆိုလိုသည်က ၎င်းသည် မတူညီသော ဟင်းလင်းပြင်နေရာတွင် ရှိနေလျှင်ပင် ထိုဟင်းလင်းပြင်နေရာများသည် ဒီနေရာတွင် ထပ်ကာတည်ရှိနေပေမည် ဟူ၏။

ဝမ်လင်းသည် သည်လိုမန္တာန်မျိုးကို အရင်က မြင်ခဲ့ဖူး၏။ ကောင်းကင်ဘုံနန်းတော်မှာတုန်းက သူသည် အလားတူအရာမျိုးကို တွေ့ကြုံခဲ့ဖူးသည်။

ဤအခိုက်တွင် သူက သူ၏ မဟာအင်ပါယာနေမင်းကို လောင်ကျွမ်းစေကာ သည်ဟင်းလင်းပြင် လေဟာနယ်ကို ချိုးဖျက်ပစ်လှစ်ရန်အတွက်ပင်။ သူသည် သူ၏ အစွမ်းထက်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းကို အသုံးပြုကာ ထိုဟင်းလင်းပြင်သို့ ဝင်ရောက်ဖို့ အရံအတားကို ချိုးဖျက်ဖို့ လုပ်ဆောင်ခြင်းပင်။

ထိုမန္တာန်သည် လှိုဏ်ဂူလောကကနေ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ တိုက်ရိုက် လှမ်းဝင်လာခြင်းနှင့် တူ၏။ သည်မန္တာန်သည် လောကများကြားရှိ နယ်နိမိတ်ကို ဖြတ်သန်းလိုက်ခြင်းပင်။ ဤသို့လုပ်ဆောင်ဖို့မှာ မဟာအင်ပါယာအတွက်ပင် မလွယ်ပေ။ ၎င်းမှာ အလွန်ခက်ခဲ၏။

ရှေးတောက်အင်ပါယာဆရာသခင်ဖြစ်သူ၏ အမူအရာသည် ဝမ်လင်း၏ ရူးသွပ်ဖွယ် လုပ်ရပ်ကြောင့် ပြောင်းလဲသွားသည်။

ဝမ်လင်းက သူ့ညာခြေကို ပင့်မြှောက်၏။ ၎င်းက ကျဆင်းသည့်အခါ မြည်ဟိန်းသံများ ဝုန်းဒိုင်းကြဲ ပဲ့တင်ထပ်သည်။ အစီအရင်သည် အပြင်းအထန် လင်းလက်ကာ မမြင်ရသော ပိုက်ကွန်တစ်ခု ပေါ်လာလေဟန် ထင်ရသည်။ ထိုပိုက်ကွန်သည် ကွေးညွှတ်လေ၏။ ဝမ်လင်းသည် ၎င်းကို ချိုးဖျက်နိုင်ပါက သူသည် နယ်နိမိတ်စည်းကို ဖြတ်သန်းနိုင်ပေလိမ့်မည်။

ဝမ်လင်း၏ ညာခြေက ထိုပိုက်ကွန်ပေါ်သို့ ကျရောက်သည့်အခါ ၎င်းသည် အကန့်အသတ်သို့ ရောက်လာသည်ဟု ထင်ရ၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။ သူ့နှဖူးထက်တွင် ချွေးများ ပြန်လာသည်။ သူသည် မဟာခွန်အားကို ရရှိခဲ့သော်လည်း ဤသည်မှာ သူ့အတွက် အလွန်ခက်ခဲလွန်းသည်။

အဖြစ်အပျက်အားလုံးသည် မြန်လှ၏။ ရှေးတောက်အင်ပါယာက ထရပ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ ဆယ်ရောင်စုံအလင်းက ဝမ်လင်း၏ ခြေထောက်အောက်ရှိ ပိုက်ကွန်ထံ တိုးဝင်လာသည်။ ၎င်းက ပိုက်ကွန်ကို ပို၍ အားကောင်းကာ ခံနိုင်ရည် ပိုရှိအောင် လုပ်ဆောင်ပေးသည်။

ဝမ်လင်း၏ရှေ့တွင်လည်း ဧရာမယင်ကောင်က ရူးသွပ်သွားသည့်အလား အရံအတားကို အဆက်မပြတ် တိုက်ခိုက်ဝင်ဆောင့်နေ၏။ ၎င်းက ထိုအရံအတားကို ချိုးဖျက်ကာ ဝမ်လင်းထံ တိုးဝင်လာချင်နေသည်။

ထိုပိုက်ကွန်ကို ပိုအားကောင်းအောင် လုပ်ပြီးနောက် ရှေးတောက်အင်ပါယာသည် သူ၏ လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ သို့သော် ထိုသွေးတို့က ပိုက်ကွန်ပေါ်သို့ ကျရောက်သွားခြင်း မရှိလေဘဲ အစီအရင်ကို ဖြတ်၍ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိရပေ။

သို့ပေမည့် ထိုအခိုက်တွင် အစီအရင် အသက်ဝင်မှုက ဆထက်တိုးလာ၏။ တဖွဖွ ရေရွတ်သံများ တိုးပွားလာသလို ထင်ရသည်။ မရေမတွက်နိုင်သော သူများက စကားဆိုနေကြသည့်နှယ် ထင်ရသည်။ သို့သော် သင်သည် ထိုအသံတို့ကို ရှင်းရှင်းလင်းလင်း ကြားရနိုင်မည် မဟုတ်ပါ.

ငါ့ သွေးနဲ့ မိုးကောင်းကင်ရဲ့ စိတ်ဝိညာဉ်ကို လမ်းပြဦးဆောင်မယ်၊ အသက်ဝင်စေ…”  ထိုအဘိုးအိုသည် ယင်းသို့ အော်ဟစ်လိုက်စဉ် အစီအရင်အတွင်း၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ပေါ်လာသည်။ ဝမ်လင်းက ထိုစိတ်ဝိညာဉ်များကို တွေ့မြင်သည့်အခါ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။

ထိုစိတ်ဝိညာဉ်များသည် ဝမ်လင်း လှိုဏ်ဂူလောကတွင် သတ်ခဲ့သောသူများ၏ စိတ်ဝိညာဉ်များပင် ဖြစ်နေသည်။

ယင်းတို့သည် အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းကာ အစီအရင်ထဲမှ လှမ်းထွက်လာ၏။ ယင်းတို့သည် ကောင်းကင်ထက်သို့ ပျံတက်ကာ ဧရာမဝဲကတော့အသွင် ဖွဲ့စည်းသည်။ ထို့နောက် ပုံရိပ်ယောင်တစ်ခုသည် ဝဲကတော့အတွင်း၌ ပေါ်လာ၏။

ထိုပုံရိပ်ယောင်သည် ပုံရိပ်တစ်ခုကဲ့သို့ပင်။ ၎င်းက ကောင်းကင်ဘုံကလန်ကို ရောင်ပြန်ဟပ်သည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်ရှိ တောင်ပင်လယ်ကုန်းမြေ၌ တကွဲတပြား ရှိနေသော ကျင့်ကြံသူအချို့သည် ပင်လယ်ကို မင်သက်ကြောင်ရီစွာ စိုက်ကြည့်နေ၏။ ပင်လယ်ရေမျက်နှာပြင်သည် လျော့ကျသွားသလိုထင်ရပြီး ထို့နောက်တွင် ကြီးမားသော အနက်ရောင်တိုင်လုံးတစ်ခုက ပင်လယ်အောက်ခြေကနေ ရုတ်တရက် မြင့်တက်လာသည်။ ၎င်းသည် ကောင်းကင်ထက်သို့ ပျံတက်ကာ ပျောက်ကွယ်သွားသည်။

ဝမ်လင်းသည် ဝဲကတော့အတွင်းရှိ ထိုမြင်ကွင်းကို မြင်သည်။ သူသည် ၎င်းက မည်သည်ကို ဆိုလိုသည်ကိုမူ မသိပေ။ သို့သော် သူ့ အမွှေးအမျှင်များ ထောင်မတ်သွားသကဲ့သို့ သူ ခံစားမိလိုက်၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်လုံးကို တုန်လှုပ်စေမည့် တစုံတစ်ခု ပေါ်လာသည့်အလား။

သူက အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူ့ညာခြေဖြင့် ပိုက်ကွန်ကို ချိုးဖျက်ဖို့ ကြိုးစားရန် စောင့်နင်းချသည်။ အစီအရင်၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ဖို့ ကြိုးစားသည်။ သို့သော် ထိုပိုက်ကွန်သည် အားဖြည့်တင်းထားပြီး ဖြစ်၍ မရေမတွက်နိုင်သော စွမ်းအားများ ပေါက်ကွဲထွက်ကာ ဝမ်လင်း၏ ချိုးဖျက်ဖွင့်လှစ်ခြင်းကို ဟန့်တားသည်။ ထို့အတွက်ကြောင့် ကျယ်လောင်စွာ တုန်ဟည်းသံများသည် ဝမ်လင်း ထိုပိုက်ကွန်ပေါ် စောင့်နင်းချိန်တွင် ထွက်ပေါ်နေတော့သည်။

ရှေးတောက်အင်ပါယာဆရာသခင်သည် ပါးစပ်အပြည့် သွေးသုံးလုပ် အန်လိုက်ကာ ပိုမိုများပြားသော သေဆုံးပြီးစိတ်ဝိညာဉ်များကို စွဲဆောင်၏။ ထိုစိတ်ဝိညာဉ်များသည် ဝမ်လင်း သတ်ခဲ့သော သူများပင်။ သူတို့သည် နာကျင်သော အမူအရာများကို ဖော်ပြလျက် ဟိန်းအော်သံပေးကာ အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

ယင်းတို့သည် တခြားဝဲကတော့တစ်ခုနှင့်  ဘေးတိုက်ထောင်မတ်တည်ရှိသော ဝဲကတော့ကြီးသုံးခု အဖြစ်သို့ ပြောင်း၏။ ထိုဝဲကတော့တစ်ခုချင်းစီတွင် မတူညီသောပုံရိပ်တစ်ခု ရှိနေကြသည်။

တိမ်လှိုင်းကုန်းမြေ၊ ထိုကုန်းမြေပေါ်တွင် ကြီးမားသော ပင်လယ်တစ်ခု ရှိ၏။ ပုံမှန်ဆို ၎င်းပင်လယ်သည် လှိုင်းလေသိပ်မထန်ပေ။ ထိုပင်လယ်၌ ကျွန်းငယ်များစွာ ရှိကာ ယင်းတို့ပေါ်တွင် ကျင့်ကြံသူများလည်း နေထိုင်ကြသည်။ ထိုတည်ငြိမ်နေသော ပင်လယ်သည် ရုတ်တရက် တုန်ဟည်းလကာ မရေမတွက်နိုင်သော ကျွန်းများ ရေလွှမ်းခံရသည်။ ကျင့်ကြံသူများသည် ပျံသန်းထွက်လိုက်ကြပြီး ထိုအဖြစ်ကြောင့် တုန်လှုပ်ကုန်သည်။ ပင်လယ်ရေပြင်သည် လျော့ကျသွားသည်ဟု ထင်ရပြီး ထို့နောက်တွင် ဧရာမတိုင်လုံးတစ်ခုသည် ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ ပျောက်ကွယ်သွားသည်။

ကောင်းကင်ဘုံကလန်ရှိ တခြားနေရာမှ ပင်လယ်နှစ်စင်း၌လည်း အလားတူ တိုင်လုံးကြီးများ ကောင်းကင်သို့ ပျံတက်သွားကြ၏။ နောက်ဆုံးနေရာကို ပင်လယ်ဟုပင် ခေါ်၍ မရနိုင်ပေ။ ၎င်းမှာ မဟာအင်ပါယာဝူဖန် ရှိနေသော အေးခဲကုန်းမြေ ဖြစ်၏။ ထိုရေခဲပြင်သည် ရုတ်တရက် ပွင့်ဟာ အောက်ဘက်ရှိ အေးခဲနေသော ပင်လယ်လှစ်ဟ ပေါ်လာကာ ကြီးမားသော တိုင်လုံးတစ်ခုက ရေခဲလွှာကို ဖြတ်၍ ကောင်းကင်ထက်သို့ ပျံတက်သွားခြင်းပင်။

ဝူဖန်သည် အကွာအဝေးတစ်ခုတွင် ရပ်ကာ ၎င်းကို ကြည့်၏။ ထိုတိုင်လုံးသည် ရှေးကျသော အော်ရာကို ပေးနေ၏။ ဖိအားများစွာလည်း ၎င်းထံမှ ပျံ့နှံ့ကာ လောကကို လှုပ်ခါစေသည်။

“ဒါ…ဒါက စောပြီး ဖြစ်လာတာပဲ…”  ဝူဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော် မကြာမီတွင် သူ့မျက်လုံးသည် အရောင်တောက်သွားသည်။

ဝမ်လင်းသည် ကောင်းကင်ထက်ရှိ ထိုဝဲကတော့များအားလုံးကို ရှင်းလင်းစွာ မြင်၏။ အင်ပါယာဆရာသခင်က ငါးခုမြောက်သွေးအန်တော့မည့် အချိန်တွင် ဝမ်လင်းသည် တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ်ဟင်းလင်းပြင်ရှိ သူ၏အသန်မာဆုံးကိုယ်ပွားကို ဆင့်ခေါ်သည်။ မြူလွှာတစ်ခု သူ့ပတ်လည်တွင် ပေါ်လာပြီး သူ၏စွမ်းအားသည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ့ညာခြေသည် ခွန်အားပြည့် ဖြည့်လာကာ သူက ပိုက်ကွန်ပေါ်သို့ စောင့်နင်းချလိုက်တော့၏။

သူ စောင့်နင်းချလိုက်သည့်အခိုက်တွင် ထပ်နေသောအရိပ်တစ်ခုက သူ၏မူလခန္ဓာကိုယ်ကနေ ခွဲထွက်ကာ ပေါ်လာ၏။ ၎င်းမှာ လေဟာနယ်ဟင်းလင်းပြင်အတွင်းရှိ သူ၏ကိုယ်ပွားပင်။

ထိုခြေနင်းချက်ကြောင့် ပိုက်ကွန်၏ တစိတ်တပိုင်းသည် ပျက်စီးသွားကာ အပေါက်တစ်ခုကို ဖန်တီး၏။ ဝမ်လင်း၏ခြေထောက်က အစီအရင်အတွင်းရှိ ဟင်းလင်းပြင်ထဲ ခြေလှမ်းဝင်မိသွားတော့သည်။

သူ၏ခန္ဓာကိုယ်ကမူ သည်နေရာတွင် ရှိနေဆဲပင်။ သို့သော် သူ့ညာခြေထောက်ကမူ ထိုဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်နိုင်ပြီ ဖြစ်သည်။

ဤသည်မှာ သူ၏ အကန့်အသတ် ဖြစ်၏။ သူသည် သူ့ခန္ဓာကိုယ်တခုလုံးကို ထိုဟင်းလင်းပြင်ထဲသို့ မဝင်ရောက်နိုင်ပေ။ သို့သော် သူ့ညာခြေ ဝင်ရောက်နိုင်ရုံဖြင့် သူ့ ရည်ရွယ်ချက် အောင်မြင်နိုင်ပြီ ဖြစ်သည်။ သူ့ညာခြေပေါ်တွင် အနက်ရောင်အလင်း ဖြတ်ခနဲ လင်းလက်သွားပြီးနောက် သူက ၎င်းခြေထောက်ကို ပြန်ရုတ်သိမ်းသည်။အနက်ရောင်အခိုးအငွေ့များစွာသည် ထိုအပေါက်ထဲသို့ ထိုးဆွ ဝင်ရောက်သွား၏။ ပိုက်ကွန်မှာလည်း ပြန်ကောင်းမွန်လာသည်။

အစီအရင်ရှိနေသော ဟင်းလင်းပြင်၌ အနက်ရောင်အခိုးအငွေ့များသည် ထိုအစီအရင်၏ ထောင့်စွန်း၌ စုဝေးကာ ဆံပင်နက်ဝမ်လင်းအဖြစ် ဖွဲ့စည်းသွားသည်။ သူ၏ မျက်လုံးတို့မှာ အေးစက်ကာ စိတ်ခံစားမှုကင်းမဲ့နေသည်။ ၎င်းမှာ သူ၏ သတ်ဖြတ်သူမိုးကြိုးအနှစ်သာရ ခန္ဓာကိုယ်ဖြစ်၏။ ၎င်း၏အမည်မှာ သတ်ဖြတ်သူပင်။

“သတ်ဖြတ်သူ…”  ထိုဆံပင်နက်ဝမ်လင်း၏ အမည်ကို ပြောလာသူမှာ ရှေးတောက်အင်ပါယာဆရာသခင်ပင်။

ထိုအဘိုးအိုက ဆံပင်နက်ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် အကြောက်တရား ဖြတ်ပြေးသွားသည်။

“ငါဟာ ဟင်းလင်းပြင်နေရာကို ဖြတ်ပြီး တစုံတစ်ယောက်နဲ့ စကားပြောလေ့ မရှိဘူး။ ငါက ခုလို မျက်နှာချင်းဆိုင် ပြောရတာကိုပဲ သဘောကျတယ်…”

ဆံပင်နက်ဝမ်လင်း(ဝါ) သတ်ဖြတ်သူက ထိုသို့ ပြောလာရင်း ဘေးပတ်လည်သို့ ကြည့်လိုက်သည်။

ဤသည်မှာ အလွန်ထူးခြားသော ဟင်းလင်းပြင်နေရာတစ်ခု ဖြစ်၏။ ၎င်း၏ အရွယ်အစားက အဆုံးမဲ့သလို ထင်ရသည်။ ၎င်းထံမှ လူအများကို ထူးခြားသောပုံရိပ်ယောင်တစ်ခုအား ပေးစွမ်းနေသည်။ အဆက်မပြတ် တိုးဖွဖွ ရေရွတ်သံများလည်း ရှိနေ၏။ သို့သော် သင်သည် ထိုအသံများကို ကောင်းစွာ၊ရှင်းလင်းစွာ ကြားရနိုင်မည် မဟုတ်ပါ။

သတ်ဖြတ်သူက သူ့အကြည့်ကို ပြန်ရုတ်၍ ရှေးတောက်အင်ပါယာဆရာသခင်ထံ လှမ်းလာသည်။

အစီအရင်၏ အပြင်ဘက်တွင်မူ ဝမ်လင်း၏မူလခန္ဓာကိုယ်သည် မျက်လုံးမှိတ်၍ ထိုင်ချလိုက်၏။ သူသည် တခြားဟင်းလင်းပြင်နေရာတွင် ရှိနေသော သူ၏ သတ်ဖြတ်သူအစစ်အမှန်ခန္ဓာကိုယ်ပေါ်တွင်သာ အာရုံအပြည့် စိုက်ထားလိုက်သည်။

“မင်းက ငါ့ကို သိပ်ကြောက်နေတဲ့ပုံပဲ။ မင်းက ငါ့ဒီခန္ဓာကိုယ်ရဲ့ အမည်ကိုတောင် သိထားတာပဲ…” သတ်ဖြတ်သူက ထိုအဘိုးအိုနှင့် အစီအရင်ကို အေးစက်စက် ကြည့်၏။ သူက လက်ဝေ့ယမ်းလိုက်ရာ မရေ၎င်းတွက်နိုင်သော အနက်ရောင်အခိုးအငွေ့ အမျှင်တန်းများ ပေါ်လာပြီး အစီအရင်ကို ဖျက်စီးပေတော့မည်။

“မင်း ဒီအစီအရင်ကို ဖျက်စီးလိုက်ရင် လီမူဝမ် ပြန်အသက်ရှင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး။ စိတ်ဝိညာဉ်အပိုင်းအစဟာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုပဲ။ မင်းက ဒါကို ကောင်းကင်ဘုံဖယ်ကြဉ်ခြင်းခေါင်းတလားထဲ ထည့်ထားခဲ့ရင်တောင် သူမ ပြန်သတိရလာအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ သူမကို ကယ်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ဒီအစီအရင်အပေါ် မှီတည်နေတယ်…”

“မင်းက ရှေးဘိုးဘေးရဲ့ စိတ်ဝိညာဉ်သွေးကို အသုံးပြုပြီး သူမကို နိုးထစေခဲ့မယ်ဆိုရင်တောင် ဒါဟာ ယာယီပဲ။ သူမဟာ ပြန်လည်မွေးဖွားခြင်းကနေ လွတ်နိုင်မှာ မဟုတ်ဘူး။ နောက်နှစ်အနည်းငယ်ကြာရင် သူမက အလောင်း ပြန်ဖြစ်သွားမှာပဲ။ မင်း သူမကို ပြန်လည်မွေးဖွားခြင်းကနေ လွတ်မြောက်ချင်ရင် မင်းအနေနဲ့ ဒီအစီအရင်ကိုပဲ အားကိုးမှီတည်ရမှာ ဖြစ်တယ်….”

ရှေးတောက်အင်ပါယာဆရာသခင်က ရုတ်တရက် ထိုသို့ ပြောလာ၏။

သတ်ဖြတ်သူ၏ ညာလက်သည် ခဏ တုံ့ဆိုင်းသွားသည်။ အစီအရင်အပြင်ဘက်ရှိ ဝမ်လင်းက မျက်လုံးဖွင့်လာသည်။

“ဒီအစီအရင်က ဘယ်နေရာကို ဖွင့်လှစ်တဲ့အရာလဲ…”

ရှေးတောက်အင်ပါယာဆရာသခင်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလာ၏။ “ထာဝရနတ်ဘုရားနယ်မြေ…”

“မင်း လီမူဝမ်ကို ပြန်လည်မွေးဖွားခြင်းက ချိုးဖျက်နိုင်စေဖို့ဆိုရင် သူမကို ပြန်လည်မွေးဖွားခြင်းရဲ့ နာကျင်မှုကို မခံစားစေချင်ရင် မင်းအနေနဲ့ ထာဝရနတ်ဘုရားနယ်မြေကို သွားရလိမ့်မယ်။ အဲ့မှာ မင်းဟာ ပြန်လည်မွေးဖွားခြင်းကနေ ခွဲထွက်ပြီး မင်းရဲ့ ပြန်လည်မွေးဖွားခြင်းတာအိုကို အသုံးပြုပြီး လီမူဝမ်ရဲ့ အိပ်မက်အတားအဆီးကို ချိုးဖျက်နိုင်လိမ့်မယ်။ သူမရဲ့ စစ်မှန်တဲ့အသွင်ကို ရှာနိုင်ပြီး ပြန်လည်မွေးဖွားခြင်းကို ဖိနှိပ်နို်ငလိမ့်မယ်…”

“ထာဝရနတ်ဘုရားနယ်မြေဟာ အတိတ်တုန်းက တစိတ်တပိုင်းသာ ပွင့်ဟနိုင်တာ။ ဒါပေမဲ့ ငါ့နည်းလမ်းနဲ့ဆို ငါဟာ ဒါကို လုံးဝ ဖွင့်လှစ်နိုင်တယ်…”

မည်သို့ပင်ဆိုစေ သတ်ဖြတ်သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ခနဲ လင်းလက်သွား၏။ သူ့ညာလက်သည် ခဏတာ တုံ့နှေးသွားပြီးနောက် သူသည် အစီအရင်ကို ဖျက်စီးတော့မည့်အလား ထပ်မံ လှုပ်ရှားလာတော့သည်။

All Chapters