← Chapters

ဆုံးဖြတ်ချက်

Vol. 151 Ch. 2092

ဆုံးဖြတ်ချက်

Vol. 151 Ch. 2092

ရှေးတောက်အင်ပါယာဆရာသခင်၏ အသံသည် ကြမ်းကြုတ်နေ၏။ သူက အော်ဟစ်လိုက်သည်။ “ဒီအစီအရင်သာ ဖျက်စီးခံလိုက်ရရင် မင်းအနေနဲ့ လှိုဏ်ဂူလောကနဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေနဲ့ ပတ်သတ်ပြီး ဘယ်လော့မှ သိတော့မှာ မဟုတ်ဘူး…”

“မင်းက လီမူဝမ်ရဲ့ စိတ်ဝိညာဉ် သေဆုံးပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ရောက်သွားတာကို ဒီတိုင်း စောင့်ကြည့်နေရလိမ့်မယ်။ မင်းဟာ သူမကို မင်းနဲ့ ထာဝ အဖော်ပြုပေးစေနိုင်မှာ မဟုတ်တော့ဘူး…”

ဆံပင်နက်ဖြင့် သတ်ဖြတ်သူ၏ မျက်လုံးသည် လင်းလက်သွားကာ သူ့ညာလက်သည် ရပ်တန့်သွားသည်။ မီးခိုးရောင်အခိုးအငွေ့ကမူ သူ့လက်တလျှောက် လှုပ်ရှားနေဆဲပင်။ ၎င်းမှာ တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပင်။

“မင်းမှာ ရှေးဘိုးဘေးရဲ့ စိတ်ဝိညာဉ်သွေး ပိုင်ဆိုင်ထားပြီး ဒါက ဖန်တီးနိုင်တဲ့ စွမ်းအား ရှိတယ်။ ဒါပေမဲ့ မင်းက ဒီစိတ်ဝိညာဉ်သွေးစက်တစ်စက်လုံးကို လီမူဝမ်ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းပေးနိုင်ခဲ့ရင်တောင် ဒါက သူမကို ထာဝရနတ်ဘုရားနယ်မြေထဲ ဝင်ရောက်ဖို့ ဘေးကင်း စေလိမ့်မှာ မဟုတ်ဘူး…”

“ထာဝရနတ်ဘုရားနယ်မြေဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ အနှိုင်းမဲ့တော်ဝင်မြေပဲ။ သာမန်ကျင့်ကြံသူတွေက အဲ့နေရာကိုမဝင်ရောက်နိုင်ဘူး။ သူတို့ ဝင်ရောက်ဖို့ အစွမ်းထက်ကျင့်ကြံမှု၊ ဒါမှမဟုတ် သန်မာတဲ့ခန္ဓာကိုယ် လိုအပ်တယ်…”

“ဒီတစ်ကြိမ်…ထာဝရနတ်ဘုရားနယ်မြေဟာ လုံးဝ ပွင့်လာတော့မှာ။ အဲ့အခါကျရင် အရင်က ပွင့်ဟတဲ့ ပုံစံနဲ့ လုံးဝ ကွဲပြားသွားလိမ့်မယ်။ မင်း လီမူဝမ်နဲ့အတူ အဲ့ကို ဝင်ချင်ရင် မင်းအနေနဲ့ သူမရဲ့ခန္ဓာကိုယ်ကို မထိခိုက်အောင် လုပ်ဖို့ လိုလိမ့်မယ်။ ပြီးရဲ့ သူမရဲ့ ပုံစံအစစ်အမှန်ကို ရှာဖို့ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို အသုံးပြုပြီး သူမကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းကနေ ခွဲထုတ်ပြီး ထာဝရတည်ရှိမှုဖြစ်အောင် လုပ်ရလိမ့်မယ်…”

ထိုအဘိုးအိုသည် အလျင်အမြန် ပြောဆိုပြီးနောက် နောက်ထပ် သွေးနှစ်လုတ် ထပ်အန်ထုတ်သည်။

သူ၏ခန္ဓာကိုယ်သည် မြူစုဝေးကဲ့သို့ ဖြစ်နေကာ အစီအရင်ကို ထွင်းဖောက်သွား၏။ ဝမ်လင်း သတ်ခဲ့သော သူများ၏ သေဆုံးပြီး စိတ်ဝိညာဉ်များသည် အနက်ရောင်အခိုးအငွေ့လုံးနှစ်ခုအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။

ကောင်းကင်ထက်တွင် ယင်းတို့သည် ပြီးခဲ့သော ဝဲကတော့လေးခုနှင့်အတူ စီတန်းတည်ရှိလေ၏။ ယင်းတို့သည် စက်ဝန်းတစ်ခုကဲ့သို့ အသွင် ဖွဲ့စည်းလေမည်ဟု ထင်ရသည်။

ထိုအနက်ရောင်အခိုးအငွေ့လုံးနှစ်ခုက မတူညီသော ပုံရိပ်များကို ဖော်ပြလာသည်။

၎င်းမှာ ကောင်းကင်ဘုံကလန်၌ မဟုတ်ပေ။ သည်တခါတွင် ရှေးကလန်၌ ဖြစ်၏။

ပုံရိပ်တစ်ခုက ရှေးဂျိဧရိယာရှိ ကျယ်ပြောသောပင်လယ်တစ်ခုကို ပြသသည်။ ထိုပင်လယ်သည် နက်မှောင်ကာ ဆွေးမြေ့ပျက်သုဉ်းခြင်းကို ပေးစွမ်း၏။ ၎င်းမှာ ရှေးဂျိ၏ အမည်ကျော် မရဏပင်လယ်ပင်။

ပုံမှန်ဆို သည်နေရာမှာ ရှေးဂျိရှိ လူများအတွက် ကျင့်ကြံဖို့ ကောင်းမွန်သော နေရာတစ်ခုပင်။

သို့သော် အခုအခါ၌ သည်ပင်လယ်တွင် လှိုင်းကြီးတစ်ခု ပေါ်လာ၏။ ထိုလှိုင်းသည် အဘက်ဘက်သို့ ပျံ့နှံ့ကာ ဟိန်းမြည်သံ ပဲ့တင်ထပ်နေသည်။ ပင်လယ်သည် ဖိနှိပ်ခံရကာ ကြီးမားသောတိုင်လုံးတစ်ခုသည် ကောင်းကင်ထက်သို့ ပျံတက်၍ ပျောက်ကွယ်သွားသည်။ မရဏပင်လယ်၏ ပင်လယ်ရေမျက်နှာပြင်သည် နိမ့်ကျသွားပြီး ရေထုတဝက်သည် ပျောက်သွားလေ၏။

ထိုတိုင်လုံး ကောင်းကင်ထက်သို့ ပျံသန်းတက်သွားစဉ် ရှေးတောက်နှင့် ရှေးရှီတို့၏ နယ်စပ်ရှိ ပင်လယ်ထံမှလည်း အလားတူ တိုင်လုံးကြီးတစ်ခုသည် ပျံသန်းတက်သည်။ လှိုင်းဂယက်များသည် အဘက်ဘက်သို့ ပျံ့နှံ့ကာ ၎င်းကို တွေ့မြင်သူတိုင်းကို အာရုံစိုက်မိစေ၏။ သို့သော် လူအနည်းငယ်ကလွဲ၍ မည်သူကမျှ အဘယ်သို့ ဖြစ်ပျက်နေသည်ကို မသိကြပေ။

“မင်း သိချင်၊လိုချင်တဲ့ အဖြေအားလုံးဟာ ထာဝရနတ်ဘုရားနယ်မြေမှာ ရှိနေတယ်။ မင်း အဲ့ကို သွားလိုက်တာနဲ့ အဖြေကို သိရလိမ့်မယ်…”  အစီအရင်အတွင်း၌ ရှေးတောက်အင်ပါယာဆရာသခင်သည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်သည်။

ဆံပင်နက်သတ်ဖြတ်သူ၏ အကြည့်က ရှေးတောက်အင်ပါယာဆရာသခင်သို့ ကျရောက်နေ၏။

“မင်း ရှိတဲ့နေဲ့ ဟင်းလင်းပြင်နေရာဟာ ဒီအစီအရင်ထဲကနေ မတူဘူး…”  သတ်ဖြတ်သူက ထိုသို့ ပြောကာ ရှေးတောက်အင်ပါယာဆရာသခင်ထံ လက်ညွှန်သည်။ သူ့လက်ချောင်းထိပ်မှ အနက်ရောင်အခိုးငွေ့ မြောက်များစွာ ထွက်လာပြီး ရှေးတောက်အင်ပါယာဆရာသခင်ထံ ပျံသန်းဝင်လာသည်။

ထိုအဘိုးအိုသည် တစက်လေးမျှ မရှောင်ပေ။ သူက အနက်ရောင်အခိုးအငွေ့များ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းခွင့် ပြု၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် မည်သို့မျှ မထိခိုက်သွားပေ။ သူသည် ဒီနေရာတွင် မတည်ရှိနေသည့်အလား။

“ငါ မင်းရဲ့ စကားတွေကို ခုထိ မယုံကြည်သေးဘူး…”

အစီအရင်အပြင်ဘက်တွင် ထိုင်နေသော ဝမ်လင်းသည် အစီအရင်အတွင်းရှိ ဖြစ်ပျက်သမျှကို စောင့်ကြည့်နေ၏။ သူ၏ သတ်ဖြတ်သူကိုယ်ပွားက ထိုသို့ ဆိုလာခဲ့၏။ သူသည် ရှေးတောက်အင်ပါယာ၏ စကားများကြောင့် တုန်လှုပ်သွားသည့်ပုံ မရပေ။

ရှေးတောက်အင်ပါယာဆရာသခင်က အံတင်းတင်းကြိတ်ကာ ရုတ်တရက် ပြောလာ၏။ “မင်းမှာ ဆံဖြူအမျှင်တန်းတစ်ခုနဲ့ လက်သီးစုပ်ခန့် ဦးခေါင်းခွံတစ်ခု ပိုင်ဆိုင်ထားတယ်မလား…”

သတ်ဖြတ်သူကိုယ်ပွားက ထိုစကားကို ကြားသည့်အခါ သူ၏မျက်လုံးထံမှ အေးစက်မှုကို ဖော်ပြ၏။ အစီအရင်၏ အပြင်ဘက်တွင် ဝမ်လင်း၏မူလခန္ဓာကိုယ်သည် မော့ကြည့်လာသည်။

“မင်းမှာ တကယ်ပဲ ဒီအရာတွေ ပိုင်ဆိုင်ထားတာပဲ…”  ရှေးတောက်အင်ပါယာက စိတ်အားတက်ကြွလာ၏။

သတ်ဖြတ်သူ ကိုယ်ပွား လှုပ်ရှားသည်ကို ကြည့်ကာ ရှေးတောက်အင်ပါယာဆရာသခင်သည် မြန်မြန် ပြောလာသည်။ “ထာဝရနတ်ဘုရားနယ်မြေကို ဝင်ရောက်ပြီးရင် ဒီဆံချည်မျှင်က လမ်းပြအဖြစ်၊ ဦးခေါင်းက အလင်းရောင်အဖြစ် အမှန်တရားကို မင်း သိအောင်လို့ ရှာဖွေပေးလိမ့်မယ်။ မင်းသာ ဒီအစီအရင်ကို ဖျက်စီးလိုက်ရင် ဒီအဘိုးအိုရဲ့ အစီအစဉ်လည်း ကျရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ မင်းလည်း အမှန်တရားကို ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူး။ တနေ့ကျရင် မင်း ဒီအတွက် နောင်တကောင်းကောင်း ရရလိမ့်မယ်…”

ယနေ့ကိစ္စသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူသည် ဝမ်လင်းက ဒီနေရာသို့ ဝင်ရောက်နိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူသည် ဝမ်လင်းထံ၌ အတားအဆီးနယ်နိမိတ်များကို ချိုးဖျက်နိုင်သော စွမ်းအား ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

သတ်ဖြတ်သူကိုယ်ပွားကို ရင်ဆိုင်ရသည့်အခါ ထိုအဘိုးအိုသည် သူ့စိတ်နှလုံးနှင့် စိတ်ဝိညာဉ်အတွင်းပိုင်းကနေပင် အကြောက်တရားကို ခံစားမိလေ၏။

“ဒီလို မဖြစ်သင့်ဘူး။ တစ်ခုခုများ မှားယွင်းသွားခဲ့တာလား…”  ရှေးတောက်အင်ပါယာဆရာသခင်၏ စိတ်ထဲတွင် ဂနာမငြိမ် ဖြစ်နေ၏။ သို့သော် သူက မျက်နှာပေါ်တွင်မူ တစွန်းတစပင် မဖော်ပြပေ။ သို့ပေမည့် ဝမ်လင်းသည် ဒီအစီအရင်နှင့် သူ နှစ်များစွာ ကြိုပြင်ဆင်ထားသော အကြံအစည်များကို အချိန်မရွေး ဖျက်စီးပစ်နိုင်၏။ ထို့ကြောင့် သူသည် လျှို့ဝှက်ချက်တော်တော်များများကို မဖြစ်မနေ ပြောပြလာရတော့သည်။

ဆံနက်သတ်ဖြတ်သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “စိတ်ဝင်စားစရာပဲ။ ငါ ဒီအစိအရင်ကို မဖျက်စီးပစ်လို့ ရတယ်။ ဒါပေမဲ့ ဒီအစီအရင်ကို အသက်သွင်းဖို့ ငါ့ မူလခန္ဓာကိုယ် သတ်ခဲ့တဲ့ စိတ်ဝိညာဉ်တွေ ဘာကြောင့် လိုအပ်ရတာလဲကိုတော့ မင်း ငါ့ကို ပြောပြရလိမ့်မယ်…”

ရှေးတောက်အင်ပါယာဆရာသခင်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ချီတုံချတုံ ဖြစ်နေဟန် ပေါ်သည်။ သို့သော် သူသည် ဝမ်လင်းက လက်မြှောက်ကာ အစီအရင်ကို ဖျက်စီးတော့သည်ကို ချက်ခြင်း တွေ့မြင်လိုက်ရသည်။

“ဘာကြောင့်လဲဆိုတော့ ထာဝရနတ်ဘုရားနယ်မြေမှာ…”  ထိုအဘိုးအိုက အံတင်းတင်းကြိတ်ကာ သည်စကားတို့ကို ပြောမည့်ဟန် ပြင်စဉ် သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့ခန္ဓာကိုယ်သည် ကွယ်ပျောက်မည့် အရိပ်အယောင်များ ပြသလာသည်။

“ဒါ…ဒါဟာ နယ်မြေဥပဒေသပဲ။ ငါ ဒါကို ပြောလို့ မရဘူး။ ဒီအဘိုးအိုကသာ အဲ့တာကို ပြောလိုက်ရင် သေရလိမ့်မယ်…”  အင်ပါယာဆရာသခင်၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။

သတ်ဖြတ်သူသည် ရှေ့သို့ လျှောက်လာကာ အေးစက်စက် ပြော၏။ “အို…မင်းက ဒါကို ငါ့ကို ပြောလို့ မရဘူးပေါ့။ ဒါပေမဲ့ မင်း ဘယ်သူလဲတော့ ငါ့ကို ပြောရမယ်…”

“ခုနစ်ရောင်စုံဟာလည်း ဒီအဘိုးအိုပဲ။ ရှေ့ဖြစ်ဟောသူဟာလည်း ဒီအဘိုးအိုပဲ။ ရှေးတောက်အင်ပါယာဆရာသခင်ဟာလည်း ဒီအဘိုးအိုပဲ။ ပြီးတော့…”

ယင်းအဘိုးအိုသည် ထိုသို့ ပြောလာစဉ် သူ၏ခန္ဓာကိုယ်သည် ထပ်မံ တုန်ယင်ကာ သူသည် နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။

ရှေးတောက်အင်ပါယာဆရာသည် ရုတ်တရက် ကြမ်းကြုတ်လာကာ ပြောလာ၏။ “ငါ ဒါကို မပြောနိုင်ဘူး။ ဝမ်လင်း…ဒီအစီအရင်က ဒီအဘိုးအိုအတွက် အရေးကြီးသလို မင်းအတွက်လည်း အရေးကြီးတယ်။ မင်းက ဒါကို အတင်းအကြပ် ဖျက်စီးပစ်ချင်နေရင်တော့လည်း ဒီအဘိုးအို မင်းကို ထပ်ပြီး မတားတော့ဘူး…”

ယနေ့တွင် အရာအားလုံးသည် သူ ထင်ထားသလို မဟုတ်ဘဲ မှားယွင်းနေ၏။ အကြောင်းမှာ သူသည် ဝမ်လင်းက နယ်နိမိတ်ကန့်သတ်စည်းကို ချိုးဖျက်ကာ သူ၏ သတ်ဖြတ်သူကို အတွင်းသို့ စေလွှတ်နိုင်လိမ့်မည်ဟု သူ မထင်ထားသောကြောင့်ပင်။ မဟုတ်ပါက သူသည် ခုလိုမျိုး ခံဘက်သပ်သပ် မဟုတ်ဘဲ အသာစီး တင်ကြိုရယူထားနိုင်မည် ဖြစ်၏။

သတ်ဖြတ်သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အစီအရင်၏ အပြင်ဘက်ရှိ ဝမ်လင်း၏ မျက်လုံးထံမှ ရှုပ်ထွေးသောအကြည့် ဖြစ်ပေါ်လာသည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချ၏။ ရှေးတောက်အင်ပါယာဆရာသခင်၏ တု့န်ပြန်မှုအမူအရာကို မြင်ကာ သူ့စိတ်ထဲတွင် ထူးခြားသောခန့်မှန်းမှုတစ်ခု ရှိလာခဲ့သည်။ သို့သော် ထိုခန့်မှန်းချက်က အံ့ဖွယ်ပြဋားဆန်လှသည်။ သူသည်ပင် ၎င်းကို မယုံကြည်ဝံ့ပေ။

သို့ပေမည့် သည်ကိစ္စတွင် လီမူဝမ် ပါဝင်ပတ်သတ်နေ၏။ လီမူဝမ်နှင့် ပတ်သတ်ပြီး ပြောသော ရှေးတောက်အင်ပါယာဆရာသခင်၏ စကားများသည် မမှားမှန်း သူ သိသည်။ စိတ်ဝိညာဉ်သွေးက သူမကို ယာယီသာ ပြန်အသက်ရှင်စေနိုင်မည် ဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းကို ချိုးဖျက်နိုင်မည် မဟုတ်ဘဲ တနေ့တွင် သေရလိမ့်မည်သာ။

သူသည် ပြန်လည်မွေးဖွားခြင်းကို ဖိနှိပ်လိုက်ပါက ထာဝရနတ်ဘုရားနယ်မြေသို့ အမှန်တကယ်သွားဖို့ လိုနိုင်လောက်သည်။

ထိုအဘိုးအိုကို ကြည့်ကာ ဝမ်လင်းက မျက်လုံးမှိတ်၏။ တအောင့်အကြာတွင် သတ်ဖြတ်သူက သူ့ညာလက်ကို ပြန်ရုတ်သည်။ သူ့ပတ်လည်တွင် အနက်ရောင်အခိုးငွေ့များ သိပ်သည်းကာ ဆက်လက်၍ ပျံ့နှံ့ခြင်း မရှိတော့ပေ။

သတ်ဖြတ်သူက အေးစက်စက် ပြောလိုက်၏။ “အစီအရင်ကို ဆက်ပြီး ဖာထေးလိုက်ပါ…”

ရှေးတောက်အင်ပါယာဆရာသခင်သည် အံ့အားမသင့်သွားပေ။ သူသည် အစီအရင်အပြင်ဘက်ရှိ ဝမ်လင်း၏ မူလခန္ဓာကိုယ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ ထို့နောက်တွင် သွေးနှစ်လုတ် အန်ထုတ်လိုက်၏။

ထိုသွေးနှစ်လုပ်သည် သေဆုံးပြီးစိတ်ဝိညာဉ်များနှင့် ပြည့်နေသော အနက်ရောင်အခိုးအငွေ့ဒြပ်ထုနှစ်ခုအဖြစ်သို့ ပြောင်း၏။ ယင်းတို့သည် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ အရင်ဝဲကတော့ခြောက်နှင့် ပူးပေါင်းပြီး ပြီးပြည့်စုံသော စက်ဝန်းတစ်ခုကို ဖွဲ့စည်းလေသည်။

တချိန်တည်းမှာ ရှေးကလန်၏ တခြားနေရာနှစ်ခု ပင်လယ်များထံမှ တိုင်လုံးကြီးနှစ်ခုသည် လေထဲသို့ ပျံတက်သွားသည်။ မြေပြင်သည် တုန်ခါကာ ယင်းတို့သည် ကောင်းကင်တွင် ပျောက်ကွယ်သွားသည်။

ကောင်းကင်ထက်တွင် အနက်ရောင်ဝဲကတော့ရှစ်ခုသည် အလျင်အမြန် လည်ပတ်နေပြီး ယင်းတို့ထဲမှ တစ်ခုသည် အနက်ရောင်အလင်းအဖြစ် ပေါက်ကွဲ၏။ ထိုအလင်းက မင်နက်ကဲ့သို့ ရှိကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။ မျက်စိတမှိတ်အတွင်း ကောင်းကင်တခွင်လုံးသည် နက်မှောင်လာသည်။

သည်နေရာရှိ ကောင်းကင်သည်သာ မဟုတ်၊ ရှေးကလန်တစ်ခုလုံး၏ ကောင်းကင်သည်လည်း နက်မှောင်လာ၏။ ကောင်းကင်ဘုံကလန်၏ ကောင်းကင်သည်လည်း ညအခါကဲ့သို့ နက်မှောင်သွားသည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခုလုံးသည် ညအမှောင်၏ ခြုံလွှမ်းခြင်းကို ခံရသည်။

နောက်ထပ် အသက်ကိုးရှိုက်စာ အချိန်ပြီးနောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခွင်လုံးကို ခြုံလွှမ်းသွားသော အမှောင်ထုက လွင့်ကွယ်ပျောက်သွား၏။ ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ ဝဲကတော့ရှစ်ခုထဲမှ တစ်ခုသည် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ တချိန်တည်းမှာ သူသည် သူ့စိတ်ထဲ၌ ထူးခြားသော တစုံတစ်ခုကို ခံစားမိသည်။ သူသည် ထိုကြီးမားသော တိုင်လုံးက ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကြားရှိ ကျယ်ပြောသော ပင်လယ်တွင် ပေါ်လာသည်ကို ခပ်ရေးရေး တွေ့မြင်သည်။

ထိုအခိုက်တွင် ကျန်သည့်ဝဲကတော့ခုနစ်ခုထဲမှ တစ်ခုသည်လည်း တူညီသောအနက်ရောင်အလင်းဖြင့်‌ ပေါက်ကွဲထွက်သည်။

ကောင်းကင်သည် နက်မှောင်သွား၏။ နောက်ထပ် အသက်ကိုးရှိုက်စာ အချိန်ပြီးနောက် ယင်းအမှောင်ထုသည် ပျောက်ကွယ်သွားပြန်သည်။ ဝဲကတော့ခြောက်ခုသာ ကျန်ခဲ့၏။ သို့သော် ဒုတိယမြောက်တိုင်လုံးသည် ကျယ်ပြောသောပင်လယ်တွင် ထပ်မံ ပေါ်လာသည်။

လောကသည် အဖြူနှင့်အနက်ကြား ပြောင်းလဲနေလျက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ တခွင်လုံးသည် စတင် တုန်ဟည်းလာသည်။ လှိုင်းများသည် ထိုပင်လယ်တွင် ဂယက်ထနေကာ ကျယ်လောင်စွာ မြည်ဟိန်းသံတို့ကို ဖန်တီးနေလေသည်။

ဝမ်လင်းသည် ကျယ်ပြောသော ပင်လယ်အနှံ့ရှိ ဖြစ်ပျက်နေသော အရာရာကို ဝိုးတဝါး ခံစားမိနိုင်၏။ ဒဏ္ဌာရီလာ ထာဝရနတ်ဘုရားနယ်မြေကြောင့် ဖြစ်သော အရာမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတစ်ခုလုံးပေါ် သက်ရောက်မှု ရှိစေရုံသာမက မဟာအင်ပါယာတစ်ယောက်၏ အပေါ်တွင်ပင် သက်ရောက်မှု ရှိပေလိမ့်မည်။

“ထာဝရနတ်ဘုရားနယ်မြေ…”  ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူက သည်နေရာအကြောင်းကို ကြားခဲ့ဖူးတာ ကြာခဲ့လေပြီ။ သို့သော် ဤသည်မှာ ၎င်း ပွင့်ဟလာတော့မည်ကို သူ့အနေဖြင့် ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတာ ဖြစ်သည်။

ကောင်းကင်ထက်တွင် ငါးကြိမ်မြောက် နက်မှောင်သွားပြန်၏။ အသက်ကိုးရှိုက်စာကြာပြီးနောက် ၎င်းသည် နေ့ပြန်ဖြစ်သွားပြန်သည်။ ဝမ်လင်းသည် အပေါ်သို့ မော့ကြည့်၏။ သူက ဝဲကတော့သုံးခုသာ ကျန်တော့သည်ကို မြင်သည်။

အစီအရင်အတွင်း၌ ရှေ့ဖြစ်ဟောသူ(ဝါ)ရှေးတောက်အင်ပါယာဆရာသခင် ဖြစ်သူသည် စိတ်လှုပ်တရှား ဖြစ်နေသည်။ သူသည် သည်လိုအချိန်ကို စောင့်နေခဲ့တာ အတော့်ကို ကြာမြင့်ခဲ့သည့်ပုံ ပေါ်သည်။ သူက ကျယ်ပြောသော ပင်လယ်ပြင်ရှိ ပြောင်းလဲမှုများကို မြင်နိုင်စွမ်း ရှိနေသည့်ပုံပင်။ သူ၏မျက်လုံးထဲတွင် လိုအင်ဆန္ဒနှင့် ရူးသွပ်မှုတို့ ပြည့်နေ၏။

All Chapters