← Chapters

အပိုင်း(၂၀၉၃)

Vol. 151 Ch. 2093

အပိုင်း(၂၀၉၃)

Vol. 151 Ch. 2093

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် အမှောင်နှင့်အလင်းကြား ပြောင်းလဲနေစဉ် အင်ပါယာတောင်ပေါ်ရှိ မဟာအင်ပါယာကျိုးသဲသည် တံခါးပိတ်ကျင့်ကြံနေရာကနေ ပျံသ်းထွက်လာ၏။ သူသည် အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။ သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

“ဒါက အမှန်တကယ်ပဲ ထာဝရနတ်ဘုရားနယ်မြေပဲ။ ဒီတစ်ကြိမ်တော့ ဒါဟာ ရှေးကလန်ကနေ ပွင့်ဟလာတာပဲ။ ပြီးတော့ ဒီတစ်ကြိမ်ဟာ ပုံမှန်ထက် စောလွန်းနေတယ်…။ ထာဝရနတ်ဘုရားနယ်မြေဟာ ခုလောက်စောစော မပွင့်ဟလာသင့်ဘူး။ ဒီတော့ ဒီအဓိပ္ပာယ်ဟာ…”

“ဒါက ပထမဆုံးအကြိမ်အဖြစ် ထာဝရနတ်ဘုရားနယ်မြေဟာ လုံးဝ ပွင့်လာမှာ ဖြစ်ပြီး အရင်နဲ့ ကွာခြားသွားလိမ့်မယ်…”  ကျိုးသဲ၏ ဘေးမှ အမျိုးသမီးက ထိုသို့ ပြောလာသည်။ သူမသည် အဖြူရောင်ဝတ်စုံဖြင့် ဟိုင်းဇီပင်။ သူမက အကွာအဝေးတစ်ခုထံ စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်နေသည်။

“ကျမ ဒီဖြစ်အင်ကို အလုံးစုံ ရှေ့ဖြစ်မကြည့်နိုင်ဘူး။ ကျမ မြင်နိုင်တာ ဒါ အကုန်ပဲ။ ဒါ့အပြင် ထာဝရနတ်ဘုရားနယ်မြေ အမှန်တကယ်ပွင့်ဟဖို့ နှစ်ပေါင်းရာချီလောက်ပဲ ကျမတို့ စောင့်ရတော့မယ်လို့လည်း ရှေ့ဖြစ်ကြည့်မြင်ခဲ့သေးတယ်…”

“လုံးဝ ပွင့်လှစ်မှာလား…”  ကျိုးသဲ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်သွားသည်။

“ဒါသာ လုံးဝ ပွင့်လှစ်သွားရင် မဟာအင်ပါယာတွေဟာ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ထပ်တိုးတက်နိုင်ပြီး ကောင်းကင်ဘုံဘိုးဘေး အဆင့်ကို ရောက်ဖို့ နည်းလမ်းတစ်ခု ရှိချင် ရှိလာနိုင်မယ်…”

ကောင်းကင်ဘုံကလန် တောက်ရီကလန်သည် နှစ်များစွာအတွင်း မှုန့်မှိုင်းသော ကုန်းမြေတစ်ခု ဖြစ်လာခဲ့သည်။ အစွမ်းထက်လူပေါင်းများစွာ သေဆုံးခဲ့ပြီး မဟာအင်ပါယာတောက်ရီကမူ တံခါးပိတ်ကျင့်ကြံလျက် ရှိသည်။ သူ့ကြောင့်လည်း ဒီနေရာရှိ လူဦးရေမှာ များစွာ လျှော့ပါးသွားခဲ့တာ ဖြစ်၏။

သို့ပေမည့် သည်အခိုက်တွင် တောက်ရီကလန်မှ ဟိန်းအော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအခါ တောင်များထဲမှ တောင်တစ်လုံးသည် ပျက်စီးသွားပြီး မီးခိုးရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ပျံသန်းထွက်လာသည်။ ထိုပုံရိပ်သည် ကြမ်းကြုတ်ဟန် ပေါ်ကာ အကွာအဝေးတစ်ခုထံ စိုက်ကြည့်နေသည်။

“ထာဝရနတ်ဘုရားနယ်မြေ၊ အဲ့မှာ ငါ့ရှေးကျိန်စာကို လုံးဝ ဖယ်ရှားနိုင်ပြီး ငါ့ကျင့်ကြံမှုအဆင့် တိုးတက်လာစေနိုင်မယ့် နည်းလမ်းတစ်ခု ရှိနိုင်လောက်တယ်…”

ခရမ်းရောင်ယင်ကလန်တွင် မိန်းကလေးငယ်နှစ်ယောက်သည် တံခါးပိတ်ကျင့်ကြံနေသည်။ သူတို့နှစ်ယောက်ကြားတွင် ကောင်းကင်ဘုံဘိုးဘေး၏ မျက်လုံး ရှိနေ၏။ ထိုမျက်လုံးက ထူးခြားသောအလင်းတစ်ခုကို ပေးစွမ်းကာသူတို့နှစ်ယောက်နှင့် ချိတ်ဆက်ထားသည်။

သည်အခိုက်တွင် သူတို့နှစ်ယောက်လုံးသည် မျက်လုံးဖွင့်ကာ တူညီသောဦးတည်ရာသို့ လှမ်းကြည့်သည်။ သူတို့၏အကြည့်များက နံရံကို ဖောက်၍ အပြင်ဘက်လောကကို လှမ်းတွေ့မြင်ပေသည်။

ဝူဖန်သည် ကောင်းကင်ဘုံကလန်၌ ဤအဖြစ်ကို အရင်ဆုံး သတိပြုမိသူ ဖြစ်၏။ သူသည် ရေခဲပြင်ပေါ်တွင် ရပ်နေလျက် သူ့မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တို့ ရှိနေသည်။

တချိန်တည်းမှာ ကောင်းကင်ဘုံဘိုးဘေးမြို့၏ နန်းတော်အောက်တွင် ထပ်နေသော ဟင်းလင်းပြင်နေရာတစ်ခု ရှိသည်။ ထိုဟင်းလင်းပြင်အတွင်း၌ တောင်တလုံး ရှိနေကာ အရူးသည် ထိုနေရာတွင် မလှုပ်မယှက် လှဲလျောင်းနေသည်။

ကောင်းကင်ဘုံကလန်၏ အစွမ်းထက်ကလန်ဝင်များအပြင် ရှေးကလန်မှလူများလည်း ထာဝရနတ်ဘုရားနယ်မြေ ပွင့်လှစ်မည့် အရာအပေါ် အာရုံစိုက်နေကြ၏။  ရှေးဂျီနှင့်ရှေးရှီမှ မဟာအင်ပါယာနှစ်ယောက်သည် လှမ်းကြည့်နေသည်။

ရွမ်လောသည်လည်း တစ်ခုခု မှားနေသည်ကို သတိပြုမိကာ ဝမ်လင်း ပျောက်သွားသော တောင်ကတုံးနှင့် ကောင်းကင်ရှိ ပုံမှန်မဟုတ်မှုများကို ကြည့်နေ၏။ နန်းတော်အောက်သို့ ပြန်သွားသော တော်ဝင်အင်ပါယာသည်ပင် ထပ်မံ ပျံသန်းထွက်လာသည်။ သူမက ရွှမ်လောဘေးတွင် ရပ်ကာ ကောင်းကင်ထက်သို့ တုန်လှုပ်စွာ ကြည့်နေသည်။

“ထာဝရနတ်ဘုရားနယ်မြေက အချိန်စောပြီး ပွင့်လာနေတာပဲ…”

သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်၏။ သူတို့က စကားတော့ မဆိုကြပေ။ သို့သော် သူတို့သည် စတင်စဉ်းစားနေသည်။

ရှေးကလန်၏ ကလန်သုံးခု ထိစပ်ရာ ဗဟိုဧရိယာတွင် ပုံရိပ်တစ်ခုသည် ကူးတောက်တောင်ပေါ်ရှိ မျှော်စင်ထိပ်၌ ရပ်ကာ ကောင်းကင်သို့ ကြည့်နေသည်။ ထိုမျှော်စင်ထံမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။

“နောက်ဆုံးတော့ ဒါက လုံးဝ ပွင်လှစ်လာခဲ့ပြီ။ ငါ ဒီနေ့နဲ့ ပတ်သတ်ပြီး သိရှိခဲ့တဲအချိန်မှာ ဒါကို ငါ မပြောင်းလဲနိုင်ဘူးဆိုတာ သိခဲ့တယ်…”   ထိုပုံရိပ်သည် ခေါင်းယမ်းကာ ဖြစ်ခဲသော ခါးသီးဟန်အမူအရာ ပေါ်သည်။

“နှစ်ပေါင်းရာချီ ကြာပြီးရင်…ခံစားရတဲ့ ပင်လယ်…”

“ကောင်းကင်နဲ့မြေကြီးအောက်က စိတ်ဝိညာဉ်အားလုံးဟာ နတ်ဘုရားဘေးဒုက္ခကို ခံစားရလိမ့်မယ်။ သူတို့ဟာ ဖျက်စီးခံရမယ့် ပြစ်ဒဏ်ကနေ သူတို့ဘာသာ လွတ်မြောက်လိမ့်မယ်။ စစ်မှန်တဲ့ တာအိုလမ်းကို လျှောက်လှမ်းပါ…”

ထိုပုံရိပ်သည် ခပ်ဖွဖွ ရေရွတ်သည်။

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောင်းကင်သည် ရှစ်ကြိမ်မြောက် ညအမှောင်သို့ ပြောင်းလဲပြီး ပုံမှန် ပြန်ဖြစ်သွားသည့်နောက်တွင် တောင်အထက်ရှိ နောက်ဆုံးဝဲကတော့သည် ပျောက်ကွယ်သွားသည်။ သို့သော် ကျယ်ပြောသော ပင်လယ်အထက်တွင်မူ တိုင်လုံးရှစ်ခုသည် မားမားရှိနေသည်။ ရေလှိုင်းများက ၎င်းတို့ကို မည်သို့ပင် ရိုက်ခတ်နေပါစေ ထိုတိုင်လုံးများသည် မရွှေ့လျားပေ။

ထိုတိုင်ရှစ်လုံးကနေ ဖြစ်ပေါ်လာသော စက်ဝန်းအတွင်း၌ ပင်လယ်သည် တဖြည်းဖြည်း မြူအဖြစ်သို့ ပြောင်းသွားသည်။ သို့သော် တိုင်လုံးများ အပြင်ဘက်ရှိ ပင်လယ်ကမူ ရေအဖြစ်သာ ကျန်နေသည်။

ပျက်စီးသွားသော တောင်အောက်၌  ရှေ့ဖြစ်ဟောသူ၊ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူတို့နှင့် ရုပ်သွင်တူသော ရှေးတောက်အင်ပါယာဆရာသခင်သည် အလေးအနက်အသွင်ဖြင့် ရှိနေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူသည် အစီအရင်ပေါ်သို့ နေရာချ၍ ထူးခြားသောအသံဖြင့် ရွတ်ဆိုနေသည်။

သူ၏အသံသည် မရေမတွက်နိုင်သောလူများစွာ ရွတ်ဆိုနေသလိုပင်။ သို့သော် ၎င်းအသံကို ရှင်းရှင်းလင်းလင်း ကြားရဖို့ မဖြစ်နိုင်ပေ။ ဝမ်လင်းသည် ထိုရွတ်ဆိုသံကို ကြားသည့်အခါ သူ့မျက်လုံးသည် မဆိုသလောက် အရောင်လက်သွားသည်။

“ကောင်းကင်ဘုံတာအိုကို ချုပ်ထိန်းခြင်း၊ ကောင်းကင်နဲ့မြေကြီးအောက်က စိတ်ဝိညာဉ်အားလုံးဟာ နတ်ဘုရားဘေးဒုက္ခကို ခံစားရလိမ့်မယ်။ သူတို့ဟာ ဖျက်စီးခံရမယ့် ပြစ်ဒဏ်ကနေ သူတို့ဘာသာ လွတ်မြောက်လိမ့်မယ်။ မရေမတွက်နိုင်တဲ့ မသိမှုတွေကို ရင်ဆိုင်ရင်း စိတ်ဝိညာဉ်အားလုံးဟာ သူတို့ဘဝရဲ့ မေးခွန်းတွေကို ဖြေရှင်းပြီး မိုးကောင်းကင်ရဲ့ လည်ပတ်ထိန်းချုပ်မှုကနေ ချိုးဖျက်လွတ်မြောက်ရမယ်။ စစ်မှန်တဲ့တာအိုကို လျှောက်လှမ်းပါ…”

ရှေးတောက်အင်ပါယာထံမှ အဆက်မပြတ် ရေရွတ်သံများသည် ထိုစကားများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

သူ၏စကားသံများ ပဲ့တင်ထပ်သည့်အခိုက်တွင် အစီအရင်သည် အဆုံးမဲ့အလင်းကို ထုတ်လွှတ်သည်။ ထို့နောက် သည်ဟင်းလင်းပြင်နေရာတွင် မြောက်များစွာသော ကြီးမားသည့် ပိုက်ကွန်များ ပေါ်လာသည်။

ဤသည်မှာ ဝမ်လင်း သည်ဟင်းလင်းပြင်ကို ဝင်ရောက်ရန် ဟန့်တားခဲ့ချိန်၌ သူ ချိုးဖျက်ခဲ့သည့် ပိုက်ကွန်များပင်။ သို့သော် အစီအရင်ထံမှ အလင်းသည် တဖြတ်ဖြတ် လင်းလက်စဉ် အက်ကြောင်းများသည် သည်ပိုက်ကွန်ပေါ်တွင် ပေါ်လာသည်။

ရှေးတောက်အင်ပါယာဆရာသခင်သည် တချို့နည်းလမ်းများကို အသုံးပြုကာ သည်ဟင်းလင်းပြင်နေရာကနေ အစီအရင်ကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရွှေ့ပြောင်းပစ်လိုက်ခြင်းပင်။

တောင်ကတုံး၌ ရှိနေသော အစီအရင်ကမူ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်ဟု ပြော၍ ရနိုင်သည်။ ဝမ်လင်းသည် နယ်နိမိတ်စည်းကို ချိုးဖျက်ရန် သူ၏ စွမ်းအားကုန်ကို သုံး၍ ထိုဟင်းလင်းပြင်နေရာသို့ ဝင်ရောက်ခဲ့ပေသည်။ အခုအခါ၌ ဤအစီအရင်သည် ထိုကဲ့သို့ တူညီသောနည်းလမ်းဖြင့် ချိုးဖျက်ကာ အစစ်အမှန် ဖြစ်လာတော့သည်။

၎င်းအစီအရင်ကနေ ထွက်လာသည့်အရာကမူ ဝမ်လင်း၏ သတ်ဖြတ်သူကိုယ်ပွားဖြစ်၏။ ခုခါတွင် ထိုကိုယ်ပွားသည် ဝမ်လင်း၏ မူလခန္ဓာကိုယ်ရှိနေသော တူညီသည့်ဟင်းလင်းပြင်နေရာတွင်သာ ရှိနေလေ၏။

ထိုမြင်ကွင်းက ဝမ်လင်း၏မျက်လုံးကို အရောင်တောက်သွားစေသည်။

အစီအရင်သည် နယ်နိမိတ်စည်းကို ချိုးဖျက်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်လာသည့်အခါ၌ ရှေးတောက်အင်ပါယာဆရာသခင်က မာန်သွင်းလိုက်၏။ အစီအရင်ထံမှ ဆယ်ရောင်စုံအလင်းသည် ပေါက်ကွဲထွက်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ အဝေးမှ ကြည့်ပါက ၎င်းသည် ကိုးခုမြောက်တိုင်လုံးအသွင် ဖွဲ့စည်းခြင်းနှင့် တူနေသည်ကို တွေ့ရမည်။

ဝမ်လင်း၏ သတ်ဖြတ်သူကိုယ်ပွားက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူ၏ မူလခန္ဓာကိုယ်နှင့် ပြန်ပေါင်းစည်းလိုက်သည်။ ဝမ်လင်းသည် ထိုအလင်းဘေးတွင် ပေါ်လာကာ အလင်းထိုးတက်သွားသော ကောင်းကင်သို့ လှမ်းကြည့်သည်။ သူသည် ဖော်ပြ၍ မရသော ကြောက်မက်ဖွယ်အားတစ်ခုက ၎င်းထံမှ ထွက်ပေါ်နေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။

ထိုအလင်းတိုင်လုံးအတွင်း၌ ရှေးတောက်အင်ပါယာဆရာသခင်က မာန်သွင်း၏။ “ကိုးခုမြောက်တိုင်လုံးက ထာဝရနတ်ဘုရားနယ်မြေကို ဖွင့်လှစ်မယ်…”  ထိုအလင်းတိုင်လုံးသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားကာ ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကြားရှိ ကျယ်ပြောသော ပင်လယ်ထံ ဦးတည်လေသည်။

ထိုကျယ်ပြောသောပင်လယ်တွင် တိုင်လုံးရှစ်ခုစက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခုသည် အကွာအဝေးတစ်ခုမှ ပျံသန်းလာကာ အလယ်တွင် ကိုးခုမြောက်တိုင်လုံး ပေါ်လာ၏။ ကောင်းကင်သည် အရောင်များ ပြောင်းလဲသွားကာ လှိုင်းဂယက်များထ၏။ မကြာမီတွင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ကောင်းကင်တခုလုံးသည် လှိုင်းဂယက်များ၏ ခြုံလွှမ်းခြင်း ခံရသည်။

ကိုးခုမြောက်တိုင်လုံးက တခြားတိုင်လုံးရှစ်ခုကနေ ဖြစ်ပေါ်သော စက်ဝန်း၏ ဗဟိုချက်သို့ ဆင်းသက်လာသည့်အခါ ပင်လယ်တစ်ခုလုံးသည် တဝီဝီမြည်ဟည်း လည်ပတ်နေတော့သည်။

၎င်းသက်ဆင်းလာသည့်အခါ အံ့ချီးဖွယ်မြင်ကွင်းကို ဖြစ်စေ၏။ ဤသည်က ထိုနေရာတွင် ဖြစ်ပျက်နေသော အရာများကို တွေ့မြင်သူတိုင်းအား တုန်လှုပ်စေ၏။ သူတို့သည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်ကုန်သည်။

အဆုံးမဲ့ပင်လယ်သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်လုံးထိ  ပဲ့တင်ထပ်သော ကျယ်လောင်သောအသံကို ထုတ်လွှတ်သည်။ ထို့နောက်တွင် ပင်လယ်သည် ဖြည်းဖြည်းချင်း မြင့်တက်လာသည်။

ပင်လယ်၏ အရွယ်အစားကို ဖော်ပြဖို့မှာ မဖြစ်နိုင်ပေ။ သို့သော် ထိုသို့ ပင်လယ်တစ်ခုလုံးကို ပင့်တင်မြှောက်ခြင်းသည် မဟာအင်ပါယာတစ်ယောက်ပင် မလုပ်နိုင်သော အရာ ဖြစ်၏။ မဟာအင်ပါယာကူးတောက်သည်ပင် ထိုသို့ မလုပ်နိုင်ပေ။

ထိုပင်လယ်သည် မြင့်တက်လာချိန်တွင် တွင်းနက်ကြီးတစ်ခု လှစ်ဟပေါ်လာသည်။ ထိုတွင်းနက်တွင် မရေမတွင်နိုင်သော မညီမညာအပေါက်များနှင့် ပြည့်နေ၏။ ၎င်းသည် ပင်လယ်အောက်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေမထိဘဲ ကွယ်ဝှက်နေပုံ ရသည်။

ထိုပင်လယ်သည် မြင့်တက်လာနေစဉ် မကြာမီတွင် ၎င်းသည် ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကို ဖိနှိပ်လာ၏။ ပင်လယ်သည် နက်လှ၏။ ထို့ကြောင့် အချိန်တိုအတွင်း ၎င်း မည်မျှ ကြီးမားသည်ကို တွက်ချက်ဖို့ ခက်ပေမည်။

အဆုံးမဲ့ပင်လယ်သည် ကောင်းကင်ဘုံကလန်နှင့် ရှေးကလန်တို့၏ ကုန်းမြေအထက်ထိ မြင့်တက်လာရင်း ၎င်းက  ဆက်လက်၍ မြင့်တက်နေဆဲပင်။ ထိုသည်ကို တွေ့မြင်သော လူအများမှာ တုန်လှုပ်ကုန်ရသည်။ သူတို့သည် ကောင်းကင်နှင့်ပင်လယ်ကိုပင် မခွဲခြားနိုင်တော့အောင် ဖြစ်ရသည်။

သည်အခိုက်တွင် အဆုံးမဲ့ပင်လယ်က စက်ဝန်းတဝက်အသွင်သို့ ပြောင်း၏။

ထိုမြင်ကွင်းသည် ထူးခြားလွန်းလှသည်။ ပင်လယ်၏ ဗဟိုချက်တွင် ကောင်းကင်ရှိ တိုင်ကြီးကိုးလုံး ရှိသည်။

ကျယ်ပြောလှသော ပင်လယ်က ရှေးကလန်နှင့်ကောင်းကင်ဘုံကလန်တို့ကို ပိုင်ခြားသော နံရံကြီးတစ်ခုကဲ့သို့ပင်။ ၎င်းသည် အဆုံးမရှိသလိုမျိုး ထင်ရပြီး ပုံရိပ်ယောင်တစ်ခုလိုမျိုးလည်း ခံစားမှု ပေးစွမ်းသည်။

ပင်လယ်ရှိ တိုင်ကိုးလုံးက တဖြည်းဖြည်း စတင် လည်ပတ်နေ၏။ အဝေးမှ ကြည့်ပါက ထိုတိုင်လုံးတို့သည် ကောင်းကင်နှင့်မြေပြင်ကို ချိတ်ဆက်ပေးသော မုန်တိုင်းတစ်ခုကဲ့သို့ ထင်ရသည်။

လူတစ်ယောက်သည် ယင်းမုန်တိုင်းအတွင်း၌ တိုင်ကိုးလုံးက ကြီးမားသော တံခါးချပ်တစ်ခုကို ဖွဲ့စည်းသည်အား ရေးတေးတေး မြင်ရနိုင်သည်။

ထိုတံခါးသည် ပိတ်နေကာ မပွင့်ဟသေးပါ။

“ကံမကောင်းစွာနဲ့ မင်းရဲ့ သတ်ဖြတ်သူဟာ မလုံလောက်သေးဘူး။ မဟုတ်ရင် ဒီတံခါးက ချက်ခြင်း ပွင့်သွားမှာ။ ဒါပေမဲ့ ဒီတံခါး ပွင့်ဟဖို့ လုံလောက်တဲ့ စွမ်းအား စုစည်းဖို့ဟာ နှစ်ပေါင်းငါးရောက်လောက်ပဲ ကြာတော့မှာ…”

“ဒီတော့…ဝမ်လင်း ငါတို့ ထာဝရနတ်ဘုရားနယ်မြေမှာ နောက်ထပ် နှစ်ငါးရာကြရင် ထပ်တွေ့ကြတာပေါ့။ ငါတို့ ထပ်တွေ့ကြတဲ့အချိန်ကျရင် မင်းဟာ အမှန်တရားကို သိလာလိမ့်မယ်….”

ရှေးတောက်အင်ပါယာမြို့၏  အပြင်ဘက်ရှိ တောင်ကတုံး၌ ရှေးတောက်အင်ပါယာဆရာသခင်သည် ထိုတောင်ထံမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဝမ်လင်းသည် ထိုပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ကာ ရုတ်တရက် ပြောလာ၏။ “တန်လင်းကလန်ကို မင်း ဖျက်စီးခဲ့တာမလား…”

သို့သော် အင်ပါယာဆရာသခင်က ပြန်မဖြေပေ။ အစီအရင် ကွယ်ပျောက်သွားခြင်းနှင့်အတူ ရယ်သံတစ်သံသာ ကျန်ခဲ့သည်။ သည်နေရာမှာ အပျက်အစီးပုံ ဖြစ်ကျန်ခဲ့သည်။

ဝမ်လင်းသည် အချိန်အတန်ကြာ ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူသည် တဖက်သို့ လှည့်လိုက်သည်။ သူသည် ကောင်းကင်ထက်သို့ ပျံတက်ကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းသည် ရှေးတောက်တွင် ဆက်နေဖို့ မည်သည့်အကြောင်းမှ မရှိတော့ပေ။ ဖြစ်ပျက်သမျှသည် အတိတ် ဖြစ်သွားခဲ့လေပြီ။ သို့သော် ခုထိ သူ့ဆရာအဖြစ် သတ်မှတ်ထားသော လူတစ်ယောက်တော့ ရှေးတောက်တွင် ရှိနေပေ၏။

သူသည် ထိုသူ့ကို သူ့ဆရာအဖြစ် အပြင်ဘက်တွင် အသိအမှတ်ပြု၍ မရတော့သော်ငြားလည်း သူ့စိတ်ထဲတွင်မူ ရွှမ်လောသည် သူ၏ဆရာအဖြစ် ထာဝရ ရှိနေလိမ့်မည်ပင်။

All Chapters