← Chapters

ကျူတောပင်လယ်ဒေသ အခြေအနေပြောင်းလဲသွားပြီ

Vol. 49 Ch. 693

ကျူတောပင်လယ်ဒေသ အခြေအနေပြောင်းလဲသွားပြီ

Vol. 49 Ch. 693

အခန်း (၆၉၃) ကျူတောပင်လယ်ဒေသ အခြေအနေပြောင်းလဲသွားပြီ

ကျန့်မင်စုံစမ်းချင်သည့်ကိစ္စက ယဲ့ရှင်းတိုက်ခိုက်ခံရသည့်ကိစ္စနှင့်ပတ်သက်နေမည်ဟု ရန်ကျောက်ကဲ သိလိုက်သည်။ ထိုကိစ္စက လျှို့ဝှက်ချက်များစွာ ရှိနိုင်သော်လည်း ရန်ကျောက်ကဲက လောလောဆယ် ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိသေးပေ။

ကံကောင်းခြင်းနှင့် တိုက်ဆိုင်မှုများလည်းပါဝင်သလို ရန်ကျောက်ကဲကိုယ်တိုင် သေသေချာချာ အကွက်ချစီစဉ်ခဲ့မှုကြောင့် ကျူတောပင်လယ်ဒေသ လက်ရှိအခြေအနေက အလွန်ပြောင်းလဲသွားပြီဖြစ်သည်။

ကျန့်မင်တို့အုပ်စုက ရန်ကျောက်ကဲနှင့် ကွမ်းမင်ဂိုဏ်းအကြား ပဋိပက္ခတွင် တင်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း သူက လေဟုန်စီးကောင်းကင်ရွက်လှေထက်တွင် ဧည့်သည်တော်ဖြစ်ခဲ့သည်ဆိုသောသတင်းက ကွမ်းမင်ဂိုဏ်းသို့ ချက်ချင်းရောက်ရှိသွားမည်ဖြစ်သည်။ ထိုကိစ္စက ကွမ်းမင်ဂိုဏ်းအတွက် အလေးအနက်ထားရန် လိုအပ်သည်။

ခန်းဖင်းက အရှေ့တောင် ထိပ်တန်းအရှင်သခင်နှင့် တွေ့ဆုံရန် ကျင်းထင်တောင်သို့ သွားပေလိမ့်မည်။ သို့သော် ရလဒ်မည်သို့ရှိမည်ကို ခန့်မှန်းမရနိုင်ပေ။

ထို့ကြောင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်က တိကျသေချာသော အမိန့်တစ်ခု မထုတ်ပြန်မချင်း တာ့ရွှမ်တိုင်းပြည် အင်အားစုများအနေဖြင့် အလံကိုနှိမ့် ၊ စစ်ပွဲဗုံသံကိုရပ်လျှက် သိုသိုသိပ်သိပ်နေကြရမည် ဖြစ်သည်။

ခန်းဖင်း ကျင်းထင်တောင်သို့ ခရီးထွက်သွားသည့်တိုင် တာ့ရွှမ်တိုင်းပြည်က အင်အားကြီးမားနေဆဲ ဖြစ်သည်။ ထို့ကြောင့် တာ့ရွှမ်တိုင်းပြည် ငြိမ်သက်သွားသဖြင့် ပုန်ကန်သူများ အသက်ရှူချောင်သွားသည့်တိုင် တန်ပြန်တိုက်စစ် ဆင်နိုင်ဦးမည်တော့ မဟုတ်ပေ။

ကျူတောပင်လယ်ဒေသတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲကြီးကတော့ ယာယီအားဖြင့် ရပ်တန့်သွားပေမည်။

တာ့ရွှမ်တိုင်းပြည်က ကွမ်းမင်ဂိုဏ်းဌာနချုပ်ကို ချိုးဖျက်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု ယခင်က ရန်ကျောက်ကဲ တွေးထင်ခဲ့သည်။ သို့သော် တာ့ရွှမ်တိုင်းပြည်နှင့် စစ်ဖြစ်နေသည့်ကာလတွင် မြောက်ပင်လယ်ခန်းမ ၊ ကြေးနီးကျွန်းအပါအဝင် ယိုးမင်ဂိုဏ်းသည်ပင် ထိုသို့သောအဖြစ်မျိုးကို မဖြစ်စေချင်ကြပေ။

တာ့ရွှမ်တိုင်းပြည်နှင့် ပုန်ကန်သူများကြား အလုံးစုံတိုက်ပွဲဆင်နွှဲနေချိန်တွင် ကွမ်းမင်ဂိုဏ်း၏ကံကြမ္မာက ကြိုတင်ခန့်မှန်းရခက်သည်။

ကွမ်းမင်ဂိုဏ်းအနေဖြင့် တောက်လျှောက်ကျဆင်းသွားပြီး အင်အားများစွာလည်း ထိခိုက်သွားနိုင်သလို ကြီးမားသောအရှိန်အဟုန် အသုံးပြုကာ ပိုမိုများပြားသော အကျိုးကျေးဇူးများကိုလည်း ရရှိသွားနိုင်၏။

ပြီးတော့ ထူးကဲယင်သရဖူသာ တာ့ရွှမ်တိုင်းပြည်လက်ထဲ ကျရောက်သွားပါက မလွဲမသွေ ပြဿနာရှိမည်ပင်။

မည်သို့ပင်ဖြစ်စေ ယခင်အခြေအနေများနှင့်နှိုင်းယှဉ်လျှင် လက်ရှိအနေအထားက ရန်ကျောက်ကဲအတွက် လှုပ်ရှားရပိုမိုလွယ်ကူသွားခဲ့သည်။

တာ့ရွှမ်တိုင်းပြည်၏ဖိအားများမရှိတော့သည့်အခါ တော်လှန်ရေးအုပ်စုများကြား အခြေအနေတင်းမာမှုများ တစ်ဖန်ပြန်လည်မြင့်တက်လာမည် ဖြစ်သည်။

မြောက်ပင်လယ်ဓားခန်းမက ယခင်ကလည်း ရန်ကျောက်ကဲအပေါ် အကြွေးတင်ရှိထားပြီး ဖြစ်သည်။

ယခုလည်း အရှေ့တောင်ထိပ်တန်းအရှင်သခင်၏အာဏာကို ချေးငှားအသုံးပြုကာ တာ့ရွှမ်တိုင်းပြည်ကို နောက်ဆုတ်သွားစေခဲ့သည်။ ဤသည်က တာ့ရွှမ်တိုင်းပြည် ပုန်ကန်သူမျးအတွက် ကြီးမားသောအကူအညီဖြစ်သည်မှာ အသေအချာပင်။

ထိုကိစ္စများအပြင် အခြားသောအကျိုးအမြတ်များစွာလည်း ရန်ကျောက်ကဲ ရရှိသေးသည်။

ရန်ကျောက်ကဲက ငိုက်မြည်းငြိမ်သက်နေသော ထူးကဲယန်စည်းတံဆိပ်အား တစ်ချက်အာရုံစိုက်လိုက်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ သမိုင်းကြောင်းအများစုကို သိရှိသော်လည်း ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာအကြောင်းကိုတော့ မသိရှိနိုင်ပေ။

ယခု အရှေ့တောင်ထိပ်တန်းမျိုးနွယ်များဖြင့် တွေ့ဆုံဆက်ဆံရခြင်းက သူ့အတွက် အကျိုးကျေးဇူးများစွာရှိသည်မှာ မလွဲဧကန်ပင်။

သတင်းအချက်အလက် ၊ အသိပညာ ၊ သတင်းများစွာ သူတို့ထံမှ သိရှိခွင့်ရနိုင်သည်။ ဤသည်က မျှော်လင့်သည်ထက်ကျော်လွန်ပြီး အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်ပြီး အသုံးချနိုင်မည် ဖြစ်၏။

ထို့ပြင် ထူးကဲယန်စည်းတံဆိပ်နှင့်ပတ်သက်သောသတင်းက သူ့ကိုအလွန်စိုးရိမ်စေခဲ့သည်။

ဟုတ်ပေ၏။ ထူးကဲယင်သရဖူနှင့် နေရိပ်နတ်ဓားတို့အတွက်လည်း အတူတူပင် ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း အကြည့်ချင်းဆုံသွားပြီး ပြိုင်တူ မျက်တောင်ခတ်လိုက်ကြသည်။

ဖန်းယွင်ရှန်း၏ မျက်နှာအမူအရာက ပုံမှန်ပင်ဖြစ်သည်။ သို့သော် သူ့လက်များက နေရိပ်နတ်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။

နေရိပ်နတ်ဓားက ပုံမှ်အတိုင်းပင် အပြစ်ကင်းစင်စွာ ဓားအိမ်ထဲတွင် ငိုက်မြည်းလျှက် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။

ရန်ကျောက်ကဲက ကျန့်မင်ကိုကြည့်ကာ ပြုံးလိုက်ရင်း...

“ဆရာ’ကျန့်မင်’ အလုပ်များမှာဆိုတော့... ဒီနေရာကထွက်ခွာပြီးရင် ငါတို့ လှေပေါ်ကဆင်းသွားပါတော့မယ်”

ကျန့်မင်က...

“နည်းနည်းလောက် ခရီးအတူဆက်သွားတာ ဘာမှမဖြစ်ပါဘူး ၊ မိတ်ဆွေလေး’ရန်’ ရွက်လှေနဲ့ ခရီးဆက်သွားချင်သေးတယ်ဆိုလည်း ဖြစ်ပါတယ် ၊ ကိစ္စရှိလို့ သွားချင်တယ်ဆိုရင်လည်း အချိန်မရွေးသွားလို့ရပါတယ် ၊ အားနာနေစရာ မလိုပါဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဖြင့် ကျေးဇူးတင်ပါတယ်”

ပြောင်းလဲသွားသောအခြေအနေများကို ဘေးနားမှ တိတ်တဆိတ်ကြည့်ရင်း ပိုင်ကျစ်မင်တစ်ယောက် အံ့အားသင့်စွာဖြင့် တက်ခေါက်မိသည်။

ရွက်လှေကြီးပေါ်တက်လာချိန်ကတည်းက ဤလူငယ်က အခြေအနေမည်မျှအထိဖြစ်လာမည်ကို ခန့်မှန်းထားခဲ့ပါသနည်း။

အထက်ဘုံကမ္ဘာ၏ရေပြင်က အမှန်တကယ်နက်ရှိုင်းပြီး အတိုင်းအဆမရှိ ကျယ်ပြန့်သည်။ အနည်းငယ် သတိလွဲချော်ကာ ခြေလှမ်းမှားသည်နှင့် သေစေလောက်သောကပ်ဘေး ကျရောက်လာမည် အမှန်ပင်။

ကြောက်စရာအကောင်းဆုံးနှင့် ကြေကွဲစရာအကောင်းဆုံးမှာ လူအများသည် ထိုကပ်ဘေးမည်သို့မည်ပုံကျရောက်လာမှန်းပင်မသိဘဲ အသက်ပျောက်သွားခြင်း ဖြစ်၏။

အထက်ဘုံကမ္ဘာတွင်နေထိုင်ရသည်က ကောင်းကင်နှင့်နေရောင်ကို မျှော်ကြည့်၍မမြင်နိုင်အောင် သစ်ပင်ကြီးများထူထပ်သော တောအုပ်ကြီးထဲ ရောက်ရှိနေသည့်အလား အရာရာသည် ဖုံးကွယ်လျှက် ရှိသည်။ သစ်ပင်ကြီးများ၏မြေကြီးအောက်တွင်လည်း မရေမတွက်နိုင်သော အမြစ်များရောထွေးနေပြီး မည်သည့်အရာကိုမှ အတိအကျ မသိရှိနိုင်ပေ။

အဘိုးအို ရုတ်တရက် သက်ပြင်းချရင်း ညည်းတွားချင်စိတ်များ ဖြစ်ပေါ်လာသည်။

ဟိုစဉ်အချိန် အထက်ဘုံကမ္ဘာသို့ရောက်လာခါစက အောင်မြင်မှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ခံစားခဲ့ရသည်။ ယခင်နေထိုင်ခဲ့သောကမ္ဘာဟောင်းတွင် အထွတ်ထိပ်အဆင့်ရောက်ရှိရင် နှစ်ပေါင်းများစွာ ဝီရိယစိုက်ထုတ် ကျင့်ကြံခဲ့ပြီးနောက် အဆုံးသတ်တွင်တော့ အောင်မြင်မှုရရှိကာ မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

အထက်ဘုံကမ္ဘာသို့ ရောက်ရှိတော့လည်း ကျန့်မင်တို့အုပ်စုနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး တည်ငြိမ်စွာအခြေချနိုင်ခဲ့သဖြင့် ကောင်းမွန်သောအစပြုခြင်း ပိုင်ဆိုင်ခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော် နောက်ပိုင်းတွင်တော့ တဖြည်းဖြည်း မှားယွင်းသည့်ဘက်သို့ လေနှင့်အတူ မျောပါလာကြောင်း သိလာရသည်။

ကောင်းကင်ချိတ်ဆက်အစီအရင်က အရှေ့တောင်ထိပ်တန်းမျိုးနွယ်များကိုပင် အလွန်အမင်းစိတ်ပူပန်စေသည်ဖြစ်ရာ မည်မျှထူးခြားကြောင်း ခန့်မှန်းကြည့်နိုင်သည်။

တောင်တန်းများအလယ်ရှိ ချိုင့်ဝှမ်းထဲတွင် သူတို့ကိုစောင့်နေသော ‘အမတကူးပြောင်းခြင်းအဆင့်’ သိုင်းသူတော်စင်က အလွန်တရာ ထိတ်လန့်တုန်လှုပ်ဖွယ် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။

နှစ်ဖက်လုံး တိုက်ခိုက်ရန်အသင့်ရှိကြနေကြပြီး ကံကောင်းသောကြောင့်သာ တိုက်ပွဲကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်၏။ ယခင်က သူ၏ကမ္ဘာအဟောင်းတွင် စမ်းသပ်မှုများနှင့် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် ပိုင်ကျစ်မင်က ချွေးပျံရုံသာရှိခဲ့ပြီး ယခုလို ထိတ်လန့်ခဲ့ခြင်းမျိုး မရှိပေ။

ယခုတော့ ပိုင်ကျစ်မင်တစ်ယောက် စိတ်တည်ငြိမ်မှုလျော့နည်းသွးပြီး သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အန္တရယ်များကို ရင်ဆိုင်ရန် ခက်ခဲကြောင်းသိရှိလာသည်။

ယခု ပြဿနာက ချိုင့်ဝှမ်းထဲတွင်ရှိနေသည့် ‘ချန်းဖင်း’ လောက်ဖြင့် ရိုးရှင်းစွာပြီးသွားမည်မဟုတ်ကြောင်း ပြောနိုင်သည်။

တကယ်တမ်းပြဿနာက ခန်းဖင်းနှင့် ကျန့်မင် မဟုတ်ပေ။ ခန်းဖင်းကဲ့သို့ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်သည်ပင် ဤနေရာတွင် တပ်သားငယ်တစ်ယောက်သာ ဖြစ်နေနိုင်သည်။

ဤသို့တွေးမိတော့ သူသည်လည်း ကိစ္စရပ်များထဲ အလိုလိုနေရင်း ရောပါသလို ပိုင်ကျစ်မင် ခံစားရသည်။

ထို့နောက် သူက ရန်ကျောက်ကဲကို အလွန်တရာ စိတ်ရှုတ်ထွေးစွာဖြင့် လှမ်းကြည့်လိုက်သည်။

“ဒီကောင်လေးက မီးနဲ့ကစားနေတာပဲ”

ချိုင့်ဝှမ်းထဲမှ ချန်ကျိလျန်နှင့် ခန်းဖင်းတို့အုပ်စုသည်လည်း လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို မော့ကြည့်နေပြီး သူတို့မျက်ဝန်းများက တည်ငြိမ်ခြင်းအလျဉ်းမရှိကြတော့ပေ။

ခန်းဖင်းက ဇနီးဖြစ်သူ ‘ခန်း’ သခင်မနှင့် ချီဝေထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုသည်။

“ဧကရာဇ်မင်းကို အသေးစိတ်အချက်အလက်တွေ သတင်းပို့လိုက် ၊ ငါ အခုပဲ ကျင်းထင်တောင်ကိုခရီးထွက်မယ်”

သူက ဆက်ပြောသည်။

“ဧကရာဇ်မင်းဆီက အမိန့်မရခင် ဒါမှမဟုတ် ဘာသတင်းမှမရရင် ကျူတောပင်လယ်ဒေသမှ သိုသိုသိပ်သိပ်ပဲနေ ၊ ဘာကိုမှ အလျင်စလို မလှုပ်ရှားနဲ့ ၊ ဆရာဦးလေးနှစ်ယောက်နဲ့ ဧကရာဇ်ရွှမ်မုကို မြန်နိုင်သမျှမြန်မြန် သတင်းပို့လိုက် ၊ အခု ငါတို့တွေ ဆက်ပြီးတိုက်ခိုက်လို့ မဖြစ်တော့ဘူး”

“ကမ္ဘာသမုဒ္ဒရာသလင်းကျောက်တွေ မရှိတော့ဘူးဆိုတော့ ကောင်းကင်စွမ်းအားအစီအရင်ကို အရင်အတိုင်း ထိန်းထားလို့မရတော့ဘူး ၊ ဆိုတော့... အဲဒီကိစ္စလည်း ခဏရပ်ထားရမယ်”

ထိုစကားကြားတော့ ချီဝေနှင့် ‘ခန်း’ သခင်မတို့ မျက်နှာအမူအရာများ သုံသုံမှုံမှုံဖြစ်နေကြသည်။

ဤသို့ အစီအရင်ရပ်တန့်သွားခြင်းက သူတို့မျိုးဆက်တစ်ဆက်တည်းသာမက ယခင်နှစ်ပေါင်းတစ်ရာ ကြိုးစားခဲ့သော လုပ်ရပ်များအားလုံး အပြည့်အဝ ပြိုလဲသွားသည်ဟု ဆိုနိုင်သည်။

ယခင်က သူတို့မျက်စိရှေ့တွင် မျှော်လင့်ချက်အလင်းရောင် ရှိနေသေးသော်လည်း ယခုတော့ အရာအားလုံး အမှောင်ကျ ပျောက်ကွယ်သွားပေပြီ။

သူတို့အားလုံက စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြသော်လည်း ဤသို့သောဖြစ်ရပ်မျိုးကြုံရသည့်အခါ ရူးသွပ်သွားသည့်ပမာ ခံစားကြရသည်။

‘ခန်း’ သခင်မက လေးလံသောအသံဖြင့်...

“အဲဒီ ရန်ကျောက်ကဲ...”

ခန်းဖင်းက တည်ငြိမ်စွာဖြင့်...

“သူ့ကိုလည်း ဘာမှသွားမလုပ်နဲ့ဦး ၊ ဧကရာဇ်မင်းဆုံးဖြတ်ချက်မချရသေးခင် အရှေ့တောင်ထိပ်တန်းအရှင်သခင် အမျက်ရှလို့ မဖြစ်ဘူး”

“သူ ဘာလုပ်မလဲဆိုတာကိုသာ အနီးကပ်စောင့်ကြည့်နေ ၊ သူ့နောက်ကွယ်မှာ ‘နေဝန်းထက်ယံအရှင်သခင်’ ရှိနေသလားဆိုတာ စုံစမ်းထား”

ချီဝေမျက်ဝန်းများက အေးစက်သွားပြီး...

“ငါတို့ကိစ္စတွေအားလုံးပျက်ဆီးသွားတာ ဒီကောင်စုတ်လေးကြောင့်ပဲ ၊ သူ့မှာ ဘာကျောထောက်နောက်ခံမှ မရှိလို့ကတော့ သေတာထက်ဆိုးတဲ့ဘဝမျိုးရောက်အောင် လုပ်ပစ်မယ် ၊ အမေ့ဝမ်းထဲကထွက်လာမိတာကို တစ်ခါတည်း နောင်တရသွားစေရမယ်”

ခန်းဖင်းက...

“ဧကရာဇ်ရွှမ်မုကို သတင်းပို့ပါ ၊ ပြီးတော့ မင်းတို့အားလုံး သိုသိုသိပ်သိပ်နေကြ ၊ ဟို တာ့ရွှမ်တော်လှန်ရေးအင်အားစုတွေကိုလည်း ဒီတိုင်းထားလိုက် ၊ သူတို့ကိုဘာမှသွားမခြိမ်းခြောက်နဲ့”

သူက သက်ပြင်းချရင်း...

“ဒီကောင်လေးက ကွမ်းမင်ဂိုဏ်းနဲ့ရန်ငြိုးရှိတယ် ၊ ဒီတော့ သူတို့တိုက်ခိုက်နိုင်ဖို့ အချိန်အလုံအလောက် ပေးလိုက်ပါ ၊ ဒီပြဿနာတွေအဆုံးသတ်သွားရင် ကျူတောပင်လယ်ဒေသက ငါတို့အပိုင်ဖြစ်လာစေရမယ်”

All Chapters