← Chapters

အဆုံးသတ်

Vol. 34 Ch. 468

အဆုံးသတ်

Vol. 34 Ch. 468

“အမှန်ပဲ...”

ပိုင်ယွင်ဟန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လေးကို ဖြည်းညင်းစွာ မြှောက်ကာ လေးညှိ့ကို ဆွဲလိုက်၏။ အဖြူရောင် အလင်းတန်း တစ်ခုမှာ သိုလှောင် လက်စွပ် တစ်ခုထဲမှ ထွက်ပေါ်လာကာ လေးတစ်ခုလုံးကို ရစ်ပတ် လွှမ်းခြုံသွားသည်။

ဖုကျွဲရီချန်းမှာ ဒေါသထွက်နေသော်လည်း သူ့အား ဝန်းရံနေသည့် လေးယောက်စလုံးက အာကာသ ပဲ့တင်သံ အဆင့်များ ဖြစ်ကြောင်း သတိထားမိပေသည်။ ထို့အပြင် သူတို့ လေးယောက်က သာမန် ကျင့်ကြံသူများ မဟုတ်ကြပဲ အလွန် အစွမ်းထက်သည့် ရောင်ဝါများကို ပိုင်ဆိုင်ထားကြပေသည်။ ဖုကျွဲ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးလိုက်သော်လည်း ထိုလူလေးယောက်နှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမှ ရရှိ မလာခဲ့ချေ။

ဘာပဲဖြစ်ဖြစ် သူက ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသေးဆဲ ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် မူလအလင်း စွမ်းအင်မှာ တိုက်ပွဲ၏ ချိန်ခွင်လျှာကို ပြောင်းပြန် ဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိရာ များစွာသော အားသာချက်များ ရှိပေသည်။ ထို့အပြင် မြူမှုန်များမှာလည်း ကျဲပါးသွားပြီ ဖြစ်လေရာ သူ ပို၍ ယုံကြည်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။ မြူခိုးများမှာ သူတို့ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူများ အပေါ် များစွာ လွှမ်းမိုးနိုင်ခြင်း မရှိသည့်တိုင် အနှောက်အယှက် အတားအဆီး တစ်ခု အနေဖြင့် တိုက်ပွဲ၏ စွမ်းရည်ကို ထိခိုက်စေနိုင်စွမ်း ရှိသည်။

ဖုကျွဲက ရဲရဲနီနေသည့် မျက်လုံးများဖြင့် ဟုန်ချွင်းဟွာတို့ လေးယောက်ကို ဝှေ့ကြည့်လိုက်၏။

“ငါက မင်းတို့ကို သတ်ချင်နေတာထက် ပိုရုံတင် မကဘူး... သေခြင်းတရားထက် ပိုဆိုးတဲ့ ဘဝကို ရောက်အောင် ပို့ပေးဖို့ အထိ ရည်ရွယ်ထားတယ်... ဟိုကောင်မ နှစ်ယောက်ကတော့ ဒီဘဝရဲ့ နောက်ဆုံး အခိုက်အတန့် အထိ ပျော်ရွှင်ရလိမ့်မယ်... ငါ အရင်ဆုံး မင်းတို့ရဲ့ ကျင့်ကြံခြင်း လမ်းစဥ်ကို ချိုးဖျက်ပစ်မယ်... နောက်ပြီး မင်းတို့ အော်ဟစ် တောင်းပန်ရတဲ့ အထိ အားရအောင် လုပ်ပစ်မယ်... ပြီးရင် ငါ့အဖွဲ့သားတွေရဲ့ ဝိညာဥ်တွေကို နှစ်သိမ့် အတွက် သေမျိုး ဘီလူးတွေဆီကိုပါ ပို့ပေးမယ်”

ကျူးကျွင်းက သနားဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ တစ်ချိန်က လေ့ကျင့်ရေးကွင်း တစ်ခုတွင် ဝေ့ဝူယင် ပြောခဲ့သည့် စကားကို သူ ပြန်လည် ကြားယောင် လာမိ၏။

“ရန်သူနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ စကားကို ဘယ်တော့မှ ရည်ရွယ်ချက် မရှိပဲ မပြောမိစေနဲ့... စကားဆိုတာက တိုက်ပွဲမှာ အသုံးပြုနိုင်တဲ့ ဓားသွား တစ်စင်းလိုပဲ... ဒါပေမဲ့ နှစ်ဖက်အသွားပါတဲ့ ဓားသွား... မသုံးတတ်ရင် ကိုယ့်ကိုယ်ကို ပြန် ထိခိုက်နိုင်တယ်... အဲဒီ လက်နက်ကို ရည်မှန်းချက်နဲ့ မကိုက်ညီရင် လုံးဝ မသုံးနဲ့... ဒါပေမဲ့ သုံးမယ် ဆိုရင်လည်း ရန်သူရဲ့ စိတ်အခြေအနေ တစ်ခုလုံး ပြိုကျသွားအောင် သုံးရမယ်”

အစပိုင်း၌ သူတို့ ဝေ့ဝူယင်၏ ထိုစကားကို နားမလည်ခဲ့ချေ။ သူ ပြန်သွားသည့် အခါတွင်မှ စုမေ့ထံ သွားရောက်ကာ သဘောတရားကို အကျယ်ချဲ့ပေးဖို့ မေးမြန်းခဲ့ကြ၏။ ထိုအခါတွင် စုမေ့က ယခုကဲ့သို့ ရှင်းပြခဲ့သည်။

“စကားလုံးတွေက စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ၊ စိုးမိုးခံရမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ လက်နက် တစ်ခုပဲ... အဲဒါက တိုက်ပွဲတွေမှာ မင်းတို့ကို အားသာချက် အကြီးကြီး တစ်ခု ဖြစ်အောင် ထောက်ပံ့ပေးနိုင်တယ်... တကယ်လို့ ဒီလို နည်းလမ်းကို မသုံးတတ်ဘူး ဆိုရင် မင်းတို့က အာဏာရှင် တစ်ယောက် ဖြစ်လာဖို့ မထိုက်တန်ဘူး”

ယခု၌ ဖုကျွဲရီချန်းမှာ ထိုကဲ့သို့သော နည်းလမ်းကို အသုံးပြုနေခြင်းဟု ကျူးကျွင်း ခံစားနေရသည်။ သူက ကျင့်ကြံခြင်း အခြေခံ အားကိုးနှင့် အတူ ပိုင်နိုင်သယောင် ပြောဆိုကာ အားလုံး၏ စိတ်အခြေအနေကို ပျက်ရွင်းအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ ထိုနည်းဗျူဟာကို သုံးနေခဲ့သည်က အာဏာရှင်များ အပေါ်တွင် ဖြစ်လေသည်။

ဟုန်ချွင်းဟွာကတော့ ဘာကိုမှ စိတ်ဝင်စားပုံ မရပါချေ။ သူမက အသာအယာပင် လင်းယွင်ကူးကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်၏။

“အခုလုပ်တော့...”

လင်းယွင်ကူးက ခေါင်းတစ်ချက် ညိတ်ရင်း ကြယ်တာရာ အင်အားကို ဖြည်ညင်းစွာပင် ဆက်သွယ်လိုက်သည်။ လက်ထဲရှိ စာလိပ် နှစ်ခု တဖြည်းဖြည်း လင်းလက်လာသည်နှင့် သူမ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာက ပျောက်ကွယ်သွားကာ ခါတိုင်းလို နူးညံ့သိမ်မွေ့မှုများဖြင့် ပြန်လည် ပြည့်နှက် သွားသည်။ ထို့နောက် သူမက သိမ်မွေ့စွာပင် စာလိပ်နှစ်လိပ်ကို လှန်လိုက်၏။

ဘုန်း... ဘုန်း...

၎င်းတို့က ပေါက်ကွဲသွားကာ စိမ်းပြာရောင် ကျီးကန်း တစ်အုပ် အသွင် ပြောင်းလဲ သွား၏။ ၎င်းတို့က တစ်ကောင်နှင့် တစ်ကောင် ပွတ်တိုက်ရင်း ပတ်ဝန်းကျင်ကို တုန်ခါစေသည့် ဝိညာဥ်လှိုင်းသံများကို ထုတ်လွှတ် လိုက်ကြသည်။ ထိုသတ္တဝါများမှာ အလွန်အမင်း မြန်ဆန်လှကာ ဒေါသတကြီးဖြင့် ဖုကျွဲရီချန်းထံ ပြေးဝင် သွားကြတော့၏။

ဖုကျွဲက အလျှင်အမြန်ပင် ကြယ်တာရာ အကာအကွယ်ကို အသက်သွင်းလိုက်၏။ သို့သော်လည်း ကျီးကန်းများမှာ အလွန်အမင်း မြန်ဆန်လှလေရာ သူတို့၏ လှုပ်ရှားမှုများကို လိုက်မှီရန်ပင် ခက်ခဲလှသည်။ ဖုကျွဲ၏ မျက်လုံးများက ကျဥ်းမြောင်း သွား၏။ ထိုကျီးကန်းများက မည်သို့သော ဖြစ်တည်မှုများနည်း။ ပို၍ အံ့သြဖို့ ကောင်းတာတစ်ခုက ကျီးကန်း တစ်ကောင်ချင်းစီတွင် ဝိညာဥ်စွမ်းအင် ပမာဏ များစွာ ပါရှိနေခြင်းပင် ဖြစ်ပေသည်။

ကျီးကန်းများမှ ထုတ်လွှတ်နေသည့် အသံလှိုင်းများမှာ ဝိညာဥ်ကို တိုက်ရိုက် ပစ်မှတ်ထားကာ တိုက်ခိုက် နေခြင်းကြောင့် ဖုကျွဲမှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။ သူ၏ ကြယ်တာရာ ဝိညာဥ်မှာလည်း စတင် တုန်ရီလာကာ အသိစိတ် ပင်လယ်မှာ တစ်စုံတစ်ရာ၏ ဝါမျိုခံရသလိုမျိုး ခံစားလိုက်ရသည်။

ကျူးကျွင်းက စစ်တူကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လိုက်၏။ သို့သော်လည်း သူက အနီးကပ် သွားရောက်ကာ တိုက်ခိုက်ခြင်း မပြုချေ။ အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ကျင့်ကြံခြင်း အားသာချက်များကို သူ ကောင်းစွာ နားလည်ပေသည်။

ကြယ်တာရာ အမြုတေ အဆင့်ငါးများ၏ မူလအလင်းစွမ်းအင်များမှာ ကြယ်တာရာ အင်အား လှည့်ပတ်မှုကို အဆများစွာ ပိုမို မြင့်မားစေနိုင်စွမ်း ရှိလေရာ ကျင့်ကြံသူကို ပြင်ဆင်ချိန် သိပ်မလိုပဲ တိုက်ခိုက်နိုင်အောင် ကူညီပေးနိုင်စွမ်း ရှိပေသည်။ အကယ်၍ သူတို့ အနားသို့ ကပ်သွားပါက အသက် ဘယ်က ထွက်လို့ ထွက်မှန်း မသိခင်မှာပင် သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

ဘုန်း...

ကျူးကျွင်းက စစ်တူကြီးကို ကိုင်ကာ ကုန်းပတ်၏ မျက်နှာပြင်ကို ရိုက်နှက်လိုက်၏။ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာကာ နတ်ဆိုးအင်အားများမှာ စစ်တူအတွင်း မြှပ်နှံထားသည့် ဝင်္ကပါများမှ အရှိန်အဟုန်နှင့် ထွက်ပေါ်လာသည်။

ကျူးကျွင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုး စွမ်းအင်များမှာ လျှင်မြန်စွာ လျှော့ကျသွားကာ ခရမ်းရောင် မြှားတစ်စင်း အသွင် ဖွဲ့စည်းလာသည်။ လျှင်မြန်စွာပင် ထိုမြှားက ဟင်းလင်းပြင် လက်စွပ် တစ်ခု အတွင်း ဝင်ရောက် သွားကာ မျက်လှည့်ဆန်စွာပင် ပိုင်ယွင်ဟန်၏ လက်ထိပ်၌ ပြန်ပေါ်လာခဲ့သည်။

ပိုင်ယွင်ဟန်က မဆိုင်းမတွပင် ထိုနတ်ဆိုး အင်အားဖြင့် ဖွဲ့စည်းထားသည့် မြှားကို လေးညို့တွင် တပ်ဆင်လိုက်၏။ ထိုအခိုက်တွင် မျက်နှာက အနည်းငယ် ဖြူရော်သွားသည့်တိုင် သူက မြှားခေါင်းကို ဖုကျွဲရီချန်း ရှိရာ ဘက်သို့ ထိုးချိန် လိုက်လေတော့သည်။

ဂီး... ဂီး...

ကျီးကန်းများမှာ ဖုကျွဲရီချန်း၏ အကာအကွယ် ဝန်းရံကာ မုန်းတိုင်း တစ်ခုအလား ဝိုင်းဝန်း ထိုးဖောက် နေကြဆဲ ဖြစ်သည်။ ဖုကျွဲမှာ ထိုသတ္တဝါများ၏ တိုက်ခိုက်မှုအောက်တွင် အောက်စည်းသို့ လုံးလုံး ရောက်ရှိနေသည့်တိုင် ရံဖန်ရံခါ လက်ဝါးချက်များကို ထုတ်လွှတ်ကာ ကျီးကန်းများကို ဖျက်ဆီးပစ်နေ၏။ ကျီးကန်း တစ်ကောင် သေဆုံး သွားသည်နှင့် အမျှ လီယွင်ကူး၏ မျက်လုံးများက ပို၍ မှေးမှိန်လာကာ မျက်နှာမှာ သတိထားမိအောင် ဖြူရော် သွားသည်။

ဓားရိုးကို တင်းတင်း ဆုပ်ကိုင်ရင်း ဟုန်ချွင်းဟွာ၏ မျက်လုံးများမှာ သတ်ဖြတ်လိုမှု အလင်းတန်းများဖြင့် တောက်ပနေ၏။ တစ်ချိန်တည်း၌ ဓား၏ ကိုယ်ထည်မှာလည်း ထက်ရှသော အလင်းတန်းများနှင့် အတူ လင်းသထက် လင်းလက်လာနေတော့သည်။

“တိုက်ခိုက်တော့...”

ဟုန်ချွင်းဟွာ အမိန့်ပေးလိုက်သည်နှင့် ပိုင်ယွင်ဟန်မှာ စတင် လှုပ်ရှားလာ၏။ သူက ဟိန်းဟောက်သံ တစ်ခုနှင့် အတူ လေးညို့ကို အရှိန်အဟုန်နှင့် လွှတ်လိုက်လေတော့သည်။

ဘုန်း...

မြှားက ထွက်ခွာသွား၏။ ဟင်းလင်းပြင်မှာ တဆတ်ဆတ် တုန်ခါသွားကာ လေမုန်တိုင်းများမှာ မွေးဖွား လာ၏။ ထိုအခိုက်၌ တစ်လောကလုံးတွင် ခရမ်းရောင်နှင့် အဖြူရောင်တို့ ရောနှောနေသည့် အလင်းတန်း တစ်ခုသာ ကျန်ရှိတော့သလိုပင်။

တစ်ချိန်တည်းမှာပင် လီယွင်ကူးက ကျီးကန်းများနှင့်ဘသူမ အကြားမှ ဆက်သွယ်မှုကို ဖြတ်တောက် လိုက်၏။ ဝိညာဥ် စွမ်းအင်များက ချက်ချင်းပင် လွင့်ပြယ်သွားကာ ကျီးကျန်းများထံမှ အသက်ဓာတ်များမှာ ပျောက်ကွယ် သွား၏။

အရာအားလုံးကား ချိန်သားကိုက်ထားသလိုပင်။

ဟုန်ချွင်းဟွာက ရှေ့သို့ တိုးရင်း ဓားကို ခုတ်ပိုင်းရင်း ဓားအလင်း တစ်ခုကို ပစ်လွှတ် လိုက်လေတ၏။ ၎င်းက အလွန် ထက်ရှကာ အလွန်အမင်း ကျယ်ပြန့်လှသည်။

ကျီးကန်းများ အသက်မဲ့သွားသည့် အခိုက်တွင်ပင် တိုက်ခိုက်မှု နှစ်ခုမှာ တစ်ဖက် တစ်ချက်မှ တိုးဝင်လာသည်ကို ဖုကျွဲရီချန်း တွေ့မြင်လိုက်ရ၏။ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက် သွားကာ ချက်ချင်းပင် ကြယ်တာရာ အင်အားများကို ထုတ်လွှတ်ရင်း ညီတူညီမျှပင် ကာကွယ် လိုက်လေသည်။ သို့သော်လည်း ထင်မှတ် မထားစွာပင် ဓားအလင်းမှာ ဟန်ပြသာ ဖြစ်ပေသည်။

“မဟုတ်ဘူး...”

အမှားတစ်ခု ပြုလုပ်မိပြီ ဖြစ်ကြောင်း သဘောပေါက်သွားရာ ဖုကျွဲရီချန်းမှာ စိတ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း...

မြှားက အလွန်ပြင်းထန်သော အရှိန်အဟုန်နှင့် ထူထပ်လှ‌သော ကြယ်တာရာ အကာအကွယ်ကို ဖြတ်သန်းကာ ဖုကျွဲ’ ဦးခေါင်းကို ထုတ်ချင်းဖောက်သွား၏။ ၎င်းက ရပ်တန့်ခြင်း မရှိပဲ ဟုန်ချွင်းဟွာနှင့် ကျွင်းကျူးတို့ အကြားမှ ဆက်လက် ပျံသန်းသွားသည်။ ထို့နောက် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် မိုးကုပ်စက်ဝိုင်း တစ်နေရာသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့လေတော့၏။

နောက်တွင် ကျန်ရစ်ခဲ့သည့် ဖုကျွဲ၏ ကမ္ဘာကတော့ အဆုံးမဲ့ နောင်တများနှင့် အတူ တဖြည်းဖြည်း အမှောင်ကျ သွားပြီ ဖြစ်လေတော့သည်။

***

All Chapters