← Chapters

အစ်ကိုကြီး သေကိုသေရမယ်

Vol. 64 Ch. 890

အစ်ကိုကြီး သေကိုသေရမယ်

Vol. 64 Ch. 890

ထန်ရှု ဤသို့ကမ်းလှမ်းလာလိမ့်မည်ဟု စင်းလုအန်ထင်မထားခဲ့ချေ။ အမှောင်နတ်ဆရာမျိုးနွယ်စုတွင် အင်အားကြီးလိုပါက ဤမှော်ကျောက်တုံးကို လိုအပ်သည်ဖြစ်သဖြင့် ၎င်းကျောက်တုံး ထုတ်လုပ်ရေးသည် မျိုးနွယ်စုအတွက် အရေးအကြီးဆုံးဖြစ်လေသည်။

ထိုမျှသာမက ထိုမှော်ကျောက်တုံးမိုင်းတွင်းသည် ရာစုနှစ်များစွာ တူးဖော်ထားခဲ့သဖြင့် ကုန်ခမ်းလုနီးနီးဖြစ်နေပြီး မျိုးနွယ်စုခေါင်းဆောင်များသည် နှစ်စဉ်ထုတ်လုပ်ရေးကို တင်းကြပ်စွာ ကန့်သတ်ထားရလေသည်။ ယခုအချိန်တွင် တစ်နှစ်လျှင် ကျောက်တုံး ၂၀၀၀ သာ  တူးနိုင်တော့၏။ မျိုးနွယ်စု၏ဒုတိယသခင်လေးဖြစ်သည့် သူတောင်မှ တစ်နှစ်လျှင် ကျောက်တုံး ၅၀ သာ ရရှိတော့လေသည်။

“မစ္စတာထန် အမှောင်နတ်ဆရာမျိုးနွယ်စုက ကျောက်တုံးထုတ်လုပ်ရေးကို ထိန်းချုပ်ပေမယ့် တစ်နှစ်‌တစ်ခါရတဲ့ ပမာဏက မများဘူး။ ‌ပြီးတော့ ငါ့တို့မျိုးနွယ်၀င်တွေလည်း ကျင့်ကြံခြင်းအတွက် ဒီကျောက်တုံးကို လိုတယ်။ ပြောရရင်....ငါ မင်းကို အများကြီးမရောင်းနိုင်မှာ စိုးရိမ်မိတယ်” စင်းလုအန်က မဝံ့မရဲပြုံး၍ ပြော၏။

ထန်ရှုက တခဏ စဉ်းစားပြီးနောက် ပြောလေသည်။ “ငါတို့ အရေအတွက်ပမာဏကို ညှိလို့ရတယ်။ အခြေအနေက အဲ့ဒီလိုဆိုရင် ငါ့ကြောင့် မင်းမခက်ခဲစေရပါဘူး။ မင်းတို့အမှောင်နတ်ဆရာမျိုးနွယ်စုက ငါ့ကို တစ်နှစ်ကို မှော်ကျောက်တုံး ၁၀၀၀ ရောင်းပေးနိုင်ရင် ငါ့ပိုင်ဆိုင်တဲ့ တခြားအရင်းအမြစ်တွေနဲ့ လဲလို့ရတယ်”

“တစ်ထောင်လား။ မဖြစ်နိုင်ဘူး” စင်းလုအန်က ပြတ်ပြတ်သားသား ပြော၏။ “ငါတို့ အမှောင်နတ်ဆရာမျိုးနွယ်စုက တူးနိုင်တဲ့ ကျောက်တုံးပမာဏက နည်းနည်းလေးပဲရှိတာ။ မင်းက တစ်ထောင်တောင် လိုချင်တာဆိုတော့ မဖြစ်နိုင်ဘူး”

ထန်ရှုက မျက်မှောင်ကြုတ်၍ မေး၏။ “ဒါဆိုပြော ဘယ်လောက်ပမာဏဆို သင့်တော်မလဲ”

စင်းလုအန်က အတန်ငယ် ချိတုံချတုံဖြစ်နေပြီးနောက် ပြောသည်။ “တစ်ရာ နည်းလို့လည်းမရဘူး။ များလို့လည်းမရဘူး။ ငါတို့အမှောင်နတ်ဆရာမျိုးနွယ်စု တတ်နိုင်တဲ့ပမာဏက အဲ့‌ဒီလောက်ပဲ။ မှော်ကျောက်တုံးတွေမရှိလို့ ကျင့်ကြံလို့မရရင် ငါတို့မျိုးနွယ်စုလည်း မျိုးသုဉ်းသွားလိမ့်မယ်။ ငါ မျိုးနွယ်စုခေါင်းဆောင်နေရာကို မြန်နိုင်သမျှ မြန်မြန်လိုချင်ရင်တောင်မှ ငါ့မျိုးနွယ်စု မျှော်လင့်ချက် ပျောက်သွားလို့မဖြစ်ဘူး”

ထန်ရှုက စဉ်းစားပြီးနောက် ပြော၏။ “တစ်နှစ်ကို ကျောက်တုံး ၇၃၀ အတွက် ဆေးလုံးတွေနဲ့ လဲပေးမယ်။ ဒါ ငါလျှော့ပေးနိုင်တဲ့ နောက်ဆုံးအတိုင်းအတာပဲ။ မင်း သဘောတူရင်တော့ ငါတို့ ပူးပေါင်းမယ်။ မင်း သဘောမတူရင်တာ့ ငါ ဘာမှ မကမ်းလှမ်းခဲ့ဘူးလို့ပဲ မှတ်လိုက်တော့”

“ဆေးလုံး ဟုတ်လား။ အဲ့ဒါက ဘာလဲ” စင်းလုအန်က နားမလည်နိုင်သော အမူအရာဖြင့် ထန်ရှုအား ကြည့်၏။

ထိုအခိုက်အတန့်တွင် သူ့အနောက်ရှိ အနက်၀တ်အဘိုးအိုငါးဦး၏မျက်လုံးများမှာ ချက်ချင်း လင်းလက်သွား၏။ သူတို့ထဲမှတစ်ယောက်က မေးလေသည်။ “ကျုပ်တို့ကို ဒီဆေးလုံးရဲ့ အာနိသင်တွေအကြောင်း ပြောပြလို့ရမလား မစ္စတာထန်”

“နာမည်က အဆီအနှစ်ဖွဲ့တည်ဆေးလုံး။ သုံးစွဲတဲ့လူအတွက် ကောင်းကျိုးအများကြီးရှိတယ်” ထန်ရှုက ရှင်းပြ၏။ “ရမယ့် ကောင်းကျိုးတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ဒါပေမဲ့ ခင်ဗျား အခု ဒီမှာ စမ်းကြည့်လို့ရတယ်”

အနက်၀တ်အဘိုးအိုက ရှေ့သို့ တစ်လှမ်းတက်လာပြီးနောက် ကျိုးကျိုးနွံနွံ ပြော၏။ “ကျုပ် စမ်းကြည့်ချင်ပါတယ် သခင်လေး”

“ကျုပ်တောင်‌ ဆွေး‌နွေးနေတုန်းရှိသေးတယ်။ ခင်ဗျားက စမ်းသုံးချင်နေပြီလား” စင်းလုအန်က မျက်မှောင်ကြုတ်၍ မေးသည်။ “ဘာလဲ ဒီဆေးလုံးက ရောဂါအကုန်ပျောက်တဲ့ သက်စောင့်ဆေးလုံးတွေ ဘာ‌တွေများ ဖြစ်နေလို့လား”

ထန်ရှုက ဆေးလုံးကို အဘိုးအို၏လက်ထဲ ထည့်ပေးပြီးနောက် ထူးမခြားနားဟန်ဖြင့်သာ ပြောလေသည်။ “ဒီဆေးလုံးကို သောက်ပြီး ဒီမှာကျင့်ကြံ။ ကျုပ် ခင်ဗျားကို လေးနာရီအချိန်ပေးမယ်။ ခင်ဗျား စွမ်းအင်တွေ ဘယ်လောက်ပဲ စုပ်ယူနိုင်ပါစေ။ လေးနာရီပြည့်တာနဲ့ ရပ်ပြီး အကျိုးအာနိသင်ကို ပြောပြရမယ်”

“ကောင်းပါပြီ”

အနက်‌၀တ်အဘိုးအိုမှာ မူးယစ်စေသောအနံ့ကို ရရှိလိုက်ပြီးနောက် သူ၏စိတ်ဝိညာဉ်မှာ ရုတ်တရက် နိုးကြားလာပြီး သူ၏စိတ်မှာ မယုံကြည်နိုင်ဖွယ် ကြည်လင်သွားသည်ကို ခံစားလိုက်ရလေသည်။ သူက စင်းလုအန်ကို ခေါင်းညိတ်ပြပြီးနောက် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နော် ဆေးလုံးကို မြိုချလိုက်၏။

ထန်ရှုနှင့်စင်းလုအန်တို့ စကားပြောနေသည်ကို ဘေးမှ တိတ်တဆိတ် ရပ်ကြည့်နေသော ချန်အန်းဟူမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ထန်ယွင်သဲ့အနားလျှောက်လာကာ ခပ်တိုးတိုး မေးလိုက်၏။ “ညီအစ်ကိုယွင်သဲ့ သူတို့ ဘာလုပ်နေကြတာလဲ။ အဲ့ဒီမှော်ကျောက်တုံးနဲ့ ကျင့်ကြံတယ်ဆိုတာကရော ဘာလဲ။ ငါ ခေါင်းရှုပ်လာပြီ”

“ဒီလိုလေ။ ရှုအာက ကျင့်ကြံသူ။ သူ့လက်အောက်က လူတွေရောပဲ” ထန်ယွင်သဲ့က လေသံခပ်နိမ့်နိမ့်ဖြင့် ဖြေ၏။ “ဘာ” ချန်အန်းဟူ၏အသံမှာ မြင့်တက်သွားသဖြင့် အခန်းတွင်းရှိ အခြားလူများပင်လျှင် အာရုံစိုက်မိသွားလေသည်။

“ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး”

ထန်ယွင်သဲ့ သူ့ကို ဆွဲခေါ်နေသည်ကို ချန်အန်းဟူ ခံစားလိုက်ရ၏။ သူက လက်ဝှေ့ရမ်းပြလိုက်ပြီး ထန်ယွင်သဲ့ဘေး၌ ထိုင်ကာ စိတ်လှုပ်တရှား‌ မေးလေသည်။ “ယွင်သဲ့။ မင်း ငါ့ကို လိမ်ပြောတာတော့ မဟုတ်ဘူးမလား။ တကယ်ပဲ မင်းရဲ့သားက ကျင့်ကြံသူလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျင့်ကြံသူတွေဆိုတာ ငါတို့အတွက် မိုး‌‌ပေါ်ကကျလာတဲ့ ပုဂ္ဂိုလ်တွေလိုလေ။ မင်းနဲ့ငါ့ရဲ့ ပင်ပန်းဆင်းရဲတဲ့ ဘ၀တလျှောက်မှာတောင် ကြက်ကန်းဆန်အိုးတိုးပြီး ကျင့်ကြံသူတစ်ယောက်နဲ့ပဲ တွေ့နိုင်ခဲ့တာ”

“ငါက ဘာလို့လိမ်ရမှာလဲ။ မင်းနဲ့ငါက ညီအစ်ကိုတွေလေ။ ရှုအာက တကယ့်ကျင့်ကြံသူအစစ်ပဲ” ထန်ယွင်သဲ့က ခပ်တိုးတိုး ပြန်လည်ချေပ၏။ “ပြီးတော့ သာမန်တောင်မဟုတ်ဘူး။ အင်အားအရမ်းကြီးတယ်။ မင်း အာမာကျားကို သိတယ်မလား။ သူက ‌ပေကျင်းရဲ့‌‌ယောင်မိသားစုကို ကူညီခဲ့တယ်လေ။ အဲ့ဒါကြောင့် ရှုအာက သူ့ကို သတ်ပစ်ခဲ့တာ။ ဒါပေမဲ့ ဒီအကြောင်းကို မင်းစိတ်ထဲမှာပဲ ထားပြီးတော့ တခြားဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးရမယ်”

ချန်အန်းဟူက ခေါင်းတဆတ်ဆတ် ညိတ်၍ ကတိပေး၏။ “စိတ်မပူပါနဲ့။ ငါ့လည်ပင်းကို ဓားထောက်ပြီး ခြိမ်းခြောက်လာရင်တောင် မပြောဘူး။ လခွမ်း....ဒါက အရမ်းမိုက်တယ်။ အင်အားကလည်း ရှယ်ပဲ။ အာမာကျားက တစ်နိုင်ငံလုံးမှာ နာမည်ကြီးလေ။ ဒါပေမဲ့ သူ့ကို သတ်ခဲ့တဲ့လူက ငါ့တူဖြစ်နေမယ်လို့ ထင်မထားဘူး။ ဘာလို့ ငါ့တူက ကူညီပေးမယ့် အပြင်လူလို့ ပြောပြီး မကာအိုကို ခေါ်မယ်လို့ မင်းပြောခဲ့သလဲ ငါ နားလည်သွားပြီ။ ဒီလိုဖြစ်နေတာကိုး”

“သိုသိုသိပ်သိပ်နေ ဟုတ်ပြီလား” ထန်ယွင်သဲ့က ပြုံးရင်း ‌ခပ်တိုးတိုး ပြော၏။

“အေး ငါ နားလည်ပါတယ်”

ချန်အန်းဟူက လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်၏။ ထန်ရှုကို စိုက်ကြည့်နေသည့် သူ၏မျက်လုံးများမှာ အသက်၀င်လျက် လင်းလက် တောက်ပနေလေသည်။

အချိန်များ ကုန်လွန်သွားပြီး နာရီ၀က်ကြာသော် ဆေးလုံး၏အာနိသင်ကို စုပ်ယူနေသော အနက်၀တ်အဘိုးအိုထံမှ ထူးခြားသော အရှိန်အဝါတစ်ခုက ဝုန်းခနဲ ထွက်ပေါ်လာ၏။ သာမန်မျက်စိဖြင့် မြင်ရနိုင်သော အနက်ရောင်မြူအချို့က ချက်ချင်း သူ့ကို ဖုံးလွှမ်းသွားလေသည်။

“အဆင့်တက်သွားတာလား”

ကျန်အနက်၀တ်အဘိုးအိုဘေးယောက်မှာ အံ့အားသင့်နေကြပြီး သူတို့၏မျက်လုံးထဲတွင် အားကျနေသော အရိပ်အယောင်များကိုလည်း မြင်ရနိုင်၏။ အဆီအနှစ်ဖွဲ့တည်ဆေးလုံး၏အာနိသင်မှာ ဤမျှပြင်းထန်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြချေ။ သူတို့၏ဒုတိယအစ်ကိုမှာ ၎င်းကို သောက်သုံးပြီးနောက် နာရီ၀က်အကြာတွင် အဆင့်တက်သွားခဲ့လေပြီ။

ထိုအဘိုးအိုသည် လွန်ခဲ့သည့်တစ်နှစ်ကလေးတင် အဆင့်တက်ထားကြောင်း သူတို့ ကောင်းကောင်းသိကြ၏။

စင်းလုအန်နှင့် ပိန်ပိန်သွယ်သွယ်အမျိုးသမီးမှာလည်း အံ့အားသင့်သွားလေသည်။ သူတို့လည်း အဘိုးအို၏အခြေအနေကို ကောင်းကောင်းသိကြ၏။

သုံးနာရီခွဲခန့်ကြာသော် အနက်၀တ်အဘိုးအို၏မျက်နှာမှာ နီရဲလာပြီး သူသည် ရုတ်တရက် သွေးတစ်လုတ်အန်လိုက်ရ၏။ ထို့အတူ စောစောကထက် ပို၍ပြင်းထန်သော အရှိန်အဝါနှင့် အနက်ရောင်မြူများကလည်း တဖန် ပေါ်ထွက်လာသည်။ ထန်ရှုသာ လက်ဝှေ့ရမ်း၍ ၎င်းကို မတားဆီးလိုက်ပါက အနက်ရောင်မြူများသည် တစ်ခန်းလုံးကို လွှမ်းခြုံသွားပေလိမ့်မည်။

“ဘာဖြစ်တာလဲ” စင်းလုအန်က အလောတကြီး အော်၏။

ကျန်အနက်၀တ်အဘိုးအိုလေးယောက်မှာ ငေးကြောင်၍ အာစေးမိနေကြ၏။

သူ အဆင့်တက်သွားပြန်ပြီလား

သုံးနာရီခွဲခန့်သာ ရှိသေးသော်လည်း သူသည် ကျင့်ကြံအဆင့်နှစ်ဆင့် တက်သွားခဲ့လေပြီ။

ဤ...ဤဆေးလုံးက ‌အင်မော်တယ်ဆေးလုံးလော။

“တော်တော့ ဒုတိယညီလေး” တခဏကြာသော် အနက်၀တ်အဘိုးအိုတစ်ယောက်က အော်လိုက်၏။

တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသော အဘိုးအိုက မျက်လုံးများဖွင့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်ရှိ သွေးကို သုတ်လိုက်သည်။ ထို့နောက် သူက ပျံ၍ ထန်ရှုအား လက်ယှက်အရိုအသေပေးလိုက်၏။ “မစ္စတာထန် ခင်ဗျားရဲ့ဆေးလုံးက တကယ့်ကို ဒဏ္ဍာရီလာပါပဲ။ ဆက်တိုက် အဆင့်တက်သွားခဲ့တဲ့အတွက် ကျုပ်ရဲ့အစ်ကိုကြီးမတားခဲ့ရင်တောင် ကျုပ် ဆက်ကျင့်ကြံနိုင်‌မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆေးလုံးကို ကျုပ် အပြည့်အ၀ သန့်စင်ပြီး မစုပ်ယူရသေးဘူး။ အာနိသင်အားလုံးကို စုပ်ယူနိုင်ရင် ကျုပ် နောက်ထပ်တစ်ဆင့် တက်နိုင်ဦးမယ်လို့ ယုံကြည်ချက်ရှိတယ်”

ဟင်....

သူ့စကားကြောင့် ကျန်အနက်၀တ်အဘိုးအိုလေးယောက်မှာ ပင့်သက်ရှိုက်မိလိုက်လေသည်။

စင်းလုအန်မှာ ငတုံးတစ်ယောက် မဟုတ်ချေ။ အဘိုးအို၏အခြေအနေနှင့် သူ၏စကားများအရ ‌ဆေးလုံးသည် အင်အင်မော်တယ်ရတနာဟု ခေါ်ဆိုနိုင်သည့် ဆေးလုံးဖြစ်ကြောင်း သဘောပေါက်သွား၏။

‌”ကောင်းပြီ အပးအယူလုပ်ကြတာပေါ့ မစ္စတာထန်”

ယခုမှသာ သူသည် သူခိုနားနိုင်မည့် သစ်ပင်ကြီးတစ်ပင်ကို ရရှိလိုက်‌ကြောင်း သဘောပေါက်သွားလေသည်။ ထိုမျှသာမက ကျင့်ကြံသူများသည် ဒဏ္ဍာရီများအတိုင်း ထူးခြား၍ အင်အားကြီးသူများဖြစ်ကြောင်း သိလိုက်ရ၏။

ထိုအတိုင်းသာဆိုလျှင်.....သူသာ ဤကျင့်ကြံသူများနောက် လိုက်ပါက အတိတ်က သူရရှိခဲ့ဖူးသည်ထက် သာလွန်သော အကျိုးကျေးဇူးများ ရရှိနိုင်ပေလိမ့်မည်။

ရုတ်တရက် သူ့အား စိတ်လေးပင်နေစေသော ကိစ္စတစ်ခုကို သတိရလိုက်သဖြင့် သူက လေးပင်စွာ ပြော၏။ “မစ္စတာထန် ခုတုက မင်းရဲ့အဖေနဲ့ ဦးလေးချန်ကို အခက်တွေ့အောင် လုပ်နေ‌တာဆိုတော့ ငါ သူ့ကို တာ၀န်ယူပါ့မယ်။ သူ သောင်းကျန်းလာရင် မင်း ပြောစရာတောင် မလိုဘဲနဲ့ ငါ သူ့ကို ရှင်းပစ်လိုက်မယ်”

ထန်ရှု၏မျက်လုံးများ မှေးကျဉ်းသွား၏။ သူ၏အတွေ့အကြုံများအရ စင်းလုအန်သည် သူနှင့် မိတ်ဆွေဖွဲ့လိုသည်မှာ သိသာလေသည်။ ထန်ရှုသည် သူ့အတွက် အကျိုးရှိစေသည့်အရာများကို ငြင်းဆန်တတ်သူမဟုတ်သဖြင့် ခပ်ဖွဖွ ပြုံးကာ ပြော၏။ “ငါ့အတွက်က ‌အဆင်ပြေတယ်။ ငါတို့ ဒီကကိစ္စတွေကို ရှင်းပြီးတာနဲ့ ထိုင်းကို တူတူသွားကြမယ်။ ‌ဒါနဲ့ ငါ သိချင်တာတစ်ခု ရှိတယ်။ မင်းအဖေနဲ့ မင်းအစ်ကိုကို ဘယ်လိုလုပ်မှာလဲ”

“ငါ့အစ်ကိုကတော့ သေကိုသေရမယ်။ ငါတို့အဖြေအနေက နှစ်ယောက်ထဲကတစ်ယောက် သေရမယ့် အခြေအနေပဲ” စင်းလုအန်က ပြောသည်။ “ဒါပေမဲ့ ငါ့အဖေက ငါ့အပေါ် အမြဲကောင်းခဲ့တဲ့အတွက် သူ့ကို ဘာမှမဖြစ်စေချင်ဘူး။ သူရဲ့အာဏာနဲ့ စည်းစိမ်တွေကို ငါ့ကို လွှဲပြောင်းပေးရင် သူအနားယူတဲ့အခါကျ ငါ သူ့ကို စောင့်ရှောက်ပေးမှာပါ”

“မင်းအဖေကိုပါ သတ်မယ်လို့ပြောခဲ့ရင် ငါ ထိုင်းက ကိစ္စကို ဖြေရှင်းပြီးတာနဲ့ မင်းကိုပါ သတ်ပစ်မှာ” ထန်ရှုက ခပ်ဖွဖွ ပြုံး၍ ပြော၏။ “ငါ့သူငယ်ချင်းအနေနဲ့ ထားမယ့်သူတွေက လူစိတ်ရှိတဲ့ လူကောင်းတွေပဲ ဖြစ်ရမယ်။ မင်းက အဲ့ဒီလိုလူမျိုးဆိုတာ သိသာပါတယ်။ ဆိုတော့ ငါတို့ အနာဂတ်မှာ လိုက်လျောညီထွေဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

“ကောင်းပါပြီ”

၎င်းက စင်းလုအန်၏စိတ်ထဲမှ အတွေးအမြင်နှင့် ထပ်တူကျသဖြင့် သူက ‌ခေါင်းညိတ်လေသည်။

ထို့နောက် ထန်ရှုက ထန်ယွင်သဲ့ကို ပြုံး၍ ကြည့်ကာ ပြော၏။ “အဖေ ကျန့်အိမ်ကို သွားပြီးပြီဆိုတော့ မသွားနဲ့တော့။ ဦးလေးချန်ကို ကျွန်တော်နဲ့အတူ ထည့်ပေးလိုက်ပါ။ ကျွန်တော် ဒီပြဿနာကို သုံးရက်အတွင်း ဖြေရှင်းမယ်လို့ ကတိပေးပါတယ်”

ထန်ယွင်သဲ့နှင့် ချန်အန်းဟူက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ထန်ယွင်သဲ့က ခေါင်းညိတ်လိုက်သည်။ “အဖေ့အတွက် အဆင်ပြေတယ်။ အန်းဟူ မင်း ရှုအာနဲ့ လိုက်သွား။ မင်း လိုက်သွားရင် ငါ စိတ်ချနိုင်ပါပြီ”

“ကိစ္စမရှိပါဘူး”

ချန်အန်းဟူက ပြုံး၍ ပြော၏။

.......

ရှန်းလောင်လမ်း၏တောင်ဘက်၊ ကျန့်မိသားစု၏ပိုင်နက်ဂိတ်၀တွင်။

အနက်ရောင်ကားခြောက်စီးက ရပ်သွားပြီး ကျန့်မိသားစု၏သက်တော်စောင့် ဆယ်ယောက်က ထွက်လာကြ၏။ ထိုသူများထဲမှ ခေါင်းဆောင်က ခက်ထန်စွာ အော်ဟစ်လေသည်။ “မင်းက ဘယ်သူလဲ။ ဒါက ပုဂ္ဂလိကပိုင်နက်ကွ။ မင်းတို့ ဒီမှာ ကားရပ်လို့မရဘူး”

ကားတံခါးများ ပွင့်လာပြီး ကားတစ်ကားစီမှ ဗလတောင့်တောင့်လူတစ်ယောက်စီ ထွက်လာ၏။

ထန်ရှုနှင့်ချန်အန်းဟူက ကားအတွင်းမှထွက်လာပြီး ထန်ရှုက ပြုံးလိုက်သည်။ “ကဲ...ကဲ..ကျန့်မိသားစုက ကျော့ကျော့မော့မောတော့ နေတတ်သားနော်။ ကြည့်ရတာ ဒီမိသားစုက မကာအိုမှာ အင်အားအကြီးဆုံးထင်တယ်”

“သူတို့က အင်အားအကြီးဆုံးတော့ မဟုတ်ပေမယ့် ဆယ်ယောက်စာရင်းထဲမှတော့ ပါတယ်” ချန်အန်းဟူက ခေါင်းခါရမ်း၍ ပြောသည်။ “ဒါပေမဲ့ သူတို့က ဘ၀င်ကတော့ မြင့်တယ်။ သူတို့ရဲ့ အိမ်နေရာကိုပဲ ကြည့်လိုက်လေ”

“ဟားဟား...”

ထန်ရှုက ရယ်၏။ ထို့နောက် သူက သတိကြီးစွာ စောင့်ကြည့်နေသော ဗလကြီးကြီးလူကို ကြည့်ကာ ပြောသည်။ “မင်းရဲ့အလုပ်ရှင်ကို သွားပြောချေ။ ထန်ရှု လာလည်တယ်လို့”

***

All Chapters