အင်အားကြီးလျှင် ဘာမဆိုအမှန်
Vol. 64 Ch. 892
အဘိုးအို၏မျက်လုံးများတွင် အရှက်ရမှုကို မြင်ရနိုင်ပြီး သူ၏မျက်နှာမှာ နီရဲတွတ်သွား၏။ သူသည် အခြားသိုင်းပညာရှင်များကို ပညာသင်ပေးရသည့် သူ့မျိုးဆက်၏သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်ပြီး လူတိုင်းက သူ့ကို မြင်သည်နှင့် လေးစားရိုသေကြ၏။ သို့သော် အဘယ်ကြောင့် ဤလူငယ်၏လှောင်ပြောင်မှုကို ခံနေရပါသနည်း။
သို့သော် ထန်ရှုစကားကမှန်ကြောင်း သူကောင်းကောင်းသိ၏။ သူသည် အမှန်တကယ် ကြောက်ဒူးတုန်နေ၏။ ထိုလူနှင့် တိုက်ခိုက်ရသည့်အတွက်ကြောင့် ဖြစ်လေသည်။ ခွန်အားဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ ထိုလူသည် သူ့ထက် အစစအရာရာ သာလွန်နေ၏။ သူ၏အတွင်းကလီစာနှင့် သူ၏ရင်ဘတ်ကသာ နာကျင်မှုကို ခံစားမနေရလျှင် ထိုလူ၏သန်မာမှုကို ၀န်ခံမိလိမ့်မည်မဟုတ်ပေ။ မိခင်၏ဝမ်းဗိုက်ထဲတွင် ရှိနေသည့်အချိန်မှစ၍ လေ့ကျင်ခဲ့လျှင်ပင် ဤမျှသန်မာရန်မှာ မဖြစ်နိုင်ချေ။
“သူက ဘယ်သူလဲ” အဘိုးအိုက ကျင့်ရှီကို လေးနက်စွာ ကြည့်ပြီးနောက် မေး၏။
“ခင်ဗျား ဒီမေးခွန်းကို အခုမှမေးတာ အဓိပ္ပာယ်ရှိလို့လား” ထန်ရှုက ပေါ့ပေါ့ပါးပါးသာ မေး၏။ “လူတွေက နယ်ခံမြွေဟောက်တွေကို နဂါးတွေက ဘယ်တော့မှ မနိုင်ဘူးလို့ပြောကြတယ်။ ဒါပေမဲ့ ကျုပ်ကတော့ အဲ့ဒီစကားကို မယုံဘူး။ ခင်ဗျားတို့ ကျန့်မိသားစုက မကာအိုမှာ အင်အားကြီးတယ်ဆိုပေမယ့် ခင်ဗျားတို့ကို ဖိနှိပ်ဖို့ ကျုပ်ရဲ့အင်အားအကုန်လုံးတောင် သုံးစရာမလိုဘူး”
ဝှစ် ....ဝှစ်
သူ့အသံ ပျောက်ကွယ်သွားသည့်အချိန်တွင် ကျင့်ရှီ၏ပုံရိပ်က ဖြတ်ခနဲ လက်သွားပြီး အဘိုးအိုထံ ပြေး၀င်သွားပြန်၏။ ရွှဲ့ရှကလည်း သူနှင့်အတူ ကျန့်၀မ်ဒီ၏အရှေ့၌ ပေါ်လာလေသည်။ မစ်ဆူဘီရှီဓားတစ်လက်က သူ့လက်ထဲတွင် ပေါ်လာပြီး ကျန့်၀မ်ဒီ၏လည်ပင်းကို ချိန်ရွယ်လိုက်လေသည်။
“တော်ကြစမ်း”
သက်လတ်ပိုင်းလူနှစ်ယောပ်က လူအုပ်ထဲမှ ပြေးထွက်လာ၏။ တစ်ယောက်က ကျန့်၀မ်ဒီအရှေ့၌ ရပ်လိုက်ပြီး နောက်တစ်ယောက်က ဘေးမှ နေ၍ ရွှဲ့ရှ၏တိုက်ကွက်ကို ခုခံလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း
ကျန့်မိသားစုအဘိုးအိုကြီးမှာ လက်သီးချက်ပေါင်းများစွာ ပစ်သွင်းခံလိုက်ရပြီး သူ၏အိုမင်းနေသော ခန္ဓာကိုယ်မှာ သစ်ရွက်တစ်ရွက်နှယ် လွင့်ထွက်သွား၏။ သက်လတ်ပိုင်းလူနှစ်ယောက်မှာတော့ ခန္ဓာကိုယ်တွင် ဒဏ်ရာဗလပွဖြင့် သွေးများ ပန်းထွက်နေချေသည်။ သူတို့၏ကျန့်၀မ်ဒီကို ကာကွယ်ရင်း အသက်အန္တရာယ်ထိခိုက်စေနိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာကွယ်နိုင်လိုက်၏။
“ဟုတ်ပြီ။ လုံလောက်ပြီ”
ထန်ရှုက တစ်၀က်သာ ရှိတော့သော စီးကရက်ဘူးကို ထုတ်လိုက်သည်။ သူက တစ်လိပ်ကို မီးညှိပြီးနောက် ကျန်အလိပ်များကို စင်းလုအန်ထံ ပစ်ပေးလိုက်၏။ သူသည် ဤနေရာကို ပြဿနာဖြေရှင်းရန် လာခဲ့ခြင်းဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်ရန် မဟုတ်ပေ။
ကျင့်ရှီက မတိုက်ခိုက်တော့ဘဲ ထန်ရှု၏အနောက်တွင် ရပ်လိုက်၏။ ရွှဲ့ရှကတော့ နှုတ်ခမ်းကို တင်းတင်းစေ့၍ စိတ်မကျေနပ်ဟန်ဖြင့် ပြောလေသည်။ “သူဌေး ဒီကောင်တွေကို သတ်ပြီး ကျန့်မိသားစုကို တစ်ခါတည်း မျိုးဖြုတ်လိုက်ကြစို့။ ပြီးတော့ အရင်ကလည်း ကျွန်တော်တို့ ပြဿနာဆို အမြစ်က ဆွဲနှုတ်နေကြလေ”
“မင်းရဲ့ မျိုးသုဉ်းသတ်ဖြတ်ချင်တဲ့စိတ်တွေကို ထုတ်လွှတ်လို့ရတယ်။ ဒါပေမယ့် ငါ့အတွက်တော့ ပြဿနာမဖြစ်စေနဲ့” ထန်ရှုက အေးစက်ခက်ထန်စွာ ပြော၏။
“အာ...နားလည်ပါပြီ သူဌေး” ရွဲ့ရှက ရှက်ကိုးရှက်ကန်းဖြစ်သွားဟန်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဘာမှမပြောတော့ချေ။ ကျင့်ရှီနှင့်ကျန်လူများက သူ့ကိုကြည့်၍ အနေရခက်စွာ ရယ်လိုက်သည်။
ထန်ရှုက ဖြူဖတ်ဖြူရော်ဖြစ်၍ ကြောက်ဒူးတုန်နေသော ကျန့်၀မ်ဒီကို ကြည့်လိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြော၏။ “မင်းသိလား။ ဘ၀င်မြင့်ဖို့အတွက်ဆို လုံလောက်တဲ့အရင်းအနှီး ရှိရမယ်ကွ။ မင်းရော၊ မင်းမိသားစုရော ဘ၀င်မြင့်နေတာ ငါ့အတွက်တော့ တုံးအလွန်းတာပဲ။ ငါ့အဖေက ကြင်နာသနားတတ်တဲ့လူတစ်ယောက်မလို့ မင်းတို့မိသားစုနဲ့ မျက်နှာမပျက်ချင်ခဲ့တာ။ ဒါပေမဲ့ ငါက သူနဲ့မတူဘူး။ မင်းက ငါ့ကို စိတ်ပျက်အောင်လုပ်ပြီး ရန်စတဲ့အတွက် မင်းတို့မိသားစုကို မှတ်လောက်သားလောက်အောင် ပညာပေးရမယ်။ ဒါကြောင့် မင်းတို့ ခေါင်းဆောင် ငါ့မျက်စိရှေ့ရောက်လာဖို့ သုံးမိနစ်အချိန်ပေးမယ်။ သုံးမိနစ်အတွင်း ရောက်မလာခဲ့ရင် မင်းတို့အကုန်လုံး ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်”
ကျန့်၀မ်ဒီက သူ့မိသားစုမှ အကြီးအကဲသုံးယောက်ကို လှမ်းကြည့်ပြီးနောက် ထန်ရှု မည်မျှ အစွမ်းထက်ကြောင်း သဘောပေါက်သွားလေသည်။ သူက စဉ်းပင်စဉ်းစားမနေတော့ဘဲ အော်ဟစ်လိုက်၏။ “ငါ့အဘိုးကို ဒီနေရာကို လာခဲ့ဖို့ သွားပြီး အသိပေးလိုက်ပါ့မယ်”
“မလိုပါဘူး”
ကျန့်မိသားစု၀င် ဆယ်ယောက်မကဖြင့် ၀န်းရံထားသော ကျန့်ဖျင်ချင်းက ဥယျာဉ်အတွင်း ၀င်ရောက်လာ၏။ အတွင်းရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏သူငယ်အိမ်များ ကျုံ့၀င်သွားလေသည်။ သူက အပြင်းအထန် ဒဏ်ရာရသွားသော အဘိုးအိုထံ အလျင်အမြန်သွား၍ ထူကာ မေးလေသည်။ “အဆင်ပြေရဲ့လား ဒုတိယညီလေး”
အဘိုးကို ခေါင်းခါရမ်း၍ ခါးသီးစွာ ပြုံးလိုက်၏။ “ဒဏ်ရာအပြင်းအထန် ရထားပေမယ့် မသေနိုင်ပါဘူး။ သူတို့က သန်မာလွန်းတယ် အစ်ကိုကြီး”
ကျန့်ဖျင်ချင်းက ထန်ရှုက တစ်ချက်ကြည့်ပြီးနောကိ လေးပင်စွာ ပြော၏။ “မင်းက ထန်မိသားစုရဲ့ ထန်ရှုမလား။ မင်းရဲ့ကြွယ်၀ချမ်းသာပြီး အင်အားကြီးတဲ့ မိသားစုအားကိုးနဲ့ ငါ့မိသားစုကို အနိုင်လာကျင့်တာလား”
“မှန်တယ်” ထန်ရှုက ပေါ့ပေါ့ပါးပါး ဖြေ၏။ “ကျုပ် ကျန့်မိသားစုက အနိုင်လာကျင့်တာ။ ခင်ဗျားတို့ ဘာလုပ်ချင်လဲ။ ခင်ဗျားတို့ ဆက်ကစားချင်တယ်ဆို ကျုပ်ဘက်က အဆင်သင့်ပဲနော်”
“မင်း....”
ကျန့်ဖျင်ချင်းသည် ထန်ရှု ဤမျှမောက်မာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သို့သော် သူ၏ဒုတိယညီနှင့်တူနှစ်ယောက်၏ ခွန်အားကို ကောင်းကောင်းသိ၏။ သူတို့သည် ယခုတွင် ဒဏ်ရာအပြင်းအထန် ရရှိထားကြလေရာ ပြိုင်ဘက်က အတော်လေး အားကောင်းပေလိမ့်မည်။
“ ”မင်း” မနေစမ်းပါနဲ့” ထန်ရှုက ပြော၏။ “တကယ်ဆိုရင် ကျုပ်မှာ ကျန့်မိသားစုကို သတ်ဖို့အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို ခြိမ်းခြောက်တဲ့အတွက် ကျုပ် ခွင့်လွှတ်မပေးနိုင်ဘူး။ ကဲ ပြော ခင်ဗျားတို့ ငွေဘယ်လောက်ပေးမယ် စီစဉ်ထားလဲ”
“မင်းက ငါ့ကို ငွေပေးစေချင်တာလား” ကျန့်ဖျင်ချင်းမှာ တုန်လှုပ်သွားပြီး မေးလိုက်၏။ “ဘာအဓိပ္ပာယ်လဲ”
“ဟက် ခင်ဗျားမိသားစုက ကျုပ်အဖေနဲ့ ကျုပ်ဦးလေးရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆိပ်ကမ်းနှစ်ခုကို လိုချင်တယ်လေ” ထန်ရှုက ခက်ထန်စွာ ပြော၏။ “အခု ခင်ဗျား စဉ်းစားကြည့်။ ခင်ဗျားတို့ ကျန့်မိသားစုက မလွန်လွန်ဘူးလား။ ကျုပ်တို့ကို စိတ်ဒဏ်ရာရအောင် လုပ်ခဲ့တာလေ။ အဲ့ဒီအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် နစ်နာကြေးတောင်းသင့်တယ် မထင်ဘူးလား”
ထိုအချိန်တွင် ပြင်းထန်လှသော တိုက်ပွဲကြောင့် အံ့အားသင့်နေသည့် ချန်အန်းဟူမှာ မျက်နှာတစ်ချက်မပျက်သော ထန်ရှုကို ကြည့်လိုက်မိ၏။ ထိုမှသာ သူ၏ညီအစ်ကို ထန်ယွင်သဲ့သည် ထန်ရှုကို စေလွှတ်ခဲ့ကြောင်း သဘောပေါက်လိုက်၏။ သူ၏သား ပိုင်ဆိုင်ထားသည့် အင်အားကြီးလူများကြောင့်ပင်။
သို့ထိတိုင် သူသည် မကာအို၏ကျန့်မိသားစုမှာ မည်မျှအင်အားကြီးကြောင်း အမှတ်ရလိုက်မိ၏။ ထို့ကြောင့် သူက ခါးသက်သက် ပြုံး၍ ပြောလေသည်။ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေးတောင်းစရာမလိုပါဘူး ထန်ရှု။ သူတို့ ဒီဆိပ်ကမ်းနှစ်ခုကို သိမ်းပိုက်ဖို့ဆန္ဒမရှိတော့ရင် ရပါပြီ”
“အဲ့ဒီလိုလား” ထန်ရှု ခပ်ဖွဖွပြုံး၍ မေးသော်လည်း သူ၏အပြုံးက အသက်မ၀င်လှချေ။
ကျန့်ဖျင်ချင်းကမူ ဘေး၌ တိတ်တဆိတ် ရပ်နေသော ခုတုကို ကြည့်လိုက်၏။ ထို့နောက် သူက ခပ်တိုးတိုး ပြောလေသည်။ “ခုတု အဲ့ဒီဆိပ်ကမ်းနှစ်ခုကို လိုချင်တာ မင်းရဲ့အမှောင်နတ်ဆရာမျိုးနွယ်စုရော ပါတယ်လေ။ မင်း အခု ဘာဖြစ်နေတာလဲ။ သူတို့ ငါ့မိသားစုကို အနိုင်ကျင့်နေတဲ့အချိန်မှာ မင်းက ရေငုံနှုတ်ပိတ်ပြီး ဒီအတိုင်း ရပ်ကြည့်နေတယ်ပေါ့”
ခုတုက စင်းလုအန်ကို တစ်ချက်လှမ်းကြည့်၍ အသက်မပါစွာ ပြုံးလိုက်သည်။ “ခေါင်းဆောင်ကျန့် ကျုပ်တို့က မဟာမိတ်တွေဆိုပေမယ့် အခုမျိုးနွယ်စုရဲ့ ဒုတိယသခင်လေးက ဒီမှာ ရှိနေတယ်။ ကျုပ်မှာ ဘာမှပြောပိုင်ခွင့်မရှိဘူး”
အမှောင်နတ်ဆရာမျိုးနွယ်စုရဲ့ ဒုတိယသခင်လေး....စင်းလုအန်လား
ကျန့်ဖျင်ချင်း လူအုပ်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် သူ၏အကြည့်က စင်းလုအန်အပေါ် ကျရောက်သွား၏။
“ကျုပ်က အခု မစ္စတာထန်ရှုငှားထားတဲ့ ကြေးစားသက်သက်ပဲ” စင်းလုအန်က ပြောသည်။ “သူ့ကို ရန်စတဲ့ဘယ်သူမဆို ကျုပ်ကို အရင်ရင်ဆိုင်ရမယ်။ ခင်ဗျားတို့ ကျန့်မိသားစုက အမှောင်နတ်ဆရာမျိုးနွယ်စုနဲ့ ပူးပေါင်းကောင်း ပူးပေါင်းထားနိုင်ပေမယ့် ကျုပ်ရဲ့မဟာမိတ်မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားရဲ့မိသားစု၀င်တွေ ကျုပ်အနားမှာ သတိလျော့မထားဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်...”
“မင်းက ရာရာစစ မင်းရဲ့မျိုးနွယ်စုခေါင်းဆောင်ကို သစ္စာဖောက်ရဲတယ်ပေါ့ စင်းလုအန်” ကျန့်ဖျင်ချင်းက ဒေါသတကြီး အော်လိုက်၏။
ထိုသို့ပြောပြီးနောက် သူက အမှောင်နတ်ဆရာမျိုးနွယ်စုခေါင်းဆောင် ခရီတာအား ဖုန်းခေါ်ရန် ပြင်လိုက်သည်။
“ခင်ဗျား သေချာစဉ်းစားပြီးပြီလား ခေါင်းဆောင်ကျန့်” ထန်ရှုက ခပ်ဖွဖွပြုံး၍ ဖြတ်ပြော၏။ “ခင်ဗျား ခေါ်လိုက်တာနဲ့ ကျုပ်နဲ့ရင်းနှီးမှုကို ဖြတ်တောက်လိုက်တာနဲ့ တူတူပဲနော်။ ခင်ဗျားရဲ့မိသားစုက နောက်ဆက်တွဲအကျိုးဆက်ကို ခံနိုင်ပါ့မလား”
ကျန့်ဖျင်ချင်း၏မျက်နှာအမူအရာမှာ အေးခဲသွားပြီး ဖုန်းခလုတ်ကို နှိပ်မည့် သူ၏လက်ချောင်းမှာ ရပ်တန့်သွား၏။ သူက မနှိပ်တော့ဘဲ ထန်ရှုကို ကြည့်၍ ခပ်ဩဩ ပြောလေသည်။ “မင်းက ငါ့မိသားစုကို မင်းရှေ့မှောက်မှာ ဦးညွှတ်စေချင်တယ်။ ဒါပေမဲ့ အရင်ဆုံး ငါ့မိသားစုရဲ့ ခွန်အားအကြီးဆုံး ကျွမ်းကျင်သူကို အနိုင်တိုက်ရမယ်။ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်။ ကျန့်မိသားစုရဲ့ဘိုးဘေးက နှစ်ပေါင်း ၂၀၆ နှစ်တိတိ နေခဲ့ပြီးတော့ ကျင့်ကြံခြင်းမှာ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ။ သိုင်းပညာရှင်တွေတောင် သူ့ရှေ့မှောက်မှာဆို ပုရွက်ဆိတ်သာသာပဲထ
“ဒါဆို ခင်ဗျားတို့ ဘိုးဘေးကို အနိုင်တိုက်နိုင်ရင် ကျုပ် ခိုင်းတာမှန်သမျှ လုပ်ပေးမယ်ဆိုတဲ့သဘောလား” ထန်ရှုက ပြုံး၍ မေး၏။
ကျန့်ဖျင်ချင်း၏မျက်၀န်းများတွင် အထင်သေးမှုများ ဖြတ်ပြေးသွားပြီး သူက ဂုဏ်ယူစွာ ပြန်ဖြေ၏။ “ဟုတ်တယ်။ ကျန့်မိသားစုရဲ့ အင်အားအကြီးဆုံး ဘိုးဘေးကို အနိုင်တိုက်နိုင်မယ်ဆိုရင် နစ်နာကြေးအနေနဲ့ ငါတို့ရဲ့ပိုင်နက်တွေကိုတောင် ပေးနိုင်တယ်”
“အစ်ကိုကြီး” အပြင်းအထန် ဒဏ်ရာရထားသော အဘိုးအိုက အလျင်အမြန် ခေါ်၏။ “မင်း မပြောနဲ့တော့။ ငါတို့မိသားစုက သွေးချောင်းစီးပြီး ခေါင်းတွေပြတ်သွားပါစေ။ အရှက်ကွဲတော့ ခံမှာမဟုတ်ဘူး”
ဖြောင်း..ဖြောင်း
ထန်ရှုက လက်ခုပ်တီးပြီးနောက် သက်ပြင်းချလိုက်၏။ “ကျန့်မိသားစုခေါင်းဆောင်က တကယ်ကို ရဲရင့်တဲ့လူပါပဲ။ ကောင်းပြီလေ ခင်ဗျားတို့ ဘိုးဘေးကို ခေါ်ဖို့ ကျုပ်လက်ခံတယ်။ ကျုပ်တို့ရှုံးသွားရင် ဒီနေရာက ချက်ချင်း ထွက်သွားရုံတင်မကဘူး။ ခင်ဗျားတို့လိုချင်တဲ့ နစ်နာကြေးကိုလည်း ပေးမယ်။ ပိုက်ဆံပဲဖြစ်ဖြစ်၊ ဆိပ်ကမ်းနှစ်ခုပဲဖြစ်ဖြစ် ချက်ချင်းပေးမယ်”
အခြားတစ်ဖက်တွင် ချန်အန်းဟူ၏မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး သူက စကားဖြတ်ပြော၏။ “ထန်ရှု..ဒါက...”
ထန်ရှုက လက်မြှောက်၍ သူ၏စကားစကို ဖြတ်ကာ ပြောလေသည်။ “ဦးလေးချန် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံရင် လွှဲထားလိုက်ပါ။ ဦးလေးက ကျွန်တော့်အဖေရဲ့ ညီအစ်ကိုဆိုတော့ ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ဦးလေး မနစ်နာစေရပါဘူး”
ချန်အန်းဟူ၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက ကျယ်လောင်စွာ ပြန်ချေပ၏။ “မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ မင်းအဖေက ငါ့ညီအစ်ကို။ ငါ့ပစ္စည်းကလည်း သူ့ပစ္စည်းပဲ။ မင်းဆုံးဖြတ်ပြီး ကောင်းမယ်ထင်တာသာလုပ်။ အဆိုးဆုံးဆိုလို့ ဆိပ်ကမ်းလေးနှစ်ခုပဲ ဆုံးရှုံးရမှာ”
ထန်ရှုက သူ၏အဖြေကို ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက မိုအားဝူကို လှည့်ကြည့်၍ ပြောလေသည်။ “နောက်ထပ် ကစားရမယ့်သူက မင်းပဲ”
“နားလည်ပါပြီ” မိုအားဝူက တရိုတသေ ခေါင်းညိတ်၏။
ဆယ်မိနစ်ကြာသော် အားကစား၀တ်စုံ၀တ်ထားသော ကတုံးပြောင်ပြောင်နှင့် အဘိုးကြီးတစ်ဦးက ဥယျာဉ်အတွင်းသို့ ၀င်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း သူ၏မျက်လုံးများမှာ စိတ်တက်ကြွနေလေသည်။ သူ၏အကြည့်က ဥယျာဉ်အတွင်းသို့ ၀င်လာသည်နှင့် မိုအားဝူတို့အဖွဲ့အပေါ် ကျရောက်သွားလေသည်။
“စိတ်၀င်စားစရာပဲ။ တကယ်ကို စိတ်၀င်စားစရာပဲ” အဘိုးအိုက ရေရွတ်၏။ “ဒီလိုစိတ်၀င်စားစရာ ကိစ္စမျိုးမမြင်ရတာ ရာစုနှစ်နဲ့ ချီနေပြီ။ နာမည်ကြီးအင်အားကြီးလူတွေကလွဲပြီး ငါ့ကို တိုက်ခိုက်ရဲတဲ့လူမရှိဘူးလို့ ထင်ထားခဲ့တာ။ ဒီလို ကလေးကစားစရာ အရုပ်တွေနဲ့ လာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”
အဘိုးကြီးလျှောက်လာသည်ကို ကြည့်ရင်း ထန်ရှုက ပြုံး၍ ပြော၏။ “ကဲ ကဲ...ကျန့်မိသားစုရဲ့ဘိုးဘေးက ဒီလောက်အရည်အချင်းရှိလိမ့်မယ်လို့ ထင်မထားဘူး။ ခင်ဗျားရဲ့တာအိုက သိုင်းပညာက လာတာတောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီ။ ကျုပ်မြင်ဖူးသမျှ သိုင်းပညာရှင်တွေထဲမှာ အမြင့်ဆုံးပဲ”
အဘိုးကြီး၏အမူအရာမှာ ပို၍ပင် ၀င့်ကြွားသွားလေသည်။ သူက ထန်ရှုကိုကြည့်၍ မေး၏။ “မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို သိတယ်လား။ မင်းက ဘယ်သူလဲ”
“ကျေးဇူးပြုပြီး ဘ၀င်မြင့်တဲ့မျက်နှာထားမျိုး လုပ်မနေစမ်းပါနဲ့” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောသည်။ “ခင်ဗျားရှုံးသွားရင် ခင်ဗျားရဲ့မိသားစုကို ထိန်းလိုက်ဦး။ ရေတွင်းအောက်ခြေက ကောင်းကင်ကို ကြည့်နေရတဲ့ ဖားတွေဖြစ်နေတာတောင် ဘ၀င်မြင့်မနေဖို့ သင်ပေးလိုက်ပါဦး”
“ဟက် မင်း ဘယ်လောက် အင်အားကြီးလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ လေကျယ်နေလို့ကတော့ အပိုပဲ” အဘိုးကြီးက အေးစက်စက် နှာမှုတ်၏။ “စတိုက်ပြီး မင်းရဲ့ခွန်အားကို ပြလိုက်စမ်းပါ”
“ခင်ဗျားကိုလား” ထန်ရှုက ပြုံး၍ ပြော၏။ “ခင်ဗျားကို ကျုပ်ရဲ့အစွမ်းတွေပြဖို့ ခင်ဗျားက အရည်အချင်းမပြည့်မီဘူး။ အားဝူ သူ့ကို ကစားပေးလိုက်”
မိုအားဝူက ရှေ့သို့တက်၍ သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူက လက်ယှက်၍ ပြော၏။ “သူဌေးက အမိန့်ပေးထားတဲ့အတွက် ကျုပ် ခင်ဗျားကို သတ်လို့မရဘူး။ ဒါကြောင့် လေ့ကျင့်ရေးနည်းလမ်းအတိုင်းပဲ တိုက်ခိုက်လို့ရမယ်။ အဘိုးကြီး သတိပေးတဲ့အတွက် ကျုပ်ကို အဆိုးမဆိုပါနဲ့။ ခင်ဗျားမှာ ရှိသမျှ စွမ်းအားအကုန်လုံးနဲ့တိုက်ပါ။ မဟုတ်ရင် ခင်ဗျားရဲ့အသက်ကြောင့် ရထားတဲ့သိက္ခာတွေအကုန်လုံး ဆုံးရှုံးရလိမ့်မယ်”
***