← Chapters

ငွေပေးမလား အရိုက်ခံမလား

Vol. 64 Ch. 893

ငွေပေးမလား အရိုက်ခံမလား

Vol. 64 Ch. 893

ကျန့်မိသားစု၏ဘိုးဘေးဖြစ်သူ ကျန့်ဟုန်တင်း၏မျက်လုံးများမှာ ဒေါသကြောင့် မီးဟုန်းဟုန်းတောက်နေ၏။ မိုအားဝူ၏အရှိန်အဝါမှာ သူထုတ်လွှတ်နိုင်သည်ထက် သန်မာကြောင်း ပြောနိုင်၏။ ၎င်းကြောင့်ဖြစ်ပေါ်လာသော အရှိန်အဝါက သူ၏အထင်အမြင်သေးမှုများကို ပျောက်ချင်းမလှပျောက်ကွယ်သွားစေသည်။

“မင်း ကြီးသူကို ရိုသေပြီး ငယ်သူကို သနားညှာတာသင့်တယ်ဆိုတဲ့ စကားကို လက်ကိုင်ထားသင့်တယ် လူလေး”

သူ၏အသံပျောက်ကွယ်သွားသည်နှင့် သူ၏ပုံရိပ်မှာ အရိပ်အဖြစ်သို့‌ ပြောင်းလဲသွားပြီး မိုအားဝူထံ ပြေး၀င်သွားကာ တစ်စက္ကန့်အတွင်း မရေမတွက်နိုင်သော လက်သီးချက်များစွာ ပစ်သွင်းလိုက်၏။

ဝုန်း...

လက်သီးချက်များ ပွတ်တိုက်မှုက ကြည့်ရှုနေသူများ၏မျက်နှာအမူအရာများကို ပြောင်းလဲသွားစေ၏။ အံ့အားအသင့်ဆုံးသူမှာ ချန်းအန်ဟူ ဖြစ်လေသည်။ သူသည် တရုတ်ပြည်၏အထူးကွန်မန်ဒါတစ်ယောက်ဖြစ်၏။ မရေမတွက်နိုင်သော ကျည်ဆန်မိုးများ၊ မီးပင်လယ်များ၊ ရေဘေးအန္တရာယ်များ၊ လူအလောင်းကောင်များနှင့် ‌မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ‌မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးလေသည်။ သို့ထိတိုင် ဤလူများကဲ့သို့ ကြောက်မက်ဖွယ်ရာဖြစ်တည်မှုများကို မတွေ့ဆုံခဲ့ဖူးချေ။ သူတို့သည် ရုပ်ရှင်ထဲတွင် သူတွေ့ဖူး‌သော သိုင်းပညာရှင်များထက် အဆပေါင်းများစွာ အစွမ်းထက်၏။

စက္ကန့်အနည်းငယ်ကြာ‌သော် ကျန့်ဟုန်တင်းသည် သူ၏အိုမင်းနေသောမျက်နှာကြီးတွင် သွေးကြောများထောင်လျက် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်ရ၏။ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏မီးခိုးရောင်အင်္ကျီမှာ စုတ်ပြတ်နေချေသည်။ သူ၏ရင်ဘတ်တွင် လက်ဝါးရာတစ်ခုကို တံဆိပ်နှိပ်ထားသကဲ့သို့  ထင်ထင်ရှားရှား မြင်နေရလေသည်။

မိုအားဝူက သူ၏အရှိန်အဝါကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျန့်ဟုန်တင်းအား အထင်သေးစွာ ကြည့်လိုက်၏။ ထို့နောက် သူက ချက်ချင်း ထန်ရှုအနားသွား၍ တရိုတသ‌သေ အစီအရင်ခံလေသည်။ “ဒီအဘိုးကြီး ရှုံးသွားပါပြီ သူဌေး”

ထန်ရှုက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် အသာအယာ လက်ဖြောက်တီးလိုက်၏။ မိုအားဝူ ဘေးတစ်ဖက်၌ သွားရပ်သည့်အချိန်တွင် သူက အေးဆေးတည်ငြိမ်စွာ မေးလေသည်။ “ဒါဆို ဘယ်လိုပဲ။ ဒီထက် ရှေ့ဆက်တိုးဖို့ လိုသေးတယ်ထင်လား”

ကျန့်ဟုန်တင်းက မအီမသာမျက်နှာဖြင့် ခေါင်းခါလိုက်၏။ သူသည် မိုအားဝူနှင့် လက်သီးချင်ဖလှယ်ခဲ့လေသည်။ ၎င်းမှာ စက္ကန့်အနည်းငယ်သာ ကြာခဲ့လေသည်။ အပြင်လူများအနေဖြင့် ဖြစ်ကြောင်းကုန်စင်ကို မြင်ရမည်မဟုတ်သော်လည်း သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း‌ ကောင်းကောင်းသိ၏။ သာမန်ရှုံးနိမ့်ခြင်းမဟုတ်။ မရှုမလှရှုံးနိမ့်ခြင်းဖြစ်လေသည်။ မိုအားဝူသာ သူ့ကို သတ်လိုလျှင် သတ်နိုင်သည့်အခွင့်အရေးများစွာ ရှိခဲ့၏။

“ငါ ရှုံးသွားပြီ” ကျန့်ဟုန်တင်းက မိုအားဝူအား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်ပြီးနောက် ထန်ရှုဘက်လှည့်ကာ သက်ပြင်းချလိုက်၏။ “ဟင်းး...ဒီအဘိုးကြီး လုံး၀ရှုံးသွားတာ ၀န်ခံပါတယ်။ ကျေးဇူးပြုပြီး မင်း ကျန့်စံအိမ်ကို လာရတဲ့အကြောင်းအရင်းကို ပြောပါ လူငယ်လေး”

ထန်ရှုက ထရပ်၍ လက်ယှက်ပြီးနောက် ပြုံးလိုက်၏။ “ခင်ဗျားက ရှုံးတာ၀န်ခံတယ်ဆိုတော့ ကိစ္စတွက လွယ်သွားပြီ။ ဆိုတော့ ခေါင်းဆောင်ကျန့် ခင်ဗျားစကားကို အတည်ယူလို့ရသေးလား”

ကျန့်ဖျင်ချင်း ပြန်ဖြေသည့်အချိန်၌ သူ၏မျက်လုံးများတွင် အရှက်ရမှုများ ပြည့်နှက်နေ၏။ သူက အေးစက်စွာ ဖြေလေသည်။ “အလောင်းကစားလုပ်ရဲရင် ရှုံးသွားတဲ့အခါကျရင်လည်း တာ၀န်ယူရဲရတယ်။ မင်း လိုချင်တာကို ပြောပါ”

ထန်ရှု၏မျက်နှာအမူအရာက အေးစက်ခက်ထန်သွားပြီး သူက လေးနက်စွာ ပြောသည်။ “အခုကစပြီး ကျန့်မိသားစုက အဲ့ဒီဆိပ်ကမ်းနှစ်ခုမှာ ၀င်ရောက်စွက်ဖက်ခွင့်မရှိတော့ဘူး။ ပြီးတော့ ဦလေးချန် ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေအတွက် ခင်ဗျားတို့ပိုင်‌တဲ့ ဆိပ်ကမ်းနှစ်ခုကို သုံးရက်အတွင်း ပေးရမယ်”

“ငါ ကတိပေးပါတယ်” ကျန့်ဖျင်ချင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ပြော၏။

ထန်ရှုက အထင်အမြင်သေးစွာ ပြောလိုက်၏။ “ကျူပ် ဒီတစ်ခါမှာတော့ ဆိပ်ကမ်းနှစ်ခုပဲ ယူလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကျန့်မိသားစု၀င်တွေအားလုံး ကျုပ်ပြောတာကို မှတ်ထားကြ။ ကျုပ် ဂရုစိုက်တဲ့လူတွေကို အကောက်ကြံတော့မယ်ဆိုရင် ကျုပ်ကို သေသေချာချာ လာမေးကြ။ ခင်ဗျားတို့ တခြားသူတွေ ဘယ်သူကိုဖြစ်ဖြစ် ရန်စရင် ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်ရဲ့လူတွေကို ထိရင်တော့ ခင်ဗျားတို့မိသားစုကို ဖျက်စီးပစ်မယ်”

သူ၏အသံ ပျောက်ကွယ်သွားသည်နှင့် သူ့ထံမှ အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး ဓားရှည်တစ်လက်ကလည်း သူ၏လက်ထဲတွင် ပေါ်လာ၏။ ခြံကွင်းထဲရှိ လူများမှာ ဖိအားကြောင့် အသက်ရှူကြပ်လာကြလေသည်။ ထန်ရှုက ယင်းဓားကို မြောက်ဘက်ရှိ သုံးထပ်ဥရောပစတိုင် အ‌ဆောက်အဦးဆီသို့ ပစ်လွှတ်လိုက်၏။

ဓားချီက ဖြတ်ခနဲလက်သွားပြီး သက်တံ့သဖွယ် ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။

ခပ်မိုက်မိုက် အဆောက်အဦးမှာ ချက်ချင်း ထက်ပိုင်းပြတ်သွားပြီး ပြိုကျသွားလေရာ ဖုန်မှုန့်များ အလိပ်လိပ် တက်လာတော့သည်။

ဟင်...

ကျန့်မိသားစု၏ဘိုးဘေး ကျန့်ဟုန်တင်းမှာ ပင့်သက်ရှိုက်လိုက်မိ၏။ သူ့မှာ တဆတ်ဆတ် တုန်ရီလာပြီး ထန်ရှုအား ကြောက်လန့်တကြား ကြည့်လိုက်မိ၏။

ထိုအရှိန်အဝါ.....ထိုစွမ်းအား....

၎င်းကား သိသာလှပေသည်။ ထန်ရှု၏သိုင်းပညာသည် သူ့ထက်အဆင့်များစွာ မြင့်မားကြောင်း သိလိုက်ရ၏။ ထိုလူငယ်မှာ အနည်းဆုံး ရွှေအမြုတေအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မည်။ စောစောက သူနှင့်တိုက်ခိုက်ခဲ့သူမှာ ထန်ရှုဖြစ်ခဲ့လျှင် ထန်ရှု၏ရိုက်ချက်လေးတစ်ချက်က သူ့အား အသက်ထွက်သွားစေမည်မှာ အသေအချာပင်။

ကျန့်မိသားစု၀င်များ၏ အံ့ဩမှင်သက်နေသော အမူအရာများကိူ ကြည့်ခြင်းဖြင့် သူ၏လုပ်နိုင်စွမ်းနှင့် အဆင့်အတန်းကို ပြလိုသည့်လုပ်ရပ်မှာ အောင်မြင်သွားကြောင်း သိသာလေရာ ထန်ရှုက ‌စိတ်ကျေနပ်စွာ ပြုံးလိုက်၏။ ထို့ကြောင့် သူ့တွင် ကြာကြာနေရန် ဆန္ဒမရှိတော့ချေ။ သူက ထိုင်းမှလာသော ခုတုကို ကြည့်ကာ ပြော၏။ “ထိုင်းကိုသွားပြီး ခင်ဗျားတို့ အမှောင်နတ်ဆရာမျိုးနွယ်စုခေါင်းဆောင်ကို ဒီစကားပါးလိုက်ပါ။ ‘ကျုပ် ခင်ဗျားဆီ ရက်နည်းနည်းကြာရင် လာခဲ့မယ်’”

“ကောင်းပါပြီ”

အင်အားကြီးနတ်ဆရာတစ်ယောက်ဖြစ်သည့်တိုင် ခုတုသည် ထန်ရှုအား မလေးမစား မဆက်ခံရဲချေ။ ထန်ရှုပြသခဲ့သော ဓားရှည်၏စွမ်အားက သူ့ကို ကြက်သီးမွေးညင်းများ ထသွားစေပြီး သူသည် ထန်ရှု၏ပြိုင်ဘက်မဟုတ်‌ကြောင်း သဘောပေါက်သွားစေ၏။ သူ၏မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ထန်ရှုကို ယှဉ်နိုင်မည်မဟုတ်ပေ။

ပြန်လမ်းတွင် ချန်အန်းဟူမှာ အိပ်မက်မက်နေသည့်အလား ခံစားနေရ၏။ သူ့စိတ်ထဲတွင် နေရာယူထားသည့် ပြဿနာအား ထန်ရှုက အလွယ်တကူ ဖြေရှင်းပေးခဲ့လေပြီ။ ထိုမျှသာမက ကျန့်မိသားစုထံမှ ဆိပ်ကမ်းနှစ်ခု ရလိုက်သေးသည်။ ထိုဆိပ်ကမ်းနှစ်ခုမှာ အချက်အချကျသော နေရာများတွင်ရှိသဖြင့် စီးပွားရေးချဲ့ထွင်၍ ပိုမိုချမ်းသာလာနိုင်မည့် အခွင့်အရေးကောင်းဖြစ်လေသည်။

“ဒါနဲ ထန်ရှု။ ဦးလေးချန်ရော မင်းလို အင်အားကြီးလာနိုင်သလား” သူက သူ့ဘေးတွင် မျက်လုံးများမှိတ်၍ တိတ်ဆိတ်စွာ ထိုင်နေသော ထန်ရှုကို ကြည့်ကာ မေး၏။

“ဦးလေး ခုအသက်ထက် ၂၀ လောက်ငယ်ရင်တော့ မျှော်လင့်ချက်ရှိပါတယ်” ထန်ရှုက ခေါင်းခါရင်း ပြုံး၍ ဖြေသည်။ “ဒါပေမဲ့ အခုဆိုရင်တော့ ကျင့်စဉ်တချို့လောက် ကျင့်ပြီးတော့ ဦးလေးရဲ့ခန္ဓာကိုယ်ကို သန်မာလာစေပြီး အသက်ရှည်အောင် လုပ်လို့ရတယ်။ ဦးလေးလိုချင်ရင် ကျွန်တော် ဦးလေးဆီမှာ တစ်ရက်နေပြီးတော့ တစ်ခုခု ပေးခဲ့မယ်လေ”

ချန်အန်းဟူအတွက် ၎င်းမှာ ပျော်ရွှင်စရာ လက်ဆောင်တစ်ခု ဖြစ်သဖြင့် သူက စိတ်လှုပ်တရှား ဖြေလေသည်။ “ကောင်းတယ်။ ကောင်းတယ်။ မင်း ငါ့နေရာကို အချိန်မရွေး လာလို့ရတယ်”

ထန်ရှုက ပြုံးပြီးနောက် ပြတင်းပေါက်အပြင်ရှိ မြင်ကွင်းကို ကြည့်နေလေသည်။

မကာအို၌ အလွန်ကောင်းမွန်‌သော ပတ်၀န်းကျင်အနေအထားရှိပြီး သူ ဤနေရာကို ကြိုက်နှစ်သက်၏။ သူ ငယ်စဉ်ဘဝတုန်းက တီဗွီတွင် မြင်ခဲ့ဖူးသော ကမ်းခြေကို သတိရမိစေ၏။ ထိုကမ်းခြေတွင် ဆော့ကစားနိုင်ရမည်ဟု စိတ်ကူးယဉ်ခဲ့ဖူးလေသည်။

‘ဟားဟား...ငါ ငယ်ငယ်တုန်းက တော်တေယ်ရိုးအခဲ့တာပဲ....’

ထန်ရှုသည် စိတ်ထဲမှ သူ့ကိုယ်သူ ရယ်လိုက်၏။ သူ ထိုစိတ်ကူးကို ပြန်ရုတ်သိမ်းတော့မည့်အချိန် သူ၏မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ကားတံခါးကို ဖွင့်ကာ ပြေးထွက်သွားလေသည်။

“ရပ် ကားကို ချက်ချင်း ရပ်လိုက်စမ်း” သူ့ဘေးတွင် ထိုင်နေသော ချန်အန်းဟူမှာ မျက်မမြင်လူတစ်ယောက်အလား ချက်ချင်း မတုံ့ပြန်‌နိုင်ချေ။ သူ့ဘေးရှိ ထိုင်ခုံတွင် လူလွတ်နေပြီး ကားတံခါးပွင့်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း အော်ဟစ်လိုက်၏။ သူ၏စိုးရိမ်စိတ်မှာ မိုးထိတိုင် မြင့်တက်သွားလေသည်။

အဘယ်ကြောင့် ထန်ရှ ကိုယ့်သေတွင်းကိုယ်တူးရသလဲ နားမလည်နိုင်ချေ။ မည်သည်တို့ ဖြစ်ပျက်သွားခဲ့သနည်း။ ကားသည် အနည်းဆုံး တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နေသည့်တိုင် ထန်ရှုက ခုန်ထွက်သွားခဲ့လေသည်။

ကျွီ..

ကားမှာ ဘရိတ်ဆွဲသွားပြီး လမ်းဘေးတစ်နေရာတွင် ရပ်သွား၏။ ချန်အန်းဟူက ချက်ချင်း ထန်ရှုထိုင်နေသည့်နေရာသို့ ပြောင်းထိုင်၍ ကားပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ သို့သော် မနီးမဝေးရှိ ကမ်းခြေသို့ ပျံသန်းနေသည့်အလား‌ ပြေးသွားနေသည့် ထန်ရှုကို တွေ့လိုက်ရသည့်အခါ သူ့မှာ ကြောင်အသွားတော့သည်။ သူသည် ရုပ်ရှင်များထဲရှိ ကွန်ဖူးသိုင်းသမားများအလားပင်။

‘ဟိုမှာလား’

နှစ်ကီလိုမီတာခန့်အကွာတွင် ဟော့ဟော့ရမ်းရမ်း ၀တ်စားထားသော လူငယ် ဆယ်ယောက်ကျော်က ယောက်ျားလေးနှစ်ယောက်ကို ဝိုင်းနေကြ၏။ ထိုလူငယ်နှစ်ယောက်၏ မျက်နှာများမှာ ဖူးယောင်နေပြီး နှာခေါင်းနှင့်ပါးစပ်များမှ သွေးများ စီးကျနေလေသည်။ သူတို့မှာ အပြင်းအထန် ရိုက်နှက်ခံထားရကြောင်း သိသာ၏။ ထိုနှစ်ယောက်ကား မကာအိုသို့ အပျော်ခရီးထွက်လာခဲ့သော ယွဲ့ခိုင်နှင့် ဟူချင်းစုန့် ‌ဖြစ်လေသည်။

“မင်းတို့အိမ်ကို ခေါ်ပြီး ပိုက်ဆံတောင်းကွ။ ယွမ် ၁၀၀,၀၀၀ တစ်ပြားမှ လျော့လို့မရဘူး။ မဟုတ်ရင်  မင်းတို့အဖေ ငါ မင်းတို့ ခြေတွေ၊ လက်တွေကို ဆွဲဖြဲပစ်မယ်” နားကပ်များ ၀တ်ထားပြီး နှုတ်ခမ်းထောင့်တွင် အပ်ဖောက်ထားသော ဆံပင်အနီရောင်နှင့်လူငယ်က အော်ကြီးဟစ်ကျယ်ပြော၏။ သူသည် ဂိုဏ်းစတားများ၏မြင်တွေ့နေကြပုံစံမျိုးဖြစ်ပြီး ဘေ့စ်ဘောရိုက်တံဖြင့် ယွဲ့ခိုင်တို့အား ရွယ်ထားလေသည်။

“ထွီ...”

ဟူချင်းစုန့်က သွေးများ၊ တံတွေးများရောလျက် ထွေးလိုက်၏။ သူက ဆံပင်အနီနှင့်လူငယ်အား စူးစူးဝါးဝါး စိုက်ကြည့်၍ ဟိန်းဟောက်လိုက်လေသည်။ “ငါ့မှာ ပိုက်ဆံမရှိဘူး။ အသက်တစ်သက်ပဲရှိတယ်။ မင်း သတ္တိရှိရင် ငါ့ ခြေတွေ၊ လက်တွေကို ‌ဆွဲဖြုတ်လိုက်ကွ”

ယွဲ့ခိုင်က မြေပြင်ပေါ်မှ ကုန်းရုန်းထ၍ ဟူချင်းစုန့်၏လက်မောင်းကို ဆွဲကိုင်လိုက်သည်။ သူ အလောတကြီး ပြော၏။ “အာမကျယ်နဲ့ ဟူကြီး။ ပြီးတော့ အစ်ကိုကြီး ကျွန်တော်တို့ မှားပါတယ်။ အဲ့ဒီခေါင်းလောင်းတွေက အစ်ကိုကြီးပိုင်မှန်း မသိလို့ပါ။ ဒါပေမဲ့ ယွမ် ၁၀၀,၀၀၀ က ကျွန်တော်တို့အတွက် များလွန်းလို့ပါ။ ကျွန်တော်တို့မပြောနဲ့။ ကျွန်တော်တို့မိသားစုတောင် မတတ်နိုင်ပါဘူး။ ဒါကိုမြင်လားဗျ။ ကျွန်တော့်မှာ ယွမ် ၅၀,၀၀၀ ရှိပါတယ်။ ချက်ချင်း ဖုန်းခေါ်ပြီးတော့ ကျန်တဲ့ ၅၀,၀၀၀ ကို လာပေးပါ့မယ်”

“ဟေ့ ယွဲ့ခိုင်။ မင်းက ဘာလို့ ဒီအမှိုက်ကောင်တွေကို ရိုကျိုးနေရတာလဲ” ဟူချင်းစုန့်က မာန်မဲ၏။ “သူတို့က ငါ့ကို အရင်လာစတာ။ ဒါတောင် မင်းက ပြန်ပေးဖို့ ငါ့ကို အဖော်ထည့်လိုက်သေးတယ်”

“မင်း ပြောလို့၀ပြီလား” ယွဲ့ခိုင်က ဒေါတသကြီးအော်၍ စကားဖြတ်ပြော၏။ “ယောက်ျားတစ်ယောက်က ကိုယ့်အတွက် အလေးမသာတဲ့အချိန်မှာ မတိုက်သင့်မှန်းသိရတယ်ကွ။ မင်း နားမလည်ဘူးလား။ သူတို့က လူနည်းပေမယ့် တိုက်ခိုက်နိုင်ကြတယ်။ မင်း သူတို့ကို အနိုင်တိုက်နိုင်တယ်ဆိုလည်း အထင်ကြီး‌အောင် လုပ်ပြလေ။ မလုပ်ပြနိုင်ရင်လည်း ပါးစပ်ပိတ်ထားလိုက်”

“ငါ...” ဟူချင်းစုန့်က ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သော်လည်း တစ်ဖက်သို့ မျက်နှာလွှဲလိုက်လေသည်။

သူသည် ရန်ပွဲအတော်များများတွင် ပါ၀င်ဖူးပြီး လူရမ်းကားအချို့ကို အသာလေး အလဲသိပ်နိုင်ပေသည်။ သို့သော် ဤတစ်ခါတွင်တော့ သံမဏိပြားကို ထိုးနေရသကဲ့သို့ပင်။ သူတို့၏၀တ်ပုံစားပုံက ထူးဆန်းသော်လည်း ထိုးနှက်ကန်ကျောက်ရာ၌ အတော်လေး ကျွမ်းကျင်လှပေသည်။ နောက်ဆုံးအနေဖြင့် အားလုံးကို တစ်ယောက်တည်း တိုက်ခိုက်ရပါက တစ်ယောက်ချင်းစီကို အလဲထိုးနိုင်မည်ဟု ယုံကြည်ချက်မရှိချေ။

ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒဏ်ရာများကို ကြိတ်မှိတ်ခံရင်း ယွဲ့ခိုင်က ဖုန်းကို ထုတ်လိုက်သည်။ ထို့နောက် သူက တခဏ စဉ်းစားပြီးနောက် ရင်းနှီးနေသာ ဖုန်နံပါတ်တစ်ခုအား ခေါ်လိုက်လေသည်။

တူ...တူ...တူ

ဖုန်းသံကြားလိုက်ရပြီး ထိုအသံကို အနီးတစ်ဝိုက်မှ ကြားလိုက်ရသဖြင့် ယွဲ့ခိုင်မှာ ကြောင်အသွား၏။ သူသည် တိုက်ဆိုင်မှုဟုသာ ထင်မှတ်၍ ဖုန်းသံလာရာသို့ လှည့်ကြည့်လိုက်လေသည်။ သူ၏ယောင်ကိုင်း‌နေသော မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာက နေရာယူသွား၏။

“ထန်...အစ်ကိုကြီးထန်” ယွဲ့ခိုင်မှာ ကိုယ့်မျက်လုံးကိုယါ မယုံနိုင်သဖြင့် ပွတ်သပ်ကြည့်လိုက်မိ၏။

ထန်ရှုသည် လူအုပ်ထံမှ မီတာအနည်းငယ်တွင် ရပ်လျက် စီးကရက်သောက်နေလေသည်။ သူသည် ယွဲ့ခိုင်နှင့်ဟူချင်းစုန့်တို့ကို ခြိမ်းခြောက်သည့်စကားများကိုလည်း ကြားပြီးဖြစ်၏။ လူအားလုံး၏အာရုံများ သူ့အပေါ် ကျရောက်လာသည့်အချိန်တွင် ထန်ရှုက ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ့သူငယ်ချင်းနှစ်ယောက်၏မျက်နှာပေါ်ရှိ ဒဏ်ရာများက သူ့ကို ဒေါသထွက်စေသော်လည်း သူက အပြုံးမပျက်ချေ။

“မင်းတို့နှစ်ယောက် ပျော်နေတဲ့ပုံပဲ”

ရောက်လာသည့်လူမှာ အမှန်တကယ် ထန်ရှုဖြစ်ကြောင်း အတည်ပြုပြီးနောက် ယွဲ့ခိုင်က ပျော်ရွှင်၀မ်းမြောက်စွာ အော်ဟစ်လိုက်လေသည်။ “သူဌေးထန် ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ”

“မင်းတို့ရောက်နေသေးတာပဲ။ ငါရော လာလို့မရဘူးလား” ထန်ရှုက ဖြေ၏။ “ဒါနဲ့ မင်းတို့ ဘာဖြစ်ကြတာလဲ။ ဒီမှာ လာပျော်တာလား ဒါမှမဟုတ် ပြန်ပေးဆွဲခံရတာလား”

ထိုအချိန်တွင် အမှန်တကယ် ထန်ရှုဖြစ်ကြောင်း သိလိုက်ရသည့် ဟူချင်းစုန့်မှာ အရှက်ရသွားမိ၏။ သူ့ကို ဝါးမြိုမည့် ယုန်တွင်းတစ်တွင်း ပေါ်လာရန်ပင် ဆုတောင်းနေမိလေသည်။ ထန်ရှု၏အမေးကြောင့် သူ၏နှုတ်ခမ်းသားများ တုန်ရီသွားသော်လည်း သူက ကျည်ဆန်ကို ကိုက်ရန် ဆုံးဖြတ်လိုက်၏။ “ငါတို့ ဒီကို အပျော်ခရီးထွက်လာတာ အစ်ကိုကြီးထန်။ ဒါပေမယ့် အခု ဒီခွေးသူတောင်းစားတွေက ငါတို့ကို ထောင်‌ချောက်ဆင်လိုက်တာပဲ”

“ဆိုတော့ ပြောပါဦး ဘယ်လိုများ ထောင်ချောက်ဆင်လိုက်တာလဲ” ထန်ရှုက ပြုံး၍ မေး၏။

‌ဆံပင်အနီရောင်နှင့်လူငယ်က သူ့လက်ထဲရှိ ဘေ့စ်ဘောရိုက်တံဖြင့် ထန်ရှုကို ရွယ်ကာ  မဲ့ပြုံးပြုံးလိုက်သည်။ “ဝိုး..အစ်ကိုကြီး..သူဌေးထန်ဆိုပါလား။ မင်းက ဒီကောင်နှစ်ယောက်ရဲ့အစ်ကိုကြီးလား။ မင်း ပိုက်ဆံလာပေးလားတာလား။အရိုက်ခံဖို့ လာတာလား”

***

All Chapters