အပိုင်း (၃၉၁)
Vol. 27 Ch. 391
“အရင်ကျွန်တော်လူသားမျိုးနွယ်ရဲ့
နယ်မြေထဲကို ဝင်ခဲ့တုံးက ဒီပုဂ္ဂိုလ်ရဲ့နမည်ကိုကျွန်တော် ကြားခဲ့တယ်..အရူးနတ်ဆိုးရှစ်ဖုန့်က ကျတ်တီးစွန့်ပစ်နယ်မြေနယ်စပ်က လူသားမျိုးနွယ်နိုင်ငံအချို့မှာ အကျော်ကြားဆုံးပုဂ္ဂိုလ်ပဲ..သူ့ကို
စော်ကားတဲ့သူမှန်သမျှဟာ ရှင်းလင်းခံရပြီးတော့ သူတို့ရဲ့မိသား
စုတွေရော နိုင်ငံတွေပါ သုတ်သင်ရှင်းလင်းခံရတယ်..လူသားမျိုးနွယ်မှာ ထျန်းတန့်အဘိုးအိုလို့ခေါ်တဲ့ ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူဟာလည်းသူ သတ်တာကိုခံခဲ့ရတယ်..”
ဤအချိန်တွင် အမှောင်နတ်သူငယ်ဘုရင်မ၏ နောက်တွင်ရှိနေသော အနက်ရောင်ဝတ်ရုံနှင့်လူက
အက်ရှရှအသံဖြင့် ပြောလိုက်သည်။
“ဒီလူက ကြယ်လေးပွင့်သူတော်စင်နယ်ပယ်ကိုတောင် သတ်နိုင်တာလား”
အနက်ရောင်ဝတ်ရုံနှင့်လူ စကားပြောပြီးသည့်နောက် သူ့ဘေးတွင်ရှိနေသော အရေးအကြောင်းများဖြင့် အကြီးအကဲက ရှစ်ဖုန့်အား စိုးရိမ်လေးနက်သော မျက်နှာထားဖြင့်ကြည့်လိုက်သည်။
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်သူက သူ့ရှေ့တွင်ရှိနေသော အက်ရှလေအား ပြောလိုက်သည်။
“အရှင်မ ကျွန်တော်တို့ အမှောင်နတ်သူငယ်မျိုးနွယ်စုအတွက်ဒီလူ သေကိုသေမှရမယ်..အကယ်၍
ကျွန်တော်တို့ရဲ့ စွမ်းအားအကုန်လုံးကို အသုံးပြုပြီးတော့ ဘိုးဘေးလက်နက်ကိုသာ ဖောက်ခွဲလိုက်ရင် ကျွန်တော်တို့တွေ ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ် တစ်ယောက်ရဲ့စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်လောက်တယ်”
“မရဘူး”
အနက်ရောင်ဝတ်ရုံနှင့်လူ ၏ စကားတို့အားကြားပြီးသည့်နောက် အရေးအကြောင်းများဖြင့်အကြီးအကဲက လျှင်မြန်စွာပြောလိုက်သည်။
“ဘိုးဘေးလက်နက်က ငါတို့ရဲ့ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့အရာတစ်ခုပဲ..
ဘယ်လိုလုပ်ပြီးတော့ ငါတို့တွေအဲ့တာကို ဖောက်ခွဲလို့ရမှာလဲ…အဲ့တာ
ထက်ပိုတာကဘိုးဘေးလက်နက်
ကိုအသက်သွင်းလိုက်တဲ့အခါ အဲ့တာက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမှန်သမျှကိုသတ်ပစ်နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုလည်း ရှေးကတည်းကရှိသေးတယ်”
“ရှေးခေတ်ဒဏ္ဍာရီတွေိဆိုတာက ကျွန်တော်တို့နဲ့ အလှမ်းဝေးလွန်းပါတယ်…အဲ့တာက အမှန်ဖြစ်သည်မဖြစ်သည် ဘယ်သူမှမြင်တွေ့နိုင်တာမဟုတ်ဖူး..ဒါပေမဲ့ ကျွန်တော်တို့ အခုရင်ဆိုင်နေရတာက လူသားမျိုးနွယ်စုက ကြယ်လေးပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူကိုတောင်သတ်ပစ်ခဲ့တဲ့ အရူးနတ်ဆိုးရှစ်ဖုန့်ပဲ..ဒီလူက အကြင်နာမဲ့ ရက်စက်တတ်တဲ့သူပဲ..အကယ်၍သူသာ မသေဆုံးခဲ့ရင်ကျွန်တော်တို့ အမှောင်နတ်သူငယ်မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရလိမ့်မယ်…”
အနက်ရောင်ဝတ်ရုံနှင့်လူက မရမကတောင်းဆိုနေသည်။
“တော်လောက်ပြီ နင်တို့ဘာမှထပ်ပြီးတော့ ပြောနေစရာမလိုတော့ဘူး”
အမှောင်နတ်သူငယ်ဘုရင်မက သူမ၏ လက်ကိုမြှောက်လိုက်ပြီး အငြင်းအခုန်ဖြစ်နေသောလူနှစ်ယောအား တားဆီးလိုက်သည်။ ရှေ့တွင်ရှိနေသောထိုလူအားကြည့်နေချိန်တွင်သူမ၏မျက်နှာကအေးစက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။သူမကပြောလိုက်သည်။
“ဒီလူက အန္တရာယ်သိပ်များတယ်လို့တော့ငါမထင်ပါဘူး . သူသေရမယ်…ကြယ်ခြောက်ပွင့်
သူတော်စင်နယ်ပယ်စွမ်းအားကသူ့ရဲ့အသက်ကိုယူဖို့လုံလောက်မှာပါ”
အက်ရှလေကသူမ၏ရွေးချယ်မှုကိုပြုလုပ်လိုက်သည်။ ထိုအချိန်၌ သူမနောက်ရှိ ငြင်းခုန်နေသော လူနှစ်ယောက်မှာရပ်တန့်သွားသည်။
ခရမ်းနက်ရောင်မျက်နှာထက်၌ အရေးကြောင်းများရှိနေသော လူတစ်ယောက်သာ သက်ပြင်းချလိုက်သည်။
“ဟူး..”
ထို့နောက်အက်ရှလေက အမိန့်တစ်ခုပေးလိုက်သည်။ သူမ၏အသံက အမှောင်နတ်သူငယ်မျိုးနွယ်စုအထက်ကောင်းကင်ထဲ၌ ရိုက်ခတ်ထွက်ပေါ်လာသည်။
“ငါအမိန့်ပေးတယ်..အားလုံးပဲ အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့
စွမ်းအားကိုစုစည်းကြ”
သူမအမိန့်ဆုံးသွားပြီးနောက် သူမလက်အတွင်းရှိ အနက်ရောင်အရိုးခေါင်းမှာ ပျံတက်သွားပြီး သူမ၏ခေါင်းထက်၌ လွင့်မျောနေသည်။ သူမနောက်ရှိထောင်ပေါင်းများစွာသော အမှောင်နတ်သူငယ်များမှာ သူတို့၏လက်ဖဝါးများအား အပေါ်သို့မြှောက်လိုက်ကြပြီး
နက်မှောင်သော အလင်းလှိုင်းများအား ဘိုးဘေးလက်နက်ထံသို့ပစ်လွှတ်လိုက်သည်။ ဘိုးဘေးလက်နက်ထံမှ စွမ်းအားကြီး အရှိန်အဝါတစ်ခုက ရုတ်ခြည်း မြင့်တက်လာသည်။ အနက်ရောင်အရိုးခေါင်းက ပြင်းထန်စွာတုန်ခါနေပြီး ကြမ်းကြုတ်သာ သားရဲတစ်ကောင်၏ အသံကိုခပ်ယဲ့ယဲ့ထုတ်လွှတ်နေသည်။
“ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု”
ရှစ်ဖုန့်က မြွေလူသားမျိုးနွယ်စု၏ တိုက်ပွဲစိတ်ဆန္ဒနှင့် သတ်ဖြတ်ခြင်းအရှိန်အဝါတို့အားစုစည်းခဲ့ပြီး ငရဲဘုံကိုးခု သတ်ဖြတ်ခြင်းအစီအရင်ထဲသို့ ပေါင်းစည်းခဲ့သည်။အမှောင်နတ်သူငယ်များ ငြင်းခုန်ဆွေးနွေးနေစဉ်တွင် ငရဲဘုံကိုးခု၏ အန္တိမ ပညာရပ်တစ်ခုဖြစ်သော “ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု” အား ထုတ်ဖော်ခဲ့သည်။
တောင်ငယ်လေးတစ်လုံးအရွယ်အစားရှိသော စတုရန်း ပုံစံအဖြူရောင်ဆီးလ်
တံဆိပ်တစ်ခုက အမှောင်နတ်သူငယ်သုံးယောက်၏ ဦးခေါင်းထက်တွင်ပေါ်လာသည်။ ၎င်းကတော်တော်လေး အေးစက်သော အရှိန်အဝါနှင့် တလက်လက်တောက်ပနေသော အဖြူရောင်အလင်းကိုထုတ်လွှတ်နေသည်။
ရှစ်ဖုန့်၏ ကျင့်ကြံမှုနယ်ပယ်က ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်။ ယခင်သူထုတ်ဖော်ခဲ့သော ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက ယခုငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုနှင့်နှိုင်းယှဉ်၍မရပေ။
ငရဲဘုံကိုးခု သတ်ဖြတ်ခြင်းအစီအရင်၏ ပေါင်းစည်းမှုအောက်တွင် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုမှာ အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါအား
ထုတ်လွှတ်နေဆဲဖြစ်သည်။
ထိုထက်ပိုသည်ကား ရှစ်ဖုန့်က ကောင်းကင်ဘုံကိုဆန့်ကျင်သော
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ရှစ်ဖုန့်၏ငရဲဘုံကိုးခု အမှောင်စွမ်းအင်တစ်ဝက်ကျော်နီး
ပါးစုပ်ယူခြင်းခံခဲ့ရသည်။ သိုင်းပညာရပ်တစ်ခုက စွမ်းအား
ပိုကြီးမားလေ ၎င်းအတွက်စွမ်းအင်များပိုမို၍
ကုန်ဆုံးရလေဖြစ်သည်။ယင်းအား သံသယဝင်နေစရာပင်မလိုအပ်ပေ။
အမှောင်နတ်သူငယ်မျိုးနွယ်စု၏ စွမ်းအားကြီးပုဂ္ဂိိုလ်သုံးယောက်မှာ
ကောင်းကင်ထဲရှိ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကိုအာရုံခံမိပြီးနောက် သူတို့၏အမူအယာများက ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားသည်။
“ဒီ…ဒီစွမ်းအားက.. ဒီလူက ကြယ်လေးပွင့် သူတော်စင်နယ်ပယ်တစ်ယောက်ကိုသတ်ပစ်နိုင်တာကို မအံ့ဩတော့ပါ ဘူး..”
အနက်ရောင်ဝတ်ရုံနှင့်ဖုံးကွယ်နေသော လူက ရုတ်တရက်အလန့်တကြား
အော်ပြောလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်လူက တိကျပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။
“အရှင်မ ဧကရီ.. ဒီလူကို
သတ်ပစ်ဖို့အတွက် မြန်မြန်လေး ဘိုးဘေးလက်နက်ကို ဖောက်ခွဲပစ်လိုက်ပါ.. အဲ့တာရဲ့စွမ်းအားကိုနိုးထစေဖို့နဲ့ သူ့ရဲ့တိုက်ခိုက်မှုကိုတားဆီးဖို့အတွက် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို အသုံးပြုဖို့ဆန္ဒရှိပါတယ်”
“တုန်လှုပ်ခြင်း”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ ကောင်းကင်ထဲတွင်ရှိနေသော ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက
ရုတ်တရက်ပြင်းထန်စွာ တုန်ခါသွားသည်။
အနက်ရောင်ဝတ်ရုံနှင့် အမှောင်နတ်သူငယ်က စကားပြောပြီးသည့်နောက် သူ၏လက်နှင့်ခြေတို့အား
ဆန့်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ရုတ်ခြည်းဆိုသလို ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုထံသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။ ရုတ်ခြည်း အနက်ရောင်ဝတ်ရုံနှင့်လူက ဝမ်းနည်းဖွယ်ကောင်းပြီး ရှေးကျသော မန္တရားတစ်ခုအားရွတ်ဆိုလိုက်သည်။
ဆန်းကြယ်ပြီး ရှေးကျသော နက်မှောင်သည့် အင်းစာလုံးတန်းများက နက်ရောင်ဝတ်ရုံလူ၏ပတ်လည်
တွင်ပေါ်လာပြီး သူ၏ ဝန်းကျင်၌ ကခုန်နေသည်။
“ဆောလ်တာ”
ဝန်းကျင်၌ အနက်ရောင်အင်းစာလုံးများဝန်းရံကာ အပေါ်သို့ထိုးတက်သွားသော အနက်ရောင်ဝတ်ရုံနှင့်လူအား
တွေ့လိုက်ရသောအခါတွင် မျက်နှာ၌ အရေးကြောင်းများဖြင့်ပြည့်နှက်နေသော အဘိုးအိုမှာ ဝမ်းနည်းကြေကွဲနေသောမျက်နှာဖြင့် အနက်ရောင်ဝတ်ရုံလူ၏နမည်ကို အော်ခေါ်လိုက်သည်။ျ
“မင်းအဲ့စွမ်းအားကိုအသက်သွင်းနေတာပဲ”
သူတို့နှစ်ဦးတွင်မတူညီသော အမြင်များရှိနေခဲ့ကြသောကြောင့် ငြင်းခုန်ခဲ့ကြသည်။ သိုသော် ခံစားချက်များနှင့်ပက်သက်လျှင်မူ သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကမ္ဘာပေါ်ရှိလူတိုင်းထက်ပို၍
ကောင်းမွန်စွာသိရှိနား
လည်နိုင်ကြသည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် တစ်ဖအေတစ်မအေတည်းမှ မွေးဖွားလာကြသော ညီအကိုများဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
“ဆောလ်တာ..ဆောလ်တာက အလကားသက်သက်သေ
သွားရတာမဟုတ်ဖူး.. သူက ငါတို့အမှောင်နတ်သူငယ်မျိုးနွယ်စု
အတွက်သေသွားခဲ့ရတာ.. အမှောင်နတ်သူငယ်မျိုးနွယ်စုအတွက် ဒီအချိန်မှာ ဒင်းသေချာပေါက်ကိုသေရမယ်”
အမှောင်နတ်သူငယ်ဘုရင်မဖြစ်သော အက်ရှလေ၏လှပသော မျက်နှာထက်တွင် သတ်ဖြတ်လိုခြင်းအာဃာတ စိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။ အမှောင်နတ်သူငယ်များ၏ စွမ်းအားအောက်တွင် သူမခေါင်းထက်ရှိ ဘိုးဘေးလက်နက်သားရဲအရိုးခေါင်းမှာ ပေါက်ကွဲလာတော့မည်သကဲ့သို့ ပို၍ပို၍ ပြင်းထန်စွာ တုန်ခါလာသည်။
“သေလိုက်စမ်း”
အက်ရှလေကသူမညာလက်အား ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး အကွာအဝေးတစ်ခုတွင်ရှိနေသော
ရှစ်ဖုန့်အား ထိုးညွှန်လိုက်သည်။
အက်ရှလေစကားပြောပြီးပြီးချင်း သူမခေါင်းထက်၌ လွင့်မျောနေသော ဘိုးဘေးလက်နက်မှာ နက်မှောင်သော အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းသွားပြီး ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်သွားသည်။ ၎င်းကပျံသန်းနေသကဲ့သို့ အားကောင်းသော အနက်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်ပြီး ရှည်လျားသော နက်ရောင်အစင်းကြောင်းတစ်ခုကို ၎င်း၏နောက်တွင်ချန်ရစ်ထားခဲ့သည်။ ၎င်းမှာ နက်မှောင်သော ဥက္ကာပျံတစ်ခုက ဟင်းလင်းပြင်ထဲတွင်ဖြတ်သန်းနေသကဲ့သို့ဖြစ်သည်။ ၎င်းဖြတ်သန်းသွားသောနေရာ တိုင်းတွင် တစ်ရှှဲရှဲမြည်နေသောအသံက အာကာအား အပိုင်းပိုင်းဆွဲဖြဲနေသကဲ့သို့ ထွက်ပေါ်လာပြီး အနက်ရောင် အက်ကွဲကြောင်းအဟများကိုချန်ရစ်ထားခဲ့သည်။ ထို့နောက်ချက် ချင်း အပိုင်းပိုင်းစုတ်ပြဲသွားသော အက်ကွဲကြောင်းများက
လျှင်မြန်စွာပြန်ပိတ်သွားသည်။
“ဟမ်”
တစ်ဟုန်ထိုးချဉ်းကပ်လာသော နက်မှောင်သည့်အလင်းတန်းကိုကြည့်ရင်း ၎င်း၌ပါဝင်သော စွမ်းအားကိုခံစားမိပြီး ရှစ်ဖုန့်၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုများ
ဖြင့်ပြည့်နှက်နေသည်။ အမှောင်နတ်သူငယ်မျိုးနွယ်စုက ဆန်းကြယ်သော နက်မှောင်သည့်အရိုးခေါင်းအား အသက်သွင်းကာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပစ်စေပြီး
သူ့အား သုတ်သင်ရင် ရန်လုပ်ဆောင်နေသည်။ သူထံသို့တစ်ဟုန်ထိုးပစ်ဝင်လာနေသော နက်မှောင်သည့်အလင်းထံမှ လွန်စွာအန္တရာယ်များသော
အရှိန်အဝါတစ်ခုကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ၎င်းကသူ့ထံသို့တစ်ဟုန်ထိုး
ချဉ်းကပ်လာနေသည်။
“သောက်ချီးပဲ..ဒီစွမ်းအားက ကြယ်ခြောက်ပွင့် သူတော်စင်နယ်ပယ်အဆင့်ကိုရောက်ရှိနေပြီ… ဒီဆန်ကုန်မြေလေးတွေက ဒီသခင်လေးရဲ့အသက်ကိုယူဖို့အတွက် တော်တော်လေးကို အားထုတ်ထားကြတာပဲ.. ဒါပေမဲ့ ဒီသခင်လေးရဲ့အသက်ကို ယူဖို့ဆိုတာက အရမ်းကိုလွယ်ကူနေတဲ့အရာမဟုတ်ဖူး.. မင်းတို့ဆန်ကုန်မြေလေးတွေကိုဒီသခင်လေး ဘယ်လိုတားပြမလဲဆိုတာကို ကြည့်ထားလိုက်..”
ရှစ်ဖုန့်က အသံတိုးဖြင့် အော်ပြောလိုက်ပြီး သူ၏ကိုယ်ပေါ်တွင်ရှိနေသောသွေး
နီရောင်ချပ်ဝတ်က မှ နောက်တစ်ကြိမ်ထပ်မံ၍ သွေးနီရောင်အလင်းတို့ကိုထုတ်လွှတ်ကာ ရှေ့မှတစ်ဟုန်ထိုး တိုးဝင်လာနေသော နက်မှောင်သည့်အလင်းထံသို့တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ တတိယနတ်ဆိုးမျက်လုံးမှ တလိပ်လိပ်ထနေသော အနက်ရောင်မြူတို့ကိုထုတ်လွှတ်ပြီး သူ၏ကိုယ်မှလည်း သွေးနီရောင်မီးတောက်များကိုထုတ်လွှတ်ကာ များပြားလှသောစွမ်းအင်များဖြင့် နက်မှောင်သောအလင်းတန်းအား အတူတကွပေါင်းစည်းရင်ဆိုင်လိုက်သည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE