← Chapters

အပိုင်း(၃၉၂)

Vol. 27 Ch. 392

အပိုင်း(၃၉၂)

Vol. 27 Ch. 392

ရှစ်ဖုန့်က  အားကောင်းသော သွေးနီရောင်အလင်း၊ တလိပ်လိပ်ထနေသော  တိုက်စားခြင်း အနက်ရောင်နတ်ဆိုးမြူတို့နှင့် ပြင်းထန်စွာတောက်လောင်နေသော  သွေးနီးရောင်မီးတို့အား ထုတ်လွှတ်ခဲ့ရုံသာမကဘဲ သူ၏ ညာဘက်လက်သန်းကိုလည်း လှုပ်ရှားလိုက်သည်။ ရုတ်တရက်  ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ဟိန်းဟောက်သောအသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ မြည်ဟည်းထွက်ပေါ်လာသည်။

ခရမ်းရောင်နဂါးတစ်ကောင်ကဲ့သို့

ကြီးမားသည့် ခရမ်းရောင်မြွေကြီး

တစ်ကောင်က ဟင်းလင်းပြင်ထဲတွင်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရစ်ဝဲနေသည်။တောင်ငယ်လေးတစ်လုံးကဲ့သို့သော ၎င်း၏ ကြီးမားသော ဦးခေါင်းကြီးက  ရှစ်ဖုန့်၏ရှေ့တွင်ပိတ်ကာဆီးထားသည်။

“ဒါက…..”

“ဒါက….”

ကျိလီမြွေနတ်ဘုရား၏ ကိုယ်ပွားဖြစ်သော ခရမ်းရောင်မြွေခန္ဓာပေါ်လာလာချင်းတွင်  မြွေလူသားများ၏ မျက်နှာထက်၌ ရုတ်တရက်အံ့အားသင့်မှုတို့ဖြစ်ပေါ်နေသည်။ သူတို့က အထိတ်တလန့်အော်ပြောလိုက်ကြသည်။

“ဒါက ငါတို့ ကျိလီမြွေနတ်ဘုရားရဲ့ကိုယ်ပွား  ခရမ်းရောင်မြွေခန္ဓာပဲ”

“ဒါပေမဲ့..ခရမ်းရောင်မြွေခန္ဓာက   မင်းသမီးဇီယာရဲ့ကိုယ်ထဲမှာ ဆီးလ်ခတ်ခံထားရတာမဟုတ်ဖူးလား… ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာမှာပေါ်လာရတာလဲ”

အချို့သောမြွေလူသားများကပြောလိုက်ပြီး   အနက်ရောင်ပျံသန်းရေးနတ်ဆိုး

သားရဲဖြစ်သော အတောင်ပံတစ်စုံနှင့် သဲကင်းမြှီးကောက်ကျောပေါ်၌ စီးနင်းနေသည့် မင်းသမီးဇီယာအား မရည်ရွယ်ပါဘဲကြည့်မိလိုက်ကြသည်။ ဇီယာမှာအနက်ရောင်တောင်ပံတစ်စုံပါ  သဲကင်းမြှီးကောက်ပေါ်တွင်စီး

နင်းနေဆဲဖြစ်သည်။

“ငါသိပြီ…ဒီလိုပဲဖြစ်ရမယ်..ဒီလိုပဲဖြစ်ရမယ်ကွ”

မြွေလူသားတစ်ယောက်က သဘောပေါက်သွားသည့်ပုံစံဖြင့်အော်ပြောလိုက်သည်။

“အရှင်ရှစ်ဖုန့်က ငါတို့ကြီးမြတ်တဲ့ မြွေနတ်ဘုရားရဲ့တမာန်တော်ပဲ.. မင်းသမီးဇီယာကိုယ်ထဲက   ခရမ်းရောင်မြွေခန္ဓာကို ဆင့်ခေါ်ဖို့အတွက် သူလျှို့ဝှက်ပညာရပ်အချို့ကိုအ

သုံးပြုခဲ့တာဖြစ်ရမယ်.. အရှင်တမာန်တော်ရဲ့ကြီးမားတဲ့စွမ်းအားနဲ့ဆိုရင် သူမလုပ်နိုင်တာဘာမှမရှိဘူး.. စွမ်းအားကြီးတဲ့ အမှောင်နတ်သူငယ်တွေတောင်မှ  အရှင်တမာန်တော်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိကြဘူး”

“ဟုတ်တယ်..အမှန်ပဲ အဲ့လိုပဲဖြစ်ရမယ်.. ဒါက အရှင်တမာန်တော်ပဲ.. ကြီးမြတ်တဲ့မြွေနတ်ဘုရားရဲ့

တမာန်တော်တစ်ယောက်ပဲ”

……………………………………….

သိပ်မဝေးလှသောဟင်းလင်းပြင်ထဲ၌ ရစ်ဝဲနေသော ခရမ်းရောင်မြွေခန္ဓာအားကြည့်ရင်း မြွေလူသားများမှာစိတ်လှုပ်ရှားနေကြသည်။ သူ့ထံသို့ပစ်လွှတ်လိုက်သော နက်မှောင်သည့်အလင်းတန်း

အားတားဆီးရန်အတွက်  ရှစ်ဖုန့်အနေဖြင့် ပညာရပ်များကို တစ်ခုပြီးတစ်ခု  အသုံးပြုနေကဲ့သို့ အဖြူရောင်အလင်းများကလည်း အဆက်မပြတ်ဖြစ်ပေါ်နေသည်။

ထို့နောက်ငရဲဘုံကိုးခု အဖြူရောင်တစ္ဆေလက်သည်းကြီးက   ရှစ်ဖုန့်ရှေ့တွင်ပေါ်လာသည်။အဖြူရောင်ရှိပြီး  တွန့်လိမ်သောအင်းစာလုံးတို့က  ရှစ်ဖုန့်၏ခန္ဓာကိုယ်ပတ်လည်တွင် ရစ်ပတ်နေသည်။ ဤအချိန်တွင်ရှစ်ဖုန့်အနေဖြင့်  ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအပေါ်၌  အာရုံစိုက်နေရန်အချိန်မရှိပေ။

၎င်းအားဖော်ပြရန်ရှုပ်ထွေးလွန်းသော်လည်း  ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား  ရှစ်ဖုန့်ထုတ်ဖော်သည့်အချိန်မှစတင်၍ ယခုအချိန်အထိ  ဖြစ်ပျက်နေသောအရာအားလုံးက စက္ကန့်ပိုင်းစာသာကြာမြင့်သည်ဖြစ်သည်။

ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု၏အောက်တွင် အနက်ရောင်ဝတ်ရုံနှင့်ဆောလ်တာမှာ သူ၏ပတ်လည်၌ အနက်ရောင်အင်းစာလုံးတို့ ရစ်ပတ်လွှမ်းခြုံနေသည်။ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုနှင့်မထိခင်

သူ့ကိုယ်ပေါ်ရှိ အနက်ရောင်ဝတ်ရုံမှာ ပေါက်ကွဲစုတ်ပြတ်သွားပြီး  ဝတ်ရုံအောက်မှ သူ၏ခန္ဓာကိုယ်ထွက်ပေါ်လာသည်။

ဆောလ်တာ၏  အသားအရေမှာ ခရမ်းနက်ရောင်ဖြစ်ပြီး  အခြားအမှောင်နတ်သူငယ်များကဲ့သို့ဖြစ်သော်လည်း  သူ၏ ခရမ်းနက်ရောင်ဦးခေါင်းကတော့  သားရဲရိုင်းတစ်ကောင်ကဲ့သို့ကြမ်းကြုတ်ခက်ထန်လွန်းသည်ဖြစ်သည်။

ဆောလ်တာနှင့်  အမှောင်နတ်သူငယ်အကြီးအကဲဖြစ်သူ ဆောလ်ဂါတို့မှာ တစ်ဖအေတစ်မအေတည်းမှ သွေးသားတော်စပ်သောညီ

အကိုများဖြစ်ကြသည်မှာတော့ သံသယဝင်စရာမရှိပေ။    ဆောလ်တာအား မွေးဖွားသောအချိန်တွင်  အမှောင်နတ်သူငယ်များအားသူမျိုးဆက်သွေးအား အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့သော် အမှောင်နတ်သူငယ်များအနေဖြင့် ဆောလ်တာအဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည်အား မသိရှိကြချေ။  ဆောလ်တာက  ဆန်းကြယ်ပြီး စွမ်းအားကြီးမားသော အမှောင်စွမ်းအင်တစ်ခုဖြင့်မွေး

ဖွားလာခဲ့ခြင်းဖြစ်လေသည်။

ဤအခိုက်အတန့်တွင် ဆောလ်တာဝန်းကျင်ရှိနက်မှောင်သောအင်းစာလုံးများက  သူမွေးဖွားစဉ်က ပါလာခဲ့သော ဆန်းကြီးပြီးစွမ်းအားကြီးမားသည့်  အမှောင်စွမ်းအင်များဖြစ်သည်။ဤအမှောင်စွမ်းအင်များအားသယ်ဆောင်ပြီး  ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သူ ဆောလ်တာမှာ  သူ၏ကိုယ်အားရှေသို့တစ်ဟုန်

ထိုးဦးတည်လိုက်သည်။ သူ၏ကိုယ်အတွင်းရှိအမှောင်စွမ်းအင်အဆီအနှစ်တို့အား လောင်ကျွမ်းစေပြီး  သူ၏လက်နှင့်ခြေတို့အား ပြန်းကားစွာထားလျက်   ကောင်းကင်ထဲမှ ကျဆင်းလာသော  ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား  အပြင်းအထန်သူ၏ကိုယ်ဖြင့်ရင်ဆိုင်ပစ်ဆောင့်ပစ်လိုက်သည်။

“ဝုန်း”

ပြင်းထန်သောပေါက်ကွဲသံတစ်ခုကပဲ့တင်ထွက်ပေါ်လာသည်။ ဆောလ်တာ၏ ခန္ဓာကိုယ်မှာ စွမ်းအားကြီး ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု၏အောက်တွင်  ရုတ်ခြည်းပေါက်ကွဲသွားသည်။ သိုသော်သူ၏ကိုယ်၌ ဝန်းရံနေခဲ့သော   အမှောင်စွမ်းအင်များက   ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခု၏အောက်၌  ဆိုင်းငံ့ရပ်တည်နေဆဲဖြစ်သည်။

ဆောလ်တာ၏ ခရမ်းနက်ရောင်သွေးတို့  ဖြန်းပက်စွန်းထင်းမှုအောက်တွင်  ၎င်းတို့မှာလောင်ကျွမ်းသွားပုံရပြီး  နက်မှောင်သော မီးတောက်အင်းစာလုံးများ

အဖြစ်သို့ပြောင်းလဲသွားကာ  ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုထံသို့ပြင်း

ထန်စွာဖြင့်လောင်ကျွမ်းသွားစေ၏။

“ဆောလ်တာ”

အောက်တွင်ရှိနေသော ဆောလ်ဂါက  သူ၏ညီဖြစ်သူအား  ဝမ်းနည်းပူဆွေးသောအမူအ

ယာဖြင့်ကြည့်နေခဲ့သည်။ ဤဧရာမအဖြူရောင်ဆီးလ်ကြီး

အားတားဆီးရန်တွက် ဆောလ်တာ၏ကိုယ်ပေါက်ကွဲသွားခြင်းကိုသာသူကြည့်နေနိုင်သည်ဖြစ်သည်။

ဤအခိုက်အတန့်တွင်  စွမ်းအားကြီး စွမ်းအင်၊သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် လွန်စွာအေးစက်သောအရှိန်အဝါတို့ကိုထုတ်လွှတ်နေသည့် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုမှာ  တောက်လောင်နေသော နက်မှောင်သည့်မီးတောက်အင်း

စာလုံးများအောက်၌  ရုတ်ခြည်းပြိုကွဲသွားသည်။  မျက်စိတစ်မှိတ်အတွင်း   များပြားလှသောအက်ကွဲကြောင်း

များပေါ်လာသည်။  ဆောလ်တာ၏ကိုယ့်ကိုယ်ကိုယ်စတေးသော တိုက်ခိုက်မှုက  ရှစ်ဖုန့် ၏ကောင်းကင်ဘုံကိုဖီဆန်သော  သိုင်းပညာရပ်ဖြစ်သည့် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား   တားဆီးနိုင်ခဲ့သည့်ပုံပေါ်သည်။

အခြားတစ်ဖက်ခြမ်းတွင် ဘိုးဘေး

လက်နက်က   နက်မှောင်သောအလင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ၎င်းကရှစ်ဖုန့်၏ခုခံကာကွယ်မှု

တို့နှင့်ထိတွေ့သောအခါတွင်  အလွန်ကျယ်လောင်သောနား

ကွဲလုမတတ်အသံဖြင့်ပေါက်ကွဲသွားသည်။

ရုတ်ခြည်းဆိုသလို  ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်ရောက်ရှိလာသကဲ့သို့ ကမ္ဘာတစ်ခုလုံး  ထပ်မံ၍ လှုပ်ခါသွားသည်။ ပြင်းထန်စွာတောက်လောင်နေသော  အနက်ရောင်မီးတောက်များကြောင့် ကမ္ဘာတစ်ခုလုံး၏ အရောင်အသွေးမှာပြောင်းလဲသွားသည်။ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော ကြမ်းတမ်းပြီးပြင်းထန်သည့် နက်မှောင်သည့်အနက်ရောင်စွမ်းအင်များက ဦးတည်ချက်ပေါင်းစုံသို့ အရူးအမူးပျံ့နှံ့ထွက်သွားပြီး အရာအားလုံးအားဝါးမျိုသွားသည်။

ရှစ်ဖုန့်ပြင်ဆင်ထားခဲ့သော ခုခံမှုအလွှာများဖြစ်သည့် အားကောင်းသော စွမ်းအင်များ၊ သွေးနီရောင်အလင်း၊ တလိပ်လိပ်ထနေသော အနက်ရောင်မြူခိုးများနှင့် ခရမ်းရောင်မြွေခန္ဓာတို့အားလုံးမှာလည်း ပြင်းထန်သော နက်မှောင်သည့်စွမ်းအင်တို့၏ ရုတ်ခြည်းဝါးမျိုမှုကိုခံလိုက်ရသည်။ ရှစ်ဖုန်၏တစ်ကိုယ်လုံးပင်   ပြင်းထန်သော အမှောင်စွမ်းအင်တို့အောက်၌ ဝါးမျိုခြင်းကိုခံလိုက်ရသည်။

ဧရိယာတစ်ခုလုံး အမှောင်အထုအဖြစ်သို့ကျဆင်းသွားသည်။ ယင်းမှာ အရာအားလုံးက  အနက်ရောင်စွမ်းအင်တို့နှင့်သက်

ဆိုင်မှုမရှိသကဲ့သို့ဖြစ်ပြီး   အမှောင်ထု၏လုံးဝါးမျိုခြင်းကိုခံ

လိုက်ရသကဲ့သို့သာဖြစ်သည်။

အမှောင်နတ်သူငယ်မျိုးနွယ်စု၏   ဘိုးဘေးလက်နက်ပေါက်ကွဲမှုစွမ်းအားက ကြယ်ခြောက်ပွင့် သူတော်စင်နယ်ပယ်ကျွမ်း

ကျင်သူတစ်ယောက်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုနှင့်ညီမျှသည်ဖြစ်သည်။ ၎င်းမှာကြောက်ရွံ့ထိတ်

လန့်ဖွယ်ကောင်းပြီး ဖျက်ဆီးခြင်းစွမ်းအားပင်ဖြစ်သည်။

“သောက်လူသား..  ငါတို့ အမှောင်နတ်သူငယ်မျိုးနွယ်စုနဲ့

များရန်သူလာဖြစ်ရဲတယ်တဲ့လား.. ဒါကနင့်ရဲ့ကံတရားပဲ”

အမှောင်နတ်သူငယ်မျိုးနွယ်စု၏ ဘုရင်မ အက်ရှလေက  မုန်းတီးမှုအပြည့်ဖြင့်  အကွာအဝေးတစ်ခုရှိ  အမှောင်စွမ်းအင်တို့ဝါးမျိုသွားသောဧရိယာအားအေးစက်စွာကြည့်လိုက်ပြီးပြောလိုက်သည်။

“ဆောလ်တာ..မင်းအခု ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီကွာ.. မင်းက အမှောင်နတ်သူငယ်မျိုးနွယ်စု အနာဂတ်အတွက်မင်းကိုယ်မင်း

စွန့်လွှတ်စတေးခဲ့တယ်.. လာမဲ့မျိုးဆက်တိုင်းမှာမင်း

ကိုအမှောင်နတ်သူငယ်မျိုးနွယ်စုက အောင့်မေ့အမှတ်ရနေမယ်လို့ငါယုံကြည်တယ်… မင်းရဲသေခြင်းတရားကို အမှောင်နတ်သူငယ်မျိုးဆက်တိုင်းကို ထာဝရလက်ဆင့်ကမ်းသွားလိမ့်မယ်”

ခရမ်းနက်ရောင်မျက်နှာထက်တွင် အရေးအကြောင်းများဖြင်ပြည့်နှက်နေသော အကြီးအကဲဆောလ်ဂါက   သူ့ရှေ့တွင်ရှိနေသော ဧရိယာအားကြည့်ရင်းသူဖာသာ

သူတီးတိုးရေရွတ်ပြောဆိုလိုက်သည်။ သူ၏စိတ်ထဲတွင်ဆောလ်တာ

နှင့်အတိတ်တုံးက ပုံရိပ်များက ပြန်ပြောင်းပေါ်လာသည်။ ဤညီငယ်လေးက သူငယ်စဉ်ကလေးဘဝကတည်က ကြမ်းတမ်းသောဘဝတစ်ခုကို

သာရရှိခဲ့သူဖြစ်သည်။

“အရှင်တမာန်တော်”

မြွေလူသားများမှာ  ပြင်းထန်သောအမှောင်စွမ်းအင်များလွှမ်းခြုံနေသည့်စစ်မြေပြင်အား  ကြက်သေသေစွာကြည့်နေမိကြသည်။ အရှင်တမာန်တော်အနေဖြင့် ဤကဲ့သို့ပြင်းထန်သော အမှောင်စွမ်းအင်တို့၏အောက်၌ ရှင်သန်နိုင်စွမ်းရှိနိုင်ပါမည်လော။

“အကိုရှစ်ဖုန့်”

ဇီယာမှာ စိုးရိမ်ပူပန်စွာဖြင့်သူမ၏ရှေ့သို့ကြည့်နေသည်။

ဤအချိန်တွင် မြွေလူသားမျိုးနွယ်စု၏ နတ်ဆရာမကြီးခါလဲ့က ဇီယာဘေးသို့လာကာသက်ပြင်းချလိုက်သည်။

“ဒီလိုမျိုး ပြင်းထန်တဲ့အမှောင်စွမ်းအင်တွေအောက်မှာအရှင်ရှစ်ဖုန့် စိုးရိမ်ဖွယ်အန္တရာယ်ကျရောက်မှာ

ကိုငါကြောက်မိတယ်.. ဟူး…”

“မဟုတ်ဖူး..အကိုရှစ်ဖုန့် အဆင်ပြေလိမ့်မယ်..သမီးသူ့ကိုယုံတယ်”

နတ်ဆရာမကြီးခါလဲ့၏စကား

တို့အားကြားပြီးသည့်နောက် ဇီယာ၏ စိုးရိမ်ပူသောမျက်နှာထားမှ ပြတ်သားခိုင်မာသော မျက်နှာထားတို့ဖြစ်လာသည်။

“အဲ့လိုပဲမျှော်လင့်ရမှာပေါ့လေ”

ခါလဲ့သက်ပြင်းချလိုက်သည်။ သူမရှစ်ဖုန့်အား အမှန်တကယ်ကိုစိုးရိမ်နေခြင်းဖြစ်သည်။ အကယ်၍ရှစ်ဖုန့်သာတကယ်သေ

ဆုံးသွားခဲ့လျှင်   မြွေလူသားမျိုးနွယ်စုတစ်ခုလုံး ကပ်ဘေးဒုက္ခတစ်ခုအား ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

အမှောင်နတ်သူငယ်များက မြွေလူသားများအားမည်ကဲ့သို့

လွှတ်ပေးနိုင်ပါမည်နည်း။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters