← Chapters

အပိုင်း(၃၉၃)

Vol. 27 Ch. 393

အပိုင်း(၃၉၃)

Vol. 27 Ch. 393

ကြယ်ခြောက်ပွင့်သူတော်စင်နယ်

ပယ်တစ်ဦး၏စွမ်းအားအပြည့်

တိုက်ခိုက်မှုနှင့်ညီမျှသော ပြင်းထန်သည့်  နက်မှောင်သောစွမ်းအင်တို့က  ဧရိယာတစ်ခုလုံးအား ဝါးမျိုထားသည်။

၎င်းကလျှင်မြန်စွာရောက်လာခဲ့ပြီး ဖြည်းညှင်းစွာပြန်ထွက်ခွာနေသည်။ မြွေလူသားမျိုးနွယ်စုနှင့် အမှောင်နတ်သူငယ်မျိုးနွယ်စုတို့မှာ စစ်သည်များမှာ အလယ်ဗဟိုတွင်ရှိနေသော  ပြင်းထန်သည့်အမှောင်စွမ်းအင်များထံသို့   စိုးရိမ်လေးနက်သော မျက်နှာထားတို့ဖြင့်ကြည့်နေကြသည်။  ဤစွမ်းအင်တို့က  မျိုးနွယ်စုနှစ်ခုတို့၏ ကံတရားအားအဆုံးအဖြတ်

ပေးမည့်အရာပင်ဖြစ်သည်။

အကယ်၍ ဤပုဂ္ဂိုလ်သေဆုံးခဲ့လျှင် အမှောင်နတ်သူငယ်မျိုးနွယ်စုရှင်သန်မည်ဖြစ်ပြီး မြွေလူသားမျိုးနွယ်စု သေဆုံးရလိမ့်မည်ဖြစ်သည်။  အကယ်၍   ဤပုဂ္ဂိုလ်အသက်ရှင်ခဲ့လျှင်   မြွေလူသားမျိုးနွယ်စုရှင်သန်ပြီး အမှောင်နတ်သူငယ်မျိုးနွယ်စုက သေဆုံးရလိမ့်မည်ဖြစ်သည်။

လူတစ်ယောက်က မရည်ရွယ်ပါဘဲ  မျိုးနွယ်စုနှစ်ခုတို့၏ကံတရား၌ ပါဝင်ပက်သက်နေခဲ့သည်။

အချိန်အချို့ကြာပြီးသည့်နောက် အလယ်ဗဟိုဧရိယာတွင်ရှိနေသော ကြမ်းတမ်းသည့် အမှောင်စွမ်းအင်များနှင့် တလက်လက်တောက်ပနေသောအနက်ရောင်အလင်းတို့မှာ   နောက်ဆုံး၌ ဖြည်းဖြည်းချင်းပျောက်ကွယ်လာသည်။ ဤအခိုက်အတန့်တွင်  စစ်မြေပြင်တွင်ရှိနေကြသောလူတိုင်းမှာ   ထိုဦးတည်ချက်ဘက်သို့  မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြသည်။ အမှောင်နတ်သူငယ်မျိုးနွယ်စုဝင်များက  အမှောင်နတ်ဆိုးနတ်ဘုရားထံတွင်  ထိုလူအနေဖြင့် ပြာအဖြစ်သို့ပြောင်းလဲသွားပြီး  ဘယ်သောအခါမှထပ်မံ၍ ပေါ်မလာစေရန် တိတ်တဆိတ်ဆုတောင်းနေကြသည်။

မြွေလူသားများကလည်း ကြီးမြတ်သော မြွေနတ်ဘုရားထံတွင်   သူတို့၏အရှင်တမာန်တော်တစ်

ယောက်လုံခြုံဘေးကင်းမှုရှိစေရန် ဆုတောင်းနေကြသည်။ ပြင်းထန်သော အမှောင်စွမ်းအင်များပျောက်ကွယ်

သွားသောအခါတွင်  သူ့အနေဖြင့်ဟင်းလင်းပြင်ထဲ၌  ဝင့်ကြွားစွာရပ်နေရန်မျှော်လင့်နေကြသည်။

အချိန်များဖြည်းညှင်းစွာဖြင့်ကုန်ဆုံးသွားသည်။ထို့နောက်တွင် မြွေလူသားများနှင့် အမှောင်နတ်သူငယ်မျိုးနွယ်စုတို့၏  အမူအယာများက ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွား၏။

“အ…အရှင်တမာန်တော်…ငါတို့ရဲ့ အရှင်တမာန်တော်..”

မြွေလူသားတစ်ယောက်က  အလန့်တကြား  အော်ပြောလိုက်သည်။ ထို့နောက်တွင်  မြွေလူသားများက  ပြန်လည်သက်ဝင်လှုပ်ရှားမှုနှင့် စိတ်လှုပ်ရှားသော  အမူအယာများကို  လှစ်ဟာပြလာသည်။

“အရှင်တမာန်တော် သက်တော်ရှည်လျားပါစေသော်”

“အရှင်တမာန်တော် သက်တော်ရှည်လျားပါစေသော်”

“အရှင်တမာန်တော် သက်တော်ရှည်လျားပါစေသော်”

“အရှင်တမာန်တော်က ကျော်လွှားလို့မရနိုင်တဲ့သူပဲ.. အမှောင်နတ်သူငယ်မျိုးနွယ်စု

တွေသေရလိမ့်မယ်”

“အမှောင်နတ်သူငယ်တွေကိုသတ်ကြ”

“အမှောင်နတ်သူငယ်တွေကိုသတ်ကြကွ..”

မြွေလူသားများက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။

“ဒီသောက်လူသား”

အခြားတစ်ဖက်တွင်ရှိနေသော အမှောင်နတ်သူငယ်များမှာတော့ ကွဲပြားသော အခြေအနေဖြစ်နေသည်။သူတို့အားလုံး အံကို တင်းတင်းကြိတ်ထားပြီး  အကွာအဝေးတစ်ခုတွင်ရှိနေသော ဟင်းလင်းပြင်သို့ မယုံကြည်နိုင်မှုများဖြင့်ကြည့်နေကြသည်။

“သောက်ချီးပဲ..ချီးပဲကွာ.. ဒီလူသားကအသက်ရှင်နေသေးတယ်… ဘာလို့သူအသက်ရှင်နေသေးတာလဲ..  ဘာလို့သူက မသေနိုင်ရတာလဲ”

အကွာအဝေးတစ်ခုတွင်ရှိနေသော အမှောင်စွမ်းအင်များ ဖြည်းဖြည်းချင်းပျောက်ကွယ်သွား

သောအခါတွင် ကမ္ဘာကြီးက  မှောင်မိုက်နေသေးသော်လည်း ဝိုးတိုးဝါးတားပုံရိပ်တစ်ခုက   မှုန်မှိုင်းသော  ကမ္ဘာတွင်  ပေါ်လာသည်။ ပြင်းထန်သောအမှောင်စွမ်းအင်

တို့၏အောက်တွင်  ပုံရိပ်က အပြည့်အဝရှင်းလင်းစွာပေါ်မလာ

သေးသော်လည်း   ဟင်းလင်းပြင်ထဲ၌ ရပ်နေဆဲဖြစ်သည်။

ဟုတ်ပါသည်။ ရှစ်ဖုန့်က ဟင်းလင်းပြင်ထဲတွင်ရပ်နေဆဲဖြစ်ပြီး ဝိုးတဝါးပုံရိပ်တစ်ခုကိုဖြစ်ပေါ်စေသည်။ သူ၏ လက်များက  ဆီးလ်သင်္ကေတစ်ခုကိုပုံဖော်ထားပြီး   ငရဲဘုံကိုးခု ဖျက်ဆီးမရသော ခန္ဓာကိုယ်ကို အသက်သွင်းထားသည်။

သို့သော်  ဝိုးတိုးဝါးတားဖြစ်နေသောပုံရိပ်က ရှင်းလင်းသည်ထက်ရှင်းလင်းလာသကဲ့သို့ ဤပုဂ္ဂိုလ်မှာလုံးဝဖျက်ဆီးခြင်းကို မခံလိုက်ရသော်လည်း  သွေးနီရောင်ချပ်ဝတ်အပြင်ဘက်ရှိ မြင်သောနေရာမှ အသားအရေတို့ကသွေးစွန်း

ရှုပ်ပွပျက်စီးနေသည်ကို အမှေင်နတ်သူငယ်မျိုးနွယ်စု

တို့မြင်တွေ့လိုက်ရသည်။သူ၏လက်များ ၊ လည်ပင်းနှင့် အထူးသဖြင်သူ၏မူလကချောမောပြီး  အေးစက်သောအပြုံးတစ်ခုရှိသည့်မျက်နှာမှာ  ပြင်းထန်သော အမှောင်စွမ်း

အင်တို့၏ အောက်၌ သွေးစွန်းစုတ်ပြတ်နေသည်။  သူအား မှတ်မိနိုင်ရန်ပင်ကျော်လွန်သော အနေအထားဖြစ်နေ၏။

အမှောင်နတ်သူငယ်မျိုးနွယ်စုများမှာ  သွေးနီရောင်မွန်းစတားတစ်ကောင်

နှင့်ရင်ဆိုင်ရသကဲ့သို့ဖြစ်နေ၏။

ဟုတ်ပေသည်။ အသွေးအသားတို့က စုတ်ပြဲနေသော်လည်း ဤမွန်းစတားကသူတို့အား ပြုံးပြနေသည်ကို သူတို့မြင်တွေ့ရနိုင်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား  သူကမူလစွမ်းအင်ဖြည့်တင်းဆေး

အများအပြားနှင့်  ကုသရေးဆေးလုံးများကိုသူ၏သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်ပြီး၎င်းတို့အားပါးစပ်အတွင်းသို့ပစ်သွင်းလိုက်သေးသည်။ယင်းမှာ သူ့အနေဖြင့်ပဲစေ့များကိုဝါးနေသကဲ့သို့ဖြစ်ပြီး   တကြွပ်ကြွပ်မြည်သောအသံကို

ပင်ကြားရနိုင်သည်ဖြစ်သည်။

“ဘိုးဘေးလက်နက် ပေါက်ကွဲပျက်စီးမှုရဲ့သက်ရောက်မှုအောက်မှာ နင်တိုက်ခိုက်နိုင်သေးတယ်ဆိုတာကို ငါမယုံဘူး.. “

အမှောင်နတ်သူငယ်ဘုရင်မ အက်ရှလေက  အော်ပြောလိုက်ပြီး   ရှစ်ဖုန့်ထံသို့ပစ်ဝင်သွားသည်။

ထို့နောက်ချက်ချင်း  အမှောင်နတ်သူငယ်အကြီးအကဲ ဆောလ်ဂါကလည်း အေးစက်စွာအော်ပြောလိုက်သည်။

“သတ်..”

သူ၏ပုံရိပ်ကလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော  မွန်းစတားထံသို့ မြင့်မားသော အမြန်နှုန်းဖြင့်  တစ်ဟုန်ထိုးဝင်ရောက်သွားသည်။

“သေစမ်း..ဒီလူသေချာပေါက်သေရမယ်..ဆောလ်တာက ငါတို့မျိုးနွယ်စုအတွက် ဒီလူရဲ့  တိုက်ခိုက်မှုကိုတားဆီးဖို့သေသွားရတာ..ဆောလ်တာ သေသွားတာ အချည်းအနှီးမဟုတ်ဖူး.. ဘိုးဘေးလက်နက်ဖျက်ဆီးခံရတာက ဘာမှမဟုတ်တာမဟုတ်ဖူး..ဒီလူသားသေရမယ်..သေစမ်းကွာ”

ဆောလ်ဂါမှာ လက်သီးတို့ကို တင်းကျပ်စွာဆုပ်ထားပြီး သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ယင်နေသည်။ သူကအံကိုတင်းတင်းကြိတ်ပြီး  သူ၏ ညာလက်သီးမှ အရိုးဖြူတောင်ဝှေးတစ်ခုပေါ်လာသည်။

ရှစ်ဖုန့်ကသူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော  ပုံရိပ်နှစ်ခုအား  စောင့်ကြည့်နေသည်။ သူ၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာက တစ်ကြိမ်ထပ်မံ၍ အကျဉ်းတန်ပြီး ချောက်ချားဖွယ်ကောင်းသောအပြုံးတစ်ခုကိုထပ်မံ၍လှစ်ဟာပြလာသည်။သူ

ကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

“ဒီသခင်လေးက ဒီလိုဒဏ်ရာရပြီး ဒီအခြေအနေဖြစ်နေတာနဲ့ပဲ  တည်ငြိမ်အေးဆေးတဲ့သူမဟုတ်တော့ပဲနဲ့ မီးစာကုန်နေရေခန်းဖြစ်နေတဲ့သူဖြစ်နေတယ်လို့သူထင်နေတာလား.. မင်းတို့လိုချင်နေတာကို ဒီသခင်လေးက လွယ်လွယ်လေးခွင့်ပြုမှာမဟုတ်ဖူး”

ရှစ်ဖုန့်မှာ ဤပမာဏအထိ ဒဏ်ရာရထားသော်လည်း ၎င်းမှာ အပေါ်ယံဒဏ်ရာများသာဖြစ်သည်။ အားကောင်းသော ကာယခန္ဓာကိုယ်နှင့်လူတစ်ယောက်အတွက်  ယင်းက အပေါ်ယံဒဏ်ရာထက်ဘာမှမပိုပေ။ ပြင်းထန်သော အမှောင်စွမ်းအင်အများစုအား သူဝတ်ဆင်ထားသော ဧကရာဇ်အဆင့် သွေးနီရောင်ချပ်ဝတ်ကစုပ်ယူခဲ့သည်။

ထို့ကြောင့်သူ့အနေဖြင့် အပေါ်ယံဒဏ်ရာ ကိုသာရခဲ့ပြီး အချက်အချာကြသော ဘာထိခိုက်မှုမှမရှိခဲ့ပေ။ထို့ကြောင့်ယင်းကသူ၏ တိုက်ခိုက်ရေးခွန်အားအပေါ်တွင်

သက်ရောင်ခြင်းလုံးဝရှိမနေပေ။

“တိုက်”

ရှစ်ဖုန့်က အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။ သူကသူ၏ သွေးနီရောင်ဓားအားရှေိ့သို့လွှဲယမ်းလိုက်ပြီး ကြီးမားသော  အဖြူရောင်လခြမ်းကွေး

သဏ္ဍန်ဓားစွမ်းအင်က  သွေးဓား၏ အောက်တွင်ပေါ်လာသည်။ ယင်းက သူ့ထံသို့  အပြင်းလာနေသော လူနှစ်ယောက်ထံသို့  ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်သည်။

“ဒီ…..ဒီစွမ်းအားက..  ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..သူကဘယ်လိုလုပ်ပြီးတော့ဒီအဆင့်မျိုး တိုက်ခိုက်ရေးခွန်အားကိုထိန်းထားနိုင်ပြီး ဒီလိုတိုက်ခိုက်မှုကို လုပ်နိုင်ရတာလဲ..”

ရှစ်ဖုန့်၏လခြမ်းကွေးသဏ္ဍန်ဓား

တိုက်ခိုက်မှုထုတ်ဖော်လိုက်သောအခိုက်အတန့်တွင်  အမှောင်နတ်သူငယ်ဘုရင်မ အက်ရှလေနှင့် အနက်ရောင်ဝတ်ရုံဝတ် လူအိုကြီးဆောလ်ဂါတို့မှာ  ပြင်းပြင်းထန်ထန်ကိုပြောင်းလဲမှု

တို့ဖြစ်သွားသည်။ အစက ဤလူသားမှာမီးစာကုန်နေသော

လူတစ်ယောက်ဟုသူတို့ထင်ခဲ့သော်လည်း  သူကတကယ်ကို  ဤကဲ့သို့သော တိုက်ခိုက်ရေးခွန်အားမျိုးကို  ပိုင်ဆိုင်နေသေးသည်။

“သူကတကယ်ကိုသက်ရှိသတ္တဝါဟုတ်ရဲ့လား..ဘာလို့ဒီလူက အရမ်းကိုကြမ်းတမ်းနေရတာလဲ”

“အမှောင်မြှား”

အမှောင်နတ်သူငယ်ဘုရင်မက သူမ၏ ညာလက်အားဆန့်ထုတ်လိုက်ပြီး သူမ၏လက်ဖဝါးမှ နက်မှောင်သောမြှားတစ်ချောင်း ပျံသန်းထွက်ပေါ်လာကာ  သူမထံသို့ ခုတ်ပိုင်းလာသော အဖြူရောင်ဓားချီထံသို့ ဝင်ရောက်သွားသည်။

“အမှောင်ဆင့်ခေါ်ခြင်း”

ဆောလ်ဂါက  သူ၏လက်ထဲရှိ အရိုးဖြူတောင်ဝှေးကိုမြှောလိုက်သည်။  သူပြောပြီးသည့်အခိုက်အတန့်တွင်   ကောင်းကင်ထဲ၌ မိုးချုန်းသံကြီးထွက်ပေါ်လာသည်။ သိပ်သည်းသော အနက်ရောင်လျှပ်စီးကြောင်းတစ်ခုက  ကောင်းကင်ထဲတွင်ပေါ်လာပြီး   ရှစ်ဖုန့်အား အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်သော ရည်ရွယ်ချက်တို့ဖြင့်ပစ်ချလာသည်။

“ဟမ့်”

အမှောင်စွမ်းအင် ကအပေါ်မှကျဆင်းလာသည်ကိုအာရုံခံမိသောအခါတွင်  ရှစ်ဖု့န်ကသူ၏ခေါင်းကိုပင်မော့မကြည့်ဘဲ အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။  သူ၏ဘယ်လက်အားဆုပ်လိုက်ပြီး  သိပ်သည်းသောအဖြူရောင်အလင်းတစ်ခုက လက်သီးတွင်တောက်ပလာကာ   အပေါ်သို့လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး  ကျဆင်းလာသော နက်မှောင်သည့်လျှပ်စီးကြောင်း

ထံသို့ပေါက်ကွဲဦးတည်ဝင်ရောက်သွားသည်။

“ဝုန်း”

ဘုရင်မ အက်ရှလေ၏ အမှောင်မြှားက  အဖြူရောင်လခြမ်းကွေးဓား ချီဖြင့်ပစ်ဆောင့်မိပြီးနှစ်ခုစလုံး  ပျက်ဆီးသွားသည်။

“ငရဲဘုံကိုးခု သတ်ဖြတ်ခြင်းအစီအရင်”

“ငရဲဘုံကိုးခု ခုတ်ပိုင်းချက်”

ရှစ်ဖုန့်မှာမြွေလူသားများထံမှ တိုက်ခိုက်ခြင်းစိတ်ဆန္ဒနှင့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့အား ထပ်မံ၍ စုစည်းလိုက်သည်။

ပြင်းထန်ပြီး စွမ်းအားကြီးမားသော  အမှောင်စွမ်းအင်အောက်၌  ရှစ်ဖုန့် ရှင်သန်နိုင်ခဲ့သည်ကို တွေ့ရသောအခါတွင်  မြွေလူသားများ၏ စိတ်အခြေအနေမှ အထွတ်အထိပ်သို့  ရောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ရှစ်ဖုန့်က သူ၏သတ်ဖြတ်ခြင်းအစီအရင်ဖြင့်ပို၍ အားကောင်းသော  သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့အား

စုစည်းလိုက်ပြီး  သူ၏ဘယ်လက်ဖြင့်သွေးဓား

အားပြင်းထန်စွာရိုက်ခတ်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က သွေးဓားအား  ခပ်မြင့်မြင့်မြှောက်လိုက်ပြီး  ကြီးမားသောအဖြူရောင်ဓားချီကြီးက ဟင်းလင်းပြင်ထဲ၌  ကောင်းကင်အားလွှမ်းခြုံဖြစ်ပေါ်လာသည်။

၎င်းမှထုတ်လွှတ်သော အားကောင်းသောစွမ်းအင်နှင့်အား

ကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါတို့က အောက်တွင်ရှိနေသော အက်ရှလေနှင့်ဆောလ်ဂါတို့အား ဖုံးလွှမ်းသွားသည်။ ထို့နောက်ရှစ်ဖုန့်၏ လှုပ်ရှားမှုနောက်သို့လိုက်ပါ၍   ရုတ်တရက်၎င်းတို့အား ခုတ်ပိုင်းချလိုက်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters