← Chapters

အပိုင်း(၃၉၄)

Vol. 27 Ch. 394

အပိုင်း(၃၉၄)

Vol. 27 Ch. 394

အဖြူရောင်ဓားချီက ရှစ်ဖုန့်၏ လှုပ်ရှားမှုနောက်သို့လိုက်ပါပြီးနောက်  အက်ရှလေနှင့် ဆောလ်ဂါတို့အား ခုတ်ပိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့် ၏ တတိယ နတ်ဆိုးမျက်လုံးမှလည်း တိုက်စားခြင်းအနက်နရောင်နတ်ဆိုး

မြူတို့ကထွက်လာသည်။  ပြင်းထန်သော သွေးနီရောင်မီးတောက်တို့ကလည်း ရှစ်ဖုန့်၏ကိုယ်မှထွက်လာပြီး  အနက်ရောင်နတ်ဆိုးမြူတို့နှင့်

ပေါင်းစည်းသွားကာ  သွေးနီရောင်မီးတို့တောက်လောင်နေသော နတ်ဆိုးမြူတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။အမှောင်နတ်သူငယ်နှစ်ယောက်ကတော့ ရှေ့သို့ သွေးရူးသွေးတန်း  ဝင်ရောက်လာသည်။

“ရှီး”

ဒေါသတကြီးအော်ဟစ်သံများ

ဆက်တိုက်ပေါ်လာပြီးနောက်  ကျိလီမြွေနတ်ဘုရား၏ ကိုယ်ပွားဖြစ်သော ခရမ်းရောင်မြွေခန္ဓာက  ဟင်းလင်းပြင်ထဲတွင်ထပ်မံ၍ပေါ်လာသည်။ ၎င်း၏ ဧရာမကိုယ်ကြီးက ရစ်ခွေနေပြီး  ၎င်း၏ ကြမ်းကြုတ်ခက်ထန်သောဦးခေါင်းကြီးက  မြေပြင်ထက်၌ ဒေါသတကြီး ဟိန်းဟောက်နေသည်။

ရှစ်ဖုန့်က ခရမ်းရောင်မြွေခန္ဓာအား  ပြင်းထန်သော အမှောင်စွမ်းအင်တို့အားခုခံရန်အတွက် ခေါ်ထုတ်ခဲ့သော်လည်း စွမ်းအင်တို့က အရမ်းအားကောင်းသည်ကို ရှစ်ဖုန့်သဘောပေါက်မိသောကြောင့်  ခရမ်းရောင်မြွေခန္ဓာအား  သူ၏ လက်သန်းမှ နေရာလွတ်အတွင်းသို့ ပြန်လည်ထည့်ထားခဲ့သည်။

ဤအခိုက်အတန့်တွင် ခရမ်းရောင်မြွေခန္ဓာက ထပ်မံ၍ ကြုမ်းကြတ်ခက်ထန်စွာ ဟိန်းဟောက်လိုက်သည်။ ရှစ်ဖုန့်၏အဆက်မပြတ်တိုက်ခိုက်

မှုများနောက်သို့လိုက်ပါ၍  ခရမ်းရောင်မြွေခန္ဓာက  အောက်တွင်ရှိနေသော အမှောင်နတ်သူငယ်နှစ်ယောက်ထံသို့ ခုန်အုပ်လိုက်သည်။၎င်း၏ပါးစပ်ကြီးအား ဖွင့်ဟ၍  ကြမ်းကြုတ်ထက်ရှသော အစွယ်တန်းများကိုလှစ်ဟာပြထားသည်။

“သတ်”

အက်ရှလေက ကြမ်းကြုတ်သော တိုက်ခိုက်မှုများကသူမတို့ထံသို့လာနေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူမကလည်း ကြမ်းကြုတ်ခက်ထန်စွာအော်ဟစ်လိုက်သည်။သူမ၏ဓားအားကောင်းကင်ထဲသို့

ထိုးညွှန်ထားပြီး  သူမ၏ကိုယ်မှသိပ်သည်းသော  အနက်ရောင်အလင်းတို့အားထုတ်လွှတ်နေသည်။ထို့နောက် အနက်ရောင်အလင်းက  ကောင်းကင်ထဲသို့ထိုးတက်သွားပြီး  ဧရာမ အဖြူရောင်ဓားချီကြီးထံသို့တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။ အက်ရှလေအနေဖြင့် မြွေလူသားများထံမှ သတ်ဖြတ်ခြင်းစွမ်းအင်များကိုစုစည်းထားသော  ဤအဖြူရောင်ဓားချီက  ရှစ်ဖုန့်၏အားအကောင်းဆုံးသော

တိုက်ခိုက်မှုဖြစ်သည်ကို အာရုံခံနိုင်သည်ဖြစ်သည်။

“အား”

ဆောလ်ဂါက  ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ့လက်ထဲရှိ အရိုးဖြူတောင်ဝှေးအား

ထပ်မံ၍ မြှောက်လိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

သိပ်သည်းထူထဲပြီး ပြင်းထန်သော အနက်ရောင်လျှပ်စီးကြောင်းများက  ဆောလ်ဂါ၏ရှေ့တွင်လင်းလက်လာပြီး  ဆောလ်ဂါနှင့်အက်ရှလေတို့ရှေ့တွင်

အနက်ရောင်လျှပ်စီး တံတိုင်းတစ်ခုဖြစ်ကာဆီးကာ  ရှစ်ဖုန့်ထုတ်ဖော်လိုက်သော   ပြင်းထန်သည့်တိုက်ခိုက်မှုတို့အား  တားဆီးလိုက်သည်။

“ဝုန်း.ဝုန်း..ဝုန်း.ဝုန်း…ဝုန်း..”

“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း..”

ပြင်းထန်ပြီး  စွမ်းအားကြီးမားသော စွမ်းအင်စီးကြောင်းများက အပြင်းအထန်ပစ်ဆောင့်မိကြသည်။ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ဖြစ်သော အက်ရှလေ၏  ကိုယ်ပေါ်မှ အနက်ရောင်အလင်းမှာ သတ်ဖြတ်ခြင်းချီတို့ဖြင့်ပြည့်နှက်နေသော  စွမ်းအားကြီးအဖြူရောင်ဓားချီ၏ဖိနှိပ်မှုကိုခံနေရသည်။

ဆောလ်ဂါ၏ရှေ့တွင်ရှိနေသော  အနက်ရောင်လျှပ်စီးတံတိုင်းက  ရုတ်ခြည်းဆိုသလို  သွေးနီရောင်မီးတောက်များတောက်

လောင်နေသော  အနက်ရောင်မြူတို့၏  ဝါးမျိုမှုကိုခံလိုက်ရသည်။ ကြမ်းကြုတ်သော ခရမ်းရောင်မြွေခန္ဓာက ၎င်း၏ကြမ်းကြုတ်ခက်ထန်သောပါးစပ်ဖြင့်  နှစ်ယောက်အား ဆက်လက်၍ တိုက်ခိုက်လိုက်သည်။

“အမှောင်နတ်သူငယ်စစ်သည်တော်တို့  အရှင်မနဲ့ အရှင်ဆောလ်ဂါတို့ရန်သူကိုသတ်ဖြတ်ရာမှာ ကူညီဖို့အတွက်  ငါတို့တွေ အားလုံးရဲ့ ခွန်အားကို အသုံးပြုကြစို့..သတ်..”

အမှောင်နတ်သူငယ်များကြားထဲတွင် ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်က  အနက်ရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည်။

၎င်း၌  လွန်စွာနူးညံ့သိမ်မွေ့သော ခရမ်းရောင်မျက်နှာတစ်ခုရှိသည်။ အက်ရှလေနှင့်ဆောလ်ဂါတို့ အခြေအနေဆိုးထဲကျရောက်နေသည်ကို တွေ့ရသောအခါတွင်  သူက အမှောင်နတ်သူငယ်များအား  လျှင်မြန်စွာ အမိန့်ပေးလိုက်သည်။

ထိုလူ၏အော်ဟစ်မှုအောက်တွင်  လေထဲတွင်ဝင့်ကြွားစွာရပ်နေကြသော  အမှောင်နတ်သူငယ်  မျိုးနွယ်စု၏ နှစ်ဆယ်ထက်ပိုသော ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူများမှာ   အလျှင်အမြန်အမှောင်  သိုင်းပညာရပ်များကို  ထုတ်ဖော် လိုက်သည်။သူတို့က တလိပ်လိပ်ထနေသောသွေးနီရောင်မီးတောက်နှင့် အနက်ရောင်မြူခိုးများနှင့်အတူ  ရှေ့သို့ချီတက်လာသော ရှစ်ဖန့်အားတားဆီးရန်အတွက် အက်ရှလေနှင့်ဆောလ်ဂါထံသို့ ဦးတည်လိုက်သည်။

အမှောင်နတ်သူငယ်စစ်သည်များက သူတို့ညာလက်ထဲရှိ နက်မှောင်သော

လေးတို့ကို မြှောက်လိုက်ပြီး ဘယ်လက်တို့အား လေးကြိုးပေါ်သို့ ထားလိုက်သည်။ သူတို့က   လေးကြိုးကိုဆွဲလိုက်ပြီး  သူတို၏နက်မှောင်သော လေးများပေါ်ရှိ နက်မှောင်သောအလင်းတို့မှ  မြှားများဖြစ်ပေါ်လာသည်။ လေးကြိုးတို့အား လွှတ်လိုက်သောအခါတွင် နက်မှောင်သော ကျိုင်းကောင်များကဲ့သို့  ကောင်းကင်ထဲသို့ပျံသန်းသွားသည်။ထို့နောက်တွင်  နက်မှောင်သောမြှားများက  မျက်လုံးများပါရှိသကဲ့သို့   ကြီးမားသောခရမ်းရောင်မြွေကြီးပေါ်သို့ မိုးရွာသွန်းသကဲ့သို့ကျဆင်းလာသည်။

“မြွေလူသားစစ်သည်တော်တို့  ..မင်းတို့ရဲ့လက်နက်တွေကို စွဲကိုင်ပြီး  အရှင်တမာန်တော်နဲ့အတူတူတိုက်ကြ… ဒီကျူးကျော်သူအမှောင်နတ်သူငယ်တွေကိုသတ်ကြ.. သူတို့အားလုံးကိုသတ်ပစ်ကြ”

တစ်ချိန်တည်းမှာပင် မြွေလူသားမျိုးနွယ်စု၏  နတ်ဆရာမကြီးဖြစ်သူ  ခါလဲ့ကလည်း ရှေ့သို့ထိုးညွှန်ပြပြီး  မြွေလူသားစစ်သည်တော်များအား အော်ပြောလိုက်သည်။

“သတ်ပစ်…သူတို့အားလုံးကိုသတ်”

“အမှောင်နတ်သူငယ်တွေကိုသတ်…သူတို့ရဲ့ခရမ်းနက်ရောင်သွေးကိုအသုံးပြုပြီး

တော့ငါတို့မျိုးနွယ်စုအပေါ်သူတို့တွေ အရှက်ခွဲခဲ့တာကို ဆေးကြောကြ  ........သတ်”

“သတ်..”

“သတ်ကြ”

“သတ်ပစ်”

“သတ်”

အဘွားအိုခါလဲ့၏  အော်သံအား တိုက်ခိုက်ရေးစိတ်ဝိညာဉ်တို့မြင့်မားနေသော  မြွေလူသားစစ်သည်များက ချက်ချင်းပဲပြန်လည်ဖြေလိုက်ကြသည်။

သူတို့၏လက်များထဲမှလက်နက်များကိုမြှောက်ကိုင်ပြီး  အရောင်အသွေး စုံလင်ကွဲပြားသော သူတို့၏မြွေမြှီးများအား လျှော်တိုက်လျှက်  ရှေ့သို့တစ်ဟုန်ထိုးချီတက်သွားသည်။ သူတို့လက်ထဲရှိလက်နက်များမှလည်း မျက်စိကျိန်းလောက်စရာ သိုင်းပညာရပ်များကိုထုတ်ဖော်လိုက်ကြသည်။ ဓားရိပ်များ၊အသွားနှစ်ဖက်ပုဆိန်ရိပ်များ၊ ရဲဒင်းရိပ်များ နှင့်မြွေမြီးရိပ်များကိုတရေစပ်

ထုတ်ဖော်ကြသည်။ တစ်သောင်းနည်းပါးရှိသောသိုင်းပညာရပ်တိုက်ခိုက်မှုများအားထုတ်ဖော်လိုက်ပြီး ခရမ်းရောင်မြွေအား ချိန်ရွယ်ထားသော သိပ်သည်းသည့် အနက်ရောင်အလင်းမြှားများဖြင့်  တွေ့ဆုံသွားစေသည်။ ဟင်းလင်းပြင်တစ်ခုလုံးရုတ်ခြည်း တလက်လက်တောက်ပလင်းထိန်သွားသည်။

မြွေလူသားမျိုးနွယ်စု၏  အင်ပါယာနယ်ပယ်စစ်သည်များကလည်း  နတ်ဆရာမကြီးခါလဲ့ကဲ့သို့  ရှေ့သို့ပျံသန်းထွက်လာပြီး  သူတို့၏ သိုင်းပညာရပ်တိုက်ခိုက်မှုများကို  အတွဲလိုက်ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ မျိုးနွယ်စုဝင်များနှင့်အတူတကွ ခရမ်းရောင်မြွေခန္ဓာဆီသို့  ချိန်ရွယ်၍လာနေသော  နက်မှောင်သောမြှားများအား တားဆီးလိုက်ကြသည်။

မျိုးနွယ်စုနှစ်စု၏  အင်အားချင်းနှိုင်းယှဉ်ရမည်ဆိုလျှင်  မြွေလူသားများက   အမှောင်နတ်သူငယ်များအတွက် ပြိုင်ဘက်မှဟုတ်ပေ။ သူတို့၏ခွန်အားဖြင့် ခုခံခြင်းကိုပင်မပြုလုပ်နိုင်ပေ။  အမှောင်နတ်သူငယ်များက  သူတို့၏ သိုင်းပညာရပ်များကိုထုတ်ဖော်၍  သွေးနီရောင်မီးတောက်တို့လောင်ကျွမ်းနေသော အနက်ရောင်မြူခိုးလှိုင်းများနှင့် တွေ့ဆုံစေလိုက်သည်။

အမှောင်နတ်သူငယ်များ၏  စွမ်းအားတို့အောက်တွင်  မြွေလူသားတို့၏  သိုင်းပညာရပ်များက  စက္ကူကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်သူတို့က အမျှော်အမြင်ရှိစွာဖြင့် ခရမ်းရောင်မြွေခန္ဓာပေါ်သို့ ပျံသန်းလာသော  နက်မှောင်သည့်မြှားများကိုသာ တားဆီးရန် ပြုလုပ်ခဲ့ကြသည်။

“ဂါး”

မြွေလူသားမျိုးနွယ်စုတို့၏ ရှေ့တွင်  မြွေလူသားမျိုးနွယ်စုစစ်သည်များ၏ရှေ့တန်းတွင်  သားရဲတစ်ကောင်ကဲ့သို့  အော်ဟစ်သောအသံက   ရုတ်တရက်ထွက်ပေါ်လာသည်။ သူတို့၏ရှေ့တွင် ရှိနေသောသဲတို့က လည်ပတ်လာပြီး  သဲမြေပြင်ထဲမှ မြင့်မားသော အပြာရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

“ဂါး..ဂါး..”

အပြာရောင်ပုံရိပ်က  သုံးမီတာကျော်မြင့်မားပြီး  သိပ်သည်းသော အပြာရောင်အကြေးခွံများဖုံးလွှမ်းနေသည်။  သူ၏မျက်နှာကလည်း ကြမ်းကြုတ်ခက်ထန်ကာ   အပြာရောင်အကြေးခွံတုံးဖုံးလွှမ်းနေ၏။ သူ၏အောက်ပိုင်းခန္ဓာကိုယ်တွင်မြွေ

လူသားမျိုးနွယ်စုဝင်များကဲ့သို့  ရှည်လျားသော အပြာရောင်မြွေမြှီးတစ်ခုရှိသည်။  သူသည် အပြာရောင်မြွေလူသားသားရဲ

တစ်ကောင်ကဲ့သို့ဖြစ်သည်။

မြွေလူသားမျိုးနွယ်စုစစ်သည်များထဲတွင်  ယမန်နေ့ညက  အပြာရောင်ပုံရိပ်အားမြင်တွေ့ခဲ့ကြရ

သောသူများက   ဤလူသားပုံစံသားရဲမှာ ယမန်နေ့ညက တားမြစ်လျှို့ဝှက်ပညာရပ်အားအသုံးပြုခဲ့သော နတ်ဆရာမကြီးခါလဲ့၏ မြေးဖြစ်သူ ရီရှင်းဖြစ်သည်ကို ချက်ချင်းမှတ်မိလိုက်ကြသည်။

မနေ့ညက ရီရှင်းတစ်ယောက်ရှစ်ဖုန့်

နှင့်တိုက်ခိုက်သောအချိန်တွင်  သူ့အနေဖြင့်ရူးသွပ်သွားပြီး  သူ့စိတ်သူပင်ဆုံးရှုံးသွားရသည်။  သူက နတ်ဝါဒစွမ်းအားကို ရရှိရန်အတွက် မြွေလူသားမျိုးနွယ်စု၏  တားမြစ်လျှို့ဝှက်ပညာရပ်ကို

အသုံးပြုခဲ့သည်။ သို့သော် သူသည်လည်း စိတ်လွတ်သွားခဲ့ပြီး  သားရဲတစ်ကောင်ကဲ့သိုဖြစ်လာခဲ့၏။ နတ်ဆရာမကြီးခါလဲ့မှာ ဝမ်းနည်းစွာဖြင့်ပင်နောက်ဆုံး၌  တားမြစ်လျှို့ဝှက်ပညာရပ်ကိုအသုံးပြုပြီး  ရီရှင်း၏ကိုယ်ထဲ၌ အမှတ်အသားတစ်ခုအားထည့်သွင်းခဲ့သည်။  ထိုအခါမှစတင်၍ သူရီရှင်း၏ ခန္ဓာကိုယ်အားထိန်းချုပ်နိုင်သွားခဲ့သည်။

သူမ၏  ချစ်လှစွာသောမြေးဖြစ်သူက  ဤကဲ့သို့ဖြစ်သွားခဲ့သည်။ သူမ၏မြေးအားဆီးလ်ခတ်မထား

ချင်သော်လည်း   သူမအနေဖြင့် မြွေလူသားမျိုးနွယ်စုကိုလည်း

ထားမပစ်ရက်ခဲ့ပေ။ အကယ်၍ သူ လုပ်ခဲ့လျှင်သူ့မြေးဖြစ်သူအနေဖြင့် အခြားစွမ်းအားကြီးမားသူများ၏

သတ်ဖြတ်ခြင်းကိုခံရခြင်းသို့မဟုတ်  သားရဲရိုင်းတစ်ကောင်ကဲ့သို့ ထိန်းချုပ်ခံရခြင်းဖြစ်သွားလိမ့်မည်ဖြစ်သည်။

ထိုထက်ပိုသည်ကသား ရီရှင်းအားသူထိန်းချုပ်လိုက်ခြင်းက ပို၍ ကောင်းမွန်သည်ဖြစ်သည်။  အခုမှစတင်၍  ရီရှင်းမှာ  မြွေလူသားမျိုးနွယ်စု၏ ကာကွယ်သူတစ်ယောက်ဖြစ်

လာလိမ့်မည်ဖြစ်သည်။ တားမြစ်လျှို့ဝှက်ပညာရပ်ကိုအသုံးပြုပြီး  နတ်ဝါဒစွမ်းအားအား  ရရှိခဲ့ပြီးနောက်

ရီရှင်း၏ ကာယခွန်အားမှာ  နတ်ဆရာမကြီးခါလဲ့ထက်ကျော်လွန်သွားသည်။  သူကကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့သည်။ရှစ်ဖုန့်အားထည့်မတွက်လျှင်  သူက မြွေလူသားမျိုးနွယ်စုအတွင်း စွမ်းအားအကြီးမားဆုံးသူဟူ၍ ပြောနိုင်သည်ဖြစ်သည်။

ရီရှင်းကမြေကြီးထဲမှတိုးထွက်လာပြီးနောက်  အပြာရောင်အကြေးခွံများဖုံးလွှမ်းနေသော  သူ၏မြင့်မားသောကိုယ်ကြီးကလည်း  သူ၏ရှေ့တွင်ရှိနေသော အမှောင်နတ်သူငယ်များထံသို့  လျှင်မြန်စွာပျံသန်းဝင်ရောက်သွားသည်။

“ဂါး”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters