အပိုင်း(၃၉၅)
Vol. 27 Ch. 395
“သတ်..သတ်…ဂါး..ဂါး”
အော်ဟစ်သံများနောက်သို့လိုက်ပါ၍ ယင်ရှာ၊ထူရှာနှင့် ယိုလန်တို့၏ ဟိန်းဟောက်အော်ဟစ်သံများက
လည်းထွက်ပေါ်လာသည်။ ယိုလန်၏ကျောပေါ်တွင်ရပ်နေသော ရွှယ်ရှာကလည်း ဟိန်းဟောက်လိုက်သည်။
ဤယင်အလောင်းကောင်လေးက ဒုတိယအဆင့်ဖြစ်သော ဆရာသခင်အဆင့်တွင်သာရှိသေးသည်ဖြစ်သည်။ ၎င်း၌ အာကသာဓာတ်သဘာဝအား ချိုးဖြတ်နိုင်သောစွမ်းရည်တို့ရှိမနေချေ။
ထို့ကြောင့် ၎င်းအား ယိုလန်ကသာသယ်ဆောင်ထား
ရသည်ဖြစ်သည်။ ယင်းက ယင်ရှာ၊ထူရှာနှင့်ရွှယ်ရှာတို့မို့လည်း
ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ယိုလန်အနေဖြင့် အဆင့်နှစ် ယင်အလောင်းကောင်တစ်ခုက သူ၏ကျောပေါ်၌ရပ်နေခြင်းကို စိတ်မကျေမနပ်ဖြစ်ခြင်းဖြစ်မနေပေ။ ၎င်းက ရှစ်ဖုန့်၏နောက်သို့လိုက်ပါသောကြောင့် သူတို့က အတူတကွတိုက်ခိုက်ကြပြီး သေအတူရှင်မကွာဖြစ်ကာ ဂုဏ်သိက္ခတရားနှင့်အရှက်ကွဲခံရမှု
တို့အားလည်း မျှဝေခံစားကြမည်သာဖြစ်သည်။
စစ်မြေပြင်၏အလယ်ဗဟိုတွင် လေထုထဲ၌ မျက်စိကျိန်းလောက်စရာကောင်းသော သိုင်းပညာရပ်များစွာဖြင့်ပြည့်နှက်နေသည်။အမှောင်နတ်သူငယ်တို့၏ သိုင်း
ပညာရပ်များက တလိပ်လိပ်တက်လာနေသော သွေးမီးတောက်နတ်ဆိုးမြူတို့အား ရပ်တန့်နိုင်စွမ်းရှိမနေပေ။ မျက်စိတစ်မှိတ်အတွင်း သွေးမီးတောက်နတ်ဆိုးမြူတို့က အမှောင်သိုင်းပညာရပ်များကိုရင်ဆိုင်
လိုက်ပြီး ကြမ်းကြုတ်စွာဖြင့် လှည့်ပတ်ကာ အမှောင်သိုင်းပညာရပ်များအားလုံးအား လွှမ်းမိုးနစ်မြုပ်သွားစေသည်။
၎င်းက စိုးရိမ်ပူပန်မှု၊တုန်လှုပ်မှုတို့ဖြင့်ပြည့်
နှက်နေသော အက်ရှလေနှင့် ခန္ဓာကိုယ်၌ တောက်ပသောနက်မှောင်သည့်
အလင်းတို့ရှိနေသော ဆောလ်ဂါတို့ကိုလည်း ဝါးမျိုသွားသည်။
သွေးမီးတောက်နတ်ဆိုးမြူတို့က အက်ရှလေအားဝါးမျိုသွားသောကြော့် မူလကကောင်းကင်ထဲသို့ထိုးတက်လာသော နက်မှောင်သောအလင်းအား ဆန့်ကျင်တိုက်ခိုက်နေသော ဧရာမအဖြူရောင်ဓားချီကြီးမှာ ရုတ်တရက် အောက်သို့ခုတ်ပိုင်းကျဆင်းလာသည်။
အဖြူရောင်ဓားချီ၏ အောက်တွင် နက်မှောင်သော အလင်းမှာ
တစ်လွှာပြီးတစ်လွှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။ “ဝုန်း” ဆိုသောအသံနှင့်အတူ ငရဲဘုံကိုးခု ခုတ်ပိုင်းချက်ကကျဆင်းလာသည်။ ဧရာမအဖြူရောင်ဓားချီကြီး ကအက်ရှလေနှင့်ဆောလ်ဂါတို့အား ဝါးမျိုထားသော သွေးမီးတောက်နတ်ဆိုးမြူတို့အတွင်းသို့ ကျဆင်းသွားသည်။
“ရှီး”
ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ ဟိန်းဟောက်သံက လေထုထဲ၌ ထပ်မံ၍ ပဲ့တင်ထွက်ပေါ်လာသည်။ ခရမ်းရောင်မြွေခန္ဓာက သိပ်သည်းထူထပ်ပြီး ရူးသွပ်စွာလာနေသော နက်မှောင်သည့်အလင်းမြှားတို့အား ရင်ဆိုင်လိုက်သည်။ ဟိန်းဟောက်သောအသံ၏အောက်တွင် အာကာသဓာတ်တို့မှာတုန်ခါသွားပြီး မရေတွက်နိုင််သော နက်မှောင်သည့်အလင်းမြှားတို့မှာ ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိပြောင်းလဲသွားသည်။
ထို့နောက်ချက်ချင်း ခရမ်းရောင်မြွေကြီးက ၎င်း၏ကြီးမားသော အမြှီးအား ပြင်ထန်စွာလွှဲယမ်းလိုက်ပြီး ရှေ့သို့သိမ်းကျုံးရိုက်ခတ်လိုက်ကာ အမှောင်သိုင်းပညာရပ်များအား တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေသည်။ ထို့နောက်တွင် လာနေသော အမှောင်သိုင်းပညာရပ်များနှင့် နက်မှောင်သော အလင်းမြှားတို့မှာ မြွေလူသားတို့သိုင်းပညာရပ်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
“ရှီး”
ခရမ်းရောင်မြွေကြီးက ထပ်မံ၍ ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမဦးခေါင်းကြီးဖြင့် ဧရာမအဖြူရောင်ဓားချီခုတ်ပိုင်း
ကျဆင်းမှုကြောင့် ပြင်းထန်မှုတို့ဖြစ်ပေါ်နေသေ စွမ်းအင်တို့အတွင်းသို့ ခြွေမွထုနှက်လိုက်သည်။
ခရမ်းရောင်မြွေကြီးကအောက်တွင်ရှိနေသော ကန္တာရအတွင်းသို့ ဤကဲ့သို့ဒေါသအိုးပေါက်ကွဲသော
စွမ်းအင်တို့နှင့်ကြမ်းကြုတ်သော ရိုက်နှက်ချက်အား သယ်ဆောင်လာသည်။ ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ မြေပြင်မှာ တုန်ယင်သွားပြီး သဲနှင့်ကျောက်တုံးများက နေရာအနှံ့သို့လွင့်ပျံထွက်သွားသည်။
သဲများနှင့် ဖုန်မှုန်များက ကမ္ဘာကြီး၏ ဤအစိတ်အပိုင်းနေရာအား လွှမ်းမိုးသွား၏။
“ပြီးသွားပြီ”
ရှစ်ဖုန့်က ပြင်းထန်သောသဲမုန်တိုင်းအတွင်းဝင့်ကြွားစွာရပ်နေပြီး အသံတိုးတိုးဖြင့်တီးတိုး
ရေရွတ်လျက် အောက်သို့ငုံကြည့်နေသည်။ သူ၏များပြားလှသောတိုက်ခိုက်မှုတို့နှင့် ခရမ်းရောင်မြွေကြီး၏ ကြီးမားသောဦးခေါင်းနှင့် ခန္ဓာကိုယ်တို့၏အောက်တွင် အမှောင်နတ်သူငယ်အိုကြီးမှာ ထပ်မံ၍ အသက်ရှူခြင်းမရှိတော့သည်ကိုရှစ်ဖုန့်အာရုံခံနိုင်သည်ဖြစ်သည်။ညှို့ယူဖမ်းစားမှုရှိသော ဧကရီမှာတော့ သေလုနီးပါဖြစ်နေပြီး သူမ၏တိုက်ခိုက်နိုင်စွမ်းတို့အား ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
သူတို့နှစ်ဦးတွင် တစ်ယောက်က သေကာနီးဖြစ်ကာ တစ်ယောက်ကတော့သေသွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် သမိုင်းရှည်ကြာစွာရပ်တည်
လျှောက်လှမ်းခဲ့သော အမှောင်နတ်သူငယ်မျိုးနွယ်စုမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
“သတ်”
ရှစ်ဖုန့်က ရှေ့သို့ထိုးညွှန်လိုက်ပြီး ပြင်းထန်သောသဲမုန်တိုင်းအတွင်းမှ ဧရာမခရမ်းရောင်မြွေကြီးက ပျံသန်းထွက်လာသည်။ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင် ခရမ်းရောင်မြွေကြီးက အမှောင်နတ်သူငယ်များထံ
သို့ပျံသန်းသွားသည်။
ခရမ်းရောင်မြွေကြီးမှာ ကြယ်နှစ်ပွင့်သူတော်စင်နယ်
ပယ်အဆင့်ဖြစ်သည်။ အမှောင်နတ်သူငယ်မျိုးနွယ်စုဘက်တွင် သူတော်စင်နယ်ပယ်အဆင့်ထပ်မံ၍ ရှိမနေတော့ပေ။ခရမ်းရောင်မြွေကြီး၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်
မှုအားမည်သူကမျှ ရပ်တန့်နိုင်ခြင်းမရှိတော့ပေ။
ရှစ်ဖုန့်၏ ဘယ်လက်က လက်သည်းပုံစံဖြစ်သွားပြီး အောက်သို့စုပ်ယူလိုက်သည်။
ရုတ်တရက် ခရမ်းနက်ရောင်ပုံရိပ်တစ်ခုက သဲမုန်တိုင်းအတွင်းမှ ပျံသန်းတက်လာသည်။ ရှစ်ဖုန့်က ၎င်း၏ အရေးအကြောင်းများနှင့်
ခရမ်းရောင်မျက်နှာအား ဆုပ်ကိုင်လိုက်သည်။
ရှစ်ဖုန့်က ဆောလ်ဂါ၏ မျက်နှာအား ဆုပ်ကိုင်လုက်ပြီးနောက် ၎င်း၏ အရေးအကြောင်းများရှိသောမျက်နှာရှိ ဒွာရပေါက်များမှ ခရမ်းနက်ရောင်သွေးစီးဆင်းထွက်လာပြီး ရှစ်ဖုန့်၏ လက်ဖဝါးအတွင်းသို့ရောက်ရှိလာသည်။ ရှစ်ဖုန့်ကသွေးတို့အာစုပ် ယူလိုက်သည်။
ဆောလ်ဂါ၏အလောင်းမှာမူ လျှင်မြန်စွာ ခြောက်သွေ့သွားသည်။ သွေးများအားလုံး စုပ်ယူခြင်းခံလိုက်ရသောအခါတွင်
၎င်းမှာရှုံ့တွသောအလောင်းအတစ်ခု
အဖြစ်ပြောင်းလဲသွားသည်။ ရှစ်ဖုန့်က ကြယ်နှစ်ပွင့်သူတောင်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏အလောင်းအား အမှိုက်တစ်ခုကဲ့သို့ သာမန်ကာလျှံကာပစ်လိုက်သည်။ သူက ၎င်းအား သဲကန္တာရအဝေးတစ်နေရာ
သို့ပစ်လွှတ်လိုက်ပြီး ကန္တာရထဲ၌ ခြောက်သွေ့သော အလောင်းတစ်ခုက အထီးကျန်လဲလျောင်းနေတော့သည်။
ထို့နောက်ရှစ်ဖုန့်၏ ကိုယ်က လှုပ်ရှားလိုက်ပြီး သဲမုန်တိုင်းအတွင်း ဆင်းသက်လိုက်သည်။ ရှစ်ဖုန့်က ဆင်းသက်လာသကဲ့သို့ မမြင်နိုင်ျသော လေတို့ကိုလည်း သူ၏ ကိုယ်မှထုတ်လွှတ်နေသည်။ ပြင်းထန်သောသဲမုန်တိုင်းမှာ ရှစ်ဖုန့်ကြောင့်အဝေးသို့ လွင့်သွားပြီး နန်းဆန်ပြီး ညို့ယူနိုင်သည့်နှစ်လိုဖွယ်ကောင်းသော ခရမ်းနက်ရောင်မျက်နှာတစ်
ခုထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ဤမျက်နှာလေး၌ အေးစက်မှုသတ်ဖြတ်ခြင်း
စိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေကာ ရှစ်ဖုန့်ထံသို့ကြည့််နေသည်။
ထို့နောက်တွင် ပြင်းထန်သောစွမ်းအင်တို့အောက်၌ အက်ရှလေ၏ တော်ဝင်အ
နက်ရောင်ဝတ်ရုံမှာ ဖျက်ဆီးခံလိုက်ရသောအကြောင့် အတော်လေးကို မို့မောက်၍ ဆွဲဆောင်ဖမ်းစားမှုတို့နှင့်ပြည့်နှက်နေကာ နူးညံ့မှုတို့နှင့်ပြည့်နှက်နေပြီး အထူးသဖြင့်ပေါက်ကွဲနိုင်သော
စွမ်းအင်တို့ဖြင့်ပြည့်နှက်နေသော စနေနံနှစ်ခိုင် သူမ၏ခရမ်းနက်ရောင်ခန္ဓာကိုယ်မှ ရှစ်ဖုန့်၏ မြင်ကွင်းအတွင်း ဘွင်းဘွင်းရှင်းရှင်းကိုပေါ်လာသည်။
၎င်း၌ ခရမ်းနက်ရောင်နတ်ဆိုးပန်း
အမှတ်အသားတစ်ခုရှိနေပြီး ၎င်းက စနေနံနှစ်ခိုင်နှင့်ဆက်သွယ်ထားကာ လျှိုမြှောင်ချိုင့်ဝှမ်းကြားထဲနက်ရှိုင်းစွာ ဖြတ်သွားသည်။ ယင်းက ပို၍ပင် ဆွဲဆောင်ဖမ်းစားလွန်းလေသည်။
ရှစ်ဖုန့်က စွဲမက်စရာခန္ဓာကိုယ်အား အကြည့်အနည်းငယ်သာ ကြည့်လိုက်သည်။ ထို့်နောက်သူသက တော်ဝင်ဆန်ပြီး စွဲမက်ဖွယ်လှပသော ခရမ်းနက်ရောင်မျက်နှာထံသို့
သူ့အကြည့်ကိုပြောင်းလိုက်သည်။
ရှစ်ဖုန့်၏သွေးများဖြင့် စုတ်ပြတ်နေသောမျက်နှာထက်တွင် မိစ္ဆာဆန်သောအပြုံးတစ်ခုရှိနေသည်။ သို့သော် ဤအခိုက်အတန့်တွင် သူ့မျက်နှာထက်ရှိအသားတို့က အနည်းငယ် တွန့်သွားသည်။ ကြမ်းကြုတ်ခက်ထန်ပြီး ထိတ်လန့်ဖွယ်ကောင်းခြင်းထက်သူ၏ မျက်နှာထက်တွင်အခြားဘာ
ကိုမှမြင်တွေ့နိုင်ခြင်းမရှိချေ။
အမှောင်နတ်သူငယ်ဘုရင်မအက်ရှလေက မြေပြင်ထက်တွင်လဲလျောင်းနေသည်။ သူမ၏ခရမ်းနက်ရောင်အ
ဝတ်ဗလာကိုယ်တွင် ဒဏ်ရများမဖြင့်ဖုံးလွှမ်းနေပြီး ခရမ်းနက်ရောင်သွေးစီးကြောင်းတို့ရှိနေကာ ယင်းက ပို၍ပင်သူမအားစွဲဆောင်မှုရှိစေသည်။ သူမ၏နန်းဆန်ပြီးစွဲမက်ဖွယ်
လှပသောမျက်နှာထက်ရှိသူမ
၏နှုတ်ခမ်းထောင့်၌ ခရမ်းနက်ရောင်သွေးတို့
တစ်စွန်းတစ်စရှိနေ၏။ သူမ၏အံကိုတင်းတင်းကြိတ်ထားကာ ခရမ်းနက်ရောင်သူငယ်အိမ်တို့က ခက်ထန်စွာဖြင့် ရှစ်ဖုန့်အား ကြည့်နေပြီး ကြမ်းကြုတ်သောအမူအယာ
တစ်ခုကိုလှစ်ဟာပြထားသည်။
အက်ရှလေ၏မျက်နှာထားရှိ ကြမ်းကြုတ်သော အမူအယာကိုကြည့်၍ ရှစ်ဖုန့် ၏ ညာလက်က လက်သည်းတစ်ခုအသွင်ပြုလုပ်လိုက်သည်။ သူကဆန့်ထုတ်လိုက်ပြီး စုပ်ယူလိုက်သည်။ အက်ရှလေ၏တစ်ကိုယ်လုံးမှာ ရုတ်တရက်မြေပြင်ထက်မှ ရှစ်ဖုန့်၏ စုပ်ယူမှုကိုခံလိုက်ရသည်။သူမက သူ၏ညာလက်ထံသိုပျံသန်းသွားပြီး တော်ဝင်ဆန်ပြီး စွဲမက်လှပသော မျက်နှာလေးမှာရှစ်ဖုန့်၏ ဖမ်းယူမှုကိုခံလိုက်ရသည်။
“လူသား..နင်သေခြင်းဆိုးနဲ့
သေရလိမ့်မယ်..ဟားဟား…
.ဟားဟားဟားဟား..”
မျက်နှာအားရှစ်ဖုန့်၏ ဆုပ်ကိုင်ညှစ်မှုကိုခံထားရသော အက်ရှလေမှာ အားနည်းပြီး အက်ရှသောအသံဖြင့် စတင်၍စကားပြောလိုက်သည်။ ထို့နောက်သူမကရုတ်တရက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“အရူးမပဲ”
ဤမိန်းမ၏ရူးသွပ်တော့မည်ဟန်ကို မြင်တွေ့ရသောအခါ ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။
“ဟားဟားဟား…………ဟားဟားဟားဟား”
အက်ရှလေမှာရယ်မောနေဆဲဖြစ်သည်။
“လူသား.. နင်သေခြင်းဆိုးနဲ့သေရလိမ့်မယ်… နင်ကဒီဧကရီရဲ့သွေးနဲ့ထိပြီးသွားပြီ.. ဒီဧကရီက ငါတို့ အမှောင်နတ်သူငယ်မျိုးနွယ်ရဲ့ ကျိန်စာကို နင့်ကိုယ်ပေါ်မှာထားလိုက်ပြီ…ဒီကျိန်စာက ရှေးအချိန်ကာလကတည်းကလာတာ..
အဲ့တာကငါ့တို့မျိုးနွယ်က ဆန်းကြယ်စွာစာချုပ်ချုပ်ဆိုထားခဲ့တဲ့ ရှေးဟောင်းနတ်ဆိုးနတ်ဘုရား ဆီကနေလာတာ.. ဒီကျိန်စာမိတဲ့ ဘယ်သူမဆို အလွန်စိတ်ပျက်ဖို့ကောင်းအောင်သေရတယ်..ထိတ်လန့်ဖို့ကောင်းတဲ့သေခြင်းတစ်ခု…
ဟားဟားဟား…အဲ့ကျိန်စာကတစ် နေ့မှာ နင့်ကို ဒီကျိန်စာအကူအညီနဲ့
နတ်ဆိုးနတ်ဘုရားရဲ့ အမဲလိုက်မှုကိုခံရစေပြီး အရှင်လတ်လတ်ဝါး
မျိုခံရစေလိမ့်မယ်…ဟားဟားဟားဟား..”
ဤအရူးမစကားပြောပြီးသည့်နောက်တွင် အက်ရှလေ၏ မျက်နှာအားဆုပ်ကိုက်ပြီးနောက် သူမ၏ခရမ်းနက်ရောင်သွေးတို့အစောပိုင်းကသူ့ညာလက်အား စွန်းထင်းသွားသောအခါတွင် ညာလက်ဖဝါး၌ ဆန်းကြယ်ပြီး တွန့်လိမ်သော ခရမ်းနက်ရောင်အင်းစာလုံးတစ်ခုအဖြစ်ပြောင်းလဲသွားသည်ကို ရှစ်ဖုန့်သတိပြုမိလိုက်သည်။ ထို့နောက်ချက်ချင်း ခရမ်းနက်ရောင်အင်းက လင်းလက်လာကာ လက်ဖဝါး၏ အရေပြားအတွင်း၌နစ်မြုပ်ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE