အပိုင်း (၃၉၆)
Vol. 27 Ch. 396
“ဟားဟားဟား…ဟားဟားဟား..”
ရှစ်ဖုန့်က သူ့လက်ထဲရှိ ဟက်ဟက်ပက်ပက်ကိုရယ်မောနေသော ရူးနေသည့်အမျိုးသမီးအား
ကြည့်လိုက်သည်။ သူ့မျက်နှာက ရုတ်ခြည်း အေးစက်သွားပြီး အေးစက်စွာအော်ပြောလိုက်သည်။
“ဘာကိုနတ်ဆိုးနတ်ဘုရားလဲ … ဒီသားရဲက ဒီသခင်လေးဆီကိုလာရဲတယ်ဆိုရင် ဒီသခင်လေးက လည်းဒီသခင်လေးရဲ့ စီးတော်မြင်းလုပ်ပစ်မယ်”
“ဟားဟား.မောက်မာလိုက်တာ…
နတ်ဆိုးနတ်ဘုရားရဲ့ခွန်အားက နင့်လိုမျိုးနိမ့်ကျတဲ့ လူသားတစ်ယောက်စိက်ကူး
ကြည့်နိုင်တဲ့အရာမျိုးမဟုတ်ဖူး..နင်သေခြင်းဆိုးနဲ့သေရပါလိမ့်မယ်…နင်သေမှာပါ…နတ်ဆိုးနတ်ဘုရားက နင့်ကိုအရေခွံစုတ် အရွတ်တွေကိုဆွဲဖြဲ အရိုးတွေကိုချိုး နင့်သွေးတွေကို ခြောက်သွေ့တဲ့အထိစုပ်ယူပြီးတော့ နင့်အသားကိုတကြွပ်တကြွပ်နဲ့
ဝါးစားလိမ့်မယ်”
အက်ရှလေမှာစကားပြောနေရင်း
သူမ၏မျက်နှာက ပို၍ ပို၍ ကြမ်းကြုတ်ခက်ထန်လာကာ ပြင်းပြင်းထန်ထန်ပြောဆိုလိုက်သည်။
“ခွေးမ ..ဒီသခင်လေး က နင့်ကို အရင်ဆုံး နာကျင်မှုအပြည့်နဲ့သေခွင့်ပေးမယ်
…ဒီသခင်လေးက နင့်ရဲ့သွေးကိုခြောက်သွေ့တဲ့အ
ထိစုပ်ယူပြီးတော့ နင်တို့ မျိုးနွယ်ကအဘိုးကြီးလို ရုပ်ဆိုးပြီး ခြောက်သွေ့တြ့ အလောင်းကောင်အဖြစ်ပြောင်းပစ်မယ်”
ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် သွေးနီရော်မီးတောက်၏ ဆန်းကြယ်သော စွမ်းအားက ရှစ်ဖုန့်၏လက်အတွင်းပေါ်လာသည်။
အက်ရှလေ၏ ကိုယ်အတွင်းရှိနေသော သွေးတို့က စတင်၍ ပြင်းထန်စွာ ဆူပွက်လာသည်။
“မဟုတ်ဖူး..မဟုတ်ဖူး”
သူမကိုယ်အတွင်းပြောင်းလဲမှုတို့အား ခံစားမိပြီး ရှစ်ဖုန့်၏စကားတို့အား
ကြားရကာ ရှစ်ဖုန့်လက်ထဲရှိ ဆောလ်ဂါ ကိုယ်၏ပြောင်းလဲမှုတို့အား ပြန်သတိရသွားသောအခါတွင်
အက်ရှလေမှာ ရုတ်တရက် စူးစူးဝါးဝါးကိုအော်ဟစ်လိုက်သည်။
သေခြင်းက အဆင်ပြေသော်လည်း တော်ဝင်ဆန်ပြီး လှပသော ဘုရင်မအက်ရှလေ အတွက် သေပြီးနောက် ရုပ်ဆိုးဆိုး ခြောက်သွေ့ရှုံ့တွသောအလောင်း
အဖြစ်ပြောင်းလဲရမည်ကိုတော့ လက်သင့်ခံနိုင်ခြင်းမရှိပေ။
“ဟမ့်”
ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သွေးနီရောင်မီးတောက်၏ ဆန်းကြယ်သောစွမ်းအားအား တိုးမြှင့်လိုက်သည်။ အက်ရှလေ၏ကိုယ်အတွင်းရှိနေသော သွေးတို့မှာ စတင်၍ နောက်ပြန်စီး
ဆင်းလာပြီး အက်ရှလေ၏ ဒွာရငါးပေါက်မှ ခရမ်းနက်ရောင်သွေးမြှား ငါးစင်းထွက်ပေါ်လာပြီး ရှစ်ဖုန့်၏လက်ဖဝါးအတွင်းအဆက်မပြတ် တိုးဝင်လာသည်။
“အား….မလုပ်နဲ့”
အက်ရှလေမှာ သူမ၏ ပါးစပ်အား ခပ်ကျယ်ကျယ်ဖွင့်ဟ၍ ခရမ်းနက်ရောင်သွေးတန်းတို့အား အန်ထုတ်လိုက်သည်။ သူမက နာကျင်မှု လက်သင့်မခံနိုင်မှုတို့နှင့် ငယ်သံပါအောင်အော်ဟစ်နေသည်။ထို့နောက် အက်ရှလေ၏ကိုယ်မှာ လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ လျှင်မြန်စွာရှုံ့တွသွားသည်။ မကြာခင်တွင် သူမကိုယ်အတွင်းရှိသွေးတို့မှာ ခြောက်သွေ့သည်အထိစုပ်ယူခံလိုက်ရပြီး သူမ၏တော်ဝင်ဆန်ပြီး စွဲမက်လှပနှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်မှာ ခြောက်သွေ့ရှုံ့တွသော ခရမ်းနက်ရောင်အလောင်းတစ်ခု
အဖြစ်ပြောင်းလဲသွားသည်။
ရှစ်ဖုန့်၏ အကြင်နာမဲ့သောလက်များထဲတွင် အမှောင်နတ်သူငယ်မျိုးနွယ်စု၏ အလှပဆုံးသောသူတစ်ဖြစ်လည်း ဘုရင်မဖြစ်သူ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူ အက်ရှလေတစ်ယောက်သေဆုံး
သွားခဲ့ပြီဖြစ်လေသည်။
ထို့နောက်ရှစ်ဖုန့်က ဧကရီ အက်ရှလေ၏ အလောင်းအား သဲကန္တာရအဝေး
တစ်နေရာသို့ အမှိုက်တစ်ခုကဲ့သို့ သာမန်ကာလျှံကာပစ်ထုတ်လိုက်သည်။
ရှစ်ဖုန့်မှာ ကြယ်သုံးပွင့်၊ကြယ်နှစ်ပွင့်နှင့်ကြယ်
တစ်ပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတို့၏ သေခြင်းစွမ်းအင်နှင့်သွေးတို့အား ဝါးမျိုခဲ့သည်။ ဆောလ်တာ၏ သွေးတို့ကတော့ နက်မှောင်သော အင်းစာလုံးများအာ အသက်သွင်းကာ ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအား ခုခံရန်အတွက်လောင်ကျွမ်းစေခဲ့
သောကြောင့်ရှစ်ဖုန့်အနေဖြင့် မစုပ်ယူခဲ့ရပေ။ ယင်းကြောင့်ရှစ်ဖုန့်၏ သိုင်းနယ်ပယ်က အဆင့်တက်လှမ်းခဲ့ခြင်းမရှိပေ။
သူတော်စင်နယ်ပယ်ကျွမ်းကျင်သူဖြစ်
လာခဲ့ပြီးနောက် သူ၏ဒန်တန်နှင့် သူတော်စင်မီးတောက်တို့ကျေနပ်မှုရှိစေရန်အတွက်လိုအပ်သော စွမ်းအင်ပမာဏမှာ စိတ်ကူးကြည့် ၍ပင်မရနိုင်ပေ။ သူတော်စင်နယ်ပယ်ကျွမ်းကျင်
သူသုံးယောက်အားသတ်ခဲ့ပြီး နောက်တစ်ဆင့်သို့တက်လှမ်းရန်အတွက် ၎င်းတို့၏ စွမ်းအင်များကို စုပ်ယူဝါးမျိုခဲ့သော်လည်း နောက်တစ်ဆင့်သို့တက်လှမ်းရန်အတွက် သူလိုအပ်သောစွမ်းအင်မှာ တစ်ဝက်တိတိလိုအပ်မှုရှိနေသေး
သည်ဖြစ်သည်။
အနာဂတ်တွင် သိုင်းလမ်းစဉ်ခရီးလမ်းက ပို၍ပို၍ ခက်ခက်မှုရှိလာလိမ့်မည်ဖြစ်သည်။
သူသည်ယခုအခါ၌ သူတော်စင်နယ်ပယ်တစ်ယောက်သာ ရှိသေးသည်ဖြစ်သည်။ မဟာသူတော်စင်နယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်သို့သူတက်လှမ်းလိုခဲ့လျှင် သူလိုအပ်သောစွမ်းအင်ပမာဏတို့က ပို၍ ပင်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်သည်။
သို့သော်သူ၏ဒန်တန်က ကောင်းကင်မီးတောက်နှင့်ပေါင်း
စပ်ထားခြင်းဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင်မီးတောက်နှင့် မပေါင်းစပ်ခဲ့လျှင် ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်သို့ရောက်ရန်အတွက် တစ်လှမ်းချင်းသာတက်လှမ်း
ရလိမ့်မည်ဖြစ်သည်။ သူ၏ယခင်ဘဝမှ သိုင်းပညာရပ်များနှင့် တိုက်ခုက်ရေးအတွေ့အကြုံများ
အပေါ်အခြေခံပြီး သူ၏တိုက်ခိုက်
ရေးခွန်အားက သာမန် ကြယ်နှစ်ပွင့် သူတော်စင်နယ်ပယ်တစ်ယောက်နှင့် ညီမျှမှုရှိလိမ့်မည်ဖြစ်သည်။ ယခုသူကကြယ်တစ်ပွင့်သူ
တော်စင်နယ်ပယ်အဆင့်နှင့်ပင် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ် အက်ရှလေကိုစိန်ခေါ်နိုင်ခဲ့၏။
သူက မြွေလူသားများ၏ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တို့အားစုစည်းပြီး သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ပြင်ဆင်ခဲ့သည်။သတ်ဖြတ်ခြင်းအစီအရင်၏ အကူအညီဖြင့် သူ၏တိုက်ခိုက်
ရေးခွန်အားအား ကြယ်လေးပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အ
နေအထားအထိ ချခင်းပြနိုင်ခဲ့သည်။
သူ၏ လက်ရှိစွမ်းအားဖြင့် ကြက်သွေးရောင်ချပ်ဝတ်က သာမန်ကြယ်ခြောက်ပွင့်သူတော်
စင်နယ်ပယ်ကျွမ်းကျင်သူနှင့်သူ့အောက်တို့၏တိုက်ခိုက်မှုများကိုခုခံနိုင်သည်။သို့သော်ယင်းကရှစ်ဖုန့်အနေဖြင့်ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးအားအနိုင်ယူနိုင် လိ့မ်မည်ဟုဆိုလိုခြင်းမဟုတ်ပေ။
ပင်ကိုယ်အားဖြင့် ဘိုးဘေးလက်နက် ပေါက်ကွဲမှုက ကြယ်ခြောက်ပွင့်သူတော်စင်
နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားပြည့်တိုက်ခိုက်မှုနှင့်ညီမျှ
သည်ဖြစ်သည်။ သို့သော် ယင်းက တစ်ချက်တည်းသာဖြစ်သည်။
အကယ်၍သူသာ ကြယ်ခြောက်ပွင့်သူတော်စင်
နယ်ပယ်ကျွမ်းကျင်သူတစ်ဦး
နှင့်မမျှော်လင့်ဘဲကြုံကြိုက်ခဲ့လျှင် ကြက်သွေးရောင်ချပ်ဝတ်ပါနေခဲ့လျှင်တောင် ရှစ်ဖုန့်အနေဖြင့် အန္တရာယ်ကျရောက်လိမ့်မည်ဖြစ်သည်။
ကြယ်ခြောက်ပွင့်သူတော်စင်
နယ်ပယ်ကိုမဆိုထားဘိ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်နှင့်ဆိုလျှင်ပင် သူတို့ကြားရှိစွမ်းအားကွာခြားချက်ကြောင့် အန္တရာယ်ရှိလိမ့်မည်ဖြစ်သည်။
သူတော်စင်နယ်ပယ်သို့ရောက်
ရှိပြီးသည့်နောက် ကြယ်တစ်ပွင့်တိုက်ခိုက်ရေးစွမ်း
အားကွာခြားချက်က ကောင်းကင်နှင့်မြေကြီးလောက်
ကွာဟချက်ကြီးမားသည်ဖြစ်သည်။
ရှစ်ဖုန့်၌ သူဝတ်ဆင်ထားသော ကြက်သွေးရောင်ချပ်ဝတ်အပါအဝင်သူ၏ တိုက်ခိုက်ရေးခွန်အားအားလုံးပေါင်းက သာမန်ကြယ်သုံးပွင့်သူတော်စင်
နယ်ပယ်ကျွမ်းကျင်သူတစ်ဦးထက်ကိုသာလွန်သည်။သူကကြယ်လေးပွင့်
သူတော်စင်နယ်ပယ်နှင့်နီးကပ်နေပြီဖြစ်ပြီး သူ၏တိုက်ခိုက်ရေးခွန်အားက ကြယ်သုံးပွင့်နှင့်ကြယ်လေး
ပွင့်သူတော်စင်နယ်ပယ် ကြားထဲတွင်ရှိသည်ဖြစ်သည်။
သို့သော်ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုကိုတော့ ထည့်တွက်၍မရပေ။ သူ၏လက်ရှိခွန်အားဖြင့် အကယ်၍ သူသာငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုအားချခင်းခဲ့လျှင် သူ၏ စွမ်းအားက ကြယ်ငါးပွင့်
သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူအဆင့်သို့ ရောက်ရှိနိုင်သည်ဖြစ်သည်။ သို့သော် ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက စွမ်းအားကြီးမားသော်လည်း အားနည်းချက်တစ်ခုရှိသည်ဖြစ်သည်။ အကယ်၍သူသာ မှန်ကန်သောအချိန်တစ်ခုကို
ရှာမတွေ့နိုင်ခဲ့လျှင် သူ့အနေဖြင့် ဤစွမ်းအားကြီးမားသော သိုင်းပညာရပ်အား ချခင်းနိုင်လိမ့်မည်မဟုတ်ပေ။
ငရဲဘုံကိုးခု ဆီးလ်တံဆိပ်လေးခုက များပြားလှသော စွမ်းအင်ပမာဏကို ကုန်ဆုံးစေပြီး ဆီးလ်အတွက်အချိန်လည်း
ကြာကြာယူရသည်ဖြစ်သည်။ လက်သင်္ကေတများပြုလုပ်ရန်အတွက် ရှစ်ဖုန့်အတွက်တစက္ကန့်စာ
လောက်သာလိုသော်လည်း ဤတစ်စက္ကန့်က လက်သင်္ကေတများအား ဖော်ဆောင်ရန်အတွက်သူ၏ စွမ်းအားအားလုံးအား ဆွဲထုတ်ဖို့လိုသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား သူ့အနေဖြင့်အာရုံပျက်မခံနိုင်ခြင်းဖြစ်သည်။
ဤတစက္ကန့်စာအချိန်အတွင်း
ရှစ်ဖုန့်အနေဖြင့်သူ၏ တိုက်ခိုက်ရေးခွန်အားအားလုံးအား ဆုံးရှုံး သွားသည်ဟုပြောနိုင်သည်ဖြစ်သည်။
တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝသော ကျွမ်းကျင်သူများအတွက် ဤတစက္ကန့်စာရပ်နေသောအချိန်ကို လက်မလွတ်စတမ်းအသုံးချနိုင်ခဲ့လျှင် ပြိုင်ဘက်အား တစ်ချက်တည်းဖြင့်သတ်နိုင်ရန်
အတွက်လုံလောက်မှုရှိပြီး တိုက်ပွဲရလဒ်အား အဆုံးအဖြတ်ပေးနိုင်သည်ဖြစ်သည်။ျ
ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့် ဤစည်းမျဉ်းများကိုဖီဆန်သော
ပညာရပ်အား ထုတ်ဖော်ရန်အတွင် မှန်ကန်သော အခွင့်အရေးတစ်ခုအားအမြဲရှာ
ဖွေရသည်ဖြစ်သည်။
“ရှီး…ရှီး.”
အကွာအဝေးတစ်ခု၌ တိုက်ပွဲကဆက်လက်၍ဖြစ်ပွား
နေဆဲဖြစ်သည်။ ရှစ်ဖုန့်က ခရမ်းရောင်မြွေကြီးအားမောင်း
နှင်လိုက်ပြီးနောက် ခရမ်းရောင်မြွေကြီး ကတိုက်ပွဲ၌ ကြမ်းကြုတ်ခက်ထန်စွာပါဝင်လိုက်သည်။ ခရမ်းရောင်မြွေကြီးမှာကြယ်နှစ်ပွင့်
သူတော်စင်နယ်ပယ်နှင့်ညီမျှသည်ဖြစ်ပြီး တိုက်ပွဲကတစ်ဖက်သက်ဖြစ်နေသည်။
ကြီးမားပြီးကြမ်းကြုတ်သော ခရမ်းရောင်မြွေခန္ဓာအောက်တွင် အချို့သော အမှောင်နတ်သူငယ်မျိုးနွယ်စုဝင်တို့မှာ ခရမ်းရောင်မြွေကြီး၏ ဧရာမပါးစပ်ကြီးအတွင်း တိုက်ရိုက်အကိုက်ခံလိုက်ရပြီး
အချို့ကတော့ အမြှီးကြီးဖြင့်သိမ်းကျုံးအရိုက်ခံရကာ
သူတို့၏ တစ်ကိုယ်လုံး ပေါက်ကွဲပွင့်ထွက်ကုန်သည်။ ခရမ်းနက်ရောင်သွေးတို့က ပျံကျဲနေပြီး များပြားလှသော အမှောင်နတ်သူငယ်စစ်သည်အုပ်စုကြီးမှာ ဧရာမခရမ်းရောင်မြွေခန္ဓာ၏ရိုက်
နှက်မှုကိုခံနေရသည်။ဧရာမခရမ်းရောင်မြွေကြီးထွက်ခွာသွားသောအခါတွင်ထိုနေရာရှိ ကြီးမားသောကန္တာပြင်ထက်၌ ကြွေမွနေသောအသွေးအသားများက ပြန့်ကျဲနေသည်။
ယင်ရှာ၊ထူရှာနှင့်ယိုလန်တို့ကလည်း မြွေလူသားများနှင့်ပူးပေါင်း၍စစ်
မြေပြင်၌တိုက်ခိုက်နေသည်။ ယိုလန်၏ကျောထက်တွင်ရှိနေသော
ရွှယ်ရှာက ခရမ်းရောင်မြွေခန္ဓာကြောင့်
အသတ်ခံလိုက်ရသော အမှောင်နတ်သူငယ်မျိုးနွယ်စုမှ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်
ကျွမ်းကျင်သူအား လက်ထဲတွင်ကိုင်ထားသည်။ထက်ရှပြီး သွေးနီရောင်ဖြစ်သောသွား
စွယ်တန်းနှစ်ခုဖြင့် အလောင်း၏လည်ပင်းအား
ကိုက်ခဲလိုက်ပြီး အလောင်း၏သွေးတို့အား ရူးသွပ်စွာဖြင့်လောဘတကြီးစုပ်ယူတော့သည်။ကျွမ်းကျင်သူ၏သွေးကသူ့
ခန္ဓာကိုယ်ရှိအရှိန်အဝါအား
အဆက်မပြတ်မြင့်တက်စေသည်။
တိုက်ပွဲအော်ဟစ်သံများနှင့် စိတ်မချမ်းမြေ့ဖွယ်နာကျင်မှု
အပြည့်ဖြင့်ငိုကြွေးသံများက စစ်မြေပြင်တွင် အဆက်မပြတ်ထွက်ပေါ်နေပြီး သဲကန္တာရအတွင်းရိုက်ခတ်မြည်ဟိန်းနေသည်။
သေခြင်းစွမ်းအင်များ၊ ဝိညာဉ်စွမ်းအင်နှင့်သွေးတို့က ကြီးမားသော ဧရိယာအတွင်း မြစ်တစ်ခုကဲ့သို့စုစည်းပြီး အကွာအဝေးတစ်ခုအတွင်းရှိနေသော ရှစ်ဖုန့်ထံသို့ ရူးသွပ်စွာ တလိပ်လိပ်ဦးတည်သွားသည်။
၎င်းတို့အားလုံး ရှစ်ဖုန့်၏အရူးအမူး ဝါးမျိုမှုကိုခံလိုက်ရသည်။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော်လည်း အမှောင်နတ်သူငယ်မျိုးနွယ်စုမှာ
သေကြေပျက်စီးနေပြီး အချိန်တစ်ခုစာသာလိုအပ်တော့သည်ဖြစ်သည်။ဤတိုက်ပွဲပြီးနောက် စွမ်းအားအကြီးမားဆုံးမျိုးနွယ်စု အမြဲဖြစ်ခဲ့သော အမှောင်နတ်သူငယ်မျိုးနွယ်စုမှာ သဲကန္တာရအတွင်း၌ ပျောက်ဆုံးသွားတော့မည်ဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE