← Chapters

အပိုင်း (၃၉၇)

Vol. 27 Ch. 397

အပိုင်း (၃၉၇)

Vol. 27 Ch. 397

နောက်ဆုံးသော ဟိန်းဟောက်သံနှင့် ခရမ်းရောင်မြွေကြီး၏ ဦးဆောင်မှုအောက်တွင်  မြွေလူသားတစ်ယောက်၏ တူတစ်ချက်ဖြင့်  နောက်ဆုံးသော အမှောင်နတ်သူငယ် စစ်သည်မှာ အပိုင်းပိုင်းချေမွ ရိုက်နှက်ခံလိုက်ရသည်။ တိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်၏။

ဤတိုက်ပွဲအတွင်း အမှောင်နတ်သူငယ်  နှစ်ထောင်ကျော်သေကြေ ပျက်စီးသွားခဲ့သည်။

သို့သော် စစ်ပွဲဆိုသည်မှာ ကြမ်းကြုတ်ရက်စက်သောအရာ

တစ်ခုဖြစ်သည်။ခရမ်းရောင်မြွေခန္ဓာ၏ဦးဆောင်မှုအောက်တွင်ပင်  ဤစစ်ပွဲအတွင်း၌ မြေလူသားစစ်သည်တော်သုံးရာကျော် သေဆုံးခဲ့သည်။စစ်သည်တော်အများစုမှာ အမှောင်နတ်သူငယ်များ၏ သိပ်သည်းသော နက်မှောင်သော အလင်းမြှားများ၏အောက်တွင် သေဆုံးသွားခဲ့ကြရခြင်းဖြစ်သည်။

မြွေလူသားစစ်သည်များက စစ်မြေပြင်ကို စတင်၍  ရှင်းလင်းလိုက်ကြပြီး  သေဆုံးသွားကြသောအလောင်းများ

အားသယ်ဆောင်ကြသည်။ရှစ်ဖုန့်က မြွေလူသားစစ်သည်များ၏  သေခြင်းစွမ်းအင်များကိုသာ စုပ်ယူခဲ့သည်။ထို့ကြောင့်သူတို့၏အလောင်းများက ယခင်ကအတိုင်းရှိနေသေးသည်ဖြစ်သည်။ အမှောင်နတ်သူငယ်များမှာမူ သူတို့အနေဖြင့်သဲကန္တာရအတွင်း

ခြောက်သွေ့သောအလောင်းများ

အဖြစ်သာကျန်ရစ်နေခဲ့သည်။

ရှစ်ဖုန်က ကန္တာရအတွင်း တစ်ယောက်တည်းရပ်နေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင်  ယင်ရှာ၊ထူရှာနှင့်ယိုလန်တို့က  ရှစ်ဖုန့်ထံသိုပြန်လည်၍ပျံသန်းလာကြသည်။ ရွှယ်ရှာက ယိုလန်၏ကျောထက်၌ရှိသည်ကို ရှစ်ဖုန့်သတိပြုမိထားပြီးသားဖြစ်သည်။ အမှောင်နတ်သူငယ်ကြယ်ကိုးပွင့်

ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူ၏

သွေးတို့အားစုပ်ယူပြီးသည့်နောက်တွင် ဤသွေးနီရောင်ယင်အလောင်း

ကောင်လေးက  ၎င်း၏မျက်လုံးတို့အားပိတ်ထား

ကာနက်ရှိုင်းစွာအိပ်မောကျနေသကဲ့သို့ယိုလန်၏ကျောပေါ်၌ လဲလျောင်းနေသည်။

ရွှယ်ရှာ၏ သွေးနီရောင်ခန္ဓာကိုယ်မှ သွေးနီရောင်အလင်းတစ်ခု

ကိုထုတ်လွှတ်နေသည်။ ၎င်းကစည်းချက်ညီနေကာ အသက်ရှူနေသကဲ့သို့ပျောက်သွား

လိုက်ပေါ်လာလိုက်ဖြစ်နေ၏။

ဤငတိက သူစုပ်ယူခဲ့သော များပြားလှသည့်သွေးစွမ်းအင်ပမာ

ဏများအားခြေဖျက်ရန်အတွက် နက်ရှိုင်းစွာအိပ်မောကျနေခြင်းဖြစ်

သည်ကိုရှစ်ဖုန့်သိသည်။

သူနိုးလာသောအချိန်တွင်သေချာပေါက်  နယ်ပယ်သစ်တစ်ခုသို့ဝင်

ရောက်လိမ့်မည်ဖြစ်သည်။ ဘယ်နယ်ပယ်အထိရောက်နိုင်

မလဲဆိုသည်ကားရှစ်ဖုန့်အနေဖြင့် သွေးယင်အလောင်းကောင်၏

ခန္ဓာကိုယ်အကြောင်းအားအများကြီးမသိသောကြောင့် ယင်းနှင့်ပက်သက်၍သိနိုင်ခြင်းမရှိပေ။

ဤအချိန်၌သူ၏ရှေ့တွင်ရှိနေကြသောသူများမှာ အလားအလားကောင်းများစွာရှိနေကြသော သက်ရှိများပင်ဖြစ်ကြသည်။အထူးသဖြင့်ယိုလန်ပင်ဖြစ်သည်။ရှစ်ဖုန့်အနေဖြင့် အစက ၎င်းအားသာမန်နတ်ဆိုးဝံပုလွေတစ်ကောင်၏ တွေးထင်ခဲ့သော်လည်း ဤငတိလေးက အရှုံးပေးလက်လျော့ခြင်းမရှိဘဲ သူမျှော်မှန်းထားသည်ထက် ဆက်လက်ကျော်လွန်သွားလိမ့်မည်ဟုရှစ်ဖုန့်မမျှော်လင့်ခဲ့ပေ။အနာဂတ်၌ သူဘာတွေအောင်မြင်အောင်လုပ်ဆောင်နိုင်မည်ဆိုသည်အားရှစ်ဖုန့်မသိပေ။

ယင်ရှာ၊ထူရှာ၊ယိုလန်နှင့် သူ၏ရှေ့၌ နက်ရှိုင်းစွာအိပ်မောကျနေသော  ရွှယ်ရှာတို့အားကြည့်လိုက်ရင်း ရှစ်ဖုန့်ကပြောလိုက်သည်။

“သိုင်းပညာလမ်းကြောင်း

ပေါ်ကိုလျှောက်လှမ်းသွားဖို့က ရှည်ကြာတဲ့ခရီးတစ်ဖြစ်နေသေးတယ်.. ဒါပေမဲ့လက်ရှိမင်းတို့ရဲခွန်အားတွေအရ မင်းတို့ဟာငါနဲ့ဒီလမ်းကြောင်းအပေါ်မှာ သွားဖို့ကိုထိုက်တန်မှုမရှိသေးဘူး..

မင်းတို့တွေအတူတကွသွားနိုင်ကြသလို ကိုယ်လမ်းကြောင်းကိုယ်ရွေးပြီး

လဲသွားနိုင်ကြတယ်…အခုကစပြီး မင်းတို့ယူရမဲ့လမ်းကြောင်းကိုရှာဖွေပြီးတော့ စိန်ခေါ်မှုတွေကိုပြုလုပ်ပါ”

သူတို့တွေအားလုံးစွမ်းအားကြီး

လာသကဲ့သို့ရှစ်ဖုန့်ကလည်း အရှေ့ပိုင်းဒေသကြီးမှထွက်ခွာပြီး ပို၍စွမ်းအားကြီးမားသောကျင့်ကြံသူများရှိရာ ဒေသကြီးများသို့သွားရောက်ရန်

အချိန်သိပ်မကြာတော့ပေ။၎င်းတို့အတွက်မူ ၎င်းတို့၏လက်ရှခွန်အားဖြင့် ကျယ်ပြောလှသောပြင်ပကမ္ဘာ

နှင့်ထိတွေ့ရန်အတွက် ပိုမို၍သန်မာလာကြရန်လိုအပ်

သေးသည်ဖြစ်သည်။

“သွားတော့..ငါတို့ထပ်ပြီးတွေ့ကြတဲ့အခါမှာမင်းတို့တွေငါ့ကို စိတ်မပျက်စေဖို့မျှော်လင့်တယ်”

ရှစ်ဖုန့်က  ၎င်းတို့အားကြည့်လိုက်ပြီးပြောလိုက်သည်။

“ဟုတ်ကဲ့သခင် …”

ယင်ရှာက သူ၏လက်သီးနှစ်ဖက်အားဆုပ်၍ ရှစ်ဖုန့်အားဦးညွှတ်ဂါရဝပြုလိုက်သည်။

ရှစ်ဖုန့်က ယင်ရှာအားကြည့်လိုက်ပြီးသူ၏ ညာလက်ချောင်အား၎င်းထံသို့ ဖျက်ခနဲလှုပ်ရှားလိုက်သည်။ ထို့နောက် ယင်ရှာ၏နဖူးထက်၌ရှိနေသော “ယို”ဟုသည့်စကားလုံးမှာ ပျောက်ကွယ်သွားသည်။

“သခင်”

ရှစ်ဖုန့်သူ၏ကိုယ်ပေါ်၌ ချန်ရစ်ထားခဲ့သော အမှတ်အသား ပျောက်ကွယ်သွားသည်ကိုတွေ့

လိုက်ရသောအခါတွင် ယခင်ရှာက ခေါင်းမော့လိုက်ပြီး  ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။

“အဲ့အချိန်တုံးက  ဒီအမှတ်သားကိုမင်းပေါ်မှာငါထားခဲ့တာ ထူးခြားတဲ့အကြောင်းပြချက်တွေကြောင့်ပဲ..

ဒါပေမဲ့အခုတော့ အဲ့တာကထပ်ပြီးမလိုတော့ဘူး’

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင် …ဘာတွေပဲဖြစ်နေပါစေ ဘယ်နေရာတွေမှာပဲဖြစ်ဖြစ် သခင်က ကျွန်ုပ်ရဲ့အသက်ကိုကယ်တင်ခဲ့

ပါတယ်..သခင်က အမြဲတမ်းကျွန်ုပ်ရဲ့သခင်ဖြစ်နေမှာပါ..ၑ

ယင်ရှာ၏နတ်ဆိုးဆန်စွာချော

မောသောမျက်နှာထက်တွင်  စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။

ယင်ရှာ၏စကားတို့အားကြား

ပြီးသည့်နောက်တွင်  ရှစ်ဖုန့်က  သူခေါင်းကိုခါယမ်း၍ပြုံးလိုက်သည်။

“အဲ့နေ့က နတ်ဆိုးသားရဲတောင်တန်းကိုဝင်ပြီးတော့ အမှောင်နှင်းပန်းကိုရှာခဲ့တယ်ဆိုတာက  မင်းကမင်းရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့  တိုက်ခိုက်မှုကိုငါ့အတွက်တားဆီးပေးခဲ့လို့ပဲ…

မင်းငါ့ကိုကျေးဇူးတင်ချင်တယ်ဆိုရင်  မင်းကိုယ်မင်းပဲကျေးဇူးတင်သင့်တယ်..

ယင်ရှာ အခုကစပြီးတော့မင်းငါ့ကိုသခင်

လို့မခေါ်နဲ့တော့ ….ဆရာလို့ပဲခေါ်ပါ”

“ဆရာ..ဆရာ…”

ရှစ်ဖုန့်၏စကားတို့အား ကြားပြီးသည့်နောက်တွင်  အရင်ဆုံးယင်ရှာမှင်သက်သွားရသည်။ ထို့နောက်သူတုံ့ပြန်လာသည်။

သူ၏မျက်နှာထက်တွင်စိတ်လှုပ်ရှားမှုများ ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေ၏။ သူကအနည်းငယ်တုန်လှုပ်နေသေးပြီး ဤသည်က အမှန်ဖြစ်သည်ကို မယုံကြည်နိုင်သေးပေ။

“ဆရာ..ဆရာ”

ယင်ရှာ၏ကိုယ်မှာ  စိတ်လှုပ်ရှားမှုတို့ကြောင်တုန်ယင်နေသည်။ သူကမြေပြင်ပေါ်တွင်အလျှင်

အမြန်ဒူးထောက်ချလိုက်ပြီး  ရှစ်ဖုန့်အားလေးလေးနက်နက်ရှိခိုး

ဂါရဝပြုလိုက်သည်။

ယင်ရှာကရှစ်ဖုန့်၏သရုပ်မှန်အား

သိသည်ဖြစ်သည်။ ထျန်းဟန်တိုက်ကြီး၏ အသန်မာဆုံးသောနမည်ကျော်လူများတွင်ငရဘုံကိုးခုဧကရာဇ်နှင့် သူ၏တပည့်များအား ဤကမ္ဘာကြီးက ကောင်းစွာသိကြသည်ဖြစ်သည်။ သေခြင်းဧကရာဇ် လင်ယဲဖုန်း၊ဧကရာဇ်မိုရှောင်ယောင်၊ ထျန်းဟွမ်မြို့အရှင်သခင် လန်အောင်းယွဲ့ ၎င်းတို့ထဲမှ မည်သူကများ မကျော်ကြားပဲနေပါသနည်း။ ၎င်းတို့ထဲကမည်သူကများ ထျန်းဟန်တိုက်ကြီးပေါ်ရှိလူအားလုံးက မော်ကြည့်ရသောလူမဟုတ်ပဲနေပါသနည်း။

သူကထိုလူ၏တပည့်ဖြစ်လာပြီး၎င်းတို့၏ ဂျူနီယာတစ်ယောက်ဖြစ်လာမည်

ဟုမည်သူကများတွေးထင်ပါမည်နည်း။ယခင်ကဖြစ်စေ သူသေပြီးနောက်ဖြစ်စေ ယင်ရှာအနေဖြင့်  ဤကဲ့သို့သော အရာအား လုံးဝမတွေးခဲ့ဖူးချေ။

“ကောင်းပြီ ထတော့..မင်းရဲ့ပါရမီက မဆိုးပါဘူး.မင်းကသန်မာတဲ့သူ

တစ်ယောက်ဆိုတာကို မင်းနှလုံးသားကိုဖြတ်ပြီးတော့ငါမြင်နိုင်တယ်..အနာဂတ်မှာမင်းငါ့ကိုစိတ်မ

ပျက်စေဖို့ငါမျှော်လင့်တယ်”

ရှစ်ဖုန့်က ပြောလိုက်သည်။

“ယင်ရှာသေချာပေါက်မလုပ်ပါဘူး”

ယင်ရှာ က ခိုင်မာပြတ်သားသော မျက်နှာထားဖြင့်ပြန်ဖြေလိုက်သည်။

ထို့နောက်သူကဖြည်းဖြည်းချင်း

ထရပ်လိုက်သည်။သူထရပ်သောအခါတွင် သူ၏ကိုယ်ကစိတ်လှုပ်ရှားမှုတို့

ကြောင့်အနည်းငယ်တုန်ယင်နေဆဲဖြစ်သည်။

ရှစ်ဖုန့်က ကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူလိုက်ပြီး ယင်ရှားအားလွှဲပေးလိုက်သည်။

“မင်းမှာအကြွင်းမဲ့ယင်ခန္ဓာအလောင်းကောင်ကိုယ်တစ်ခုရှိတယ်….မင်းရဲ့ကျင့်ကြံမှုနည်းလမ်းက သာမန်လူသားတွေနဲ့ ကွဲပြားတယ်.. အဲ့တာထက်ပိုတာက..မင်းဟာ မင်းရဲ့ခန္ဓာကိုယ်နဲ့သင့်တော်တဲ့ ကျင့်ကြံမှုပညာရပ်တစ်ခုနဲ့အတူမွေးဖွားလာခဲ့တာ..ငါမင်းကိုဘာကျင့်ကြံမှု

နည်းလမ်းကိုမှမသင်ပေးတော့ဘူး…

ဒီကျောက်စိမ်းပြားထဲမှာ ယင်ဓာတ်အခြေပြု သိုင်းပညာရပ်တွေကို ငါထည့်သွင်းပေးထားတယ်…

မင်းရဲ့ကျင့်ကြံမှုအတွက်မင်းနဲ့

သင့်တော်တဲ့သိုင်းပညာရပ်တွေကို မင်း  ရှာလို့ရတယ်.. ဒီသိုင်းပညာရပ်တွေကနေ မင်းရဲ့ကိုယ်ပိုင်စွမ်းအားကြီး

သိုင်းပညာရပ်တွေကိုနား

လည်သဘောပေါက်အောင်

လည်းဆင်ခြင်လို့ရတယ်.. မင်းလုပ်နိုင်မယ်လို့ငါယုံကြည်တယ်..

ငါမင်းကိုဖြတ်သန်းဖို့အတွက်

တံခါးကိုဖွင့်ပေးဖို့ပဲတက်နိုင်တယ်..

အနာဂတ်မှာ လမ်းကြောင်းကိုတော့ မင်းဟာမင်းပဲလျှောက်လှမ်းရလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်..ဆရာ…”

ယင်ရှာကသူ၏ဦးခေါင်းအားလေးစားစွာဖြင့်ဦးညွှတ်လိုက်သည်။ သူကလက်ကိုဆန့်ထုတ်ပြီး  ရှစ်ဖုန့်ထံမှကျောက်စိမ်းပြားအား ဂရုတစိုက်  လှမ်းယူလိုက်သည်။ ယင်ရှာ၌သိုလှေင်လက်စွပ်မရှိသည်ကို တွေ့ရသောအခါတွင် သူ၏သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင်သိုလှောင်လက်စွပ်တစ်ကွင်းအား  ရှစ်ဖုန့်သာမန်ကာလျှံကာ

ထုတ်ယူလိုက်ပြီး၎င်းအား ယင်ရှာ၏လက်ဖဝါးပေါ်တွင်

တင်ပေးလိုက်သည်။

ယင်ရှာက  သိုလှောင်လက်စွပ်အား ဂရုတစိုက်ယူလိုက်ပြီး ဝတ်ဆင်လိုက်သည်။ သူက ကျောက်စိမ်းပြားအား သိုလှောင်လက်စွပ်အတွင်းထည့်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က ထူရှာနှင့်ယိုလန်တိ့အားကြည့်လိုက်သည်။ ၎င်းတို့အားကြည့်ချိန်တွင်ရှစ်ဖုန့်၏ဝိညာဉ်က အရမ်းကိုထက်ရှသည်ဖြစ်သည်။ ၎င်းတို့၏မျှော်လင့်ချက်အပြည့်မျက်လုံးများဖြင့် ခံစားချက်များအား သူခံစားနိုင်သည်ဖြစ်သည်။

“ယိုလန်”

ရှစ်ဖုန့်ကယိုလန်အားကြည့်

လိုက်ပြီးအော်ပြောလိုက်သည်။

“ဝေါင်း”

ယိုလန်ကရှစ်ဖုန့်အားဟိန်းဟောက်လိုက်သည်။ နတ်ဆိုးသာရဲများအနေဖြင့် အဆင့်ငါး နတ်ဆိုးသားရဲအင်ပါယာ

အဆင့်သို့ရောက်ရှိလာပြီး လူသားများနှင့်အခြားသော ဘာသာစကားတို့အား ပြောဆိုနိုင်သော အသိဉာဏ်မျိုးရှိနေသော်လည်း ၎င်းတို့အနေဖြင့်သူပြောချင်

တိုင်းတော့မပြောနိုင်ပေ။၎င်းတို့အနေဖြင့် သင်ကြားရန်အချိန်အချို့လိုအပ်သည်ဖြစ်သည်။ဤအချိန်အတောအတွင်းယိုလန်က ယင်ရှာနှင့်အတူနတ်ဆိုးသားရဲတောင်တန်း၌ တိုက်ခိုက်နေခဲ့သည်ဖြစ်သည်။

မည်ကဲ့သို့လူသားဘာသာစကားအား ၎င်းအနေဖြင့်သင်ကြားရန်အချိန်ရှိပါမည်နည်း။

သို့သော် အဆင့်ငါးအင်ပါယာအဆင့်

သို့ရောက်ရှိပြီးနောက်တွင် ယိုလန်၏ အသိဉာဏ်မှာသာမန်လူသား

တစ်ယောက်ထက်သေချာပေါက် နိမ့်ကျခြင်းမရှိပေ။

ရှစ်ဖုန့်ကယိုလန်အားကြည့်လိုက်သည်။ အစောပိုင်းကယင်ရှာအားပြုလုပ်သကဲ့သို့ သူလက်ချောင်းအား ယိုလန်ထံဖျက်ခနဲလှုပ်ရှားလိုက်သည်။နတ်ဆိုးသားရဲတောင်တန်းအတွင်းယိုလန်

အပေါ်၌ရှစ်ဖုန့်ချန်ရစ်ထားခဲ့သောအမှတ်အသားသည်လည်းပျောက်ကွယ်သွားသည်။

ယိုလန်၏ကြမ်းကြုတ်ခက်ထန်သာမျက်နှာ၌ ၎င်း၏မျှော်လင့်ချက်ပြည့်ဝနေသော မျက်လုံးတို့အားရင်ဆိုင်ရင်း  ဤအသိဉာဏ်မြင့်မားသော

နတ်ဆိုးသားရဲက ၎င်းအား ယင်ရှာကဲ့သို့သူ၏တပည့်

အဖြစ်သတ်မှတ်စေချင်လိုကြောင်းကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters