အပိုင်း (၃၉၈)
Vol. 27 Ch. 398
“ယိုလန် မင်းကငါ့ရဲ့နောက်ကိုလိုက်တဲ့
အချိန်မှာမကြာခဏ ငါ့နဲ့အတူယှဉ်တွဲပြီးတိုက်ခိုက်ခဲ့တယ်..ဒါပေမဲ့ ငါက အလားအလာမရှိရင် တပည့်အဖြစ်လက်သင့်ခံမှာမဟုတ်ဖူး. “
ရှစ်ဖုန့်ကယိုလန်အားပြောလိုက်ပြီးနောက် ခဏရပ်တန့်လိုက်သည်။ ယိုလန်၏အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီး စိတ်ပျက်စွာဖြင့်ခေါင်းငုံ့လိုက်
သည်ကိုမြင်ရသောအခါတွင် ရှစ်ဖုန့်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းကငါ့ကိုသက်သေပြနိုင်မယ်လို့ မျှော်လင့်တယ်ယိုလန်”
“ယိုလန် ငါမင်းကို အခုကနေစပြီးတော့ အမည်ခံတပည့်အဖြစ်လက်သင့်ခံမယ်…
မင်းအဆင့်ခုနှစ် သူတော်စင်နယ်ပယ်ကိုချိုး
ဖြတ်နိုင်တဲ့အခါကြရင် ငါမင်းကိုငါ့ရဲ့တရားဝင်တပည့်
တစ်ယောက်အဖြစ်လက်သင့်ခံပေးမယ်”
“ဝေါင်း”
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင်ယိုလန်က လျှင်မြန်စွာခေါင်းငြိမ့်လိုက်ပြီး အသံတိုးတိုးဟစ်အော်လိုက်သည်။ သို့သော် ယိုလန်၏မျက်ဝန်းများအတွင်းမှ စိတ်ပိုင်းဖြတ်ထားမှုတို့အား ရှစ်ဖုန့်မြင်တွေ့နိုင်သည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က ထူရှာအား လှည့်၍ကြည့်လိုက်သည်။ ရှစ်ဖုန့်က သူ၏စွမ်းအားတို့အား ချပြပြီးခဲ့သည့်နောက် ထူရှာမှာ ရှစ်ဖုန့်အားအပြည့်အဝလက်ခံ
ယုံကြည်သွားခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်က ယင်ရှာအား သူ၏တပည့်ဖြစ်လက်ခံလိုက်သည်ကိုတွေိ့လိုက်ရသောအခါတွင် ထူရှာ၏မျက်နှာထက်၌လည်း ယိုလန်ကဲ့သို မျှော်လင့်ချက်များဖြင့်ပြည့်ဝ
နေသည်ကိုရှစ်ဖုန့်မြင်တွေ့ရသည်။
“သခင်”
ရှစ်ဖုန့်က သူ့အား ကြည့်လိုက်သည်ကိုတွေိ့
လိုက်ရသောအခါတွင် ထူရှာကတိုးဖျော့စွာခေါ်လိုက်သည်။
ရှစ်ဖုန့်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။
“မင်းကငါ့ရဲ့နောက်ကို အခုမှစပြီးတော့လိုက်တာ..ဒါပေမဲ့ တိုက်ပွဲအတွင်းမင်းရဲပါရမီစွမ်း
ရည်ကိုငါမြင်တွေ့ခဲ့ပြီးပြီ.. မင်းလည်းယိုလန်လိုပဲ…ငါမင်းကို အမည်ခံတပည့်အဖြစ်အရင်ဆုံးလက်ခံမယ် ဘယ်လိုလဲ”
“ဟုတ်ကဲ့ ဆရာ.. ထူရှာသေချာပေါက်ကို သန်မာလာစေရပါမယ်”
ထူရှာကလေးနက်သော အသံဖြင့်ပြောလိုက်သည်။
“ကောင်းပြီ မင်းတို့တွေအခုသွားလို့ရပြီ..ရွှယ်ရှာကို မင်းတို့နဲ့အတူခေါ်သွွားလိုက်ပါ.. နောက်တစ်ကြိမ် မင်းတို့နဲ့ ငါပြန်တွေ့တဲ့အခါမှာမင်းတို့တွေ တိုးတက်ကြီးထွားလာတာကို ငါမြင်မရမယ်လို့မျှော်လင့်တယ်”
“ဟုတ်ကဲ့ပါ ဆရာ”
“ဝေါင်း”
ယင်ရှာ၊ထူရှာနှင့် ယိုလန်တို့က လေးစားမှုအပြည့်ဖြင့်ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။ ထို့နောက် ရှစ်ဖုန့်၏အကြည့်အောက်တွင် ယင်အလောင်းကောင်နှစ်ကောင်နှင့် ဝံပုလွေတစ်ကောင်တို့က ကောင်းကင်ထဲသို့ ပျံသန်းကာ သူ၏ရှေ့ကန္တာရတထဲ့သို့ပျံသန်း
ထွက်ခွာသွားသည်။ ပုံရိပ်တို့မှာ ရှစ်ဖုန့်၏မြင်ကွင်းမှလျှင်မြန်စွာ
ပျောက်ကွယ်သွားပြီး ကန္တာရထဲမှ လျှင်မြန်စွာပျောက်ကွယ်သွားသည်။
“ရှီး”
ဤအချိန်တွင် ကောင်းကင်ထဲ၌ရစ်ခွေနေသော ခရမ်းရောင်မြွေခန္ဓာကလည်း လေထဲမှ ရှစ်ဖုန့်ထံသို့ ထိုးဆင်းလာသည်။ရှစ်ဖုန့်၏စိတ်အားလှုပ်ရှားလိုက်ပြီး သူထံသို့ ထိုးဆင်းလာသော ခရမ်းရောင်မြွေမှာ အရှိန်အဟုန်ဖြင့် ကျုံ့ကာသေးသွားသည်။ရှစ်ဖုန့်အနားသို့နောက်ဆုံးနီးကပ်လာသောအခါတွင် တီကောင်တစ်ကောင်အရွယ်အစား
သာရှိတော့ပြီး ရှစ်ဖုန့်၏လက်သန်းရှိ နေရာလွတ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
“အကိုရှစ်ဖုန့်”
ဇီယာ၏အသံက ရှေ့မှထွက်ပေါ်လာသည်။ ဇီယာနှင့်နတ်ဆရာမကြီးခါလဲ့တို့က သူတို့၏အမြှီးများအားဝေ့ယမ်း
လျှောတိုက်၍ ရှစ်ဖုန့်ထံသို့ဦးတည်လာသည်။ ခါလဲ့၏နောက်တွင် မြင့်မားပြီး အပြာရောင်အကြေးခွံများဖုံးလွှမ်းနေသော အပြာရောင်မြွေလူသားမွန်းစတား
တစ်ကောင်ရှိနေ၏။၎င်းမှာနတ်ဝါဒ
စွမ်းအားကြောင့် သန္ဓေပြောင်းလဲသွားသော နတ်ဆရာမကြီးခါလဲ့၏မြေးဖြစ်သူ ရီရှင်းပြင်ဖြစ်သည်။
ရှစ်ဖု့န်က ဇီယာအားပြုံးပြလိုက်သည်။သို့သော် ရှစ်ဖုန့်၏မျက်နှာကဆိုးဆိုးရွား
ရွားစုတ်ပြတ်နေသောကြောင့် သူ၏အပြုံးကရင်းနှီးဖော်ရွေမှုမရှိကာ တစ်နည်းနည်းဖြင့်ကျောချမ်း
ဖွယ်ကောင်းနေသည်။
ဇီယာသည်လည်း အစောပိုင်းက တိုက်ပွဲတွင်ပါဝင်ခဲ့သည်။ သူမက ရှစ်ဖုန့်သူမကိုပေးထားသော အဆင့်ငါးလက်နက်ဖြစ်သော
လျှမ်စီးမိုးကြိုး ဓားအား ကိုင်ဆွဲထားခဲ့သည်။
“အကိုရှစ်ဖုန့် ..ရှင့်ရဲ့ဒဏ်ရာတွေ…”
ဇီယာက ရှစ်ဖုန့်၏မျက်နှာနှင့်စုတ်ပြတ်သတ်နေသော လက်များကိုကြည့်လိုက်သည်။ သူမကရှစ်ဖုန့်အနားသို့စိုးရိမ်
ပူပန်မှုအပြည့်ဖြင့် ချဉ်းကပ်လာသည်။
“ဘာမှမဖြစ်ပါဘူး..ဒါက အပေါ်ယံဒဏ်ရာလောက်ပါပဲ”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဒါပေမဲ့အကိုအနာရွတ်တွေကျန်ခဲ့
တော့မှာ…အကိုက ချောမောတဲ့သူဖြစ်ခဲ့တာ ဒါပေမဲ့ အခုတော့..အခုတော့..
ညီမတို့မြွေလူသားမျိုးနွယ်စုအတွက်ကြောင့်နဲ့ ဒီလိုမျိုး ထိခိုက်သွားရပြီ…”
ဇီယာကသူမကိုယ်သူမအပြစ်တင်လိုက်သည်။
အဆုံးသတ်တွင် သူမကြောင့်သာ ရှစ်ဖုန့်ဤကဲ့သို့ ထိခိုက်နာကျင်ခဲ့ရခြင်းဖြစ်သည်။
ဤကောင်မလေး၏စကားတို့
အားကြားရပြီးသူမ၏ ဤကဲ့သို့အခြေအနေအားတွေ့ရသောအခါတွင် ရှစ်ဖုန့် သွေးလွှမ်းနေသောမျက်နှာထက်တွင် ထိတ်လန့်ဖွယ်ကောင်းသော အပြုံးတစ်ခုထပ်မံ၍ထွက်ပေါ်လာသည်။ သူကသူမအား နှစ်သိမ့်လိုက်သည်။
“အဆင်ပြေပါတယ်..အကို့ ရဲ့ကျင့်ကြံမှုနဲ့ဆိုရင် မူလအခြေအနေကိုပြန်ရောက်ဖို့အတွက် အချိန်အကြာကြီးယူရမှာမဟုတ်ပါဘူး..
မင်းအနေနဲ့စိတ်ပူနေဖို့မလိုပါဘူး”
“တကယ်လား”
ရှစ်ဖုန့်က စိတ်ချရန်အာမခံချက်
ပေးသော်လည်း ဇီယာကတော့စိုးရိမ်နေဆဲဖြစ်သည်။
“မပူပါနဲ့ကောင်မလေး သခင်လေးရှစ်ဖုန့်က အရမ်းစွမ်းအားကြီးတဲ့သူပါ…
သူအဆင်ပြေမယ်ဆိုတာသေချာပါတယ်.. “
ခါလဲ့ကလည်း ဇီယာအားနှစ်သိမ့်လိုက်သည်။
“ဟုတ်တယ် အကိုရှစ်ဖုန့် အဆင်ပြေလိမ့်မယ်”
ဇီယာကခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူမကရှစ်ဖုန့်အား ကြည့်လိုက်ပြီး စိတ်ရင်းအတိုင်းပြေလိုက်သည်။
“အကိုရှစ်ဖုန့် ဒီအတွက် အရမ်းပဲကျေးဇူးအများကြီးတင်ပါတယ်”
ဇီယာစကားပြောပြီးသည့်နောက် ခါလဲ့ကလည်း ရှစ်ဖုန့်အား စိတ်ရင်းအတိုင်း အလျှင်အမြန်ကျေးဇူးတင်စကားဆိုလိုက်သည်။
“သခင်လေးရှစ်ဖုန့် သခင်လေးရဲ့ကြင်နာမှုကို မြွေလူသားတွေက မျိုးဆက်အဆက်ဆက် မေ့မှာမဟုတ်ပါဘူး”
ဤတိုက်ပွဲအကြောင်းအား နှစ်ထောင်ပေါင်းများစွာကြာမြင့်ပြီး
သည့်တိုင်အောင် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းသွားလိမ့်မည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများ
စွာအကြာက ကြီးမြတ်သော မြွေနတ်ဘုရား၏တမာန်တော်အရှင်ဖြစ်သူက မြွေလူသားမျိုးနွယ်စု ကိုဦးဆောင်ပြီး နှစ်ထောင်ပေါင်းများစွာအကြာက ကန္တာရအတွင် အင်အားအကြီးမားဆုံးမျိုးနွယ်စုဖြစ်သော အမှောင်နတ်သူငယ်များအား
တိုက်ခိုက်သုတ်သင်ခဲ့သည်ကို မြွေလူသားမျိုးဆက်များအားလုံး
သိကြလိမ့်မည်ဖြစ်သည်။
“ဒီသခင်လေးအတွက် ဒီမှာကိစ္စတွေပြီးပြီ..အခုက ထွက်သွားဖို့အချိန်ကြပြီ… “
ရှစ်ဖုန့်က ဇီယာနှင့်ခါလဲ့တို့အားပြောလိုက်သည်။
“အာ အကိုရှစ်ဖုန့် အကိုအခုပဲထွက်သွားတော့မလို့လား. ကျွန်မတို့နဲ့ ရက်အနည်းငယ်လောက်မနေသွား
တော့ဘူးလား”
ရှစ်ဖု့န်ထွက်ခွာတော့မည့်အ
ကြောင်းအားကြားလိုက်ရ
သောအခါတွင်ဇီယာက မလိုလားသောအမူအယာဖြင့်
ရှစ်ဖုန့်အားပြောလိုက်သည်။
“ထားလိုက်ပါတော့ …အကို့မှာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ဆောင်
ရွက်ဖို့ရှိသေးတယ်…အချိန်က အများကြီးသိပ်မကျန်တော့ဘူး.. အကယ်၍ နောက်တစ်ကြိမ်သဲကန္တာရထဲဝင်ရောက်ဖို့အခွင့်အရေးရလာခဲ့ရင် အကိုသေချာပေါက် မင်းတို့နဲ့ ကြာကြာလေးနေပါ့မယ်..”
ရှစ်ဖု့န်ပြောသည်မှာ ဟုန်ယွဲ့အနေဖြင့်ကိုမာအခြေအ
နေတွင်ရှိနေဆဲဖြစ်သောကြောင့်ဖြစ်သည်။
ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်
ဆေးလုံးအား ဖော်စပ်ရန်အတွက်သူတို့အတွင် ဆေးအမယ်ဆယ်မျိုးကိုသာ
ရရှိသေးသည်ဖြစ်သည်။လုံချန်၌ အဂ္ဂရိတန်သန့်စင်ဆရာသခင်များအစည်းအရုံးမှ ချင်ယွမ်တို့ထံမှလည်းဘာသ
တင်းကိုမှလက်ခံမရရှိသေးပေ။ အချိန်ကအရမ်းကိုကျဉ်းထဲ
ကျပ်ထဲကိုရောက်ရှိနေပြီဖြစ်သည်။
“အိုးဟုတ်သား”
ရှစ်ဖုန့်၏စကားတို့အားကြား
လိုက်ရသောအခါတွင် ခါလဲ့တစ်ယောက်တစ်စုံတစ်ခုအား
အမှတ်ရသွားသည်။ သူကနက်မှောင်သော ကျောက်သေတ္တာလေးတစ်လုံးကိုသိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်ပြီး ရှစ်ဖုန့်အားလွှဲပေးလိုက်သည်။
“ဒီတိုက်ပွဲအတွင်း ကျွန်မ အမှောင်နတ်သူငယ်မျိုးနွယ်စုက အရေးကြီးတဲ့သူတစ်ယောက်ကိုသတ်ပစ်လိုက်တယ်..အရှင်လိုအပ်နေတဲ့စာရင်းပေါ်က ပစ္စည်းကို သူ့ရဲ့သိုလှောင်လက်စွပ်အတွင်းမှ ကျွန်မရှာတွေ့ခဲ့တယ်”
“အိုး..”
ရှစ်ဖုန့်ညာသာစွာပြန်တုန့်ပြန်လိုက်သည်။
သူက ခါလဲ့ထံမှ နက်မှောင်သော ကျောက်သေတ္တာအား ညင်သာစွာဖွင့်လိုက်သည်။ ရုတ်တရက်ကျောက်သေတ္တာအတွင်းမှ အနီရောင်အလင်းတန်းတစ်ခု
လင်းလက်လာသည်။
“အိုး ဒါက အနီရောင်ဒယ်စောက်ပန်းပဲ..”
ရှစ်ဖုန့်က ကျောက်သေတ္တာအတွင်း၌တိတ်
တဆိတ်ကြီးထွားနေသာ အနီရောင်ဒယ်စောက်ပန်းလေးအား ကြည့်လိုက်သည်။
အနီရောင်ဒယ်စောက်ပန်းမှာကောင်းကင်ဘုံသတ်တမ်းဆွဲဆန့်ဆေးလုံးအတွက် ရှစ်ဖုန့်လိုအပ်နေသော ဆေးအမယ်များထဲမှ တစ်ခုဖြစ်သည်။ဤအနီရောင်
ဒယ်စောက်ပန်းဖြင့်ဆိုလျှင် ရှစ်ဖုန့်အနေဖြင့် ဆေးအမယ်သုံးဆယ့်ခုနှစ်မျိုးမှ ဆယ့်တစ်မျိုးအား စုဆောင်းပြီးဖြစ်သည်။
“ကျေးဇူးတင်ပါတယ်”
ရှစ်ဖုန့်ကခါလဲ့အားကျေးဇူးတင်လိုက်သည်။
ထို့နောက်သူက ကျောက်စိမ်းပြားအား ခါလဲ့ကို လွှဲပေးပြီးပြောလိုက်သည်။
“အကယ်၍ စာရင်းထဲက ဆေးအမယ်တွေကို နောက်ပိုင်းတွေ့ခဲ့ရင် ဒီကျောက်စိမ်းပြားကိုခွဲပြီးတော့ ဒီသခင်လေးကိုချက်ချင်းအသိလှမ်းပေးပါ”
“အရှင်ရှစ်ဖုန့်ရဲ့တောင်းဆိုမှုကို
ကျွန်မသေချာပေါက်ဖြည့်ဆည်းပေးမှာပါ”
ခါလဲ့က ကျောက်စိမ်းပြားအားအလျှင်
အမြန်ယူလိုက်ပြီး ပြန််ဖြေလိုက်သည်။
“ပြီးတော့လည်း အကယ်၍ မြွေလူသားမျိုးနွယ်စုက အနာဂတ်မှာ ဒီသခင်လေးရဲ့ အကူအညီကို
လိုအပ်တယ်ဆိုရင် ဒီသခင်လေးပေးထားတဲ့ကျောက်စိမ်းပြားကို အချိန်မရွေး ခွဲလိုက်နိုင်တယ်… ဒီသခင်လေးသေချာပေါက်တက်နိုင်သမျှ အမြန််ဆုံးလာခဲ့မယ်”
ရှစ်ဖုန့်က ထပ်ပေါင်းပြောလိုက်သည်။
“အရှင်ရှစ်ဖုန့်….အခုချိန်မှာ တကယ့်ကို ကိစ္စတစ်ခုရှိနေပါသေးတယ်”
ခါလဲ့က ပါးစပ်ဟလိုက်ပြီးပြောလိုက်သည်။
“အမှောင်နတ်သူငယ်မျိုးနွယ်စုက
စွမ်းအားကြီး တဲ့သူအများစုက သုတ်သင်ခံလိုက်ရပြီဆိုပေမဲ့..ကျွန်မသာမမှားဘူးဆိုရင် အမှောင်နတ်သူငယ်မင်းသား အက်စ်ခေ က ရှေးခတ်ကာလက ဆန်းကြယ်တနဲ့ အမှောင်ပစ္စည်းတစ်ခုရဲအကူအညီနဲ့အရှင်ရှစ်ဖုန့်ရဲ့လက်ထဲကနေ လွတ်သွား တာဖြစ်လိမ့်မယ်”
မြွေလူသားမျိုးနွယ်စု၏ နတ်ဆရာမတစ်ဦးအနေဖြင့်
ပင်ကိုယ်အားဖြင့် ခါလဲ့သည် ဗဟုသုတအချို့ကြွယ်ဝမှုရှိသည်ဖြစ်သည်။ အက်စ်ခေ၏ ကြက်သွေးရောင်မီးတောက်
ပျောက်ကွယ်သွားခဲ့ပြီး အမှောင်ရုပ်သေးရုပ်လေး ပြုတ်ကျလာသည်ကိုတွေ့ရသောအခါတွင် ရှေးဟောင်းစာအုပ်တစ်ခုအတွင်း၌ မှတ်တမ်းတင်ထားခဲ့သော ပစ္စည်းတစ်ခုအားခါလဲ့တွေးမိသွားသည်။
၎င်းမှာ ရှေးခေတ်အချိန်ကာလတွေကတည်းက ဆန်းကြယ်သော ပစ္စည်းတစ်ခုဖြစ်၏။
ခါလဲ့၏စကားအားနားထောင်ပြီးနောက် ရှစ်ဖုန့်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။
“အမှန်ပဲ…အက်စ်ခေက တကယ်မသေခဲ့ဘူး.. အမှောင်ရုပ်သေးရုပ်ကနေတစ်ဆင့်
သူဘယ်နေရာကိုရောက်သွားတယ်ဆိုတာကို ဒီသခင်လေး လဲမသိဘူး..ဒါပေမဲ့ အဲလိုဆိုရင် ခရမ်းရောင်မြွေခန္ဓာကို မင်းတို့ကို ကာကွယ်ပေးဖို့အတွက် မင်းတို့မြွေလူသားမျိုးနွယ်စုမှာထားခဲ့ပေးမယ်ဆိုရင်ရော..ဘယ်လိုလဲ”
ဆက်ရန်..
ဘာသာပြန်သူ-ARISE