အပိုင်း (၃၉၉)
Vol. 27 Ch. 399
“ခရမ်းရောင်မြွေခန္ဓာကို ခင်ဗျား
တို့မျိုးနွယ်စုနဲ့ ခင်ဗျားကိုကာကွယ်ပေးဖို့အတွက် ဒီသခင်လေးထားခဲ့ပေးမယ်.. ဘယ်လိုထင်လဲ”
ရှစ်ဖုန့်က နတ်ဆရာမကြီးခါလဲ့အား ပြောလိုက်သည်။ ခရမ်းရောင်မြွေခန္ဓာက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူနှင့်ညီမျှသည်ဖြစ်သည်။ မျိုးနွယ်စုအား ခရမ်းရောင်မြွေခန္ဓာ၏ကာကွယ်မှုနှင့်
အတူယင်းက ကြယ်တစ်ပွင့်သူတော်စင်နယ်
ပယ်အက်စ်ခေအား ရင်ဆိုင်ရရန်လုံလောက်သည်
ထက်ကိုပိုသေးသည်ဖြစ်သည်။
“ရတာပေါ့…ကျေးဇူးအများကြီးတင်ပါတယ်..အရှင်…”
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် ခါလဲ့၏ အိုမင်းသောမျက်နှာထက်၌ ကျေနပ်ပီတိဖြစ်မှုများဖြင့်ပြည့်နှက်နေသည်။
အရင်ဆုံး ခရမ်းရောင်မြွေခန္ဓာက မျိုးနွယ်စုအားကာကွယ်ပေးလိမ့်မည်ဖြစ်သည်။ ရှစ်ဖုန့်ထွက်ခွာသွားပြီးသည့်နောက် မျိုးနွယ်စု၌ အမှောင်နတ်သူငယ်မျိုးနွယ်စုက ရှင်သန်ကျန်ရစ်နေခဲ့သူ အက်စ်ခေအား ရင်ဆိုင်တိုက်ခိုက်ရန်ခွန်အားရှိ
လိမ့်ဦးမည်ဖြစ်သည်။
ဒုတိယအနေနှင့်က ခရမ်းရောင်မြွေခန္ဓာမှာ မျိုးနွယ်စု၏နယ်မြေအား ကာကွယ်ပေးရန် မြွေနတ်ဘုရား၏ကိုယ်ပွားတစ်ခုပင်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်ကသူ၏ စိတ်အားအသုံးပြုလိုက်ပြီး သူ၏ လက်သန်းဆီမှာကြမ်းကြုတ်သောသားရဲတစ်ကောင်၏ ဟိန်းဟောက်သောအသံက ရုတ်တရက်ထွက်ပေါ်လာသည်။
“ရှီး”
ရုတ်ခြည်းဆိုသလို သေးငယ်သောခရမ်းရောင်မြွေလေးက ရှစ်ဖုန့်၏ လက်သန်းဆီမှ ကောင်းကင်ထဲသို့ပျံသန်းထွက်လာသည်။ ထို့နောက်၎င်းက တောင်သေးလေးတစ်လုံးအရွယ်
အစားခန့်ကြီးမားလာပြီး ကောင်းကင်ထဲ၌ ရစ်ပတ်လှည့်ခွေနေ၏။
ခရမ်းရောင်မြွေခန္ဓာပေါ်လာပြီးသည့်နောက် ရှစ်ဖုန့်က ဇီယာအားပြောလိုက်သည်။
“ခရမ်းရောင်မြွေခန္ဓာကို အကို အမိန့်တစ်ခုပေးထားခဲ့တယ်..အဲ့တာက အခုမင်းစကားကို အခုကစပြီးတော့ နားထောင်လိမ့်မယ်”
“ကောင်းပြီ”
ဇီယာက ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်. …အကိုရှစ်ဖုန့်”
“ကောင်းပြီ… အခုက ဒီသခင်လေးသွားရတော့မဲ့အချိန်ပဲ..ဒီတိုက်ပွဲပြီးသွားပြီးတဲ့နောက် အမှောင်နတ်သူငယ်မျိုးနွယ်စု သုတ်သင်ခံလိုက်ရရုံတင်မကဘဲ ကန္တာရထဲမှာရှိနေတဲ့ အခြားသော မျိုးနွယ်စုတွေကလည်း အနာဂတ်မှာ မြွေလူသားမျိုးနွ ယ်စုကို စော်ကားဖို့ကို စိတ်တောင်ကူးရဲမှာမဟုတ်ဖူးဆိုတာကို ဒီသခင်လေး ယုံကြည်တယ်”
ရှစ်ဖုန့်စကားပြောပြီးသည့်နောက် သူ၏ပုံရိပ်က ရွေ့လျားသွားပြီး ဟင်းလင်းပြင်ထဲသို့တည့်တည့်ထိုးတက်သွားသည်။
“အကိုရှစ်ဖုန့်..”
ဤအချိန်တွင်နှစ်လိုဖွယ်ကောင်းသော အသံတစ်ခုက အောက်မှထွက်ပေါ်လာသည်။
ရှစ်ဖုန့်၏ ပုံရိပ်က ရုတ်တရက်ရပ်တန့်သွားသည်။ သူကလေထဲတွင်ရပ်လိုက်ကာ လှပပြီးရင့်ကျတ်မှုမရှိသေး
သောမျက်နှာလေးအား ငုံ့ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်က မေးလိုက်သည်။
“လမ်းခရမ်းမှာ..အကို..အကိုဂရုစိုက်နော်”
ဇီယာက ပြောလိုက်သည်။ သူမ၏မျက်နှာထက်ရှိ အင်တင်
တင်ဖြစ်နေမှုက ပို၍ ကြီးမားလာသည်။
“ကောင်းပြီ”
ရှစ်ဖုန့်ခေါင်းညိမ့်လိုက်သည်။
“အိုး ဟုတ်သား.”
ရုတ်တရက်ရှစ်ဖုန့်တစ်စုံတစ်ခုအား တွေးမိသွားသည်။ သူကသူ၏သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုအားထုတ်
ယူလိုက်ပြီးသူ၏ မျက်ခုံးနှစ်ခုကြားထဲတွင်ထား
လိုက်သည်။ခဏကြာပြီးသည့်နောက်တွင် ရှစ်ဖုန့်က ကျောက်စိမ်းပြားအား ဇီယာထံသို့ပစ်ချပေးလိုက်သည်။
“ကောင်မလေး..ဖမ်းလိုက်”
ဇီယာကသူမ၏လက်သေးသေး
လေးအားဆန့်ထုတ်ပြီး ကျောက်စိမ်း
ပြားအား လက်ဖဝါးအတွင်း ဖမ်းယူလိုက်သည်။ထို့နောက်မကြာခင် ရှစ်ဖုန့်၏အသံက ဇီယာ၏စိတ်ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။
“မင်းရဲ့ကျင့်ကြံခြင်းက လျှပ်စီးဓာတ်အခြေပြုသိုင်းတာအိုတစ်ခုပဲ…
ဒီပေါ်မှာ လျှပ်စီးဓာတ်အခြေပြု ဓားပညာရပ်တစ်ခုကိုထည့်သွင်းထားတယ်.
.အဲ့တာကကောင်းကင်ဘုံလျှပ်စီး
ဓားပညာရပ်ပထမလှုပ်ရှားမှု ခတ်ထုတ်ခြင်းလှုပ်ရှားမှုပဲ….အဲ့တာက ခုခံခြင်းလှုပ်ရှားမှုဖြစ်တယ်…
အနာဂတ်မှာမင်းအဲ့တာကို ကောင်းကောင်းမွန်မွန်ကျင့်ကြံနိုင်တယ်.. ထပ်ပေါင်းရရင် အဲ့ထဲမှာ အကို့ရဲ့ သိုင်း စိတ်ဆန္ဒလဲကျန်ရစ်ခဲ့တယ် ..အဲ့တာကိုကောင်းကောင်းဆင်ခြင်ပါ”
ဇီယာစိတ်ထဲမှအသံမှာ ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားမှကူး
ပြောင်းလာခြင်းဖြစ်သည်။ဇီယာအသိပြန်ဝင်လာခဲ့ပြီး ဟင်းလင်းပြင်ထဲသို့ ဂရုတစိုက်ကြည့်လိုက်သောအခါတွင် ရှစ်ဖုန့်၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“အကိုရှစ်ဖုန့် ကျေးဇူးတင်ပါတယ်”
ကန္တာရထဲတွင် ကောင်မလေး
တစ်ယောက်မှာ သူမ၏ခွန်အားရှိသမျှအသား
ကုန်အော်ဟစ်လိုက်သည်။
ပြောင်ရှင်းနေသော မြေအောက်ကမ္ဘာ၌ အမှောင်ထုနှင့်ပြည့်နှက်နေပြီး နက်မှောင်သောမီးတောက်တို့က တစ်ဖျက်ဖျက်လင်းလက်နေသည်။
မြေအောက်ကမ္ဘာတွင် တောင်ကုန်းတစ်ခုစာမြင့်မားသော မြေအောက်နန်းတော် တစ်ခုရှိသည်။ မြေအောက်နန်းတော်၏ ပတ်လည်တွင် အလွန်လှပသိမ်မွေ့လက်ရာမြောက်ပြီး သပ်ရပ်ကျနသော နက်မေှာင်သည့်အဆောက်အဦးများရှိသည်။
သို့သော် ဤအခိုက်အတန့်၌ ထိုလှပသိမ်မွေ့လက်ရာမြောက်သော သပ်ရပ်ကျနသည့် နက်မှောင်သောအဆောက်အဦး
များအပါအဝင်မြေအောက်ကမ္ဘာမှာ သေလုအောင်ဆိတ်ငြိမ်နေသည်။ယင်းမှာ လူများအားလုံးသေဆုံးသွား
သကဲ့သို့ပင်ဖြစ်သည်။
“ဝုန်း”
ရုတ်တရက် နက်မှောင်သောမိုးကြိုးပေါက်ကွဲသံတစ်ခုက ဤနက်မှောင်သော မြေအောက်ကမ္ဘာ၌ ထွက်ပေါ်လာသည်။နက်မှောင်သော လျှပ်စီးတန်းတစ်ခုက ကောင်းကင်အားဖြတ်သန်းသွားပြီး နက်မှောင်သောနန်းတော်ပေါ်၌
လင်းလက်သွားသည်။
နက်မှောင်သောနန်းတော်ထဲတွင် ဧရာမ မှန်နက်ကြီးတစ်ခုက လေထဲတွင်လွင့်မျောနေသည်။
မှန်နက်ကြီးပေါ်၌ ကန္တာရအတွင်း
မှပုံရိပ်များက တစ်ဖျပ်ဖျပ်ဖြစ်ပေါ်နေသည်။ မှန်နက်ကြီး၏အောက်ဘက်တွင် နက်မှောင်သောပုံရိပ်တစ်ခု
မတ်တပ်ရပ်နေသည်။ သူကခေါင်းမော့ထားပြီး ခရမ်းနက်ရောင်နှင့်နှစ်လိုဖွယ်ကောင်းမွန်ပြီး ငယ်ရွယ်ကာရင့်ကျတ်မှုမရှိသေး
သောမျက်နှာတစ်ခုရှိသည်။ အကယ်၍ရှစ်ဖုန့်သာ ဤနေရာ၌
ရှိနေခဲ့လျှင် ဤလူအားသေချာပေါက်မှတ်မိ
လိမ့်မည်ဖြစ်သည်။သူက သေခြင်းတရားအားတားဆီးရန် ရှေးဟောင်းဆန်းကြယ်လက်နက်ဖြစ်သည့် ရုပ်သေးရုပ်ကိုအသုံးပြုခဲ့သော အမှောင်နတ်သူငယ်မင်းသား အက်စ်ခေပင်ဖြစ်သည်။
အက်စ်ခေက သူ၏ခရမ်းနက်
ရောင်မျက်နှာကို မော့ထားပြီး ၎င်းကမျက်ရည်များဖြင့် မှုန်ဝါးနေသည်။မှန်နက်မှတစ်ဆင့်
သူမြင်တွေ့နေရသော ပုံရိပ်များမှာ အမှောင်နတ်သူငယ်မျိုးနွယ်စုနှင့် မြွေလူသားမျိုးနွယ်စုတို့ကြားမှ စစ်ပွဲမြင်ကွင်းများပင်ဖြစ်သည်။
သေသွားပြီ။သူတို့အားလုံးသေသွားခဲ့ပြီဖြစ်သည်။အက်စ်ခေ၏မိခင် အမှောင်နတ်သူငယ်တို့၏ ဘုရင်မ အက်ရှလေမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။
အမှောင်နတ်သူငယ်မျိုးနွယ်စု၏
စစ်သည်တော် နှစ်ထောင်ကျော်အားလုံးတို့မှာ
သေဆုံးသွားခဲ့သည်။
“မဟုတ်ဖူး..မဟုတ်ဖူး..မဟုတ်ဖူးကွာ”
အက်စ်ခေမှာ ဤမြင်ကွင်းအား ဝမ်းနည်းပူဆွေးကြေကွဲမှုများဖြင့်ကြည့်နေသည်။အက်စ်ခေမှာ လက်သီးတို့အားတင်းကျပ်စွာဆုပ်ထားပြီး သူ၏ကိုယ်က ပြင်းထန်စွာတုန်ယင်နေသည်။
ရှေးဟောင်းလက်နက် အနက်ရောင် ရုပ်သေးရုပ်ကြောင့်ရှစ်ဖုန့်ကြောင့်
ကွဲကြေသွားရသော အက်စ်ခေ၏ လက်သီးမှာ ယခုအခါတွင် သူ၏ ကိုယ်၌ မူလအခြေအနေအတိုင်း ပြည့်စုံကောင်းမွန်လာပြီဖြစ်သည်။ ထိုတင်မကသေးဘဲသူ၏ကိုယ်ပေါ်
တွင်ရှိနေသော ဒဏ်ရာများက ပါ ကုသ၍ပြီးသွားပြီဖြစ်သည်။
သူ၏ကိုယ်၌ ဘာဒဏ်ရာမှရှိမနေတော့သော်လည်း ဤအချိန်၌ အက်စ်ခေမှာ သူ့မိခင်၏သေဆုံးမှုနှင့် သူ့မျိုးနွယ်စုဝင်တို့၏ ရက်ရက်စက်စက်သေဆုံးမှုတို့အား
မြင်တွေ့နေရသည်။သူနှလုံးသား
အတွင်းမှနာကျင်မှုက သူ့ကိုယ်ပေါ်မှနာကျင်မှုထက် အကြိမ်ရာပေါင်းများစွာပိုမို၍ကြီး
မားသည်ဖြစ်သည်။
“လူသား..ငါမင်းကိုသတ်မယ်….
ငါမင်းကိုသေချာပေါက်သတ်ပစ်မယ်…သေးဆုံးသွားရတဲ့ငါ့မျိုးနွယ်စုဝင်အားလုံးရဲ့ စတေးခံမှုအတွင်ငါမင်းခေါင်းကိုအသုံးပြုမယ်”
အက်စ်ခေကကောင်းကင်ထဲသို့အော်ဟစ်လိုက်သည်။သူ၏အသံကနက်မှောင်သောနန်းတော်အတွင်းပဲ့တင်ထပ်သွားသည်။
နက်မှောင်သောနန်းတော်တစ်ခုလုံး အက်စ်ခေ၏ ကြုံးဝါးသံအောက်တွင် စတင်၍ပြင်းထန်စွာတုန်ခါလာသည်။
“ဝုန်း..ဝုန်း”
“ဟောဟဲ…ဟောဟဲ..ဟောဟဲ”
ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး
သည့်နောက် အက်စ်ခေ၏ကိုယ်မှာစတင်ပျော့ခွေလာပြီး စွမ်းအားမဲ့လာသည်။
သူကမြေပြင်ပေါ်တွင်ဆောင့်
ကြောင့်ထိုင်လိုက်ပြီး အဆက်မပြတ် အသက်ကို ရှူရှိုက်နေရသည်။
ဤအချိန်တွင် လေထဲတွင်လွင့်မျောနေသည့် နက်မှောင်သောမှန်ကြီးမှာလည်း ပြန်လည်၍ မှောင်မိုက်သွားသည်။ အက်စ်ခေ၏ကိုယ်က ပျော့ခွပြီး အားအင်ကုန်ခမ်းလာသည်။ ယင်းမှာ နက်မှောင်သောမှန်ကြီးအား အသက်သွင်းရန်အတွက် များပြားလှသော စွမ်းအင်ပမာဏတို့အားလိုအပ်သောကြောင့်ဖြစ်သည်။ ဤအခိုက်အတန့်တွင် အက်စ်ခေ၏ကိုယ်အတွင်းရှိနေသော စွမ်းအင်အားလုံးအား လုံးဝအသုံးပြုခဲ့ပြီးဖြစ်သည်။
“အရှင်သား..ကျွန်ုပ်..ကျွန်ုပ်တို့ မြန်မြန်ထွက်သွားသင့်ပါပြီ.. အကယ်၍အဲ့လူသးကသာ မြွေလူသားတွေကိုဦးဆောင်လာပြီးတော့ ကျွန်ုပ်တို့ကို သတ်မယ်ဆိုရင် ကျွန်ုပ်တို့တွေပြဿနာတွေ
တက်သွားလိမ့်မယ်”
ဤအချိန်တွင် အိုမင်းပြီးခါးကိုင်းသော အက်စ်ခေ၏နောက်ရှိ အမှောင်နတ်သူငယ်အကြီးအကဲက ၎င်းအားအလောသုံးဆယ်ပြည့်နှက်
နေသောမျက်နှာထားဖြင့် တိုက်တွန်းလိုက်သည်။
ဘုရင်မအက်ရှလေ၏ အမိန့်အောက်၌ တိုက်ခိုက်နိုင်သော အမှောင်နတ်သူငယ်
များမှာ မြွေလူသားနယ်မြေသို့ အားလုံးတိုက်ခိုက်ရန်ထွက်သွားခဲ့ကြသည်။ တစ်ချိန်က စွမ်းအားကြီးခဲ့သော အမှောင်နတ်သူငယ်မျိုးနွယ်စုတွင် ယခုအခါ၌ တစ်ရာထက်နည်းပါးသော အသက်ကြီးအမျိုးသမီးများနှင့်
ကလေးသူငယ်များသာကျန်ရစ်နေခဲ့သည်။
သို့သော် အမှောင်နတ်သူငယ်များတွင် ဤအသက်ကြီးသောသူနှင့်ငယ်ရွယ်
သောသူတို့က အမှောင်နတ်သူငယ်များ၏အနာ
ဂတ်နှင့်ညီမျှသည်ဖြစ်သည်။
“သွားစို့”
အက်စ်ခေက အံကိုခက်ထန်စွာကြိတ်ပြီး ခါးသီးမုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။ ဤအချိန်တွင် သူက ခေါင်းကိုမော့ထားဆဲဖြစ်ပြီး နက်မှောင်သောမှန်၏အလင်းအား
ကြည့်နေဆဲဖြစ်သည်။ သို့သော် အက်စ်ခေအနေဖြင့် ဤနက်မှောင်သောမှန်၏အလင်း၌ ထိုလူယုတ်မာ၏ မျက်နှာအားမြင်နိုင်စွမ်းရှိနေသကဲ့သို့ပင်ဖြစ်၏။
ထိုလူယုတ်မာက အမှောင်နတ်သူငယ်များ၏ရန်သူဖြစ်ရုံသာမကဘဲ အက်စ်ခေ၏အရှက်စရာအရာ
တစ်ခုလဲဖြစ်သည်။
ထို့နောက်ချက်ချင်းအက်စ်ခေက ထရပ်လိုက်သည်။ သူ၏အရှိန်အဝါတစ်ခုလုံးကရုတ်ခြည်း ရင့်ကျတ်မှုအများကြီးဖြစ်လာသကဲ့သို့ ရုတ်တရက် ကြီးမားစွာပြောင်းလဲသွားသည်။သူက နက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်သည်။
“ငါ အက်စ်ခေ ငါ့ရဲ့သေဆုံးသွားတဲ့မျိုးနွယ်စုဝင်တွေနဲ့ကျိန်ဆိုတယ်….တစ်နေ့မှာငါဒီလူကိုသတ်ပြီးတော့ မြွေလူသား တွေရဲ့သွေးနဲ့ဆေးကြောပြီး ငါ့ရဲ့သေသွားတဲ့မျိုးနွယ်စုဝင်
တွေရဲ့ဝိညာဉ်အတွက်ယဇ်ပူဇော်မယ်”
လူငယ်၏အော်ဟစ်သံက အမှောင်နတ်သူနန်းတော်ထဲ၌ အချိန်ကြာမြင့်စွာပဲ့တင်ထပ်သွားသည်။
ထို့နောက်ချက်ချင်းပဲအက်စ်ခေကရုတ်တရက်လှည့်လိုက်ပြီး ပြတ်သားသော
ခြေလှမ်းများဖြင့် နက်မှောင်သောအလင်းဂိတ်ထံ
သို့လျှောက်လှမ်းသွားသည်။
ဆက်ရန်……..
ဘာသာပြန်သူ- ARISE