အပိုင်း(၄၀၀)
Vol. 27 Ch. 400
ထျန်းဟန်တိုက်ကြီး၏ အမည်မသိတောင်ကြားချိုင့်ဝှမ်း
တစ်ခုတွင်ဖြစ်သည်။ ဟင်းလင်းပြင်ထဲတွင် အနက်ရောင်ဓားရိပ်စီးကြောင်းများနှင့် ရွှေရောင်မီးတောက်များက လောင်ကျွမ်းနေကြသည်။ ပုံရိပ်နှစ်ခုတွင်တစ်ခုက အနက်ဖြစ်ပြီး တစ်ခုကရွှေရောင်ဖြစ်ကာ ဟင်းလင်းပြင်ထဲ၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
အကယ်၍ ရှစ်ဖုန့်သာ ဤနေရာ၌ရှိနေခဲ့လျှင် သူသေချာပေါက် ၎င်းတို့အားမှတ်မိလိမ့်မည်ဖြစ်သည်။ အနက်ရောင်ပုံရိပ်မှာ နက်ရောင်စစ်သည်ဝတ်စုံကိုဝတ်ဆင်ထားပြီး အနက်ရောင်သံမဏိဓားတစ်ခုကို
ကိုင်ဆောင်ထားသည်။ သူ၏ဘယ်လက်ကတော့ရှိမနေချေ။ယင်းသို့ရှိမနေရခြင်းအကြောင်းပြချက်မှာ သွေးနီရောင်ကမ္ဘာအတွင်းရှိ မြေအောက်ခန်းမအတွင်း၌ရှစ်ဖုန့် ကြောင့်ထိုသို့ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ဤပုဂ္ဂိုလ်မှာ ဓားဧကရာဇ် ၏ ဆက်ခံသူဖြစ်ပြီး အနက်ရောင်သံမဏိဓားနှင့်လူငယ်ပင်ဖြစ်သည်။
အခြားရွှေရောင်ပုံရိပ်ကတော့ ရွှေရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး သူ၏တစ်ကိုယ်လုံး၌ ရွှေရောင်မီးတောက်များတောက်
လောင်နေသည်။
သို့သော် သူက အနက်ရောင်သံမဏိဓားပိုင်ရှင်
လူငယ်နှင့်တော့ ကွဲပြားခြားနားသည်ဖြစ်သည်။ သူ၏ညာလက်ကရှိမနေချေ။ သို့သော် သူ၏ညာလက်ကိုတော့ရှစ်ဖုန့်က ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ယင်းမှာ သူ’ဖခင်ဖြစ်သူလုံအောင်၏ နတ်ဆိုးလက်သည်းများကြောင့် ခြေမွဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်မှာ ယွင်လိုင်အင်ပါယာ၏ ယခင်ဧကရာဇ် ဖြစ်သူလုံအောင်၏ပဉ္စမမြောက်သား
လုံချန်၏ ပဉ္စမမြောက်ညီဖြစ်သူ လုံတရှင်းပင်ဖြစ်သည်။
ဤသည်ကား ကံတရားကြောင့်ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ရဏှ်ဖုန့်အား မုန်းတီးကြသောလက်များ မရှိတော့သည့် လူငယ်နှစ်ယောက်က တောင်ကြားချိုင့်ဝှမ်းအတွင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်။
သူတို့၏အောက်တွင် သိပ်သည်းသော အနက်ရောင်နတ်ဆိုးချီတစ်ခုက ကောင်းကင်ထဲသို့ထိုးတက်နေ၏။ အကယ်၍ရှစ်ဖုန့်သာ ဤနေရာ၌ရှိ်နေခဲ့မည်ဆိုလျှင် ဤနတ်ဆိုးချီအားသူသေချာပေါက်
မှတ်မိလိမ့်မည်ဖြစ်သည်။ ၎င်းမှာ သူရရှိထားခဲ့သော နတ်ဆိုးမျက်လုံးနှင့်နတ်ဆိုးလက်ချောင်းတို့မှ နတ်ဆိုးချီတို့နှင့်အတူတူပင်ဖြစ်လေသည်။
“သေစမ်း”
အနက်ရောင်သံမဏိဓားဖြင့်လူငယ်က လုံရှင်းအားမျက်နှာချင်းဆိုင်ပြီး
လုံတရှင်းအား အေးစက်သောမျက်နှာထား၊သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ဖြင့် ရင်ဆိုင်နေသည်။ ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ သူ၏လက်ထဲရှိ အနက်ရောင်သံမဏိဓားအား ပင့်မြှောက်လိုက်သည်။ဟင်းလင်းပြင်ထဲ၌ရှိနေသော သိပ်သည်းသည့်အနက်ရောင်
ဓားရိပ်များမှာ အနက်ရောင်သံမဏိဓား၏ ရုတ်ခြည်းဆွဲယူခံလိုက်ရပြီး အနက်ရောင်သံမဏိဓားထံသို့အား
လုံးစုစည်းသွားကြသည်။
အနက်ရောင်ဓား၏ဧရာမအရိပ်ကြီးတစ်ခုက အနက်ရောင်သံမဏိဓားအားရုတ်ခြည်းလွှမ်းခြုံသွားပြီးနောက် လုံတရှင်းထံသသို့ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။ ဤအခိုက်အတန့်တွင် အနက်ရောင်သံမဏိဓားနှင့်လူငယ်၏ ခုတ်ပိုင်းချက်က ရှစ်ဖုန့်နှင့်ပထမဆုံးတွေ့စဉ်ကထက် လုံးဝကိုခြားနားသွားခဲ့ပြီဖြစ်သည်။ ၎င်းမှာ အများကြီးပို၍ စွမ်းအားကြီးမားလာခဲ့၏။
“ဟမ့်”
လုံတရှင်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ရွှေရောင်မီးတောက်တို့တောက်လောင်နေသောသူ၏ဘယ်လက်က ကျယ်ကျယ်ပြန့်ပြန့်ပွင့်ကားသွားသည်။ ရွှေရောင်မီးတောက်တို့ကတလိပ်လိပ်ဖြစ်လာပြီး ရွှေရောင်မီးတောက်တို့ဖြင့်ဖွဲ့စားထားသော ဧရာမမီးတောက်ဓားသွားကြီးဖြစ်လာသည်။ ဧရမဓားနှင့်ဓားသွားတို့က တစ်ခုနှင့်တစ်ခုအပြင်းအထန်ပစ်
ဆောင့်မိကြပြီး ကျယ်လောင်သောပေါက်ကွဲသံ
တစ်ခုထွက်ပေါ်လာသည်။
“ဝုန်း”
ပြင်းထန်သောအသံလှိုင်းပေါက်ကွဲမှုက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထပ်သွားသည်။ ပြင်းထန်လှသော စွမ်းအင်များက သိမ်းကျုံးဖြတ်သန်းသွားသောကြောင့် အောက်တွင်ရှိနေသော တောင်ကြားချိုင့်ဝှမ်းမှာ ပြင်းထန်စွာတုန်ယင်သွား၏။
ပြင်းထန်လှသောစွမ်းအင်တို့၏အလယ်တွင် ပုံရိပ်နှစ်ခုဖြစ်သော တစ်ခုကအနက်နှင့်တစ်ခုရွှေရောင်တို့မှာ တစ်ဟုန်တို့ နောက်သို့ပြန်ကန်ထွက်သွားကြသည်။ လုံတရှင်းနှင့် အနက်ရောင်သံမဏိဓားနှင့်လူငယ်တို့၏တိုက်ခိုက်မှုက သရေကျနေသည်။
မီတာဒါဇင်ပေါင်းများစွာ နောက်သို့လွင့်ပျံသွားကြပြီးနောက် ပုံရိပ်နှစ်ခုစလုံးကရပ်တန့်သွားသည်။ ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ဖြစ်
ပေါ်နေသောပြင်းထန်သည့်စွမ်းအင်တို့မှာ လျှင်မြန်စွာပျောက်ကွယ်သွားပြီး
အောက်တွင်ရှိနေသောတောင်ကြားချိုင့်ဝှမ်းမှာလည်း တုန်ခါမှုတို့ရပ်တန့်သွားခဲ့သည်။
သိပ်မဝေးကွာလှသောအကွာအဝေးမှ ငယ်ရွယ်သောမျက်နှာနှစ်ခုမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်
လိုက်ကြသည်။အနက်ရောင်သံမဏိ
ဓားဖြင့်လူငယ်က သူ၏ဓားအားရှေ့သို့ထိုးညွှန်ပြီး လုံတရှင်းကိုအော်ပြောလိုက်သည်။
“မင်းအတွက်ဘာကကောင်းလဲ
ဆိုတာကိုသိတယ်ဆိုရင် ဒီနေရာကနေထွက်သွားလိုက်တော့…
ငါ့ဘယ်လက်က မရှိတော့ဘူး..ဒီဆန်းကြယ်တဲ့နတ်ဆိုးလက်က လည်းငါ့ရဲ့ဘယ်လက်ပဲ..အကယ်၍ မင်းအတွက်ဘာကကောင်းမွန်လဲဆိုတာကိုမသိဘူးဆိုရင် နောက်ထပ်လှုပ်ရှားမှုတစ်ခုတည်း
နဲ့ငါမင်းကိုသတ်ပစ်မယ်”
“ထွက်သွားဖို့လိုတဲ့သူကမင်းပဲ..
နတ်ဆိုးလက်က ငါ့ကိုသူ့သခင်အဖြစ်အသိအမှတ်ပြုတဲ့အတွက် ဆင့်ခေါ်ခဲ့တာပဲ..ရှစ်ဖုန့်နဲ့လုံချန်……ငါကမှ ကံတရားစပ်နေတဲ့သူပဲ.. ငါဟာကောင်းကင်ဘုံရဲ့သားတော်ဖြစ်တယ်…
မင်းတို့ကောင်တွေက ကောင်းကင်ဘုံရဲ့ဆန္ဒကိုဆန့်ကျင်နေပြီး အဲ့တွက်ထောင်သောင်းမက
လှီးဖြတ်ခံရပြီးတော့သေသင့်တယ်… မင်းတို့တွေသေဖို့ထိုက်တန်တယ်”
လုံရှင်း၏စိတ်က အနည်းငယ်မရှင်းမလင်းဖြစ်လာ
သကဲ့သို့စကားပြောလိုက်သည်။နောက်ဆုံးတွင် သူကအကျယ်ကြီးအော်လိုက်ပြီး သူ၏မျက်နှာထက်၌ ကြမ်းကြုတ်ခက်ထန်မှုတို့ပေါ်လာသည်။ သူ၏ကိုယ်က တစ်ဟုန်ထိုးရှေ့သို့ဦးတည်သွားသည်။
လုံချန်က ထီးနန်းကိုသိမ်းပိုက်သွား
ကတည်းက ကောင်းမွန်စွာအိပ်ပျော်ရသော ညတစ်ညပင် လုံတရှင်းတွင်မရှိခဲ့ပေ။ရှစ်ဖုန့်အား သတ်ဖြတ်ရန်နှင့် လုံချန်အားသတ်ဖြတ်ပြီး သူအလိုချင်ဆုံးအရာအားပြန်
လည်ရယူရန်အမြဲတွေးနေခဲ့သည်။
သူ၏အိမ်မက်များထဲတွင် အကြိမ်ပေါင်းများစွာလုံတရှင်းအနေဖြင့် ထီးနန်းကိုဆက်ခံပြီး ရှစ်ဖုန့်နှင့်လုံချန်တို့အား ရှုပ်ပွနေသောဆံပင်များနှင့်နောင်ထရသွားသည်အထိ သူ၏ ခြေဖဝါးအောက်၌ နင်းခြေပစ်မိသည်။
ဖြည်းဖြည်းချင်းလုံတရှင်း၏ စိတ်တွင်ပြဿနာများစတင်
၍ဖြစ်ပေါ်လာသည်။ သူမကြာခဏ စိတ်အာရုံခြောက်ခြားသောပုံရိပ်
တို့ဖြစ်ပေါ်နေသည်။အနက်ရောင်သံမဏိဓားလူငယ်နှင့်တိုက်ခိုက်နေသောအချိန်တွင်
ရှစ်ဖုန့်၏ မျက်နှာက လူငယ်မျက်နှာထက်တွင်ပေါ်လာသည်။ ထို့နောက်လုံချန်၏မျက်နှာအဖြစ်
ပြောင်းလဲသွားသည်။
“မိုက်မဲတဲ့ကောင်”
လုံတရှင်းက သူ့ထံသို့ပျံသန်းလာသည်ကိုကြည့်လိုက်ပြီး အနက်ရောင်သံမဏိဓားနှင့်လူငယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းကသေချင်နေမှတော့လည်း ငါက မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့”
လုံတရှင်း၏ တိုက်ခိုက်ရေးစွမ်းအားက တကယ့်ကိုလူငယ်နှင့်လက်ရည်
တူသည်ဖြစ်သည်။ သို့သော် အနက်ရောင်သံမဏိဓားနှင့်လူငယ်တွင်သူ့အားသတ်နိုင်သော အကြောင်းများရှိသည်။ယင်းက ပေးဆပ်ရသောတန်ကြေးမှာအရမ်းမြင့်မားသည်ဖြစ်၏။
သို့သော် တောင်ကြားချိုင့်ဝှမ်းအတွင်းမှ နတ်ဆိုးလက်အားသိမ်းပိုက်နိုင်ရန်အတွက် အနက်ရောင်သံမဏိဓားနှင့်လူငယ်မှာ အရာအားလုံးအားစွန်းစားရန် ဆန္ဒရှိသည်ဖြစ်သည်။ထို့နောက်သူက အနက်ရောင်သံမဏိဓားအား ထပ်မံပင့်မြှောက်လိုက်ပြီး အော်ပြောလိုက်သည်။
“ဓားသည်ငါ..ငါသည်ဓား..
ဓားနဲ့ငါနဲ့တစ်သားတည်းဖြစ်တယ်”
အော်သံနှင့်အတူ အနက်ရောင်သံမဏိဓားနှင့်လူငယ်၏ ခန္ဓာကိုယ်က သေးငယ်သော
လေဆင်နှာမောင်း အဖြစ်ပြောင်းလဲသွားသကဲ့သို့ တစ်ဟုန်ထိုး စတင်လည်ပတ်လာသည်။ သို့သော် မကြာခင်တွင်အနက်ရောင်
လေဆင်နှာမောင်းကြီးက ကောင်းကင်နှင့်မြေပြင်အား
ဆက်သွယ်ထားသကဲ့သို့ တစ်ဟုန်ထိုးကြီးထွားလာသည်။
ဧရာမ အနက်ရောင်လေဆင်နှာမောင်းကြီးဖြစ်လာသကဲ့သို့ ၎င်းမှာ အနက်ရောင်သံမဏိဓား၏ ပြင်ပ ပုံပန်းသဏ္ဍန်ဖြစ်လာသည်။
၎င်း၏အသွင်အပြင်မှာ လူငယ်၏လက်ထဲမှ အနက်ရောင်သံမဏိဓားအတိုင်းပင်ဖြစ်သည်။ သို့သော်အနက်ရောင်လေပွေဓားက တိမ်စိုင်တိမ်တိုက်များအား အပိုင်းပိုင်းလုပ်ပစ်တော့မည်သကဲ့သို့ နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်အောင်ကို ကြီးမားလွန်း၏။
ထို့နောက် ဧရာမ အနက်ရောင်သံမဏိဓားကြီးက အရာအားလုံးအားဖျက်ဆီးပစ်နိုင်
စွမ်းရှိသကဲ့သို့ ရှေ့တွင်ရှိနေသော ရွှေရောင်ပုံရိပ်အားခုတ်ပိုင်းလိုက်သည်။
“ကောင်းကင်လောင်ကျွမ်းရွှေရောင်မီးတောက်….ရှစ်ဖုန့်သင်းကွဲဝရမ်းပြေးကောင် ဒီနေ့တော့ငါမင်းကို မြုပ်စရာနေရာမရှိပဲသေအောင်သေချာလုပ်ပြီး သေတဲ့အထိမီးတောက်တွေရဲ့
လောင်ကျွမ်းမှုအရသာကိုခံစားခိုင်းမယ်ကွ..ဟားဟားဟားဟား”
လုံတရှင်း၏ကိုယ်ပေါ်တွင်ရှိနေသော ရွှေရောင်မီးတောက်တို့က ပို၍ ကြမ်းကြုတ်ပြင်းထန်စွာတောက်လောင်လာသည်။ ၎င်းတို့က အထက်မှကျဆင်းလာသော ဧရာမ လေဆင်နှာမောင်းဓားကြီးအား ကောင်းကင်အားဘာမှကျန်ရစ်ခြင်းမရှိသည်အထိလောင်ကျွမ်းတော့မည်သကဲ့သို့ ရွှေရောင်မီးတောက်ပင်လယ်တစ်ခုအဖြစ် သိလောင်ကျွမ်းပစ်လိုက်သည်။
အနက်ရောင်လေဆင်နှာမောင်းဓားနှင့် ပြင်းထန်သာ ရွှေရောင်မီးတောက်များ ။စွမ်းအားကြီးမားလှသောစွမ်းအင်နှစ်ခုတို့က တစ်ခုနှင့်တစ်ခုအုန်းခဲပစ်ဆောင့်
ထိတွေ့သွားသည်။
“ဝုန်း..ဝုန်း..အုန်း…အုန်း…ဝုန်း…”
ကောင်းကင်ကဲပြိုကွဲကာ မြေပြင်က ညည်းညူသံများထွက်လာသကဲ့
သို့ဖြစ်လာသည်။ ကမ္ဘာတစ်ခုလုံးက ပြင်းထန်လှသောအခြေအနေ
တစ်ခုသို့ကျရောက်နေသည့်ပုံပေါ်သည်။ ပြင်းထန်လှသောရွှေရောင်မီးတောက်များနှင့် အနက်ရောင်ဓားရိပ်များက အကြီးအကျယ်ဝရုန်းသုဉ်းကားဖြစ်နေပြီး ကောင်းကင်ထဲရှိတိုက်ပွဲမြင်ကွင်း
အားဖုံးကာထားသည်။
အချိန်အကြာကြီးကြာမြင့်ပြီးနောက် ဟုန်းခနဲတောက်လောင်နေသော ရွှေရောင်မီးတောက်များနှင့် ဓားရိပ်များမှာ ဟင်းလင်းပြင်ထဲ၌ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ပုံရိပ်တစ်ခုလှစ်ဟာထွက်ပေါ်လာသည်။ ရွှေရောင်ပုံရိပ်မှာမူ သူ၏ရွှေရောင်ပုံရိပ်၏ကိုယ်အားသူ၏ အနက်ရောင်ဓားကြီးဖြင့် ထိုးစိုက်ထားပြီးဖြစ်သည်။ ရွှေရောင်ပုံရိပ်အား သူ၏ခေါင်းထက်၌ မြှောက်ကိုင်ထားပြီ တောက်ပနီရဲသွေးများက
တစ်စက်စက်ကျဆင်းနေကာ အောက်တွင်ရှိသော အနက်ရောင်ပုံရိပ်ထံသို့စီးကျနေသည်။
သို့သော် အနက်ရောင်သံမဏိဓားနှင့်
လူငယ်ကလေထဲတွင်ဝင့်ကြွားစွာရပ်နေကာ အနိုင်ရခဲ့သော်လည်း သူ့အနေဖြင့်လွယ်ကူသောနည်းလမ်းဖြင့်အနိုင်ရခဲ့ခြင်းမရှိသည်မှာသိသာသည်။ သူ၏ကိုယ်ပေါ်တွင်ရှိနေသော အဝတ်အစားများက မီးတောက်များကြောင့် ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိလောင်ကျွမ်းသွားသည်။ သူ၏ အဝတ်မဲ့ကိုယ်မှာ ခေါင်းအစခြေအဆုံး တူးချစ်အောင်မဲနက်နေပြီး အနက်ရောင်မီးခိုးငွေ့နှင့်အသား
ညှော်နံနည်းနည်းထွက်ပေါ်နေသည်။
သို့သော် အနက်ရောင်သံမဏိဓား
နှင့်လူငယ်မှာ အဆင်ပြေပုံပေါ်၏။ သူ၏မျက်နှာထက်ရှိအမူအယာမှ
တစ်ဆင့် သူ၏ ခန္ဓာကိုယ်လောင်ကျွမ်းခံရမှုအား ဘာမှမခံစားရသည့်ပုံပေါ်သည်။ သူကအေးစက်သောမျက်နှာထားအကြည့်တို့ဖြင့်ခေါင်းမော့လိုက်သည်။ သူက ဓားဖြင့်ထိုးစိုက်ခံထားရသော လုံတရှင်းအားကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“ငါတို့တွေမှာသူတောင်းစားရှစ်ဖုန့်ဆိုတဲ့ဘုံရန်သူတစ်ယောက်ရှိနေပုံပဲ”
ရှစ်ဖုန့်၏နမည်အားပြောပြီးပြီးချင်း အနက်ရောင်သံမဏိဓားနှင့်လူငယ်မျက်နှာထက်၌ ခက်ထန်သောအမူအယာ
တစ်ခုပေါ်လာသည်။ ယင်းမှာ နောက်ဆုံးအချိန်အထိထာဝရမေ့
ဖျောက်ပစ်၍မရနိုင်သကဲ့သို့ပုံမျိုးဖြစ်သည်။ နာကျင်မှုနှင့်အရှက်ရမှုတို့က ဖျောက်ဖျက်ပစ်၍ မရနိုင်ပေ။
ဆက်ရန်…………….
ဘာသာပြန်သူ-ARISE