← Chapters

အပိုင်း(၄၀၁)

Vol. 27 Ch. 401

အပိုင်း(၄၀၁)

Vol. 27 Ch. 401

အနက်ရောင်သံမဏိဓားနှင့်လူငယ်

၏မျက်နှာထက်တွင် ခက်ထန်သော အမူအယာတစ်ခုရှိနေခဲ့သည်။သို့သော် မကြာခင်တွင်  တည်ငြိမ်သွားသည်။ သူကဓားဖြင့်ထိုးသွင်းခံထားရသော

လုံတရှင်းအားပြောလိုက်သည်။

“မင်းရဲ့သိုင်းပါရမီက  မဆိုးပါဘူး..မင်းကအရမ်းကိုကောင်းမွန်တဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်တယ်လို့ ပြောလို့ရတယ်.. ဒါပေမဲ့  မင်းရဲ့ရူးမိုက်မှုအတွက်နဲ့ မင်းဟာ ငါနဲ့ရန်သူတစ်ယောက်ဖြစ်လာရဲတယ်..

ဒီနေ့တော့ မင်းသေရလိမ့်မယ်”

“ဟားဟားဟား…ဟားဟားဟားဟားဟား “

လူငယ်၏စကားတို့အားကြားပြီးသည့်နောက် လုံတရှင်းက ဘာကြောက်လန့်မှုကိုမှ ပြသခြင်းမရှိပေ။ ထိုအစား သူက ဟက်ဟက်ပက်ပက်ကိုရယ်မောလိုက်သည်။

“ဟားဟား.. ရှစ်ဖုန့်   မင်းလုပ်ရဲတယ်လား.. မင်းဘယ်လိုတောင်ဒီဘုရင်ကိုသတ်ရဲတာလဲ.. ငါက ရေစက်ပါတဲ့ ကောင်းကင်ဘုံရဲ့သားတော်တစ်ပါးပဲ…

မင်းငါ့ကိုသတ်ရဲရင် မင်းကိုကေင်းကင်ဘုံက အပြစ်ပေးလိမ့်မယ်….ဟားဟား..

ဟားဟားဟားဟား”

လုံတရှင်းမှာ ဤအချိန်တွင် ရူးသွပ်သောအခြေအနေသို့စိုက်

ရောက်နေသကဲ့သို့  ဟက်ဟက်ပက်ပက်ရယ်မောနေသည်။

သူရူးသွပ်သွားခဲ့ပြီဖြစ်သည်။

ဤအချိန်တွင် လုံတရှင်း၏ ရွှေရောင်ဝတ်စုံက အပိုင်းပိုင်း စုတ်ပြဲနေပြီးဖြစ်သည်။သူ၏ဆံပင်များကလည်း ရှုပ်ပွနေပြီး  သူ၏ခန္ဓာကိုယ်တွင်လည်း သွေးများဖြင့် ဖုံးလွှမ်းနေ၏။အထူးသခြင့် သူ၏ကိုယ်သို့ဓားထိုးစိုက်ခံထားရသော နေရာတစ်ဝိုက်ပင်ဖြစ်ပြီး ယင်း ခြောက်သွေ့နီရဲနေသည်။ ဤစိတ်မချမ်းမြေ့ဖွယ်အခြေအနေက သူတောင်းစားတစ်ယောက်သို့မဟုတ်အရူးတစ်ယောက်နှင့်ဘာမှကွာခြားခြင်းမရှိပေ။

အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသော လုံတရှင်းအားတွေ့လိုက်ရသော

အခါတွင်လူငယ်က မျက်မှောင်ကြုတ်လိုက်သည်။

“ဒီတော့ အရူးဖြစ်သွားပြီပေါ့ မင်းကငါ့ကို အရည်မရအဖတ်မရနဲ့ အချိန်တွေအများကြီးဖြုန်းတီးနေတာပဲ ..သေလိုက်တော့”

နောက်ဆုံးစကားသေလိုက်တော့ ဟုပြောပြီးသည့်အချိန်တွင်လူငယ်၏လက်မှ အနက်ရောင်သံမဏိဓားမှာ အနည်းငယ်တုန်ခါသွားသည်။ တုန်ခါမှုအောက်တွင်  ရယ်မောနေဆဲဖြစ်သော လုံတရှင်းမှာ ရုတ်တရက်ပေါက်ကွဲသွားပြီး  အသားအပိုင်းအစများအဖြစ်ပြောင်းလဲသွားပြီးသွေးနှင့် မသိနိုင်သောအရည်အချို့က ပြန့်ကျဲထွက်သွားသည်။

အနက်ရောင်သံမဏိဓားဖြင့်လူငယ်က ဟင်းလင်းပြင်ထဲသို့ထပ်မံ၍လွှဲယမ်းလိုက်ပြီး  အပိုင်းပိုင်းဖြစ်နေသော အရာများမှာ  ရုတ်ခြည်းဘာမှကျန်ရစ်ခြင်း

မရှိတော့သည်အထိပြောင်းလဲသွားသည်။

ယွင်လိုင်အင်ပါယာယခင်ဧကရာဇ်ဖြစ်သူ၏  ငါးယောက်မြောက်သား လုံချန်၏ညီဖြစ်သူ ယခင်ယွင်လိုင်အင်ပါယာ၏  လူငယ်ပါရမီရှင်စာရင်းမှ နံပါတ်တစ်ပါရမီရှင်ဖြစ်သူ  လုံတရှင်းမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။

သေဆုံးသွားပြီးသည့်နောက်၌ ဆံချည်မျှင်တစ်စပင်လျှင်ကျန်ရစ်

နေခဲ့ခြင်းမရှိပေ။

“အဟွတ်..အဟွတ်…..အဟွတ်…အဟွတ်…”

အနက်ရောင်သံမဏိဓားနှင့်လူငယ်က လုံတရှင်းအားသတ်ပြီးသည့်နောက်၌  ရုတ်တရက် ပြင်းထန်စွာချောင်းဆိုးလိုက်သည်။ သူ့လက်အားဆန့်ထုတ်လိုက်ကာ

ပါးစပ်အားသုတ်လိုက်ပြီးသူ၏လက်ဖဝါး၌   အနက်ရောင်သွေးများဖြင့်ပြည့်နှက်နေသည်။

သူက  လုံတရှင်းအားသတ်ခဲ့ပြီး  သူ၏ကိုယ်က အနက်ရောင်ဖြစ်သည်အထိမီးတောက်တို့လောင်ကျွမ်းခြင်းခံရသည်။ သူသည်လည်း သူ၏အန္တိမ ပညာရပ်အားထုတ်သုံးခဲ့ရပြီး  သေချာသောပမာဏအတိုင်းအတာတစ်ခုအထိ  သူ၏ကိုယ်တွင်လည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သို့သော် အနက်ရောင်သံမဏိဓားနှင့်လူငယ်များ အများကြီး ဂရုစိုက်နေခြင်းမရှိပေ။ သူ၏ခေါင်းအားငုံ့လိုက်ပြီး နတ်ဆိုးအရှိန်အဝါများဖြင့်ပြည့်နှက်နေ‌သော  တောင်ကြားချိုင့်ဝှမ်းအားကြည့်လိုက်သည်။ ရုတ်ခြည်းသူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး အောက်သို့ထိုးဆင်းလိုက်သည်။

“အုန်း”

တောင်ကြားချိုင့်ဝှမ်းတွင် ပြင်းထန်သောတုန်ခါမှုတစ်ခုဖြစ်ပေါ်လာသည်။အချိန်တော်တော်ကြာပြီးသည့်နောက်  အနက်ရောင်ပုံရိပ်တစ်ခုတောင်ကြား

ချိုင့်ဝှမ်းအတွင်းမှ ရုတ်ခြည်းထိုးထွက်လာ၏။ဘယ်လက်၌ ဓားကြီးတစ်ခုရှိနေသည်။ ယင်းမှာ ရှစ်ဖုန့်ကြောင့်ဖြတ်တောက်ခံခဲ့

ရခြင်းဖြစ်ပြီးယခုအခါ၌ အနက်ရောင်နတ်ဆိုးလက်အားပြန်လည်အစားထိုးထားကာ ယင်းက  နတ်ဆိုးဆန်ပြီး မွန်းစတားဆန်သော နတ်ဆိုးအရှိန်အဝါတစ်ခုအား

ထုတ်လွှတ်နေသည်။

“ဟားဟား..ဟားဟားဟားဟား”

သူ၏လက်အသစ်အားကြည့်ကာလူငယ်က ကျယ်လောင်စွာအော်ရယ်လိုက်သည်။

“ခွန်အား …ငါဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့စွမ်းအားတစ်ခုကိုခံစားနေရတယ်..ဟားဟား..ဟားဟားဟားဟား..ရှစ်ဖုန့်

ဤနမည်အားထပ်မံ၍ ရေရွတ်လိုက်သောအခါတွင် လူငယ်၏ရယ်မောနေ‌သောမျက်နှာမှာရုတ်ခြည်းအေးခဲသွားပြီး ဒေါသတရားကြောင့်ခက်ထန်သော အသွင်တစ်ခုလှစ်ဟာထွက်ပေါ်လာသည်။

“နောက်တစ်ကြိမ်ငါတို့ဆုံရင် …ငါမင်းကိုသေချာပေါက်သတ်မယ်…ငါမင်းကို အရှင်လတ်လတ်အရေခွံစုတ်ပြီးတော့ မင်းရဲ့တန်ဒန်ကို  ဆွဲထုတ်ပစ်မယ်”

………………………………………………………..

“ရှစ်ဖုန့်…အား…”

တောင်ထွတ်တစ်ခု၏အပေါ်တွင်  ကျယ်လောင်သော ဟစ်အော်သံတစ်ခုက ကမ္ဘာကြီးအား ဖြတ်သန်းပဲ့တင်ထွက်လာသည်။

ချောမောသောမျက်နှာနှင့် ငွေရောင်ချပ်ဝတ်အားဝတ်ဆင်ထား

သောလူငယ်ဗိုလ်ချုပ်တစ်ယောက်တွင် သူ၏ဆံပင်ရှည်တို့က လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီးငွေရောင်ချပ်ဝတ်နှင့် ငွေရောင်ဝတ်ရုံအားဝတ်ဆင်ထားကာ ငွေရောင်လှံတစ်ခုအားသူ၏လက်ထဲ

တွင်ကိုင်ထားကာ သူ၏ငွေရောင်လှံအား ကောင်းကင်ထဲသို့ထိုးညွှန်လိုက်ပြီး  ဒေါသအမျက်ချောင်းချောင်းထွက်ကာ ဟစ်အော်နေသည်။

အားကောင်းသော ငွေရောင်အလင်းတစ်ခုက ရုတ်တရက်  လူငယ်ဗိုလ်ချုပ်၏  ငွေရောင်ချပ်ဝတ်မှပေါက်ကွဲထွက်ပေါ်လာပြီး  ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။

“လူယုတ်မာကောင်.မင်းငါ့အဖေ..ငါ့အမေ ငါ့ညီလေးနဲ့ ငါ့ရဲ့တစ်မိသားစုလုံးကိုအစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့တယ်…မင်းရဲသွေးနဲ့ပြန်ပြီး

ပေးဆပ်ရအောင်လုပ်ပစ်မယ်ကွ”

ရှစ်ရွှယ်က တောင်ပိုင်းဘုရင် အရှင်သခင်အိမ်တော်သို့ပြန်လာခဲ့သည်။ သူအိမ်တော်ဆီသို့ဝင်ရောက်လာသောအခါတွင် အမြဲတမ်း  အသံများဖြင့်ဆူညံနေကြဖြစ်သော နေကြဖြစ်သောအိမ်တော်မှာ ယခုအခါ၌ သုဿာန်တစပြင်ကဲ့သို့ခြောက်

ကပ်ညိုးငယ်နေသည်။

မေးမြန်းစုံစမ်းပြီးသည့်နောက်၌ တောင်ပိုင်းဘုရင်ဖြစ်သူ၏  အိမ်တော်အား လာသိမ်းသွားခြင်းဖြစ်သည်ဟု သူသိလိုက်ရသည်။တောင်ပိုင်းဘုရင် ကရန်သူတို့နှင့်ပူးပေါင်းသည်ဟုစွပ်စွဲခံလိုက်ရပြီး တောင်ပိုင်းဘုရင်၏မိသားစုတစ်ခုလုံးသုတ်သင်ခံလိုက်ရသည်။ဧကရာဇ်မင်း၏ အမဖြစ်သူ ရှစ်ကျင်းထျန်း၏ ဇနီး ရှစ်ရွှယ်၏မိခင်ဖြစ်သူ အကြီးဆုံးမင်းသမီးဖြစ်သူ လုံယွမ်မှာ အဆိပ်ဝိုင်တစ်ခွက်အပေးခံရကာ ကိုယ့်ကိုယ်ကိုယ်သတ်သေခိုင်းခြင်းခံခဲ့ရသည်။

ပြောရလျှင် ထိုနေ့ကရှစ်ကျင်းထျန်းအား

သတ်ပစ်ခဲ့ပြီးနောက်ရှစ်ဖုန့်အများကြီး စဉ်းစားမနေခဲ့ပေ။ နောက်ပိုင်းကိစ္စများက လုံချန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လုံယွမ်ကလုံချန်၏အမဖြစ်သော်လည်း

သူတို့က အဖေတူမအေကွဲများသာဖြစ်သည်။ လုံချန်အနေဖြင့်သူမနှင့်ပက်သက်ပြီး

ဘာခံစားချက်မှရှိမနေပေ။

ထိုထက်ပိုသည်ကား ဤထီးနန်းအတွက်တိုက်ခိုက်စဉ်အ

တောအတွင်း အကြီးဆုံးမင်းသမီးနှင့် တတိယမင်းသား လုံအောင်းတို့က တစ်မအေတည်းမှမွေးဖွား

လာကြခြင်းဖြစ်သည်။လုံယွမ်က အမြဲတမ်းသူမမောင်ဖြစ်သူကိုသာ ထောက်ပံ့ပေးခဲ့သည်။

တစ်ချိန်က လုံယွမ်က ယခင်ဧကရာဇ် ထံသို့လာလည်ချိန်တွင်လုံချန်ထိုနေရာ၌ရှိနေခဲ့သည်။ ထိုအချိန်ကလုံယွမ်မှာ လုံချန်အားလှောင်ပြောင်ခဲ့ပြီး မတော်မတရားပြုမူခဲ့သည်။

နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး

သည့်တိုင်လုံချန် ၏နှလုံးသားထဲ၌  ဤကိစ္စအား အမှတ်ရနေဆဲဖြစ်သည်။

ထီးနန်းအားဆက်ခံပြီးနောက် ဆန့်ကျင်သူများအားလုံချန်ဖယ်ရှားပစ်ခဲ့သည်။ရှစ်ဖုန့်ကြီးမားစွာမုန်းတီးနေခဲ့သော တောင်ပိုင်းဘုရင် အိမ်တော်က  အလိုအလျောက်စာရင်းထိပ်ဆုံး၌ရှိနေခဲ့သည်ဖြစ်သည်။သူထီးနန်းတက်ပြီးသည့်နောက် အနောက်မြောက်ဘုရင်ကျန်းကျွင်းချင်အား စစ်တပ်ကိုဦးဆောင်စေကာ တောင်ပိုင်းဘုရင်အိမ်တော်သို့စေလွှတ်ခဲ့ပြီး တောင်ပိုင်းဘုရင်အိမ်တော်၏ တစ်မိသားစုလုံးအား  သုတ်သင်ပစ်ခဲ့သည်။

ထိုသို့သုတ်သင်ခြင်းကိုခံရသောသူများထဲတွင် အကြီးဆုံးမင်းသမီးဖြစ်သူ လုံယွမ်နှင့်  သူမ၏အငယ်ဆုံးသား ရှစ်ရွှယ်၏ညီဖြစ်သူ အသက်ရှစ်နှစ်အရွယ်သာရှိသေးသော ရှစ်လီလည်း ပါသည်။

“အား…သတ်…သတ်..သတ်”

“သတ်ပစ်ကွာ”

ရှစ်ရွှယ်၏လက်ထဲတွင်ရှိနေသော ငွေရောင်လှံက ကြမ်းကြမ်းတမ်းတမ်းကခုန်နေသည်။

တောက်ပပြီး စွမ်းအားကြီးမားသော ငွေရောင်အလင်းတန်းများက

ရှစ်ရွှယ်၏ကိုယ်မှ  ထွက်ပေါ်လာသည်။ သူပို၍သန်မာချင်နေသည်။

ရှစ်ဖုန့်ထက်သာလွန်ချင်ပြီး  ရှစ်ဖုန့်အားသူ၏လက်များဖြင့်

ကိုယ်တိုင်သတ်ပစ်ချင်နေသည်။

သူ၏ဖခင်၊မိခင်၊ညီဖြစ်သူနှင့် တောင်ပိုင်းဘုရင်အိမ်တော်တစ်ခုလုံးအတွက်  သူလက်စားချေချင်နေသည်။

ရှစ်ဖုန့်အားသတ်ဖြတ်နိုင်ရန်အတွက်သူသန်မာလာမှရမည်။ သူပိုပြီးသန်မာလာမှရမည်။ တောင်ပေါ်မှဆင်းလာပြီးသည့်နောက်တွင်  ရှစ်ဖုန့်က ကြယ်လေးပွင့်သူတော်စင်

နယ်ပယ်ကျွမ်းကျင်သူအား

သတ်ပစ်လိုက်ကြောင်းကိုကြားခဲ့ရသည်။ ဤလူယုတ်မာက တကယ့်ကိုအရမ်းအစွမ်းထက်လွန်း၏။

……………………………………………………..

ထျန်းဟန်တိုက်ကြီး၏ လျှို့ဝှက်နေရာတစ်ခုတွင်ဖြစ်ပြီး

ဤနေရာ၌ အပြာရောင်တစ်ခုမှလွဲပြီး အခြားဘာအရောင်မှရှိမနေချေ။ အပြာရောင်မီးတောက်တစ်ခုက ကောင်းကင်ထဲသို့ထိုးတက်သွားသည်။ အပြာရောင်မီးတောက်က ပြင်းထန်စွာတောက်လောင်နေ၏။

အပြာရောင်မီးတောက်၏အလယ်တွင်  အဖြူရောင်ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေပြီးငယ်ရွယ်ပြီး

ချောမောသော မျက်နှာတစ်ခု လှစ်ဟာထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်ရုံနှင့်လူငယ်က

သူ၏ညာလက်ဖဝါးအားဖွင့်လိုက်ပြီး  အပြာရောင်မီးတောက်က သူ၏လက်ဖဝါးအတွင်းကခုန်နေသည်။

“ကျုံးအာ…အခုကအချိန်ကျပြီ”

အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ရင်

ဘတ်တွက်ရှိနေသော ကျောက်စိမ်းပြားမှ အက်ရှရှအသံတစ်ခုက ရုတ်တရက်အော်ပြောလိုက်သည်။

အဖြူရောင်ဝတ်ရုံနှင့်လူငယ်က

အော်ပြောလိုက်သည်။ သူ၏ညာလက်နှင့်ဘယ်လက်ထဲတွင်ရှိနေသောမီးလုံးနှစ်ခုက တစ်ခုနှင့်တစ်ခုပြင်းထန်စွာ ပစ်ဆောင့်မိသွားသည်။

“ဝုန်း”

ပေါက်ကွဲသံတစ်ခုနှင့်အတူ ပြင်းထန်သောစွမ်းအင်တို့က ပေါက်ကွဲထွက်ပေါ်လာသ်ည။

အဖြူရောင်ဝတ်ရုံနှင့်လူငယ်အား အလယ်ဗဟိုတွင်ထားထားကာ  အပြာရောင်မီးတောက်နှင့်အစိမ်းရောင်မီးတောက်တို့က ဝဲတစ်ခုအား ဖန်တီးလိုက်သည့်နှယ်ဖြစ်သည်။မီးတောက်ဝဲက လျှင်မြန်စွာဖြင့်ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားပြီး မီတာဒါဇင်ပေါင်းများစွာ အချင်းဝက်ရှိသော   ဧရာမမီးတောက်ဝဲကြီး တစ်ခုအဖြစ်ဖြစ်ပေါ်လာသည်။

မသိနိုင်သော အချိန်အတိုင်းအတာပမာဏတစ်ခုအထိကို ကြာမြင့်သွားခဲ့ပြီးသည့်နောက် အပြာရောင်မီးတောက်ဝဲက အလယ်ဗဟိုသို့ပြန်လည်၍ကျုံ့

ဝင်လာပြီးနောက် လျှင်မြန်စွာပျောက်ကွယ်သွားသည်။

ဤဧရိယာတစ်ဝိုက်၌  ရှိနေခဲ့သော အပြာရောင်မီးတောက်များအား

လုံးပျောက်ကွယ်သွားပြီး မူလအဖြူရောင်ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ သူ၏ညာလက်ဖဝါးထဲတွင် အပြာရောင်မီးလုံးလေးတစ်ခုက ဖြည်းညှင်းစွာကခုန်နေသည်။

“အောင်မြင်ပြီ..ပေါင်းစည်းတာအောင်မြင်ပြီ”

အဖြူရောင်နှင့်လူငယ်ယန်ကျုံးက  သူ၏လက်အတွင်းရှိ လျှို့ဝှက်နည်းလမ်းဖြင့်ပေါင်းစည်းထားခဲ့သော  အပြာရောင်မီးတောက်တို့အားကြည့်လိုက်ပြီး  ပျှော်ရွှင်မှု စိတ်သက်သာရာရမှုတို့ဖြင့်ပြည့်နှက်နေသော အပြုံးတစ်ခုဖြင့် အော်ပြောလိုက်သည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters