အပိုင်း(၄၀၂)
Vol. 27 Ch. 402
“ပြီးသွားပြီ..အောင်မြင်ပြီ..”
အဖြူရောင်ဝတ်စုံနှင့်လူငယ်ယန်ကျုံးက သူ၏လက်အတွင်းရှိနေသော အစိမ်းရောင်နှင့်အပြာရောင်မီး
တောက်များအားကြည့်လိုက်သည်။ သူ့အနေဖြင့် ပျော်ရွှင်မှု ဝမ်းမြောက်အားရကျေနပ်မှု
တို့ဖြင့်ပြည့်နှက်နေသည်။
“နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ”
ယန်ကျုံး၏ရင်ဘက်တွင်ရှိနေသော ကျောက်စိမ်းပြားထံမှ အိုမင်းပြီး စူးရှရှအက်ကွဲကွဲအသံတစ်ခုထွက်ပေါ်လာသည်။ထို့နောက်၎င်း၏ပြောလိုက်၏။
“ကျုံးအာ အခုဆိုမင်းဟာအစိမ်းရောင်ကြာ
ပန်းငရဲမီးတောက်နဲ့ အပြာရောင်ငရဲမီးတောက်တို့ကို ပေါင်းစပ်နိုင်ခဲ့တာကြောင့် မင်းရဲ့ကျင့်ကြံမှု၊သိုင်းပညာရပ်နဲ့ သန့်စင်မှုကျွမ်းကျင်ပိုင်နိုင်မှုတွေဟာ နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားလိမ့်မယ်”
“ဟားဟား..အမှန်ပဲ.”
ယန်ကျုံး ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
“ဆရာ…ဆရာ့ရဲ့ခက်ခက်ခဲခဲကြိုး
စားအားထုတ်ပေးမှုအတွက် ကျေးဇူးအရမ်းပဲတင်ပါတယ်”
“ဒါက ငါ့အတွက်မခက်ခဲပါဘူး.. မင်းဖြည်းဖြည်းခြင်းနဲ့ ကြီးထွားတိုးတက်လာတာကိုမြင်ရတာ ငါဝမ်းမြောက်ကျေနပ်ဖြစ်ပါတယ်..မင်းအနေနဲ့ထျန်းဟန်တိုက်ကြီးရဲ့ထိပ်ဆုံးနေရာမှာ ဝင့်ကြွားစွာရပ်တည်ပြီးတော့ ငရဲဘုံကိုးခု ဧကရာဇ် မိသားစုကိုသတ်ဖြတ်ပစ်မှာကိုငါ
စောင့်စားနေတာ.”
အိုမင်းပြီး အက်ကွဲကွဲနှင့်ပင်ပန်းနွမ်းနယ်နေ
ပုံရသောအသံကထပ်မံ၍ပြောလိုက်သည်။
“စိတ်မပူပါနဲ့ဆရာ ကျုံးအာ ဆရာ့ကိုစိတ်မပျက်စေရပါဘူး. မကြာခင်ဒါမှမဟုတ်နောက်ပိုင်းမှာ ငရဲဘုံကိုးခု ဧကရာဇ် မိသားစုဟာ ထျန်းဟန်တိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်”
ယန်ကျုံးက ပြတ်သားခိုင်မာစွာပြောဆိုလိုက်သည်။
ရုတ်ခြည်းပုံရိပ်တစ်ခုက ယန်ကျုံး၏ စိတ်ထဲတွင်ပေါ်လာသည်။ယန်ကျုံး၏ မျက်နှာကခက်ထန်နေ၏။ သူကထိုလူ၏နမည်အား ခါးသီးမုန်းတီးစွာဖြင့် အော်ခေါ်လိုက်သည်။
“ရှစ်ဖုန့်..”
ရှစ်ဖုန့်၏ပုံရိပ်က လေကိုထိုးခွင်းဖြတ်သန်းကာ သဲကန္တာရအတွင်းတစ်ဟုန်ထိုးခရီးနှင်နေသည်။ ပျံသန်းနေရင်း ငရဲဘုံကိုးခုဧကရာဇ် လျှို့ဝှက်ပညာရပ်ဖြစ်သော ငရဲဘုံကိုးခု မသေမျိုးခန္ဓာအား အသက်သွင်းထားသည်။ သူ၏မျက်နှာနှင့်လက်တို့တွင်ရှိ
နေသောဒဏ်ရာများမှာ ပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။
ကန္တာရထဲမှပျံသန်းထွက်ခွာလာသောအခါတွင် သူ၏ကိုယ်ပေါ်တွင်ရှိနေသော
ဒဏ်ရာများအားလုံးအားကုသပြီးလုနီးပါးဖြစ်သွားသည်။ သူ၏ချောမောပြီး သူရဲကောင်းဆန်သော မျက်နှာအားပြန်လည်ရရှိနေပြီဖြစ်သည်။
“ဟမ်”
ရုတ်တရက် စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ရှစ်ဖုန့်၏ဝိညာဉ်အား ဖျက်ခနဲဖြတ်သန်းဖြစ်ပေါ်သွားသည်။ ယင်းမှာသူပေးထားခဲ့သောကျောက်စိမ်းပြားကွဲသွားသောအခါတွင်သူ၏ဝိညာဉ်မှ
အာရုံခံမိသော စွမ်းအင်အတက်အကျမျိုးဖြစ်သည်။
“လုံချန်”
ဤစွမ်းအင်အတက်အကျက သူလုံချန်အားပေးထားခဲ့သောကျောက်စိမ်းပြားထန်မှလာခြင်းဖြစ်သည်။ ဤစွမ်းအင်အတက်အကျအားအာရုံခံရင် ရှစ်ဖုန့်တီးတိုးရေရွတ်ပြောဆိုလိုက်သည်။
“သူများဒီသခင်လေးလိုအပ်တဲ့ဆေး
အမယ်အချို့ကိုရှာတွေ့တာများဖြစ်နေမလား”
ဤအကြောင်းအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်အမြန်နှုန်းကိုမြှင့်လိုက်သည်။
မူလက သူ၏ပင်ကိုအမြန်နှုန်းဖြင့်ဆိုလျှင် ယွင်လိုင်အင်ပါယာ၏ အင်ပါယာမြို့တော်မှ အနောက်မြောက်သဲကန္တာရအတွင်းရှိ မြွေလူသားနယ်မြေသို့ တစ်ရက်တာမျှခရီးသွားရသည်ဖြစ်သည်။ ယခုသူက သူတော်စင်နယ်ပယ်ကိုချိုးဖြတ်ဝင်ရောက်ခဲ့ပြီး မြွေလူသားနယ်မြေမှ အင်ပါယာမြို့တော်သို့ဟင်းလင်းပြင်
မှခရီးနှင်ရန်နေ့တစ်ဝက်သာအ
ချိန်ကြာမြင့်တော့သည်ဖြစ်သည်။ ရှစ်ဖုန့်ကမူလယွင်လိုင်အင်ပါယာမြို့
တော်အထက်တွင် ဝင့်ကြွားစွာရပ်နေသည်။
ရှစ်ဖုန့်က ခေါင်းငုံ့၍အောက်သို့ကြည့်လိုက်သည်။ ရုတ်တရက်ဒေါသတကြီး အော်ဟစ်သံတစ်ခုက အောက်တွင်ရှိနေသောအင်ပါယာမြို့တော်ထံမှထွက်ပေါ်လာသည်။
“ဘယ်သူလဲကွ..ဘယ်သူကများ
နန်းတော်ထက်မှ ပျံသန်း…….”
ဒေါသတကြီးအော်ဟစ်သောအသံမှာ ပျံသန်းဟူသောနေရာသို့ရောက်သောအခါတွင် ရုတ်တရက် ကို့ရို့ကားယားရပ်တန့်သွားသည်။ ထိုထက်ပိုသည်ကား အသံမှအနည်းငယ်ပင်တုန်ယင်နေ၏။ မကြာခင်တွင်လေသံမှာပြောင်းလဲသွားပြီး လေးစားမှုအပြည့်ဖြင့်အော်ပြောလိုက်သည်။
“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
“စစ်နတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”
ထို့နောက်အင်ပါယာမြို့တော်အတွင်းမှ လေးစားမှုအပြည့်ဖြင့်အော်သံများက ဆက်တိုက်ထွက်ပေါ်ကာကောင်းကင်ထဲသို့ထိုးတက်လာသည်။ ဤအော်သံများမှာ အင်ပါယာမြို့တော်၏ အစောင့်များ အရာရှိမင်းမှုထမ်းများနှင့်မြို့
တွင်းရှိနေထိုင်သူများထံမှလာခြင်းဖြစ်သည်။
ထို့နေ့က အာဏာရှင်လုံအောင်မှာ အင်ပါယာမြို့တော်အတွင်းကြီးစွာသော ဒုက္ခကပ်ဘေးကိုဖြစ်စေခဲ့သည်။ လုံအောင်ကြောင့်လူသန်းနှင့်ချီသတ်ဖြတ်ခံခဲ့ရသည်။ယခု ဤလူများမှာ
အခြားသောမြို့များမှ အင်ပါယာမြို့တော်အတွင်း ပြောင်းရွှေ့နေထိုင်လာကြသူများဖြစ်ကြသည်။
ယနေ့ယွင်လိုင်အင်ပါယာအထူးသဖြင့်မူလယွင်လိုင်အင်ပါယာ၌ စစ်နတ်ဘုရား၏ အမည်နာမတော်က နေတစ်စင်းကဲ့သို့ပင်ဖြစ်သည်။ မြို့တိုင်းတွင်စစ်နတ်ဘုရား
၏ရုပ်ထုရှိသည်ဖြစ်သည်။
လုံချန်ထီးနန်းအားဆက်ခံပြီးကတည်းက နိုင်ငံတစ်ဝှမ်း စစ်နတ်ဘုရား၏ ကောလဟာလများအားဖြန့်ကျတ်
ရန်အမိန့်ပေးခဲ့သည်။ ထို့နေ့လုံအောင်မှာ အာဏာရှင်ဆန်သောသူဖြစ်ခဲ့သည်။သို့သော် လုံအောင်မှာလုံချန်၏ဖခင်ဖြစ်နေသေးသည်။ထို့ကြောင့်လုံချန်က ဇတ်လမ်းကိုပြောင်းခဲ့သည်။
ယုတ်မာသော ထျန်းဖုန်းဂိုဏ်းမ ဖုန်းချင်ယုက ရက်စက်ပြီးသွေးဆာသော သူဖြစ်ခဲ့သည်။ သူက အပြစ်မဲ့သောသူများအား လက်လွတ်စပယ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ သူကလုံချန်ဖယ်ရှားသုတ်သင်ပစ်ခဲသောဂိုဏ်းများအားလုံးအားဦးဆောင်ခဲ့သည်။
သူတို့အားလုံးက နိုင်ငံတော်၏သစ္စာဖောက်များဖြစ်လာကြသည်။ ၎င်းတို့ကြားထဲတွင်တောင်ပိုင်းဘုရင်ဖြစ်သော ရှစ်ကျင်းထျန်းပင် ပါဝင်နေသေးသည်။
လူယုတ်မာဖုန်းချင်ယုက လူဆိုးများ နှင့်သစ္စာဖောက်များကိုဦးဆောင်၍ အင်ပါယာမြို့တော်ဆီသို့လာခဲ့သည်။သူတို့က တွေ့သမျှလူတိုင်းအားသတ်ဖြတ်ခြင်း အရှက်ခွဲခင်းနှင့် မကောင်းပေါင်းစုံအားကျူးလွန်ကြသည်။ သူတို့က အင်ပါယာမြို့တော်နှင့် အင်ပါယာမြို့ဝန်းကျင် မြို့ကြီးအချို့မှလူများအား ရက်ရက်စက်စက်ကိုသတ်ပစ်ခဲ့သည်။ အချိန်တစ်ခုတိုင်အောင်မချိမဆန့် ငိုကြွေး ဟစ်အော်သံများအားနေရာအနှံ့မှနေ၍ ကြားရနိုင်သည်ဖြစ်၏။
စစ်နတ်ဘုရားအနေဖြင့် ယွင်လိုင်အင်ပါယာခံစားနေရသော
ဒုက္ခများအား ရပ်ကြည့်နေနိုင်ခြင်းမရှိတော့ချေ။ သူက အင်ပါယာမြို့တော်သို့သက်ဆင်းလာပြီး ဖုန်းချင်ယုနှင့်သူဦးဆောင်လာသောအခြားသော လူဆိုးများအားသတ်ဖြတ်ရန်အတွက်ယွင်လိုင်အင်ပါယာစစ်တပ်အား ဦးဆောင်ခဲ့သည်။
လုံချန်က နိုင်ငံတစ်ခုလုံးအား ဇတ်လမ်းကိုပြောင်းလဲပစ်ရန်အမိန့်ပေးခဲ့သော်လည်း လုံအောင်၏နိုင်လိုမင်းထက်
အာဏာရှင်ဆန်မှုများက ယွင်လိုင်အင်ပါယာတစ်ခွင်ပျံ့နှံ့
သွားခဲ့ပြီးဖြစ်သည်။ ယေဘုယျအားဖြင့် နိုင်ငံတစ်ခုလုံးယင်းအကြောင်းအား
သိကြသည်ဖြစ်၏။
အာဏာရှင် လုံအောင်အား စစ်နတ်ဘုရားရှစ်ဖုန့်ကသတ်ပစ်ခဲ့သည်ကိုလည်းလူများသိကြသည်ဖြစ်သည်။ ထို့ကြောင့်ယွင်လိုင်အင်ပါယာမှ
လူများရှစ်ဖုန့်ရှေ့၌ဒူးထောက်ကြပြီး အာဏာရှင်လုံအောင်အားသတ်ကာ ကမ္ဘာကြီးအတွက်ငြိမ်းချမ်းမှုကို
ယူဆောင်ပေးခဲ့သော နမည်ကျော်စစ်နတ်ဘုရားအားမြင်တွေ့ရသောအခါတွင် သူတို့အားလုံး ၎င်းအား နှလုံးသားအခြေမှနေ၍ ချစ်ခင်မြတ်နိုး လေးစားမှုအပြည့်ဖြစ်ပေါ်ကြသည်။
ရှစ်ဖုန့်ကကျယ်ပြောသော အင်ပါယာမြို့တော်အားကြည့်လိုက်သည်။ တစ်ခါက သူမြင်တွေ့ခဲ့ရသော ရှုံ့တွခြောက်သွေ့သောအလောင်းများဖြင့် ပြည့်နှက်နေခဲ့သည့် အင်ပါယာမြို့တော်က ယခုအခါ၌ သက်ရှိများဖြင့် စည်းကားနေသည်။ ထို့နောက်သူ့အောက်တွင်ရှိနေသော အင်ပါယာမြို့တော်၏ အလယ်ဗဟို၌ များပြားလှသောပုံရိပ်များက သူ့အားဒူးထောက်က ဦးညွှတ်ဂါရဝပြုနေကြသည်။
ဤဒူးထောက်နေသောပုံရိပ်များက မြို့တော်၏အလယ်ဗဟိုမှနေ၍ ဦးတည်ချက်အနှံ့သို့ပျံ့နှံ့နေသည်။
မရည်ရွယ်ပါဘဲ သူ၏နည်းလမ်းအတိုင်းအစုလိုက်
အပြုံလိုက်သတ်ဖြတ် ကာ ထိပ်ဆုံးသို့ရောက်ရှိလာခဲ့သော
သတ်ဖြတ်ခြင်းနတ်ဆိုးက များစွာသောလူများ၏ချစ်ခင်မြတ်နိုးလေးစားမှုအားရရှိခဲ့သည်။ဤလူများက သူ့အားနှလုံးသားအခြေမှလာ
သောဆန္ဒဖြင့်ဒူးထောက်နေကြခြင်းဖြစ်ကြောင်းကို ရှစ်ဖုန့်မြင်တွေ့နိုင်သည်ဖြစ်သည်။ ၎င်းတို့မှာသူ၏ဆိုးယုတ်သော
နမည်ဂုဏ်သတင်းကြောင့် သူ့အားဒူးထောက်ခစားကြသော
ထျန်းမြောင်အင်ပါယာမှလူများကဲ့သို့မဟုတ်ကြပေ။
“အားလုံးပဲ ထလို့ရပြီ”
ရှစ်ဖုန့်ကပါးစပ်ကိုဖွင့်ဟလိုက်ပြီး အောက်တွင်ရှိနေသောလူများအား ထူးမခြားနားစွာပြောလိုက်သည်။ သူ၏အသံက အင်ပါယာမြို့တော်အထက်မှ ပဲ့တင်ထွက်ပေါ်လာပြီးအင်ပါယာမြို့တစ်ခုလုံးအား ဖြတ်သန်းရိုက်ခတ်သွားသည်။ျ
အောက်တွင်ရှိနေကြသောလူများမှာ တစ်ယောက်ပြီးတစ်ယောက် ရပ်လိုက်ကြသည်။ ရှစ်ဖုန့်ကသူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး အောက်သို့ထိုးဆင်းလိုက်သည်။
“ဘန်း”
ရှစ်ဖုန့်၏ကိုယ်က အင်ပါယာမြို့တော်ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပုလ္လင်ထက်၌ ဆင်းသက်လိုက်သည်။
“စစ်နတ်ဘုရား”
“စစ်နတ်ဘုရား”
“စစ်နတ်ဘုရား”
ပို့ဆောင်ဆက်သွယ်ရေး အစီအရင် ဝန်းကျင်၌ရှိနေကြသော ရွှေရောင်ချပ်ဝတ်အစောင့်များမှာ အစောကတင်ဒူးထောက်ရာမှထလာခဲ့ကြ၏။
ဤအချိန်၌
ရှစ်ဖုန့်ရောက်ရှိလာသည်အား
သူတို့မြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်ရှစ်ဖုန့်၏ရှေ့၌ ထပ်မံ၍ဒူးထောက်လိုက်သည်။
“ကောင်းပြီ အားလုံးထပြီးစကားပြောလို့ရတယ်”
ရှစ်ဖုန့်က ဤရွှေရောင်ချပ်ဝတ်အစောင့်အကြပ်
များအားပြောလိုက်သည်။
“ဟုတ်ကဲ့ စစ်နတ်ဘုရား”
ရွှေရောင်ချပ်ဝတ်အစောင့်များ
ထရပ်ပြီးသည့်နောက်ရှစ်ဖုန့်က မေးလိုက်သည်။
“ပို့ဆောင်ဆက်သွယ်ရေးအစီအရင်က အခု အခြေအနေဘယ်လိုရှိလဲ သုံးလို့ရနိုင်လား”
“စစ်နတ်ဘုရား.. အရှင်လွန်ခဲ့တဲ့လေးရက်ကထွက်ခွာ
သွားပြီးတဲ့နောက် ဒုတိယနေ့မှာတင် အဂ္ဂရိတ်သန့်စင်ဆရာသခင်တွေက အစီအရင်ကို အသက်သွင်းဖို့လာကြပါတယ်…
အခုဆိုပို့ဆောင်ဆက်သွယ်ရေးအစီအရင်က အင်ပါယာမြို့တော်နဲ့အောင်မြင်စွာချိတ််ဆက်ပြီးပါပြီ…အဂ္ဂရိတ်သန့်စင်ဆရာ
သခင်တွေကလည်း ပို့ဆောင်ဆက်သွယ်ရေးအစီအ
ရင်ကိုဖြတ်သန်းပြီးထွက်ခွာသွားကြပါပြီ”
ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ယောက် လက်သီးနှစ်ဖက်ကိုဆုပ်ကိုင်၍ လေးစားမှုအပြည့််ဖြင့်ဖြေကြားလိုက်သည်။
ရှစ်ဖုန့်ယွင်လိုင်အင်ပါယာမှ
ထွက်ခွာပြီးမြွေလူသားနယ်မြေသို့သွားကာ ထိုနေရာ၌ ကြီးမားသောတိုက်ပွဲတွေ့ကြုံခဲ့
သည်အထိလေးရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။ယခုသူပြန်လာခဲ့ပြီး ဤရွှေရောင်ချပ်တပ်မှူးက လွန်သောလေးရက်ကတည်း
ကရှိနေခဲ့ခြင်းဖြစ်သည်။
ရွှေရောင်ချပ်ဝတ်အစောင့်တပ်မှူး
၏စကားအားကြားပြီးသည့်နောက် ရှစ်ဖုန့်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။
“ကောင်းပြီ…အခု ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
ကိုအသက်သွင်းပြီးတော့ ဒီသခင်လေးကို အင်ပါယာမြို့တော်ဆီကိုပို့ပေး”
“ဟုတ်ကဲ့”
ပို့ဆောင်ဆက်သွယ်ရေးအစီ
အရင်ဝန်းကျင်၌ရှိနေသော အစောင့်များမှာ စတင်၍ အလုပ်များလာကြသည်။ သူတို့က ကမ္ဘာဦးကျောက်တုံးများအား ထည့်လိုက်ပြီး အစီအရင်အားအသက်သွင်းလိုက်သည်။ ပို့ဆောင်ဆက်သွယ်ရေးပလ္လင်ထက်၌ အဖြူရောင်အလင်းတစ်ခုဖျက်ခ
နဲလက်သွားပြီးမှသာ အလုပ်လုပ်နေခြင်းအားရပ်တန့်လိုက်ကြသည်။
အဖြူရောင်အလင်းလင်းလက်
သွားပြီးသည့်နောက် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ထပ်မှ ခံ့ညားထည်ဝါသောပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“ဟူး.ဝမ်းနည်းစရာပဲ..စစ်နတ်ဘုရားကိုတွေ့ရဖို့ဆိုတာက လွယ်တာမဟုတ်ဖူး ဒါပေမဲ့သူက မကြာဖူးထွက်သွားတယ်…”
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
နောက်တစ်ကြိမ်ဗလာဖြစ်သွားသည်ကိုကြည့်ပြီး ရွှေရောင်ချပ်ဝတ်တပ်မှူး ကခေါင်းခါယမ်းလိုက်ကာ သက်ပြင်းချလိုက်သည်။ သူကစိတ်မကောင်းသောအမူအ
ယာတစ်ခုပင်ဖြစ်ပေါ်နေသည်။
“စစ်နတ်ဘုရားဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးမို့လဲ.. အချိန်တိုလေးသူ့ကိုတွေ့ရတာတောင် လုံလောက်နေပြီ.. ငါတော့ဒီဘဝမှာ ဘာနောင်တတရားမှမရှိတော့ဘူး”
အခြားသောရွှေရောင်ချပ်ဝတ်အ
စောင့်တစ်ယောက်ကထပ်
ပေါင်းပြောလိုက်သည်။
“ဟူး..ငါတော့ တိုက်ပွဲအတွင်း စစ်နတ်ဘုရားရဲ့နောက်လိုက်ရမဲ့တစ်နေ့ကို တကယ်တောင့်တမိတယ်”
ရွှေရောင်ချပ်ဝတ်အစောင့်တစ်ယောက်၏ မျက်နှာထက်၌ တမ်းတမှုများဖြင့်ပြည့်နှက်နေသည်။
ဤစကားထွက်ပေါ်လာသောအခါ၌ အစောင့်တိုင်း၏ မျက်နှာထက်တွင်လည်း တမ်းတ မှုတို့ ဖြစ်ပေါ်လာသည်။
ဘာသာပြန်သူ-ARISE
ဆက်ရန်……………..