အပိုင်း(၄၀၃)
Vol. 27 Ch. 403
လက်ရှိယွင်လိုင်အင်ပါယာ၏မြို့တော်က ယခင်အင်ပါယာမြို့တော်၏ နှစ်ဆကြီးမားသည်ဖြစ်သည်။ လူဦးရေထူထပ်မှုက ယခင်အင်ပါယာမြို့တော်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသော ပမာဏထက်နှစ်ဆထက်ပိုမို၍
များပြားသည်ဖြစ်သည်။သို့သော် ဤအချိန်၌ ပျားပန်းခပ်လှုပ်ရှားနေခဲ့သော အင်ပါယာမြို့တော်မှာ ကျီးလန့်စာစား အခြေအနေတစ်ခုသို့ကျရောက်နေသည်။
အင်ပါယာမြို့တော်၏ ကောင်းကင်ထက်တွင် ထူးဆန်းသော မီးခိုးဖြူရောင် မြူများကတလိပ်လိပ်ထနေပြီး အင်ပါယာမြို့တော်တစ်ခုလုံးအား ဝန်းရံထားသည်။ အင်ပါယာမြို့တော်၏ဝင်ပေါက်ရော
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်၌ပါ မြို့အတွင်းရှိများပြားလှသော စစ်သည်များနှင့် အရပ်သားပြည်သူများစုစည်းနေကြသည်။
သို့သော် သူတို့အနေဖြင့် အင်ပါယာမြို့တော်က ကျိန်စာကျရောက်လာတော့မည်ပုံပေါ်နေသည်ကိုတွေ့လိုက်ကြရသည်။ဆန်းကြယ်ပြီး မမြင်နိုင်သောစွမ်းအား၏အောက်တွင် ယင်း က အင်ပါယာမြို့တော်အား ဘက်ပေါင်းစုံမှနေ၍ တံတိုင်းခတ်ထားသကဲ့သို့ဖြစ်နေသည်။ ယင်းက အင်ပါယာ မြို့တော်မှ ခြေလျှင်ဖြစ််စေ ပျံ့သန်း၍ဖြစ်စေ ထွက်ခွာလိုသူအားလုံးတို့အား
တားဆီးထားသည်။
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်မှာမူ ဆန်းကြယ်ပြီး မမြင်နိုင်သော စွမ်းအားအောက်၌ ၎င်းအနေဖြင့် မူလအတိုင်း လည်ပတ်နိုင်ခြင်းမရှိတော့ပေ။ယင်းမှာ တစ်ဖက်တည်းသာ လှုပ်ရှားမှုရှိသော ပို့ဆောင်ဆက်သွယ်ရေးအစီအ
ရင်တစ်ခုဖြစ်လာသည်။ အခြားသောမြို့များကသာ အင်ပါယာမြို့တော်ဆီသို့ဝင်ရောက်ရန်အတွက်ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
အားအသုံးပြုခြင်းကိုပြုလုပ်နိုင်သည်။
အင်ပါယာမြို့တော်အတွင်းရှိနေသော ပို့ဆောင်ဆက်သွယ်ရေး
အစီအရင်ကတော့ ပို့ဆောင်မှုစွမ်းရည်အားဆုံး
ရှုံးလိုက်ရပြီဖြစ်သည်။
“ယွင်လိုင်အင်ပါယာကတကယ့်ကို မကောင်းတဲ့နမိတ်နဲ့ အင်ပါယာတစ်ခုပဲ..လွန်ခဲ့တဲ့လ
အနည်းငယ်လောက်က သူတို့ယခင်အင်ပါယာမြို့တော်အထက်မှာ ထူးဆန်းတဲ့မြူခိုးတွေ ပေါ်လာခဲ့တယ်..အဲ့နောက် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတယ်..အခု..အခုလည်း သူတို့ကငါတို့ထျန်းမြောင်အင်ပါယာရဲ့မြို့တော်ကို သိမ်းပိုက်ပြီးတဲ့နောက် ငါတို့ရဲ့အင်ပါယာမြို့တော်မှာလည်း ထူးဆန်းတဲ့မြူတွေဖုံးလာခဲ့ပြန်ပြီ.. လက်ရှိအင်ပါယာမြို့တော်ထဲမှာ
ရှိတဲ့လူတွေအားလုံးကလည်း ကပ်ဘေးတစ်ခုထဲကို ကျရောက်ရတော့မှာလား”
“ဟူး.ငါတို့ရဲ့အင်ပါယာမြို့တော်က ဒီနှစ်မှာတကယ်ကို ကပ်ဘေးဒုက္ခတွေနဲ့ပြည့်နှက်နေခဲ့တာပဲ… လွန်ခဲ့တဲ့အချိန်အချို့လေးကတင် တစ်မြု့လုံးနီးပါးကိုသတ်ဖြတ်ခဲ့ပြီး ငါတို့ကိုပါသတ်လုနီးပါးဖြစ်ခဲ့တဲ့ အရူးနတ်ဆိုးတစ်ကောင်ရှိခဲ့တယ်… အခုလည်းဒီမီးခိုးဖြူရောင်မြူတွေရှိနေပြန်ပြီ..အဲ့တာထက်ပိုတာက မြို့တစ်ခုလုံးကိုဆန်းကြယ်တဲ့စွမ်းအားတစ်ခုက ဆီးလ်ခတ်ထားတယ်…အခုငါတို့တွေ ထွက်ပြေးလို့တောင်မရနိုင်တော့ဘူး”
“မကောင်းတဲ့နမိတ်နဲ့အင်ပါယာတစ်ခုဆီကဒီမီးခိုးဖြူရောင်ကဘာတွေများလဲ..အဲ့တာကဘာလို့ သူတို့ရဲ့အရင်အင်ပါယာမြို့တော်မှာပေါ်မလာဘဲနဲ့ငါတို့ရဲ့အင်ပါယာမြို့တော်မှာမှပေါလာရတာလဲ..အင်ပါယာမြို့တော်ထဲမှာ
ရှိတဲ့အရပ်သားအများစုက ပင်ကိုယ်အားဖြင့်ထျန်းမြောင်အင်ပါယာကလူတွေဆိုတာကိုမင်းလဲသိတာပဲ..ငါတို့အားလုံးက ဘာမှမသိတဲ့အပြစ်မဲ့တဲ့သူတွေပဲ”
အင်ပါယာမြို့တော်အတွင်းရှိကျီးလန့်စာစားဖြစ်နေမှုအတွင်းထပ်ပေါင်းထည့်ရမည်ဆိုလျှင် ထက်တွန့်တက်မှုများကလည်းရှိနေသည်ဖြစ်သည်။လက်ရှိဤထူးဆန်းသော မြူများက နမိတ်မကောင်းသော ယွင်လိုင်အင်ပါယာနှင့်သက်ဆိုသည်ဟု များစွာသော အရပ်သးများကတွေးကြသည်။
“ဟစ်”
ဤအချိန်တွင် အင်ပါယာမြို့တော်အတွင်း ကျင့်ကြံသူတစ်ယောက်က အင်ပါယာမြို့တော်အားဝန်းရံထားသော မီးခိုးရောင်မြူများအားကြည့်လိုက်သည်။
သူကပင့်သက်ရှိုက်လိုက်ပြီး
တုန်လှုပ်စွာပြောလိုက်သည်။
“ဒါ…ဒါက သေခြင်းတားမြစ်နယ်မြေမှာ ဝန်းရံနေတဲ့ မီးခိုးရောင်မြူတွေပဲ..ဟုတ်တယ်..
ဒီမီးခိုးရောင်မြူတွေက သေခြင်းတားမြစ်နယ်မြေမှာရှိတဲ့အရာနဲ့ အတိအကျကိုတူညီနေတာ..ငါအဲ့တာကို သေခြင်းတားမြစ်နယ်မြေရဲ့ မလှမ်းမကမ်းအဝေးကနေတွေ့ဖူးတယ်…
ဖြစ်နိုင်တာက ငါတို့ ရဲ့အင်ပါယာမြို့တော်ကလည်း ဒုတိယမြောက်သေခြင်းတားမြစ်
နယ်မြေဖြစ်လာတော့မှာလား”
“ဘာ”
“ဘာ”
“ဘာကြီး”
ကျင့်ကြံသူ၏ စကားအားကြားပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်ထံမှ အလန့်တကြားအော်ဟစ်သော သံများဆက်တိုက်ထွက်ပေါ်လာသည်။
သေခြင်းတားမြစ်နယ်မြေမှာတစ်ချိန်က ထျန်းမြောင်အင်ပါယာ၏ တားမြစ်နယ်မြေတစ်ခုဖြစ်သည်။ ထိုနေရာသို့ဝင်ရောက်သွားသောသူမှန်သမျှ အသက်ရှင်လျှက်ပြန်ထွက်လာနိုင်ခြင်းမရှိပေ။ထိုအကြောင်းအားတွေးကြည့်ရုံနဲ့တင် လူများအား ဆံပင်မွှေးများအဆုံးထိထောင်
မတ်သွားစေရန်လုံလောက်သည်ဖြစ်သည်။
ထိုသေခြင်းတားမြစ်နယ်မြေမှာ လွန်ခဲ့သော အချိန်ကာလတစ်ခုအကြာက စည်းကားသိုက်မြိုက်သော နေရာတစ်ခုဖြစ်ခဲ့သည်ဟူသော ကောလဟာလတစ်ခုရှိခဲ့သည်။ သို့သော် မသိနိုင်သောအကြောင်းပြချက်
အချို့ကြောင့်လူတိုင်းသေဆုံးသွားခဲ့ကြသည်။ ၎င်းတို့ထဲမှမည်သူကမျှ အသက်ရှင်လျှက်ထွက်မလာနိုင်ခဲ့ကြချေ။ ၎င်းအား ယခင်ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်မင်းဖြစ်သူက တားမြစ်ကုန်းမြေတစ်ခုအဖြစ်
စာရင်းသွင်းခဲ့သည်။ ထိုထက်ပိုသည်ကား ၎င်းမားသေခြင်းတားမြစ်နယ်
မြေဟုခေါ်သည်ဖြစ်သည်။
သေခြင်းတရားအားကိုယ်စားပြု
သောတားမြစ်နယ်မြေတစ်ခုဖြစ်သည်။
အင်ပါယာမြို့တော်၏အလယ်တွင် အခမ်းနားဆုံးနှင့် မြင့်မားသော အဆောင်အဦးဖြစ်သည့် တော်ဝင်နန်းတော်တစ်ခုရှိသည်ဖြစ်သည်။
အရာရှိမှူးမတ်ရာဂဏန်းများစွာဝန်းရံပြီး လုံချန်က တော်ဝင်နန်းတော်၏ ဂိတ်မျှော်စင်တွင် ရပ်ကာကောင်းကင်ပြင်အားဖုံးလွှမ်းထားသော မီးခိုးရောင်မြူခိုးများကို ကြည့်နေသည်။ အရပ်သားများက မြူခိုးတို့၏ အရင်းအမြစ်အား မသိကြသော်လည်း လုံချန်နှင့်အရာရှိများကတော့ မြူခိုးများမှာ အဖြူရောင်နှင့်အမျိုးသမီးတစ်ယောက်
ထံမှလာခြင်းဖြစ်သည်ကိုသိကြသည်ဖြစ်သည်။သူမမှာသေမျိုးကမ္ဘာသို့ဆင်းသက် လာသော နတ်သမီးလေးတစ်ပါးကဲ့သို့ပင်ဖြစ်သည်။
မနက်ခင်းညီလာခံအစည်းအဝေးအချိန်အတောအတွင်း လုံချန်က ရာဇပလ္လင်ခန်းမထက် ရှိအမြင့်နေရာ၌ထိုင်နေခဲ့သည်။ ထို့နောက် တွင် အဖြူရောင်ဝတ်ပုံရိပ်တစ်ခုက ရာဇပလ္လင်ခန်းမခေါင်မိုးအား ချိုးဖြတ်ဝင်ရောက်လာပြီး ခန်းမအလယ်၌ရပ်နေခဲ့သည်။ သူမက သူမအနေဖြင့်ရှစ်ဖုန့်အားရှာ
နေခြင်းဖြစ်ကြောင်းကိုပြောခဲ့သည်။
ရှစ်ဖုန့်အနေဖြင့်ညမမှောင်သောအချိန်တွင်ပေါ်လာဖို့လိုအပ်သည်။ ထိုသို့မဟုတ်ပါက အင်ပါယာမြို့တော်အတွင်းရှိနေကြသော သက်ရှိများအားလုံးပြာအဖြစ်သို့ပြောင်းလဲသွားရလိမ့်မည်ဖြစ်သည်။
အမျိုးသမီးထွက်ခွာသွားပြီးသည့်နောက် မီးခိုးရောင်မြူများက အင်ပါယာမြို့တော်အတွင်း ဖြည်းဖြည်းချင်းပြည့်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ၎င်းကထူထသိပ်သည်းသည်ထက်သိပ်သည်းလာခဲ့ပြီဖြစ်သည်။ညီလာခံအတွင်းတစ်စုံတစ်ယောက်က ထွက်ခွာသွားသော သူမအား မှတ်မိခဲ့သည်။ သူမမှာ ဖျောင်ရှဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ဖျောင်ရွှယ်ယွဲ့ပင်ဖြစ်သည်။
အမျိုးသမီးအားမှတ်မိခဲ့သောသူမှာ ယနေ့အစည်းအဝေးသို့တက်ရောက်လာခဲ့သော ချီလင်ဘုရင်ပင်ဖြစ်သည်။
ဖျောင်ရှဂိုဏ်းနှင့်သူတို့၏ခေါင်းဆောင်ဖြစ်သူ ဖျောင်ရွှယ်ယွဲ့တို့က တစ်ချိန်က ထျန်းမြောင်အင်ပါယာနှင့်ပတ်ဝန်း
ကျင်ရှိနိုင်ငံများ၌ ကျော်ကြားသည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်ရောက်ရှိလာသောအခါတွင် ထိုကျော်ကြားသောဂိုဏ်းမှာ သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ သူကဖျောင်ရှဂိုဏ်းတစ်ခုလုံးအားမီးလောင်တိုက်သွင်းခဲ့ပြီး မည်သူမျှအသက်ရှင်မကျန်ရစ်ခဲ့ပေ။
ပျောက်ဆုံးနေသော ဖျောင်ရှဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဖျောင်ရွှယ်ယွဲ့တစ်ယောက်ပြန်
လည်ရောက်ရှိလာခဲ့သည်။သူမပြန်လည်ရောက်ရှိလာပြီးသည့်နောက် ရှစ်ဖုန့်ချန်ရစ်ထားခဲ့သောဓား
စိတ်ဆန္ဒအကူအညီဖြင့် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်
သို့တက်လှမ်းနိုင်ခဲ့သောချီလင်
ဘုရင်သည်ပင်လျှင် သူ၏ကျင့်ကြံမှုအားထွင်း
ဖောက်မြင်နိုင်ခြင်းမရှိပေ။
သူမက မြို့တစ်ခုလုံးအားဆီးလ်ခတ်ရန်အတွက် မသိနိုင်သော လျှို့ဝှက်ပညာရပ်တစ်ခုအားအသုံးပြုခဲ့သည်။ အင်ပါယာမြို့တော်၏ကောင်းကင်ထက်တွင် လေထဲ၌အားကောင်းသော မီးခိုးရောင်မြူများဖြင့်ပြည့်နှက်နေသည်။ လောလောဆယ်၌မီးခိုးရောင်မြူများက ဖြည်းဖြည်းချင်းဖိကျဆင်းလာသည်ကို လူအများတွေ့မြင်ပြီးဖြစ်သည်။၎င်း၏အမြန်နှုန်းကအရမ်းကိုနှေးသော်လည်း ယင်းကတကယ်ကျဆင်းလာခြင်းဖြစ်သည်။
ဤအမြန်နှုန်းအားအခြေခံ၍ မီးခိုးရောင်မြူခိုးတို့က ညအချိန်တွင် လုံးဝဖိကျလာလိမ့်မည်ဖြစ်သည်။ ချီလင်ဘုရင်သည်ပင် မီးခိုးရောင်မြူ၏ဆန်းကြယ်သောစွမ်းအားကို ခံစားနိုင်သည်ဖြစ်သည်။အကယ်၍သူသာ မီးခိုးရောင်မြူတို့အလယ်၌ရှိနေခဲ့လျှင် သူ့အနေဖြင့်၎င်းအားခုခံနိုင်စွမ်း
ရှိလိမ့်မည်မဟုတ်ပေ။
“ဖျောင်ရွယ်ယွဲ့တစ်ယောက်ဘယ်လိုစွန်းစားခန်းမျိုးကိုများထွက်ခဲ့တာလဲ…
သေခြင်းတားမြစ်နယ်မြေများဖြစ်နေနိုင်မလား”
ချီလင်ဘုရင်တုန်လှုပ်အံ့အားသင့်သွားသည်။ တစ်စုံတစ်ယောက်က ဖျောင်ရွှယ်ယွဲ့သေခြင်းတားမြစ်နယ်မြေထဲဝင်သွားသည်ကိုမြင်ခဲ့သည်ဟူသော ကောကလဟာတစ်ခုရှိခဲ့သည်ဖြစ်သည်။ ချီလီဘုရင်မှာသေခြင်းတား
မြစ်နယ်မြေအတွင်းသို့မဝင်ဘူးသော်လည်း အဝေးမှနေ၍ကြည့်ဖူးပြီး သေခြင်းတားမြစ်နယ်မြေအတွင်း၌ မီးခိုးရောင်မြူခိုးများ ဝန်းရံနေပုံရသည်။
“ဖျောင်ရွယ်ယွဲ့တစ်ယောက် သေခြင်းတားမြစ်နယ်မြေထဲကိုဝင်သွားပြီး စွန်းစားခန်းထွက်ပြီးတဲ့နောက်ပြန်
ထွက်လာတာများဖြစ်နေနိုင်မလား.. “
ချီလင်ဘုရင်၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။ ထိုသို့သာဆိုလျှင် ဖျောင်ရွှယ်ယွဲ့မှာ လွန်ခဲ့သော နှစ်သုံးရာအတွင်းမှစ၍ သေခြင်းတားမြစ်နယ်မြေမှပထမ
ဆုံးထွက်လာနိုင်ခဲ့သော
သူဖြစ်လိမ့်မည်ဖြစ်သည်။
ချီလင်ဘုရင်မှာ သေခြင်းတားမြစ်နယ်မြေအတွင်းမှ အခြားသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော ထျန်းရှဲ့အဓိပဓိတစ်ယောက်ထွက်လာဖူးသည်ကိုသိရှိခြင်းမရှိပေ။
အခွင့်အလမ်းများနှင့်အတူ အန္တရာယ်များကလည်းမကြာခဏယှဉ်တွဲလိုက်ပါတတ်သည်ဖြစ်သည်။ ထျန်းရှဲ့အဓိပဓိမှာ ကံကောင်းထောက်မစွာဖြင့်
ကျိုးပျက်နေသော ဧကရာဇ်အဆင့်အလက်နက်ဖြစ်သည့် နက်မှောင်သော နတ်ဘုရားလွန်းနှင့်အတူ သေခြင်းတားမြစ်နယ်မြေအတွင်း
မှထွက်လာနိုင်ခဲ့သည်။
ဖျောင်ရွှယ်ယွဲ့တော့ပို၍ပင်အ
ကျိုးဖြစ်ထွန်းခဲ့ပုံပေါ်သည်။ သိုင်းပညာတွင်မြင့်မားသော အဆင့်တစ်ခုသို့ရောက်ခဲ့ရုံသာမကဘဲ ဆန်းကြယ်သောလျှို့ဝှက်ပညာ
ရပ်တစ်ခုကိုလည်းသူမသင်ကြားနိုင်ခဲ့သည်။ မီးခိုးရောင်မြူတို့ကအင်ပါယာမြို့
တော်အားဝန်းရံနေသည်။
“မကြာခင်မှောင်လာတော့မယ်”
ချီလင်ဘုရင်ကကောင်းကင်
အားမော့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“မကြာခင်မှောင်လာတော့မယ်”
လုံချန်နှင့်အခြားသောအရာရှိ
မင်းမှုထမ်းစစ်သည်များကလည်း ကောင်းကင်ထဲသို့စိုးရိမ်ပူပန်စွာ
ဖြင့်ကြည့်လိုက်သည်။
“သခင်လေးဖုန့်..သခင်လေးဘယ်အချိန်လာမှာလဲ..သခင်လေးသာမလာရင် အင်ပါယာမြို့တော်ကအဆုံးသတ်သွားလိမ့်မယ်”
လုံချန်မှာ စိုးရိမ်သောကဖြစ်နေသည်။ သူ၏မျှော်လင့်ချက်အားလုံးအားရှစ်ဖုန့်ပေါ်တွင်ပုံအပ်ထား၏။ ကျောက်စိမ်းပြားအားခွဲခဲ့ပြီးဖြစ်သည်။ နေ့တစ်ဝက်နီးပါးကုန်ဆုံးသွား
ပြီးသော်လည်းရှစ်ဖုန့်ကတော့ ပေါ်မလာသေးပေ။
ချီလင်ဘုရင်ကသူ့ဘေးတွင်ရှိနေသော ဧကရာဇ်မင်းလုံချန်အားကြည့်လိုက်သည်။ လုံချန်ကကျောက်စိမ်းပြားအား
ခွဲလိုက်သောအခါတွင် သူက အရာရှိများအားနှစ်သိမ့်လိုက်သည်။
“စစ်နတ်ဘုရားမကြာခင်ရောက်လာလိမ့်မယ်..”
ရွှယ်ယွဲ့ပြန်လာသောအခါတွင် ဤမွန်းစတားအနေဖြင့် ယနေ့၌ ဖျောင်ရွှယ်ယွဲ့အား ယှဉ်ပြိုင်နိုင်စွမ်းရှိပါမည်လော။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE