← Chapters

အပိုင်း(၄၀၄)

Vol. 27 Ch. 404

အပိုင်း(၄၀၄)

Vol. 27 Ch. 404

ကောင်းကင်ပြင်က ဖြည်းဖြည်းချင်းမှောင်မိုက်လာသည်။

နန်းမျှောက်စင်ထက်တွင်ရှိနေကြသော မှူးမတ်အရာရှိများမှာ ကောင်းကင်ပြင်အားစိတ်လှုပ်ရှား

စွာဖြင့်စောင့်ကြည့်နေကြပြီး အနက်ရောင်ပုံရိပ်ပေါ်အလာအား

စောင့်ဆိုင်းနေကြသည်။သို့သော် အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင်ပင်လျှင်  ထိုပုံရိပ်ကပေါ်လာခြင်းမရှိသေးပေ။

အနက်ရောင်ပုံရိပ်ကပေါ်မလာသော်လည်း အဖြူရောင်ပုံရိပ်ကတော့  မီးခိုးရောင်မြူများအတွင်းမှ လျှောက်လှမ်း၍ထွက်လာသည်။

လှပသော အဖြူရောင်ပုံရိပ်လေးတွင်  သူမ၏အဖြူရောင်အဝတ်များက လေထဲတွင်တဖျပ်ဖျပ်လူးလွန့်နေပြီး သူမ၏လှပသောမျက်နှာလေးနှင့်

ပနံသင့်နေကာ  ‌သေမျိုးကမ္ဘာသို့ဆင်းသက်လာသော  အဖြူရောင်နတ်သမီးလေးတစ်ပါး

ကဲ့သို့ပင်ဖြစ်လေသည်။

သို့သော်ဤအချိန်တွင်  မည်သူကမှ အဖြူရောင်မိန်းကလေး၏အပေါ်တွင်  အာသာငမ်းငမ်းတက်ဖြစ်နေခြင်းမရှိကြပေ။

သူတို့၏မျက်လုံးများအတွင်းတွင် ဤအဖြူရောင်နတ်သမီးက နတ်ဆိုးတစ်ပါးကဲ့သို့ပင်ဖြစ်သည်။

အကယ်၍ထိုပုဂ္ဂိုလ်သာပေါ်မလာခဲ့လျှင် သူမက  သူတို့၏သေခြင်းရှင်ခြင်းတရားအား အဆုံးအဖြတ်ပေးမည့်သူဖြစ်လေသည်.

“ရှစ်ဖုန့်ဘယ်မှာလဲ…နင်တို့ထဲက

ဘယ်တစ်ယောက်ကရှစ်ဖုန့်လဲ.. ထွက်လာခဲ့”

ဖျောင်ရွှယ်ယွဲ့ က နန်းမျှော်စင်ထက်၌ ဝင့်ကြွားစွာရပ်နေပြီး  ငုံ့ကြည့်ကာ  ပြောလိုက်သည်။

သူမ၏အသံကရှင်းလင်းကြည်လင်ပြီး  ငွေဆည်းလည်းသံလေးကဲ့သို့ဖြစ်သော်လည်း လူတိုင်း၏ နားထဲ၌ယင်းအသံမှာသူတို့၏

အသက်တို့အား ယူဆောင်သွားမည့် နတ်ဆိုးတစ်ပါး၏အသံကဲ့သို့ခံစားရသည်။

“ဂိုဏ်းခေါင်းဆောင်ဖျောင်”

ချီလင်ဘုရင်က ဖျောင်ရွှယ်ယွဲ့အားကြည့်လိုက်ပြီး   သူ၏လက်သီးတို့ကိုဆုပ်၍ ပြောလိုက်သည်။

“ရှစ်ဖုန့်ကဒီကိုပြန်လာနေတဲ့လမ်း

မှာရှိနေတာဖြစ်ပါလိမ့်မယ်…

သူဒီကိုမကြာခင်ရောက်လာ

တော့မယ်လို့ကျုပ်ရယုံကြည်ပါတယ်.. ကျုပ်ကိုငဲ့ညှာတဲ့အနေနဲ့ ဒီမြို့အတွင်းက အပြစ်မဲ့တဲ့သူတွေကို သွားခွင့်ပေးနိုင်မလား”

“ဒီမြို့ထဲကအပြစ်မဲ့တဲ့သူတွေကို  လွတ်ပေးရမှာတဲ့လား. “

ချီလင်ဘုရင်၏ စကားအားကြားပြီးသည့်နောက် ဖျောင်ရွှယ်ယွဲ့၏အေးစက်သော

မျက်နှာထက်တွက် အေးစက်စက်အပြုံးတစ်ခုပေါ်လာသည်။

“ချီလင်ဘုရင် ရှစ်ဖုန့်တုံးကရော ကျွန်မရဲ့ဖျောင်ရှဂိုဏ်းမှာ အပြစ်မဲ့တဲ့တပည့် ဘယ်လောက်တောင်ရှိနေမယ်လို့သူတွေးခဲ့ဖူးလဲ..သူတို့ကိုလွှတ်ပေးဖို့ကိုရော

သူစဉ်းစားခဲ့ဖူးလား”

“ဒါက…”

ဖျောင်ရွှယ်ယွဲ့၏စကားတို့အား

ကြားပြီးသည့်နောက်ချီလင်ဘုရင် ဆွံ့အသွားသည်။ ဖျောင်ရှဂိုဏ်းအား ရှစ်ဖုန့်အစုလိုက်အပြုံလိုက်သတ်ဖြတ်ပစ်သောအချိန်တွင်  တကယ့်

ကိုဖျောင်ရှဂိုဏ်းအတွင်း၌  အပြစ်မဲ့သောတပည့်ပေါင်း

များစွာရှိခဲ့သည်ဖြစ်သည်။ ဘာတွေဖြစ်ပျက်သွားမှန်း

တောင်သူတို့မသိကြသော်လည်း    သူတို့အားလုံးရှစ်ဖုန့်၏အကြင်နာမဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

“ဟမ့်”

လေထဲတွင် ဖျောင်ရွှယ်ယွဲ့က  ထပ်မံ၍အေးစက်စွာအော်ပြောလိုက်သည်။

“ငါ ဖျောင်ရွှယ်ယွဲ့က  ရှစ်ဖုန့်လိုရက်စက်ပြီး သွေးဆာတဲ့လူစားမျိုးမဟုတ်ဖူး..

ရှစ်ဖုန့်သာ ညမှောင်ချိန်မတိုင်ခင်ပေါ်လာခဲ့ရင်  ငါဖျောင်ရွှယ်ယွဲ့ကသူတို့ကို

လက်ဖျားနဲ့တောင်မထိဘူး..ဒါပေမဲ့  နင်တို့လိုရှစ်ဖုန့်ရဲ့လက်ပါးစေတွေကတော့  ရှစ်ဖုန့်ပေါ်လာသည်ဖြစ်စေ မပေါ်လာသည်ဖြစ်စေ နင်တို့ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဖူး”

ဖျောင်ရွှယ်ယွဲ့၏ နောက်ဆုံး

အော်သံနှင့်အတူ   ထူးဆန်းသော  မီးခိုးရောင်မြူတို့က  ဟင်းလင်းပြင်အတွင်းထိုးတက်လာသည်။ တော်ဝင်နန်းတော်ဝန်းကျင်၌ ဝန်းရံနေသောမီးခိုးရောင်မြူတို့က အနည်းငယ်ဖိကျလာပြီး  ကျန်နေသော အင်ပါယာမြို့တော်တစ်ခုလုံးအား ဝန်းရံထားသည့်မီးခိုးရောင်မြူတို့မှာမူကား မြို့ပေါ်သို့ဖိကျနေမှုမှရပ်တန့်သွားသည်။

“ဟမ့်..ရှင်မ မိန်းမတစ်ယောက်ပဲ အရမ်းကြီးမာန်တက်ပြမနေနဲ့”

ဤအချိန်တွင်  နှစ်လိုဖွယ်ကောင်းသော အော်သံလေးတစ်ခုက

နန်းတော်ထဲမှထွက်ပေါ်လာသည်။  အစိမ်းရောင်ပုံရိပ်တစ်ခုကကောင်းကင်ထဲသို့ထိုးတက်သွားသည်။

“ဒါက ..တော်ဝင်ညီမတော်ပဲ”

အစိမ်းရောင်ပုံရိပ်က ကောင်းကင်ထဲထိုးတက်သွား

သည်ကိုတွေ့လိုက်ရသောအခါတွင် လုံချန်တစ်ယောက်တုန်လှုပ်သွားသည်။

“တော်ဝင်ညီမတော်က အင်ပါယာနယ်ပယ်ကိုချိုးဖြတ်သွားပြီ”

ကောင်းကင်ထဲသို့ လှစ်ခနဲဝင်ရောက်သွားသောသူက လုံမုန့်ဖြစ်သည်။ဤကောင်မလေးက အစိမ်းရောင်အဝတ်အစားအား

ဝတ်ဆင်ထားသည်။ သူမ၏သေးငယ်သောမျက်နှာလေးထက်တွင်  ဒေါသတရားတို့ဖြင့်ပြည့်နှက်နေကာ ဖျောင်ရွှယ်ယွဲ့ထံသို့အပြင်း

ဝင်ရောက်သွားသည်။

မျှော်လင့်မထားစွာဖြင့်ပင် လဝက်ထက်နည်းသောအချိန်လေးအတွင်း ရှစ်ဖုန့်၏သွေးကျောက်ပြား

နေရာလွတ်အတွင်းကြယ်ရှစ်ပွင့်

ဘုရင်နယ်ပယ်သို့ချိုးဖြတ်ဝင်ရောက်ခဲ့သော လုံမုန့်မှာ  ကြယ်တစ်ပွင့်အင်ပါယာနယ်

ပယ်သို့ချိုးဖြတ်ဝင်ရောက်နိုင်သွားသည်။

သိပ်မကြာခင်အချိန်ကာလက  အင်ပါယာမြို့တော်၏ အဆင့်နိမ့်အရာရှိတစ်ဦးက

သူ၏အိမ်အတွင်းမှ ဦးခေါင်းတစ်လုံးအရွယ်အစားရှိသော ထူဆန်းသည့် အနီရောင်ကျောက်တစ်လုံးကို တူးဖော်ရရှိခဲ့သည်။ ၎င်းအားဘာဆိုသည်အားသူမသိချေ။

ထို့ကြောင့်သူက ဧကရာဇ်ထောက်ပံ့မှုအားရရှိရန်အတွက် လုံချန်အားဆက်သခဲ့သည်။

ထိုအချိန်က လုံမုန့်မှာလုံချန်ထိုအရာအား

လေ့လာချိန်တွင်ရှိနေခဲ့သည်ဖြစ်သည်။ အနီရောင်ကျောက်အား  မြင်တွေ့သောအခါတွင်  ထူးဆန်းသောခံစားချက်တစ်ခုအားရုတ်တရက်သူမခံစားလိုက်ရသည်။လုံမုန့်က လုံချန်ထံမှကျောက်အပိုင်းအစကို  တောင်းဆိုခဲ့သည်။

မမျှော်လင့်စွာနှင့် ကျောက်စိမ်း၏ အပူစွမ်းအင်က လုံမုန့်အတွက်မွေးဖွားလာသည့်ပုံပေါ်သည်။ လုံမုန့်က စွမ်းအင်အားစုပ်ယူခဲ့ပြီး  သန့်စင်ပြီး ခမ်းနားသော မူလစွမ်းအင်အဖြစ်၎င်းအား

သူမကိုယ်အတွင်းပြောင်းလဲခဲ့သည်။

လုံမုန့်၏ပါရမီစွမ်းရည်ကမဆိုးပေ။

ထိုအချိန်က သူမသည် ရှစ်ဖုန့်ချန်ရစ်ထားခဲ့သော ဓားစိတ်ဆန္ဒအား နားလည်သဘောပေါက်ပြီးဖြစ်သည်။ အပူစွမ်းအင်တို့အားစုပ်ယူပြီးသည့်နောက်  သူမ၏ မူလစွမ်းအင်က တိုးပွားလာသည်။ ရက်အနည်းငယ်ကြာပြီးနောက်

သူမကြယ်ကိုးပွင့် ဘုရင်နယ်ပယ်သို့ဝင်ရောက်ခဲ့သည်။

ယနေ့အစောပိုင်းလေးတင် လုံမုန့်မှာ  အဆင့်ထက်မံချိုးဖြတ်နိုင်ခဲ့သည်။ သူမကကြယ်ကိုးပွင့် ဘုရင်နယ်ပယ်ကိုချိုးဖြတ်ပြီး  ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်သို့အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။ တံခါးပိတ်ကျင့်ကြံရာမှသူမ

ထွက်လာသောအချိန်တွင် မောက်မာသော အမျိုးသမီးအားမြင်တွေ့လိုက်ရပြီးသူမ၏မောက်မာသောစကားတို့အားကြားလိုက်ရသည်။

ထို့နောက်လုံချန်ချက်ချင်း

သဘောပေါက်သွားပြီး ကောင်းကင်ထဲသို့အလျှင်

အမြန်အော်ပြောလိုက်သည်။

“ညီမတော်… မြန်မြန်ပြန်လာခဲ့..သူက ညီမလေး ယှဉ်ပြိုင်နိုင်တဲ့သူမဟုတ်ဖူး”

ဘယ်လိုတောင်ဟာသနည်း။ အင်ပါယာနယ်ပယ်သို့ယခုမှချိုးဖြတ်တက်လှမ်းခဲ့သော လုံမုန့်ကိုအသာထား  ကြယ်တစ်ပွင့်သူတော်စင်

နယ်ပယ်သို့ချိုးဖြတ်ဝင်ရောက်နိုင်

သောချီလင်ဘုရင်သည်ပင်လျှင်  ဖျောင်ရွှယ်ယွဲ့အားကြောက်ရွံ့သည်ဖြစ်သည်။

“သန့်စင်ယန်မီးလက်သီး”

လုံမုန့်၏အော်သံက ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထွက်ပေါ်လာသည်။

လုံမုန့်ကသူမ၏ညာလက်သီးအား

ဆုပ်လိုက်ပြီး ၎င်း၌  အနီရောင်အလင်းတို့တလက်လက်

တောက်ပလာသည်။ လုံမုန့်က ဖျောင်ရွှယ်ယွဲ့နားမနီးကပ်သေးသော်လည်း  အနီရောင်အလင်းတို့ဖြင့်ဖွဲ့စည်းထားသော ဧရာမလက်သီးကြီးကတော့  လုံမုန်ထံမှထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ထဲတွင်၎င်းမှာ သေးငယ်သော နေနီလေးတစ်လုံးကဲ့သို့ဖြစ်ပြီး  ရေပြင်ညီအတိုင်း ဖျောင်ရွှယ်ယွဲ့ထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

“ဟမ့်..နင်က ဆိုးဆိုးရွားရွားသေချင်နေတာလား…ငါနင့်ဆန္ဒကိုငါဖြည့်ဆည်းပေးရတာပေါ့”

ဖျောင်ရွှယ်ယွဲ့က သူမ၏လက်အား  နောက်တွင်ပစ်ထားသည်။  ဧရာမအနီရောင်လက်သီးက

သူမအားထိမှန်ကာနီးတွင်  သူမ၏သွယ်လျသော ညာလက်ကိုနောက်မှဆန့်ထုတ်လိုက်ပြီး  လက်သည်းပုံစံပြုလုပ်လိုက်သည်။ ထို့နောက် လေထဲသို့ ဆွဲဆုပ်လိုက်သည်။

“ဘန်း”

ဖျောင်ရွှယ်ယွဲ့ထံသို့ဦးတည်နေသော ဧရာမ အနီရောင်လက်သီးကြီးက ရုတ်တရက်ပေါက်ကွဲသွားပြီး ကောင်းကင်ထဲ၌‌ ပျောက်ကွွယ်သွားသည်။ ထို့နောက် ဖျောင်ရွှယ်ယွဲ့၏  ညာလက်အားထပ်မံ၍ လက်သည်းအဖြစ်ပြုလုပ်လိုက်သည်။ “

“အား..ဒါက …ဘာတွေဖြစ်နေတာလဲ”

ကောင်းကင်ထဲ၌ မြင့်မားသော အမြန်နှုန်းဖြင့် ပျံသန်းနေသော လုံမုန့်မှာ  ရုတ်တရက် ဧရာမ အားတစ်ခုက သူမ၏ကိုယ်အား ဆုပ်ကိုင်လိုက်သလိုခံစားလိုက်ရပြီး  သူမ၏စွမ်းအင်တို့အားထိန်း

ချုပ်နိုင်မှုကိုလုံးဝဆုံးရှုံးသွားခဲ့သည်။

ထို့နောက် မမြင်နိုင်သောစွမ်းအားအောက်တွင်  ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွား

ရသောသူမ၏ကိုယ်က  ဖျောင်ရွှယ်ယွဲ့ထံသို့ မြင့်မားသော အမြန်နှုန်းဖြင့်ပျံသန်းနေဆဲဖြစ်သည်။ ဤအမြန်နှုန်း အစောပိုင်းကသူမကောင်း

ကင်အားထိုးခွင်းပျံသန်းသော

အမြန်နှုန်းထက်ကိုပိုမို၍ မြန်ဆန်သည်ဖြစ်သည်။

ဖျောင်ရွှယ်ယွဲ့၏ ရှေ့တွင် လုံမုန့်မှာခုခံနိုင်စွမ်းကင်းမဲ့နေသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

“ဟမ့် ပုရွတ်ဆိတ်လေး”

ဖျောင်ရွှယ်ယွဲ့မှာသူမထံသို့  အောက်ဘက်မှ  ပျံသန်းလာနေသော လုံမုန့်အားအေးစက်စွာကြည့်လိုက်သည်။ သူမကဲ့သို့ ပြိုင်ဘက်ကင်းလက်ရွေးစင်တစ်ဦး၏ရှေ့တွင်  လုံမုန့်မှ အချိန်မရွေး သူမခြေမွဖျက်ဆီးပစ်နိုင်သော ပုရွတ်ဆိတ်လေးတစ်ကောင်ကဲ့သို့ဖြစ်သည်။

‌

ဖျောင်ရွှယ်ယွဲ့က သူမ၏  ညာလက်သည်းကို ဆန့်ထုတ်လိုက်ပြီး  လုံမုန့်၏မျက်နှာကို ဆုပ်ကိုင်လိုက်သည်။

“ငါ့ကိုလွှတ်ပေး.ငါ့ကိုလွှတ်ပေးစမ်း..”

လုံမုန့်က အော်ပြောလိုက်သည်။

“နင့်အတွက်ဘာကကောင်းတယ်ဆိုတာကို  သိတယ်ဆိုရင် ငါ့ကိုအခုလွှတ်ပေးလိုက် … မဟုတ်ရင် ငါ့ရဲ့  အကိုကြီး ရှစ်ဖုန့်ပြန်လာတဲ့အခါ နင်ဒီအတွက်သေချာပေါက်နောင်တရလိမ့်မယ်”

“ဟမ့်ရှစ်ဖုန့်”

ရှစ်ဖုန့်၏နမည်အားကြား

လိုက်ရပြီးသည့်နောက်  လုံမုန့်၏မျက်နှာ၏ဆုပ်ကိုင်ထားသော ဖျောင်ရွှယ်ယွဲ့၏လက်သည်းက ပို၍ တင်းကျပ်လာသည်။

ဖျောင်ရွှယ်ယွဲ့ ၏ ညှစ်ကိုင်မှုကြောင့်လုံမုန့်နာ

ကျင်စွာဖြင့်အော်ဟစ်လိုက်သည်။

“နင်..ကောင်မ… နင်ငါ့ကို နာကျင်အောင်လုပ်တယ်.. ငါ့ကိုအခုလွှတ်ပေး…အကယ်၍နင့်ကို ဒီလိုမျိုးဆက်ဆံရင် အကိုကြီးရှစ်ဖုန့်က  သူလာရင်နင့်ကိုလွှတ်ပေးမှာမဟုတ်ဖူး”

“ချီလင်ဘုရင်  ကျေးဖူးပြုပြီးလုံမုန့်ကို ကူညီကယ်တင်ပေးပါ”

အောက်ဘက်တွင်  လုံချန်က ဖျောင်ရွှယ်ယွဲ့ဆုပ်ကိုင်ထားသော လုံမုန့်အားကြည့်လိုက်ပြီး  ချီလင်ဘုရင်အားစိုးရိမ်ကြီးစွာဖြင့် အသနားခံလိုက်သည်။

“အရှင်မင်းကြီး..ကျုပ်မင်းသမီးလေးလုံမုန့်ကို မကယ်တင်ချင်တာမဟုတ်ဖူး.. ဖျောင်ရွှယ်ယွဲ့ရဲ့လက်ရှိစွမ်းအားက ကျုပ်တို့ထက်ကို အများကြီးသာလွန်လွန်းနေတာ.. အကယ်၍ကျုပ်သွားလည်း

သေသွားမှာပဲဖြစ်မှာကိုကြောက်မိတယ်”

ရှစ်ဖုန့်နှ့င်သူ၏ ကြားကဆက်ဆံရေးကြောင့် ချီလင်ဘုရင်မှာယွင်လိုင်အင်ပါယာအား အညံ့ခံခဲ့သည်။ သူ၏ဘွဲ့ကချီလင်ဘုရင်ဖြစ်သည်။ ထို့ကြောင့်သူ၏ပင်ကိုယ်အားဖြင့်လုံချန်အား “အရှင်မင်းကြီး” ဟု ခေါ်ဆိုရသည်ဖြစ်သည်။

“ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ..ဒီကောင်မလေး

ကစိတ်ဓာတ်အင်မတန်မှအားကောင်းတာ ..ဖျောင်ရွှယ်ယွဲ့ကိုတောင် အခု သခင်လေး ရှစ်ဖုန့်နမည်နဲ့ခြိမ်းခြောက်ရဲတယ်… ဒါကဖျောင်ရွှယ်ယွဲ့ရဲဒေါသကိုပိုပြီး

ထွက်စေမှာငါကြောက်မိတယ်…  ဟူး..ငါဘာလုပ်သင့်လဲ …အကယ်၍သခင်လေးရှစ်ဖုန့်သာ ဒီနေရာမှာရှိနေခဲ့ရင်  အရမ်းကောင်းမှာပဲ”

လုံချန်မှာ ဤအချိန်၌ စိုးရိမ်တကြီးဖြစ်နေပြီး ဆူနေသော  အိုးတစ်လုံးနှင့်တူနေသည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters