အပိုင်း(၄၀၅)
Vol. 27 Ch. 405
“ရှစ်ဖုန့်”
ဖျောင်ရွှယ်ယွဲ့က သူမလက်အတွင်းရှိနေသော လုံမုန့်အားအေးစက်စွာ
ကြည့်လိုက်ပြီးပြောလိုက်သည်။
“ရှစ်ဖုန့် သူကငါ့ရဲ့ဖျောင်ရှဂိုဏ်းကို မီးလောင်တိုက်သွင်းခဲ့တယ်…ဒီနေ့ငါက သူ့ဘေးနားမှာရှိတဲ့သူတွေကို မီးလောင်တိုက်အသွင်းခံရတဲ့အရသာကဘာလဲဆိုတာကိုသသွားအောင်ပြပေးမယ်”
“ဝုန်း”
သွေးနှင်းဖြူရောင် မီးတောက် တစ်ခုက ဖျောင်ရွှယ်ယွဲ့၏လက်အတွင်းမှ ဟုန်းခနဲထွက်ပေါ်လာသည်။ ထို့နောက် လုံမုန့်၏ခန္ဓာကိုယ်မှာ ဆီထဲနှစ်ကာ လောင်ကျွမ်းခံရသကဲ့သို့ ဖြစ်ပုံပေါ်နေ၏။ သူမ၏မျက်နှာမှသည်တစ်ကိုယ်လုံးမှာ ရုတ်ခြည်းဆိုသလိုမီးများ
တောက်လောင်သွားသည်။
မကြာခင်တွင်လုံမုန့်၏တစ်ကိုယ်လုံးမှာ လူသားမီးတောက်တစ်ခုအဖြစ်
ပြောင်းလဲသွားသည်။ မီးတောက်တို့အတွင်းမှ စူးစူးဝါးဝါးအော်ဟစ်သောအ
သံထွက်ပေါ်လာသည်။
“အား..အား..အား..အား..”
“နင်က ရက်စက်ကြမ်းကြုတ်တဲ့မိန်းမပဲ..
နင်ငါ့ကိုဒီလိုဆက်ဆံတဲ့အတွက် ငါ့အကိုကြီးရှစ်ဖုန့်က နင့်ကို လွှတ်ပေးမှာမဟုတ်ဖူး. သူသေချာပေါက်ငါ့အတွက်လက်စား
ချေပေးလိမ့်မယ်….သူလုပ်ပေးလိမ့်မယ်..အား..”
ငယ်သံပါအောင်အော်ဟစ်သံနှင့်အတူ လုံမုန့်၏ စူးစူးဝါးဝါးပြောဆိုသံများကို
လည်းကြားရနိုင်သည်ဖြစ်သည်။
“ဟမ့်..ကြည့်ရတာ လုံလောင်အောင် မလောင် ခံရသေးတဲ့ပုံပဲ…”
ဖျောင်ရွှယ်ယွဲ့က ထပ်မံ၍ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
မီးတောက်များကထပ်မံ၍ အရွယ်ရောင်နဂါးတစ်ကောင်ကဲ့
သို့တောက်လောင်လာပြီး ဝုန်းဆိုသောအသံနှင့်အတူ ပို၍ ခပ်ပြင်းပြင်းတောက်လောင်လာသည်။
“အား..”
လုံမုန့်၏အော်သံက ပို၍ စူးစူးဝါး
ဝါးဖြစ်လာကာ ယခင်ကထက်ပို၍ နာကျင်မှုတို့ဖြစ်ပေါ်လာသည်။
“ငါဘာလုပ်သင့်လဲ..ငါဘာလုပ်သင့်လဲ.
သခင်လေးဖုန့်..ဘာလို့သခင်လေးဖုန့် ဒီနေရာမှာရှိမနေရသေးတာလဲ.
တော်ဝင်ညီမတော်..ငါ့ရဲ့ညီမလေး..”
အောက်ရှိမျှော်စင်ထက်တွင် လုံချန်က နှင်းဖြူရောင်မီးတောက်တို့ဖြင့်
လောင်ကျွမ်းခံနေရသော လုံမုန့်အား ကြည့်နေသည်။ လုံမုန့်၏ စူးစူးဝါးဝါးအော်သံအားကြား
လိုက်ရသောအခါတွင် လုံချန်တယောက် ရူးသွပ်သွားတော့မလိုခံစားလိုက်ရသည်။
လုံမုန့်က သူ၏ ဖအေတူ မအေကွဲညီမလေးဖြစ်သော်လည်း သူမ၏မိခင်က သူမငယ်ငယ်လေးကတည်းက
နတ်ရွာစံခဲ့သည်ဖြစ်သည်။ သူ၏မိခင်ဖြစ်သူကသူမအား ခေါ်ထားခဲ့ခြင်းဖြစ်၏။ ဤကောင်မလေးက သူနှင့်ငယ်ငယ်လေးကတည်းက နီးကပ်မှုတို့ရှိသည်ဖြစ်သည်။ သူမကအရမ်းချစ်ဖို့ကောင်းပြီး ကျီစယ်တတ်သောသူလေးဖြစ်သည်။ လုံချန်ကသူမအား တစ်မအေတည်းမွေးသောညီမလေးကဲ့သို့မှတ်ယူထားခဲ့သည်မှာကြာမြင့်နေခဲ့ပြီဖြစ်သည်။
“ဖျောင်ရွှယ်ယွဲ့ ဒီဧကရာဇ်ရဲ့ညီမတော်ကိုလွှတ်ပေး ..ဒီဧကရာဇ်ရဲ့ညီမတော်က ဘာမှသိတဲ့သူမဟုတ်ဖူး. ဒီဧကရာဇ်တောင်းပန်ပါတယ်. ကျေးဇူးပြုပြီးတော့ ….ညီမလေးကိုလွှတ်ပေးပါ..”
ဤအချိန်တွင် လုံမုန့်အတွက်အလို့ငှာလုံချန်က
သူ၏ဧကရာဇ်မင်းဟူသောအဆင့်
အတန်းအားခဝါချထားပြီး ဟင်းလင်းပြင်ထဲရှိ ဖျောင်ရွှယ်ယွဲ့အား အသနားခံလိုက်သည်။
“”ဟမ့်..အပြစ်မဲ့တဲ့သူတဲ့လား”
လုံချန်၏စကားတို့အားကြားရသောအခါတွင် ဖျောင်ရွှယ်ယွဲ့က သရော်လိုက်သည်။
“ငါ့ရဲ့ ဖျောင်ရှဂိုဏ်းမှာလည်း တပည့်တွေအများကြီးရှိတယ်..သူတို့အားလုံးကရော သေဖို့ထိုက်တန်ကြလို့လား”
“ဟမ့်.. “
ထို့နောက်ဖျောင်ရွှယ်ယွဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“နောက်လိုက်ခွေးဧကရာဇ် …ငါ့ရှေ့မှများ နင့်ကိုယ်နင် ဧကရာဇ်ဆိုပြီးခေါ်ရဲသေးတယ်လား..
နင်ကရှစ်ဖုန့်ရဲ့ခွေးသက်သက်ပဲ..ငါ့မျက်စိထဲမှာနင်ဘက်လေလှည့်လည်ဖို့တောင်
မထိုက််တန်ဘူး”
“ဖျောင်ရွှယ်ယွဲ့..နင့်..နင်ရဲတင်းလှချည်လား”
ဖျောင်ရွှယ်ယွဲ့၏နောက်ဆုံး စော်ကားမှုအားကြားလိုက်ရသောအခါတွင် လုံချန်ထိန်းမထားနိုင်ပဲ အော်ဟစ်လိုက်ပြီးသူ၏လက်ညိုးအားကောင်းကင်ထဲသို့ထိုးလိုက်သည်။
ရှစ်ဖုန့်က သူ့အတွက်ဤအင်ပါယာကိုတည်ဆောင်ရန်တစ်ယောက်တည်းအားဖြင့် ကူညီခဲ့ပြီးသူ့အား ဤထိုင်ခုံပေါ်တွင်ထိုင်ခွင့်ပြုထားသည်ဟုပြော၍ရနိုင်သည်ဖြစ်သည်။သို့သော် ရှစ်ဖုန့်ပင် သူ၏ ဧကရာဇ် အဆင့်အတန်းအား အသိအမှတ်ပြုပြီး သူ၏ဆုံးဖြတ်ချက်များ၌ လုံးဝဝင်ရောက်စွတ်ဖက်ခြင်းမရှိခဲ့ပေ။
သူ့အား အိမ်မွေးတိရစ္ဆာန်သို့မဟုတ်ခွေးအဖြစ်လည်း မဆက်ဆံခဲ့ပေ။
“လုံချန်က ဒီသခင်လေး မိတ်ဆွေပဲ…ဒီသခင်လေးရဲ့ အိမ်မွေးတိရစ္ဆာန်လည်းမဟုတ်သလို မင်းပြောနေတာတွေလည်းတစ်ခုမှမဟုတ်ဖူး”
အေးစက်သောအော်သံတစ်ခုက အင်ပါယာမြို့တော်အတွင်း ပဲ့တင်ထွက်ပေါ်လာသည်။
ထို့နောက်ချက်ချင်း အနက်ရောင်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲသို့ဦးတည်သွားသည်။ ပုံရိပ်ထံမှ ပြင်းထန်သောသွေးနီရောင်မီး
လုံးတစ်ခုထုတ်လွှတ်နေသည်။ မျက်စိတစ်မှိိတ်အတွင်း ၎င်းကတလိပ်လိပ်ထနေသောသွေးနီရောင်မီးတောက်တို့အဖြစ်ပြောင်းလဲသွားသည်။
သွေးနီရောင်မီးတောက်ပင်လယ်တစ်ခုကဲ့သို့ ယင်းက ဟင်းလင်းပြင်ထဲ၌ပျံ့နှံ့သွားပြီး ဖျောင်ရွှယ်ယွဲ့ထံသို့တောက်
လောင်သွားစေသည်။
“နင်က ရှစ်ဖုန့်ပဲ..”
သူ့ထံသို့ဦးတည်လာနေသော သွေးနီရောင်မီးတောက်များနှင့် ပေါ်လာသောပုံရိပ်အားကြည့်
လိုက်ပြီးဖျောင်ရွှယ်ယွဲ့၏ လှပပြီး
အေးစက်သော မျက်နှာကပို၍ပင်အေးစက်လာသည်။
ယင်းမှာသူမ၏ မျက်နှာထက်၌ နှင်းလွှာတစ်ခုဖုံးလွှမ်းနေသကဲ့သို့ဖြစ်သည်။ သူမက အံကိုတင်းတင်းကြိတ်ပြီး မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ငါ့နင့်ကိုစောင့်နေတာ တော်တော်ကြာပြီ”
ဖျောင်ရွှယ်ယွဲ့၏ ဓားတစ်ခုအသွင်ဖြစ်သွားပြီး အောက်သို့ထိုးညွှန်လိုက်သည်။ ကောင်းကင်ထက်၌ဝန်းရံနေသော ထူးဆန်းသည့် မီးခိုးရောင်မြူများက ရုတ်ခြည်း ဖျောင်ရွှယ်ယွဲ့၏ ဓားလက်ချောင်းနှင့်ယှဉ်တွဲသွားပြီး ဧရာမမီးခိုးရောင်လက်ဖဝါးတစ်ခုအဖြစ်ဖွဲ့စည်းသွားသည်။ ၎င်းကကောင်းကင်ထဲမှသက်ဆင်းလာပြီး သူမထံသို့ ဦးတည်လာနေသော သွေးနီရောင်မီးတောက်များ
ပေါ်သို့ဖိကျသွားစေသည်။
“သခင်လေးဖုန့်…. အဲ့တာသခင်လေးဖုန့်ပဲ… နောက်ဆုံးတော့သခင်လေး
ဖုန့်ဒီကိုရောက်လာပြီ”
ဟင်းလင်းပြင်ထဲတွင်ပေါ်လာသော အနက်ရောင်ပုံရိပ်နှင့် ကောင်းကင်ပြင်အား ဖြတ်သန်းသွားသော သွေးနီရောင်မီးတောက်တို့
အားကြည့်လိုက်ရင်း အသက်ရှင်ရန်ကောက်ရိုးစတစ်မျှင်အား ဆုပ်ကိုင်လိုက်မိသကဲ့သို့လုံချန် အော်ဟစ်လိုက်သည်။
“ဒီကလေးက တကယ့်ကိုမွန်းစတားပဲ.
. ငါသူ့ကို မတွေ့ရတာ ရက်နည်းနည်းလောက်ပဲရှိသေးတယ်
…ပိုပြီးတော့သန်မာလာပြန်ပြီ.. သူက ငါ့နှလုံးသားကိုတဆက်ဆက်တုန်
စေတဲ့ခံစားချက်မျိုးပေးနိုင်တဲ့အထိကို အရမ်းအစွမ်းထက်လာပြီ..
ငါတောင်သူ့ကိုလုံးဝခုခံနိုင်မှာမဟုတ်ဖူး”
ဟင်းလင်းပြင်ထဲတွင်ရှိနေသောသွေးနီရောင်မီးတောက်များအားကြည့်ကာ ချီလင်ဘုရင်က တီးတိုးရေရွတ်လိုက်သည်။
“ဒီမွန်းစတား …ဖြစ်နိုင်တာက..သူဖျောင်ရွှယ်ယွဲ့
ကိုတကယ်ပဲ ဖိနှိပ်နိုင်လောက်တယ်”
ဤသို့ဖြစ်သော်လည်း ချီလင်ဘုရင်မှာ အနည်းငယ်စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ မူလက ဤကဲ့သို့သိုင်းပညာလမ်းကြောင်းအရ ဘာကံကောင်းမှုကိုမှ မမျှော်လင့်ဘဲကြုံကြိုက်ရလျှင် သူ့အတွက်ထပ်မံ၍အဆင့်ချိုးဖြတ်ရန်ဘာမျှော်လင့်ချက်မှမရှိဟုခံစားခဲ့ရသည်။ ချီလင်ဘုရင် အတွက် စွမ်းအားနှင့် အရှိန်အဝါနှင့်အတူ သူ၏ဘဝ၌ သိုင်းပညာလမ်းကြောင်းအပေါ် လိုက်စားခြင်းထက်အခြားဘာ
အရာမှရှိမနေခဲ့ပေ။
မူလက သိုင်းပညာလမ်းစဉ်၏အထွတ်အ
ထိပ်သိုလိုက်စားရန်အတွက် အရာအားလုံးအားလုပ်ဆောင်မည်ဟု သူ၏စိတ်ထဲထဲ တိတ်တဆိတ် ဆုံးဖြတ်ခဲ့သည်။ သူ့အနေဖြင့် ဒဏ္ဍရီလာကျင့်ကြံသူများ၏သင်္ချိုင်း
မြေဖြစ်သော သေခြင်းတားမြစ်နယ်မြေဆီသို့သွားလိုခဲ့၏။
ဖျောင်ရွှယ်ယွဲ့နှင့်ကောင်းကင်
ထဲ၌ဝန်းရံနေသော မီးခိုးရောင်မြူများအကြောင်း
တွေးမိသောအခါတွင် ချီလင်ဘုရင်မှာ ဖျောင်ရွှယ်ယွဲ့တစ်ယောက် သေခြင်းတားမြစ်နယ်မြေအတွင်းမှ ထွက်လာခြင်းဖြစ်ရမည်ဟုတွေးခဲ့သည်။
အကယ်၍ရှစ်ဖုန့်သာ ဖျောင်ရွှယ်ယွဲ့အားအနိုင်ယူနိုင်ပြီး သူမအားသေခြင်းတားမြစ်နယ်မြေဆီမှ လျှို့ဝှက်ချက်များအကြောင်း
အတင်းအကျပ်မေးမြန်းနိုင်ခဲ့လျှင်..ဤအတွေးတို့ဖြင့် ချီလင်ဘုရင်မှာ စိတ်လှုပ်ရှားလာရသည်။
ဟင်းလင်းပြင်ထဲတွင်ဖိကျလာသော မီးခိုးရောင်လက်ဖဝါးပုံရိပ်က မျက်စိတစ်မှိတ်အတွင်းသွေး
နီရောင်မီးတောက်တို့ဖြင့် ပစ်ဆောင့်သွားကြသည်။
ဘာပြင်းထန်သော စွမ်းအင်မှစိမ့်ထွက်လာခြင်းမရှိသလို ဘာပြင်းထန်သောပေါက်ကွဲသံ
မှလည်းထွက်ပေါ်မလာခဲ့ပေ။
လက်ဖဝါးပုံရိပ်အောက်တွင် မီးပင်လယ်ကဲ့သို့ဖြစ်နေသော သွေးနီရောင်မီးတောက်တို့မှာ မီးခိုးရောင်လက်ဖဝါးပုံရိပ်ကြောင့် ရုတ်ခြည်းပျောက်ကွယ်သွားသည်။
မီးခိုးရောင်လက်ဖဝါးပုံရိပ်ကလည်း ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွားသည်။ ကောင်းကင်ထဲတွင် တော်ဝင်နန်းတော်အားဝန်းရံနေသော မီးခိုးရောင်မြူတို့သည်လည်း
ပျောက်ကွယ်သွားသည်။
ညနေခင်းအချိန်အခါ၏ အနီရောင်တိမ်တိုက်များက တော်ဝင်နန်းတော်အထက်ဟင်း
လင်းပြင်ထဲတွင် ပေါ်လာသည်။ ညနေခြင်းနေမင်း၏ ပုစွန်ဆီရောင် အလင်းတန်းများက ဤကမ္ဘာငယ်လေးပေါ်သို့ဖြာကျနေပြီး တိမ်တိုက်များမှ ရှင်းလင်းသော ကောင်းကင်ပြင်၏အစိတ်အပိုင်း
များသဖွယ်ဖြစ်နေသည်။
“ငရဲဘုံကိုးခု စိတ်လှည့်စားခြင်း”
ဟင်းလင်းပြင်ထဲတွင်ရှစ်ဖုန့်၏
အော်သံထွက်ပေါ်လာသည်။ မမြင်နိုင်သော ဝိညာဉ်တိုက်ခိုက်မှုက ရုတ်ခြည်းဖျောင်ရွှယ်ယွဲ့ထံသို့ ဦးတည်သွားသည်။
ရုတ်တရက် ဖျောင်ရွှယ်ယွဲ့မှာ ကမ္ဘာတစ်ခုလုံး နက်မှောင်သွားသလိုခံစားလိုက်ရသည်။ ထု့်နောက်ချက်ချင်းအေးစိမ့်သော
လေးအေးများက သူမ၏ ဝန်းကျင်တွင်တိုက်ခတ်လာသည်။
“ဝူး.ဝူး..ဝူး..ဝူး..ဝူး”
တစ္ဆေတို့၏ ငိုကြွေးသံများက မသဲမကွဲထွက်ပေါ်လာ၏။ ဝမ်းနည်းကြေကွဲနေသောမျက်နှာနှင့်
တစ္ဆေများက ဖျောင်ရွှယ်ယွဲ့၏ ဝန်းကျင်၌ ရုတ်ခြည်းပေါ်လာသည်။
“ဝူးဝူးဝူးဝူးဝူးဝူးဝူး. ကျုပ် ရက်ရက်စက်စက်သေခဲ့ရတယ် ဂိုဏ်းခေါင်းဆောင်”
“ဝူးဝူးဝူး. ကျုပ်အရမ်းကို စိတ်မချမ်းမြေ့ဖွယ်သေခဲ့ရတယ်…
ဂိုဏ်းခေါင်းဆောင် ခင်ဗျားဘာလို့အခုမှလာရတာလဲ.. ဘာလို့အခုမှာလာရတာလဲ.
.ခင်ဗျားဘယ်တွေကိုသွားနေတာလဲ… ဘာလို့ကျုပ်တို့မသေခင်
ခင်ဗျားပြန်မလာရတာလဲ”
ဝမ်းနည်းကြေကွဲနေသောမျက်နှာများနှင့်တစ္ဆေများမှာ ဖျောင်ရှဂိုဏ်းမှသေဆုံးသွားသော တပည့်များ၏ မျက်နှာများဖြစ်သည်။
“ဖျောင်ရွှယ်ယွဲ့ ခွေးမ.. နင်ဘယ်မှာသွားသေနေတာလဲ..နင်က ဂိုဏ်းခေါင်းဆောင်ရထူးနဲ့ မထိုက်တန်ဘူး..နင့်ငါ့ကို ရက်ရက်စက်စက်သေရအောင်လုပ်ခဲ့တယ်.. ငါတစ္ဆေတစ်ကောင်ဖြစ်လာရင်တောင့်နင့်ကို မလွှတ်ပေးဘူး.. “
ပေါ်လာသောထိုတစ္ဆေ၏ မျက်နှာမှာ ဖျောင်ရှဂိုဏ်း၏ ညာလက်ရုံး အကြီးအကဲဖြစ်သူ အဘွားကြီး ဝေ့ဖန်း၏ မျက်နှာပင်ဖြစ်သည်။
ဝေ့ဖန်း၏ မျက်နှာက သွေးများစွန်းထင်းကာရုပ်ပျက်ဆင်း
ပျက်ဖြစ်နေသည်။ သူမ၏သွေးများရဲနေသော မျက်လုံးများဖြင့် ဖျောင်ရွှယ်ယွဲ့အားစိုက်ကြည့်နေ၏။ ထို့နောက်ချက်ချင်း တစ္ဆေအဖြစ်ပြောင်းလဲနေသော ဝေ့ဖန်းမှာ သူမ၏ပါးစပ်အားဖွင့်ဟ၍ ထက်ရှသော အစွယ်တန်းနှစ်ခုအား လှစ်ဟာပြလိုက်သည်။ သူမက ဖျောင်ရွှယ်ယွဲ့အား လှမ်း၍ကိုက်လိုက်၏။
“ဖျောင်ရွှယ်ယွဲ့.. ခွေးမ နင်က ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့မထိုက်တန်ဘူး..နင်ငါတို့ကို စိတ်မချမ်းမြေ့ဖို့ကောင်းစွာ
သေသွားအောင်လုပ်ခဲ့တယ်…
ငါတို့တစ္ဆေဖြစ်လာရင်တောင် နင့်ကို မလွှတ်ပေးဘူး..”
ထိတ်လန့်ဖွယ်ကောင်းပြီး သိပ်သည်းထူထပ်များပြားသော
တစ္ဆေများ၏ မျက်နှာများမှာရှုံ့မဲ့နေကြသည်။ သွေးများစွန်းထင်းနေသည့် ကြမ်းကြုတ်သောအစွယ်များအား
လှစ်ဟာပြပြီး တစ်ဟုန်ထိုးတိုးဝင်သွားကြ၏။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE