ဟာသကောင်းကင်ရဲ့စွမ်းအား
Vol. 51 Ch. 708
ကျယ်ပြန့်လှသော ကုန်းပြင်မြင့်ပေါ်တွင် ပန်းရောင်ဆံနွယ်နှင့် လှပသော မိန်းမငယ်တစ်ဦး ရှိနေသည်။
လျှိုချင်းဟွမ်သည် ကောင်းကင်ထက်ရှိ ရယ်ရွှင်ဖွယ် မျက်နှာများအားကြည့်ကာ နဖူးအား လက်ဖြင့်ရိုက်လိုက်သည်။
"ဘာလဲဟ....ငါဂိမ်းအဆော့လွန်ပြီး ဂေါက်သွားပြီလား။"
"မဟုတ်သေးဘူး။ ဒါလုံးဝမူမမှန်ဘူး။"
"Final Sparkကို မြည်းလိုက်စမ်း။"
လျှိုချင်းဟွမ်သည် ငှက်မွှေးခြောက်ခုပါသော တောင်ဝှေးအားမြှောက်ကာ သက်ရှိစွမ်းအင်များ ထွက်ပေါ်စေပြီး အဖြူရောင် အလင်းတန်းတစ်ခုကို ကောင်းကင်ထက် ပို့လွှတ်လိုက်သည်။
ဝုန်း....
မျက်နှာတစ်ခု ပေါက်ကွဲသွားလေသည်။
သို့သော် ကောင်းကင်ထက်တွင် မျက်နှာပေါင်း မရေမတွက်နိုင်အောင် ရှိနေပြီး သူမအား မထီမဲ့မြင် ကြည့်ရှုနေကြသည်။
"အား....ငါရူးတော့မှာပဲ။"
သူမ ရူးသွပ်သွားသလို ခံစားနေရသည်။ ကောင်းကင်ထက်ရှိ မျက်နှာများအတွက် ထိုသည်ကသာ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်ပေလိမ့်မည်။ လောကကြီးသည် ထိုမျှမျက်နှာပြောင်တိုက်စရာ အကြောင်းမရှိပေ။
............
ထိုအချိန်တွင် တောင်ဘက်ပိုင်းရှိ သွေးနီရောင်လွင်ပြင်၌
စုဝမ်ကျွင်းသည် လောင်ကျွမ်းနေသော မြေပြင်တွင် ရှေ့ဆက်သွားနေရင်း နဂါးပုတ်သင်တစ်ကောင်အား လက်ဝါးကျွေးကာ ဘဝကူးပေးလိုက်သည်။
သူသည် ကောင်းကင်ထက်ရှိ ဟာသမျက်နှာများအားကြည့်ကာ လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ကောင်းကင်ပေါ်က မျက်နှာတွေမှာ သတင်းအချက်အလက်တွေဘာတွေ ပါမှာသေချာတယ်။ ဒါပေမယ့် အဲ့မျက်ခွက်တွေကို ကြည့်ရတာနဲ့တင် တော်တော်လေး စိတ်မသက်မသာ ဖြစ်မိတယ်။"
..........
အရှေ့ဘက်ရှိ တောင်တန်း၌
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးမှာ လေထဲတွင် ပျံဝဲနေသည်။ သူ၏ခြေဖဝါးအောက်တွင် မဟူရာ အခိုးအငွေ့များ ထွက်ပေါ်နေပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မီတာရာနှင့်ချီ အကွာအဝေးသို့ ရောက်ရှိသွားသည်။ ထိုသည်မှာ အသက်နှုတ်ဂိုဏ်းချုပ် သွမ့်ဟွမ်းဇီပင် ဖြစ်သည်။
"အာ....ဒါက သေမင်းတမာန် နတ်ဘုရားရဲ့ ပုံရိပ်များလား။ ကောင်းကင်ပေါ်က မျက်နှာတွေကို ကြည့်ရုံနဲ့တင် ကြောက်လိုက်တာ။"
သွမ့်ဟွမ်းဇီ အသက်ပြင်းပြင်း ရှူနေရသည်။
"ရှုံ့မဲ့နေနဲ့မျက်နှာ၊ လခြမ်းပုံစံ မျက်ဝန်း၊ ပုံမှန်မဟုတ်တဲ့ အပြုံးတွေ.... အဲ့အပြုံးတွေက ကော့တက်နေလိုက်တာများ.... ကြောက်စရာကောင်းပေမယ့် တစ်ချိန်တည်းမှာပဲ အံ့သြစရာ ကောင်းနေတယ်။"
"ဒီနေရာက ပျော်စရာကြီးပဲ။ ဒီအပြုံး.... ဒီအပြုံးက သေမင်းတမာန် နတ်ဘုရားရဲ့ အပြုံးပဲ... ဟားဟားဟား။"
သွမ့်ဟွမ်းဇီမှာ ကောင်းကင်ကိုကြည့်ကာ သေမင်းဝိဉာဉ်တာအိုအကြောင်း ဉာဏ်အလင်းပွင့်လာသလို ခံစားရသောကြောင့် တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။
"ငါတို့ အသက်နှုတ်ဂိုဏ်းရဲ့ အမှတ်တံဆိပ်က ဒီနေ့ကစပြီး သေမင်းတမာန် နတ်ဘုရားရဲ့ အပြုံးပဲ ဖြစ်ရမယ်။ ဟားဟားဟား...."
........
တောအုပ်တစ်နေရာ၌
စုချန်းရန်သည် ရယ်ရွှင်ဖွယ် မျက်နှာများကိုကြည့်ကာ ကြောက်ရွံ့နေမိသည်။
ထိုမျက်နှာများအား တွေ့ဖူးနေသလို ခံစားရပါသော်လည်း မည်သည့်နေရာတွင် တွေ့ခဲ့သည်ကို စဉ်းစားမရနိုင်ပေ။
သူမ စိတ်ထဲကြောက်ရွံ့ခြင်းများ ဖြစ်ပေါ်လာသည်။ ဆန်းကြယ်စွာ ပြုံးရယ်နေသော မျက်နှာများသည် သူမအတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်လာသည်။
သူမ ထိတ်လန့်စွာ လမ်းလျှောက်လာစဉ်မှာပင် လူတစ်စုနှင့် တွေ့လိုက်ရသည်။
လူငါးဦးမှာ တူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဂိုဏ်းတစ်ခုတည်းမှဖြစ်ကြောင်း ထင်ရှားနေသည်။
အချင်းချင်း တွေ့လိုက်ရသောကြောင့် စုချန်းရန်ရော၊ ထိုလူငါးဦးပါ ထိတ်လန့်သွားကြသည်။
"အနားကပ်မလာနဲ့နော်။ ငါတို့က မိုးမြေပြင်းထန်ဂိုဏ်းကပဲ။"
အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးမှာ စိတ်မသက်မသာဖြင့် စုချန်းရန်အား ဓားရွယ်ထားလိုက်သည်။
သစ်တောစိမ်းအင်ပါယာမိသားစုနှင့် စုကျိုးအင်မော်တယ်ဂိုဏ်း နှစ်ခုလုံးသည် လွှမ်းမိုးမှု ကြီးလွန်းလှသောကြောင့် ၎င်းတို့မကြောက်ပဲ မနေနိုင်ပေ။
စုချန်းရန်သည် သစ်တောစိမ်းအင်ပါယာမိသားစု၏ မင်းသမီး ဖြစ်ရုံသာမက စုကျိုးအင်မော်တယ်ဂိုဏ်း၏ အဓိက အဖွဲ့ဝင် ဖြစ်နေသောကြောင့် သွားရှုပ်သင့်သူတစ်ဦး မဟုတ်ပေ။
စုချန်းရန်မှာ ထိုနာမည်ကြောင့် အနည်းငယ် အံ့သြသွားရသည်။ အမည်မှာ မိုးထိုးနေပါသော်လည်း ၎င်းတို့သည် ခရမ်းကြယ်စင်ပြည်နယ်တွင် ဒုတိယ အဆင့်သာရှိသော ဂိုဏ်းတစ်ခု ဖြစ်သည်။ သူမသည်လည်း မိုးမြေပြင်းထန်ဂိုဏ်းနှင့် တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူမ စကားဆိုတော့မည့် အချိန်မှာပင် အရှေ့ဆုံးတွင် ရှိနေသော အမျိုးသားမှ ပြောလိုက်သည်။
"မုန့်ယန်... ဘာမှကြောက်စရာ မလိုဘူး။ ဒီနေရာမှာ သူမ တစ်ယောက်တည်း ရှိနေတာလေ။"
ထိုအမျိုးသားမှာ ရက်စက်စွာပြုံးရင်း မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် စုချန်းရန်အား ကြည့်ရှုလာသည်။
အရပ်ရှည်ရှည်နှင့် အမျိုးသားမှာ ကြောင်အမ်းအမ်း ဖြစ်သွားရပြီးနောက် ရုတ်ချည်းဆိုသလို အတွေးပေါက်သွားသည်။
"ဂိုဏ်းချုပ် ပြောချင်တာက...."
အရှေ့ဆုံးတွင် ရှိနေသော အမျိုးသားမှာ လက်ခုပ်တစ်ချက် တီးလိုက်သည်။
"ဟုတ်တယ်။ ငါတို့ဆီမှာ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်၊ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့် တစ်ယောက်နဲ့ အလယ်အလတ်အဆင့် တစ်ယောက် ရှိတယ်လေ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ခြေလှမ်းတဝက်လောက်ပဲ ရောက်သေးတဲ့ သူမလို လူမျိုးကိုတော့ အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပါတယ်။ အင်ပါယာ မင်းသမီးတွေဆီမှာ ရတနာတွေ အများကြီး ရှိတတ်တာကို မမေ့နဲ့ဦး။ ပြီးတော့ ဒီမင်းသမီးလေးက တော်တော်လေး လှတယ်လေ.... ဟင်းဟင်းဟင်း...."
အခြားသော ကျင့်ကြံသူ လေးဦးမှာလည်း စိတ်လှုပ်ရှားလာပြီး လက်နက်များကိုထုတ်ကာ လှပသော မိန်းမငယ်လေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို အရူးအမူး ကြည့်ရှုလိုက်ကြသည်။
စုချန်းရန်: "...."
သူမသည် ၎င်းတို့နှင့် ကောင်းကောင်းမွန်မွန် စကားပြောရန် တွေးနေခဲ့ပါသော်လည်း ယခုအခါ ဘာမှပြောစရာ မရှိတော့ပေ။
မိုးမြေပြင်းထန်ဂိုဏ်းသား ငါးဦးမှာ ပြင်းထန်လှသော အရှိန်အဝါများ ထုတ်ဖော်လျက် စုချန်းရန်နားသို့ တိုးကပ်လာသည်။
ထိုအချိန်တွင် တောက်ပနေသော အပြာရောင် လစန္ဒာရောင်စဉ်ကွင်းမှာ သေမင်းတမာန်အလား တိတ်ဆိတ်စွာ ပျံဝဲလာလေသည်။
ထို့နောက် မိုးမြေပြင်းထန်ဂိုဏ်းသား ငါးဦးလုံးမှာ စုချန်းရန်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။
"ဘယ်.... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ခြေလှမ်း.... ခြေလှမ်းတဝက်...."
ရွှပ်.....
ကျင့်ကြံသူငါးဦး ထက်ပိုင်းဖြတ်ခံလိုက်ရသည်နှင့်အတူ သွေးများပန်းထွက်လာသည်။
လစန္ဒာရောင်စဉ်ကွင်းမှာ စုချန်းရန် အနီးတွင် အပြာရောင် နတ်သမီးငယ်လေးအလား တက်ကြွစွာ ကခုန်နေသည်။
စုချန်းရန် ခေါင်းခါယမ်းကာ ထွက်လာခဲ့လိုက်သည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်နဲ့ အလယ်အလတ်အဆင့်....
သူမ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ဖြင့်ပင် ၎င်းတို့အား သတ်ပစ်နိုင်သည်။ ယခု သူမသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိနေပြီပင်။
ကောင်းကင်ဘုံခုံရုံး၏ ပါရမီရှင်များအပေါ် နားလည်မှုလွဲခြင်းများ မကြာခဏ ဖြစ်ပေါ်တတ်သည်။ သွေးမျိုးဆက်၊ ပါရမီ၊ ကျင့်စဉ်နှင့် လက်နက်တို့သည် မည်မျှအရေးပါကြောင်း သေသေချာချာ သိရှိကြပုံ မရပေ။
အဆင့်တစ်ဆင့်၊ နှစ်ဆင့်မျှ ကွာခြားသူကိုပင် မသတ်နိုင်ပါက မည်သူကမှ ကောင်းကင်ဘုံခုံရုံး၏ ကျောင်းသားအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ပြောရဲတော့မည် မဟုတ်ပေ။
"ဟူး..... လူတွေက အမြဲတမ်း ငါ့ကို တဏှာထနေကြတာပဲ။ ကြည့်ရတာ အရမ်းလှတာလည်း မကောင်းဘူး ထင်တယ်။"
စုချန်းရန် တိုးညင်းစွာ ရေရွတ်ရင်း ရည်ရွယ်ချက်မဲ့စွာ လမ်းလျှောက်လာသည်။
.........
မြောက်ဘက်ရှိ တောင်တန်းကြီးပေါ်၌
ခွေးငယ်လေးတစ်ကောင်သည် အရှိန်အဝါများ ဖုံးကွယ်ကာ ကယ်တင်ခံရမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
ထိုခွေးငယ်လေးမှာ တပိုင်ပင် ဖြစ်သည်။
တပိုင်သည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ သောက်ကျိုးနည်း တိုက်ပွဲအား မြင်လိုက်ရသောကြောင့် အလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။ ကြွေလွင့်ဇာမဏီနယ်မြေမှ ကျင့်ကြံသူများအားလုံး ဤနေရာသို့ ရောက်ရှိလာပုံပင်။ သူသည် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်သာရှိသော ချစ်စဖွယ် ခွေးလေးတစ်ကောင်သာ ဖြစ်သောကြောင့် မည်သူ့ကိုမှ အနိုင်တိုက်နိုင်မည် မဟုတ်ပေ။
တပိုင်သည် ကျောက်ဆောင်တစ်ခုနောက်တွင် ပုန်းကွယ်ရင်း ကောင်းကင်ထက်မှ ဟာသမျက်နှာများကို ကြည့်ရှုနေမိသည်။
"ကျွန်တော့်ကို ကယ်ပါဦး အစ်ကိုကြီးအန်ရေ....ဒီကမ္ဘာက အရမ်းကြောက်ဖို့ကောင်းတယ်။ အစ်ကိုကြီး မရှိပဲ ကျွန်တော် မနေနိုင်ဘူး....ဝါး.....ဝုတ်..."
အန်လင်းသည် ဖရိုဖရဲ သတ္ထုအုတ်ခဲအားစီးကာ တောင်ကြောတလျှောက် လိုက်လံကြည့်ရှုပါသော်လည်း အားနည်းသော ကျင့်ကြံသူများမှလွဲ၍ စိတ်ဝင်စားစရာ မတွေ့ရပေ။
"ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ။"
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။
သူ၏ကျောပေါ်တွင် ရွှေရောင်ဥ ရှိနေသောကြောင့် အားလုံး၏ ပစ်မှတ် ဖြစ်လာနိုင်သည်။
ပထမဆုံးအနေဖြင့် ဤနေရာမှထွက်ကာ အဖွဲ့သားများနှင့် ပြန်ဆုံနိုင်ရန် ပြုလုပ်ရမည်။
အန်လင်း ရုတ်ချည်းဆိုသလို မြောက်ဘက်ရှိ တောင်တန်းကြီးအား ကြည့်ရှုလိုက်သည်။
"ငါ့အသိစိတ်အရ မှော်နယ်မြေရဲ့ ထွက်ပေါက်က အဲ့မှာဖြစ်နိုင်တယ်။ ကောင်းပြီ... အဲ့ဘက်သွားကြတာပေါ့။"
သူသည် ဖရိုဖရဲ သတ္ထုအုတ်ခဲနှင့်အတူ မြောက်ဘက်သို့ ပျံဝဲလာသည်။
ထိုအချိန်တွင် တောင်ကြားတစ်ခုထဲ၌ လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာပြီး အဖြူရောင် အလင်းများ ဖြာထွက်လာသည်။
အဖြူရောင် ချပ်ဝတ်အား ဆင်မြန်းထားသော ပိန်သွယ်သည့် အမျိုးသမီးတစ်ဦး ထိုဝဲဂယက်ထဲမှ ထွက်လာလေသည်။
"ဒါက အစစ်အမှန် ကြွေလွင့်ဇာမဏီနယ်မြေလား။ မဆိုးပါဘူး....ဒီနေရာက တော်တော်လေး လှတာပဲ။"
"အသံပို့ပြီး ဆက်သွယ်တာက ဒီနေရာမှာ အလုပ်မဖြစ်ပေမယ့် ကိစ္စမရှိပါဘူး။ ငါ့ရဲ့ အံ့ဖွယ်အာရုံကကောင်းတော့ စုဝမ်ကျွင်းတို့ကို ခဏလေးနဲ့ ရှာတွေ့မှာပါ။"