← Chapters

ဆိုးရွားသောအတွေ့အကြုံ

Vol. 51 Ch. 713

ဆိုးရွားသောအတွေ့အကြုံ

Vol. 51 Ch. 713

တုန်းကော်သည် အဖြူရောင်ဝတ်စုံနှင့် ဓားအင်မော်တယ်အားကြည့်ကာ ပျက်သုန်းခြင်း အငွေ့အသက်များကို ခံစားနေမိသည်။

သူ၏ဆုံးဖြတ်ချက်အပေါ် နောင်တရနေလေပြီ။ သူသည် တုံးအလွန်းသောကြောင့် စွမ်းအင်ကွာခြားချက်ကိုပင် သတိမမူခဲ့မိပေ။

"ဂိုဏ်းချုပ်အန်လင်း.....ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော့် အသက်ကိုသာ ချမ်းသာပေးရင် ဘာမဆို လုပ်ပေးဖို့ အသင့်ပါပဲ။"

တုန်းကော် အသက်အတွက် မရှက်မကြောက် တောင်းပန်လိုက်သည်။

သူအမှန်တကယ် မသေချင်သေးပေ။ ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ရောက်ကာ ဘဝသက်တမ်းမှာလည်း အနန္တနီးပါး ရှည်လျားနေပြီ ဖြစ်သောကြောင့် အလွယ်တကူ မ​သေသွားလိုပေ။

ရှင်သန်လွတ်မြောက်ရန်အတွက် အရာအားလုံးကို ပြုလုပ်နိုင်ပေသည်။

"ငါက ရန်သူတွေကို လွှတ်မပေးတတ်ဘူး။ မင်းကငါ့ကို သတ်ဖို့လုပ်ခဲ့တာလေ။ အဲ့ဒါကို ဘာကိစ္စနဲ့ အရှင်ထားရမှာလဲ။"

အန်လင်းသည် မည်သည့်စကားမှ မပြောချင်တော့သည့်အတွက် မိစ္ဆာရှင်းဓားဖြင့် တုန်းကော်အား သုတ်သင်ရန် ပြင်လိုက်သည်။

"ခဏနေပါဦး။ ကျွန်တော်နဲ့ အစေခံစာချုပ် ချုပ်နိုင်ပါတယ်။ အဲ့ဒါဆို သခင်လေးကို ကျွန်တော် ဒုက္ခမပေးနိုင်တော့ဘူးလေ။"

တုန်းကော် နောက်ဆုံးမျှော်လင့်ချက်ဖြင့် အော်ဟစ်လိုက်သည်။

အန်လင်း၏ မိစ္ဆာရှင်းဓားမှာ ရပ်တန့်သွားလေသည်။

တုန်းကော် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူအသက်ရှင်ရန်အတွက် မည်သည့်အရာမဆို လုပ်နိုင်သည်။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား အစေခံအဖြစ် ရရှိမည် ဖြစ်သောကြောင့် အန်လင်းသည်လည်း အလွန်အမင်း ပျော်ရွှင်သွားပေလိမ့်မည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် အစေခံသည် ကျင့်ကြံသူတိုင်းအတွက် အိပ်မက်တစ်ခုသဖွယ်ဖြစ်ပြီး ငြင်းဆန်ရန် ခက်ခဲလွန်းလှသည်။

ဟူး.... အစေခံအနေနဲ့ပဲဖြစ်ဖြစ် ဆက်ရှင်သန်မှ ဖြစ်မယ်....

တုန်းကော် ရင်ထဲတွင် သက်ပြင်းအကြိမ်ကြိမ် ချနေမိသည်။

"အစေခံစာချုပ်လား။"

အန်လင်း အနည်းငယ်တွေးကာ မထီမဲ့မြင် ပြောလိုက်သည်။

"မဖြစ်ဘူး....မင်းက အရမ်းအားနည်းလွန်းတယ်။"

"ဘာပြောလိုက်တယ်...."

တုန်းကော် အန်လင်းကိုကြည့်ရင်း အသက်ရှူသံများပင် မြန်လာသည်။

"ခရမ်းကြယ်စင်ပြည်နယ် တစ်ခုလုံးမှာ ကျွန်တော်က အကျော်ကြားဆုံး ဓားအင်မော်တယ်ဗျ။ ပါရမီပါတဲ့ နေရာမှာပဲ ကျန်းယန်အန်ပြီးရင် ဒုတိယပဲ။ ပြီးတော့ ကျွန်တော်က ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူလေ။ ဘာလို့ အားနည်းတယ် ပြောရတာလဲ။"

တုန်းကော်သည် ဘဝတလျှောက်လုံးတွင် အဆိုးရွားဆုံး စော်ကားခံလိုက်ရသလို ခံစားမိသည်။

အန်လင်းသည် ဘာမှထပ်မပြောချင်ပါသော်လည်း ၎င်း၏ပါရမီမှာ ကျန်းယန်အန်ထက်ပင် ဆိုးရွားသည်ဟု သိလိုက်ရသောကြောင့် ပိုလို့ပင် စိတ်ဆင်းရဲသွားသည်။

"ယီးထဲမှ....မင်းက ကျန်းယန်အန်လို အမှိုက်ကောင်နဲ့တောင် မယှဉ်နိုင်ဘူးလား။"

တုန်းကော်: "....."

အန်လင်းသည် ကြွားဝါလိုခြင်း မဟုတ်ပါသော်လည်း စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့်နှင့်ပင် ကျန်းယန်အန်အား အမှောက်သိပ်နိုင်ခဲ့သည်။

တုန်းကော်သည် ကျန်းယန်အန်ထက်ပင် ညံ့သေးသည်ဟု ဆိုလာသောကြောင့် သုံးစားမရသော အမှိုက်ကောင်နှင့် မခြားတော့ပေ။

အန်လင်း၏ အမူအရာအားကြည့်ကာ တုန်းကော်မှာ ပို၍စော်ကားခံလိုက်ရသလို ခံစားနေမိသည်။

ငါက အားနည်းလွန်းလို့ အစေခံဖြစ်ဖို့တောင် မတန်တော့ဘူးလား....

တုန်းကော်သည် ကိုယ့်ကိုယ်ကို သံသယဝင်ကာ တာအိုနှလုံးသားပင် မခိုင်မာတော့ပေ။

"အမှန်တရားကတော့ ပြောရမှာပဲ။ ငါ့ရဲ့အစေခံငါးယောက်ထဲက ဘယ်တစ်ယောက်မဆို မင်းကိုချက်ချင်းသတ်ပစ်နိုင်တယ်။ မင်းက တကယ်ကို သုံးစားမရတဲ့ကောင်ပဲ.... အဲ့ဒါကြောင့် နှုတ်ဆက်ပါတယ်။"

အန်လင်းမှာ မိစ္ဆာရှင်းဓားဖြင့် တုန်းကော်အား ခုတ်ချလိုက်သည်။

တုန်းကော်မှာ လေအားဖမ်းဆုပ်လိုက်လေသည်။

ခရက်....

လေဟာနယ်ချိပ်စည်း.....

အန်လင်း၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းဆိုသလို ရပ်တန့်သွားသည်။

"ဟားဟားဟား.... ဟင်းလင်းပြင်သို့အပြန်အဆင့်က စိတ်ကူးထားတာထက် အများကြီး သာလွန်တယ်ဆိုတာ တွေ့ပြီမလား။ မင်းနဲ့ငါကြားက ကွာခြားချက်ကဒါပဲ။ မင်းဟာမင်း ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ရဲ့ လေဟာနယ် ခြယ်လှယ်ခြင်းက မင်းကို ဖိနှိပ်နိုင်လိမ့်မယ်။"

တုန်းကော် ရယ်မောကာ ပြောလိုက်သည်။

ထိုအချိန်မှာပင် အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏လေဟာနယ်ချိပ်စည်းအား ဖျက်စီးပစ်လိုက်သည်။

တုန်းကော် ပါးစပ်အဟောင်းသားဖြစ်ကာ ထွက်ပြေးတော့မည့် အချိန်မှာပင် ရွှေရောင်ဟာလာပြင်လျှပ်စီးနှင့်အတူ မိစ္ဆာရှင်းဓားမှာ ကျဆင်းလာတော့သည်။

ရွှပ်.....

တုန်းကော်သည် ခန္ဓာကိုယ်အား လက်ဖြင့်ကွယ်ထားသောကြောင့် လက်မောင်းတစ်ဖက် ပြတ်ထွက်သွားရသည်။

"မင်းက လေဟာနယ် ခြယ်လှယ်နိုင်ရုံနဲ့ ဘဝင်လေဟပ်နေတာလား။"

အန်လင်း၏ မျက်ဝန်းများသည် ရွှေရောင်လင်းလက်ကာ ခန္ဓာကိုယ် တစ်ခုလုံး လျှပ်စီးများ ဖြာထွက်နေသောကြောင့် ကမ္ဘာမြေပေါ် ဆင်းသက်လာသော နတ်ဘုရားတစ်ပါးသဖွယ် ထင်မှတ်ရသည်။

တုန်းကော်၏ မျက်နှာတစ်ခုလုံး ဖြူရော်နေလေပြီ။

အရမ်းကြောက်စရာကောင်းတယ်.....ဒီကောင်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိပေမယ့် တွေးတောင်မတွေးရဲစရာပဲ....

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ဟင်းလင်းပြင်သို့အပြန်အဆင့်၏ ကွာခြားချက်မှာ မိုးနှင့်မြေလို ဖြစ်နေသည်။

လျှပ်စီးများ ဖြာထွက်နေသော အနက်ရောင် ဓားပုံရိပ်၏ အရှိန်အဝါကြောင့် တုန်းကော်မှာ မြေပြင်ပေါ် လဲကျသွားရပြန်သည်။

"ကျွန်တော့်အသက်ကို ချမ်းသာပေးပါ စီနီယာသခင်လေးအန်လင်းရယ်။ သခင်လေးက ဘယ်လောက်တောင် အရှိန်အဝါ ကြီးတဲ့သူမှန်း မသိခဲ့မိလို့ပါ။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကိုသာ မသတ်ပါနဲ့။ ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်။"

တုန်းကော်မှာ ချီးထွက်ကျမတတ် ကြောက်ရွံ့နေသောကြောင့် အသေအလဲ တောင်းပန်ငိုယိုတော့သည်။

ထိုမျှကြောက်တတ်သော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား အန်လင်း မတွေ့ခဲ့ဖူးပေ။

ဒီကောင်က သိက္ခာလေးဘာလေးတောင် မရှိတော့ဘူးလား.....

"ကျွန်တော်က သစ်တောစိမ်းအင်ပါယာမိသားစုက ဗိုလ်ချုပ်ပါ။ ကျွန်တော့်ကိုသာ သတ်လိုက်ရင် သစ်တောစိမ်းအင်ပါယာမိသားစုနဲ့ ဆက်ဆံရေး ပျက်စီးသွားပြီး မင်းသမီး ယွင်လဲ့နဲ့ လက်ထပ်ထိမ်းမြားဖို့လည်း ခက်ခဲသွားလိမ့်မယ်။ ကျွန်တော့်ကို အသက်ချမ်းသာပေးရင် မင်းသမီး ယွင်လဲ့နဲ့ လက်ထပ်နိုင်ဖို့ အစစအရာရာ ကူညီပေးပါ့မယ်။"

တုန်းကော် စကားဆိုလိုက်သည်။

အန်လင်း: "....."

သူသည် တုန်းကော်အား ပို၍ပင် သတ်ပစ်ချင်လာသည်။

တုန်းကော်သည် အန်လင်း၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပိုမိုအားကောင်းလာသည်ကို သတိပြုမိသောကြောင့် အသက်ပြင်းပြင်း ရှူလိုက်သည်။

"ကျွန်တော် ဘာမှလည်း ဒုက္ခမပေးဘူးလေ။ သခင်လေးက ဘာလို့အဲ့လောက်တောင် သတ်ချင်နေရတာလဲ။"

"မင်းကငါ့ကို သတ်ဖို့လုပ်ခဲ့တာလေ။ ငါ့မှာသာ စစ်နတ်ဘုရား ခန္ဓာမရှိရင် မင်းအကြံအစည် အောင်မြင်နေလောက်ပြီ။ ငါ့ကိုသတ်ချင်တဲ့ကောင်ကို ဘာလို့အလွတ်ပေးရမှာလဲ။"

အန်လင်း စကားဆိုလိုက်သည်။

"ဖိအားမပေးနဲ့နော်။ ခွေးတောင်မှ ရွေးချယ်စရာ မရှိတော့ရင် ပြန်ကိုက်လိမ့်မယ်။"

တုန်းကော်၏ အမူအရာ ခက်ထန်လာသည်။

"မင်းကငါ့ကို ကိုက်နိုင်မှာတဲ့လား။"

အန်လင်း တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

တုန်းကော်: "....."

သူမကျေမနပ် ဖြစ်သွားပါသော်လည်း အမှန်တကယ်ပင် အန်လင်းအား ကိုက်နိုင်မည် မဟုတ်ကြောင်း သိရှိနေသည်။

"ဒါနဲ့ မင်းစစ်ကူ​တွေက မလာသေးဘူးလား။"

အန်လင်း မေးမြန်းလိုက်သည်။

တုန်းကော် တအံ့တသြ ဖြစ်သွားရသည်။

"မင်း.... မင်းဘယ်လိုသိတာလဲ။"

"ဟမ့်.... ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အချင်းချင်း အံ့ဖွယ်အာရုံနဲ့ ဆက်သွယ်တာလေးပဲလေ။ ပြောရရင် ငါ့ရဲ့ အံ့ဖွယ်အာရုံက မင်းထက်အများကြီးသာတယ်။ အဲ့ဒါကြောင့် စုဝမ်ကျွင်းကို လှမ်းခေါ်ထားတာလည်း သိပြီးပြီ။"

အန်လင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။

တုန်းကော် အလွန်ပင် ထိတ်လန့်သွားရသည်။

ဒီကောင်က ဘာကောင်လဲ.... သူ့ရဲ့ အံ့ဖွယ်အာရုံက ငါ့ထက်တောင် သာနေတယ်ပေါ့လေ.... ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံရေးအဆင့်ဆိုတာ အတုကြီးလား....

ကိုယ့်ကိုယ်ကို သံသယဝင်ခြင်းအတွက် တုန်းကော်အား အပြစ်မဆိုသာပေ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သာ ရှိသေးသောသူသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား သွန်လိုသွန်၊ မှောက်လိုမှောက် လုပ်နေသည် မဟုတ်လော။ စင်စစ်အားဖြင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အံ့ဖွယ်အာရုံသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား ယှဉ်နိုင်စရာ အကြောင်းမရှိပေ။

သို့သော် အန်လင်းသည် စစ်နတ်ဘုရားခန္ဓာ စဦးအဆင့် ရရှိခဲ့ပြီးနောက် အံ့ဖွယ်အာရုံသည်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်အထိ တိုးတက်လာခဲ့သည်။ ထို့အပြင် တီနာ၏ အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင်လည်း သန့်စင်ခြင်း ခံလိုက်ရသောကြောင့် သူ၏အံ့ဖွယ်အာရုံမှာ ထင်မှတ်မထားသော အခြေအနေထိ ရောက်ရှိလာခဲ့လေသည်။

ထို့ကြောင့်ပင် တုန်းကော်၏ အံ့ဖွယ်အာရုံထက် သာလွန်နေခြင်းပင်။

"မင်းပြောသမျှ၊ လုပ်သမျှ အားလုံးက အချိန်ဆွဲနေတာပဲမလား။ ငါလည်းမင်းကို အခွင့်အရေးပေးပြီး အလိုက်သင့် ကစားပေးနေတာလေ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

အခြေအနေ တစ်ခုလုံးအား အန်လင်း ထိန်းချုပ်ထားကြောင်း သိရှိသွားသောကြောင့် တုန်းကော်၏ နှလုံးသား လေးလံသွားရသည်။

သူသည် အန်လင်းအား မော်ပင်မကြည့်ဝံ့တော့ပေ။

စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်က တကယ်ကြောက်စရာ ကောင်းတာပဲ.....

ငါကဘာလို့ အဲ့လိုလူကိုမှ သွားရှုပ်မိရတာလဲ.....

တုန်းကော် နောင်တရလာသည်။

ထိုအချိန်မှာပင် အဝေးမှ စကားသံတစ်ခု ထွက်ပေါ်လာသည်။

"သစ်တောစိမ်းအင်ပါယာမိသားစုရဲ့ ဗိုလ်ချုပ်ကို အသက်ချမ်းသာ ပေးတဲ့အတွက် သခင်လေး အန်လင်းကို ကျေးဇူးတင်ပါတယ်။"

စုဝမ်ကျွင်း ညင်သာစွာပြုံးကာ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

တုန်းကော်မှာ အော်ငိုတော့မလိုပင် ​ဖြစ်သွားသည်။

နောက်ဆုံးတော့ စစ်ကူရောက်လာပြီပဲ....

All Chapters