← Chapters

ကောင်းကင်နတ်မိမယ်ဖေးရင်အားတိုက်ခိုက်ခြင်း

Vol. 51 Ch. 718

ကောင်းကင်နတ်မိမယ်ဖေးရင်အားတိုက်ခိုက်ခြင်း

Vol. 51 Ch. 718

ကောင်းကင်နတ်မိမယ် ဖေးရင်သည် အန်လင်းအား ပထမဆုံး တွေ့ရှိသူဖြစ်ပြီး စကားများစွာပြောကာ အချိန်ဖြုန်းမနေချင်ပေ။ ဤနေရာရှိ ပြင်းထန်လှသော တိုက်ပွဲသည် အခြားသူများ၏ အာရုံကိုလည်း ဆွဲဆောင်နိုင်ပေလိမ့်မည်။

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ ညှို့ငင်အားပြင်းသော မျက်ဝန်းများဖြင့် အန်လင်းအား မျက်စိမှိတ်ပြလိုက်သည်။

"ကျွန်မ ရှင့်ကိုမိပြီဆိုတော့ ဆုလေးဘာလေး မပေးချင်ဘူးလား။"

"သွားပါပြီ..သခင်ရေ....ကျွန်တော်တို့တော့ နှစ်ဖက်ညှပ်တိုက် ခံရတော့မယ်။"

တုန်းကော် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ပြီး တိုက်စရာရှိတာတိုက်..."

အန်လင်း ဟောက်လိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်သည် တုန်းကော်အားကြည့်ကာ အံ့အားသင့်သွားသည်။

"ကြီးကျယ်ခမ်းနားတဲ့ သစ်တောစိမ်းအင်ပါယာမိသားစုရဲ့ ဗိုလ်ချုပ်က ဂိုဏ်းချုပ်အန်လင်း အစေခံ ဖြစ်နေပြီလား။ ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းလိုက်လဲ။"

ထိုစကား​ကြောင့် တုန်းကော် ဒေါသထွက်သွားသည်။ အန်လင်းသည် သူ့အား အစေခံအဖြစ်ပင် မလိုချင်ခဲ့ကြောင်း သူမ သိသွားပါက ပို၍ပင် စိတ်ဝင်စားနေလိမ့်မည်။

ကောင်းကင်နတ်မိမယ် ဖေးရင် လေထဲတွင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အနီရောင် ချယ်ရီပွင့်လေးများ ဖူးပွင့်လာသည်မှာ ရင်သက်ရှုမောဖွယ် ကောင်းလွန်းလှသည်။

ငွေရောင်ဂမ်ဒမ်၏ ဓားမှာလည်း တလက်လက် တောက်ပလာလေသည်။

"ရန်သူပစ်မှတ် ပြောင်းလဲခြင်း..."

ခံစားချက် အနည်းငယ်ပင် မပါဝင်သော ဂမ်ဒမ်၏ စက်ရုပ်သံ ပေါ်ထွက်လာသည်။

ထို့နောက် အန်လင်းနှင့် တုန်းကော်တို့ ရှေ့မှာပင် ကောင်းကင်နတ်မိမယ် ဖေးရင်ထံ ပျံဝဲသွားကာ အပြာရောင် ဓားပုံရိပ်ဖြင့် တိုက်ခိုက်လိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ အမူအရာ ပြောင်းလဲသွားပြီးနောက် ပန်းပွင့်လွှာ အကာအရံတစ်ခု ဖြစ်ပေါ်လာသည်။

ဝုန်း....

ဓားပုံရိပ်သည် ပန်းပွင့်လွှာ အကာအရံအား ဖျက်စီးကာ မရေမတွက်နိုင်သော ချယ်ရီပန်းပွင့်များကို အမှုန့်ဖြစ်သွားစေသည်။ သို့သော် ပန်းပွင့်များသည် အဆုံးမရှိ ဖြစ်ပေါ်နေသောကြောင့် ဓားချက်အား ခုခံထားလိုက်နိုင်သည်။

အန်လင်းရော၊ တုန်းကော်ပါ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများအပေါ် ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

"ဘုရားရေ.... စက်ရုပ်က ဘာလို့ရုတ်တရက်ကြီး ကောင်းကင်နတ်မိမယ် ဖေးရင်ကို တိုက်ခိုက်ရတာလဲ။"

တုန်းကော် နားမလည်နိုင် ဖြစ်နေသည်။

အန်လင်း မျက်စောင်းထိုးကာ မေးခွန်းထုတ်လိုက်သည်။

"အဲ့စက်ရုပ်က ငါတို့ကိုရော ဘာလို့တိုက်တယ်ထင်လဲ။"

တုန်းကော် တိတ်ဆိတ်သွားလေသည်။

"သွားရအောင်။ အဓိပ္ပါယ် မရှိတာတွေ တွေးမနေနဲ့။ ဒီနေရာကလွတ်အောင် လုပ်ရဦးမယ်။"

အန်လင်း စကားဆိုလိုက်သည်။

အန်လင်းသည် အသုံးမဝင်သော ဂမ်ဒမ်တစ်နှင့် ဂမ်ဒမ်နှစ်အား သိမ်းဆည်းကာ တပိုင်နှင့်အတူ ဂိတ်တံခါးဝသို့ ရောက်ရှိလာသည်။

အခန်းထဲတွင် ထူးခြားသော သင်္ကေတများ ရေးထိုးထားသည့် ကျောက်စာတိုင်များစွာ ရှိနေပြီး အမိုးမှ တွဲလဲကျနေသော အစိမ်းရောင်ကြိုးများကိုလည်း တွေ့နိုင်သည်။ ထိုအစိမ်းရောင်ကြိုးများသည် ထူးခြားသော အရာဝတ္ထုများမှ ပြုလုပ်ထားပုံ ရသည်။

ထိုကြိုးများ​ကြောင့်ပင် ဂူသည် စွမ်းအင်လှိုင်းဂယက်များအား ခံနိုင်ရည် ရှိနေခြင်းပင်။

တုန်းကော်သည် တံခါးဖွင့်ရန် ကြိုးစားလိုက်ပါသော်လည်း အလွန်အားကောင်းသော ချိပ်စည်းတစ်ခု ရှိနေသောကြောင့် အရာမထင်လိုက်​ပေ။

လေဟာနယ် ဝဲဂယက်ဖြင့် အခြားတစ်ဖက်သို့ကူးရန် လုပ်လိုက်ပါသော်လည်း လေဟာနယ် ချိပ်စည်းပါ ရှိနေလေသည်။

ဝှစ်....

တုန်းကော် ဓားထုတ်ကာ ဂိတ်တံခါးအား ခုတ်ချလိုက်သည်။

ဓားပုံရိပ်ကြောင့် ကျယ်လောင်လှသော ပေါက်ကွဲမှု ဖြစ်သွားပါသော်လည်း ဂိတ်တံခါးမှာ တုတ်တုတ်မလှုပ်သေးပေ။

"ဒီသောက်ကျိုးနည်းဂိတ်ကို ဘာနဲ့လုပ်ထားတာလဲဟ။"

အန်လင်း အံ့အားသင့်သွားသည်။

"လောကနိယာမနဲ့ ပေါင်းစပ်ထားတာ ထင်တယ်။ အံ့ဖွယ်တာအိုရဲ့ အစွမ်းမရှိရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဖွင့်ဖို့ခက်လိမ့်မယ်။"

တုန်းကော် လေးလေးနက်နက် လေ့လာကာ ရှင်းပြလိုက်သည်။

"ဒီဂိတ်ကိုဖွင့်ဖို့ ဘာတွေလုပ်လို့ ရမလဲ ကြည့်ရအောင်။"

အန်လင်း အကြံပြုလိုက်သည်။

၎င်းတို့သုံးဦးသည် ဂူခန်းတလျှောက် လှည့်လည်သွားလာရင်း ထူးခြားသော အရာများကို ရှာဖွေလိုက်ကြသည်။

နူးညံ့သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

"ရှင်မလွတ်စေရဘူး။"

ချယ်ရီပန်းမုန်တိုင်းသည် ငွေရောင်ဂမ်ဒမ်အား လွှမ်းခြုံသွားသည်။

ထိုအချိန်တွင် ကောင်းကင်နတ်မိမယ် ဖေးရင်သည် ပန်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ အန်လင်းတို့ထံ ပျံဝဲလာသည်။

သူမသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်ဖြစ်သောကြောင့် ငွေရောင်ဂမ်ဒမ်နှင့် ရင်ဆိုင်ရသည်မှာ ပြဿနာတစ်ခု မဟုတ်ပေ။ ဇာမဏီဥအား မျက်စိအောက်မှ ဆုံးရှုံးလိုက်ရမည့် အဖြစ်ကို မည်သို့မှ လက်သင့်မခံနိုင်ချေ။

အစိမ်းရောင် ဓားပုံရိပ်သည် လှိုင်းလုံးကြီးသဖွယ် လေထုအား ဖြတ်ကျော်လာသည်။ ကောင်းကင်နတ်မိမယ် ဖေးရင်သည် ပန်းရောင်လခြမ်းတစ်ခုအား ဖြစ်ပေါ်စေကာ တုန်းကော်၏ ဓားပုံရိပ်အား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ အန်လင်းထံသို့သာ ဆက်လက်ပျံဝဲလာသည်။

ချယ်ရီပန်းသေမင်းဝင်္ကပါ.... ပန်းပွင့်အသင်္ချေ မြှုပ်နှံခြင်း...

မရေမတွက်နိုင်သော ချယ်ရီပန်းပွင့်များမှာ သွေးနီရောင်များ တောက်ပလာပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။

ပွင့်ချပ်တစ်ခုချင်းစီတွင် လေထုအား ပိုင်းဖြတ်ပစ်နိုင်သော အစွမ်းများ ပါဝင်နေသည့် ချယ်ရီပန်းများမှာ အန်လင်းထံ ပျံဝဲလာသည်။ များပြားလှသော ပန်းပွင့်များသည် အန်လင်းအား ပတ်ပတ်လည်ဝိုင်းကာ တစ်နေရာပင် မလွတ်စေရပဲ ဝင်္ကပါပုံစံတစ်ခု ဖြစ်ပေါ်လာသည်။

ထိုသည်မှာ ကောင်းကင်နတ်မိမယ် ဖေးရင်၏ အကောင်းမွန်ဆုံး တိုက်ကွက်ဖြစ်ပြီး အန်လင်းအား လက်စတုန်းရန် စီစဉ်နေသည်မှာ ထင်ရှားလှသည်။

ထိုတိုက်ကွက်သည် တုန်းကော် ဆယ်ယောက်မျှ သတ်ပစ်နိုင်လောက်သည်။

အနက်ရောင် မြူခိုးများနှင့်အတူ အန်လင်း၏ အရှိန်အဝါလည်း ထိုးတက်လာသည်။

မြေအောက်ကမ္ဘာ၏ မူလစွမ်းအင် ....

တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့သော မီးတောက်မီးလျှံများ ဖြာထွက်နေသည့် နေတစ်စင်းလည်း ထွက်ပေါ်လာသည်။ ခရမ်းရောင် မီးတောက်မီးလျှံများသည် ကောင်းကင်နှင့်မြေပြင်အား ဖုံးလွှမ်းသွားပြီး ကြယ်ရောင်စဉ် အလင်းအစက်အပြောက်များကိုလည်း တွေ့မြင်နေရသည်။ အပြာရောင် မီးတောက်များသည် လှိုင်းလုံးသဖွယ် လေထုအား လွှမ်းခြုံကာ ပတ်ဝန်းကျင်အား အေးစိမ့်သွားစေသည်။ သာမန်မျက်စိနှင့် မမြင်နိုင်သော မီးတောက်မီးလျှံများမှာလည်း ဂူအတွင်းရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေလေသည်။

ကြီးမြတ်သန့်စင်မီးတောက်၊ ကြယ်မိစ္ဆာမီးတောက်၊ လရောင်ရှုခင်းမီးတောက်နှင့် ကောင်းကင်ဘုံလဟာပြင်မီးတောက်တို့သည် အံ့ဖွယ်မီးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း.....

ဂူတစ်ခုလုံး မီးတောက်မီးလျှံများ ပြည့်လျှံနေလေပြီ။

ချယ်ရီပန်းများနှင့် မီးတောက်များ ထိပ်တိုက်တွေ့ဆုံကာ စွမ်းအင်လှိုင်းဂယက်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်အား တုန်ခါစေကာ လေထုသည်ပင် တွန့်လိမ်ကုန်ရသည်။

ကောင်းကင်နတ်မိမယ် ဖေးရင်သည် ကြောက်မက်ဖွယ် ဖိအားများကြောင့် အနောက်ဆုတ်သွားရကာ ပန်းပွင့်လွှာ အကာအရံကိုပင် ထုတ်ဖော်လိုက်ရသည်။

အန်လင်းသည် အဆင့်မြင့် အင်မော်တယ်ရတနာ အံ့ဖွယ်မီးတောက်ပုတီးစေ့အား ထုတ်ယူလိုက်သည်နှင့် ရွှေရောင်မီးလျှံနဂါးတစ်ကောင် ထွက်ပေါ်လာသည်။ မီးလျှံနဂါးသည် အံ့ဖွယ်မီးတောက်ပင်လယ်ကြောင့် အရှိန်အဝါများ ပိုမိုအားကောင်းလာကာ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ကြေးခွံများမှာ ပိုမိုစစ်မှန်လာလေသည်။

"ဝေါင်း..."

မီးလျှံနဂါးသည် ချယ်ရီပန်းသေမင်းဝင်္ကပါအား ဆုတ်ဖြဲကာ ကောင်းကင်နတ်မိမယ် ဖေးရင်ထံ ပျံဝဲလာသည်။

"ဘာ.... သူက ငါ့ကိုတောင် ပြန်တိုက်နိုင်တယ်ပေါ့လေ။"

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ထိုမျှစွမ်းနေလိမ့်မည်ဟု ထင်မထားခဲ့သောကြောင့် ကောင်းကင်နတ်မိမယ် ဖေးရင်မှာ မယုံကြည်နိုင် ဖြစ်နေမိသည်။

သူမ၏ အကောင်းဆုံး တိုက်ကွက်အား ခုခံနိုင်သည်ကပင် အံ့အားသင့်စရာ ကောင်းနေပြီဖြစ်ပြီး တန်ပြန်တိုက်ခိုက်နိုင်ခြင်းအား သူမ မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

ကောင်းကင်နတ်မိမယ် ဖေးရင် လက်သင်္ကေတများ ပြောင်းလဲကာ အဖြူရောင် ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာစေသည်။

ဝုန်း....

ရွှေရောင်မီးလျှံနဂါးသည် ဒိုင်းကာနှင့် ထိပ်တိုက်တွေ့သွားပြီးနောက်​ ပြင်းထန်လှသော မီးတောက်များမှာ ချယ်ရီပန်းများအားလုံးကို လောင်ကျွမ်းပြာချပစ်လိုက်သည်။

ခရက်.....

ဒိုင်းကာမှာလည်း အကန့်အသတ်သို့ ရောက်ရှိတော့မည်ပင်။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အစွမ်းလဲ....

ကောင်းကင်နတ်မိမယ် ဖေးရင်မှာ အထိတ်တလန့်ဖြင့်လက်သင်္ကေတများ ထပ်မံပြောင်းလဲလိုက်သည်။

ဝုန်း.... ဝုန်း..... ဝုန်း....

ဒိုင်းကာသုံးခု ပေါ်ထွက်လာလေသည်။

ထိုအချိန်မှာပင် ရွှေရောင်မီးလျှံနဂါးမှာ ပျောက်ကွယ်သွားလေသည်။

အံ့ဖွယ်မီးတောက်ပင်လယ်လည်း အစအန မကျန်တော့ပေ။

အန်လင်းသည် အသက်ပြင်းပြင်းရှူကာ သွေးဝိဉာဉ်ဆေးလုံးအား တိတ်တဆိတ် သောက်သုံးလိုက်သည်။

ကောင်းကင်နတ်မိမယ် ဖေးရင်သည် စွမ်းအင်အမြောက်အမြား သုံးလိုက်ရသည့် ဒိုင်းကာသုံးခုကိုကြည့်ကာ အလိမ်ခံရသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ငွေရောင်ဂမ်ဒမ်သည် ချယ်ရီပန်းများထံမှ လွတ်မြောက်လာကာ ကောင်းကင်နတ်မိမယ် ဖေးရင်ထံ ပြေးဝင်သွားသည်။

"သခင်.... အဆင်ပြေရဲ့လား။"

တုန်းကော်သည်လည်း အန်လင်းဘေး ရောက်ရှိလာသည်။

"ဘာမှမဖြစ်ဘူး။"

အန်လင်း လက်ခါပြကာ ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်သောအခါတွင် မျက်နှာကျက်ပေါ်ရှိ အစိမ်းရောင် ကြိုးများမှလွဲ၍ အရာအားလုံးသည် အံ့ဖွယ်မီးတောက်များကြောင့် လောင်ကျွမ်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

"ငါတို့ ဘာမှရှာစရာ မလိုတော့ဘူး ထင်တယ်။"

ရှိရင်တောင် အားလုံးပြာကျနေပြီလေ.....

"ကျွန်တော်တို့ ဆန့်ကျင်ဘက် အရပ်ကို ပြေးသင့်လား။"

တုန်းကော် မေးမြန်းလာသည်။

အရှေ့တွင် လမ်းမရှိတော့သည့်အတွက် အနောက်သို့ ပြန်လှည့်ပြေးရန်သာ ရှိသည်။

"တခြားနည်းလမ်း ရှိပါသေးတယ်။"

အန်လင်း ရေရွတ်ကာ ကောင်းကင်နတ်မိမယ် ဖေးရင်အား ကြည့်ရှုလိုက်သည်။

"သူတို့အားနည်းနေတုန်း စေတနာနဲ့ လက်စတုန်းပေးရမှာပေါ့... ဝုတ်။"

တပိုင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

တုန်းကော် နားလည်သွားလေပြီ။

သုံးယောက်တစ်ယောက်ပေါ့.... ဟဲဟဲဟဲ.....

All Chapters