အပိုင်း(၄၀၆)
Vol. 28 Ch. 406
ဖျောင်ရွှယ်ယွဲ့၏နှလုံသားက သံမဏိကဲ့သို့မာကျောလှသကဲ့သို့ သူမထံသို့ဦးတည်လာနေသော တစ္ဆေမျက်နှာများအား စိုက်ကြည့်နေသည်။သူမက အေးစက်စွာအော်ပြောလိုက်သည်။
“ငါဟာဖျောင်ရှဂိုဏ်းရဲ့တပည့်တစ်
ယောက်ဖြစ်တယ်… ဖျောင်ရှဂိုဏ်းရဲ့ဂုဏ်သိက္ခာတရားက နင်တို့လိုမျိုး မကောင်းဆိုးဝါးတွေ နှိုင်းယှဉ်လို့ရနိုင်တဲ့အရာတစ်ခုမဟုတ်ဖူး……
ထွက်သွားစမ်း”
ရုတ်ခြည်းဆိုသလို ခမ်းနားသော အရှိန်အဝါတစ်ခုက ဖျောင်ရွှယ်ယွဲ့၏ ကိုယ်မှထုတ်လွှတ်လာပြီး ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသည်။ ကြွပ်ဆပ်သော “ဘန်း”ဆိုသည့်အသံနှင့်အတူ ဖျောင်ရွှယ်ယွဲ့ရှိနေသော အမှောင်နေရာလွတ်နှင့်သူမထံသို့ တစ်ဟုန်ထိုး ဦးတည်လာနေသော တစ္ဆေမျက်နှာများမှာ မှန်တစ်ချက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားသည်။
ဖျောင်ရွှယ်ယွဲ့အနေဖြင့် ရုတ်ခြည်း
မူလကမ္ဘာသို့ ပြန်လည်၍ရောက်ရှိသွားသည်။
“ဟမ်”
ဤအချိန်တွင် ဖျောင်ရွှယ်ယွဲ့၏လှပသောမျက်နှာလေး မျက်မှောင်ကြုတ်သွားသည်။
သူမ၏ညာ-
လက်ထဲမှ နှင်းဖြူရောင် လူသားပုံစံမီးတောက်ကို ကြည့်လိုက်ပြီး ခပ်ကြမ်းကြမ်းဖိညှစ်လိုက်သည်။ နှင်းဖြူရောင်မီးတောက်မှာပျောက်ကွယ်သွားပြီး ဘာမှကျန်ရစ်နေခဲ့ခြင်းမရှိတော့ပေ။
အစောပိုင်းက သူမ၏လက်အတွင်း နှင်းဖြူရောင်မီးတောက်တို့လောင်ကျွမ်းနေသောလုံမုန့်မှာ တကယ်ကို ပျောက်သွားခဲ့သည်။
“သောက်ချီးပဲ”
ဖျောင်ရွှယ်ယွဲ့၏မျက်နှာထက်၌ ဒေါသတရားတို့ဖြင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်က စိတ်လှည့်စားခြင်းနယ်ပယ်ကိုအသုံးပြုခဲ့ပြီး တိုတောင်းသော အချိန်တစ်ခုစာလောက် သူမအား အာရုံထွေပြားမှုအခြေအနေ
အတွင်းကျရောက်သွားစေခဲ့သည်။ ဤအချိန်အတောအတွင်း ရှစ်ဖုန့်က သူမ၏လက်အတွင်းမှ လုံမုန့်အားကယ်တင်ခဲ့သည်။
“သောက်ချီးပဲ”
ဖျောင်ရွှယ်ယွဲ့မှာသူ၏ညာ
လက်အားဓားပုံစံပြုလုပ်လိုက်ပြီး ကောင်းကင်ထဲသို့မြှောက်လိုက်သည်။ အင်ပါဘာမြို့တော်အားဝန်းရံထားသော မီးခိုးရောင်မြူများမှာ ရုတ်ခြည်းအင်ပါယာမြို့၏ကောင်းကင်ထက်သို့ဦးတည်သွားသည်။ အင်ပါယာမြို့တော်ထက်တွင်
ထွန်းလင်းနေသော နေရောင်ခြည်အား တလိပ်လိပ်ထနေသော မီးခိုးရောင်တိမ်များကဖုံးကာသွား၏။
အကွာအဝေးတစ်ခုတွင်ရှစ်ဖုန့်က
အဝတ်များပါ လောင်ကျွမ်းခြင်းခံထားရသောလုံမုန့်အား ပွေ့ဖက်ထားသည်။ သူမ၏တစ်ကိုယ်လုံးတွင် လောင်ကျွမ်းတူးခြစ်သောဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အသားညှော်နံ့ပင် ထွက်ပေါ်နေသည်။
လုံမုန့် ၏ အဝတ်အစားများပါလောင
်ကျွမ်းသွားခဲ့ခြင်းမဟုတ်ပဲ သူမဦးခေါင်းထက်တွင်ရှိနေသော လှပသည့် ပိတုန်းရောင်ဆံနွယ်များပင် လုံးဝလောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။
သူမ၏ ဦးခေါင်းထက်အရေပြားနှင့် လှပသောမျက်နှာလေးမှာ ဖျက်ဆီးခံလိုက်ရသည်။ သူမ၏မူလအသွင်အပြင်အား မြင်တွေ့ရခြင်းမရှိတော့ပေ။
သူမ၏တစ်ကိုယ်လုံးက မီးသွေးတုံးကဲ့သို့ တူးချစ်မဲနက်နေသည်။ ငယ်ရွယ်ပြီး လှပသောမိန်းကလေးတစ်ယောက်အတွက် ဤသည်က မည်မျှရက်စက်ပြီး
ကြောက်စရာကောင်း
အောင်ဆိုးရွားလှပါသနည်း။
ကံကောင်းစွာဖြင့် လုံမုန့်၏အရှိန်အဝါက ရှိနေဆဲဖြစ်သည်။ သူမမသေဆုံးသေးပေ။
လုံမုန့်က မျက်စိလေးမှေးကာသူမ၏မီး
သွေးကဲ့သို့မျက်နှာထက်မှာ မျက်လုံးလေးအား အနည်းငယ်ဖွင့်ကြည့်လိုက်သည်။ ရှစ်ဖုန့်အား မြင်တွေ့လိုက်ရသောအခါတွင် အားနည်းသောအသံဖြင် ပြောလိုက်သည်။
“အကိုကြီး…”
လုံမုန့်၏ မီးသွေးနက်ရောင်မျက်နှာလေးက သူ့အားမြင်တွေ့လိုက်ရသောအခါတွင် ပြုံးလိုက်သည်ကိုရှစ်ဖုန့်လည်း
ခံစားမိသည်ဖြစ်သည်။ ရှစ်ဖုန့်၏စိတ်ထဲတွင် ဤကောင်မလေး၏ချစ်စရာ
ကောင်းသောအပြုံးလေးကပေါ်လာသည်။
ရှစ်ဖုန့်က သိုလှောင်လက်စွပ်အတွင်းမှ အင်္ကျီတစ်ထည်ကို ထုတ်လိုက်ပြီးသူမအား၎င်းဖြင့် ဖုံးပေးလိုက်သည်။
“စကားမပြောနဲ့ ကောင်း
ကောင်းအနားယူနော်”
ရှစ်ဖုန့်က လုံမုန့်အားညင်သာစွာပြောလိုက်သည်။
“ကိုကြီးလာတာနောက်ကျလို့ ညီမလေးကို ဒုက္ခတွေဖြစ်စေမိပြီ… ဒါပေမဲ့ မပူပါနဲ့ကိုကြီးညီမလေးကိုဘာ
မှအဖြစ်ခံမှမဟုတ်ဖူး… ညီမလေးကို အနိုင်ကျင့်တဲ့ ဘယ်သူ့ကို မဆိုကိုကြီးမလွှတ်ပေးဘူး.. ကိုကြီးသူ့ကို အကြိမ်ရာထောင်မက နာကျင်မှုကိုခံစားရအောင်လုပ်ပစ်မယ်”
ရှစ်ဖုန်က မုန်းတီးမှုအပြည့်ဖြင့်
ပြောလိုက်သည်။ သူ၏ မျက်နှာထက်တွင်သတ်ဖြတ်လိုမှုများဖြင့်ပြည့်နှက်နေပြီးသူ၏ကိုယ်က
သတ်ဖြတ်ခြင်းအရှိန်အဝါ
ကိုထုတ်လွှတ်ကာယင်းက
ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
“ကောင်းပြီ”
လုံမုန့်၏ဦးခေါင်းလေးက အားနည်းစွာဖြင့်အနည်းငယ်လှုပ်ရှားသွားသည်။ ထို့နောက် အနည်းငယ်ပွင့်နေသောမျက်လုံးတို့က ဖြည်းညှင်းစွာပိတ်သွားပြီး ခံစားနေရသောဆင်းရဲဒုက္ခ
တို့အားလွတ်ချလိုက်တော့သည်
ထို့နောက်သွေးနီရောင်အလင်းတစ်ခုက လုံမုန့်၏ကိုယ််ပေါ်တွင်တောက်ပလာသည်။ ရှစ်ဖုန့်က သူမအားသွေးကျောက်ပြား
နေရာလွတ်အတွင်းသို့ပို့လိုက်သည်။ ထို့နောက်သူကမိုယန်အား
သူ၏ဝိညာဉ်စွမ်းအားဖြင့် ဆက်သွယ်လိုက်သည်။
“လူအိုကြီးမို ဘာဆေးကိုပဲသုံးရသုံးရ ဘာတွေပဲပေးဆပ်ရပေးဆပ်ရ
ခင်ဗျားသူ့ကို ဒီသခင်လေးအတွက်ကုသပေးရမယ်”
“ငါအရင်ဆုံးကြည့်ပါရစေ”
မိုယန်၏ပြန်ဖြေသံသား
သူ၏စိတ်ထဲမှရှစ်ဖုန့်ပြန်ကြား
လိုက်ရသည်။မိုယန်အားရှစ်ဖုန့်က “ဝိညာဉ်ကျင့်ကြံမှုနည်းပညာရပ်”
များအားပေးပြီးသည့်နောက် မိုယန်၏ရှစ်ဖုန့်အပေါ်သဘောထားတို့မှာသိသိသာသာကိုပြောင်းလဲသွားသည်။
ထို့နောက်ရှစ်ဖုန့်က ရုတ်တရက်သူ့ခေါင်းကိုမော့လိုက်ပြီး သူ့ရှေ့တွင်ရှိနေသောလှပသည့်
အမျိုးသမီးအားကြည့်လိုက်သည်။
သူကမုန်းတီးစွာဖြင့်ပြောလိုက်သည်။
“ခွေးမ..နင်ဒီနေ့သေရမယ်”
စကားပြောနေရင်းသွေးနီရောင်
အလင်းတစ်ခုကသူ၏လက်တွင်တောက်ပလာသည်။ သွေးနီရောင်ဓားက ရှစ်ဖုန့်လက်အတွင်းပေါ်လာသည်။
ရှစ်ဖုန့်၏ဒေါသတကြီးကြိမ်းဝါး
သံအားရင်ဆိုင်ရင်းဖျောင်ရွှယ်ယွဲ့က နှာခေါင်းရှုံ့၍ပြောလိုက်သည်။
“ဟမ့်.. နင်က ဖျောင်ရှဂိုဏ်းကို အမြစ်ပျက်သုတ်သင်ပြီးတော့ မီးလောင်တိုက်သွင်းခဲ့တယ်.. ဒီနေ့ငါကနင့်ကို လောင်ကျွမ်းပြီးသေဆုံးရတဲ့တူညီတဲ့နာကျင်မှုအရသာကိုခံစားခိုင်းမယ်”
ဖျောင်ရှဂိုဏ်း၏ တပည့်များမှာ ရှစ်ဖုန့်ကြောင့်သေသည်အထိ
လောင်ကျွမ်းခံခဲ့ရခြင်းမဟုတ်ပေ။ ယင်းမှဖျောင်ရှဂိုဏ်း၏ ဘယ်လက်ရုံးနှင့်ညာလက်ရုံး
အကြီးအကဲများဖြစ်ကြသော ဝေ့ဖန်းနှင့်တချီ တို့က အနက်ရောင်နတ်ဆိုး လက်ချောင်းအားထိန်းချုပ်ရန်အတွက် ဖျောင်ရှဂိုဏ်း၏ တည်ထောင်သူသူတော်စင်ဖျောင်ရှ၏ ဝိညာဉ်အကြွင်းအကျန်အား
ဆင့်ခေါ်ရန်၎င်းတို့၏ အသက်စွမ်းအင်များအား
စုပ်ယူခဲ့ကြသောကြောင့်ဖြစ်သည်။
သို့သော် ဖျောင်ရွှယ်ယွဲ့အနေဖြင့် သူမရောက်ရှိသောအခါတွင် ဖျောင်ရှဂိုဏ်းတစ်ခုလုံးရှိအရာအားလုံးက မီးတောက်များကြောင့်တူး
ခြစ်အောင်လောင်ကျွမ်းနေသည်ကိုသာ တွေ့ခဲ့ရသည်ဖြစ်၍ ယင်းအကြောင်းအရာများအားမသိပေ။ ယင်းမှာသူမရောက်ရှိလာသောအချိန်တွင် ဖျောင်ရှတောင်ပေါ်တွင်ရှိနေခဲ့သော အရာအားလုံးမှာ မီးတောက်များ၏ လောင်ကျွမ်းမှုကိုခံခဲ့ရပြီးဖြစ်သည်။
၎င်းမှာ အတွင်းအပြင်တိမ်တိုက်များ
ဝန်းရံနေခဲ့သောကောင်း
ကင်ဘုံတောင်တစ်လုံးနှင့်တူညီသည့် ခမ်းနားသိမ်မွေ့သော ဖျောင်ရှတောင်အဖြစ်ရှိမနေခဲ့တော့ပေ။
ပူဆွေးသောကများဖြင့် ဖျောင်ရွှယ်ယွဲ့တစ်ယောက် ဘေးပတ်ဝန်းကျင်အား မေးမြန်းခဲ့ပြီး ဖျောင်ရှဂိုဏ်းအား အရူးနတ်ဆိုးရှစ်ဖုန့်၏ဟုခေါ်
သောလူယုတ်မာတစ်ယောက်က သုတ်သင်ပစ်ခဲ့ခြင်းဖြစ်ကြောင်းကိုရှာဖွေတွေ့ရှိခဲ့သည်။
ဖျောင်ရှတောင်၏မီးသင့်ခဲ့ရမှုနှင့် တပည့်တို့ သေသည်အထိမီးလောင်တိုက်
သွင်းခံရမှုတို့အား သူမတွေးမိခဲ့သည်။ ထိုရင်းနှီးသောမျက်နှာများ၏ ငိုကြွေးနေမှုနှင့် မီးတောက်များအကြားသေသည်အထိ အပြင်းအထန်ရုန်းကန်လှုပ်ရှားရမှုကို သူမတွေးမိသည်။ ဖျောင်ရွှယ်ယွဲ့တစ်ယောက် ဒေါသတရား၊အမုန်းတရား
တို့ဖြင်ပြည့်နှက်နေသည်။ ထိုရှစ်ဖုန့်ဆိုသောသူအား အပိုင်းပိုင်းလုပ်ပစ်ကာ ၎င်းအားအရှင်လတ်လတ်မီးရှို့
ပစ်ချင်သည့်စိတ်မှလွဲ၍ သူမဘာကိုမှမလိုချင်ခဲ့တော့ပေ။
“မြူခိုးကိုမီးပြောင်း ကောင်းကင်ကိုလောင်ကျွမ်း ပင်လယ်ကဲ့သို့လှိုင်းထန်စေ”
ဖျောင်ရွှယ်ယွဲ့မှာကောင်းကင်အား ထိုးညွှန်ထားဆဲဖြစ်သည်။ အင်ပါယာမြို့တော်အားဝန်းရံနေသော မီးခိုးဖြူရောင်တိမ်တိုက်များအားလုံးက တော်ဝင်နန်းတော်ထက်တွင်စုစည်းလာသည်။
အင်ပါယာမြို့တော် ၏ အခြားသောနေရာများတွင်ရှိနေကြသော မြို့သူမြို့သားများမှာ ကျယ်ပြောလှသောကောင်း
ကင်ပြင်ကြီးအားထပ်မံ၍ မြင်တွေ့လိုက်ကြရသည်။မြို့ဂိတ်များ
အားလျှို့ဝှက်ပညာရပ်တစ်ခုဖြင့် ဆီးလ်ခတ်ထားခြင်းက ရုတ်ခြည်းပျောက်ကွယ်သွားသည်။
မြို့တွင်းမြို့ပြင် အသွားအလာများက ဤအချိန်တွင်ရပ်တန့်နေခဲ့သည်ဖြစ်သည်။
တော်ဝင်နန်းတော်ထက်ရှိမီးခိုးရောင်မြူတို့မှာမီးခိုးမြူရောင်အစိုင်အခဲတစ်ခုဖြစ်
လာသကဲ့သို့အရမ်းကိုသိပ်သည်းလာသည်။
ဖျောင်ရွှယ်ယွဲ့စကားဆုံးသွားသောအခါတွင် သိပ်သည်းသော မီးခိုးရောင်တိမ်တိုက်တို့က ရုတ်ခြည်း တလိပ်လိပ်ထနေသော မီးခိုးရောင် မီးတောက်များအဖြစ်သို့ပြောင်းလဲသွားသည်။ ထို့နောက် ကောင်းကင်အားထိုးညွှန်ထားသောဖျောင်ရွှယ်ယွဲ့၏ ဓားလက်ချောင်းက လှုပ်ရှားသွားပြီး သိပ်မဝေးသောနေရာတွင်ရှိ
နေသည့်ရှစ်ဖုန့်အားထိုးညွှန်လိုက်သည်။
တလိပ်လိပ်ထနေသောမီးခိုး
ရောင်မီးတောက်များက ရုတ်တရက်နိုးထလာ
သောကြမ်းကြုတ်သည့်သားရဲတစ်ကောင်ကဲ့သို့ ရုတ်ခြည်းအောက်တွင်ရှိနေသောရှစ်ဖုန့်ရှိရာ ရှေ့သို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
ရှစ်ဖုန့်မှာသူ့အထက်ရှိမီးခိုး
ရောင်မြူများအားစိုက်ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်းက အင်ပါယာမြို့တော်အားဝန်းရံနေသော မီးခိုးရောင်မြူတို့နှင့်ယခု မီးခိုးရောင်မီးတောက်တို့က ဆန်းကြယ်သောအရှိန်အဝါ
တစ်ခုဆီမှလာခြင်းဖြစ်သည်။
ချီလင်ဘုရင်က ထိုခွေးမဖျောင်ရွှယ်ယွဲ့၏ကျင့်ကြံမှုအဆင့်အား မပြောနိုင်သော်လည်းရှစ်ဖုန့်ကတော့ သူမ၏ကျင့်ကြံမှုအဆင့်က သိပ်မြင့်မားခြင်းမရှိသည်ကိုပြောနိုင်၏။ သူမကကြယ်တစ်ပွင့်သူတော်
စင်နယ်ပယ်တစ်ယောက်သာဖြစ်သည်။ သို့သော် ချီလင်ဘုရင်က ဖျောင်ရွှယ်ယွဲ့၏ ကျင့်ကြံမှုအားမပြောနိုင်ခြင်းမှာသူမတွင် လျှို့ဝှက်ပညာရပ်တစ်ခုသို့မဟုတ် ရတနာတစ်ခုရှိနေသော
ကြောင့်ဖြစ်ရမည်ဖြစ်သည်။
ထို့အပြင် ဤလျှို့ဝှက်ပညာရပ်သို့မဟုတ်ရတနာက ဟင်းလင်းပြင်ထဲတွင်ရှိနေသော အစီအရင်နှင့် ဆက်နွယ်နေသည်ဖြစ်သည်။ ဆန်းကြယ်သောအစီအရင်အား
လှည့်ပတ်လိုက်သကဲ့သို့ ဖျောင်ရွှယ်ယွဲ့၏စွမ်းအားနှင့် တစ်ဟုန်ထိုးထိုးဆင်းလာသာ တောက်လောင်နေသည့်မီးတောက်တို့မှာ ရှစ်ဖုန့်မပြောနိုင်သောစွမ်းအားအဆင့်ဖြင့် ညီမျှသွားသည်ဖြစ်သည်။ ယင်းမှာ စွမ်းအားကအရမ်းအားကောင်း
လွန်းနေသောကြောင့်မဟုတ်သော်လည်း သူ့အားအထဲ၌ရှိနေသော အရာအား ကြည့်ရှုခြင်းမှတားဆီးရန် ဆန်းကြယ်သောအလွှာတစ်ခုက ကာဆီးထားခြင်းဖြစ်ပုံပေါ်၏။
“ဟမ့်”
သူအားလောင်ကျွမ်းရန်တလိပ်လိပ်ဦးတည်လာနေသောမီးခိုးရောင်မီး
တောက်များအားကြည့်ရင်းရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ထူးဆန်းသောသွေးနီရောင်မီး
တောက်တစ်ခုကသူ၏ကိုယ်ပေါ်မှရုတ်တရက်ထွက်ပေါ်လာကာ ယင်းက ဟင်းလင်းပြင်ထဲမှတလိပ်လိပ်လာနေသော မီးခိုးရောင်မီးတောက်တို့ထံ
သို့သိမ်းကျုံးဦးတည်သွားသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISEA