← Chapters

ရှေးခေတ်မှ နတ်ဘုရားအင်ပါယာ

Vol. 203 Ch. 2891

ရှေးခေတ်မှ နတ်ဘုရားအင်ပါယာ

Vol. 203 Ch. 2891

“အရှင်အင်ပါယာ”

အရှင်ဒွန်ဟောင်အရှေ့တွင် လူများစွာ ထွက်ပေါ်လာ၏။

“မင်းတို့ ဒီမှာနေခဲ့ကြ။ ငါ အပြင်သွားပြီး တစ်ချက်ကြည့်လိုက်မယ်”

အရှင်ဒွန်ဟောင်က ပြောလိုက်၏။ ထို့နောက် သူ ရှေ့သို့ ခြေတစ်လှမ်းလျှောက်လိုက်ရာ ကောင်းကင်နန်းတော်အတွင်းမှ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူသည် ကောင်းကင်(၉၉)လွှာအပြင်သို့ ရောက်သွား၏။

ကောင်းကင်အင်ပါယာမြို့တော်အထက်ရှိ ကောင်းကင်ထဲတွင် မဟာအင်ပါယာကိုးပါး ထွက်ပေါ်လာလေသည်။ သူတို့သည် ကောင်းကင်ထဲ၌ နေရာအသီးသီး ယူထားကြသည်။

အရှင်ဒွန်ဟောင်ထွက်ပေါ်လာသောအခါ သူ၏မျက်လုံးများသည် အမြင့်ဆုံးကောင်းကင်နေရာရှိ မဟာအင်ပါယာကို ကြည့်လိုက်လေသည်။

ထိုမဟာအင်ပါယာသည် တစ်ကိုယ်လုံး တောက်ပနေပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်ချပ်ဝတ်ကဲ့သို့ ငွေရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့ထံမှနေ၍ စူးရှသောခံစားချက်ကို ရနေပြီး သူ၏မျက်လုံးများသည် ရေခဲတမျှ အေးစက်နေသည်။

သူသည် ထိုမဟာအင်ပါယာကိုးပါး၏ ခေါင်းဆောင်ပင်။

ပို၍အရေးကြီးသည်မှာ သူတို့သည် ရှေးခေတ်မှသူများကဲ့သို့ သူတို့ထံမှ ရှေးခေတ်အငွေ့အသက်တစ်ခုကို ရနေခြင်းပင်။

“ရှေးဟောင်းအင်ပါယာတွေ”

အရှင်ဒွန်ဟောင်သည် ထိုကိုးယောက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ မည်သူများဖြစ်ကြောင်း သိသွားသည်။

“ခင်ဗျားတို့က ကောင်းကင်လမ်းစဉ် မပြိုပျက်ခင်က မဟာအင်ပါယာတွေပဲ”

မည်သူမှ ပြန်မပြောကြပေ။ ကောင်းကင်ထက်ရှိ ငွေရောင်ဝတ်ရုံ ဝတ်ဆင်ထားသူထံမှနေ၍ လွန်စွာစူးရှသောနတ်အလင်းတန်းများ ကျဆင်းလာသည်။ ထိုနတ်အလင်းတန်းများ၏ စူးရှမှုသည် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ ပတ်ဝန်းကျင်မှသူများကို သေသွားစေရန် လုံလောက်ပေသည်။

အရှင်ဒွန်ဟောင်၏ ပတ်ပတ်လည်တွင် ထုတ်ဖော်ခြင်းနတ်စွမ်းအား ထွက်ပေါ်လာလေသည်။ စူးရှသော နတ်အလင်းတန်းများ ကျဆင်းလာသောအခါ ၎င်းတို့သည် ထုတ်ဖော်ခြင်းနတ်စွမ်းအား၏ တားဆီးမှုကို ခံလိုက်ရ၏။

“ကောင်းကင်လမ်းစဉ် မပြိုပျက်ခင် အချိန်တုန်းက ကောင်းကင်နဲ့ တိုက်ပွဲမှာ ထူးကဲတဲ့ မဟာအင်ပါယာတွေ အများကြီး ပါတယ်လို့ ကျုပ်ကြားခဲ့ဖူးတယ်။ သူတို့ထဲမှာ အရှင်ရှန့်ကျားရဲ့ ခန္ဓာကိုယ်က အသန်မာဆုံးပဲ။ ဒါပေမဲ့ လောကထဲမှာ သူ့အပြင် ထူးကဲပြီး ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားအင်ပါယာဖိုကျွင်း ရှိသေးတယ်လို့လည်း ကျုပ် ကြားဖူးတယ်။ ရှေးခေတ်တုန်းက သူက သူ့ရဲ့ အသွေးအသားခန္ဓာကိုယ်ကို သုံးပြီး ကာရူရာအိမ်တော်က နတ်ဘုရားတွေကို တစ်စစီဆွဲဖြဲပစ်ခဲ့တာတဲ့။ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို ကြီးမားတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး”

အရှင်ဒွန်ဟောင်သည် ထိုမဟာအင်ပါယာကို ကြည့်၍ ပြောလိုက်၏။

တစ်ချိန်တုန်းက ကောင်းကင်အင်ပါယာနန်းတော်ထဲတွင် ရှေးဟောင်းစာအုပ်များရှိခဲ့သည်။ ထိုထဲတွင် ကောင်းကင်လမ်းစဉ် မပြိုပျက်ခင် အချိန်တုန်းက ဇာတ်လမ်းများနှင့် ပုဂ္ဂိုလ်များကို မှတ်တမ်းတင်ထားသည်။

ထိုအထဲတွင် နတ်ဘုရားအင်ပါယာဖိုကျွင်း၏ အကြောင်းများလည်း ပါပေသည်။

နတ်ဘုရားအင်ပါယာဆိုသော ဘွဲ့အမည်ကိုရရန် ထိုအင်ပါယာသည် ထူးကဲသောပါရမီရှိရန် လိုအပ်ပေသည်။ သူသည် စာတင်လောက်သည့် ဇာတ်ကြောင်းများ ရှိသူဖြစ်သည်။ သူသည် အခြားမဟာအင်ပါယာများစွာကို သတ်ဖြတ်ခဲ့သူဖြစ်သည်။

“ဒီလောကနှစ်တွေကြာပြီးတာတောင် ကျုပ်ကို မှတ်မိသေးတဲ့သူ ရှိဦးမယ်လို့ ကျုပ်မထင်ခဲ့ဘူး”

နတ်ဘုရားအင်ပါယာဖိုကျွင်းက သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်၏။ သို့သော် သူ၏မျက်လုံးများသည် စူးရှနေဆဲပင်။ သူသည် အရှင်ဒွန်ဟောင်ကိုကြည့်၍ ပြောလိုက်၏။

“ဒါပေမဲ့ ဒီနေ့ ငါမင်းကို သတ်ရလိမ့်မယ်”

“ကောင်းကင်လမ်းစဉ် ပြိုပျက်သွားတုန်းက နတ်ဘုရားတွေရဲ့ အဆုံးသတ်လို့ သိကြတယ်။ ကောင်းကင်လမ်းစဉ်က ကမ္ဘာဖျက်ကပ်ဘေးတွေကို ကျဆင်းလာစေခဲ့တယ်... အဲဒါကြောင့် မဟာအင်ပါယာအဆင့်ရှိတဲ့သူတွေက လောကထဲမှာ ဆက်ပြီး မရှင်သန်နိုင်ခဲ့ကြဘူး။ ဘာပဲဖြစ်ဖြစ် နောက်ထပ်ပုံစံတစ်ခုနဲ့ ဆက်ရှင်သန်နိုင်ခဲ့ပြီး လုံးဝကြီးမပျောက်ကွယ်သွားတဲ့ မဟာအင်ပါယာတွေ အများကြီး ရှိခဲ့တာပဲ”

အရှင်ဒွန်ဟောင်သည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ လူများသည် သူပြောသည့်စကားထဲမှ ကိစ္စအချို့ကို သိကြသည်။ ထိုအကြောင်းများကို လွန်ခဲ့‌သောနှစ်များကတည်းက အတည်ပြုပြီးခဲ့ပြီဖြစ်သည်။ အမှန်ပင် လောကထဲ၌ ကျန်ရစ်ခဲ့သော ထူးကဲ့သည့် မဟာအင်ပါယာများ များစွာ ရှိပေသည်။ သူတို့သည် လုံးလုံးပျောက်ကွယ်မသွားဘဲ အခြားနည်းလမ်းများဖြင့် ဆက်ရှိနေခဲ့သည်။

“လူသားဘိုးဘေးက ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးတဲ့နောက်ပိုင်းခေတ်မှာ ရှင်ကျန်ခဲ့တဲ့ အသက်အကြီးဆုံး မဟာအင်ပါယာပဲ။ အတိတ်တုန်းက ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီး နှစ်ပေါင်းများစွာကြာတော့ သူက နတ်ဘုရားတွေရဲ့ တည်ရှိမှုသဲလွန်စတွေကို ရှာခဲ့တယ်လို့ ကျုပ်ကြားဖူးတယ်။ လူသားဘိုးဘေးက အတိတ်တုန်းက ကပ်ဘေးတွေကို ရှင်ကျန်ခဲ့တဲ့ တစ်ပါးတည်းသော မဟာအင်ပါယာဆိုတော့ ရှေးဟောင်းအင်ပါယာတွေ အများကြီးကို ရှာတွေ့ခဲ့‌တာပေါ့”

အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။

“ခင်ဗျားတို့အားလုံးက ရှေးခေတ်က အကြီးအကဲတွေပဲ... ခင်ဗျားတို့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လူသားဘိုးဘေးရှာတွေ့ခဲ့တဲ့ သူတွေဖြစ်ရမယ်။ သူက ခင်ဗျားတို့ကို ပြန်ခေါ်ဖို့ နည်းလမ်းတစ်ခု တွေ့ခဲ့တာဖြစ်မယ်”

အရှင်ဒွန်ဟောင်၏ စကားများသည် အားလုံးကို အံ့အားသင့်သွားစေသည်။ ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ လူတိုင်းသည် ရင်တုန်နေကြသည်။

အရှင်ဒွန်ဟောင်ပြောသော စကားများသည် မှန်သည်ဟု သူတို့ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားများသည် အဓိပ္ပာယ်ရှိ၍ ဖြစ်သည်။

လူသားဘိုးဘေးသည် ရှေးအကျဆုံး မဟာအင်ပါယာဖြစ်သည်။ သူသည် ကောင်းကင်လမ်းစဉ်ပြိုပျက်ပြီးနောက်ခေတ်ကို ရှင်ကျန်ခဲ့သူဖြစ်သည်။ ထို့ကြောင့်”လူသားဘိုးဘေး”ဟူသော ဘွဲ့အမည်ကို ရထားခြင်းပင်။ သူသည် ထိုနှစ်များအတွင်း၌ အဘယ်သို့ ထိုရှေးဟောင်းအင်ပါယာများ၏ သဲလွန်စများကို လိုက်မရှာဘဲ နေမည်နည်း။

ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးနောက်တွင် ထိုခေတ်၏ နတ်ဘုရားများ ကျဆုံးသွားသောအခါ ကောင်းကင်နှင့်မြေကြီး၏ ရတနာများ မည်မျှ ကျန်ခဲ့သနည်း။ ထို့အပြင် စွမ်းအားကြီး ပုဂ္ဂိုလ်မည်မျှသည် အခြားပုံစံအဖြစ် ကျန်ရစ်ခဲ့သနည်း။

လူသားဘိုးဘေးအတွက် ထိုအရာများကို လက်လွှတ်ရန် မဖြစ်နိုင်ပေ။

မည်သို့ပင် ကြည့်စေကာမူ လက်ရှိတွင် လူသားဘိုးဘေးသည် လောကထဲရှိ စွမ်းအားအကြီးဆုံးသူ ဖြစ်ပေသည်။ သို့သော် အမှန်ပင် သူ၏ကိုယ်ပိုင်စွမ်းအားသည် အခြားအင်ပါယာခြောက်ပါးနှင့် တန်းတူသာဖြစ်၍ ထိုကိစ္စသည် အနည်းငယ် ထူးဆန်းပေသည်။

အရှင်ဒွန်ဟောင်သည် ထိုအကြောင်းကို ပေါ့ပေါ့တန်တန် မပြောလိုပေ။ သို့သော် သူသည် မဟာအင်ပါယာခြောက်ပါးထဲမှ အခြားမဟာအင်ပါယာများအတွက် ပြောခဲ့ခြင်းဖြစ်သည်။ သူသည် သူတို့ကို လူသားဘိုးဘေးက ရိုးရှင်းသူတစ်ယောက် မဟုတ်ဘဲ လျှို့ဝှက်ချက်များရှိသူဖြစ်ကြောင်း သတိပေးခဲ့ခြင်းပင်။ ယခင်က အားလုံး မြင်ခဲ့ရသောအရာများသည် အတုအယောင်များသာဖြစ်သည်။ ထိုအရာများသည် လူသားဘိုးဘေးက သူတို့ကို မြင်စေလိုခဲ့သော အရာများသာဖြစ်သည်။

လူသားဘိုးဘေးတွင် ကြီးမားသော ရည်မှန်းချက်ရှိ၏။ ထို့ကြောင့် သူသည် ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ခဲ့ခြင်းပင်။

ယခုတွင် နတ်ဘုရားခေတ်၏ အစသို့ ရောက်နေပြီဖြစ်၍ မဟာအင်ပါယာများစွာ ပြန်ထွက်ပေါ်လာကြပေပြီ။ လူသားဘိုးဘေးသည် လွန်စွာအရေးကြီးသည့် ခြေလှမ်းတစ်လှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပုံပင်။ သူသည် ထိုရှေးဟောင်းအင်ပါယာများကို လိုက်လံစည်းရုံးကာ သူတို့ ပြန်လာနိုင်အောင် လုပ်ပေးခဲ့သည်။

ထို့ကြောင့် ရီအင်ပါယာနန်းတော်တွင် ထွက်ပေါ်လာသော မဟာအင်ပါယာများ၊ ကျိဝူတောက်နှင့် တိုက်ခိုက်ခဲ့သော မဟာအင်ပါယာများနှင့် ယခုထွက်ပေါ်လာသော မဟာအင်ပါယာများ ရှိနေခြင်းဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရ သုံးသပ်ရလျှင် နတ်ဘုရားအင်ပါယာဖိုကျွင်းသည် ပြန်ရောက်လာသူများထဲတါင် စွမ်းအားအကြီးဆုံး အင်ပါယာဖြစ်ပေမည်။ လူသားဘိုးဘေးထံ၌ တစ်ရက်တွင် ပြန်ရောက်လာမည့် အခြားထူးကဲသောမဟာအင်ပါယာများ ရှိသေးသည် သို့မဟုတ် မရှိတော့ဆိုသည်ကို သိနိုင်ရန် နည်းလမ်းမရှိပေ။

ယခင်က လူသားဘိုးဘေးသည် ယခုသူတို့ မြင်ရသည့် လူသားဘိုးဘေး မဟုတ်ချေ။

ကန့်လန့်ကာနောက်ကွယ်တွင် ဖြစ်ပျက်နေသည်များကိုမူ အရှင်ဒွန်ဟောင် အပြည့်အဝ မသိနိုင်ပေ။ ထို့ကြောင့် သူ ခန့်မှန်းကြည့်၍သာ ရလေသည်။

လူသားဘိုးဘေးသည် ကောင်းကင်လမ်းစဉ် ပြိုပျက်သွားကတည်းက ကျန်ရစ်ခဲ့သော နတ်ဘုရားများကို လိုက်လံစည်းရုံးစုဆောင်းနေသည်ဟူ‌သော သတင်းသည် အမှန်ပင် လောကထဲမှ ကျင့်ကြံသူများကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေမည့် သတင်းပင်။ ထို့အပြင် ယခုတွင် သူသည် ထိုသူများ ပြန်ရှင်သန်လာကာ သူ့အတွက် တိုက်ခိုက်ပေးမည့် နည်းလမ်းများကို သိရှိသွားပြီဖြစ်သည်။

သို့ဆိုလျှင် ဤလောကထဲ၌ မည်သူက လူသားဘိုးဘေးကို တားနိုင်ပါဦးမည်နည်း။

လောကကြီး ပေါင်းစည်းသွားမည့်အဖြစ်သည် ကျိန်းသေဖြစ်လာမည့်ကိစ္စပင်။ မည်သူက ၎င်းကို တားဆီးနိုင်မည်နည်း။

အကယ်၍ အရှင်ဒွန်ဟောင် ပြောသည့်စကားများသာ အမှန်ဆိုလျှင် လူသားဘိုးဘေးလက်အောက်၌ မဟာအင်ပါယာမည်မျှရှိနေကာ သူသည် သူတို့အားလုံးကို တဖြည်းဖြည်း ပြန်ရှင်သန်လာအောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုသော အချက်သည် အဓိကဖြစ်ပေမည်။

နတ်ဘုရားအင်ပါယာဖိုကျွင်းသည် အရှင်ဒွန်ဟောင်ကို ပြန်မပြောလိုက်ပေ။ မည်သို့ပင်ဖြစ်စေ အရှင်ဒွန်ဟောင်၏ ခန့်မှန်းချက်သည် အလွန် မှန်ပေသည်။

“လက်ရှိလောကထဲမှာ ကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တဲ့ မဟာအင်ပါယာတွေရဲ့ အစွမ်းက ဘယ်လောက်ကြီးလဲ”

နတ်ဘုရားအင်ပါယာဖိုကျွင်းက မေးလိုက်၏။ သူ၏အသံ လွင့်ပြယ်သွားသောအခါ သူ့နောက်ဘက်ကောင်းကင်ထဲတွင် ပြိုင်ဘက်ကင်း နတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းအစီအရင်ထဲတွင် မရေမတွက်နိုင်သော နတ်လက်နက်များ ရှိနေသည်။

တစ်ချိန်တည်းမှာပင် အခြားမဟာအင်ပါယာရှစ်ပါးသည်လည်း သူတို့၏ စွမ်းအားအကြီးဆုံး နတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ ကောင်းကင်ထက်တွင် ပြိုင်ဘက်ကင်း နတ်စွမ်းအားတစ်ခုက သူတို့ကို လွှမ်းခြုံသွားသည်။ ကောင်းကင်အင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် အပြင်းအထန် ရင်ခုန်နေကြသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် ထိုနေရာသို့ မကပ်ဝံ့ကြပေ။ သူတို့သည် တိုက်ပွဲပြင်နှင့် တတ်နိုင်သမျှဝေးဝေးတွင် နေ,နေကြသည်။

အရှင်ဒွန်ဟောင်ထံမှနေ၍ ထုတ်ဖော်ခြင်းနတ်စွမ်းအား ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားသည်။ သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ၏မျက်လုံးများမှနေ၍ အံ့အားသင့်ဖွယ် တိုက်ခိုက်လိုသည့်အငွေ့အသက်များ ထွက်လာသည်။ သူ၏ဝတ်ရုံသည် ဝဲလွင့်နေပြီး သူ၏ ငြင်းမရနိုင်သည့် ခမ်းနားထည်ဝါမှုကို ပြသနေသည်။

သူသည် ရှေးဟောင်းနတ်ဘုရားအင်ပါယာကို ရင်ဆိုင်နေရသည်ဆိုလျှင်လည်း ဘာအ‌ရေးနည်း။ အရှင်ဒွန်ဟောင်သည် လောက၏ အထွတ်အထိပ်ဖြစ်ပြီး ကောင်းကင်ဒေသတစ်ခွင်လုံးကို အုပ်စိုးသူဖြစ်သည်။ ရီဖူရှင်း ယခင်က ပြောခဲ့သလိုပင် ဤခေတ်သည် အတိတ်မှသူများနှင့် မသက်ဆိုင်ပေ။

“ဒီနေ့ ရှေးဟောင်းနတ်ဘုရားအင်ပါယာရဲ့ စွမ်းအားကို ကျုပ် ကိုယ်တိုင်တွေ့ကြုံရဖို့ မျှော်လင့်နေတယ်။ ကျုပ်တို့ တိုက်ကြတာပေါ့”

အရှင်ဒွန်ဟောင်သည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ သူ၏အသံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏အသံ ပျောက်ကွယ်သွားသောအခါ ထုတ်ဖော်ခြင်းနတ်စက်ကွင်းသည်လည်း အဆုံးစွန်အထိ ထွက်ပေါ်လာ၏။ အချိန်တစ်ခုအထိ နတ်ဘုရားအင်ပါယာဖိုကျွင်းမှလွဲ၍ အခြားမဟာအင်ပါယာရှစ်ပါးသည် ထိုနတ်စွမ်းအား၏ အဆုံးစွန်ဖိနှိပ်မှုကို ခံလိုက်ရ၏။ သူတို့အတွက် လှုပ်ရှားရန်ပင် ခက်ခဲနေလေသည်။

“အဲဒါက ဘယ်လို နတ်စွမ်းအားမျိုးလဲ”

နတ်ဘုရားအင်ပါယာဖိုကျွင်းက အရှင်ဒွန်ဟောင်ကို မေးလိုက်၏။ နတ်ဘုရားအင်ပါယာဖိုကျွင်းသည်လည်း ထုတ်ဖော်ခြင်းနတ်စွမ်းအား နောက်ကွယ်ရှိ ထူးကဲသောစွမ်းအားကို အာရုံခံမိခဲ့ကြောင်း ထင်ရှား၏။

“ထုတ်ဖော်ခြင်းနတ်စွမ်းအား”

အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။ သူ ထုတ်ဖော်ခြင်းနတ်စွမ်းအားကို ဖန်တီးခဲ့စဉ်က ကောင်းကင်မင်းသမီးနှင့် အတူတကွ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထုတ်‌ဖော်ခြင်းနတ်စွမ်းအားသည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်နိုင်ပြီး အလွန်စွမ်းအားကြီးသော နတ်စွမ်းအားတစ်ခုဖြစ်သည်။

All Chapters