နတ်ဘုရားအင်ပါယာတစ်ပါး၏ သေဆုံးမှု
Vol. 203 Ch. 2894
ရီဖူရှင်းသည် ခေါင်းမော့၍ အထက်ကောင်းကင်ရှိ တိုက်ပွဲကို ကြည့်သည်။ အကန့်အသတ်မဲ့ ကောင်းကင်၏ မြင့်မားသောနေရာတွင် လွန်စွာစွမ်းအားကြီးသူနှစ်ယောက်သည် အပြင်းအထန် တိုက်ခိုက်နေကြလေသည်။
လက်ရှိ တိုက်ပွဲပြင်တွင် သူတို့နှစ်ယောက်စလုံးက ထုတ်လွှတ်ထားသော နတ်စက်ကွင်းများသည် တစ်ခုနှင့်တစ်ခု ထပ်ကာ အားပြိုင်နေကြသည်။ တလက်လက်တောက်ပနေသော ငွေရောင်လောကသည် ထုတ်ဖော်ခြင်းလောကနှင့် ထပ်နေသည်။ ၎င်း၏ များစွာသော ငွေရောင်အလင်းတန်းများသည် ထိုနေရာကို ချုပ်နှောင်ထားသည်။ လောကတစ်ခုလုံးကိုလည်း ရေခဲတမျှအေးစက်သော ငွေရောင်အလင်းက လွှမ်းခြုံထားသည်။
နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ခန္ဓာကိုယ်သည် ငွေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ငွေရောင်လောကထဲတွင် ပျံသန်းသွားသည်။ သူသည် အရှင်ဒွန်ဟောင်ကို အကြိမ်ပေါင်းများစွာ အနီးကပ် တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်သည် နောက်သို့ ထပ်ခါထပ်ခါ ဆုတ်နေရသည်။
နတ်ဘုရားအင်ပါယာဖိုကျွင်းသည် မဟာအင်ပါယာရှန့်ကျားနှင့်ပင် ယှဉ်နိုင်သူဖြစ်သဖြင့် သူ၏ ခန္ဓာစွမ်းအားများသည် ပြိုင်ဘက်ကင်းပေသည်။
အရှင်ဒွန်ဟောင်၏ တိုက်ခိုက်စွမ်းအားသည်လည်း မနိမ့်ပေ။ သို့သော် သူည် မဟာအင်ပါယာရှန့်ကျား၏ လမ်းစဉ်ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ချေ။
ငွေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ခန္ဓာကိုယ်သည် လမ်းစဉ်စွမ်းအားများကို အသုံးပြုကာ ဧရာမငွေလှံတစ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် ကောင်းကင်ကို တိုက်ရိုက်ဖောက်ထွင်းသွားပြီး ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ငွေရောင်အလင်းတန်းတစ်ခုကို ချန်ထားခဲ့ကာ အရှင်ဒွန်ဟောင်ထံသို့ ပျံဝင်သွားသည်။
အရှင်ဒွန်ဟောင်သည် လက်မြှောက်ကာ ဆန့်တန်းလိုက်၏။ ပတ်ဝန်းကျင်ရှိ ထုတ်ဖော်ခြင်းနတ်စွမ်းအား အကာအရံသည် ထပ်မံ ထိုးဖောက်ခံလိုက်ရ၏။ ဤတစ်ကြိမ်တွင် ၎င်းသည် ငွေရောင်နတ်လှံ၏ ထိုးဖောက်မှုကို ခံလိုက်ရခြင်းပင်။ ထုတ်ဖော်ခြင်း နတ်ဓားသည် ၎င်းကို တားဆီးလိုက်သော်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ငွေရောင်နတ်လှံသည် မဟာရတနာတစ်ခုကဲ့သို့ပင်။ ၎င်း၏ တိုက်ခိုက်မှုသည် အဆက်မပြတ်ပင်။
အရှင်ဒွန်ဟောင်သည် သူ့ကိုယ်တွင်းမှ ထုတ်ဖော်ခြင်းနတ်စွမ်းအားကို အဆုံးစွန်ပမာဏအထိ ထုတ်လိုက်သည်။ ၎င်းသည် လှံကို လွှမ်းခြုံသွား၏။ ထို့ကြောင့် လှံ ထပ်မံတိုက်ခိုက်သောအခါ ကာရံခံလိုက်ရ၏။ သို့သော် ငွေလှံသည် အပြင်းအထန် စတင်တုန်ခါလာသည်။ ၎င်း၏ နတ်ရောင်ဝါသည်လည်း ပို၍ တောက်ပလာလေသည်။
တောက်ပသော ငွေရောင်နတ်အလင်းသည် အရှင်ဒွန်ဟောင်၏ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်သည်။ ထို့ကြောင့် အရှင်ဒွန်ဟောင်၏ခန္ဓာကိုယ်သည် ငွေရောင်ပြောင်းသွားပြီး ရုပ်တုတစ်ခုကဲ့သို့ ဖြစ်သွားသည်။
“ထိုးဖောက်...”
အမိန့်ပေးသံ တစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် နတ်ဘုရားအင်ပါယာဖိုကျွင်း၏ လှံသည် အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်ကို တန်းတန်းမတ်မတ် ထိုးဖောက်သွား၏။ ထိုအခိုက်တွင် ငွေရောင်အလင်းသည် အတောက်ပဆုံးဖြစ်သည်။ အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းနေသော ရေခဲ့ရုပ်တုတစ်ခုကဲ့သို့ ဖြစ်နေသည်။
အောက်ဘက်ကောင်းကင်ရှိ ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ခုန်မြန်သွားသည်။ သူသည် ချက်ချင်း ကောင်းကင်ထက်သို့ ပျံတက်ကာ တိုက်ပွဲပြင်သို့ သွားလို၏။ သို့သော် သူ့ကို ရံရွှေတော်ချင်က တားလိုက်သည်။ သူ ရံရွှေတော်ချင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။ ရံရွှေတော်ချင်သည် သူ့ကို ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ပြိုင်ဘက်ရဲ့ နတ်စွမ်းအားက အရာအားလုံးကို ဖောက်ထွင်းနိုင်တယ်... အဲဒါက တကယ့်ကို အစွမ်းကြီးတယ်။ ဒါပေမဲ့ ဒီ နတ်စွမ်းအားပြိုင်ပွဲမှာ ထုတ်ဖော်ခြင်းနတ်စွမ်းအားကပဲ နိုင်မှာပါ။ အစကတည်းက အဲဒီလိုဖြစ်ဖို့ ကံပါလာခဲ့ပြီပဲ”
ရီဖူရှင်းသည် ရံရွှေတော်ချင်၏ သူ့အဖေအပေါ် အလွန်ယုံကြည်မှုကို အံ့အားသင့်သွားသည်။ သို့သော် သူမ ထိုသို့ပြောသည်မှာ အကြောင်းတစ်ခု ရှိပေလိမ့်မည်။
သူသည် အထက်ကောင်းကင်ကို ဆက်ကြည့်နေလိုက်သည်။ သူ၏အကြည့်သည် အကန့်အသတ်မဲ့ အာကာပြင်ကို ထွင်းဖောက်ကာ တိုက်ပွဲကို ကြည့်နေလေသည်။ လက်ရှိတွင် အရှင်ဒွန်ဟောင်သည် ရုပ်တုကဲ့သို့ ဖြစ်နေပြီး မည်သည့်အားသာချက်မှ ရှိမနေပေ။
“လက်ရှိခေတ်ရဲ့ စွမ်းအားအကြီးဆုံး မဟာအင်ပါယာကလည်း ဘာမှ သိပ်မဟုတ်ပါလား”
နတ်ဘုရားအင်ပါယာဖိုကျွင်း ထွက်ပေါ်လာ၏။ သူ၏လက်ထဲတွင် လှံကို ကိုင်ထားပေသည်။ သူ၏အသံသည် နှစ်ပေါင်းများစွာအတွင်း ကိစ္စပေါင်းများစွာကို မြင်ခဲ့ရသူတစ်ဦး၏ စိတ်ပျက်သောအသံကဲ့သို့ပင်။ လက်ရှိလောကသည် သူ့ကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။
“ဟမ်...”
သို့သော် သူ စကားပြောပြီးနောက်တွင် မျက်မှောင်ကြုတ်ကာ သူ၏နတ်စွမ်းအားကို ထုတ်လိုက်သည်။ သို့သော် ၎င်းသည် အရှင်ဒွန်ဟောင်၏ ရုပ်တုကို အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားစေပေ။ ထိုအစား သူသည် အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းအား အရှိန်အဟုန်ဖြင့် ထွက်လာသည်ကို အာရုံခံမိလိုက်လေသည်။ အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်သည် အခေါင်းဖြစ်နေပြီး ထိုအထဲတွင် သူ၏နတ်စွမ်းအား မကျန်ရစ်နိုင်ပုံပင်။
ထိုစဉ်တွင် နတ်ဘုရားအင်ပါယာဖိုကျွင်းသည် သက်ပြင်းချသံတစ်သံကို ကြားလိုက်ရ၏။ တစ်စုံတစ်ယောက်သည် သူ့အတွက် သက်ပြင်းချနေသကဲ့သို့ပင်။
ထိုသက်ပြင်းချသံသည် အရှင်ဒွန်ဟောင်၏ ရုပ်တုဆီမှ ထွက်ပေါ်လာကြောင်း အံ့အားသင့်ဖွယ် သိလိုက်ရ၏။
နတ်ဘုရားဖိုကျွင်း၏ မျက်နှာသည် ဖြူဖျော့သွားပြီး နောက်ပြန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ့ကို နတ်စွမ်းအားက ဝန်းရံထားပြီဖြစ်ကြောင်း သူသတိပြုမိလိုက်လေသည်။ သူ အရှင်ဒွန်ဟောင်၏ ခန္ဓာကိုယ်အတွင်းသို့ လှံထိုးသွင်းလိုက်စဉ်ကတည်းက အရာအားလုံးကို ကြိုတင်သတ်မှတ်လိုက်ပြီးပြီဖြစ်သည်။
ဝုန်း...
နတ်ဘုရားဖိုကျွင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။ အလယ်ရှိ သူ၏ရုပ်ခန္ဓာအစိတ်အပိုင်းသည် ဖျက်ဆီးခံလိုက်ရကာ ပျောက်ကွယ်သွားသည်။ သူ ခေါင်းငုံ့၍ ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်သည် တစ်စစီဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ကြောက်မက်ဖွယ် နတ်စွမ်းအားသည် သူ့ကိုယ်တွင်းသို့ လျင်မြန်စွာ ဝင်သွား၏။ နတ်ဘုရားအင်ပါယာဖိုကျွင်းသည် စတင် တုန်ယင်လာလေသည်။
တစ်ချိန်တည်းမှာပင် အရှင်ဒွန်ဟောင်ရုပ်တုသည် ပြန်လှုပ်ရှားလာလေသည်။ သူသည် မည်သည့်ထိခိုက်မှုမှ မရှိခဲ့သလိုပင်။
နတ်ဘုရားအင်ပါယာဖိုကျွင်း၏ မျက်လုံးများထဲတွင် အကြောက်တရား ထွက်ပေါ်လာ၏။ လက်ရှိ မဟာအင်ပါယာခြောက်ပါးသည် ထိုမျှ စွမ်းအားကြီးသလော။
“နတ်ဘုရားအင်ပါယာဖိုကျွင်း... ခင်ဗျားရဲ့ တိုက်ခိုက်စွမ်းအားတွေက ပြိုင်ဘက်ကင်းတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဉာဏ်အလင်းပွင့်မှုကတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ခင်ဗျား ရှုံးသွားပြီ”
အရှင်ဒွန်ဟောင် သူ့ကို မှတ်ချက်ပြုလိုက်သည်။ သူ့ကို နတ်အလင်းက လှည့်ပတ်နေပြီး သူသည် အလွန် တော်ဝင်ဆန်နေသည်။ သူသည် နတ်ဘုရားအင်ပါယာဖိုကျွင်းထက် ဝါနုသော်လည်း သူ၏သဘောထားကြီးမှုက သူ့ကို လေးစားထိုက်သူတစ်ယောက် ဖြစ်စေလေသည်။
နတ်ဘုရားအင်ပါယာဖိုကျွင်းသည် အရှင်ဒွန်ဟောင်ကို ကြည့်လိုက်၏။ အရှင်ဒွန်ဟောင်သည် သူ့အကြည့်ကို နားလည်ပေသည်။ နတ်ဘုရားအင်ပါယာဖိုကျွင်းသည် နတ်ဘုရားအင်ပါယာဖြစ်သဖြင့် စိတ်ကြီးဝင်နိုင်သော အကြောင်းများ ရှိပေသည်။ ဤကဲ့သို့သော အချိန်တွင်ပင် သူသည် သနားညှာတာရန် တောင်းဆိုမည်မဟုတ်ပေ။ သူ၏ မာနသည် ထိုသို့လုပ်ရန် ခွင့်ပြုမည်မဟုတ်ပေ။
သို့သော် အရှင်ဒွန်ဟောင်က သက်ပြင်းချ၍ ပြောလိုက်၏။
“ခင်ဗျားက ကျုပ်ရဲ့ စီနီယာ ဆိုပေမယ့် ကျုပ် ခင်ဗျားကို လွှတ်မပေးနိုင်ဘူး။ ကျုပ်ကို ခွင့်လွှတ်ပါ”
ထို့နောက်တွင် ရုတ်ခြည်းပင် နတ်စွမ်းအားသည် နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ခန္ဓာကိုယ်ကို ဝါးမျိုသွားကာ သူ့ကို တဖြည်းဖြည်းချင်း လောကအတွင်းမှ ပျောက်ကွယ်သွားစေ၏။ သူသည် ဤလောကထဲတွင် တစ်ခါမှ မတည်ရှိခဲ့သလိုမျိုး ပျောက်ကွယ်နေသည်။
အရှင်ဒွန်ဟောင်သည် နတ်ဘုရားအင်ပါယာဖိုကျွင်း၏ ပျောက်ကွယ်နေပုံကို ကြည့်ကာ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေလေသည်။ အစကတည်းက သူသည် နတ်ဘုရားအင်ပါယာဖိုကျွင်းကို အဆုံးသတ်ရန် ပြင်ဆင်မှုများ လုပ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ဘုရားအင်ပါယာဖိုကျွင်းကို ဤထောင်ချောက်အတွင်းသို့ မျှားခေါ်လာခဲ့ခြင်းပင်။ ထိုမှသာ နတ်ဘုရားအင်ပါယာဖိုကျွင်းတွင် ထွက်ပြေးရန် အခွင့်အရေး မရှိမည်ဖြစ်သည်။
သူနှင့် ရီဖူရှင်းတို့သည် တစ်နေ့တွင် လူသားဘိုးဘေးနှင့် သူ့ဘက်မှလူများနှင့် တိုက်ခိုက်ရပေလိမ့်မည်။ နတ်ဘုရားအင်ပါယာတစ်ပါးသည် များစွာ ထိခိုက်စေမည်ဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ဘုရားအင်ပါယာကို လုံးဝ အသက်ရှင်ခွင့်ပေးလိုက်ရမဖြစ်ပေ။ သူသည် နတ်ဘုရားအင်ပါယာကို ဤနေရာတွင် ထာဝရရှိနေစေရန် အသင့်တော်ဆုံး နည်းလမ်းကို ရွေးလိုက်ခြင်းဖြစ်လေသည်။
သူ အောက်သို့ ပျံဆင်းလာ၏။ ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူများသည် အရှင်ဒွန်ဟောင် ပြန်လာသည်ကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။
ယနေ့တွင် မဟာအင်ပါယာကိုးပါးသည် တိုက်ခိုက်ရန် ရောက်လာခဲ့သည်။ ထိုကိုးပါးထဲတွင် ရှေးခေတ်မှ နတ်ဘုရားအင်ပါယာတစ်ပါးလည်းပါပေသည်။ သို့သော် အရှင်ဒွန်ဟောင်သည် သူတို့ကို တစ်ယောက်မကျန် ရှင်းပစ်လိုက်သည်။
မဟာအင်ပါယာကိုးပါးလုံး သေဆုံးသွားခဲ့ပေပြီ။
အရှင်ဒွန်ဟောင် ပြန်ရောက်လာခြင်းကြောင့် ရီဖူရှင်းလည်း အံ့အားသင့်သွားသည်။
“ဖူရှင်း...”
အရှင်ဒွန်ဟောင် အော်ခေါ်လိုက်သည်။
“မင်းက ဘာလို့ နိုးထလာတာလဲ”
“ကျုပ်က အဖေ့ရဲ့ တိုက်ပွဲကို အာရုံခံမိလို့ ဒီကိုလာပြီး ကြည့်တာပါ”
ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ အရှင်ဒွန်ဟောင်သည် ရီဖူရှင်း သူ့ကို ခေါ်လိုက်ပုံကြောင့် ခေတ္တမျှ မှင်တက်သွားသည်။ သို့သော် မကြာခင်မှာပင် သူ့မျက်နှာပေါ်၌ ကျေးဇူးတင်ဟန် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။
“နတ်ဘုရားအင်ပါယာဖိုကျွင်းကိုသတ်ဖို့ အဖေသုံးသွားတဲ့ နတ်စွမ်းအားက ထုတ်ဖော်ခြင်းနတ်စွမ်းအားထက် သာသိလိုပဲ။ အဲဒါက ထုတ်ဖော်ခြင်းနတ်စွမ်းအားကနေ ဆင့်ကဲတိုးတက်သွားတဲ့ စွမ်းအားလား”
ရီဖူရှင်းသည် ထိုအကြောင်းကို သိလိုနေ၏။
“ငါတို့ ပြန်ရောက်ရင် ငါအဲဒီအကြောင်းကို ရှင်းပြပါမယ်”
အရှင်ဒွန်ဟောင်သည် တန်းမဖြေလိုက်ဘဲ အချိန်ဆွဲထားလေသည်။ ထို့နောက် သူတို့သည် ကောင်းကင်(၉၉)လွှာသို့ ပြန်သွားကြလေသည်။
“အတိတ်တုန်းက ငါက မင်းအမေနဲ့အတူ ကျင့်ကြံတရားထိုင်ခဲ့တာ။ ငါတို့က ကျင့်ကြံခြင်းခရီးရဲ့ အဆုံးကို ရောက်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှားခဲ့ကြတယ်။ ထုတ်ဖော်ခြင်းနတ်စွမ်းအားက ငါတို့ကို အဆုံးထိရောက်သွားအောင် ကူညီပေးနိုင်စွမ်းရှိတဲ့ နတ်စွမ်းအားတစ်ခုပဲ။ အဲဒါကြောင့် မင်းရဲ့အမေက ငါ ထုတ်ဖော်ခြင်းနတ်စွမ်းအားရဲ့ ဆင့်ကဲပြောင်းလဲမှုရဲ့ ဆန်းကြယ်မှုတွေကို ပိုပြီး ကောင်းကောင်း သိနိုင်အောင် ငါ့အပေါ်မှာ စမ်းသပ်ချက်တချို့ လုပ်ခဲ့တယ်။ ငါတို့ တကယ်လည်း အောင်မြင်ခဲ့တယ်။ ထုတ်ဖော်ခြင်းနတ်စွမ်းအားရဲ့ အဆုံးက ဗလာနတ္တိပဲ။ ဒါပေမဲ့ အခုအထိတော့ ငါ ဗလာနတ္တိအဆင့်ကို ကောင်းကောင်း မကျွမ်းကျင်သေးဘူး။ တကယ်လို့ ငါသာ အဲဒီအဆင့်ကို ကျွမ်းကျင်သွားပြီဆိုရင် ကိစ္စတွေက အခုလို ဖြစ်နေမှာ မဟုတ်ဘူး”
ရီဖူရှင်းသည် အရှင်ဒွန်ဟောင်၏ ရှင်းပြချက်ကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ့အမေ၏ ကျေးဇူးကြောင့် သူ့အဖေသည် နတ်ဆိုးအင်ပါယာနှင့် အခြားသူများနှင့် အဆင့်တူနေသည့်ပုံပင်။
“ထုတ်ဖော်ခြင်းနတ်စွမ်းအားက ကျင့်ကြံခြင်းရဲ့ အဆုံးသတ်ကို ညွှန်ပြနိုင်တယ်ဆိုပေမယ့် အဲဒါက လမ်းမှန် မဟုတ်ဘူး။ အဲဒါကြောင့် မင်း အဲဒီလမ်းကို လျှောက်စရာမလိုဘူး။ မင်းရဲ့အမေ မင်းအတွက် ချန်ပေးခဲ့တာတွေကိုပဲ ပြည့်ပြည့်ဝဝ နားလည်နိုင်အောင် ကျင့်ကြံပါ။ အဲဒါဆို မင်း ကျင့်ကြံခြင်းခရီးရဲ့ အဆုံးကို ငါ့ထက်အရင် ရောက်သွားလိမ့်မယ်”
အရှင်ဒွန်ဟောင် ဆက်၍ ရှင်းပြလိုက်သည်။ ရီဖူရှင်း ကျင့်ကြံခြင်းခရီးအဆုံးသို့ ရောက်သွားစေရန်သည် သူတို့အားလုံး မျှော်လင့်သောအရာဖြစ်ပေသည်။