မှော်နက်အရှင်
Vol. 203 Ch. 2898
မှော်နက်နန်းတော်၏ ထိပ်ဆုံးတွင် လောကအဆုံးသတ် ရောက်ရှိလာသကဲ့သို့ ထင်ရ၏။
အထက်ကောင်းကင်တွင် အဖျက်မုန်တိုင်းများ အဆက်မပြတ် ထန်နေသည်။ ၎င်းတို့ထဲတွင် မရဏနှင့် ပျက်သုဉ်းခြင်း ဝိညာဉ်စွမ်းအား ပြည့်နှက်နေသည်။ သို့သော် ထိုမုန်တိုင်းများအောက်၌ အေးစက်သည့်ဟန် မျက်နှာဖုံးဝတ်ထားသည့် ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ထိုင်နေလေသည်။ ထိုသူသည် မျက်လုံးများပိတ်ကာ ကျင့်ကြံနေ၏။
ထိုသူမှာ မှော်နက်အရှင်ပင်။
မှော်နက်အရှင်သည် မှော်နက်နန်းတော်နှင့် မှော်နက်လောကတို့၏ အုပ်စိုးသူဖြစ်သဖြင့် နတ်ဆိုးအင်ပါယာနှင့် အတွေးတူပေသည်။ သူတို့နှစ်ပါးစလုံးသည် မကြာခင်၌ လောကကြီးသည် ကြီးမားသော ကပ်ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရတော့မည်ကို အာရုံခံမိကြသည်။ ထိုကပ်ဘေးသည် လောကတစ်ခွင်လုံးကို ဝါးမျိုသွားမည်ဖြစ်သည်။ ထိုအဖြစ်သည် လွန်ခဲ့သောငါးရာစုက အဖြစ်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းပေမည်။ ထိုကပ်ဘေးကို တစ်ကိုယ်တော် ဖြတ်ကျော်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သူ့အတွက်လည်း ထို့အတူပင် ဖြစ်သည်။
ယခုတွင် မှော်နက်အရှင်သည် ကျင့်ကြံခြင်းတွင် လုံးဝစိတ်နစ်နေပြီး သူ၏လမ်းစဉ်ကို လေ့လာသုံးသပ်နေသည်။
“တပည့်...”
ထိုစဉ် မှော်နက်အရှင်၏ စိတ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် မှော်နက်အရှင်သည် ပုံရိပ်ယောင်လောကတစ်ခုအတွင်းသို့ ဝင်သွားသည်ဟု ခံစားလိုက်ရ၏။
ထိုပုံရိပ်ယောင်လောကထဲတွင် အဖျက်မုန်တိုင်းများ ရှိနေသည်။ လောကတစ်ခုလုံးသည် ကပ်ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။ သူသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး အေးစက်သည့်ဟန် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး ပျက်စီးနေသော ကုန်းမြေရှေ့တွင် ရပ်နေလေသည်။ သူ့အရှေ့တွင် အဘိုးအိုတစ်ယောက် ရှိနေ၏။
ထိုအဘိုးအိုထံတွင် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါ ရှိပေသည်။ သူသည် သိမ်မွေ့ပြီး သူ့ထံမှနေ၍ ဖော်ပြ၍မရနိုင်သော အငွေ့အသက်တစ်ခု ရနေသည်။ သူ၏မျက်နှာသည် အမြဲပြုံးနေပြီး အကြင်နာတရားနှင့် ဝင်းဖြာနေသည်။ ထို့ကြောင့် သူ့ကို မြင်ရသူတိုင်းသည် လွန်စွာ သက်တောင့်သက်သာ ခံစားရလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူသည် ကြင်နာတတ်သော အဘိုးအိုတစ်ယောက်ဖြစ်ကြောင်း သိနိုင်လေသည်။
ဝုန်း...
ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုသည် ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားပြီး အဘိုးအိုထံ ဦးတည်သွားသည်။ အထက်ကောင်းကင်မှနေ၍ အဖျက်အလင်းများ သူ့ထံသို့ ကျဆင်းသွားသည်။ သို့သော် အဘိုးအို၏ ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်ရ၏။ သူသည် မုန်တိုင်းအောက်တွင် ပြုံးကာ ဆက်ရပ်နေလေသည်။ သူ မှော်နက်အရှင်ကို ကြည့်ကာ ပြောလိုက်၏။
“တပည့်... မင်းက မင်းရဲ့ဆရာကို မနှုတ်ဆက်တော့ဘူးလား”
ဝုန်း...
အဖျက်အလင်းများ အဆက်မပြတ် ကျဆင်းနေသည်။ ကောင်းကင်ထဲတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ယင်းမုန်တိုင်းမှနေ၍ ကြောက်မက်ဖွယ် ကပ်ဘေးတစ်ခု ကျဆင်းလာသည်။ ကပ်ဘေးသည် လောကကို ဝါးမျိုလိုနေသည်။ အဘိုးအိုသည် ထွက်ပေါ်လာချင်းချင်းမှာပင် ၎င်း၏ ဖျက်ဆီးမှုကို ခံလိုက်ရ၏။ သို့သော် သူ ထပ်ခါ ထပ်ခါ ပြန်ပေါ်လာပြီး ပေါ်လာသည့်အခါတိုင်းလည်း ကပ်ဘေး၏ ဖျက်ဆီးမှုကို ခံနေရလေသည်။
သူသည် ပြန်ပေါ်လာတိုင်း မှော်နက်အရှင်ကို ပြုံး၍ ကြည့်ကာ ပြော၏။
“ချစ်တပည့်... မင်းက ငါတို့ နောက်ဆုံးအကြိမ်တွေခဲ့ကတည်းက မင်းရဲ့ လမ်းစဉ်ကို သက်သေပြပြီးခဲ့ပြီ။ မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ငါတို့ မတွေ့ရတာ ကြာပြီ... ငါမင်းကို တွေ့ချင်တယ်”
“သေလိုက်...”
မှော်နက်အရှင်သည် မျက်မှောင်ကြုတ်လိုက်၏။ သူ၏အကြည့်ထဲတွင် အဆုံးမဲ့သော အမုန်းတရားနှင့် ပြည့်နှက်နေသည်။
မကြာခင်တွင် အဘိုးအို ပျောက်ကွယ်သွားသည်။ သို့သော် သူ၏စိတ်ထဲတွင် အဘိုးအို၏ မျက်နှာ စွဲထင်ကျန်ရစ်ခဲ့သည်။ အဘိုးအို၏မျက်နှာသည် သူ၏အာရုံထဲတွင် ထွင်းထားသကဲ့သို့ပင်။
သူ၏အတွေးထဲ၌ မရေမတွက်နိုင်သော မှတ်ဉာဏ်များ ထွက်ပေါ်လာ၏။ ထိုမှတ်ဉာဏ်များထဲတွင် နေရောင်အောက်၌ ခြေဗလာဖြင့် ပြေးလွှားနေသော မိန်းမပျိုတစ်ယောက်၏ ပုံရိပ်တစ်ခုလည်း ပါပေသည်။ သူမသည် အပူအပင်ကင်းပုံပေါ်၏။ သူမ၏မျက်လုံးများသည် ကြည်လင်တောက်ပနေသည်။ သူမ၏အကြည့်တွင် မကောင်းသည့်အရိပ်အယောင် တစ်ခုပင် မရှိချေ။ သူမ၏နှလုံးသားသည် စင်ကြယ်ကာ သူမသည် သူမ၏မိဘများနှင့် အေးချမ်းသောဘဝလေးကို နေထိုင်နေသည်။
ထို့နောက်တွင် ပုံရိပ်ထဲသို့ အဘိုးအို ရောက်လာသည်။ သူသည် လွန်စွာ ကြင်နာ၍ သဘောကောင်းပုံပေါ်လေသည်။ သူသည် သူမကို မည်သို့ စာဖတ်ရမည်၊ မည်သို့ ကျင့်ကြံရမည်ကို သင်ပေးခဲ့သည်။ သူမနှင့် သူမ၏မိဘများသည် အဘိုးအိုကို အလွန်လေးစားခဲ့ကြသည်။
သို့သော် တစ်နေ့တွင် အရာအားလုံး ပြောင်းလဲသွား၏။
မှော်နက်အရှင်သည် သူ၏ အရက်စက်ဆုံးမှတ်ဉာဏ်များ၏ နှိပ်စက်မှုကို ထပ်မံခံနေရသည်။ သူ၏အတွေးထဲတွင် သွေးထွက်သံယို ပုံရိပ်များနှင့် ပြည့်နှက်နေသည်။ သူသည် လောကထဲရှိ အကြီးမားဆုံး အပြစ်များကို ကျူးလွန်ခဲ့သည်။ သူသည် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ပေ။ ထို့အပြင် သူသည် အဘိုးအိုကိုလည်း ခွင့်မလွှတ်နိုင်ပေ။
သူ၏ စိတ်ထဲတွင် ပြန်ပေါ်လာသော မှတ်ဉာဏ်များသည် သူ၏နှလုံးသားကို နာကျင်နေစေသည်။
မှော်နက်နန်းတော်၏ ထိပ်တွင် ကျင့်ကြံနေသော မှော်နက်အရှင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏မျက်နှာဖုံးအောက်ရှိ မျက်လုံးများမှနေ၍ မျက်ရည်များ စီးကျလာသည်။ သို့သော် သူသည် ခံစားချက်ကင်းမဲ့နေသည်။ သူ့ထံမှ သံမဏိကဲ့သို့ ခိုင်မာသည့် အေးစက်စက် သတ်ဖြတ်လိုသည့်အငွေ့အသက် ထွက်ပေါ်လာ၏။ မည်သူမှ သူ၏ စိတ်ကို ပြောင်းလဲနိုင်မည့်ပုံမပေါ်ပေ။
ကောင်းကင်ထဲရှိ အဖျက်မုန်တိုင်းများပင် တုန်ခါသွားသည်။ သူသည် အနည်းငယ် ခေါင်းမော့၍ မုန်တိုင်းကို ကြည့်လိုက်၏။ အဘယ်ကြောင့် သူ၏အိပ်မက်ထဲတွင် အဘိုးအို ထွက်ပေါ်လာရသနည်း။
“ခင်ဗျား ပြန်လာပြီလား”
မှော်နက်အရှင်သည် ရေခဲတမျှ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် သူသည် အိပ်မက် မက်မည် မဟုတ်ပေ။ တစ်စုံတစ်ခုက အမှောင်ထဲမှနေ၍ သူ့အပေါ် လွှမ်းမိုးနေခြင်း ဖြစ်မည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ကွယ်သွားသော သူသည် ပြန်လာခြင်းဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။
မှော်နက်အရှင်သည် သူ၏လက်ဖြင့် မျက်နှာဖုံးကို ကိုင်ကာ ချွတ်လိုက်သည်။ မျက်နှာဖုံးအောက်တွင် လွန်စွာလှပသော မိန်းမမျက်နှာလေး ထွက်ပေါ်လာလေသည်။ သို့သော် ထိုမျက်နှာလေးသည် ရေခဲတမျှအေးစက်နေသည်။ ထို့အပြင် မျက်နှာပေါ်တွင် အဆုံးမဲ့သော အမုန်းတရားများလည်း ရှိနေသည်။
သူမသည် ဤလောကကို မုန်းခဲ့သည်။
အဘယ်ကြောင့် သူက သူမကို ကျင့်ကြံခြင်းသင်ပေးပြီး အသူရာစွမ်းအား ပေးခဲ့သည်ကို သူမ မသိပေ။ ထို့အပြင် သူသည် အဘယ်ကြောင့် သူမကို လူသားမျိုးနွယ်၏ အမှောင်မိုက်ဆုံးအပိုင်းနှင့် ရင်ဆိုင်စေခဲ့ပြီး သူမကို ရှင်လျက်ငရဲကျစေခဲ့ကြောင်းကိုလည်း သူမ မသိပေ။
သူ မည်သူဆိုသည်ကိုပင် သူမ မသိပေ။ သို့သော် သူ မည်သူပင်ဖြစ်စေ သူမသည် သူ့ကို အသက်ရှင်လျက် ငရဲကျသလို ခံစားရအောင် ဘာပဲလုပ်ရလုပ်ရ လုပ်မည်ဖြစ်သည်။
သူမထရပ်လိုက်ပြီး ထိုနေရာမှ အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။ သူမ ပြန်ပေါ်လာသောအခါ သူမသည် အဖျက်မုန်တိုင်းတစ်ခုအတွင်း၌ ရောက်နေ၏။ လေထဲတွင် ကြောက်မက်ဖွယ် အနက်ရောင်ကြာပွင့်တစ်ပွင့် ရှိနေသည်။ ထိုနေရာတွင် ရီချင်းယောင်သာ ရှိနေ၏။
ရီချင်းယောင်သည် သူမ ရောက်လာသည်ကို အာရုံခံမိပုံပေါ်၏။ သူမသည် မျက်လုံးများဖွင့်၍ မှော်နက်အရှင်ကို ကြည့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ဆရာ...”
သူမသည် မှော်နက်အရှင်၏ မျက်နှာအစစ်ကို တွေ့လိုက်သောအခါ အံ့ဩမသွားပေ။ မှော်နက်နန်းတော်မှ လူများထဲတွင် သူမသည် သူမဆရာ၏ မျက်နှာအစစ်အမှန်ကို တွေ့ဖူးသည့် တစ်ယောက်တည်းသောသူ ဖြစ်နိုင်သည်။ သူမသည် သူမ၏ဆရာခံစားခဲ့ရသော ဝေဒနာများအကြောင်းကို သိသည်။ သူမ၏ဆရာသည်လည်း သူမလိုပင် လူသားမျိုးနွယ်၏ အရုပ်ဆိုးဆုံးအပိုင်းကို မြင်တွေ့ခဲ့ရသည်။
သူမ၏ဆရာသည် သူမကို အထင်ကြီးသဖြင့် ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ကြောင်း သူမသိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့သည် အတူတူပင် ဖြစ်၍ဖြစ်သည်။
“ချင်းယောင်...”
မှော်နက်အရှင်က သူမကို ကြည့်၍ ပြောလိုက်၏။
“မင်းက အမှောင်ထုထဲမှာ မွေးလာတာ... စစ်မှန်တဲ့ အမှောင်သမီးတော်ပဲ။ ဒါပေမဲ့ မင်း အမှောင်ထုထဲကို အပြည့်အဝ မရောက်သွားသေးတာက မင်းရဲ့ ရင်ထဲမှာ အလင်းရှိနေသေးလို့ပဲ။ ဒါပေမဲ့ အဲဒီအလင်းက ပုံရိပ်ယောင်တစ်ခုပဲ။ အရာအားလုံးက အမှားတွေပဲ”
ရီချင်းယောင်သည် အနည်းငယ် ခေါင်းငုံ့လိုက်သည်။ သူမသည် သူမ၏ရင်ထဲတွင် အလင်းရှိနေသေးကြောင်း သိပေသည်။ သူမ၏ဇစ်မြစ်သည် မှော်နက်အရှင်နှင့် ကွဲပြားပေသည်။ မှော်နက်အရှင်သည် သူမကို အလင်းမှနေ၍ အမှောင်ထုသို့ ခေါ်ဆောင်သွားသူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။ သူမမှာမူ အမှောင်ထုမှနေ၍ အလင်းသို့ ခေါ်ဆောင်သွားသူနှင့် တွေ့ခဲ့ရသည်။ သူမတို့၏ အတွေ့အကြုံများသည် လုံးဝကွဲပြားပေသည်။
“ဟန်ဆောင်အကြင်နာတရားတွေပဲရှိတဲ့ ဒီလောကကြီးက အလင်းကို ဆုံးရှုံးခဲ့ပြီးပြီ။ ဒီလောကထဲမှာ အမှောင်ထုပဲရှိတယ်။ သူ လုပ်ခဲ့တာတွေက မင်းအတွက် မဟုတ်ဘူး။ မင်းရဲ့ အရည်အချင်းကို သူ မျက်စိကျသွားခဲ့လို့ပဲ။ လောကထဲမှာ ကံဆိုးတဲ့သူတွေ အများကြီးရှိတယ်။ သူက ဘာလို့ သူတို့ကိုကျ မကယ်ရတာလဲ။ သူက မင်းကို ကယ်ခဲ့တယ်ဆိုတာ မင်းက ကွဲပြားလို့ပဲ”
မှော်နက်အရှင်က ရီချင်းယောင်ကို ပြောလိုက်၏။
“ငါ့အတွက်လည်း အတူတူပဲ။ ငါ မင်းကို ကျင့်ကြံခြင်း သင်ပေးခဲ့တာ မင်းကို အမှောင်ထုထဲ ခေါ်သွားဖို့ပဲ။ ငါက မင်းကို ကယ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး”
“သူက မှော်နက်လောကကို လာခဲ့တယ်။ ဆရာ သူ့ကို အဲဒီဝေဒနာတွေကို ခံစားစေခဲ့ပေမယ့် သူက အဲဒါတွေရဲ့ လွှမ်းမိုးမှုကို မခံခဲ့ရဘူး”
ရီချင်းယောင်သည် ခေါင်းမာစွာ ပြောလိုက်၏။ သူမ ပြောနေသူမှာ ရီဖူရှင်း ဖြစ်သည်။
သူသည် ယခင်က မှော်နက်လောကကို လာခဲ့သည်။
မှော်နက်အရှင် ဆက်ပြောလိုက်၏။
“သူ ဒီမှာ တွေ့ကြုံခဲ့ရတာတွေက သူ့ရဲ့ ဘဝအစစ်မဟုတ်ဘူး။ အဲဒါကြောင့် သူက လွှမ်းမိုးမှု မခံရတာ။ သူ့လို အဆင့်အတန်းရှိတဲ့သူတစ်ယောက်က ဘယ်လိုလုပ် ရည်မှန်းချက် မရှိဘဲ နေမှာလဲ။ သူက မူလဘုံရဲ့ ယုံကြည်မှုဖြစ်လာပြီး ကောင်းကင်ဘုံရဲ့ နတ်ဘုရားဖြစ်လာတယ်”
ရီချင်းယောင် ပြန်မဖြေလိုက်ပေ။ ထိုစဉ် မှော်နက်အရှင် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် မျက်နှာဖုံး ပြန်တပ်လိုက်သည်။ ရုတ်ခြည်းပင် သူမ၏ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်ပေါ်လာပြီး လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်၏။ သူမသည် လမ်းကြောင်းကို ကြည့်ကာ မေးလိုက်သည်။
“ဘာကိစ္စလဲ”
“ကောင်းကင်ဘုံက လူက ရီချင်းယောင်ကို တွေ့ဖို့ ရောက်လာပါတယ်”
တစ်ဘက်မှလူက ပြန်ဖြေလိုက်သည်။ မှော်နက်အရှင် အံ့အားသင့်သွား၏။ ရီချင်းယောင်သည်လည်း လမ်းကြောင်းဆီသို့ လျှောက်လာသည်။
“သွားစို့...”
သူမတို့နှစ်ယောက်သည် လမ်းကြောင်းကို ဖြတ်ကာ အခြားတစ်ဘက်သို့ ရောက်သွားသည်။ သူတို့သည် ရောက်လာသူကို မြင်လိုက်ရ၏။ ထိုသူမှာ ယွီထူပင်။
“ခင်ဗျားနဲ့ ကျုပ်တို့ကြားမှာ ဘာကိစ္စရှိလို့လဲ”
မှော်နက်အရှင်က ယွီထူကို စိုက်ကြည့်၍ မေးလိုက်သည်။
ယွီထူသည် မှော်နက်အရှင်ကို ကြည့်လိုက်ပြီးနောက် ဘေးရှိ ရီချင်းယောင်ကို ကြည့်သည်။ ထို့နောက် သူပြောလိုက်၏။
“ကောင်းကင်အင်ပါယာက ရီချင်းယောင်ကို လက်ဆောင်ပေး,ပေးဖို့ ကျုပ်ကို ခိုင်းလိုက်လို့ပါ”
သူသည် ထိုသို့ပြောပြီးနောက် သေတ္တာလေးတစ်ခုကို ထုတ်ကာ ရီချင်းယောင်ကို ပေးလိုက်လေသည်။
“နှုတ်ဆက်ပါတယ်”
ယွီထူပြောလိုက်၏။ သူသည် ရီချင်းယောင်ကို ပစ္စည်းပေးပြီးပြီးချင်း ထွက်သွားသည်။ ထိုပစ္စည်းသည် အချိန်နှင့်နေရာ ရတနာတစ်ခု ဖြစ်ပေသည်။