← Chapters

သွေးလွှမ်းသော ကျူးကျော်မှု

Vol. 204 Ch. 2913

သွေးလွှမ်းသော ကျူးကျော်မှု

Vol. 204 Ch. 2913

သုံးလကြာပြီးနောက်...

လူသူကင်းရှင်းသော ကြယ်တာရာပေါ်တွင် ရီဖူရှင်းသည် တင်ပျဉ်ခွေထိုင်နေ၏။ နတ်အလင်းလည်း စီးဆင်းနေပြီး ကြယ်တာရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သူသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ တစ်ယောက်တည်းထိုင်ကာ သီးခြားကျင့်ကြံနေလေသည်။

ယခုတွင် ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားလောကထဲတွင် အချိန်သည် (၈၁)ဆပိုမြန်စွာ စီးဆင်းနေသည်။ ထို့ကြောင့် အပြင်လောကမှ သုံးလသည် ထိုလောကထဲတွင် နှစ်(၂၀)ဖြစ်ပေသည်။

နှစ်(၂၀)ဆိုသော အချိန်သည် လူတော်တော်များများအတွက် တိုးတက်ပြောင်းလဲနိုင်ရန် လုံလောက်ပေသည်။

ထို့အပြင် ရီဖူရှင်းက ကောင်းကင်လမ်းစဉ်ကို ထိန်းချုပ်ထားသည်။ သူသည် စွမ်းအားကြီးကျင့်ကြံသူများကို တိုက်ရိုက် ဖန်တီးနိုင်ပြီး ထိုလောကအတွင်းရှိ လူများကို သူတို့၏ ကျင့်ကြံခြင်း မြန်လာအောင် ကူညီပေးနိုင်လေသည်။ ယခုတွင် ရီဖူရှင်း၏ ကောင်းကင်လမ်းစဉ်အသေးစားလောကထဲရှိ ကျင့်ကြံသူများသည် ကျင့်ကြံသူ ပထမတစ်သုတ်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် အချို့သူများမှလွဲ၍ သူတို့သည် တိုက်ရိုက်ဆက်ခံသူများဖြစ်သည်။

ယခုတွင် ကောင်းကင်လမ်းစဉ်အသေးစားလောကကို ခြောက်ပိုင်းခွဲခြားထားသည်။ သူတို့သည် ကောင်းကင်လမ်းစဉ်အသေးစား၏ တပ်ဖွဲ့ခြောက်ခုပင်။

ထိုတပ်ဖွဲ့ခြောက်ဖွဲ့မှာ အောက်ပါအတိုင်းဖြစ်သည်။

ကောင်းကင်နန်းတော်အသစ်၊ ကောင်းကင်ဘုံ၏ မူလအင်အားစုများ။ ယင်းကို ရံရွှေတော်ချင်၊ ရံရွှေတော်ရှုနှင့် ကောင်းကင်အင်ပါယာနန်း‌တော်နှင့် ပူးပေါင်းခဲ့သူတို့က ဦးဆောင်၏။ မဟာဧကရီနှစ်ပါးဖြစ်သော ချင်နှင့်ရှုတို့သည် မူလကောင်းကင်နန်းတော်၏ ထိပ်သီးများဖြစ်ကြသဖြင့် ထိုအဖွဲ့၏ အကြီးအကဲများဖြစ်ကြသည်။

ထုတ်ဖော်ခြင်းအဖွဲ့ကို ဒွန်ဟောင်တိယွမ်က ဦးဆောင်၏။ ထိုအဖွဲ့သည် မူလကောင်းကင်‌ဒေသ၏ အင်အားစုဖြစ်သည်။

လေးမျက်နှာအဖွဲ့ကိုမူ လေးမျက်နှာကျေးရွာ၏ အင်အားစုနှင့် ကောင်းကင်ဘုံနှင့် ပူပေါင်းခဲ့သော ကျင့်ကြံသူများက ဦးဆောင်၏။ သူတို့ကို ဖန်းစွင်တို့လေးယောက်အုပ်စုက လေ့ကျင့်ပေးကာ ပြီးပြည့်စုံသော အဖွဲ့တစ်ဖွဲ့အဖြစ် ပြောင်းလဲပေးလေသည်။

ရဟန်းအဖွဲ့မှာ ဗုဒ္ဓအဖွဲ့တစ်ခုဖြစ်ပြီး ဗုဒ္ဓများက ဦးဆောင်သည်။ ထိုအဖွဲ့တွင် လူများစွာ မရှိပေ။ သို့သော် သူတို့အားလုံးသည် ဗုဒ္ဓကလန်၏ ထိပ်တန်းအဆင့် ဘုန်းကြီးများ၊ စွမ်းအားကြီး ကျင့်ကြံသူများသာဖြစ်သည်။

စီဝေ့အဖွဲ့တွင် စီဝေ့အင်ပါယာနန်းတော်၏ လူဟောင်းများ ပါဝင်ပေသည်။

ကောင်းကင်အာဏာစက်အဖွဲ့သည် အင်အားစုအဟောင်းတစ်ခုဖြစ်ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်က ဦးဆောင်သည်။

စီဝေ့အဖွဲ့နှင့် ကောင်းကင်အာဏာစက်အဖွဲ့သည် မူလစီဝေ့အင်ပါယာနန်းတော်မှ လူများကို ခွဲ၍ ဖွဲ့စည်းထားခြင်းပင်။ ယခင်က စီဝေ့အင်ပါယာနန်းတော်သည် နန်းတော်များစွာ တည်ထောင်ခဲ့သည်။ ထို့ကြောင့် စီဝေ့နှင့် ကောင်းကင်အာဏာစက်ဟူ၍ အဖွဲ့ခွဲလိုက်ခြင်းပင်။ သို့သော် ယခုတွင် ထိုသို့ခွဲလိုက်ပြီးနောက် အနောက်အင်ပါယာနန်းတော်ကို စီဝေ့အဖွဲ့ထဲ ထည့်လိုက်ပြီး စွန့်ပစ်ခံကလန်ကို ကောင်းကင်အာဏာစက်အဖွဲ့ထဲ ထည့်လိုက်ပေသည်။

ထို့နောက် မဟာအဖွဲ့ခြောက်ဖွဲ့ကို အဖွဲ့အသေးလေးများ ထပ်ခွဲကာ လူအသီးသီးက ထိန်းချုပ်စီမံပေသည်။

ထိုကဲ့သို့ ပြန်လည်ဖွဲ့စည်းခြင်းသည် လောကကြီး၏ မကြာသေးခင်က ပြောင်းလဲမှုများအရ ဖြစ်သည်။ ဤစစ်ပွဲသည် ဘုံခြောက်ခုကြားမှာ စစ်ပွဲဖြစ်ပြီး ယခုတွင် ကောင်းကင်လမ်းစဉ်အသေးစားလောကထဲ၌ ကျင့်ကြံသူများစွာ ရှိနေလေသည်။ သူတို့အားလုံးသည် ကွဲပြားသော အင်အားစုများ၊ ကလန်များမှ လာခဲ့သူများဖြစ်သည်။ အကယ်၍ သူတို့ကိုသာ ပြန်မဖွဲ့စည်းပေးလျှင် သူတို့သည် ပြန့်ကျဲနေသော သဲများကဲ့သို့ ဖြစ်နေပေမည်။ သို့ဖြစ်၍ စစ်ပွဲနှင့် ရင်ဆိုင်နိုင်ရန် သူတို့ကို အသစ်ပြန်ဖွဲ့စည်းရန် လိုအပ်ပေသည်။

ကြယ်တာရာကောင်းကင်ထဲတွင် လူတစ်ယောက်ရပ်နေ၏။ သူသည် ယွီထူပင်။ အဖွဲ့ခြောက်ဖွဲ့သည် ကွဲပြားသောနေရာများတွင် ကျင့်ကြံနေကြသည်။ သူတို့အားလုံးတွင် သူတို့၏ နယ်မြေများ ရှိကြသည်။ သူသည် ထိုအဖွဲ့များကို တွေ့သောအခါ ကောင်းကင်လမ်းစဉ်ဟောင်းအောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့ကို မြင်ရသကဲ့သို့ ခံစားနေရလေသည်။

အနာဂတ်တွင် ရီဖူရှင်း လောကကြီးကို အုပ်စိုးသောအခါ သူ၏ ဤအဖွဲ့များသည် ရှေးမှ တပ်ဖွဲ့ရှစ်ဖွဲ့ကဲ့သို့ ဖြစ်ပေလိမ့်မည်။ နတ်ဆိုးလောကသည်လည်း သူ့လက်အောက်သို့ ရောက်လာနိုင်သည်။

ထိုအခြေအနေသည် တစ်နေ့နေ့တွင် ယွီထူမြင်လိုသော အခြေအနေပင်။ သို့သော် လက်ရှိတွင် အရာအားလုံးကို အတပ်မပြောနိုင်သေးပေ။ ထိုနေ့ရောက်လာမည်ကို သူ မြင်နိုင်၊ မမြင်နိုင်ကို သူမသိပေ။

အခြားတစ်နေရာတွင် ရီဖူရှင်းသည် အားလုံးက စည်းစနစ်ကျကျ ကျင့်ကြံနေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူ၏အာရုံသည် ထိုနေရာမှ ထွက်သွားသည်။

ရီဖူရှင်းသည် အပြင်လောကတွင် မှော်ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး သူ၏အာရုံကို ၎င်းအတွင်းသို့ ပို့လွှတ်လိုက်သည်။

“အဖေ...”

သူပြောလိုက်၏။

“အခု အပြင်လောကမှာ ဘယ်လိုအခြေအနေရှိလဲ”

သူသည် နှစ်(၂၀)ကျင့်ကြံခဲ့သော်လည်း အပြင်လောကတွင်မူ သုံးလသာ ရှိပေသေးသည်။ သို့သော် သုံးလသာ ရှိသေးသော်လည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်နေနိုင်သည်။

“ဘုံခြောက်ခုလုံးမှာ စစ်ပွဲ ပျံ့နှံ့နေပြီ။ အဲဒီထဲမှာ ကောင်းကင်ဘုံရဲ့ ခံစစ်က အားအနည်းဆုံးပဲ။ ကောင်းကင်ဒေသက အရမ်းကျယ်တော့ ကျင့်ကြံသူတွေ အများကြီးရှိတယ်။ လူတွေက နေရာအနှံ့မှာ ခုခံနေကြတယ်။ အနောက်ဘက်ကောင်းကင်က ဗုဒ္ဓလောကရဲ့ ခံစစ်ကတော့ အားအကောင်းဆုံးပဲ။ ဗုဒ္ဓကလန်က စင်ကြယ်တဲ့နယ်မြေတစ်ခုပဲ။ အဲဒီနယ်မြေကို မှော်နက်လောက,က ကျူးကျော်လာတော့ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံတဲ့သူတွေက သူတို့ရဲ့ စင်ကြယ်တဲ့နယ်မြေက ညစ်နွမ်းသွားပြီလို့ ယုံကြည်ကြတယ်။ အဲဒါကြောင့် သူတို့က ပြင်းထန်တဲ့ ဘုံစစ်ပွဲကြီးတစ်ခုကို စကြတော့တာပဲ။ သူတို့က မှော်နက်လောကကို ပြန်တိုက်ထုတ်နိုင်ခဲ့တယ်.. အဲဒီတိုက်ပွဲကတော့ မယုံနိုင်လောက်အောင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲပဲ”

အရှင်ဒွန်ဟောင် ပြန်ဖြေလိုက်၏။

“ပြီးတော့ လူသားဘုံက အဲဒီလိုဖြစ်အောင် တမင် ခွင့်ပြုထားတဲ့ပုံပဲ။ သူတို့က ဘာစစ်ကူမှ မပို့ခဲ့ဘူး... အဲဒါကြောင့် မှော်နက်လောက,က ကျင့်ကြံသူတွေ အများကြီး ဆုံးရှုံးခဲ့တယ်”

ကောင်းကင်ဘုံ ကျဆုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကောင်းကင်ဘုံမှ သူများသည် ကောင်းကင်ဘုံကို ထိုမျှ မခင်တွယ်ကြချေ။ သူတို့၏ အင်အားစုများကလည်း အခြားဘုံများနှင့် ယှဉ်လျှင် အားနည်းပေသည်။ ထို့ကြောင့် သူတို့သည် အကြီးအကျယ် ခုခံကြမည် မဟုတ်ပေ။ ရီဖူရှင်းကလည်း ထိုသို့ ဖြစ်စေချင်ခြင်းသာ။ မလိုအပ်သည့် စတေးမှုများကို လုပ်ရန် မလိုပေ။

“လူသားဘိုးဘေးရဲ့ ရည်ရွယ်ချက်က လောကကြီးကို စုစည်းဖို့ပဲ။ သူက ဘာလို့ မှော်နက်လောက,က ကျင့်ကြံသူတွေကို ဂရုစိုက်မှာလဲ။ မှော်နက်နန်းတော်က စစ်ပွဲမှာ ဝင်ပါဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတော့ သူတို့ တန်ကြေးကို ပြန်ပေးသင့်တာပေါ့”

ရီဖူရှင်း ပြောလိုက်၏။

“နတ်ဆိုးလောကနဲ့ ပတ်သတ်တာရော ဘာကြားသေးလဲ”

“မကြားဘူး...”

အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။

“လောလောဆယ်မှာ နတ်ဆိုးလောက,က စစ်မဖြစ်တဲ့ နေရာတစ်ခု ဖြစ်နေတယ်။ သူတို့က ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေကြတယ်”

“နတ်ဆိုးလောကလည်း ဒီလို ကြာရှည် ငြိမ်းချမ်းနေမှာ မဟုတ်ဘူး။ လူသားဘိုးဘေးက ဘုံခုနစ်ခုလုံးကို သိမ်းပိုက်ချင်တာ။ သူက ဘုံခြောက်ခုကို သိမ်းပိုက်ပြီးရင် မူလဘုံကို ဆက်သိမ်းပိုက်ပြီး နတ်ဆိုးလောကကို ကျူးကျော်လိမ့်မယ်”

ရီဖူရှင်း ပြောလိုက်၏။ သို့သော် ယခုတွင် ယူချင်းလည်း ကျင့်ကြံရန် အချိန်လိုအပ်ပေသည်။ သူသည် အချိန်စီးဆင်းနှုန်းကို ပြောင်းနိုင်သည့် မှော်ပစ္စည်းတစ်ခုကို နတ်ဆိုးလောကထံ ပို့ပေးခဲ့သည်။ ထိုနည်းဖြင့် သူသည် ယူချင်းကို ကျင့်ကြံချိန်ပိုရပြီး သူ့ကိုယ်သူ တိုးတက်အောင်လုပ်နိုင်ရန် ကူညီပေးနိုင်ပေသည်။

ထို့ကြောင့် သူက လက်ရှိအခြေအနေအပေါ် အ‌တော်လေး ကျေနပ်နေသည်။ ယူချင်း ပိုသန်မာလာသည့်အချိန်ထိ သူ စောင့်နေမည်ဖြစ်သည်။

“ကောင်းကင်ဒေသလည်း တော်တော် ပျက်စီးသွားမှာပေါ့... ဟုတ်တယ်မလား”

ရီဖူရှင်း မေးလိုက်သည်။

အရှင်ဒွန်ဟောင် အနည်းငယ် နှုတ်ဆိတ်သွား၏။ ထို့နောက် သူပြောလိုက်၏။

“မင်းက ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ။ လူသားဘိုးဘေး အပြည့်အဝ ပြန်ကောင်းသွားမယ့်နေ့က မကြာလောက်တော့ဘူး”

ရီဖူရှင်းသည် သူဆိုလိုချင်သည်ကို နားလည်ပေသည်။ ကောင်းကင်ဒေသသည် အလွန်ပျက်စီးသွားပုံပင်။ ဤစစ်ပွဲသည် ကျူးကျော်စစ်ဖြစ်သည်။ သူတို့ဘက်က တိုက်ပွဲကို ရှောင်လျှင်ပင် သူတို့သည် စစ်၏ ရိုက်ခတ်မှုကို ခံရဦးမည်သာ။ ထို့အပြင် ရန်သူဘက်က လက်ဦးမှု အပြည့်အဝ ရထားပေသည်။

သို့သော် အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို ဝင်မပါစေလိုပေ။ ရီဖူရှင်း၏ကျင့်ကြံခြင်းသည် လောကတစ်ခုလုံးအတွက် အရေးကြီးကြောင်း သူတို့နှစ်ယောက်လုံး သိလေသည်။ အကယ်၍ လူသားဘိုးဘေး ပြန်ကောင်းသွားချိန်တွင် မည်သူမှ သူ့ကို မတားနိုင်ပါက လောကကြီးသည် လူသားဘုံ၏ အုပ်စိုးမှုအောက်သို့ ရောက်သွားမည်ဖြစ်သည်။

“ကျုပ် နားလည်ပါတယ်”

ရီဖူရှင်း ဖြေလိုက်၏။ သူ ဆက်၍ မပြောတော့ပေ။

သူသည် ရှင်းလင်းနေသော ကြယ်တာရာကောင်းကင်ကို မော့ကြည့်လိုက်ပြီး ထရပ်လိုက်သည်။ သူသည် အတွေးတစ်ချင်ဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

သူ၏အဖေ အရှင်ဒွန်ဟောင်သည် သူ့ကို အေးအေးချမ်းချမ်း ကျင့်ကြံရန် ပြောသော်လည်း သူသည် အပြင်လောကရှိ အခြေအနေကို မြင်လိုနေပေသေးသည်။ သူ့အဖေသည် သူ လက်ရှိအခြေအနေကို စိုးရိမ်လာမည်စိုး၍ သူ့ကို အရာအားလုံး ပြောမပြခဲ့ပေ။

****

ကောင်းကင်ဒေသတွင် ကုန်းမြေ(၁၈)ခုလုံးသည် စစ်မီးတောက်လောင်နေသည်။ ဗလာနတ္တိဘုံနှင့် လူသားဘုံမှ စွမ်းအားကြီးကျင့်ကြံသူများသည် နေရာအနှံ့ကို ကျူးကျော်နေကြလေသည်။

ကောင်းကင်ဘုံနှင့် စစ်ပွဲတွင် အခုအခံများစွာ မရှိခဲ့ပေ။ လူသားဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်ဘုံကို ကျူးကျော်ပြီးနောက် ကောင်းကင်ဘုံ၏ နေရာအနှံ့ကို လျင်မြန်စွာ သိမ်းပိုက်ခဲ့သည်။ ယခုတွင် သူတို့သည် အဆုံးသတ်အဆင့်သို့ ရောက်နေပေပြီ။

ထို့ကြောင့် ကောင်းကင်ဘုံတွင် တိုက်ပွဲအေးသွားသောအခါ လူသားဘုံ၏ အရေးပါသူအများစုသည် ကောင်းကင်ဒေသသို့ သွားခဲ့ကြသည်။ သူတို့သည် ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုကို တိုက်ခိုက်ခဲ့သည်။

ကောင်းကင်ဒေသတွင် မရေတွက်နိုင်သော ကျင့်ကြံခြင်းကုန်းမြေများ ရှိသည်။ ကုန်းမြေ(၁၈)ခုသည်လည်း လွန်စွာ ကြီးမားသည်။ ထို့ကြောင့် လူသားဘုံနှင့် ဗလာနတ္တိဘုံတို့သည် အဓိကကုန်းမြေ(၁၈)ခုကိုသာ ပစ်မှတ်ထားခဲ့ခြင်းပင်။ သူတို့သာ အဓိကကုန်းမြေများကို သိမ်းပိုက်ပြီးသွားလျှင် ကျန်ကုန်းမြေများကို ဆက်၍ သိမ်းပိုက်နိုင်မည်ဖြစ်ပြီး ကောင်းကင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်လာမည်ဖြစ်သည်။

ကုန်းမြေ(၁၈)ခုထဲတွင် ထိုက်ရှန့်ကုန်းမြေသည် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ ယခုတွင် ထိုကုန်းမြေသည်လည်း စစ်ပွဲဒဏ်ကို ခံနေရသည်။ ထိုကုန်းမြေပေါ်တွင် တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။

မကြာသေးခင်က ကောင်းကင်ဒေသ၏ စီရှောင်ကုန်းမြေတွင် သွေးချောင်းစီးသော အဖြစ်တစ်ခုဖြစ်ခဲ့သည်။ ထိုအဖြစ်ပြီးနောက်တွင် ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုသည် အစွမ်းကုန် စတင်ခုခံခဲ့ကြသည်။ ကုန်းမြေအားလုံးမှ လူများလည်း ပါဝင်လာကာ ကျူး‌ကျော်သူများကို လိုက်လံသတ်ဖြတ်ခဲ့သည်။

လူသားဘုံနှင့် ဗလာနတ္တိဘုံတို့၏ ကျူးကျော်မှု ဖြစ်စဉ်အတွင်း၌ အင်အားစုများစွာမှ ကျင့်ကြံသူများသည် အထိန်းအကွပ်မရှိ စတင်လုယက်ခဲ့ကြသည်။ သူတို့ လုယက်နေစဉ် ဒေသခံကျင့်ကြံသူများ၏ ပြင်းထန်သော ခုခံမှုကို ကြုံခဲ့ရသဖြင့် သူတို့သည် ရမ်းရမ်းကားကား စတင်သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် တစ်မြို့လုံးတွင် သွေးချောင်းစီးသွားခဲ့သည်။ ထိုအဖြစ်သည် ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုကို အုံကြွလာစေပြီး ကောင်းကင်ဒေသ၏ အမှီအခိုကင်းသော ကျင့်ကြံသူများကို ဒေါသူပုန်ထသွားစေခဲ့လေသည်။

All Chapters