← Chapters

အင်ပါယာအဖွဲ့အသစ်

Vol. 205 Ch. 2919

အင်ပါယာအဖွဲ့အသစ်

Vol. 205 Ch. 2919

ရီဖူရှင်းသည် ကျင့်ကြံခြင်းတွင် အာရုံစိုက်နေသည်။ အပြင်လောကတွင် သူ့ထိန်းချုပ်မှုအောက်ရှိ နတ်ဆိုးသားရဲများရှိလေသည်။ ထို့ကြောင့် ကိစ္စကြီးတစ်ခုခု ဖြစ်လာလျှင် သူ သိရှိနိုင်မည်ဖြစ်သည်။

သူသည် ရှေ့သုံးလအတွင်း စစ်တပ်ကို ဦးဆောင်၍ နေရာအနှံ့သို့ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက်တွင် ဘုံခြောက်ခု၏ စစ်ပွဲသည် ယခင်ကလောက် မပြင်းထန်‌တော့ပေ။ ဘုံခြောက်ခုတွင် စစ်ပွဲရှိနေ‌သေးသော်လည်း ယခင်ကထက် ပို၍ အေးချမ်းနေပြီဖြစ်သည်။ ဘုံသုံးခုမှ ကျူးကျော်သူများသည် မဆင်မခြင် မသတ်ဖြတ်ဝံ့ကြတော့ချေ။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ ဆယ်စုနှစ်အနည်းငယ်သည် လက်ဖြောက်တစ်ချက်အတွင်း ကုန်ဆုံးသွားသည်။ သို့သော် ထိုအချိန်သည် ရီဖူရှင်း၏လောကအတွင်းမှ အချိန်ဖြစ်သည်။

ယနေ့တွင် ရီဖူရှင်းသည် သူ၏ လောကအသေးစားထဲရှိ နတ်တောင်ကုန်းတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့တစ်ကိုယ်လုံး လင်းလက်နေပြီး အလင်းသည် သူ့ကို ဖြတ်ကာ စီးဆင်းနေသည်။ အသက်တစ်ရှူစာအတွင်း သူသည် အဆုံးမဲ့ အသက်စွမ်းအင်ကို ထုတ်လွှတ်လိုက်သကဲ့သို့ပင်။ အကယ်၍ သူသာ လေပူတစ်ချက် မှုတ်ထုတ်လိုက်လျှင် နေသည် ပို၍ ပူပြင်းလာမည်ဖြစ်သည်။ သူသာ လေအေးတစ်ချက် မှုတ်ထုတ်လိုက်လျှင် လောကကြီးကို အအေးဓာတ်က လွှမ်းခြုံသွားမည်ဖြစ်သည်။ သူ၏ ဝင်သက်ထွက်သက် အပါအဝင် အပြုအမူအားလုံးသည် ဤစကြဝဠာ၏ လည်ပတ်မှုအပေါ် အကျိုးသက်ရောက်နိုင်လေသည်။

သူ၏ရင်ခုန်သံသည် စကြဝဠာ၏ တုန်ခါမှုအဖြစ် ပြောင်းလဲသွားနိုင်သည်။ သူတည်ငြိမ်နေလျှင် စကြဝဠာကြီးသည် ချောချောမွေ့မွေ့ လည်ပတ်နိုင်သည်။ သူ ဒေါသထွက်ချိန်တွင် စကြဝဠာတစ်ခွင်လုံးကို ဗြောင်းဆန်သွားမည်ဖြစ်သည်။

ရီဖူရှင်းသည် စိတ်နှစ်ကာ တိတ်တဆိတ် ဆက်ကျင့်ကြံနေသည်။ သူသည် စကြဝဠာနှင့်အတူ အသက်ရှူနေသကဲ့သို့ပင်။

ယနေ့တွင် ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူသည် တစ်လောကလုံးကို ဆက်၍ ကြည့်ရှုနေရန် မလိုတော့ပေ။ အရာအားလုံးသည် သူ့စိတ်ထဲတွင် စွဲထင်နေပြီဖြစ်သည်။

လက်ရှိတွင် သူသည် လောကတစ်ခွင်လုံးဖြစ်ပြီး စကြဝဠာတစ်ခွင်လုံးသည် သူဖြစ်သည်။

“နှစ်(၇၀)...”

ရီဖူရှင်း ရေရွတ်လိုက်သည်။ ဤတစ်ခေါက်တွင် သူသည် အမှန်ပင် နှစ်(၇၀) သီးခြား ကျင့်ကြံခဲ့သည်။ ယခင်က အချိန်ကိုပါ ထည့်တွက်လျှင် သူသည် နှစ်(၁၀၀)ကျော် ကျင့်ကြံခဲ့ပြီးပေပြီ။

ဤလောကမှ နှစ်(၇၀)သည် အပြင်လောကတွင် တစ်နှစ်ပင် မရှိချေ။

သို့သော် ရီဖူရှင်း၏လောကထဲတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်သွားပြီဖြစ်သည်။

စစ်ပွဲဖြစ်ပြီးနောက် နှစ်(၄၀)အကြာ ယခု နှစ်(၇၀)တွင် နှစ်(၁၀၀)ကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ စစ်ပွဲမဖြစ်ခင်တွင် ဆယ်စုနှစ်များစွာ ကျင့်ကြံနိုင်ခဲ့၍ ဖြစ်သည်။ ထိုအချိန်အတွင်း ပြောင်းလဲမှုမည်မျှ ဖြစ်ခဲ့မည်ကို တွေးကြည့်နိုင်ပေသည်။

ရီဖူရှင်း သုံးလတိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်းတွင်မှ ရီဖူရှင်း၏ လောကအသေးစားထဲသို့ ရောက်ခဲ့ကာ အဖွဲ့များနှင့် ပူးပေါင်းခဲ့သူများ၏ ကျင့်ကြံခြင်းအခြေအနေများသည်ပင် တိုးတက်နေပြီဖြစ်သည်။ သူတို့သည် တပ်ဖွဲ့ရှစ်ဖွဲ့ထဲတွင် အင်အားစုအသစ်တစ်ခု ဖြစ်သည်။

အင်ပါယာလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခဲ့ပြီးသော အရေးပါသည့် ပုဂ္ဂိုလ်များ၏ ကျင့်ကြံခြင်းအခြေအနေသည် ပို၍ပင် စွမ်းအားကြီးလာခဲ့သည်။ လောကအသေးစားထဲတွင် မဟာအင်ပါယာတစ်စု ထွက်ပေါ်လာခဲ့လေသည်။

ယခုတွင် အပြင်လောကရှိ ရီဖူရှင်း၏ ခန္ဓာကိုယ်သည်လည်း တစ်ကိုယ်လုံး တောက်ပနေသည်။ သူသည်”လူသား”တစ်ယောက် မဟုတ်တော့သကဲ့သို့ တောက်ပသော နတ်အလင်း ဖြာထုတ်နေသည်။ သူသည် လမ်းစဉ်ကိုယ်ပွားဟု ထင်ရသည်။ သူသည် ကျယ်ပြောသောဟင်းလင်းပြင်ထဲတွင် ရှိနေသော်လည်း သေးငယ်သည်ဟု မထင်ရချေ။ သူသည် ထိုနေရာတွင် ထိုင်နေရုံဖြင့်ပင် ဤလောက၏ ဗဟိုဟု ထင်ရသည်။

ဝုန်း...

ထိုအခိုက်တွင် ရီဖူရှင်း၏မျက်လုံးများ ပွင့်လာပြီး သူ၏မျက်ဝန်းများထဲမှ နတ်အလင်း ထွက်သွားသည်။ ယင်းကြောင့် ထိုနေရာရှိ အာကာပြင်ပင် တုန်ခါသွားပြီး ပြင်းထန်သော ဂယက်များ ထွက်ပေါ်လာ၏။

“ဒီနှစ်တွေအတွင်းမှာ ဘာကြီးကြီးမားမား ကိစ္စမှ မရှိခဲ့ဘူး။ လူသားဘိုးဘေး ပြန်ကောင်းသွားပြီလား”

ရီဖူရှင်း တွေးလိုက်သည်။ အပြင်လောကတွင် အချိန်သိပ်မကြာသေးသော်လည်း လူသားဘိုးဘေး၏ ခန္ဓာကိုယ်အစစ်သည် အမြဲကျင့်ကြံနေခဲ့ပြီး အချိန်မရွေး ပြန်လာနိုင်အောင် ပြင်ဆင်နေသည်။ ယခုတွင် လူသားဘိုးဘေ၏ အခြေအနေ မည်သို့ရှိကြောင်း သူမသိပေ။

ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

****

ယခုတွင် ကောင်းကင်ဘုံ၏ ကောင်းကင်အင်ပါယာမြို့တော်သည် လူသားဘုံမှ စွမ်းအားကြီး ပုဂ္ဂိုလ်များ၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်နေသည်။ လူသားနတ်ဘုရားနန်းတော်မှ အင်အားစုသည် ကိုယ်တိုင် အုပ်စိုးနေခြင်းပင်။ လူသားဘုံသည် ဘုံခြောက်ခုလုံးကို သွားလာနိုင်ရန်နှင့် ဘုံများကို ပို၍အလွယ်တကူ သိမ်းပိုက်နိုင်ရန် အာကာသလမ်းကြောင်းတစ်ခု ဆက်သွယ်ခဲ့သည်။

လူသားဘုံသည် ကောင်းကင်အင်ပါယာမြို့တော်တွင် ကြီးကျယ်ခမ်းနားသော နန်းတော်များစွာပင် တည်ဆောက်ခဲ့သည်။

ထိုစဉ်တွင် ကောင်းကင်ထက်မှနေ၍ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်း ကျဆင်းလာ၏။ ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ ကျင့်ကြံသူများအားလုံး ထိုနတ်အလင်းကို မြင်လိုက်ကြသည်။ ကောင်းကင်ထက်မှနေ၍ ကောင်းကင်အလွှာများစွာသည် ကျင့်ကြံသူများ၊ ရှေးဟောင်းစံအိမ်များနှင့် နန်းတော်များကို သယ်ဆောင်၍ ကျဆင်းလာသည်။ သူတို့သည် ကောင်းကင်အင်ပါယာနန်းတော်အထက်တွင် ရပ်နေကြသည်။

“ကောင်းကင်(၉၉)လွှာ”

ကောင်းကင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရင်ခုန်မြန်သွားကြသည်။ ကောင်းကင်ဘုံ သိမ်းပိုက်ခံရပြီးနောက်တွင် ကောင်းကင်ဘုံမှ မူလကျင့်ကြံသူများသည် အဆင့်အနိမ့်ဆုံး ဖြစ်လာခဲ့သည်။ ပုံမှန်ဆိုလျှင် သူတို့သည် သိုသိုသိပ်သိပ် နေကြသည်။ သို့သော် ယခုတွင် ကောင်းကင်အင်ပါယာမြို့တော်အထက်ရှိ ကောင်းကင်တွင် ကောင်းကင်(၉၉)လွှာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် အလွန်အမင်း ရင်ခုန်မြန်နေသည်။

ကောင်းကင်အင်ပါယာ ပြန်လာပြီလော။

ကောင်းကင်(၉၉)လွှာသည် ယခုအထိ ချိပ်ပိတ်မထားသေးပေ။ သူတို့သည် ကောင်းကင်အင်ပါယာမြို့တော်အထက်ရှိ ကောင်းကင်ထဲတွင် ကျင့်ကြံသူတပ်ဖွဲ့များစွာ ထွက်ပေါ်လာသည်ကို တွေ့လိုက်၏။ သူတို့၏ အရှိန်အဝါများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့သည် ကောင်းကင်စစ်တပ်တစ်တပ်ကဲ့သို့ ဖြစ်ပြီး လူတိုင်းတွင် ထူးကဲသော ဟန်ပန်အရှိန်အဝါ ရှိပေသည်။

မဟာစစ်တပ်များ၏ အထက်ကောင်းကင်တွင် အဖွဲ့တစ်ဖွဲ့စီတိုင်း၏ စစ်သူကြီးများလည်း ရှိသည်။ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ရင်းနှီးသူများစွာကို မြင်လိုက်ကြသည်။

အဖြူနှင့်အနက်ကောင်းကင်အရှင်များသည် ယခုတွင် မဟာအင်ပါယာများ ဖြစ်နေပေပြီ။

ကောင်းကင်ဘုရင်လေးပါးသည်လည်း မဟာအင်ပါယာ အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ကောင်းကင်ဒေသ၏ မင်းသမီးဒွန်ဟောင်တိယွမ်သည်လည်း မဟာအင်ပါယာအဆင့်တွင် ရှိနေပေပြီ။

ခန္ဓာကိုယ်များကို မဟာအင်ပါယာနတ်ရောင်ဝါ လွှမ်းခြုံထားသည့် အခြားသူများစွာလည်း ရှိနေလေသည်။ သူတို့ကိုကြည့်ရသည်မှာ နတ်ဘုရားတစ်စု ဆင်းသက်လာသကဲ့သို့ပင်။ မျက်စိကျိန်းလောက်ဖွယ် နတ်အလင်းသည် ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူများ၏ မျက်စိများအတွင်းသို့ ဖြာကျနေပြီး သူတို့ကို ရင်တုန်နေစေလေသည်။

စစ်ပွဲ စတင်ပြီး တစ်နှစ်အကြာတွင် ကောင်းကင်အင်ပါယာသည် နတ်ဘုရားတစ်စုကို ခေါ်၍ ပြန်လာခဲ့သည်။

မဟာအင်ပါယာတစ်ပါး သို့မဟုတ် အနည်းငယ်သာ မဟုတ်တော့ပေ။ ယင်းမှာ မဟာအင်ပါယာစစ်တပ်တစ်တပ် ဖြစ်လေသည်။

နောက်ဆုံးတွင် နတ်ဘုရားခေတ် ရောက်ရှိလာပေပြီ။

လူသားဘိုးဘေးသည် နတ်ဘုရားဟောင်းများကို အုပ်စိုးပြီး ကောင်းကင်အင်ပါယာသည် နတ်ဘုရားအသစ်များကို ဦးဆောင်ပေသည်။

သူတို့သည် ကောင်းကင်(၉၉)လွှာထိပ်ရှိ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ငွေဖြူရောင်ဆံပင် လူသည် နတ်ဘုရားအားလုံး၏ ဆရာသခင်ကဲ့သို့ ရပ်နေသည်။ သူသည် အောက်ဘက်ကောင်းကင်သို့ ကြည့်လိုက်ပြီး ကောင်းကင်အင်ပါယာမြို့တော်ဘက်သို့ ဆက်ကြည့်သည်။

“ကောင်းကင်အင်ပါယာမြို့တော်ကို ပြန်ယူကြ”

သူ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ကောင်းကင်အင်ပါယာ”

တပ်ဖွဲ့များက တစ်ပြိုင်တည်း အမိန့်နာခံလိုက်သောအခါ ဟင်းလင်းပြင်ထဲတွင် အသံများ ပဲ့တင်ထပ်သွားသည်။ သူတို့အားလုံးသည် လောကအသေးစားထဲတွင် ကျင့်ကြံပြီးနောက် ရီဖူရှင်းကို အလွန် လေးစားနေကြသည်။ သူသည် ပြီးပြည့်စုံသော လောကတစ်ခုကို ဖန်တီးခဲ့သည် ဖန်တီးခြင်းနတ်ဘုရားဖြစ်သည်။ သူသည် အချိန်ကိုပင် အုပ်စိုးနိုင်ပြီး အချိန်စည်းမျဉ်းကို ပြောင်းလဲနိုင်လေသည်။

ကောင်းကင်အင်ပါယာ ပြန်လာပြီဖြစ်၍ သူသည် လောကတစ်ခွင်လုံးကို အုပ်စိုးပေလိမ့်မည်။

လူသားဘုံမှ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးသည် သူတို့၏ ဆက်သွယ်ရေးပစ္စည်းများကို ထုတ်လိုက်ကြပြီး စစ်ကူလှမ်းတောင်းကြလေသည်။

မဟာတပ်ဖွဲ့ခြောက်ဖွဲ့သည် ကောင်းကင်အင်ပါယာနန်းတော်ဆီသို့ ချီတက်သွားသည်။ ထိုတိုက်ပွဲသည် သေချာပေါက် ဖြစ်လာမည့် တိုက်ပွဲဖြစ်၍ မည်သူမှ သိပ်မအံ့ဩကြပေ။

ရီဖူရှင်း ဦးဆောင်လာသော နတ်ဘုရားများသည် မတိုက်ခိုက်သေးပေ။ သူတို့သည် ကောင်းကင်အင်ပါယာမြို့တော်အတွင်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲကြီးနှင့် အရာအားလုံး ဖျက်ဆီးခံနေရသည်ကို တိတ်တဆိတ်ကြည့်နေကြသည်။ လူသားဘုံမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် လုံးဝအရေးနိမ့်နေသည်။

သူတို့အတွက် ပို၍ မျှော်လင့်ချက်မဲ့စေသည်မှာ မည်သည့် စစ်ကူများမှ ရောက်မလာခြင်းပင်။

ပြန်ရောက်လာသော ကောင်းကင်စစ်တပ်သည် တည်နေရာရွှေ့ပြောင်းကွန်ရက်ကို မဖျက်ဆီးခဲ့ပေ။ သူတို့သည် စစ်ကူများ လွတ်လွတ်လပ်လပ် လာနိုင်ရန် ခွင့်ပြုပေးထားသကဲ့သို့ပင်။ သို့သော် သူတို့ကို ကူရန် မည်သူမှ ရောက်မလာခဲ့ချေ။ စစ်ကူများသည်လည်း ထိုတပ်ဖွဲ့ခြောက်ဖွဲ့သည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိပေသည်။ သူတို့သာ ရောက်လာခဲ့လျှင် ကိုယ့်ကိုယ်ကို သတ်သေသလိုသာ ဖြစ်ပေမည်။

ကောင်းကင်ဘုံ၏ မူလကျင့်ကြံသူများအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ကြရသည်။ ဤတစ်ကြိမ်တွင် ရီဖူရှင်း ထွက်မသွားတော့ပေ။ ထိုအစား သူသည် ကောင်းကင်စစ်တပ်က ကောင်းကင်အင်ပါယာမြို့တော်ကို ပြန်သိမ်းယူနေသည်ကို ကြည့်နေလေသည်။

“ကောင်းကင်အင်ပါယာက လူသားဘိုးဘေးဦးဆောင်တဲ့ နတ်ဘုရားတွေကို ပြန်တိုက်ခိုက်နိုင်နေပြီလား”

ကောင်းကင်အင်ပါယာမြို့တော်မှ လူများအားလုံး တွေးလိုက်ကြသည်။ ကောင်းကင်အင်ပါယာရီဖူရှင်းသည် တိုက်ပွဲကို ဆက်၍ ရှောင်နေမည့် အစီအစဉ် မရှိတော့ကြောင်း ထင်ရှား၏။ သူသည် ကောင်းကင်ဘုံတွင် ကောင်းကင်(၉၉)လွှာ ပြန်ထွက်‌ပေါ်စေခဲ့ပြီး ကောင်းကင်အင်ပါယာနန်း‌တော်ကို ပြန်သိမ်းယူနေသည်။ သူသည် မဟာအင်ပါယာတစ်စုကို ဦးဆောင်၍ ပြန်ရောက်လာခဲ့သည်။ သူသည် စစ်ကြေညာရန် ပြင်ဆင်ထားကြောင်း ထင်ရှား၏။

လူသားဘုံ၏ လူသားနတ်ဘုရားနန်းတော်ထိပ်တွင် လူသားဘိုးဘေးသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ ထိုအခိုက်တွင် သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ဟန်ဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူ အဝေးသို့ ကြည့်လိုက်၏။

“သူက သူ့လမ်းစဉ်ကို သက်သေပြပြီးသွားပြီလား”

လူသားဘိုးဘေး နူးညံ့စွာ ရေရွတ်လိုက်သည်။ သူ၏ အကြီးမားဆုံးပြိုင်ဘက်သည် ဂျူနီယာတစ်ယောက်ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သို့သော် အမှန်တွင် သူသည် အမြဲပင် ဤမျိုးရိုးဖြင့် တိုက်ခိုက်နေခဲ့ရလေသည်။

သူသည် ကောင်းကင်အင်ပါယာနှင့် ကောင်းကင်မင်းသမီးတို့ကို တိုက်ခိုက်ခဲ့ရသည်။ ယခုတွင်မူ သူသည် ရီဖူရှင်းနှင့် တိုက်ခိုက်နေရသည်။ သူတိုက်ခိုက်ရသည့် မျိုးရိုးသည် တစ်ခါမှ မပြောင်းလဲခဲ့ပေ။

သူသည် ပြီးခဲ့သော နှစ်ကြိမ်တွင် အနိုင်ရခဲ့သဖြင့် ဤတစ်ကြိမ်တွင်လည်း ရလဒ်မှာ အတူတူသာ ဖြစ်ပေလိမ့်မည်။

All Chapters