← Chapters

ပြောင်းလဲနေသောခေတ်

Vol. 205 Ch. 2924

ပြောင်းလဲနေသောခေတ်

Vol. 205 Ch. 2924

ယွီထူသည် ရီဖူရှင်းက အမိန့်ပေးလိုက်သောအခါ လှုပ်ရှားလိုက်သည်။ မည်းနက်သော နတ်ဆိုးဓားတစ်ချောင်း ထွက်လာပြီး ထိုမဟာအင်ပါယာများကို ထက်ပိုင်းခုတ်ဖြတ်လိုက်လေသည်။

ထို အခြားစကြဝဠာမှ ကျင့်ကြံသူများသည် သူတို့သုံးယောက်၏ ဖိနှိပ်မှုကို ခံထားရသဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပင် မတတ်နိုင်ခဲ့ချေ။ ထုတ်ဖော်ခြင်းနတ်စွမ်းအားနှင့် အရောင်မဲ့ဘုံနတ်စွမ်းအားတို့သည် သူတို့ကို ချုပ်နှောင်ထားသဖြင့် သူတို့ကို မည်သို့ လုပ်မရ ဖြစ်နေစေလေသည်။

ကြောက်မက်ဖွယ် အနက်ရောင် နတ်ဆိုးဓားသည် ဟင်းလင်းပြင်ကိုပင် ခုတ်ဖြတ်နိုင်ပေသည်။ ထို့ကြောင့် ၎င်း ခုတ်ချလိုက်သောအခါ ဟင်းလင်းပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာ၏။ ထိုစဉ် မဟာအင်ပါယာများသည် အော်ပင် မအော်နိုင်လိုက်ဘဲ သူတို့၏ခန္ဓာကိုယ်များ အမှုန့်ဖြစ်သွားသည်။ အခြားစကြဝဠာမှ မဟာအင်ပါယာအုပ်စုသည် နေရာတွင်ပင် ရှင်းပစ်ခံလိုက်ရပေပြီ။

ရီဖူရှင်းသည် သူ၏ မွေးစားအဖေ တိုက်ခိုက်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။ လွှမ်းမိုးအားကြီး၍ ရက်စက်ခြင်းသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ ပင်ကိုအရည်အချင်းများပင်။

ကောင်းကင်အင်ပါယာမြို့တော်အတွင်းမှ လူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ ထိုသူများသည် မဟာအင်ပါယာအဆင့်ကျင့်ကြံသူများဖြစ်သော်လည်း ရုတ်ခြည်းပင် အလွယ်တကူ အသတ်ခံလိုက်ရလေသည်။ ကောင်းကင်အင်ပါယာသည် ဆုံးဖြတ်ချက် ပြတ်သားပြီး သူ၏ရန်သူများကို မည်သည့်အခါတွင်မှ သနားညှာတာမည် မဟုတ်ပေ။

ရီဖူရှင်းသည် တစ်ချိန်လုံး တည်တည်ငြိမ်ငြိမ်နေခဲ့သည်။ ထိုသူများသည် တဖြည်းဖြည်းဖြင့် စိတ်ဓာတ်အစစ်အမှန်များ ပေါ်လာမည်ဖြစ်ပြီး ဤလောကကို ထိခိုက်စေမည်ဖြစ်၍ သူတို့ကို အသက်ရှင်ခွင့်ပေးခဲ့လျှင် အန္တရာယ်များပေလိမ့်မည်။ ထို့ကြောင့် သူတို့ကို သတ်ပစ်ခြင်းသည် အကောင်းဆုံး အဖြေ ဖြစ်ပေသည်။ ထို့အပြင် သူတို့ကို သတ်လိုက်ခြင်းသည် အခြားစကြာဝဠာမှ ကျင့်ကြံသူများကိုလည်း ရှိန်သွားစေပေလိမ့်မည်။ သို့မှ သူတို့သည် မဆင်မခြင် မလုပ်ဝံ့ကြမည်ဖြစ်သည်။

သူသည် ထိုသို့လုပ်ခြင်းက အခြားစကြဝဠာမှ လူများကို အပြစ်ပြုမိမည်ကို အရေးမစိုက်ပေ။ သူတို့သည် သူတို့၏အောင်ပွဲအတွက် စကြာဝဠာနှစ်ခုကို ဆက်သွယ်သည့် အာကာသလမ်းကြောင်းတစ်ခုကို တည်ဆောက်ရန်ပင် ကြံစည်နေကြပြီ မဟုတ်ပါလား။ ထို့ကြောင့် အခြေအနေသည် ထိုသူများကို အပြစ်ပြုမိ၊ မပြုမိကို တွေးနေရမည့် အခြေအနေထက် ကျော်လွန်နေပေပြီ။ အကယ်၍ သူတို့သာ အစွမ်းအစရှိလျှင် သူတို့သည် ဤစကြဝဠာကို ကျူးကျော်လာမည်ဖြစ်သည်။

“ဂျီယူ... သူတို့လောကရဲ့ ကျင့်ကြံခြင်းစနစ်ကဘာလဲ။ သူတို့ရဲ့ အင်အားပမာဏကရော ဘယ်လောက်ရှိလဲ”

ရီဖူရှင်းက ဟွာဂျီယူကို မေးလိုက်သည်။

“သူတို့ရဲ့ ကျင့်ကြံခြင်းစနစ်က ငါတို့နဲ့ နည်းနည်းကွဲပြားတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ တူမှာပါပဲ။ နောက်ဆုံးကျရင် သူတို့လည်း မဟာလမ်းစဉ်နဲ့ ကောင်းကင်စည်းမျဉ်းစွမ်းအားအပေါ် ဉာဏ်အလင်းပွင့်သွားမှာပဲ။ သူတို့ရဲ့ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ်ပဲ... အဲဒီအဆင့်က မဟာအင်ပါယာအဆင့်နဲ့ တူတယ်”

ဟွာဂျီယူ ရှင်းပြလိုက်သည်။

“ဒါပေမဲ့ သူတို့ရဲ့လောက,က ငါတို့ရဲ့ လောကထက် ပိုအဆင့်မြင့်ပြီး ပိုပြည့်စုံတယ်။ နတ်ဘုရားစစ်တပ် လောကကြီးကို အုပ်စိုးခဲ့တဲ့ နတ်ဘုရားခေတ်တုန်းကလိုပဲ။ ကောင်းကင်အင်မော်တယ်မှာလဲ အဆင့်ကွဲတွေ ရှိသေးတယ်.. ကောင်းကင်အင်မော်တယ်၊ အင်မော်တယ်ဘုရင်နဲ့ မာဃအင်မော်တယ်ဆိုပြီး ခွဲထားတယ်”

“သူတို့ရဲ့ အင်မော်တယ်ဘုရင်က ငါတို့ရဲ့ ထိပ်တန်းမဟာအင်ပါယာနဲ့ အဆင့်အတူတူလောက်ပေါ့။ သူတို့ရဲ့ မာဃအင်မော်တယ်ကတော့ ငါတို့ရဲ့ မဟာတန်ခိုးရှင်ပေါ့”

အရှင်ဒွန်ဟောင် ရေရွတ်လိုက်သည်။

“အဲဒီလို ဖြစ်လောက်မယ်”

ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။

“သူတို့က ငါတို့ရဲ့ စကြဝဠာကို လာနိုင်မယ့် အာကာသလမ်းကြောင်း ဖွင့်ချင်ရတဲ့ အကြောင်းက သူတို့ရဲ့ မာဃအင်မော်တယ်က ငါတို့ရဲ့ စကြဝဠာကို ကူးလာပြီး ဒီလောကကို သူတို့လောကလိုမျိုးဖြစ်လာအောင် ပြောင်းလဲပစ်ဖို့ပဲ။ သူတို့ရဲ့ မှတ်ဉာဏ်တွေအရ တခြားလောကတွေနဲ့ စကြဝဠာတွေရဲ့ မဟာအုပ်စိုးသူတွေက ‌သူတို့လောကတွေမှာပဲရှိတဲ့ ကောင်းကင်စည်းမျဉ်းတွေကို ကျင့်ကြံလောက်တယ်။ အဲဒါကြောင့် သူတို့က တခြားလောကတွေရဲ့ ကောင်းကင်စည်းမျဉ်းတွေကို မအုပ်စိုးနိုင်ဘူး။ ဒါကြောင့်မို့ သူတို့က တခြားလောကတွေရဲ့ စည်းမျဉ်းတွေကို သူတို့လောကရဲ့ စည်းမျဉ်းတွေလိုမျိုးဖြစ်လာအောင် အရင်ပြောင်းလဲပစ်ချင်နေတာပဲ”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်သည် မဟာတန်ခိုးရှင်အဆင့်နှင့် ညီပေလိမ့်မည်။ သူသည် သူ့လောကအတွင်းရှိ စည်းမျဉ်းများ၏ ဆရာသခင်ဖြစ်သည်။ ဥပမာဆိုရသော် သူသည် သူ့လောကအတွင်းရှိ အချိန်စည်းမျဉ်းကိုပင် ပြောင်းလဲပစ်နိုင်သည်။ သို့သော် သူသည် အပြင်လောကတွင် သို့မဟုတ် တခြားလောကများတွင် ထိုသို့ မလုပ်နိုင်ပေ။ သို့ရာတွင် ထိုလောကများကို သူဝါးမျိုလိုက်လျှင်တော့ ထိုသို့ လုပ်နိုင်ပေလိမ့်မည်။

ထိုလူများသည်လည်း ယင်းသို့ ရည်ရွယ်ထားခြင်း ဖြစ်ပေမည်။

လူအုပ်သည် အနည်းငယ် မျက်နှာထား မှိုင်းသွားကြသည်။ သူတို့သည် လူသားဘိုးဘေးအပြင် အခြားအန္တရာယ်များလည်း ရှိလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။ သို့သော် ထိုလူများသည် အခြားစကြဝဠာမှဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့ အံ့အားသင့်သွားရသည်။

“ဂျီယူ... မင်း ဘာပြောချင်လို့လဲ”

ရီဖူရှင်းသည် ဟွာဂျီယူတစ်ယောက် စကားပြောရန် အတန်ယ် ချီတုံချတုံဖြစ်နေသည်ကို တွေ့၍ မေးလိုက်သည်။

“ပုံမှန်အတိုင်းဆို စကြဝဠာတွေကြားက လောကတွေက တစ်ခုနဲ့တစ်ခု သီးခြားဖြစ်နေရမှာ။ အဲဒါမှ တခြားလောကတွေရှိတယ်ဆိုတာ အပြန်အလှန် မသိကြမှာ။ ဒါပေမဲ့ ငါတို့ရဲ့ တည်နေရာက ပေါက်ကြားသွားသလိုပဲ”

ဟွာဂျီယူသည် စိတ်လှုပ်တရှား ပြောလိုက်၏။

“တစ်နည်းပြောရရင် ငါတို့ကို တွေ့သွားတာ စကြဝဠာတစ်ခုတည်း မကလောက်ဘူးပေါ့”

ရီဖူရှင်းသည် ဟွာဂျီယူ ဘာကိုပြောရန် ကြိုးစားနေကြောင်း ချက်ချင်း နားလည်သွားသည်။ ဤသို့ဖြစ်ရခြင်းမှာ မဟာလမ်းစဉ် ပြိုပျက်သွားခြင်း၏ အကျိုးဆက်တစ်ခု ဖြစ်ပေလိမ့်မည်။

“အင်း...”

ဟွာဂျီယူ ခေါင်းညိတ်လိုက်၏။

ရီဖူရှင်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ဤအခြေအနေမှ တစ်ခုတည်းသော ထွက်ပေါက်သည် သူ မဟာတန်ခိုးရှင်အဆင့်သို့ ရောက်မှ ဖြစ်နိုင်မည့်ပုံပင်။ ပြန်ဆင်ခြင်ကြည့်လျှင် ယခင်က သူ့အမေ စိုးရိမ်ခဲ့ခြင်းသည် အမှန်ပင် သဘာဝကျသော အကြောင်းပြချက်တစ်ခု ရှိခဲ့ပေသည်။

သူသည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားနှင့် လောကတစ်ခု ဖန်တီးနိုင်လျှင် အပြိုင်စကြဝဠာများ တည်ရှိနေမှုကို ယုံကြည်ရန်မှာ တွေးမရနိုင်သော ကိစ္စတစ်ခု မဟုတ်‌ပေ။ သူသည် သူ၏ကိုယ်တွင်းလောကကို လေ့လာသုံးသပ်ခြင်းမှ လောကတိုင်း၊ စကြဝဠာတိုင်းတွင် သက်ဆိုင်ရာ စည်းမျဉ်းဥပဒေများရှိကြောင်း ကောက်ချက်ချနိုင်သည်။ ထို့အပြင် ကွဲပြားသော စကြဝဠာများ၏ အချိန်အလုပ်လုပ်ပုံသည် ကွဲပြားနိုင်ပေသည်။ စကြဝဠာများ၏ တည်နေရာသည် မတူနိုင်သဖြင့် ယင်းတို့ ပေါင်းစည်းသွားရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။

သို့သော် သူတို့လောက၏ တည်နေရာ ပေါက်ကြားသွားကတည်းက အခြေအနေများ ပြောင်းလဲလာခဲ့သည်။

“ပြန်သွားကြစို့...”

ရီဖူရှင်းက အမိန့်ပေးလိုက်၏။

“ဖူရှင်း... မင်း အခု လူသားဘုံကို သွားတော့မှာလား”

အရှင်ဒွန်ဟောင် မေးလိုက်၏။

“ဟုတ်တယ်”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ... ငါ မင်းကို လူသားဘုံရဲ့ နယ်စပ်အပြင်ဘက်ထိ လိုက်ပို့ပေးမယ်”

အရှင်ဒွန်ဟောင် ပြောလိုက်၏။ သူသည် ရီဖူရှင်း ရန်သူနယ်မြေအတွင်းသို့ သွားမည်ကို မကန့်ကွက်သော်လည်း အကူအနေဖြင့် လိုက်သွားမည်ဖြစ်သည်။ အကယ်၍ ရီဖူရှင်းက အန္တရာယ်တစ်ခုခု တွေ့ကြုံရလျှင် အရှင်ဒွန်ဟောင်သည် သူ့ကို ကယ်တင်နိုင်ပေသည်။

“ငါလည်း နင်နဲ့ လိုက်ခဲ့မယ်”

ဟွာဂျီယူက ထပ်ပြောလိုက်၏။

သူမသည် အရောင်မဲ့ဘုံနတ်စွမ်းအားအပေါ် ဉာဏ်အလင်းပွင့်သွားပြီဖြစ်၍ သူမ၏အင်အားသည် အလွန်တိုးတက်လာပြီဖြစ်သည်။

အရောင်မဲ့ဘုံနတ်စွမ်းအားသည် လွန်စွာ စွမ်းအားကြီးကာ အဆင့်အတန်းတစ်ခုရှိသည်။ ဗုဒ္ဓလောကတွင် အရောင်မဲ့ဘုံသည် အလိုဆန္ဒဘုံနှင့် ပုံသဏ္ဌာန်ဘုံတို့၏ အထက်တွင် ရှိပေသည်။ အရောင်မဲ့ဘုံတွင် မည်သည့် ဒြပ်ထည်မှ မရှိပေ။ ထို့ကြောင့် ဗုဒ္ဓဆိုရိုးတစ်ခုဖြစ်သော “အရာအားလုံးသည် အနှစ်သာရကင်းမဲ့သည်” ဟူသော ဆိုရိုးနှင့် ကိုက်ညီပေသည်။

ဟွာဂျီယူ၏ အရောင်မဲ့ဘုံနတ်စွမ်းအားသည် သူမ အရောင်မဲ့ဘုံကို နားလည်သွားခြင်းမှ ဖြစ်ပေါ်လာခြင်းပင်။ ထိုနတ်စွမ်းအားကို ထုတ်လိုက်လျှင် သူမ၏လောကထဲတွင် မည်သည့် ဒြပ်ထည်မှ ရှိတော့မည် မဟုတ်ပေ။ အကြွင်းမဲ့ ဗလာဟင်းလင်းဖြစ်သွားပေမည်။ ယင်းသည် လွန်စွာစွမ်းအားကြီးသော နတ်စွမ်းအားဖြစ်သည်။ ထို့ကြောင့် ယင်းကို အထွတ်အထိပ်ထိ ကျင့်ကြံနိုင်လျှင် ပြိုင်ဘက်ကင်း ဟင်းလင်းပြင်အနှစ်သာရစွမ်းအားနှင့် တန်းတူသော စွမ်းအားကို အသုံးပြုနိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဟွာဂျီယူသည် ထိုအဆင့်သို့ မရောက်သေးချေ။ ထို့အပြင် သူမ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် အရှင်ဒွန်ဟောင်ထက် နိမ့်နေသေးပေသည်။

“ကောင်းပြီ...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ သူသည် အစောက ထုတ်ဖော်ခြင်းနတ်စွမ်းအားနှင့် အရောင်မဲ့ဘုံနတ်စွမ်းအားတို့ကို မြင်ခဲ့ရသဖြင့် ယင်းစွမ်းအားများ မည်မျှ စွမ်းအားကြီးကြောင်း သူပြောနိုင်ပေသည်။ သူတို့ လူသားဘုံအတွင်း မဝင်သေးသ၍ ထိုနှစ်ယောက်စလုံးသည် မည်သည့်အန္တရာယ်နှင့်မှ ကြုံရမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူတို့၏ လုံခြုံရေးအတွက် မစိုးရိမ်ခြင်းပင်။

“ကောင်းပြီး.. အခု သွားကြတာပေါ့”

အရှင်ဒွန်ဟောင် ပြောလိုက်၏။

“အင်း...”

ရီဖူရှင်းသည် အခြားသူများကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်၏။

“ကျန်တဲ့သူတွေအားလုံး ကောင်းကင်အင်ပါယာနန်းတော်ကို အရင်ပြန်ကြပါ။ ကျုပ်တို့ သွားတာ သိပ်ကြာမှာ မဟုတ်ပါဘူး”

“ဟုတ်ကဲ့ပါ အရှင်အင်ပါယာ”

ထိုနေရာရှိ အားလုံး ခေါင်းညိတ်လိုက်ကြသည်။ မသိလိုက်ခင်မှာပင် ရီဖူရှင်းသည် အချိန်နှင့်အမျှ အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်လာပေသည်။ ထိုအာဏာသည် သူ၏ကောင်းကင်လမ်းစဉ်အသေးစားဖြင့် ဖန်တီးထားသော လောကထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ကျင့်ကြံသူအားလုံးအပေါ် သက်ရောက်နိုင်ပေသည်။ လောကတစ်ခုကို ဖန်တီးခြင်းသည် လူတိုင်းလုပ်နိုင်သောအရာ မဟုတ်ပေ။ ထိုအချက်တစ်ခုတည်းမှ ကြည့်လျှင်ပင် သူသည် သူ၏အဖေ အရှင်ဒွန်ဟောင်ထက် သာလွန်သွားပြီဖြစ်သည်။

ထို့ကြောင့်လည်း အားလုံးသည် အရှင်ဒွန်ဟောင်ပြောခဲ့သည့် စကားကို သဘောတူကြခြင်းပင်။ အကယ်၍ မဟာတန်ခိုးရှင်အဆင့်သို့ ရောက်နိုင်မည့်သူရှိလျှင် ထိုသူသည် ရီဖူရှင်း ဖြစ်ပေလိမ့်မည်။

ထိုစဉ်တွင် သူတို့သုံးယောက်သည် အလင်း‌ပျောက်သုံးစက်အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်သော ကောင်းကင်အင်ပါယာမြို့တော်မှ ကျင့်ကြံသူများသည် အံ့အားသင့်သွားပြီး တွေးတောလိုက်ကြသည်။ ယခုတွင် ကောင်းကင်အင်ပါယာနှင့် အရှင်ဒွန်ဟောင်တို့သည် လူသားနတ်ဘုရားနန်းတော်သို့ ဦးတည်သွားကြခြင်းလော။

ဘုံခြောက်ခုတွင် မဟာအင်ပါယာခြောက်ပါးရှိသည်ဟူသော လောကကြီး၏ စွမ်းအားမျှခြေသည် ပြောင်းလဲသွားပြီလော။ အချိန်များသည် လူသားဘိုးဘေးနှင့် ကောင်းကင်အင်ပါယာတို့ ယှဉ်ပြိုင်သည့် ခေတ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားနေပြီလော။

လောကကြီးထဲမှ လူများသည် အမြဲပြောင်းလဲသောနေသော အချိန်၏ အမြန်နှုန်းကို ခက်ခက်ခဲခဲ လိုက်နေရပေသည်။ အပြင်လောကမှ လူများအတွက် အချိန်ကာလသည် အလွန်တိုတောင်းနေလေသည်။

****

ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် လူသားဘုံ၏ လူသားနတ်ဘုရားနန်းတော်တည်ရှိရာ နေရာတစ်ခုလုံးတွင် ပျံ့နှံ့သွားသည်။

လူသားနတ်ဘုရားနန်းတော်၏ အမြင့်ဆုံးအထပ်မှနေ၍ ကောင်းကင်ဩဇာတစ်ခု ထွက်ပေါ်လာ၏။ လူသားဘိုးဘေးသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ ရုတ်တရက် သူသည် မျက်လုံးများဖွင့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်လေသည်။

“သူ လာနေပြီ”

ကောင်းကင်မှ ကျယ်လောင်စွာ ကြေညာလိုက်သော အသံတစ်သံကို ကြားလိုက်ရ၏။ ထို့နောက်တွင် ကောင်းကင်ထက်မှနေ၍ လူရိပ်သုံးခု ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။ သူတို့သုံးယောက်၏ ဟန်ပန်အရှိန်အဝါသည် ပြိုင်ဘက်ကင်းပေသည်။ သူတို့သုံးယောက်လုံးသည် ကောင်းကင်ဩဇာအာဏာကို ဆွဲကိုင်ထားသကဲ့သို့ စွမ်းအားကြီးအရှိန်အဝါများကို ထုတ်လွှတ်နေသည်။

လူသားဘိုးဘေးသည် ချက်ချင်း ထရပ်လိုက်ပြီး သတင်းပို့ရန် လူသားနတ်ဘုရားနန်းတော်တစ်ခွင်လုံးကို သူ၏နတ်အာရုံဖြင့် လွှမ်းခြုံလိုက်လေသည်။

All Chapters