← Chapters

အထင်ကြီးရသည်

Vol. 205 Ch. 2925

အထင်ကြီးရသည်

Vol. 205 Ch. 2925

လူသားနတ်ဘုရားနန်းတော်တစ်ခွင်လုံးကို အစောင့်အကြပ် တင်းကျပ်ထားသည်။ နန်းတော်ဝင်းနှင့် နန်းတော်အတွင်းပိုင်းတွင်လည်း အစောင့်အကြပ်များစွာ ရှိနေသည်။ မဟာအင်ပါယာအဆင့်အောက်မှ ကျင့်ကြံသူအားလုံးသည် နန်းတော်ဝင်းအတွင်းရှိ ပင်မနန်းဆောင်ထဲတွင် သွားရောက် ခိုလှုံနေကြသည်။ သူတို့ ခန့်မှန်းခဲ့သလို ကိစ္စကြီးတစ်ခု ဖြစ်တော့ပေမည်။

သို့သော် ထိုအခိုက်တွင် လူသားဘိုးဘေးနှင့် နတ်ဘုရားများသည် နန်းတော်ကို ကာကွယ်နေကြသည်။ မည်သည့်ရန်သူက သူတို့ကို ထိုသို့ တုံ့ပြန်စေသနည်း။

ယခင်က ကျိဝူတောက်သည် လူသားဘိုးဘေး မရှိစဉ်တွင် လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ခဲ့သည်။ ထိုအချိန်က နတ်ဘုရားများ ထွက်ပေါ်မလာ‌သေးပေ။

ရုတ်တရက် လူသားနတ်ဘုရားနန်းတော်အထက်ရှိ ကောင်းကင်သည် အပြင်းအထန် တုန်ခါသွားသည်။ ထို့‌နောက် ကျောစိမ့်ဖွယ် အာကာသမုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ အတုမဲ့ အာကာသနတ်စွမ်းအားနှင့် ပြည့်နှက်နေသော အာကာအလွှာဝဲကတော့ကြီးသည် လေထုထဲတွင် သောင်းကျန်းနေလေသည်။

ခေတ္တမျှကြာပြီးနောက် ကြောက်မက်ဖွယ် အာကာသမုန်တိုင်းကြီးသည် ရုတ်တရက် အာကာသလမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

အာကာသလမ်းကြောင်း၏ အခြားတစ်ဘက်တွင် နတ်အလင်းဝန်းရံထားသော ငွေဖြူရောင်ဆံပင်နှင့် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာ၏။ လွှမ်းခြုံထားသော နဂါးကိုးကောင်းသန့်စင်ချီက သူ့ကို ပို၍ ခံ့ညားထည်ဝါစေနေသည်။ ထိုသူသည် ရီဖူရှင်းဖြစ်လေသည်။

သူသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေပြီး သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် နတ်အလင်း တောက်ပနေသည်။ ထိုစဉ်တွင် နေနှင့်လ ကိုယ်ရံတော်ကဲ့သို့ ဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။ သူ့တွင် ထူးကဲသော ဟန်ပန်အရှိန်အဝါရှိပြီး သူ့ကို ယခင်ကထက် ပို၍ ခံ့ညားထည်ဝါလာစေသည်။

ရီဖူရှင်းသည် အတွေးတစ်ချက်ဖြင့် အလင်းအစက်ပျောက်ကများကို ထိန်းချုပ်ကာ အခြားဘက်မှနေ၍ အာကာသလမ်းကြောင်းကိုဖြတ်ကာ လူသားနတ်ဘုရားနန်းတော်အထက်ရှိ ကောင်းကင်သို့ ရောက်လာလေသည်။ အကန့်အသတ်မဲ့ ကောင်းကင်တစ်ခွင်တွင် တောက်ပသော အလင်းအစက်ပျောက်များသည် နေ၊ လနှင့် ကြယ်တာရာများကဲ့သို့ ထွက်ပေါ်လာ၏။ ထို့နောက် အလင်းအစက်ပျောက်အားလုံးသည် လူသားပုံစံများအဖြစ် ပြောင်းလဲသွား၏။

ထိုပုံစံအားလုံးသည် ရီဖူရှင်း၏ပုံစံနှင့် တူပေသည်။ သူတို့သည် ရီဖူရှင်း၏ ကိုယ်ပွားများပင်။

ထိုတလက်လက်တောက်ပနေသော ပုံရိပ်များသည် မဟာလမ်းစဉ်စည်းမျဉ်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် ချစ်ချစ်‌တောက်ပူပြင်းသော နေနတ်အလင်းကို ဖြာထုတ်နေပြီး အခြားတစ်ယောက်သည် အေးစက်သော လနတ်အလင်းကို ထုတ်လွှတ်နေသည်။ သူတို့သည် နေနှင့်လကို ကိုယ်စားပြုသကဲ့သို့ ဘေးချင်းယှဉ်ရပ်နေကြသည်။

သူတို့အားလုံးသည် ကောင်းကင်လမ်းစဉ်၏ ကိုယ်ပွားများပင်။

ရွှစ်...

နေနှင့်လ ကိုယ်ပွားနှစ်ယောက်သည် ကြောက်မက်ဖွယ် နတ်အလင်း ပစ်လွှတ်လိုက်ပြီး လူသားနတ်ဘုရားနန်းတော်တစ်ခွင်လုံးကို သူတို့၏ စွမ်းအားများဖြင့် ဖောက်ထွင်းလိုက်သည်။ ရုတ်ခြည်းပင် သူတို့သည် သူတို့ကိုယ်သူတို့ နေနှင့်လအဖြစ်‌ ပြောင်းလဲလိုက်ပြီး ယင်နှင့်ယန် နတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ထိုယင်နှင့်ယန် နတ်စွမ်းအားသည် လူသားနတ်ဘုရားနန်းတော်တစ်ခွင်လုံးကို ဖြည်းဖြည်းချင်း လွှမ်းခြုံသွားသည်။

ဝှစ်...

ထိုအခိုက်တွင် လူသားနတ်ဘုရားနန်းတော်ထဲတွင် ရုတ်တရက် အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ဓားစက်ကွင်းတစ်ခုပင်။ ထာဝရဓားသခင်သည် နန်းတော်တစ်ခု၏ ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ကောင်းကင်သို့ ခေါင်းမော့၍ သူ၏ ဓားစက်ကွင်းကို ထုတ်လွှတ်လိုက်သည်။ နေနှင့်လ နတ်အလင်း ဓားစက်ကွင်းကို ထိမှန်သွားသည့်အခိုက်တွင် ဓားစက်ကွင်း ပျက်စီးသွားသည်။

ထို့နောက်တွင် ကောင်းကင်လမ်းစဉ်၏ နောက်ထပ်ကိုယ်ပွားတစ်ယောက်သည် တောက်ပသော ရွှေရောင်လှံတစ်ချောင်းကို ပစ်လွှတ်လိုက်ပြီး နောက်ကိုယ်ပွားတစ်ယောက်သည် ဓားစက်ကွင်းဆီသို့ တောက်ပသောလက်သီးချက် ပစ်သွင်းလိုက်သည်။ ရုတ်ခြည်းပင် လေထုသည် တုန်ခါသွားပြီး ဓားစက်ကွင်းသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။

ထာဝရဓားသခင်သည် ထိုမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားသည်။ ယခင်တစ်ခေါက်က ပဋိပက္ခတွင် ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့သည် တိုက်ပွဲမှ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူ၏ဓားသည် ရီဖူရှင်းကို သတ်နိုင်လိမ့်မည်ဟု သူတွေးထားခဲ့သည်။ သို့သော် ရီဖူရှင်းသည် ကိုယ်အစစ်ဖြင့် မဟုတ်ဘဲ ကောင်းကင်လမ်းစဉ်၏ ကိုယ်ပွားတစ်ယောက်ဖြင့်ပင် သူ၏ဓားစက်ကွင်းကို ဖျက်ဆီးပစ်နိုင်စွမ်းရှိနေပြီဟု မည်သူ တွေးမိခဲ့မည်နည်း။

သူသည် ခေါင်းမော့ကာ ကောင်းကင်သို့ စိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများမှ နတ်အလင်း ပစ်လွှတ်လိုက်သည်။ ဓားဝိညာဉ်စွမ်းအားသည် လေထုအတွင်း ပျံ့နှံ့သွားပြီး သူသည် ကောင်းကင်ထက်သို့ လက်ဆန့်တန်းကာ ယမ်းလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ကိုဖြတ်၍ ဓားမြစ်တစ်စင်း ထွက်ပေါ်လာပြီး ရီဖူရှင်း၏ မဟာလမ်းစဉ်ကိုယ်ပွားများထံသို့ ဦးတည်သွားသည်။

ထို့နောက် ယင်နတ်စွမ်းအားနှင့် ဓားမြစ်ထိတွေ့သွားပြီး အာကာပြင်တွင် အအေးဓာတ်လွှမ်းမိုးသွားကာ အာကာပြင်တစ်ခွင်လုံးနှင့် အချိန် ရပ်တန့်သွားသည်။ သို့သော် ယင်းသည် စွမ်းအားကြီးသော ဓားကို မတားဆီးနိုင်ချေ။ တဖြည်းဖြည်းဖြင့် ဓားသည် အချိန်နှင့်နေရာစွမ်းအားထက် သာလွန်သကဲ့သို့ အာကာအလွှာများအကြား ဖြတ်သွားနေသည်။

ဝုန်း...

ဓားနှင့် မဟာလမ်းစဉ်ကိုယ်ပွားများ ထိတိုက်သွားသောအခါ မြေပြင်ကို တုန်ဟည်းစေနိုင်သော ပေါက်ကွဲသံကို ကြားလိုက်ရ၏။ ထိုဖြစ်ရပ် ဖြစ်ပွားနေစဉ် ရီဖူရှင်းသည် လက်ဖြင့် ဓားတစ်ချောင်းကို မြှောက်ကာ အာကာသလမ်းကြောင်း၏ အခြားတစ်ဘက်မှနေ၍ ရှေ့သို့ ပျံသန်းလာလေသည်။

ဓားချက်တစ်ချက်သည် အာကာပြင်ကို ဖြတ်သန်း၍ ထာဝရဓားသခင်ထံသို့ ပျံဝင်သွားသည်။

ထာဝရဓားသခင်သည် ဝင်ရောက်လာသော အန္တရာယ်ကို အာရုံခံမိသောအခါ သူ၏အတွေးများကို အသုံးပြု၍ ထာဝရဓားစက်ကွင်းဖြင့် အကြွင်းမဲ့အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ ကံဆိုးစွာပင် ဝင်ရောက်လာသော တိုက်ခိုက်မှုသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားပြီး ထိခတ်သံများ ထွက်ပေါ်လာစေလေသည်။ ၎င်းတိုက်ခိုက်မှုသည် အကာအကွယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါး ဖျက်ဆီးပစ်လိုက်သည်။

ကြီးမားသော စွမ်းအားသည် ထာဝရဓားသခင်အောက်ရှိ နန်းဆောင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပြီး အမှုန့်ဖြစ်သွားစေသည်။ ထာဝရဓားသခင်သည် ‌နောက်သို့ လွင့်ပျံသွားသော်လည်း သူ၏ခန္ဓာကိုယ်မှနေ၍ ဓားဝိညာဉ်စွမ်းအား ထုတ်လွှတ်လိုက်သည်။ သူက လက်နှစ်ဘက်စလုံးဖြင့် ဓားမုဒြာများ ပြုလုပ်လိုက်ပြီး လျင်မြန်စွာ ချဉ်းကပ်လာသည့် ရီဖူရှင်း၏ ဓားဝိညာဉ်စွမ်းအားကို ခုတ်ချလိုက်သည်။

ထိုအခိုက်တွင် သူတို့၏ပတ်ဝန်းကျင်တွင် အဖျက်ဓားချီမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ထာဝရဓားသခင်သည် အနောက်သို့ လွင့်သွားကာ အဆောက်အဦများ၊ လူသားနတ်ဘုရားနန်းတော်၏ တောင်ထွတ်များနှင့် တိုက်သွားပြီး နောက်ဆုံးတွင် တစ်နေရာ၌ ရပ်သွားသည်။

မည်သို့ပင်ဖြစ်စေ ယင်းသည် အဆုံးသတ် မဟုတ်သေးပေ။ ရုတ်ခြည်းပင် အခြားတစ်ဘက်မှနေ၍ မရေတွက်နိုင်သော ဓားဝိညာဉ်စွမ်းအားများသည် သူ့ဘက်သို့ ချိန်ရွယ်ထားသည်ကို သူ မြင်လိုက်လေသည်။ ယင်းဓားဝိညာဉ်စွမ်းအားများသည် လူသားနတ်ဘုရားနန်းတော်တစ်ခွင်လုံးကို ဖျက်ဆီးပစ်လိုနေသကဲ့သို့ပင်။

ဝုန်း...

ရုတ်တရက် နားကွဲလောက်သည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။ ထို့နောက်တွင် အာကာသလမ်းကြောင်းသည် ဖြည်းဖြည်းချင်း ပျက်စီးပျောက်ကွယ်သွားသည်။ ၎င်း၏ထွက်ပေါက်ရှေ့တွင် ပျံကာ ရပ်နေသော မဟာအင်ပါယာနှစ်ပါး၏ ပုံရိပ်ကို လှမ်းတွေ့လိုက်ရ၏။ သူတို့နှစ်ယောက်သည် အာကာသလမ်းကြောင်းကို ပျက်စီးသွားအောင် တိုက်ခိုက်လိုက်သူများဖြစ်သည်။

အာကာသလမ်းကြောင်း ပျက်စီးသွားပြီဖြစ်သော်လည်း မကြာမကြာဆိုသလို ကြောက်မက်ဖွယ် ထစ်ချုန်းသံများကို ကြားနေရသေးသည်။

နောက်ဆုံးတွင် မဟာလမ်းစဉ်ကိုယ်ပွားအားလုံးသည်လည်း မြင်ကွင်းမှနေ၍ အတူတကွ ပျောက်ကွယ်သွားသည်။ အခြေအနေသည် တည်ငြိမ်သွားပုံပေါ်သော်လည်း လူသားနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများသည် ကြောက်ရွံ့တုန်လှုပ်ကာ ရင်ခုန်မြန်နေဆဲပင်။ ရီဖူရှင်းသည် ယခင်ကထက်ပင် ပိုသန်မာလာပြီဖြစ်ကြောင်း သူတို့အားလုံး သိရှိသွားပေပြီ။ သူ၏မဟာလမ်းစဉ် ပြီးပြည့်စုံပြီးနောက်တွင် ထာဝရဓားသခင်ပင် သူ့ကို မယှဉ်နိုင်တော့ချေ။

လူသားနတ်ဘုရားနန်းတော်၏ ဗဟိုမြို့တွင် နေထိုင်ကြသူများ၏ မျက်နှာများပေါ်တွင် အကြောက်တရားများ ပြည့်နှက်နေသည်။ သူတို့သည် နန်း‌တော်ဘက်သို့ သွားနေကြ၏။ သူတို့အားလုံးသည် အစောက နန်းတော်တွင် ဖြစ်ခဲ့သော ပြင်းထန်သည့် တိုက်ပွဲကို ခံစားနိုင်ကြသည်။

တစ်စုံတစ်ယောက်သည် လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ဝံ့သည်ဟု သိရခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။

မည်သူက ထိုမျှ စိတ်ကြီးဝင်သည့်လုပ်ရပ်ကို လုပ်ခြင်းနည်း။

ထိုအခိုက်တွင် သူတို့သည် အားကောင်းသော ဖိအားတစ်ခု လေထုထဲတွင် ပျံ့နှံ့လာသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူတို့သည် မွန်းကျပ်လေးလံလာလေသည်။ ယင်းမှာ နတ်ဘုရားအရှိန်အဝါပင်။

မြို့ထဲမှ ကျင့်ကြံသူများသည် အလွန်အမင်း ရင်တုန်လာကြသည်။ နတ်ဘုရားအရှိန်အဝါ၏ ဖိအားအောက်တွင် သူတို့သည် မြေပြင်တွင် ဒူးထောက်၊ ခေါင်းငုံ့ကာ နေရမလို ခံစားနေရသည်။

သူတို့သည် ခေါင်းမော့၍ ကြည့်လိုက်ရာ ကောင်းကင်ထဲရှိ ပုံရိပ်ယောင် ဧရာမမျက်နှာကြီးကို တွေ့လိုက်ရ၏။ အားလုံးသည် လွန်စွာခံ့ညားသော ငွေဖြူရောင်ဆံပင်ရှည်နှင့် မျက်နှာတ်စခုကို မြင်နိုင်ကြပေသည်။

“အဲဒါ ကောင်းကင်အင်ပါယာ ရီဖူရှင်းပဲ”

သူတို့သည် ကောင်းကင်ထဲရှိ ရီဖူရှင်း၏ ခံ့ညားသော မျက်နှာကို ငေးကြည့်ရင်း အပြင်းအထန် ရင်ခုန်နေကြသည်။ ယခင်က လူသားဘိုးဘေးသည် ရီဖူရှင်းကို သတ်ရန်အတွက် ဘုံခြောက်ခု၏စစ်ပွဲကို စတင်ခဲ့သော်လည်း ရီဖူရှင်းကို မသတ်နိုင်ခဲ့ချေ။ ထို့အပြင် ရီဖူရှင်းက ပြန်တိုက်ခိုက်သောအခါ သူတို့၏တပ်သားများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

တစ်နှစ်ကျော်လောက် အချိန်လေးအတွင်းတွင် ရီဖူရှင်းသည် ဤမျှစွမ်းအားကြီးလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ လူသားဘုံကို ကျူးကျော်သည်ကို မြင်ရလိမ့်မည်ဟုလည်း မည်သူမှ မတွေးခဲ့ကြချေ။

ကောင်းကင်ထဲရှိ မျက်နှာကြီးသည် ကောင်းကင်လမ်းစဉ်၏ ပြယုဂ် မဟာတန်ခိုးရှင်းတစ်ပါးပင်။

သူက လက်ရှိ ကောင်းကင်အင်ပါယာဖြစ်သည်။ သူ့ကို ယခင် ကောင်းကင်အင်ပါယာပင် မယှဉ်နိုင်ချေ။

မြို့တွင်းမှ လူအားလုံးသည် ‌ကောင်းကင်မှနေ၍ လေထုကို ဖိနှိပ်ထားသော အားကောင်းသည့် ကောင်းကင်ဩဇာကို အာရုံခံနိုင်နေသည်။ လူသားနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများလည်း ထိုသို့ အာရုံခံနိုင်ကြသည်။ ရုတ်တရက် သူတို့သည် ရီဖူရှင်းမှာ လောကကြီး၏ စစ်မှန်သော အုပ်စိုးသူ၊ ကောင်းကင်စည်းမျဉ်းကို အမှန်တကယ် အုပ်စိုးသူဖြစ်သည်ဟုပင် မှားယွင်း ခံစားလာရကြောင်း သူတို့ဘာသာ သတိထားမိသွားကြသည်။

မဟာအင်ပါယာအဆင့် ကျင့်ကြံသူများပင် သူ၏ကောင်းကင်ဩဇာကို ရင်ဆိုင်ရသောအခါ သိမ်ငယ်သွားကြသည်။ မူလဘုံမှ ထူးကဲသောပါရမီရှိသည့် လူငယ်လေးသည် မဟာအင်ပါယာများပင် အထင်ကြီးရသော လူတစ်ယောက် ဖြစ်လာပေပြီ။

All Chapters