← Chapters

ရောက်ရှိလာခြင်

Vol. 205 Ch. 2928

ရောက်ရှိလာခြင်

Vol. 205 Ch. 2928

လူသားဘုံရှိ မြို့တစ်ခု၏ ကောင်းကင်မှနေ၍ နတ်အလင်းတောက်ပလာပြီး မမြင်ရသော စွမ်းအားတစ်ခုသည် ထိုနေရာရှိ လူအုပ်အပေါ် ကျဆင်းသွားသည်။

လူသားဘိုးဘေး၏ အသံတွင် ဆန်းကြယ်သောစွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေပြီး ဘုံအတွင်းရှိ လူအားလုံထံ ရောက်ရှိသွားသည်။ ရုတ်ခြည်းပင် သူတို့၏မျက်လုံးများထဲတွင် ရန်လိုသောအရိပ်အယောင်တစ်ခု လက်သွားသည်။ သူတို့သည် ကောင်းကင်ဘုံနှင့် ကောင်းကင်ဒေသသို့ ချီတက်၍ ကောင်းကင်အင်ပါယာရီဖူရှင်းကို ရှင်းပစ်ရန် တရွရွ ဖြစ်နေကြသည်။

သူတို့၏ စိတ်များအတွင်း၌ အသံတစ်သံ ပဲ့တင်ထပ်နေသည်။ သူတို့သည် ခေါင်းမော့၍ လူသားဘိုးဘေး၏ မျက်နှာကို ဒေါသတကြီး ငေးကြည့်လိုက်ကြသည်။

“ကျုပ်တို့ ကောင်းကင်အင်ပါယာနန်းတော်ကို အလုံးအရင်းဝင်တိုက်ပြီး ရီဖူရှင်းကို သတ်ပစ်ပြီး ဘုံခုနစ်ခုကို စည်းလုံးအောင် လုပ်ပါမယ်”

“ကျုပ်တို့ လူသားဘိုးဘေးနဲ့အတူ တိုက်ခိုက်ပါမယ်”

“ကျုပ်တို့ လူသားဘိုးဘေးနဲ့အတူ တိုက်ခိုက်ပါမယ်”

ထိုအသံများသည် ကျယ်ပြောသောကုန်းမြေတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ သူတို့အားလုံးသည် လူသားဘိုးဘေးနှင့်အတူ တိုက်ခိုက်၍ ကောင်းကင်စည်းမျဉ်းအသစ်တစ်ခု ‌ဖော်ဆောင်လိုနေကြသည်။

လူသားဘိုးဘေး၏ ပြောစကားအရ ရီဖူရှင်းသည် လူသားမျိုးနွယ်အပေါ် အပြစ်ကျူးလွန်ခဲ့သော လူဆိုးဖြစ်ပြီး လူသားဘိုးဘေးမှာမူ အကြွင်းမဲ့ ဖြောင့်မတ်မှန်ကန်သူဖြစ်လေသည်။

****

တစ်ခဏအတွင်းမှာပင် ရီဖူရှင်းက ကောင်းကင်ဘုံ၏ ကောင်းကင်(၉၉)လွှာသို့ ပြန်ရောက်လာခဲ့သည်။

ရီဖူရှင်းသည် အရှင်ဒွန်ဟောင်နှင့် ဟွာဂျီယူတို့နှင့်အတူ ကောင်းကင်နန်းတော်အထက်သို့ ရောက်လာ၏။ ယွီထူ၊ ဂူတုံးလျှိုနှင့် အခြာသူများကဲ့သို့ မဟာအင်ပါယာများသည် ကောင်းကင်နန်းတော်အထက်သို့ သွားကာ သူတို့သုံးယောက် ပြန်ရောက်လာသည်ကို ကြိုဆိုလိုက်ကြသည်။

“အခြေအနေတွေ ဘယ်လိုရှိလဲ”

ရံ‌ရွှေတော်ချင်က ပေးလိုက်၏။ သူမသည် သူမ၏သခင်လေး ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ကောင်းကင်အင်ပါယာဟောင်းနှင့် ကောင်းကင်မင်းသမီးတို့သည် လူသားဘိုးဘေး၏ လက်ချက်ဖြင့် သေသွားရသည်မဟုတ်ပါလား။ ထို့ကြောင့် သူမတို့အားလုံးသည် သူမတို့၏ရန်သူ လူသားဘိုးဘေးကို အလွန်မုန်းတီးနေကြပေသည်။

ရီဖူရှင်းနှင့် အရှင်ဒွန်ဟောင်တို့၏ မျက်နှာထားများသည် လေးနက်သွား၏။ ထို့နောက် ရီဖူရှင်းသည် အရှင်ဒွန်ဟောင်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

“အဖေ... အဖေ အဲဒါကို ဘယ်လိုထင်လဲ”

“လူသားဘိုးဘေးက လူသားဘုံကို မွမ်းမံခဲ့တာ ဖြစ်ဖို့များတယ်”

အရှင်ဒွန်ဟောင် ပြန်ပြောလိုက်၏။ ကျင့်ကြံသူအားလုံးသည် အရှင်ဒွန်ဟောင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ ခေတ္တကြာပြီးနောက် အရှင်ဒွန်ဟောင် ဆက်ပြောလိုက်၏။

“လူသားဘိုးဘေးက သူ့ရဲ့ မဟာလမ်းစဉ်စည်းမျဉ်းကို ဖန်တီးခဲ့တာပဲ။ ငါကတော့ ကောင်းကင်ဒေသမှာ ငါ့ရဲ့စည်းမျဉ်းကိုပဲ ကာကွယ်နေခဲ့တာ။ လူသားဘိုးဘေးက အဲဒီအဆင့်ကို ကျော်သွားခဲ့ပြီ။ သူက လူသားဘုံတစ်ခုလုံးကို မွမ်းမံပြီး အဲဒီဘုံရဲ့ မဟာလမ်းစဉ်ကို လုံးဝပြောင်းလဲပစ်ခဲ့တာ။ တိုတိုပြောရရင်တော့ လူသားဘုံတစ်ခုလုံးက သူ့စိတ်တိုင်းကျ ချယ်လှယ်လို့ရတဲ့ နေရာတစ်ခု ဖြစ်သွားပြီ”

“အဲဒါဆို လူသားဘိုးဘေးက လူသားဘုံက ကျင့်ကြံသူတွေကို တိုက်ရိုက် လှည့်ဖြားပစ်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား”

ရီဖူရှင်း မေးလိုက်၏။ သူသည် အစောက လူသားဘုံတွင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားခဲ့ရသည်။ လူသားဘိုးဘေးက လူသားဘုံမှ လူအားလုံးကို စကားပြောလိုက်စဉ်က ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏စကားလုံးများသည် ခံစားချက်စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာရှိ ကျင့်ကြံသူအားလုံးအပေါ် သက်ရောက်သွားစေ၏။

“အင်း...”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်၏။

“လူသားဘိုးဘေးက ထူးခြားတဲ့ စည်းမျဉ်းနတ်စွမ်းအားတချို့ကို ကျင့်ကြံခဲ့တာဖြစ်မယ်။ သူက ဒီနှစ်တွေတစ်လျှောက်လုံးမှာ လူသားဘုံကို မွမ်းမံပြီး လူသားဘုံနဲ့ ပေါင်းစည်းခဲ့တာ။ နောက်ဆုံးတော့ သူက လောကဖြစ်သွားပြီးပဲ... အဲဒီလောကထဲက ကျင့်ကြံသူတွေအားလုံး သူထိန်းချုပ်တာကို ခံရလိမ့်မယ်။ မင်း အစောက ပြောခဲ့သလိုပဲ ဆက်နွယ်မှုက သူ့ကို အဲဒီက ကျင့်ကြံသူတွေအပါအဝင် အသိစိတ်ရှိတဲ့ သက်ရှိတွေအားလုံးအပေါ် လွှမ်မိုးစေနိုင်တယ်...”

“တစ်နည်းပြောရရင်တော့ စစ်ပွဲစတာနဲ့ လူသားဘုံတစ်ခွင်လုံးမှာရှိတဲ့ ကျင့်ကြံသူတွေက လူသားဘိုးဘေးအတွက် တိုက်ခိုက်ပေးကြမယ်ပေါ့”

ရံရွှေတော်ချင်က မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်၏။

“သူက ဘာလို့ စစ်ပွဲကို စချင်နေရတာလဲ”

“အဲဒါက သူ့ကျင့်ကြံခြင်းနဲ့ ဆိုင်မယ်ထင်တယ်”

အရှင်ဒွန်ဟောင်၏ မျက်နှာထား မည်းမှောင်သွားသည်။

“ရှောင်လွှဲလို့ မရတဲ့ စစ်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မှာပဲ”

လက်ရှိတွင် ကောင်းကင်(၉၉)လွှာ၌ တပ်ဖွဲ့ခြောက်ဖွဲ့ ရှိပေသည်။ သို့သော် ရီဖူရှင်းသည် စစ်ပွဲကို မစချင်ဘဲ တားဆီးနိုင်ရန် မျှော်လင့်နေသည်။ အကယ်၍ မဟာအင်ပါယာများအကြားတွင်ပင် ပဋိပက္ခကို ရှင်းနိုင်ပါက ပိုကောင်းပေလိမ့်မည်။

သို့သော် အခြေအနေများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေပေပြီ။ သူမျှော်လင့်ခဲ့သည့်အရာသည် ဖြစ်လာတော့မည် မဟုတ်ပေ။

“အစောက ကျုပ် လူသားဘိုးဘေးကို တိုက်ခိုက်လိုက်တုန်းက လှံချက်က အသွေးအသားခန္ဓာကိုယ်ကို ထိသွားတယ်လို့ မခံစားရဘူး... ပြီးပြည့်စုံတဲ့လောကတစ်ခုကို တိုက်ခိုက်လိုက်ရသလိုပဲ။ လူသားဘုံမှာ လူသားဘိုးဘေးရဲ့ ခံစစ်က ဘုံတစ်ခုလုံးရဲ့ စွမ်းအားနဲ့ ဖန်တီးထားတဲ့ပုံပဲ။ အဲဒါကြောင့် သူ့ကို အမှန်တကယ် ထိခိုက်အောင် လုပ်ဖို့ ခက်လိမ့်မယ်”

ရီဖူရှင်းသည် အစောက လူသားဘိုးဘေးနှင့် တိုက်ခိုက်ခဲ့စဉ်က တွေ့ကြုံခံစားခဲ့ရသည့် အသေးစိတ်အချက်အလက်များကို ပြန်တွေးတောလိုက်သည်။ သူ၏ စွမ်းအားအကြီးဆုံး လှံချက်ဖြင့်ပင် လူသားဘိုးဘေး၏ ခံစစ်ကို မဖောက်နိုင်သဖြင့် သူအံ့အားသင့်ခဲ့ရသည်။ ထို့နောက်တွင် သူသည် လူသားဘိုးဘေး၏ တိုက်ထုတ်မှုကို ခံလိုက်ရပြီး လူသားနတ်ဘုရားနန်းတော်မှ ပြန်ဆုတ်ခွာခဲ့ရလေသည်။

“အင်း...”

အရှင်ဒွန်ဟောင် ခေါင်းညိတ်လိုက်သည်။

“လူသားဘိုးဘေးက လူသားဘုံကို မွမ်းမံနိုင်ခဲ့ပြီဆိုတော့ ဘုံတစ်ခုလုံးက သူ့ရဲ့ လောကဖြစ်လာတာပေါ့။ အဲဒီလောကမှာ သူက စွမ်းအားအကြီးဆုံးပဲ။ ဒါပေမဲ့ သူ အဲဒီကနေ ထွက်လာတာနဲ့ သူက အတိုင်းအတာတစ်ခုအထိတော့ စွမ်းအားလျော့သွားမှာပဲ။ အဲဒါကြောင့် သူက လူသားဘုံက ဘယ်တော့မှ မထွက်ဘဲ သူ့ရဲ့ ကိုယ်ပွားတွေကိုပဲ အပြင်ကို လွှတ်နေတာဖြစ်မယ်”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ဤတစ်ခေါက် သူ လူသားဘုံသို့ သွားခဲ့မှုသည် လူသားနတ်ဘုရားနန်းတော်၏ အခြေအနေကို ခန့်မှန်းနိုင်ရန် ကူညီပေးခဲ့သည်။

လူသားဘိုးဘေး၏ ကိုယ်ပွားသည် မဟာအင်ပါယာခြောက်ပါးထဲတွင် ပါနိုင်လောက်အောင် စွမ်းအားကြီးသည်။ ထို့အပြင် သူသည် လူသားဘုံတွင်ဆိုလျှင် ပို၍ပင် စွမ်းအားကြီးပေသည်။ သူသည် အပြည့်အဝ ပြန်မကောင်းသေးခင်မှာပင် ပြိုင်ဘက်ကင်းဖြစ်နေပေပြီ။ သူသာ အပြည့်အဝ ပြန်ကောင်းသွားလျှင် မည်မျှ စွမ်းအားကြီးလာမည်နည်း။

အခြားရှေးဟောင်းအင်ပါယာများသည်လည်း မဟာအင်ပါယာခြောက်ပါးနှင့် အဆင့်တူပြီး ထိပ်တန်းမဟာအင်ပါယာများနှင့် ယှဉ်နိုင်ပေသည်။

သူသည် ထိပ်တန်းမဟာအင်ပါယာများကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိနေပြီဖြစ်သည်။

ဝုန်း...

ရီဖူရှင်းနှင့် အခြားသူများသည် စကားပြောနေစဉ်တွင် ပြင်းထန်သော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရ၏။

ကောင်းကင်(၉၉)လွှာလုံးမှ ကျင့်ကြံသူအားလုံးသည်လည်း ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရ၏။ သူတို့သည် ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။

ဘာဖြစ်သွားခြင်းနည်း။

ရီဖူရှင်းက ကောင်းကင်(၉၉)လွှာမှ အဝေးသို့ လှမ်းကြည့်သည်။ တစ်ခဏအတွင်းမှာပင် သူသည် ကောင်းကင်ထဲတွင် အပေါက်တစ်ပေါက် ပွင့်လာသည်ကို သတိပြုမိလိုက်လေသည်။ ၎င်းအပေါက်သည် ပြိုင်ဘက်ကင်းနတ်စွမ်းအား၏ ထိုးဖောက်မှုကြောင့် ပေါက်လာခြင်းဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ”

အားလုံးသည် ရုတ်ခြည်း ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

“လူသားဘိုးဘေးက ကောင်းကင်ဘုံကို လာနိုင်မယ့် အာကာသလမ်းကြောင်းတစ်ခု ဖွင့်နေတာ”

ရီဖူရှင်းသည် အဝေးသို့ မျက်နှာထားတည်တည်ဖြင့် ကြည့်ကာ ပြောလိုက်၏။ အာကာသလမ်းကြောင်း တည်ဆောက်ပြီးသွားနောက် ကောင်းကင်ထဲတွင် ဧရာမ အာကာသတံခါးတစ်ချပ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုတံခါးသည် မတူညီသော နေရာနှစ်ခုကို ဆက်သွယ်ပေးထားပေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဒေသတွင်လည်း တူညီသော အာကာသလမ်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။

အနောက်ဘက်ကောင်းကင်၏ ဗုဒ္ဓလောကတွင်လည်း ထိုသို့ အာကာသလမ်းကြောင်း ထွက်ပေါ်လာ၏။

ဗလာနတ္တိဘုံ၊ နတ်ဆိုးလောကနှင့် မှော်နက်လောကတို့၏ ကောင်းကင်များတွင်လည်း ထို့အတူပင်။

ဘုံခုနစ်ခုလုံးတွင် အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ကျင့်ကြံသူအားလုံးသည် ခေါင်း‌မော့၍ အာကာသလမ်းကြောင်းများကို ကြည့်နေကြ၏။ ထိုအခိုက်အတန့်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြလေသည်။

လူသားဘိုးဘေးသည် ဘုံခုနစ်ခုကို ဆက်သွယ်သော အာကာသလမ်းကြောင်းများ ဖွင့်လိုက်ခြင်းကို ကြည့်လျှင် သူသည် ဘုံခုနစ်ခုနှင့် စစ်ပွဲစတင်လိုသည့် အဓိပ္ပာယ်ပင်။ ထိုစစ်ပွဲကို မည်သူမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

နတ်ဆိုးလောကတွင် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် အဝေးသို့ ကြည့်နေကြပြီး နတ်ဆိုးချောက်ကမ်းပါးသည် ပြင်းထန်စွာ မြည်ဟိန်းနေလေသည်။ သူတို့သည် အာကာသတံခါးတစ်ခုက အားကောင်းသော နတ်စွမ်းအားဖြင့် နတ်ဆိုးချောက်ကမ်းပါးကို ထွင်းဖောက်နေသည်ကို မြင်လိုက်ကြသည်။

ထိုစဉ်တွင် နတ်ဆိုးအင်ပါယာနန်းတော်ထိပ်တွင် နတ်ဆိုးအင်ပါယာ၏ပုံရိပ်ကို မြင်လိုက်ရ၏။ သူသည် ရုတ်ရုတ်သဲသဲ ဖြစ်နေရာနေရာသို့ ကြည့်သည်။ သူသည် နတ်ဆိုးလောကမှ ကျင့်ကြံသူများကို စစ်ပွဲတွင် ဝင်မပါစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူတို့၏ကျင့်ကြံခြင်းအဆင့် မြင့်လာအောင် လျှို့ဝှက်ကူညီနေ၍ဖြစ်သည်။

သို့သော် အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသဖြင့် သူသည် တုံ့ပြန်ရန် အချိန်ပင် မရခဲ့‌တော့ချေ။

တစ်နှစ်အတွင်းမှာပင် လောကကြီးထဲ၌ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပေပြီ။

မကြာသေးခင်က ရီဖူရှင်းသည် လူသားနတ်ဘုရားနန်းတော်ကို ကျူးကျော်ခဲ့သည်။ သူ ပြသခဲ့သော အင်အားသည် မဟာအင်ပါယာခြောက်ပါးထက် သာကြောင်း ထင်ရှား၏။ သူ၏ လူသားဘိုးဘေးနှင့် တိုက်ပွဲတွင် လူသားဘိုးဘေးသည်လည်း သူ၏ စွမ်းအားကြီး စွမ်းရည်များကို ပြသခဲ့သည်။

သို့သော် တစ်နှစ်ကြာပြီးနောက် နတ်ဆိုးအင်ပါယာ၏ ကျင့်ကြံခြင်းသည် သိသိသာသာ တိုးတက်မလာခဲ့ပေ။ ယူချင်းတစ်ယောက်သာ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်သွားသည်။ ထိုသို့ တိုးတက်လာခြင်းမှာ ရီဖူရှင်းကြောင့်ဖြစ်သည်။ ရီဖူရှင်းသည် ယူချင်းကို အာကာသမှော်ပစ္စည်းတစ်ခု ပေးခဲ့၍ ယူချင်းသည် ပြီးခဲ့သည့်နှစ်များတွင် ၎င်းကိုသုံး၍ ကျင့်ကြံနိုင်ခဲ့သည်။

ယခင်က ရီဖူရှင်း နတ်ဆိုးအင်ပါယာနန်းတော်သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဉ်က နတ်ဆိုးအင်ပါယာသည် ရီဖူရှင်းကို ဖြည်းဖြည်းချင်း သမိုင်းတွင်လာမည့် ဂျူနီယာတစ်ယောက်အဖြစ်သာ မြင်ခဲ့သည်။ သို့သော် ထိုဂျူနီယာသည် သမိုင်းတွင်လာရုံသာမက အဓိကဇာတ်ကောင်နေရာမှနေ၍ ဦးဆောင်ခဲ့သည်။

လောကအတွင်းရှိ ပြောင်းလဲမှုများသည် သူလိုက်မမီလောက်အောင် မြန်ဆန်လွန်းနေသည်။

“နတ်ဆိုးအင်ပါယာ...”

လူသားဘိုးဘေးသည် ဧရာမအာကာသတံခါးမှနေ၍ လှမ်းခေါ်လိုက်လေသည်။

All Chapters