← Chapters

ကျန်းရီ လုပ်နိုင်မည်လော

Vol. 61 Ch. 844

ကျန်းရီ လုပ်နိုင်မည်လော

Vol. 61 Ch. 844

ကျန်းရဲတိုက်သို့ ပြန်ရောက်ပြီးနောက် ကျန်းရီနှင့် အခြားသူများသည် တစ်ညက တစ်ဘဝစာ ကြာခဲ့သည်ဟုပင် ခံစားနေကြရလေသည်။

ကျန်းရီတို့အားလုံးသည် ယနေ့တွင် မည်သည့်အရာ ဖြစ်လာသည်ဖြစ်စေ ကျန်းရဲတိုက်သို့ ပြန်လာနိုင်တော့မည်မဟုတ်ဟု တွေးထားခဲ့ကြ၏။ သူတို့သည် သေဆုံးလျှင်သေဆုံး၊ မသေဆုံးလျှင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးလွှတ်မြောက်သွားမည်ဟု ထင်ထားခဲ့ကြသည်။ အရာအားလုံး ပြီးဆုံးသွားပြီးနောက်တွင် စစ်ထူအောင်းကိုယ်တိုင် သူတို့ကို ကျန်းရဲတိုက်သို့ ပြန်ပို့ပေးပြီး သူတို့ ဝံ့ဝံ့ကြွားကြွား ပြန်လာရလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။

“တူလေး... နောက်ကျရင် ဒီမှာပဲ အေးအေးချမ်းချမ်းနေပါ။ ကိစ္စရှိရင် ဦးလေးကို အကုန်ပြောပြပါ.. ဒီလိုမျိုး ထပ်အဖြစ်မခံပါနဲ့”

စစ်ထူ‌အောင်းသည် ခါးသက်သက်ပြုံးကာ ပြောလိုက်ပြီး လုပ်စရာကိစ္စများစွာ ရှိသေးသဖြင့် ပြန်သွားလေသည်။ မင်းသမီးချမ်ချမ်က စစ်ထူရီနျန်နှင့်အတူ စစ်ထူစံအိမ်လေးသို့ လိုက်သွားသည်။ ယနေ့ညတွင် ကိစ္စများစွာ ဖြစ်ခဲ့ပေသည်။ စစ်ထူအောင်းသည် သူ၏အဖေနှင့် မျိုးနွယ်မှ အကြီးအကဲများနှင့် တွေ့ဆုံစည်းဝေးကာ ဤအဖြစ်အပျက်၏ သက်ရောက်မှုကို မည်သို့ ဖိနှိပ်ထားရန်၊ အကျိုးအမြတ်များ ပိုရအောင် မည်သို့လုပ်ရန်တို့ကို ဆွေးနွေးခဲ့၏။

“ကျန်းရီ... အစ်ကိုတော့ ညီလေးကို လက်လန်တယ်”

စစ်ထူရီရှောင်က ကျန်းရဲတိုက်တွင် ကျန်နေခဲ့ပြီး စစ်ထူရီနျန်က ချမ်ချမ်အတွက် ပြင်ဆင်ပေးရန် ထွက်သွားခဲ့သည်။ ကျန်းရီသည် စစ်ထူရီရှောင်ကို ပြန်မပြောသေးဘဲ အစ်မကြီးဆည်းလည်းနှင့် သူမအမေကို ပြောလိုက်လေသည်။

“အစ်မကြီးဆည်းလည်းနဲ့ ဒေါ်လေးတို့ အခုကစပြီး ကျန်းရဲတိုက်မှာ နေပါ။ နန်ကုန်းမျိုးနွယ်ကို စွန့်ပစ်လိုက်ပါတော့”

အစ်မကြီးဆည်းလည်းသည် မငိုဘဲ နှစ်လိုဖွယ်ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်၏။

“ငါ့နာမည်မှာ နန်ကုန်းမျိုးရိုးကို မသုံးတော့ဘူး။ ငါ မောင်လေးရဲ့ မျိုးရိုးနာမည်ကို ယူရင်ကောင်းမလား။ အခုကစပြီး ငါက ကျန်းချီလင်း ဖြစ်သွားပြီ”

“အဲ့ဒါလည်း အဆင်ပြေပါတယ်”

ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီး ယခုအထိ ကြောက်ရွံ့တုန်လှုပ်နေ‌သေးသော အစ်မကြီးဆည်းလည်း၏ အမေကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“ဒေါ်လေး... အစ်မချီလင်းက ကျွန်တော့်ရဲ့ အစ်မအရင်းတစ်ယောက်လိုပါပဲ။ ဒေါ်လေးတို့ ဒီနေရာကို ကိုယ့်အိမ်လို သဘောထားပါ။ နောက်ကျရင် ဘယ်သူကမှ ဒေါ်လေးတို့နှစ်ယောက်လုံးကို အန္တရာယ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး”

စစ်ထူရီရှောင်ကလည်း ထပ်ဖြည့်ပြောလိုက်သည်။

“ဟုတ်ပါတယ်... ဒေါ်လေး တစ်ခုခုလိုရင် ကျွန်တော့်ကို ပြောနိုင်ပါတယ်။ ဒီနေရာက လုံးဝ လုံခြုံပါတယ်။ ကျန်းရဲတိုက်က ရှန်းစီမျိုးနွယ်စုတစ်ခုလုံးမှာ အလုံခြုံဆုံးနေရာပါပဲ”

“ဖုန်းအား၊ ချင်းယွီ၊ ယွင်ဖေး... မင်းတို့ အစ်မကြီးဆည်းလည်းနဲ့ ဒေါ်လေးတို့ အနားယူရအောင် သူတို့အခန်းကို‌ ခေါ်သွားပေးလိုက်ပါလား”

ကျန်းရီက ဖုန်းလန်တို့ကိုကြည့်၍ ပြောလိုက်သည်။ ဖုန်းလန်၊ ချင်းယွီ၊ ကျန့်ဝူရွှမ်းနှင့် ယွင်‌ဖေးတို့သည် အစ်မကြီးဆည်းလည်းနှင့် သူမ၏အမေတို့ကို ခပ်သွက်သွက် ခေါ်သွားလေသည်။ ထို့နောက် ကျန်းရီသည် စစ်ထူရီရှောင်ကိုကြည့်ကာ ပြောလိုက်၏။

“အစ်ကိုရီရှောင်... အစ်ကို နောက်ကျရင် ဝမ်ကွမ်းကို ယုံဦးမှာလား။ အစ်ကို နဂါးပျံကုန်သည်အဖွဲ့အစည်းကို ဆက်လုပ်ချင်သေးလား”

“အစ်ကို သူ့ကို လုံးဝ ယုံတာပေါ့။ ဝမ်ကွမ်းက အစ်ကို့ရဲ့ ယောက်ဖပဲ... သူ့ကိုမှ မယုံရင် ဘယ်သူ့ကို ယုံရမှာလဲ”

စစ်ထူရီရှောင်သည် မျက်နှာထားညှိုးညှိုးဖြင့် ခေါင်းငုံ့နေသော ချမ်ဝမ်ကွမ်းကိုကြည့်ကာ ဆက်ပြောလိုက်သည်။

“ဝမ်ကွမ်း... ဘဝမှာ အရှုံးနဲ့ ကြုံတွေ့ရတာ ဘာမှ မဟုတ်ပါဘူး။ အရေးအကြီးဆုံးက ပြန်ထလာနိုင်ဖို့ပဲ။ ဒါပေမဲ့ ကုန်သည်အဖွဲ့အစည်းကိစ္စကတော့ အဖေနဲ့ အကြီးအကဲခန်းမရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်”

ချမ်ဝမ်ကွမ်းသည် အမှန်ပင် စိတ်ဓာတ်ကျနေ၏။ သူသာ ကောင်းစွာစီစဉ်နိုင်ခဲ့လျှင် မျိုးနွယ်(၃)ခုသည် သူတို့ကို စွပ်စွဲရန် အကြောင်းပြချက်ရမည် မဟုတ်ပေ။ သူက အလွန်နမော်နမဲ့နိုင်ခဲ့ပြီး ဥက္ကဋ္ဌလျှိုက သူလျှိုတစ်ယောက်ဖြစ်ကြောင်း မသိခဲ့ချေ။

“ဝမ်ကွမ်း...”

ကျန်းရီက ချမ်ဝမ်ကွမ်းအနားသို့ လျှောက်သွားပြီး သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ဒီတစ်ခေါက်မှာ မအောင်မြင်ခဲ့ရင်တောင် မျိုးနွယ်(၃)ခုက တစ်ချိန်ချိန်ကျ ငါတို့ကို ထပ်ပြီး အကောက်ကြံကြဦးမှာပဲ။ ဒီရှုံးနိမ့်မှုက မင်းအတွက် ကောင်းတဲ့ကိစ္စတစ်ခုပါ... မင်း ဒီရှုံးနိမ့်မှုကနေပြီး သင်ခန်းစာတွေ ယူနိုင်တာပေါ့။ နောက်ကျရင် ငါတို့ ဘယ်လိုဆက်လုပ်မယ်ဆိုတာကို ဦးလေးနဲ့ ဆွေးနွေးကြတာပေါ့”

“အရှေ့ဘက် တော်ဝင်နယ်မြေက လူတွေကို သုံးလို့မရဘူး”

ချမ်ဝမ်ကွမ်းသည် မျက်လုံးများ လက်ခနဲဖြစ်သွားပြီး ‌ခေါင်းမော့ကာ ပြောလိုက်သည်။

“အရှေ့ဘက် တော်ဝင်နယ်မြေက အဆက်အသွယ်တွေက မလုံခြုံဘူး။ ကျုပ်က ရန်သူကို လျှော့တွက်ခဲ့မိတာပဲ။ ဒီတစ်ခေါက် အစီအစဉ်က ချောမွေ့နေခဲ့တာ တစ်ယောက်ယောက်က အမှောင်ထဲကနေပြီး ကူညီပေးနေခဲ့လို့ပဲ။ အဲ့ဒါကြောင့် အဆက်အသွယ်တွေ အကုန်လုံးက မလုံခြုံတော့ဘူး။ ကျုပ်တို့သာ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုကို ပြန်တည်ထောင်မယ်ဆိုရင် နယ်မြေအသေးလေးတစ်ခုမှာ အရင်ခြေကုပ်ယူပြီးမှ အဲ့နယ်မြေကနေတဆင့် လုပ်သင့်တယ်။ ဒီတစ်ခေါက်ကျရင်တော့ အလျင်မလိုပဲ ဆယ်နှစ်၊ နှစ်နှစ်ဆယ်စာ အစီအစဉ်ဆွဲပြီး ဖြည်းဖြည်းချင်း လုပ်သင့်တယ်။ အရင်တုန်းက ကျုပ်က အောင်မြင်ဖို့ကို အလျင်လိုနေခဲ့တာ... အဲ့ဒါကြောင့် ရန်သူရဲ့ ထောင်ချောက်ထဲ ကျသွားခဲ့တာ။ နောက်တစ်ခုက နဂါးပျံကုန်သည်အဖွဲ့အစည်းအသစ်ကျရင် လဲ့၊ နန်ကုန်းနဲ့ လုမျိုးနွယ်တို့ကို ဖယ်ထားလို့မရဘူး။ ကျုပ်တို့ အတူတူ အကျိုးအမြတ်ရနေမှရမယ်... ခံတပ်တစ်ခုရဲ့ အားအနည်းဆုံးနေရာက အတွင်းပိုင်းပဲ”

ကျန်းရီနှင့် စစ်ထူရီရှောင်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။ ချမ်ဝမ်ကွမ်းက သူ၏ယုံကြည်မှုကို မဆုံးရှုံးသွားပေ။ သူသည် ဤတစ်ခေါက် ရှုံးနိမ့်မှုကြောင့် ပို၍ပင် အတွေ့အကြုံများလာပေသည်။ သူက လဲ့၊ နန်ကုန်းနှင့် လုမျိုးနွယ်တို့ကိုပါ ခေါ်ရန် အကြံပေးခဲ့၏။ ထို့ကြောင့် ယခုတွင် သူ၏ အတွေးအခေါ်က ပို၍ကျယ်ပြန့်လာပြီဖြစ်ကြောင်း ထင်ရှားပေသည်။

စစ်ထူရီရှောင်က ထရပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ... ကျန်းရီ.. ညီလေး အရင်ဆုံး အနားယူလိုက်ပါဦး။ အစ်ကိုတို့ မနက်ဖြန်ကျမှ ဆက်ဆွေးနွေးကြတာပေါ့။ ဟုတ်သား... အစ်ကိုဟွမ်ဖူကို ဟွမ်ဖူမျိုးနွယ်အကြီးအကဲက ဟွမ်ဖူမျိုးနွယ်ရဲ့ အတွင်းခြံဝန်းထဲမှာ အကျယ်ချုပ် ချုပ်ထားတယ်။ သူ အချိန်တစ်ခုလောက်အထိ ထွက်လာလို့ရမှာ မဟုတ်လောက်ဘူး”

“ဟုတ်... သူ မျိုးနွယ်ကို ပြန်ရောက်သွားတာလည်း ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ သူ့မျိုးနွယ်အကြီးအကဲက သူ့စိတ်ကို ပြောင်းအောင်လုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

ကျန်းရီ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ ယခင်က သူသည်လည်း ကျန်းပိုင်လီအပေါ် နက်ရှိုင်းသော ရန်ငြိုးတစ်ခု ထားခဲ့၏။ သို့သော် အဖေနှင့်သားအကြားတွင် ထာဝရအမုန်းတရား မရှိနိုင်ကြောင်း သူ သဘောပေါက်ခဲ့သည်။ သားဆိုသည်မှာ အဖေ၏ အသွေးအသားပင် မဟုတ်ပါလား။ ဘယ်အဖေက ကိုယ့်သားကို အမှန်တကယ် ထိခိုက်စေချင်ပါမည်နည်း။

“ရှောင်နူ... မင်း ဒဏ်ရာရသွားသေးလား”

စစ်ထူရီရှောင် ထွက်သွားပြီးနောက်တွင် ကျန်းရီက ကျန်းရှောင်နူကို စိုးရိမ်မှုဖြင့် ကြည့်လိုက်သည်။ ကျန်းရှောင်နူက ခေါင်းခါပြလိုက်ပြီး ကျန်းရီကို စိုးရိမ်တကြီးပြန်ကြည့်ကာ ပြောလိုက်၏။

“သခင်လေး... ကျွန်မက ဒဏ်ရာအသေးအမွှားလေးတွေပဲ ရခဲ့တာပါ။ ကျွန်မတို့ မင်ရည်တောင်ပံမျိုးနွယ်ရဲ့ ဒဏ်ရာပြန်ကောင်းစွမ်းရည်က ကောင်းပါတယ်။ ကျွန်မ ဆေးမကုရင်တောင် သူ့အလိုလို ပြန်ကောင်းလာမှာပါ။ သခင်လေး ကျွန်မကို စိတ်ပူဖို့ မလိုပါဘူး။ သခင်လေးသာ သခင်လေးရဲ့ဒဏ်ရာတွေကို အရင် ကုသလိုက်ပါ”

“ကောင်းပြီ”

ကျန်းရီက စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကျန်းရှောင်နူသည် တစ်နှစ်ကျော် အခန်းအောင်း ကျင့်ကြံနေခဲ့၍ မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်၏ ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူမ၏စွမ်းအားက ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပေပြီ။ သူမသည် ကြယ်ငါးပွင့်နှင့်အထက် တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်ထားသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များနှင့် မယှဉ်နိုင်သော်လည်း သာမန် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကမူ သူမ၏ပြိုင်ဘက်မဟုတ်ပေ။ သူမက အလွန်လျင်မြန်ပြီး သူမ၏လက်သည်များကလည်း အလွန်ထက်ရှပေသည်။

“အို့...ဟုတ်သား...”

ကျန်းရီသည် ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးမှ တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွား၏။ သူက ကျန်းရှောင်နူကို မေးလိုက်သည်။

“ရှောင်နူ... မင်းရဲ့ မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်မှာ တတိယအဆင့်ရှိလား”

“ဟင့်အင်း...”

ကျန်းရှောင်နူသည် စိတ်ပျက်သော မျက်ဝန်းများဖြင့် ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစာ ကျင့်စဉ်ရဲ့ တတိယအဆင့်ကို မလှုံ့နှိုးနိုင်ဘူး။ ကျွန်မတို့ရဲ့ မင်ရည်တောင်ပံမျိုးနွယ်က ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိပဲ ကျင့်ကြံနိုင်တာ ဖြစ်မယ်”

ကျန်းရီက ခေတ္တမျှ တွေးတောလိုက်ပြီး ကျန်းရှောင်နူကို နှစ်သိမ့်လိုက်၏။

“မင်းရဲ့ ကျင့်စဉ်မှာ နောက်ပိုင်းအဆင့်တွေ ရှိလောက်ဦးမှာပါ။ အဲ့ဒါကို ရဖို့ မင်းရဲ့မျိုးနွယ်ကို ပြန်ဖို့လိုတာ ဖြစ်မှာပေါ့။ နောက်ကျရင် မင်ရည်တောင်ပံမျိုးနွယ်ကို သိတဲ့သူရှိလားဆိုတာ ငါ လိုက်မေးကြည့်ပါမယ်”

“ဟင့်အင်း... ကျွန်မ မပြန်ချင်ဘူး”

ကျန်းရှောင်နူက ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်မ မျိုးနွယ်ကို မပြန်ချင်ဘူး။ တကယ်လို့ မျိုးနွယ်ကို ပြန်သွားရင် သူတို့က ကျွန်မကို သခင်လေးနောက် ဆက်မလိုက်ခိုင်းတော့ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ ပြန်မှမဟုတ်ဘူး”

“ငါတို့ ဒီကိစ္စကို နောက်မှ ထပ်ပြောကြတာပေါ့”

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူသည် ရီဖျောင်ဖျောင်ကိုပင် ရှာမတွေ့နိုင်လျှင် မင်ရည်တောင်ပံမျိုးနွယ်ကို သူ့တစ်သက်လုံး ရှာတွေ့နိုင်မည် မဟုတ်ကြောင်း ခံစားနေရပေသည်။

ကျန်းရှောင်နူသည် ကျန်းရီထက်အသက်ငယ်သော်လည်း ဤမျှစွမ်းအားကြီးနေပေပြီ။ သူမ မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်ကို လှုံ့နှိုးနိုင်ခဲ့သည်မှာ အချိန်မည်မျှသာ ရှိသေးသနည်း။ ခြောက်နှစ်ပင် မပြည့်လောက်သေးသည် မဟုတ်လော။ အားနည်းသော မိန်းမပျိုတစ်ယောက်သည် ခြောက်နှစ်အတွင်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်လျှင် သူမ၏မျိုးနွယ်က အလွန်စွမ်းအားကြီးကြောင်း ပြောနေရန်ပင် မလိုပေ။ သို့သော် ကျန်းရီသည် ထိုမျိုးနွယ်အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ချေ။ သူ ထိုအကြောင်းကို ဟွမ်ဖူထောင်ထျန်းအား ပြောပြသောအခါတွင်လည်း ဟွမ်ဖူထောင်ထျန်းက တစ်ခါမှ မကြားဖူးကြောင်း ပြန်ပြောခဲ့သည်။

ကျန်းရီသည် သူ့အခန်းသို့ ပြန်သွားလိုက်၏။ ဤတစ်ခေါက်တွင် သူ ဒဏ်ရာအပြင်းအထန် ရခဲ့ပေသည်။ သူ့၏ အတွင်းအင်္ဂါများသည် တန်ပြန်ဒဏ်ကြောင့် စုတ်ပြဲနေကြ၏။ သူ၏စိတ်ဝိညာဉ်ကလည်း တုန်လှုပ်ခဲ့သည်။ သူ အပြည့်အဝ ပြန်ကောင်းနိုင်ရန် အနည်းဆုံး အချိန်တစ်လလိုပေလိမ့်မည်။ ထို့ပြင် သူသည် မိုးကြိုးအမျက်နှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်အသစ်ကို သိမြင်နားလည်ခဲ့၏။ မနက်ဖြန်ကျလျှင် သူသည် ရန်တုံ၊ နျိုတုန်၊ ရွှေရောင်မျောလွင့်နဂါးနှင့် ယာ့ဇီသားရဲတို့၏ အသုဘကို တက်ရပေမည်။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေပေသည်။

ရှပ်...ရှပ်...ရှပ်...

ကျန်းရီ သူ့အခန်းသို့ ပြန်ရောက်သွားပြီးနောက် မကြာခင်မှာပင် အပြင်မှ ခြေသံများကို ကြားလိုက်ရလေသည်။ ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး အပြင်သို့ ထွက်ကြည့်လိုက်ရာ လရောင်အောက်မှ လှပသောမိန်းမပျိုလေးနှစ်ယောက်ကို တွေ့လိုက်ရ၏။ သူမတို့နှင့်အတူ အစေခံမလေးများလည်း ပါလာပေသည်။ ထိုမိန်းမပျိုနှစ်ယောက်မှာ မင်းသမီးချမ်ချမ်နှင့် စစ်ထူရီနျန်တို့ဖြစ်သည်။

ကျန်းရီသည် အောင်းလု၏ ကယ်တင်ပေးမှုကို ခံခဲ့ရခြင်းပင်။ အောင်းလုနှင့် မင်းသမီးချမ်ချမ်တို့က အလွန်ရင်းနှီးပုံ ပေါ်ပေသည်။ ထို့ကြောင့် ကျန်းရီသည် အပြင်သို့ ခပ်သုတ်သုတ်ထွက်၍ သူမကို ကြိုဆိုလိုက်၏။ မင်းသမီးချမ်ချမ်က အခန်းတံခါးဝတွင်သာ ရပ်လိုက်ပြီး အထဲသို့ မဝင်ပေ။ ထို့နောက် သူမက ကျန်းရီကို ပြုံးပြကာ ပြောလိုက်လေသည်။

“သခင်လေးကျန်း... ဘိုးဘိုးက သူမထွက်သွားခင် ချမ်ချမ့်ဆီကို အသံပို့လွှတ်ခဲ့တယ်။ အစောက လူတွေရှုပ်နေလို့ ချမ်ချမ် အဲ့အကြောင်းကို မပြောတာပါ”

“အို့...”

ကျန်းရီ စိတ်ဝင်တစားမေးလိုက်၏။

“အဘိုးအောင်းက ဘာပြောသွားတာလဲ”

ချမ်ချမ်က အရှေ့ဘက်ကိုကြည့်ကာ ပြောလိုက်သည်။

“ဘိုးဘိုးက သခင်လေးကျန်းကို တစ်လအတွင်း ရွှမ်ဝူနန်းတော်ကို ခေါ်လာခဲ့ပါတဲ့။ သူ့မှာ သခင်လေးကို လုပ်ခိုင်းဖို့ အရေးကြီးကိစ္စတချို့ ရှိတယ်တဲ့”

“အရေးကြီးတဲ့ကိစ္စလား...”

ကျန်းရီသည် မျက်ခုံးပင့်လိုက်ပြီး ‌အောင်းလု၏ သူ့အပေါ် မျက်နှာသာပေး ဆက်ဆံခဲ့မှုများကို နားလည်သွား၏။ ကြည့်ရသည်မှာ အောင်းလုသည် သူ့ကို တစ်ခုခု တောင်းဆိုလိုနေပုံပင်။

သို့သော်... အောင်းလု၏ အင်အားက မိုးမြေကိုပင် တုန်ခါသွားစေနိုင်သည် မဟုတ်လော။ သူ မလုပ်နိုင်သောအရာများ ရှိပါသေးသလော။ သူပင် မလုပ်နိုင်လျှင် ကျန်းရီကရော လုပ်နိုင်ပါမည်လော။

***

All Chapters