← Chapters

ရွှေကျီးကန်းဆန်းကြယ်နယ်မြေ

Vol. 62 Ch. 860

ရွှေကျီးကန်းဆန်းကြယ်နယ်မြေ

Vol. 62 Ch. 860

တစ်နာရီမပြည့်ခင်မှာပင် အရိပ်ဧကရာဇ်သည် မှတ်တမ်းမှတ်ရာ တစ်ထပ်ဖြင့် ပြန်ရောက်လာ၏။ သူက ကျန်းရီကို မှတ်တမ်းများ ကမ်းပေးလိုက်ပြီး ဘေးတွင် တိတ်တဆိတ် ရပ်လိုက်လေသည်။ ကျန်းရီသည် မှတ်တမ်းများကို ဖွင့်ကြည့်ပြီးနောက် အံ့အားသင့်သွား၏။

မှတ်တမ်းက အလွန်ထူ၏။ မှတ်တမ်းထဲတွင် ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့ကို အကြိမ်မရေတွက်နိုင်အောင် ဖော်ပြထားသည်။ အချို့သတင်းအချက်အလက်များက အလွန်အသေးစိတ်၏။ ထိုအချက်အလက်များထဲတွင် သူတို့၏ မျိုးနွယ်၊ အသက်၊ အင်အားနှင့် သူတို့၏ မိဘဘိုးဘေးအမည်များပင် ပါပေသည်။ အချို့သတင်းအချက်အလက်များကမူ အလွန်ရိုးရှင်းပြီး စာလုံးအနည်းငယ်သာ ပါ၏။ မှတ်တမ်းထူကြီးထဲတွင် ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့၏ အမည်များကို အနည်းဆုံး အကြိမ်တစ်သောင်းကျော် ဖော်ပြထားသည်။ မိစ္ဆာမျိုးနွယ်၏ ထောက်လှမ်းရေးက အမှန်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။

ကျန်းရီသည် အချက်အလက်အားလုံးကို စိတ်ရှည်ရှည်ဖြင့်ဖတ်ကာ အမည်တူခြင်းသာဖြစ်ပြီး သူရှာလိုသော သူများနှင့် မသက်ဆိုင်သူများကို စုတ်တံဖြင့် ခြစ်ထုတ်လိုက်သည်။ အချို့ရီဖျောင်ဖျောင်များသည် အသက်(၇၀)ကျော်၊ (၈၀)ကျော်အရွယ်များဖြစ်၍ သူရှာနေသူ လုံးဝမဖြစ်နိုင်ချေ။

အောင်းလုက မလောသလို အရိပ်ဧကရာဇ်ကလည်း ဘေးတွင် သစ်တုံးတစ်တုံးကဲ့သို့ ရပ်နေလေသည်။ ကျန်းရီသည် သတင်းအချက်အလက်များကို နှစ်နာရီကြာအောင် ကြည့်ရှုလိုက်၏။ သူသည် သောင်းချီသော ရီဖျောင်ဖျောင်များ၏ အကြောင်းကို ဖတ်ပြီးသွားပေပြီ။ သူက လူတော်တော်များများကို စုတ်တံဖြင့် ခြစ်ပြီးသွားပြီဖြစ်၍ လူတစ်ရာကျော်လောက်သာ ကျန်တော့ပေသည်။

ယွီဝမ်အတွက်ကမူ ပို၍ပင် ခက်ခဲလေသည်။ အဘယ်ကြောင့်ဆိုသော ယွီဝမ်က ယောက်ျားလော၊ မိန်းမလောကို ကျန်းရီ မသိ၍ပင်။ သူ၏အသက် ဘယ်လောက်ဖြစ်နိုင်သည်၊ သူ၏အင်အားက ဘယ်လောက်ဖြစ်သည်ကိုလည်း သူ မသိပေ။ ထို့ကြောင့် သူသည် အလွန်မဖြစ်နိုင်သော ယွီဝမ်များကိုသာ ခြစ်ထုတ်လိုက်၏။ သို့ရာတွင် ယွီဝမ်သုံးရာကျော် ကျန်နေပေသေးသည်။

“အရှင်အရိပ်ဧကရာဇ်... ဒီလူရာကျော်ကို စုံစမ်းပေးဖို့ ကျွန်တော် မိစ္ဆာမျိုးနွယ်ကို အကူအညီတောင်းလို့ ရမလားခင်ဗျား။ သူတို့က လက်ရှိ အရှေ့ဘက် တော်ဝင်နယ်မြေမှာ ရှိနေ၊ မနေ စုံစမ်းပေးပါ။ ဪ...ဟုတ်သား...”

ကျန်းရီသည် မှတ်တမ်းကို အရိပ်ဧကရာဇ်ထံ ပြန်ပေးနေရင်း တစ်စုံတစ်ခုကို အမှတ်ရသွား၏။

“ဟိုးအရင်နှစ်တွေတုန်းက ရီဖျောင်ဖျောင်က နတ်ဘုရားတစ်ပိုင်းပညာရှင်တစ်ယောက်ကို ခေါ်ပြီး ရှန်းစီမျိုးနွယ်စုကို ရောက်လာခဲ့ပါတယ်။ သူတို့က လဲ့မျိုးနွယ်က ပညာရှင်တွေနဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်။ ကျွန်တော် အဲ့နောက်နှစ်ယောက်ရဲ့ပုံကို ဆွဲပြနိုင်ပါတယ်”

“ကောင်းပြီ...”

အရိပ်ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ ကျန်းရီသည် စာရွက်တစ်ရွက်နှင့် စုတ်တံကိုထုတ်ကာ လျင်မြန်စွာ ရေးဆွဲလိုက်၏။ ရီဖျောင်ဖျောင်နှင့် နတ်ဘုရားတစ်ပိုင်းပညာရှင်တို့ကို ရေးဆွဲပြီးနောက် အရိပ်ဧကရာဇ်က ထိုပုံတူများကို ယူလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သခင်လေး စိတ်မပူပါနဲ့။ ကျုပ် အကောင်းဆုံးကြိုးစားပြီး စုံစမ်းမှာပါ။ သခင်လေးရှာနေတဲ့သူတွေကို ကျုပ် သေချာပေါက် တွေ့အောင် ရှာပေးပါမယ်”

“အရိပ်ဧကရာဇ်...”

အောင်းလုကလည်း ဝင်ပြောလိုက်သည်။

“ကျန်းရီရဲ့ ညီမလေးက မင်ရည်တောင်ပံမျိုးနွယ်ကတဲ့... ပြီးတော့ ပုံစံပြောင်းနိုင်တယ်တဲ့။ အခု သူက မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်ရဲ့ ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို နောက်နေပြီ... သူ့ရဲ့ အင်အားကလည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်မှာ ရှိနေပြီ။ အရှေ့ဘက် တော်ဝင်နယ်မြေမှာ အဲ့လို ဆန်းကြယ်တဲ့ မျိုးနွယ်တစ်ခု ရှိတာလား”

အရိပ်ဧကရာဇ်သည် ခေတ္တမျှ မှင်တက်သွားပြီးနောက်မှ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“မရှိပါဘူး...”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး သံသယများဖြင့် မေးလိုက်သည်။

“အရှင်အရိပ်ဧကရာဇ်... ပြန်စစ်ဆေးကြည့်ဖို့များ မလိုဘူးလား”

“မလိုပါဘူး...”

အရိပ်ဧကရာဇ်က ပြတ်ပြတ်သားသား ဖြေလိုက်သည်။

“ကျုပ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးမှာရှိတဲ့ ထူးခြားတဲ့ မျိုးနွယ်အကုန်လုံးကို သိပါတယ်။ သခင်လေးပြောတဲ့ မျိုးနွယ်မျိုး တစ်ခုမှ မရှိပါဘူး။ မင်ရည်တောင်ပံမျိုးနွယ်ဆိုတဲ့ နာမည်ကို အခုမှ ကျုပ် ပထမဆုံးအကြိမ် ကြားဖူးတာပါ”

“ထူးဆန်းလိုက်တာ...”

ကျန်းရီက သံသယဖြင့် မျက်တောင်ပုတ်ခတ်လိုက်ပြီး ခေတ္တမျှတွေးကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။

“အဲ့ဒါဆိုလည်း ရီဖျောင်ဖျောင်နဲ့ ယွီဝမ်တို့ရဲ့ အကြောင်းကိုပဲ အရင်ဆုံး စုံစမ်းပေးပါ”

“ကောင်းပြီ... သွားတော့”

အောင်းလုက လက်ဝှေ့ယမ်းကာ အရိပ်ဧကရာဇ်ကို ထွက်သွားခိုင်းလိုက်လေသည်။ ထို့နောက် သူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“မင်း တောင်းဆိုတဲ့ကိစ္စတွေကို စီစဉ်ပေးပြီးသွားပြီ။ မိစ္ဆာမျိုးနွယ်က မျိုးနွယ်ဝင်တွေက သတင်းရတာနဲ့ ချက်ချင်း တင်ပြမှာပါ။ မင်း ဘယ်တော့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေကိုသွားပြီး ပုံရိပ်ယောင်နတ်ဘုရားအတတ်ကို လေ့လာမှာလဲ။ ငါးနှစ်ပြည့်ရင် ဆန်းကြယ်နတ်ဘုရားနန်းတော်က ပွင့်လာတော့မှာ။ ချမ်ချမ်ကလည်း ဆယ်နှစ်လောက်ပဲ ဆက်ရှင်သန်နိုင်တော့မှာ။ မင်း စောစောထွက်ခွာနိုင်လေလေ၊ ချမ်ချမ် အသက်ရှင်နိုင်ဖို့ အခွင့်အရေးက ပိုများလေလေပဲ”

အောင်းလုသည် အကြံကုန်နေပေပြီ။ မိစ္ဆာမျိုးနွယ်က ထိန်းချုပ်ထားသော လူသားရုပ်သေးများက စွမ်းအားမကြီးပေ။ ပညာရှင်များပင် ဗုဒ္ဓဧကရာဇ်မြို့တော်အနီးရှိ အပြစ်ဆေးကြောဒေသကို ခက်ခက်ခဲခဲ ဖောက်ဝင်ရပေရာ ရုပ်‌သေးများက မည်သို့ လုပ်နိုင်ပါမည်နည်း။ ကျန်းရီ၏ အင်အားက အရမ်းမကြီးသော်လည်း သူသည် ဆန်းကြယ်ဧကရာဇ်၏ စီစဉ်မှုများကို ‌ဖောက်မြင်နိုင်ပေသည်။ ထို့ကြောင့် အောင်းလုက သူ့ကို အလွန်အထင်ကြီး၏။ ကျန်းရီက မီးမြွေသစ်ခွကို ယူလာပေးနိုင်လိမ့်မည်ဟုလည်း အောင်းလု ယုံကြည်ထားပေသည်။

“ကျွန်တော် ရှောင်နူကို အကျိုးအကြောင်း ပြောပြပြီးတာနဲ့ ချက်ချင်း ထွက်ခွာမှာပါ”

ကျန်းရီသည်လည်း အရှေ့ဘက် တော်ဝင်နယ်မြေသို့ တတ်နိုင်သမျှမြန်မြန် သွားလိုနေပေသည်။ သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ မြန်မြန်သွားနိုင်လေလေ၊ စုလောရွှယ် ဒုက္ခခံရမည့်နေ့ရက်များ လျော့နည်းလာလေလေပင်။ အောင်းလုက ခေါင်းညိတ်လိုက်ပြီး ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

“ချမ်ချမ်... အဲ့ကောင်မလေးကို ဒီကို ခေါ်လာခဲ့”

မကြာခင်မှာပင် ချမ်ချမ်သည် ကျန်းရှောင်နူကိုခေါ်၍ ရောက်လာလေသည်။ ကျန်းရီက ကျန်းရှောင်နူအား အကျိုးအကြောင်း ပြောပြလိုက်၏။ ကျန်းရီ ရှင်းပြပြီးသည်နှင့် ကျန်းရှောင်နူက ချက်ချင်း တုံ့ပြန်လိုက်သည်။

“သခင်လေး... ကျွန်မ သခင်လေးနဲ့အတူ အရှေ့ဘက် တော်ဝင်နယ်မြေကို လိုက်ခဲ့မယ်”

“မရဘူး...”

ကျန်းရီက ချက်ချင်း ငြင်းလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဒီကိစ္စက လျော့တိလျော့လျဲလုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ငါ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ရသွားရင် မင်းကို ရှန်းစီမြို့ကို ပြန်ပို့ပေးမယ်။ ဒီတစ်ခေါက်‌တော့ ဘယ်သူ့ကိုမှ လိုက်ခွင့်မပေးနိုင်ဘူး။ ငါ မင်းကို ခေါ်သွားရင် ပိုပြီးအန္တရာယ်များလိမ့်မယ်”

ကျန်းရှောင်နူသည် ကျန်းရီကို ခြင်္သေ့ပေါက်လေးတစ်ကောင်ကဲ့သို့ ပြန်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုက်ကာ ပြောလိုက်လေသည်။

“သခင်လေးက ကျွန်မကို မခေါ်သွားဘူးဆိုရင်လည်း ကျွန်မဘာသာ သွားမှာပဲ။ သခင်လေး ကျွန်မကို ချုပ်နှောင်ခဲ့ ဒါမှမဟုတ် သတ်ခဲ့မှ ရမယ်”

“မင်း...”

ကျန်းရီသည် ဒေါသကြောင့် တုန်ယင်သွား၏။ ‌အောင်းလုသည်လည်း ထိုစကားများကို နားထောင်ပြီး စိတ်မရှည် ဖြစ်လာသည်။ ထိုစဉ် အောင်းလု၏ မျက်လုံးများ လက်ခနဲဖြစ်သွား၏။ သူက ကျန်းရီထံ အသံပို့လွှတ်လိုက်လေသည်။

“ကောင်လေး... အရင်ဆုံး ရွှေကျီးကန်းမျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေကို သွားလိုက်။ ဒီအဘိုးကြီးက အဲ့ကောင်မလေးကို ပိုသန်မာလာအောင် လေ့ကျင့်ပေးထားမယ်။ မပူပါနဲ့... ဒီအဘိုးကြီး ရှိနေရင် အဲ့ကောင်မလေး ဘာမှ မဖြစ်နိုင်ပါဘူး”

“ကောင်းပါပြီ”

ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။ အကယ်၍ ကျန်းရှောင်နူကို ရှန်းစီမြို့သို့ ပြန်ခေါ်သွားပါက ချမ်ဝမ်ကွမ်းတို့သည် သူမကို ထွက်မသွားအောင် တားနိုင်လိမ့်မည်မဟုတ်ပေ။ သူမ ဤနေရာတွင် ဆက်နေလျှင်မူ သူမ၏အင်အား တိုးတက်လာနိုင်ရုံသာမက အောင်းလုက သူမကို ထွက်မသွားနိုင်အောင် တားနိုင်ပေလိမ့်မည်။ ထို့ပြင် ချမ်ချမ်လည်း ရှိနေသဖြင့် သူမ အထီးကျန်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် ကျန်းရှောင်နူနှင့် ဆက်ငြင်းခုန်မနေ‌တော့ပေ။ အောင်းလုက အနက်ရောင်နတ်ဘုရားအား ကျန်းရီကို ရွှေကျီးကန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေသို့ ခေါ်သွားစေလိုက်သည်။

ကျန်းရှောင်နူသည် ကျန်းရီက သူမကို ချန်ထားခဲ့မည်စိုး၍ အတင်းလိုက်သွားရန် လုပ်၏။ ထို့ကြောင့် ကျန်းရီသည် ရွေးချယ်စရာမရှိတော့ဘဲ သူမကို ဆန်းကြယ်နယ်မြေသို့ ခေါ်သွားရလေတော့သည်။ ကျန်းရှောင်နူ ပါသွားသဖြင့် ချမ်ချမ်သည်လည်း မချိပြုံး ပြုံးကာ လိုက်လာရတော့သည်။

***

ရွှေကျီးကန်းများသည် စွမ်းအားကြီးကာ ခက်ထန်သော ငှက်မျိုးနွယ်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်က အဆုံးမဲ့ပင်လယ်နက်သို့ ပြောင်းရွှေ့ရန် ဖိအားပေးခံခဲ့ရပြီးနောက် ရွှေကျီးကန်းမျိုးနွယ်သည် ရွေးစရာမရှိတော့သဖြင့် ပင်လယ်သို့ လိုက်လာခဲ့ရခြင်းပင်။ သို့သော် ရွှေကျီးကန်းမျိုးနွယ်သည် ရေအောက်တွင် မနေနိုင်သဖြင့် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ကံကောင်းသည်မှာ ရွှေကျီးကန်းမျိုးနွယ်သည် ဆန်းကြယ်နယ်မြေတစ်ခုကို တွေ့ခဲ့ပြီး နတ်စွမ်းရည်တစ်ခုကို ရရှိခဲ့သဖြင့် သူတို့၏ ခန္ဓာပုံစံနှင့် စိတ်ဝိညာဉ်အရှိန်အဝါတို့ကို ပြောင်းလဲနိုင်ခဲ့ခြင်းပင်။ စွမ်းအားကြီးရန်သူတစ်ယောက် ကျူးကျော်လာတိုင်း သူတို့သည် အဆုံးမဲ့ပင်လယ်နက်ရှိ စွမ်းအားအကြီးဆုံးမျိုးနွယ်၏ ပုံစံအဖြစ် ပြောင်းလဲကာ ရန်သူကို ခြောက်လှန့်လွှတ်ကြလေသည်။ ထို့ကြောင့် ရွှေကျီးကန်းမျိုးနွယ်သည် မျိုးတုံးမည့်အရေးမှ ရှင်သန်နိုင်ခဲ့ပြီး တဖြည်းဖြည်း ရေအောက်ဘဝဖြင့် လိုက်လျောညီထွေရှိအောင် ပြောင်းလဲနေထိုင်လာနိုင်ခဲ့သည်။ သို့ဖြင် သူတို့မျိုးနွယ်က တဖြည်းဖြည်း အင်အားကြီးလာခဲ့ပေသည်။

အနက်ရောင်နတ်ဘုရားက ခေါ်ဆောင်သွားခြင်းဖြစ်သဖြင့် လမ်းခရီးက အလွန်ချောမွေ့နေပေသည်။ မိစ္ဆာမျိုးနွယ်များသည် သူတို့ချဉ်းကပ်မလာခင်ကတည်းက  ကြိုရှောင်ရှားကြလေသည်။ ကျန်းရီသည် ချမ်ချမ်နှင့် အသံပို့လွှတ်၍ စကားပြောနေခဲ့ရာ အဆုံးမဲ့ပင်လယ်နက်တွင် အနက်ရောင်နတ်ဘုရား၏ အဆင့်အတန်းက မည်မျှမြင့်ကြောင်း သိပြီးပေပြီ။

အဆုံးမဲ့ပင်လယ်နက်က သွေးညအကြောက်တရာပင်လယ်ထက် အဆပေါင်းတစ်ရာကျော် ပိုကြီးပေသည်။ အတိတ်တွင် သန်းချီသော မိစ္ဆာမျိုးနွယ်များသည် အဆုံးမဲ့ပင်လယ်နက်သို့ မောင်းထုတ်ခံခဲ့ရသဖြင့် အဆုံးမဲ့ပင်လယ်နက်ထဲတွင် စွမ်းအားကြီးမိစ္ဆာမျိုးနွယ်များ သောင်းနှင့်ချီအောင် ရှိနေ၏။ မိစ္ဆာအရှင်များ ပိုင်ဆိုင်ထားသော မျိုးနွယ်အရေအတွက်က အနည်းဆုံး ရာ‌ကျော်ပေလိမ့်မည်။ တစ်နည်းဆိုရလျှင် အဆုံးမဲ့ပင်လယ်နက်သည် အနည်းဆုံး မိစ္ဆာအရှင်ရာကျော် ပိုင်ဆိုင်ထားပေသည်။

အောင်းလု ပြန်ရောက်မလာသေးခင်တွင် အဆုံးမဲ့ပင်လယ်နက်က ပရမ်းပတာ ဖြစ်နေခဲ့သည်။ အင်အားကြီး မိစ္ဆာမျိုးနွယ်များသည် အင်အားနည်းသော မိစ္ဆာမျိုးနွယ်များ၏ နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ၏။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်များကြားတွင် ပြင်းထန်သောတိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ အောင်းလု ပြန်ရောက်လာပြီးနောက်တွင်မူ သူက အင်အားကြီး မိစ္ဆာမျိုးနွယ်(၅)ခုကို တစ်ကိုယ်တော် ဖျက်ဆီးပစ်ခဲ့သဖြင့် အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်အားလုံးသည် သူ၏အင်အားအောက်သို့ ခိုလှုံလာကြလေသည်။ အောင်းလုသည် အသန်မာဆုံး မိစ္ဆာအရှင်(၃၆)ပါးကို အနက်ရောင်နတ်ဘုရား၊ အရိပ်ဧကရာဇ် စသောဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့၏။ ထိုဂုဏ်ထူးများ ရရန်မဆိုထားနှင့် ရွှမ်ဝူနန်းတော်သို့ပင် ဝင်နိုင်ရန် အရည်အချင်းမမီသော မိစ္ဆာအရှင်များလည်း ရှိပေသည်။

ရွှေကျီးကန်းမျိုးနွယ်မှ မိစ္ဆာအရှင်ကလည်း ဘွဲ့ထူးဂုဏ်ထူးရနိုင်ရန် အဆင့်မမီခဲ့ပေ။

ကျန်းရီသည် အနက်ရောင်နတ်ဘုရား၏ ဦးဆောင်မှုဖြင့် ပင်လယ်ကြမ်းပြင် လျှိုမြောင်တစ်နေရာရှိ ရွှေကျီးကန်းနယ်မြေသို့ ရောက်လာလေသည်။ ရွှေကျီးကန်းမျိုးနွယ်သည် ပင်လယ်ကြမ်းပြင် လျှိုမြောင်ကြားထဲတွင် ဧရာမအစီအရင်ကြီးတစ်ခု ကာရံ၍ အခြေချနေထိုင်နေကြခြင်းပင်။ ထိုအစီအရင်က သူတို့၏ နယ်မြေနှင့် ပင်လယ်ရေကို ခြားပေးထားပေသည်။ လျှိုနံရံနှစ်ဘက်စလုံးတွင် မြင့်မားသော ရဲတိုက်ကြီးများ မရေမတွက်နိုင်အောင် ရှိနေ၏။ ရွှေကျီးကန်းမျိုးနွယ်မှ ခေါင်းဆောင်သည် အနက်ရောင်နတ်ဘုရား၏ အရှိန်အဝါကို ခံစားမိလိုက်သောအခါ ချက်ချင်းပင် ရွှေကျီးကန်းမျိုးနွယ်မှ ပညာရှင်များကို ဦးဆောင်၍ အပြင်ထွက် ကြိုဆိုလိုက်ကြသည်။

“မင်းသမီးချမ်ချမ်နဲ့ အရှင်အနက်ရောင်နတ်ဘုရားကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားကို ဦးညွှတ်နှုတ်ဆက်နေသော အနက်ရောင်ဝတ်ရုံနှင့် အမျိုးသား၊ အမျိုးသမီး သိုင်းပညာရှင်တစ်စုကို ကြည့်၍ အံ့အားသင့်နေကြသည်။ ဤရွှေကျီးကန်းမျိုးနွယ်မှ မျိုးနွယ်ဝင်များသည် ခြေသုံးချောင်းရှိကြ၏။ ကျန်းရီတို့သည် ပင်လယ်နက်ရှိ ထူးခြားသော မျိုးနွယ်များစွာကို မြင်ခဲ့ဖူးပြီဖြစ်၍သာ အလွန်အမင်း အံ့ဩမသွားကြခြင်းပင်။

အနက်ရောင်နတ်ဘုရားက လက်ဝှေ့ယမ်းကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ဆန်းကြယ်နယ်မြေကို ဖွင့်ပြီး ကျန်းရီကို လေ့လာခိုင်းလိုက်”

“ဒါက...”

ရွှေကျီးကန်မျိုးနွယ်၏ ခေါင်းဆောင်သည် အံ့အားသင့်သွားပြီး ခေါင်းခါကာ အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်၏။

“တောင်းပန်ပါတယ် အရှင်အနက်ရောင်နတ်ဘုရား။ ရွှေကျီးကန်းမျိုးနွယ်တွေကလွဲပြီး တခြားဘယ်မျိုးနွယ်ကိုမှ ဆန်းကြယ်နယ်မြေထဲ ဝင်ခွင့်မပြုနိုင်ပါဘူး။ လူသားမျိုးနွယ်ကိုဆိုရင် ပိုပြီးတောင် ဝင်ခွင့်မပြုနိုင်ပါဘူး”

***

All Chapters