← Chapters

ပုံရိပ်ယောင်က ဗဟာပင်

Vol. 62 Ch. 863

ပုံရိပ်ယောင်က ဗဟာပင်

Vol. 62 Ch. 863

တစ်လှမ်း၊ နှစ်လှမ်း...

မီတာသုံးဆယ်၊ မီတာတစ်ရာ၊ မီတာငါးထောင်...

ကျန်းရီသည် အမွေးရှည်ဆင်ကြီးနှင့် မီတာသုံးရာသာ ဝေးတော့ပေသည်။ ပုံမှန်ဆိုလျှင် ထိုအကွာအဝေးကို မျက်တောင်တစ်ခတ်အတွင်း သွားနိုင်၏။ သို့သော် ထိုအခိုက်တွင် သူသည် လောကအတွင်းရှိ အခက်ခဲဆုံးခရီးကို သွားနေရသကဲ့သို့ ခံစားနေရလေသည်။ သူသည် ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ရန် သတ္တိကို မွေးနေရ၏။ သူ၏ခြေထောက်များနှင့် ခန္ဓာကိုယ်က တုန်ယင်နေပေသည်။ သူ့ကျောတွင်လည်း ဇောချွေးများ ရွှဲနေပြီး သူ့နှုတ်ခမ်းများကလည်း တဆတ်ဆတ်တုန်ခါနေသည်။ သူ့အသားအရည်ကလည်း စိမ်းဖန့်ဖန့် ဖြစ်နေလေသည်။

ထိုမြင်ကွင်းကို မြင်သာလိုလျှင် သိုးတစ်ကောင်က ခက်ထန်သောနဂါးတစ်ကောင် အနီးသို့ လျှောက်သွားနေသည့်ပုံစံကို ပုံဖော်ကြည့်နိုင်ပေသည်။ သို့မဟုတ် အားနည်းသော စာသင်သားတစ်ယောက်က ကျားရိုင်းတစ်ကောင်းအနားသို့ လျှောက်သွားနေပုံကို ပုံဖော်ကြည့်နိုင်၏။ ထိုသိုးနှင့် စာသင်သားသည် သူတို့၏ ကံကို စမ်းကြည့်နိုင်သော်လည်း သူတို့၏ နက်ရှိုင်းသောစိတ်ထဲမှ ထွက်လာသော အကြောက်တရားနှင့် ခန္ဓာကိုယ်၏ သဘာဝအလျောက်တုံ့ပြန်မှုများကို တားဆီးနိုင်မည် မဟုတ်ပေ။

ထိုအခိုက်တွင် ကျန်းရီ၏ အခြေအနေက သိုးနှင့် စာသင်သားတို့၏ အခြေအနေထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေပေသည်။ သေမျိုးတစ်ယောက်သည် ဧရာမနဂါးတစ်ကောင်နှင့် ရင်မဆိုင်နိုင်သလို ကြောက်မက်ဖွယ် စွမ်းအား၏ လွှမ်းခြုံမှုကိုလည်း မခံစားနိုင်လောက်ပေ။ တောင်တစ်လုံးကဲ့သို့သော ဖိအားနှင့် ကြောက်မက်ဖွယ်အရှိန်အဝါက မည်သူ့ကိုမဆို အလွန်ကြောက်ရွံ့သွားစေမည်သာ။

လူသားများသည် ခံစားချက်ရှိပြီး စိတ်ဝိညာဉ်ပိုင်ဆိုင်ပေသည်။ သူတို့သည် တွေးတောနိုင်ပြီး ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ပိုင်ဆိုင်ကာ ဝမ်းသာမှု၊ ဝမ်းနည်းမှုနှင့် အကြောက်တရားတို့ကို ခံစားနိုင်ပေသည်။ ယင်းတို့သည် အမိဝမ်းထဲမှ ထွက်လာကတည်းက ပါလာခဲ့သော လူ့သဘာဝများပင်။ ထိုခံစားချက်များက လူသားများ၏ အရိုးထဲတွင် စွဲနေပေပြီ။

သိုင်းသမားများသည် ကောင်းကင်ကို ဆန့်ကျင်၍ သူတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်ရန် ကျင့်ကြံကြ၏။ ထို့အတူ သူတို့သည် သူတို့၏ခံစားချက်များကိုလည်း တိုက်ခိုက်ရပေသည်။ ထိုမှသာ သူတို့သည် သူတို့ကိုယ်သူတို့ အနိုင်ရကာ ပို၍သန်မာလာမည်ဖြစ်သည်။

ကျန်းရီသည် ထိုအကြောင်းကို နားလည်၏။ ထို့ကြောင့် သူသည် ထိုအခိုက်တွင် သူ့စိတ်ဝိညာဉ်ထဲမှ အကြောက်တရားကို ဖိနှိပ်ရန် ကြိုးစားနေခြင်းပင်။ သို့သော် သူ့ခန္ဓာကိုယ်က ဆက်၍တောင့်မခံနိုင်တော့ဟု သူ ခံစားနေရပေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့က မြန်ဆန်လာလေသည်။ သူ့ကိုယ်တွင်းမှ သွေးများလည်း ဆူပွက်လာပြီး မွေးညင်းပေါက်အားလုံးသည် လျင်မြန်သောအရှိန်ဖြင့် ကျယ်လာလိုက်၊ ကျုံ့သွားလိုက် ဖြစ်နေပေသည်။ သူ၏ခြေလှမ်းများကလည်း နှေးကွေးလာသည်။ သူသည် ခန္ဓာကိုယ်ပေါက်ကွဲ၍ သေရမည်ကို ကြောက်ရွံ့နေလေသည်။

မီတာသုံးရာ...

ကျန်းရီ ရပ်လိုက်ပြီး မျက်လုံးများ မှိတ်လိုက်၏။ သူသည် သူ့အရှေ့ရှိ အေးစက်စက် မျက်ဝန်းများကို မကြည့်ရဲတော့ပေ။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အတန်ငယ် ခါးကုန်းလိုက်လေသည်။ သူသည် ဒူးထောက်လဲကျမသွားအောင် မားမားမတ်မတ် ရပ်လိုနေ၏။ ထို့ပြင် သူ၏နှလုံးသားနှင့် သွေးကြောများ ပေါက်ကွဲထွက်မသွားအောင် သူ၏ခန္ဓာကိုယ်ပုံစံကို ထိန်းညှိရန်လည်း ကြိုးစားနေသည်။

“မရဘူး... ငါ မလုပ်နိုင်ဘူး။ ငါ ရှေ့ဆက်မသွားနိုင်တော့ဘူး။ ဆက်သွားရင်... ငါသေလိမ့်မယ်...”

“ပြန်ဆုတ်...ပြန်ဆုတ်... ပုံရိပ်ယောင်နတ်ဘုရားကိုစွမ်းရည်ကို သိမြင်နားလည်နိုင်ဖို့က ဒီတစ်နည်းပဲ ရှိတာ မဟုတ်ဘူး။ ငါ သေချာပေါက် နောက်ထပ်နည်းလမ်းတစ်ခုကို ရှာနိုင်မှာပါ...”

“ရှေ့ဆက်မတိုးနဲ့တော့။ အဲ့ဒါက ထောင်ချောက်တစ်ခု ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်အောင် လုပ်ထားတဲ့ ထောင်ချောက်တစ်ခုပဲ။ ငါသာ ရှေ့ဆက်တိုးရင် သေချာပေါက် သေသွားမှာပဲ...”

“...”

ကျန်းရီ၏ စိတ်ထဲတွင် အတွေးပေါင်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာ၏။ အတွေးများက အလိုလို ပေါ်လာခြင်းဖြစ်ပြီး ကျန်းရီ၏ စိတ်ဝိညာဉ်ကို ထပ်မံ လှုပ်ရှားသွားစေလေသည်။ ယင်းက ရေကန်ထဲသို့ ခဲလုံးပစ်ချလိုက်သဖြင့် ဂယက်ထသွားသလိုမျိုးပင်။

လူသားများက အသိဉာဏ်ရှိသော သက်ရှိများဖြစ်သည်။ သူတို့သည် အကြောက်တရားနှင် တွန့်ဆုတ်မှုတို့ကို ခံစားရနိုင်၏။ ထို့ကြောင့် သူတို့ ထွက်ပြေးနိုင်ပေသည်။

ကျန်းရီ၏ စိတ်ထဲတွင် ထိုအတွေးများ ထွက်ပေါ်လာသောအခါ အခြေအနေများက ထိန်းမနိုင်သိမ်းမရ ဖြစ်လာလေသည်။ သူ အလိုလို နောက်ဆုတ်မိလာ၏။ သူ သတိဝင်လာသည့်အချိန်တွင် မီတာသုံးရာ ဆုတ်ပြီးနေပေပြီ။

“ဒီနေရာက တော်တော်ကြောက်ဖို့ ကောင်းတာပဲ။ ငါ့ရဲ့ စိတ်ဝိညာဉ်ကိုတောင် လွှမ်းမိုးနိုင်တယ်”

ကျန်းရီသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေ၏။ သို့သော် အမွေးရှည်ဆင်သားရဲကြီး၏ အနီးသို့ ချဉ်းကပ်ရန် သူ ဆုံးဖြတ်ချက်ပိုပြတ်သားလာလေသည်။ ဤဆန်းကြယ်နယ်မြေက သူ့ကို ထွက်သွားအောင် ဖိအားပေးလေလေ၊ သူက ပို၍ ထွက်မသွားလိုလေလေပင်။ ထိုသားရဲကြီးအနီးသို့ ချဉ်းကပ်နိုင်မှသာ ဆန်းကြယ်နယ်မြေ၏ လျှို့ဝှက်ချက်ကို သိနိုင်မည်ဖြစ်ပြီး ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်နိုင်မည်ဖြစ်သည်။

“သွားစို့...”

ကျန်းရီသည် အသက်ပြင်းပြင်းနှစ်ချက် ရှူလိုက်ပြီး ခြေလှမ်းကျယ်ကြီးများဖြင့် ရှေ့သို့တိုးသွားလိုက်လေသည်။ သူ့စိတ်ထဲတွင် ခိုင်မာသော ပြတ်သားမှုမှလွဲ၍ အခြားအတွေးအားလုံး ပျောက်ကွယ်သွားပေပြီ။ သူ အမွေးရှည်ဆင်သားရဲကြီးဆီသို့ အားတင်း၍ ချဉ်းကပ်သွား၏။ သူ သေမည်ဆိုလျှင်ပင် ၎င်းအနားသို့ ချဉ်းကပ်ရပေလိမ့်မည်။

“ပုံရိပ်ယောင်... ဒါတွေအကုန်လုံးက ပုံရိပ်ယောင်တွေချည်းပဲ။

ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်၏။ သူ မြင်တွေ့ရသမျှအရာအားလုံး၊ သူ ခံစားရသမျှအရာအားလုံးနှင့် သူကြားနေရသော ဟိန်းသံများအားလုံးမှာ အတုအယောင်များသာ။ သူ့စိတ်ထဲတွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ လှပသော မိန်းမပျိုလေးက သူ့ကို စောင့်နေပေသည်။ သူ ဤအခက်အခဲများကို ဖြတ်ကျော်ပြီးမှသာ ထိုမိန်းမပျိုလေးထံ ရောက်နိုင်ပေလိမ့်မည်။ ထိုမှ သူသည် သူမ၏ ဆံနွယ်လေးများ၏ မွေးရနံ့ကို နမ်းရှိုက်နိုင်မည်ဖြစ်ပြီး သူမ၏ လှပသောမျက်နှာလေးကို ယုယနိုင်မည်ဖြစ်သည်။

ကျန်းရီ တဖြည်းဖြည်း အရှေ့သို့ တိုးသွား၏။ သူ၏အသက်ရှူနှုန်းက အလွန်မြန်နေပြီး သူ၏နှလုံးခုန်နှုန်းကလည်း ဆယ်ဆပိုမြန်လာလေသည်။ သူ့တစ်ကိုယ်လုံးလည်း ဝက်ရူးပြန်သကဲ့သို့ တုန်ယင်နေပေသည်။ သို့သော် သူ အရှေ့သို့သာ ဆက်သွားလိုက်သည်။

“ဖွီး...”

ရုတ်တရက် ကျန်းရီသည် အားပျော့သွားပြီး မြေပေါ်သို့ ဒူးထောက်ကျသွားလေသည်။ ထို့နောက် သူ ပါးစပ်ဟ၍ သွေးအန်လိုက်၏။ သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုများက သွေးစီးဆင်းနှုန်းကို မြန်လာစေသဖြင့် သွေးကြောလေးအချို့ ပေါက်ကွဲသွားခြင်းပင်။ ထို့ကြောင့် သူ အတွင်းဒဏ်ရာရသွားပေသည်။

သို့သော် ထိုအခိုက်တွင် ကျန်းရီသည် ထိုအရာအားလုံးကို လျစ်လျူရှုလိုက်၏။ သူ့ခြေထောက်နှစ်ဘက်စလုံးက ပျော့ခွေနေသဖြင့် သူ ထမရပ်နိုင်‌တော့ပေ။ ထို့ကြောင့် သူ စတင်တွားသွားလိုက်၏။ သူ သေရမည်ဆိုလျှင်ပင် ထိုအမွေးရှည်ဆင်သားရဲအနားသို့ ရောက်အောင် သွားရပေမည်။

အတော်လေး နီးကပ်လာပေပြီ။

ကျန်းရီ ဆက်မလှုပ်ရှားနိုင်တော့ပေ။ သူ့အနောက်တွင် သွေးတန်းကြီးတစ်ခု ကျန်ခဲ့၏။ ထိုမြင်ကွင်းက ကြောက်လန့်ဖွယ် ကောင်းနေလေသည်။ သူ၏ဒွာရခုနစ်ပေါက်မှ သွေးများ စတင်စီးကျလာ၏။ သူ မျက်ဖြူလန်နေပြီး သတိလစ်တော့ပေမည်။

တစ္ဆေတစ်ကောင်က လူတစ်ယောက်ကို သေသည်အထိ ခြောက်လှန့်နိုင်၏။

လူသားတစ်ယောက်သည် အလွန်ကြောက်ရွံ့လာလျှင် သေနိုင်ပေသည်။ နှလုံးခုန်နှုန်း အလွန်မြန်သဖြင့် ကိုယ်တွင်းသွေးကြေားများ ပေါက်သွားလျှင်လည်း သွေးထွက်လွန်ကာ သေနိုင်သည်။ ကျန်းရီသည် ဤဆန်းကြယ်နယ်မြေက ဖန်တီးထားသော ပုံရိပ်ယောင်များကြောင့် စိတ်ရှုပ်ထွေးနေခြင်းဖြစ်ကြောင်း ထင်ရှားသော်လည်း သူ ဤသို့သာ ဆက်ကြောက်ရွံ့နေလျှင် သေသွားနိုင်ပေသည်။

ကျန်းရီ ရှေ့သို့ ဆက်မသွားတော့ချေ။

ထိုအခိုက်တွင် ကျန်းရီ၏ စိတ်က ရှုပ်ထွေးနေ၏။ သူ ရူးသွပ်သွားတော့မလိုပင် ဖြစ်နေရာ မည်သို့ ရှေ့ဆက်သွားနိုင်ပါ‌တော့မည်နည်း။ သူ မြေပြင်ပေါ်တွင် လဲလျောင်းလိုက်၏။ သူ၏ဒွရခုနစ်ပေါက်မှ သွေးများ စီးထွက်နေကာ မြေပြင်ကို နီရဲနေစေလေသည်။

“ပုံရိပ်ယောင်... ဒါတွေအကုန်လုံးက ပုံရိပ်ယောင်တွေပဲ။ ငါ မြင်နေ၊ ကြားနေရတာတွေကြောင့် စိတ်မရှုပ်ထွေးသင့်ဘူး။ ငါ ရှေ့ဆက်သွားရမယ်။ ငါ့စိတ်က ပိုသန်မာလာပြီ။ ငါ့ရဲ့စိတ်သာ ပိုသန်မာလာရင် ပုံရိပ်ယောင်တွေက ငါ့ရဲ့စိတ်ကို ယိမ်းယိုင်စေနိုင်တော့မှာ မဟုတ်ဘူး”

“ပုံရိပ်ယောင်တွေက ဗလာပဲ။ ငါ့ရဲ့စိတ်သာ သန်မာလာရင် ဘယ်မိစ္ဆာ၊ ဘယ်တစ္ဆေကမှ ငါ့ကို ရှေ့ဆက်မသွားအောင် တားနိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့စိတ်သာ သန်မာလာရင် ငါ ပ‌ဟေဠိအကုန်လုံးကို ဖောက်မြင်လာနိုင်လိမ့်မယ်။ ဘာကမှ ငါ့ရဲ့အမြင်ကို လှည့်ဖျားနိုင်တော့မှာ မဟုတ်ဘူး။ ငါ ကြောက်နေလို့ မရဘူး။ ငါက သေရမှာကို မကြောက်ရင် ဘာကို ကြောက်နေရဦးမှာလဲ”

“ကျန်းရီ... မင်း ကိုယ့်စိတ်ကိုယ် ထိန်းစမ်း။ လော့ရွှယ်က မင်း သူ့ကိုလာကယ်မှာကို စောင့်နေတယ်။ မင်း ဒီလို စမ်းသပ်ချက်လေးတစ်ခုကိုတောင် မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ် ‌အရှေ့ဘက် တော်ဝင်နယ်မြေကို သွားနိုင်မှာလဲ။ မင်း ဘယ်လိုလုပ် ပြိုင်ဘက်ကင်း ဝူချန်ကို အနိုင်ယူပြီး လော့ရွှယ်ကို ကယ်နိုင်မှာလဲ။ အတုအယောင်တွေ... ဒါတွေအကုန်လုံးက အတုအယောင်တွေပဲ။ ငါ ကြောက်နေလို့မရဘူး။ ငါ ရှေ့ဆက်သွားရမယ်”

“...”

ကျန်းရီ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ထွက်ပေါ်လာသည်။ သူသည် ခံစားနေရသော အရာအားလုံးမှာ အတုအယောင်များဖြစ်ပြီး အကြောက်တရားကို ကျော်လွှားနိုင်ရမည်ဟု သူ့ကိုယ်သူ အားပေးနေပေသည်။ ထိုမှသာ သူ ရှေ့ဆက်သွားနိုင်ပေလိမ့်မည်။

ကျန်းရီ အောင်မြင်ခဲ့ပေသည်။ သူ၏ ခိုင်မာသောစိတ်ကြောင့် ရှေ့ဆက်သွားနိုင်လာပေပြီ။ သို့သော် သူ၏ဒွာရခုနစ်ပေါက်မှ သွေးစီးကျနေမှုက ပိုဆိုးရွားလာပြီး သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေပေသည်။ သူ၏သွေးကြောများသည်လည်း တစ်ကြောပြီးတစ်ကြော ပေါက်လာ၏။ သူ အမွေးရှည်ဆင်သားရဲ အနီးသို့ မရောက်ခင်မှာပင် သွေးထွက်လွန်ကာ သေသွားတော့မည့်ပုံပင်။

နောက်ဆုံးတွင် ကျန်းရီ ရပ်လိုက်၏။ သူ၏သွေးကြော တစ်ဝက်ကျော်က ပေါက်နေပေပြီ။ သူ့ခန္ဓာကိုယ်ကလည်း ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်သည်။ သူ့စိတ်ထဲတွင်မူ အတွေးများ ပြည့်နှက်နေဆဲပင်။ သူ ဆက်သွားလိုနေသော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ။ သူ ထပ်မလှုပ်ရှားနိုင်တော့ချေ။

“ငါ သေတော့မှာလား”

ကျန်းရီ၏ မျက်နှာတွင် သွေးများရဲနေပြီး နာကျင်ခံစားနေရသည့် အရိပ်အယောင် ပေါ်နေပေသည်။ ရုတ်တရက် သူ၏ခန္ဓာကိုယ်က ပြင်းထန်သော နာကျင်မှုကြောင့် တွန့်လိမ်သွား၏။ သူ၏မျက်စံများကလည်း အနောက်သို့ လန်နေပေသည်။ ထို့ကြောင့် သူ့ မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားလေသည်။ သို့သော် သူ အားတင်း၍ အရှေ့ကို ကြည့်လိုက်၏။ သူသည် ထိုနေရာတွင် မလှုပ်မယှက်ဖြင့် သေမည့်အချိန်ကို စောင့်နေသကဲ့သို့ပင်။

“ဟူး... နောက်ဆုံးကျတော့ ငါက ငါ့ရဲ့အကြောက်တရားကို မကျော်လွှားနိုင်ခဲ့ဘူးပဲ။ ငါ့ရဲ့စိတ်က လုံလောက်အောင် မသန်မာသေးဘူး။ ပုံရိပ်ယောင်နယ်မြေတစ်ခုက တကယ်ပဲ ငါ့အသက်ကို နှုတ်ယူသွားနိုင်တော့မှာလား...”

ကျန်းရီ၏ စိတ်ထဲတွင် နွမ်းလျသောအတွေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် သူ၏စိတ်ဝိညာဉ်သာမက သူ့တစ်ကိုယ်လုံးလည်း နွမ်းလျနေပေပြီ။ သူသည် အိပ်ရေးဝဝအိပ်လိုက်ခြင်နေပြီး ဤကဲ့သို့သာ ထာဝရလဲလျောင်းလိုနေသည်။

“မဟုတ်သေးဘူး...”

ကျန်းရီ မျက်လုံးများ မှိတ်လိုက်သည့်အခိုက်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ချက် ရုတ်တရက် ဝင်လာလေသည်။

“ဒီအမွေးရှည်ဆင်သားရဲက ပုံရိပ်ယောင်ဆိုတာ ငါသိနေတာပဲ။ ဒါပေမဲ့ ငါက ဘာလို့ ငါ့ကိုယ်ငါ မကြောက်ဖို့ အားပေးနေရတာလဲ။ ဘာလို့လဲဆိုတော့... ငါက ကြောက်နေသေးလို့ပဲ။ အဲ့အမွေးရှည်ဆင်သားရဲက တကယ်တည်ရှိနေတာတောင် မဟုတ်တာ ငါက ဘာလို့ ငါ့ကိုယ်ငါ မကြောက်ဖို့ အားပေးနေရမှာလဲ။ ငါက ဘာလို့ ကြောက်နေရမှာလဲ...”

“တကယ်လို့ စိတ်ဓာတ်သာ သန်မာမယ်ဆိုရင် မိစ္ဆာသားရဲက အတုအယောင်ဖြစ်ဖြစ်၊ အစစ်ဖြစ်ဖြစ် ကြောက်နေစရာမရှိဘူး။ အစစ်ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ ငါ့ရဲ့စိတ်သာ သန်မာမယ်ဆိုရင် ငါ အဲ့ကောင်ကို ရှင်းပစ်နိုင်မှာပဲ။ မှားတယ်...မှားတယ်... ငါ့ရဲ့ အတွေးတွေက လမ်းမှားကို ရောက်နေခဲ့တာပဲ။ ကျန်းရီ...အို့... ကျန်းရီ... မင်းက အမြဲ ဉာဏ်ကောင်းခဲ့ပေမယ့် အခု ပုံရိပ်ယောင်နယ်မြေတစ်ခုထဲမှာ အသတ်ခံရ‌တော့မလို ဖြစ်နေပြီ...”

ကျန်းရီသည် မျက်လုံးမှိတ်တော့မည် ပြုပြီးမှ ဆတ်ခနဲ ပြန်ဖွင့်လိုက်လေသည်။ သူ့မျက်လုံးများက ဝေဝါးမနေတော့ပေ။ ထိုအစား တလက်လက် တောက်ပနေလေသည်။ ချက်ချင်းပင် သူ၏စိတ်ဝိညာဉ်ထဲ၌လည်း ရွှေရောင်အလင်း တောက်ပလာသည်။ ထို‌တောက်ပလာမှုသည် မီးနဂါးက ကြောက်မက်ဖွယ်အရှိန်ဖြင့် ပြန့်ကားလာခြင်းနှင့် ဆင်တူပေသည်။

***

All Chapters