← Chapters

ရုပ်သေးရုပ်များ

Vol. 112 Ch. 1568

ရုပ်သေးရုပ်များ

Vol. 112 Ch. 1568

သို့သော် မန်ဟို အင်မော်တယ်နတ်ဘုရားကုန်းမြေအပေါ် ခြေချတော့မည့်အချိန်မှာပဲ နှင်ထုတ်ခြင်းအားတစ်ရပ်က သူ့ကို တားသည်။

ထိုစွမ်းအားသည် အင်မော်တယ်နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူတစ်ဦးတစ်ယောက်ချင်းစီ၊ မြက်ပင်တစ်ပင်ချင်းစီ၊ သစ်ပင်တစ်ပင်ချင်းစီ၊ တောင်တစ်လုံးစီ၊ မြစ်တစ်စင်းစီမှ ထုတ်လွှတ်ခံနေရခြင်းဖြစ်၏။ ၎င်းက အင်မော်တယ်နတ်ဘုရားကမ္ဘာတစ်ကမ္ဘာလုံး၏ စိတ်ဆန္ဒပင် ဖြစ်ချေသည်။

မန်ဟိုမှာ ကြိုဆိုခြင်း မခံရသလို၊ ဝင်ခွင့်ပြုခြင်းလည်း မခံရပေ။

သူ့မျက်လုံးများသည် လင်းလက်တောက်ပသွားပြီး အတင်းတိုးဝင်ဖို့ ပြင်လိုက်သော်လည်း ရုတ်တရက် အလွန်လေးလံသောခံစားချက်က သူ၏နှလုံးသားကို ဖြစ်ညစ်လိုက်ရာ သူ့မှာ တုံ့ခနဲ ရပ်လိုက်တော့သည်။ မန်ဟိုသည် မော့ကြည့်လိုက်သည့်အခါ ကုန်းမြေ၏ တောင်တန်းမြေပြင်အားလုံး တုန်ရီလာကာ မြေထုတစ်ခုလုံး မည်းနက်စပြုလာသည်ကို သတိထားမိလိုက်၏။

အမှောင်ထု ပျံ့နှံ့နေစဉ် တောင်ထိပ်အားလုံးထံမှ ခပ်တိုးတိုးရေရွတ်နေသံများလို အသံများ ထွက်လာသည်။ ကျမ်းစာရွတ်သံများလိုလို၊ သက်ရှိအားလုံး၏ တီးတိုးပြောနေသံများလိုလိုပင်။

တစ်ချိန်တည်းမှာပင် အဝေးရှိ အမှောင်ထုထဲတွင် အလင်းစက်တစ်စက်ကို မန်ဟို မြင်လိုက်ရ၏။ အနီးကပ်ကြည့်လိုက်သည့်အခါ ၎င်းက နေတစ်စင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

စုစုပေါင်း နေကိုးစင်းသည် လေပေါ် မြောက်တက်လာနေလေသည်။ ၎င်းတို့ ထုတ်လွှတ်နေသော စွမ်းအားက ညအမှောင်ထုကို စုတ်ဖြဲနိုင်ဟန်တူပြီး သူ့ကို ချိန်ရွယ်လျက် ပျံ့နှံ့လာနေကြောင်း မန်ဟို ခံစားရသည်။

မန်ဟိုသည် တန်ခိုးရှင်အဆင့်တက်ထားပြီးဖြစ်သည့်အတွက် အန္တရာယ်ကို အနည်းကျဉ်းသာ သတိထားစရာလိုသော်လည်း သူ၏သူငယ်အိမ်များကို ကျုံ့သွားစေနိုင်သည်အထိ လုံလောက်သေး၏။

“ဒါက နတ်ဘုရားစွမ်းရည်တစ်မျိုးမျိုးပဲ...” သူက မျက်လုံးများမှေးကျဉ်းလျက် တွေးသည်။ နေကိုးစင်း လေပေါ် မြောက်တက်သွားပြီး ၎င်းတို့၏အလင်းရောင် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစဉ် မန်ဟိုသည် သူ၏ခန္ဓာကိုယ်ကို ဝင်တိုက်နေသော စုတ်ဖြဲခြင်းစွမ်းအားကို ခံစားလိုက်ရ၏။

“ဒါက သာမန်လူတစ်ယောက် ဖန်တီးနိုင်တဲ့အရာ မဟုတ်ဘူး။ ဒီမှော်အတတ်ကို အင်မော်တယ်နတ်ဘုရားကမ္ဘာရဲ့ အနန္တတန်ခိုးရှင်အဆင့်ကျင့်ကြံသူ ဖန်တီးခဲ့တာပဲ ဖြစ်ရမယ်” မန်ဟို့မျက်လုံးများကား တစ်မျိုးတစ်မည် တောက်ပလာတော့သည်။

သူကား အချိန်ခေတ်များကို ဖြတ်ကျော်၍ အတိတ်သို့ ပြန်သွားကာ ထိုအနန္တတန်ခိုးရှင်နှင့် တိုက်ခိုက်နိုင်သည့်အလားပင်။

မန်ဟိုက အေးစက်စက် နှာမှုတ်လျက် ညာခြေကို မြှောက်ကာ ဆောင့်နင်းချလိုက်သည်။ အုန်းခနဲ ပေါက်ကွဲသံကြီးသည် မန်ဟို့ကိုယ်ထဲမှ အလိပ်လိပ်ထွက်လာသော အနက်ရောင်မြူများနှင့်အတူ မိုးမြေတစ်ခွင် ပဲ့တင်ထပ်ပျံ့နှံ့သွား၏။

“နေကိုးစင်းက ညကို ပိုင်းခွင်းတယ်” မန်ဟိုက အေးစက်စွာ ပြောသည်။ “ဒါပေမဲ့ ငါ့ညက မိစ္ဆာရဲ့ညပဲ။ ငါ့မိစ္ဆာညဟာ ဘယ်အရာကိုမဆို တိုက်စားနိုင်ပြီး ဖျက်စီးလို့မရတဲ့အရာ” ပိုပို၍များပြားသော အနက်ရောင်မြူများ အလိပ်လိပ်ထွက်လာပြီး ညအမှောင်ထုကို ပိုမိုမှောင်မိုက်သွားစေရာ နေကိုးစင်း၏ အလင်းရောင်အား ၎င်းကို ထိုးခွင်းမရနိုင်ဖြစ်နေစေတော့သည်။

နေကိုးစင်းက ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် လက်သွားပြီး ၎င်းတို့အတွင်းရှိ အရိပ်ကိုးခု ပျောက်ကွယ်သွားသည်။ ထို့နောက် မန်ဟို့ပတ်ဝန်းကျင်မှာ ပုံပျက်ရှုံ့တွစပြုလာကာ အနက်ဝတ်လူကိုးယောက် ပေါ်လာ၏။ သူတို့သည် တန်ခိုးရှင်တစ်ပိုင်းအဆင့်ကိုပင် ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သော မရဏမန္တန်ဝင်္ကပါတစ်ခုကို ဖော်ဆောင်ဖို့ ကျင့်ကြံခြင်းအခြေခံများကို ထုတ်ဖော်လိုက်ကြသည်။ အနှစ်သာရ ၉ ခုအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် အဆိုပါမရဏမန္တန်ဝင်္ကပါကြောင့် သေဆုံးသွားလိမ့်မည်။

သို့သော် သူတို့ရင်ဆိုင်နေရသည်ကား မန်ဟိုပင်။

“‌နောက်ဆုံးတော့ မျက်နှာပြပြီပေါ့လေ” သူက အေးအေးဆေးဆေး ပြောသည်။

မန်ဟိုကား နေကိုးစင်းတစ်ပြိုင်တည်း တိုက်ခိုက်နေသည်ကို ဂရုစိုက်ပုံမရပေ။ သူတို့၏နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များကိုပင် သူ့အား ဝင်တိုက်ခွင့်ပြုလိုက်သည်။

သူသည် သမုဒ္ဒရာကြီးဖြစ်ကာ နေကိုးစင်း၏ နတ်ဘုရားစွမ်းရည်များက ကျောက်တုံးတစ်တုံးပမာပင်။ ရေမျက်နှာပြင်ကို ထိလျှင်ချင်း ကျောက်တုံး စုန်းစုန်းမြုပ်သွားသကဲ့သို့ နတ်ဘုရားစွမ်းရည်တို့မှာ အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။ မန်ဟိုက နတ်ဘုရားစွမ်းရည်များအား ဝါးမြိုခဲ့သည့်အလား ထင်ရပေသည်။ ထို့နောက် နတ်ဘုရားစွမ်းရည်များသည် မူလစွမ်းအားထက် အဆတစ်ရာ ... အဆတစ်ထောင်ဖြင့် နေကိုးစင်းဆီ ပြန်ကန်ထွက်သွားသဖြင့် သူ့ပတ်ဝန်းကျင်သည် ပြိုးပြိုးပြက်ပြက် လက်သွား၏။

ထိုစွမ်းအားနှစ်ရပ်ကား မည်သို့မျှ မယှဉ်နိုင်ပေ။ တစ်ခုက ပိုးစုန်းကြူး၏အလင်းအား ၊ တစ်ခုက လပြည့်ဝန်း၏အလင်းအားသဖွယ်ပင်....

အုန်းးးးးးးးးးးးးး

နတ်ဘုရားစွမ်းရည်ကိုးခုလုံး နေကိုးစင်းထံ ပြန်ရိုက်ခတ်သည်။ နေများမှာ ငြီးတွားလိုက်ကြရပြီး ဘာမှမလုပ်နိုင်ခင် စောစောကလေးတင် ထုတ်လွှတ်လိုက်သော သူတို့စွမ်းအား၏ အဆတစ်ထောင်ဖြင့် လွှမ်းခြုံခံလိုက်ရတော့သည်။

ထိုအရာအားလုံး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့လေသည်။ နေကိုးစင်းအနက် ရှစ်စင်းမှာ အသက်နှင့်ခန္ဓာပျက်ပြားကာ ပြာကျသွား၏။

နေတစ်စင်းသာ အသတ်မခံခဲ့ရပေ။ ထိုနေဖြစ်သော အဘိုးအိုကို မန်ဟိုက လည်မျိုမှလှမ်းဆွဲလိုက်သည်။

သူ့အရှေ့ရှိ နေကိုးစင်းအနက်မှ တစ်ယောက်တည်းသော အသက်ရှင်ကျန်သူကို ဆုပ်ကိုင်ထားစဉ် မန်ဟို့အမူအရာက တစ်ချက်မှမပြောင်းလဲခဲ့ပေ။ အဘိုးအိုက သူ့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်ပြီး ခန္ဓာဖောက်ခွဲတော့မည့်အချိန်မှာပဲ မန်ဟို၏နတ်ဘုရားအာရုံက သူ့ကို ဖိနှိပ်၍ ခန္ဓာဖောက်ခွဲခြင်းစွမ်းအားကို ငြှိမ်းသတ်လိုက်သည်။ ထို့နောက် နတ်ဘုရားအာရုံသည် ဝိညာဉ်ဖွေရှာရန် အဘိုးအို၏စိတ်ထဲ စိုက်ဝင်သွား၏။

သို့သော် မန်ဟို တွေ့လိုက်ရသည့်အရာမှာ ... ဗလာကြီးသာ။

အဘိုးအိုမှာ တွန့်လိမ်ကွေးကောက်လာပြီး ဝိညာဉ်ဖွေရှာခြင်း၏စွမ်းအားအောက်ဝယ် အသက်ထွက်သွားတော့သည်။ မန်ဟိုမှာတော့ မှတ်ဉာဏ်တစ်စလေးပင် မရခဲ့ပေ။ အဘိုးအိုတွင် မည်သည့်မှတ်ဉာဏ်မှ မရှိသည့်အလား၊ သူ သိသည့် တစ်ခုတည်းသောအရာမှာ သတ်ဖြတ်ခြင်းသာ ဖြစ်သည့်အလားပင်။

“ရုပ်သေးရုပ်” မန်ဟိုက ခပ်တိုးတိုး ရေရွတ်သည်။ “နောက်ထပ် ရုပ်သေးရုပ်တစ်ရုပ်ပဲ” သူ၏နှစ်ပေါင်းထောင်ချီ အတွေ့အကြုံများ၊ တန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံ၊ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်နှင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒကို ရင်ဆိုင်ခဲ့ရမှုများအရ မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကနှင့်ပတ်သက်၍ သီအိုရီတစ်ခု စဉ်းစားမိခဲ့ပြီးဖြစ်၏။

သူ၏သီအိုရီအရ .... ဤမြေထုနှစ်ခုတွင် သက်ရှိလူသားများ အမှန်တကယ် မတည်ရှိပေ။

ဤလူများက ရှေးတန်ခိုးရှင်နှစ်ပါး၏ သက်ရှိမျိုးဆက်များဆိုလျှင် ဖြစ်ပျက်နေသောအရာတစ်ခုကမှ ယုတ္တိရှိမည်မဟုတ်ပေ။ အနန္တတန်ခိုးရှင်နှစ်ပါးလုံးက လောကပါလနတ်မင်း၏ ရန်သူများမဟုတ်ပါလော။

မန်ဟိုသည် အာကာပြင်ကျယ်စကြဝဠာ၏အပြင်ရှိ တိုင်ပျက်သုံးတိုင်ကို ထိကြည့်ပြီးနောက် ယခုလိုသုံးသပ်မိခဲ့ခြင်းဖြစ်၏။

“ဒီမြေထုနှစ်ခုကို ဟိုးရှေးကတည်းက လောကပါနတ်မင်း ဖျက်စီးခဲ့တာ ဖြစ်ဖို့များတယ်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်ရဲ့ မြေထုတွေကို ဖျက်စီးခဲ့သလိုပေါ့” မန်ဟို မျက်မှောင်ကြုတ်သွားသည်။ သို့သော် ဤကျင့်ကြံသူအားလုံးတွင် အသွေးအသားခန္ဓာကိုယ်များ ရှိနေခြင်းက စဉ်းစားစရာဖြစ်နေသည်။

“သူတို့က ရုပ်သေးရုပ်တွေ ဆိုတဲ့ အဖြေပဲ ရှိတယ်” သူက တွေးသည်။ “ဒါပေမဲ့ သူတို့ကို ရုပ်သေးရုပ်မဖြစ်အောင် လုပ်နေတဲ့ အရာ ရှိနေတယ်” မန်ဟိုက ရှေ့လျှောက်သွားလေသည်။ ကျင့်ကြံသူအုပ်ကြီးက သူ့ကို ခုန်အုပ်ကြသော်လည်း မည်သူမှ အနားမကပ်နိုင်ပေ။ လက်တစ်ချက်ဝှေ့ယမ်းမှုကြောင့် သေကြေပျက်စီးကြရသည်သာ...

မန်ဟို့နောက်မှ အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးသည် အင်မော်တယ်နတ်ဘုရားကုန်းမြေအား ဖျက်စီးလျက် လိုက်ပါလာ၏။

မန်ဟိုမှာ ခြေလှမ်းတစ်ရာသာ လျှောက်ရသေးသည့်အချိန် ရုတ်တရက် မြေထုအပေါ်ရှိ ကွေးကောက်နေသော မြစ်များအနက်မှ တစ်စင်းသည် ကွန့်မြူးတောက်ပလာ၏။ မထင်မှတ်ထားဖွယ်ကောင်းစွာနှင့် .... မြစ်တစ်စင်းလုံး လေပေါ် မြောက်တက်လာသည်။

အနီးကပ်ကြည့်လိုက်ပါက မြစ်သည် ... လေးသဏ္ဍာန်ရှိကြောင်း တွေ့ရလိမ့်မည်။

မြစ်သဖွယ်လေး လေပေါ်မြောက်တက်သွားသည်နှင့် လူငယ်တစ်ယောက် ပေါ်လာသည်။ မန်ဟိုသည် လူငယ်ကို ကြည့်လိုက်လျှင်ချင်း ရင်းနှီးနေကြောင်း ခံစားလိုက်ရ၏။ သူ၏ပုံပန်းသွင်ပြင်က သတ်ဖြတ်သူ နှင့် ဆင်သလို၊ အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ အလယ်ရှိ ရုပ်တုကြီးနှင့်လည်း တူလေသည်။

“ဒီနေရာရဲ့ ရှေးတန်ခိုးရှင်ရဲ့ မျိုးဆက်တစ်ဆက်...”

All Chapters