← Chapters

အပိုင်း(၄၀၇)

Vol. 28 Ch. 407

အပိုင်း(၄၀၇)

Vol. 28 Ch. 407

“ခွေးမ နင်ရဲ့ဖျောင်ရှတောင်က ဒီသခင်လေးမီးတောက်တွေနဲ့

မီးရှို့ခံခဲ့ရတာ… နင့်ရဲ့ ဖျောင်ရှဂိုဏ်းက ခွေးမတွေလည်း   ဒီသခင်လေး

ရဲ့မီးတောက်နဲ့ အစအနပါမကျန်အောင်လောင်

ကျွမ်းခံခဲ့ရတာပဲ.. အခု ဒီသခင်လေးက   ဒီသခင်လေးမီးတောက်ရဲ့ အရသာကိုနင့်ကိုခံစားခိုင်းအုံးမယ်”

ဖျောင်ရှဂိုဏ်းတပည့်များ၏ အသက်စွမ်းအားတို့က ဝေ့ဖန်းနှင့်တချီတို့ကြောင့်စုပ်ယူခြင်းခံခဲ့ရသော်လည်း   အလောင်းများက တော့ရှစ်ဖုန့်၏  သွေးနီရောင်မီးတောက်ကြောင့်တကယ်ပြီး အစအနပင်မကျန်အောင်လောင်

ကျွမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့၏အသွေးအသားများက ၎င်းလာခဲ့ရာလမ်းသို့ပြန်

လည်၍ရောက်ရှိသွားခဲ့သည်။

ရှစ်ဖုန့်၏ကိုယ်မှသွေးနီရောင်မီးတောက်တို့အားထုတ်လွှတ်ပြီး  ကောင်းကင်ထဲရှိ  မီးခိုးရောင်မီးတောက်များထံသို့သွားကာ  ရှစ်ဖုန့်၏စကားတို့အား ဖျောင်ရွှယ်ယွဲ့တစ်ယောက်ကြား

လိုက်ရသောအခါတွင်  သူမ၏အေးစက်သောမျက်နှာထက်၌ ရုတ်ခြည်း  ဒေါသတို့ဖြင့် ပြည့်နှက်သွားသည်။

ကောင်းကင်ထဲမှ မီးခိုးရောင်မီးတောက်များအား

ထိန်းချုပ်ခြင်းအပြင် ဖျောင်ရွှယ်ယွဲ့က  သူမ၏လက်များဖြင့်  ဆီးလ်တစ်ခုကိုပုံဖော်၍  အော်ပြောလိုက်သည်။

“ဖျောင်ရှကြီးမြတ်သော လက်ဖဝါးပုံရိပ်”

သူမအော်လိုက်သကဲ့သို့ သူမ၏ရှေ့တွင်ရှိနေသော  ရှစ်ဖုန့်ထံသို့  ဖျောင်ရွှယ်ယွဲ့က လက်ဖဝါးဖြင့် တိုက်ခိုက်လိုက်သည်။၎င်းမှာ သန့်စင်သော အဖြူရောင်တိမ်တိုက်များ ဖြင့် ရစ်ထွေးထားသော ဧရာမ လက်ဖဝါးပုံရိပ်ကြီးတစ်ခုဖြစ်သည်။

၎င်းမှာဧရာမ  စိတ်အာရုံလှည့်စားသော အဖြူရောင်လက်ဖဝါးပုံရိပ်ကြီးတစ်ခုကဲ့သို့ ဖြစ်ပြီး ရှစ်ဖုန့်ထံသို့ သိမ်းကျုံးဦးတည်လာသည်။

“ဟမ့်…နင့်ရဲ့စွမ်းအားလောက်နဲ့များ  ဒီသခင်လေးကိုထိခိုက်အောင်

လုပ်နိုင်မယ်ထင်နေတာလား”

ဖျောင်ရွှယ်ယွဲ့၏ လက်ဖဝါးပုံရိပ်က သူ့ထံသို့လာနေသည်ကိုတွေ့

ရသောအခါတွင်  ရှစ်ဖုန့်က အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။ သူ၏ဓားအားရှေ့သို့ထိုးထုတ်လိုက်ပြီး  အဖြူရောင်ဓားအလင်းတန်း

တစ်ခုလင်းလက်သွားသည်။အဖြူရောင်ဓားချီက  ကောင်းကင်အားဖြတ်သန်းသွားပြီး လာနေသောတိမ်ဖြူ

လက်ဖဝါးပုံရိပ်ထံသို့ဦး

တည်ဖြတ်သန်းသွားသည်။

လက်ဖဝါးပုံရိပ်နှင့်ဓားချီတို့က  ရုတ်ခြည်းအပြင်းအထန်ပစ်ဆောင့်မိကြသည်။ ထို့နောက် ဖျောင်ရွှယ်ယွဲ့က မျက်မှောင်ကြုတ်သွားသည်။

သူမ၏တိုက်ခိုက်မှုဖြစ်သော ဧရာမလက်ဖဝါးပုံရိပ်ကြီးက  တကယ်ကို အဖြူရောင်ဓားချီအောက်၌ရှုံးနိမ့်သွားခဲ့သည်။ ယင်းမှာ မှန်တစ်ခုအား ဧရာမအားတစ်ခုဖြင့်ထိမှန်

သွားသကဲ့သို့ဖြစ်ပြီး  အပိုင်းပိုင်းကွဲကြေသွားကွား ဟင်းလင်းပြင်အတွင်းပျောက်ကွယ်သွားသည်။

အဖြူရောင်ဓားချီက ဧရာမလက်ဖဝါးပုံရိပ်ကြီးအား

ဖျက်ဆီးပြီးနောက်  ဖျောင်ရွှယ်ယွဲ့ထံသို့ဆက်လက်၍ ပျံသန်းလာသည်။ ယင်းမှာ တော်တော်လေးကိုမြန်ဆန်ပြီး   မျက်စိတစ်မှိတ်အတွင်း

ဖျောင်ရွှယ်ယွဲ့ထံသို့ရောက်ရှိလာ၏။

တစ်ချက်တည်းဖြင့် အနိုင်ရသူအားဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်ချက်ချင်း မီးခိုးဖြူရောင်မီးတောက်နံရံတစ်ခု ဖျောင်ရွှယ်ယွဲ့၏ရှေ့တွင်ချက်ချင်း

လောင်ကျွမ်းဖြစ်ပေါ်လာသည်။ ဤနံရံ၏မီးတောက်များမှာ   ကောင်းကင်ထဲ၌လောင်ကျွမ်းနေသောမီးတောက်များနှင့်တစ်ထေရာတည်းတူညီမှုရှိသည်ဖြစ်သည်။ သူမထံသို့ ပိုင်းဖြတ်ရန်ဦးတည်လာနေသော  အဖြူရောင်ဓားချီမှာ   မီးခိုးဖြူရောင်မီးတောက်နံရံ၏ အစအနပင်မကျန်အောင်

လောင်ကျွမ်းခြင်းကိုရုတ်ခြည်းခံလိုက်ရသည်။

“ကောလဟာလတွေကအမှန်ပဲ..နင့်ရဲ့ပါရမီကတကယ့်ကိုကြောက်စရာကောင်းတယ်..

ဒါပေအဲ့ အဲ့လိုဆိုရင်တောင်  နင်ဒီနေ့တော့သေရအုံးမှာပဲ”

ဖျောင်ရွှယ်ယွဲ့မှာသူမ၏ညာလက်အားထပ်မံ၍ ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်သည်။ သူမအနေဖြင့်ရှစ်ဖုန့်အား သတ်ပစ်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေသည်။

သူ၏ဓားလက်ချောင်းအားရှေ့သို့ထိုးညွှန်လိုက်သည်။ ရှစ်ဖုန့်၏တိုက်ခိုက်မှုအား တားဆီးခဲ့သော မီးတောက်နံရံက

ရုတ်တရက် မီးတောက်ဝဲကြီးတစ်ခု

အဖြစ်ပြောင်းသွားပြီး နောက်ဆက်လက်၍ ဧရာမမီးတောက်ဓားကြီးတစ်ခု

အဖြစ်သို့ပြောင်းလဲသွားသည်။ ၎င်းကကောင်းကင်အားပိုင်းဖြတ်ကာ သူမ၏ရှေ့တွင်ရှိနေသောရှစ်ဖုန့်

ထံသို့ဦးတည်ပျံသန်းသွား၏။

ကောင်းကင်ထဲတွင် သွေးနီရောင်မီးတောက်ပင်လယ်နှင့်  မီးခိုးဖြူရောင်မီးတောက်ပင်လယ်တို့က  တစ်ခုနှင့်တစ်ခုလောင်ကျွမ်းနေကြသည်။

နှစ်ဖက်စလုံးရှိမီးတောက်များက မျှခြေညီနေသည့်ပုံပေါ်သည်။

ဤအချိန်တွင် ဖျောင်ရွှယ်ယွဲ့ဘက်ခြမ်းမှ မီးခိုးဖြူရောင်မီးတောက်ဓား

တစ်ခုလာနေသည်ကို  ရှစ်ဖုန့်တွေ့လိုက်ရသည်။ ဆန်းကြယ်အလွှာ၏စွမ်းအားအောက်တွင်   ၎င်းကမည်မျှအစွမ်းထက်သည်ကိုရှစ်ဖုန့် မြင်နိုင်စွမ်းမရှိသော်လည်း  ရှစ်ဖုန့်၏အလိုလိုသိစိတ်က  သူ၏နှလုံးသားအား တဒိတ်ဒိတ်ခုန်အောင်ပြုလုပ်နေ၏။

ဤမီးတောက်ဓားတွင်ပါဝင်သောစွမ်းအင်က  အပေါ်တွင်ရှိနေသော တစ်ခုကဲ့သို့တူညီသော အရောင်အစင်းရှိပုံရပြီးယင်းက ကောင်းကင်ထဲ၌လောင်ကျွမ်းနေသော မီးခိုးဖြူရောင်မီးတောက်များထက်ကိုပို၍  များစွာအားကောင်းသည်

ကိုရှစ်ဖုန့်သိလိုက်သည်။

ကောင်းကင်ထဲတွင်ရှိနေသော

မီးခိုးဖြူရောင်မီးတောက်များက ကောင်းကင်မီးတောက်နှင့်မျှခြေညီ

နေသောကြောင့်  မီးတောက်စွမ်းအားများက ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏စွမ်းအားနှင့်တူညီလုနီးပါးရှိသည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့၏မီးတောက်ဓား

ကသူ၏ရှေ့တွင်လောင်ကျွမ်းနေသည်။  ရှစ်ဖုန့်၏အလိုလိုသိစိတ်က သူမသည် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်

ထက်သာလွန်နေသည်ဟု သူ့အားပြောနေသည်။သူမက အနည်းဆုံး ကြယ်လေးပွင့်သူတော်စင်နယ်ပယ် သို့မဟုတ ထိုထက်ပင်ပို၍သန်မာလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့်သူမအားနား

လည်မှုမလွဲမှားရဲပေ။ထို့အစား လေးနက်သောအမူအယာကိုထားရှိလိုက်သည်။ သွေးနီရောင်အလင်းတစ်ခုက

သူ၏ကိုယ်ပေါ်တွင်လင်းလက်လာပြီး  သွေးနီရောင်ချပ်ဝတ်တစ်ခုက

သူ၏ကိုယ်ပေါ်တွင် ပေါ်လာသည်။ သူကသွေးနီရောင်ချပ်ဝတ်အား

အသက်သွင်းလိုက်ပြီး  ရှစ်ဖုန့်၏သွေးနီရောင်ချပ်ဝတ်မှ အားကောင်းသော

သွေးနီရောင်အလင်းတစ်ခုက  ဦးတည်ချက်အားလုံးအား

တောက်ပလင်းထိန်ပျံ့နှံ့သွားစေသည်။

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က ဖြစ်နိုင်ချေတစ်ခုအားတွေးလိုက်သည်။

ဖျောင်ရွှယ်ယွဲ့၏ ဤတစ်ကြိမ်တိုက်ခိုက်မှုက ယခင်ထက်များစွာ  အားကောင်းလာသောကြောင့် ဤကြီးမားသောမီးတောက်ဓား

တိုက်ခိုက်မှုအား  လွယ်လွယ်ကူကူလေးတော့

သုံးနိုင်လိမ့်မည်မဟုတ်ပေ။ဤတိုက်ခိုက်မှုက သူမ၏ကိုယ်အတွင်းမှ ယွမ်ချီပမာဏများစွာအားကုန်ဆုံးစေခြင်း သို့မဟုတ်  ယင်းမှာ ရတနာအား များစွာထိခိုက်သွားစေနိုင်သော လျှို့ဝှက်ရတနာအမျိုးအစားတစ်ခုခုဖြစ်နေခြင်းပင်ဖြစ်လိမ့်မည်ဖြစ်သည်။

အကယ်၍ဤတိုက်ခိုက်မှုကိုသာ အကြိမ်များစွာတစ်ဆက်တည်းသုံးနိုင်လျှင်   ရှစ်ဖုန့်ပေါ်လာကတည်းက သူမကသူ့အားမုန်းတီးနေသောကြောင့်  သေချာပေါက်ဤတိုက်ခိုက်မှုအားအသုံးပြု၍သူ့အားသတ်ခြင်းသို့မဟုတ် ထိခိုက်ဒဏ်ရာများစွာရစေခြင်းတို့အား အရင်ပြုလုပ်လိမ့်မည်သာဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏မျက်နှာထက်မှ လေးနက်သောအမူအယာမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။  သူ၏ငရဲဘုံကိုးခု သေခြင်းစွမ်းအင်အားလုံးအား

သွေးနီရောင်ချပ်ဝတ်အတွင်း

သို့သွန်းလောင်းလိုက်သည်။ သွေးနီရောင်ချပ်ဝတ်မှထုတ်လွှတ်နေသောသွေးနီရောင််အလင်းက ရုတ်တရက်  ပို၍ တောက်ပလာပြီးပို၍မျက်စိ

ကျိန်းလောက်အောင်ဖြစ်လာသည်။

ထို့နောက်မီးတောက်ဓားက ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာရောက်ရှိလာ၏။  ရှစ်ဖုန့်က  သွေးချပ်ဝတ်အား  သူ၏ရင်အုံအားကာကွယ်ရန်အသုံးပြုခဲ့ပြီး  မီးတောက်ဓားအတွင်း

တိုက်ရိုက်ဆောင့်ဝင်လိုက်သည်။

“ဟမ့် နင်ကသေချင်နေတာလား..

အဲ့လိုဆိုတော့လည်းငါကနင့်ကိုအရမ်းလွယ်လွယ်ကူကူလေးတော့ မသေခိုင်းနိုင်ဘူး.”

ရှစ်ဖုန့်၏  ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံ

သောအပြုအမူအားတွေ့လိုက်ရသောအခါတွွင် ဖျောင်ရွှယ်ယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး  အေးစက်စွာပြောလိုက်သည်။

“သခင်လေးဖုန့်…သခင်လေးဖုန့်

ဘာတွေလုပ်နေတာလဲ”

အောက်တွင်ရှိနေသောနန်းမျှော်စင်ထက်တွင်  လေထဲတွင်ရှိနေသောရှစ်ဖုန့်အားလုံချန်က မျက်တောင်မခတ်စတမ်းကိုစိုက်ကြည့်နေသည်။ ခုခံခြင်းကိုပြုလုပ်ရမည့်အစား  သူ၏ကိုယ်ကိုယ်အသုံးပြုပြီး  ဖျောင်ရွှယ်ယွဲ့၏တိုက်ခိုက်မှုအား

ပစ်ဆောင့်လိုက်သည်။ လုံချန်၏မျက်နှာထက်တွင်စိတ်ရှုပ်

ထွေးမှုတို့ဖြင့်ပြည့်နှက်နေပြီး  သူ့ဘေးတွင်ရှိနေသောချီလင်ဘုရင်ထံသို့ လှည့်ကြည့်လိုက်သည်။

ချီလင်ဘုရင်က ဟင်းလင်းပြင်ထဲရှိတိုက်ပွဲအားကြည့်ရင်း  မျက်မှောင်ကြုတ်နေသည်။ သူသည်လည်းနားလည်ရခက်နေပြီး  သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။

“ဒီကလေး သူက ဖျောင်ရွှယ်ယွဲ့ကိုမယှဉ်နိုင်တာကိုသိပြီးတော့  ရှုံးနိမ့်ပြီးတဲ့နောက် ဖျောင်ရွှယ်ယွဲ့ရဲ့ ရက်ရက်စက်စက်နှိပ်စက်ညှင်းပန်း

မှာကိုရှောင်ရှားနိုင်ဖို့အတွက် သူ့ကိုယ်သူဖြစ်နိုင်သမျှမြန်မြန်

သေကြောင်းကြံချင်နေတာလား”

“ဘာ..”

“ဘာကြီး”

“ဘာ”

ချီလင်ဘုရင်၏အသံကမကျယ်သော်လည်း  လုံချန်နှင့်သူတို့၏နောက်သိမ်မ

ဝေးသောနေရာတွင်ရပ်နေကြသော  ဝန်ကြီးများမှာ အားလုံးကိုကြားလိုက်ရသည်ဖြစ်သည။

အံ့အားသင့်စွာအာမေဋိတ်သံများက ထွက်ပေါ်လာပြီး  ထိပ်ထိပ်ပျာပျာဖြစ်သောအမူအယာများက ရုတ်တရက်သူတို့၏မျက်နှာထက်တွင် လျှင်မြန်စွာအစားထိုးဝင်ရောက်လာသည်။

“ဒါက..အကယ်၍ရှစ်ဖုန့်သာသေသွားရင်  နောက်ထပ်သေမည့်သူတွေက ငါတို့ပဲ ဖြစ်လိမ့်မယ်..ဖျောင်ရွှယ်ယွဲ့က သူကမြို့ထဲကအပြစ်မဲ့တဲ့သူ

တွေကိုတော့ချမ်းသာပေးနိုင်ပေမဲ့ ငါတို့ကတော့သေရလိမ့်မယ်

လို့ပြောခဲ့တယ်”

“ဒါပေမဲ့..ဒါပေမဲ့ .ဖျောင််ရှတောင်ကိုမီးရှို့ပြီးတော့ ဖျောင်ရှဂိုဏ်းကိုသုတ်သင်ပစ်ခဲ့

တဲ့သူကရှစ်ဖုန့်ပဲ.. ငါတို့အားလုံးက အပြစ်မဲ့တဲ့သူတွေပဲဟာ”

“မဟုတ်ဖူး…သခင်လေးဖုန့်ကရှုံးမှာမဟုတ်ဖူး”

ရှိနေသောလူများကြားထဲတွင်  လုံချန်တစ်ယောက်တည်းသာလျှင် ရှစ်ဖုန့်အပေါ်၌ယုံကြည်မှုအရှိဆုံး

သောသူဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဖြတ်သန်းခဲ့သောခရီးတစ်

လျှောက်တွင်ရှစ်ဖုန့်က အံ့ဖွယ်ပြာဋိကာများအား

ဖန်တီးခဲ့သည်ဖြစ်သည်။ လူတိုင်းကမဖြစ်နိုင်ဟုထင်

နေသောအတွေးများအားဖြစ်အောင်သူလုပ်ပြခဲ့သည်။ ဘယ်လိုလုပ်ပြီးသူက ဤကဲ့သို့သေဆုံးနိုင်ပါမည်နည်း။

“သခင်လေးဖုန့်က ရှုံးမှာမဟုတ်ဖူး..”

လုံချန်က လက်သီးတို့ကိုတင်းကျပ်စွာဆုပ်ထား၍ ပြတ်သားစွာပြောလိုက်သည်။ သူ့ကိုယ်သူပြောနေသည့်ပုံပေါ်သော်လည်း  နောက်တွင်ရှိနေသောမှူးမတ်အရာရှိများအားလည်းပြောနေသည့်ပုံပေါ်သည်။

ကောင်းကင်ထဲ၌  မီးတောက်ဓားကရှစ်ဖုန့်၏

ရင်ဘက်အားထိမှန်သွားသောအခါတွင်  မီးခိုးဖြူရောင်မီးတောက်များကရုတ်ခြည်းရှစ်ဖုန့်၏တစ်ကိုယ်လုံးအားပျံ့နှံ့သွားသည်။ ရှစ်ဖုန့်၏တစ်ကိုယ်လုံးက ရုတ်တရက်မီးခိုးဖြူရောင်မီး

တောက်လူသားအဖြစ်ပြောင်း

လဲသွားပြီးပြင်းထန်စွာလောင်ကျွမ်းနေသည်။

“အား..အရှင်စစ်နတ်ဘုရား.

အရှင်စစ်နတ်ဘုရားမီးလောင်ခံနေရပြီ”

“ငါတို့ဘာလုပ်သင့်လဲ..အရှင်စစ်နတ်ဘုရားကဖျောင်ရွှယ်ယွဲ့မီးလောင်

တိုက်သွင်းတာကိုခံနေရပြီ.. အရှင်စစ်နတ်ဘုရားသာ

ဒီတိုက်ပွဲမှာသေသွားခဲ့ရင်  ဖျေင်ရှဂိုဏ်း သုတ်သင်ခံရတဲ့ဒေါသတရားအတွင်ဖျောင်ရွှယ်ယွဲ့က ငါတို့အပေါ်မှာဖွင့်ထုတ်လိမ့်မယ်”

“ကောလဟာလတွေအရ အရှင်စစ်နတ်ဘုရားက ဖျောင်ရှတောင်ကိုမီးလောင်

တိုက်သွင်းခဲ့ပြီးတော့  ဖျောင်ရှဂိုဏ်းကတပည့်တွေကိုမီးရှို့ သတ်ခဲ့တာတဲ့.. နတ်ဆိုးက မီးလောင်တိုက်သွင်းခံနေရပြီ… ကမ္ဘာပေါ်မှာ ဝမ်းနည်းဖို့အကောင်းဆုံးနာကျင်မှုက  သေတဲအထိခြစ်ခြစ်တောက်ပူနေတဲ့မီးတွေနဲ့ လောင်ကျွမ်းခံရတာထက်ဆိုးတာဘာမှမရှိဘူး”

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters