← Chapters

အပိုင်း(၄၀၈)

Vol. 28 Ch. 408

အပိုင်း(၄၀၈)

Vol. 28 Ch. 408

ကောင်းကင်ထဲတွင်ဖျောင်ရွှယ်ယွဲ့က သူမ၏လက်တို့အား နောက်သို့ထပ်မံ၍ပစ်ထားလိုက်သည်။ ရှစ်ဖုန့်က မီးခိုးဖြူရောင်မီးတောက်တို့၏

လောင်ကျွမ်းမှုအားခံနေရပြီဖြစ်သည်။

ယင်းမှာတိုက်ပွဲက အဆုံးသတ်လုနီးပါးဖြစ်လာ

သကဲ့သို့ဖြစ်သည်။ သူမအနေဖြင့် မီးခိုးဖြူရောင်မီးတောက်များလောင်ကျွမ်းခြင်းကိုခံနေရသည့် ရှစ်ဖုန့်အားထပ်မံ၍ ဂရုစိုက်နေခြင်းမရှိတော့ပေ။

ထိုအစားသူမ၏ခေါင်းအား အနည်းငယ်ငုံ့လိုက်ပြီး  နန်းမျှော်စင်ထက်၌ရှိနေသော လူများအားကြည့်လိုက်သည်။ သူကထူးမခြားနားစွာပြောလိုက်သည်။

“ဒီလူယုတ်မာသူခိုးရှစ်ဖုန့်က ဒီအရှင်မရဲ့အနိုင်ယူတာကိုခံလိုက်ရပြီ… နင်တို့ရှစ်ဖုန့်ရဲ့နောက်လိုက်ခွေးတွေ… အပြစ်ပေးမှုကိုဆက်ပြီးတော့ခံရမယ်”

ထို့နောက်  ဖျောင်ရွှယ်ယွဲ့က  ကောင်းကင်ထဲ၌သွေးနီရောင်မီး

တောက်များနှင့်လောင်ကျွမ်းနေသော မီးခိုးဖြူရောင်မီးတောက်တို့အား အသက်သွင်းချင်ခဲ့သည်။သို့သော် ဖျောင်ရွှယ်ယွဲ့မှာမျက်မှောင်ကြုတ်

လိုက်ပြီးကောင်းကင်ထဲသို့ကြည့်လိုက်၏။ သူမကသွေးနီရောင်မီးတောက်ပင်

လယ်ထံသို့ကြည့်နေသည်။

“ဘာဖြစ်နေတာလဲ”

ရှစ်ဖုန့်မှာမီးတောက်များ၏ လောင်ကျွမ်းမှုအားခံနေရခြင်းဖြစ်သည်။ သူအနေဖြင့်ထိခိုက်မှုများစွာဖြစ်ပေါ်ပြီး  သူ၏တိုက်ခိုက်နိုင်စွမ်းတို့အားဆုံးရှုံးသင့်သည်ဖြစ်သည်။ယထာဘူတာကျကျပြောရ

မည်ဆိုလျှင်  သူ့အနေဖြင့် သွေးနီရောင်မီးတောက်ပင်လယ်

အားထောက်ပံ့ရန်အတွက်  ဘာစွမ်းအင်မှရှိမနေသင့်ပေ။

အကယ်၍သွေးနီရောင်မီးတောက်ပင်လယ်ကပျောက်ကွယ်သွားခြင်းမရှိခဲ့လျှင်တောင် မီးတောက်၏ စွမ်းအားတို့က အရှိန်အဟုန်ဖြင့်အားနည်းသွား

သင့်သည်ဖြစ်သည်။ သို့သော် မီးတောက်၏စွမ်းအားတို့က လုံးဝလျော့ကျသွားခြင်းမရှိသည်ကိုသူ မခံစားနိုင်သည်ဖြစ်၏။ ဖြစ်နိုင်သည်ကား….

ဖျောင်ရွှယ်ယွဲ့ရုတ်တရက်တစ်စုံတစ်ခုအားစဉ်းစားမိသွားသည်။ ထို့နောက်ချက်ချင်းသူမ၏ ပဟေဠိဆန်နေသောအမူအယာ

ကပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားသည်။

“ဟားဟား… မင်းသတိထားမိသွားပြီလား..ခွေးမ”

ရှစ်ဖုန့်၏အေးစက်သောအသံက  ရုတ်တရက်  မီးခိုးဖြူရောင်မီးတောက်များ

အတွင်းမှထွက်ပေါ်လာသည်။ထို့နောက် သွေးနီရောင်အလင်းတစ်ခုက မီးခိုးဖြူရောင်မီးတောက်တို့အတွင်းမှ  ထွက်ပေါ်လာပြီး  မီးခိုးဖြူရောင်မီးတောက်တို့အား

သွေးနီရောင်တို့စွန်းထင်းသွားစေသည်။

ထို့နောက်သွေးနီရောင်အလင်း၏အောက်တွင်  မီးခိုးဖြူရောင်မီးတောက်တို့က နှင်းကဲ့သို့အရည်ပျော်သွားပြီး  ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ သွေးနီရောင်ပုံရိပ်တစ်ခုလှစ်ဟာထွက်ပေါ်လာသည်။ ထိုသူကရှစ်ဖုန့်ပင်ဖြစ်သည်။

ရှစ်ဖုန့်၏ဦးခေါင်း၊မျက်နှာ၊

လည်ပင်းနှင့်လက်တို့ကတော့  မီးခိုးဖြူရောင်မီးတောက်တို့၏

လောင်ကျွမ်းမှုအား မရှောင်လွှဲနိုင်ခဲ့ပေ။ ၎င်းတို့မှာဆွေးမြေ့ရိနေသကဲ့သို့ဖြစ်သည်။

ငရဲဘုံကိုးခု ဖျက်ဆီးမရနိုင်သောခန္ဓာ

ကိုယ်ဖြင့်ပြန်လည် ပေါ်ပေါက်ရှည်လျားခဲ့သော သူ၏အနက်ရောင်ဆံပင်ရှည်

တို့က နောက်တစ်ကြိမ် ရှင်းရှင်းလင်းလင်းကို လောင်ကျွမ်းသွားခဲ့သည်။

လွန်ခဲ့သောရက်များအတွင်း ရှစ်ဖုန့်မှာရုပ်ပျက်ဆင်းပျက်ဖြစ်လိုက်ပြန်လည် ကောင်းမွန်လာလိုက်နှင့်ထပ်တလဲလဲကိုသံသရာလည်နေခဲ့ရတော့သည်။

ဤအခိုက်အတန့်တွင်  ရှစ်ဖုန့်က သူ၏ရှေ့တွင်ရှိနေသောဖျောင်ရွှယ်ယွဲ့အား အေးစက်စွာစိုက်ကြည့်နေပြီးသူ၏ ရိရွဲနေသောမျက်နှာပေါ်၌ ထိတ်လန့်ဖို့ကောင်းသော

အပြုံးတစ်ခုရှိနေသည်။ လောင်ကျွမ်းခြင်းကိုခံထား

ရသောသူ၏ညာလက်၌  မီးခိုးဖြူရောင်လခြမ်းကွေး

ဓားတစ်ခုကိုကိုင်ဆောင်ထားသည်။ ၎င်းမှာရှစ်ဖုန့်၏ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်နိုင်ရန်အတွက် ချိုးဖျက်ထွက်ပြေးရန်ကြိုး

စားနေသကဲ့သို့ အပြင်းအထန်ကို တုန်ခါနေသည်။

“ဒီတော့နင့်ရဲ့ဆန်းကြယ်တဲ့စွမ်းအားတွေအားလုံးက ဒီဓားကနေလာတာပေါ့

ခွေးမ..ဒါပေမဲ့  လက်ရှိနင့်ရဲ့

ကျင့်ကြံမှုအဆင့်နဲ့  ဘယ်နှစ်ကြိမ်လောက်နင်ဒီဓား

ရဲ့တိုက်ခိုက်မှုကိုအသုံးပြုနိုင်

မလဲကြည့်ရအောင်…”

ရှစ်ဖုန့်က ဖျောင်ရွှယ်ယွဲ့အားအေး

စက်စွာပြောလိုက်သည်။

ရှစ်ဖုန့်ကသူ၏ကိုယ်အား စမ်းသပ်မှုတစ်ခုအဖြစ်အသုံးပြုခဲ့ပြီး  နောက်ဆုံးတွင်ဖျောင်ရွှယ်ယွဲ့၏  စွမ်းအားအပြည့်အဝက ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်အ

ဆင့်သို့ရောက်ရှိနေသည်ကိုသ

ဘောပေါက်လိုက်သည်။ အစောပိုင်းကရှစ်ဖုန့်ကိုယ်တိုင်ပင်  ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်၏  တိုက်ခိုက်မှုတစ်ချက်အော်၌ ဒုက္ခရောက်ခဲ့ရသည်။

သို့သော်ကြယ်ငါးပွင့်သူတော်စင်

နယ်ပယ်မပြောနှင့်ကြယ်ခြောက်ပွင့်

သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားအပြည့်တိုက်ခိုက်မှုသည်ပင်

လျှင်  သူ့အား ထိခိုက်စေရုံသာတက်နိုင်သည်ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးလောင်ကျွမ်း

ခံထားရမှုအားကြည့်ပါက   အရမ်းကိုထိတ်လန့်ဖို့ကောင်း

သည်ဖြစ်သည်။သို့သော် ရှစ်ဖုန့်အတွက်ယင်းက   အပေါ်ယံဒဏ်ရာတစ်ခုသာဖြစ်သည်။

“ချလွမ်”

လခြမ်းကွေးဓားမှာ  နောက်ဆုံးထွက် ရှစ်ဖုန့်၏  စွမ်းအားအပြည့်ဆုပ်ကိုင်ထားမှုမှ  ချိုးဖြတ်နိုင်သွားသည်။ဓားက ဖျောင်ရွှယ်ယွဲ့ထံသို့ တစ်ဝှီဝှီလည်ပတ်ကာ ဆက်လက်ဦးတည်သွားသည်။

ဤအချိန်တွင်  ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားလိုက်သည်။သူက လခြမ်းကွေးဓားနောက်သို့လိုက်ပြီး ဖျောင်ရွှယ်ယွဲ့ထံသို့မြင့်မား

သောအမြန်နှုန်းဖြင့်ပျံသန်းသွားသည်။

“ထန်”

ရှစ်ဖုန့်၏ဓားရှည်ကခုတ်ပိုင်းချလိုက်သည်။ တစ်ချက်တည်းဖြင့်  ဖျောင်ရွှယ်ယွဲ့ထံသို့ အရှိန်အဟုန်ဖြင့် တစ်ဝှီဝှီလည်ကာဦးတည်သွား

နေသောလခြမ်းကွေးဓားမှာ ရှစ်ဖုန့်ထံသို့ပြန်လည်၍ပျံသန်းလာသည်။

ထို့နောက်ရုတ်ခြည်းရှစ်ဖုန့်၏ပုံရိပ်က  လှုပ်ရှားသွားပြီး  ဖျောင်ရွှယ်ယွဲ့၏ရှေ့သို့ပျံသန်းသွားသည်။ သူ၏ဘယ်လက်က  အဖြူရောင်အလင်းတစ်ခုတ

လက်လက်တောက်ပနေပြီး  ဖျောင်ရွှယ်ယွဲ့၏မျက်နှာအား

ဆုပ်ကိုင်လိုက်သည်။

“ဟင့်အင်း မလာခဲ့နဲ့”

သူမ လခြမ်းကွေးဓားဖြင့်စွမ်းအား

အပြည့်တိုက်ခိုက်မှုက ချိုးဖြတ်ခံလိုက်ရပြီး ရှစ်ဖုန့်ကသူမရှေ့သို့ရုတ်ခြည်း

ရောက်ရှိလာသောအခါယခုအခါ၌ ဖျောင်ရွှယ်ယွဲ့တစ်ယောက်တ

ကယ်ကိုကြောက်လန့်နေခဲ့ပြီဖြစ်သည်။

အစောပိုင်းက ရှစ်ဖုန့်မျှော်မှန်းထားသလိုပင်  လခြမ်းကွေးဓားဖြင့်  ဖျောင်ရွှယ်ယွဲ့၏  စွမ်းအားအပြည့်တိုက်ခိုက်မှုက သူမကိုယ်အတွင်းရှိ  မူလစွမ်းအင်တို့အားကုန်ခန်းသွားစေသည်။

အချိန်တိုအတွင်း သူမအနေဖြင့် လခြမ်းကွေးဓားဖြင့်  စွမ်းအားအပြည့်တိုက်ခိုက်မှုအားထပ်မံ၍ အသုံးပြုနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ပြောရလျှင် ဖျောင်ရွှယ်ယွဲ့မှာကြယ်တစ်ပွင့်သူ

တော်စင်နယ်ပယ်တစ်ယောက်သာဖြစ်သည်။

သူမ၏စွမ်းအားအားလုံးက  သေခြင်းတားမြစ်နယ်မြေအတွင်း

မှသူမရရှိခဲ့သော လခြမ်းကွေးဓားထံမှလာခြင်းဖြစ်သည်။ ကောင်းကင်ထဲ၌ သွေးနီရောင်မီးတောက်တို့ဖြင့်တိုက်ခိုက်ခဲ့သော မီးခိုးဖြူရောင်မီးတောက်များ

ပင်လျှင်ခြွင်းချက်မရှိပေ။

အစောပိုင်းက လခြမ်းကွေးဓားအား အသက်သွင်းရန်အတွက်ဖျောင်ရွှယ်ယွဲ့မှာ သူမ၏   စွမ်းအားအားလုံးအားအသုံးပြုခဲ့သည်။ သူမကိုယ်အတွင်းရှိမူလစွမ်း

အင်အားလုံးနီးပါးမှာကုန်ခန်း

လုနီးပါးဖြစ်သွားခဲ့သည်။ လခြမ်းကွေးဓားအတွင်းသူမ

ထည့်သွင်းခဲ့သော မူလစွမ်းအင်အားလုံးက  ရှစ်ဖုန့်၏ သွေးနီရောင်အလင်းကြောင့်

ပျောက်ကွယ်သွားခဲ့သည်ဖြစ်သည်။

ကောင်းကင်ထဲတွင်မီးခိုးဖြူရောင်

မီးတောက်တို့၏  စွမ်းအားက တစ်ဟုန်ထိုးအားနည်းလာသည်။

ဤအချိန်တွင် မီးခိုးဖြူရောင်မီးတောက်တို့၏

များပြားလှသောပမာဏတို့က   သွေးနီရောင်မီးပင်လယ်၏ဝါး

မျိုခြင်းကိုခံလိုက်ရသည်။ အခြေအနေအားကြည့်လိုက်လျှင်  မီးခိုးဖြူရောင်မီးတောက်များက သွေးနီရောင်မီးပင်လယ်တွင်းလုံး

ဝနစ်မြုပ်သွားရန်အချိန်သိပ်ကြာ

တော့မည်မဟုတ်ပေ။ျ

ရှစ်ဖုန့်အား သူမထံသို့လာနေသည်ကိုတွေ့

လိုက်ရသောအခါတွင် ဖျောင်ရွှယ်ယွဲ့လျှင်မြန်စွာဆုတ်ခွာလိုက်သည်။ဤအချိန်တွင် သူမရှေ့တွင်ရှိနေသောဤလူက မည်မျှကြောက်ဖို့ကောင်းသည်ကိုနောက်ဆုံး၌သူမနားလည်သွားသည်။ မူလက သေခြင်းတားမြစ်နယ်မြေထဲမှ

သူမထွက်လာခဲ့သောအခါတွင် ဒဏ္ဍာရီလာ  သူတော်စင်နယ်ပယ်သို့သူမဝင်ရောက်နိုင်ခဲ့သည်ဖြစ်သည်။ သူမသေခြင်းတားမြစ်နယ်မြေမှ ဆန်းကြယ်သောလက်နက်ဖြစ်

သည့်လခြမ်းကွေးဓားကိုပင် ယူလိုနိုင်ခဲ့သည်။

ဤလခြမ်းကွေးဓားဖြင့်သူမက  ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခု

အားထုတ်လွှတ်နိုင်သည်ဖြစ်သည်။ မူလက သေခြင်းတားမြစ်နယ်မြေအတွင်း

မှထွက်လာခဲ့ပြီးနောက် သူမကိုယ်သူမ  ထျန်းမြောင်အင်ပါယာကိုပင်စိုးမိုး

ခြယ်လှယ်နိုင်စွမ်းရှိသောတည်ရှိမှုဖြစ်သည်ဟုတွေးထင်ခဲ့သည်။ အခုမှစတင်ပြီး ဖျောင်ရှဂိုဏ်းနှင့်သူမအားမည်သူကမျှ ဆန့်ကျင်ရဲလိမ့်မည်မဟုတ်ချေ။

သို့သော် ဒဏ္ဍရီလာ သူတော်စင်နယ်ပယ်သို့သူမတက်လှမ်းနိုင်ခဲ့ပြီး အရာအားလုံးအားဖျက်စီးပစ်နိုင်စွမ်းရှိသော ဒဏ္ဍာရီလာစွမ်းအားမျိုးကိုသူမ

ရရှိထားခဲ့သည်ပင်လျှင်သူမရှေ့တွင်ရှိနေသော ယောက်ျားအား   အောင်မြင်စွာသတ်နိုင်ခြင်း

ရှိလိမ့်မည်မဟုတ်ဟုမည်သူကထင်ပါမည်နည်း။ ထိုအစားသူမ၏ လခြည်းကွေးဓားပင် သူကြောင့်ကျိုးပျက်သွားခဲ့ရသည်။

ဖျောင်ရွှယ်ယွဲ့၏ကိုယ်က တစ်ဟုန်ထိုး ဆုတ်ခွာထွက်ပြေးနေသည်။ သူမတစ်ဟုန်ထိုးထွက်ပြေးနေသော်လည်း   ရှစ်ဖုန့်၏ အမြန်နှုန်းအားသူမမည်ကဲ့သို့  ယှဉ်နိုင်ပါမည်နည်း။ အဖြူရောင်အလင်းတစ်ခုတ

လက်လက်တောက်ပနေသော သူ၏ဘယ်လက်က  ဖျောင်ရွှယ်ယွဲ့၏မျက်နှာအား

ဆုပ်ကိုင်ရန်ကျရောက်လာသည်။

ဤအချိန်တွင်ဖျောင်ရွှယ်ယွဲ့မှာ ရှစ်ဖုန့်၏ရှေ့၌ လုံမုန့်ကဲ့သို့ပင်ဖြစ်သည်။ သူမနိုင်ခုခံနိုင်စွမ်းလုံးဝရှိမနေခဲ့ပေ။

ရှစ်ဖုန့်၏ဘယ်လက်က ဖျောင်ရွှယ်ယွဲ့၏ မျက်နှာအား အားဖြင့်ဆုပ်ကိုင်လိုက်သည်။ ရုတ်ခြည်းဆိုသလို သူမ၏လှပသောမျက်နှာလေးမှာ ပုံပျက်သွားသည်။ ရှစ်ဖုန့်က သူ၏ဘယ်လက်အားမြှောက်၍ ဖျောင်ရွှယ်ယွဲ့အား မြှောက်တင်လိုက်သည်။

“ငါ့ကိုလွှတ််ပေး …ငါ့ကိုလွှတ်ပေးစမ်း”

အရှိန်အဝါကြီးမားသော ဖျောင်ရှဂိုဏ်း ခေါင်းဆောင်ဖြစ်သူ တစ်ချိန်က ထျန်းမြောင်အင်ပါယာတွင် အသန်မာဆုံးသူဖြစ်ခဲ့သော ဖျောင်ရွှယ်ယွဲ့မှာ ဤကဲ့သို့တစ်ခါမျှ  အရှက်မခွဲခံရဖူးပေ။သူမက အလျှင်အမြန်ရှစ်ဖုန့်အားအော်ပြောလိုက်သည်။

“ဟမ့် နင်က မောက်မာနေတုံးလား…ခွေးမ”

ရှစ်ဖုန်က လောင်ကျွမ်းကာအမာရွတ်များ

ဖြင့်ပြည့်နေသောသူမမျက်နှာ

အားမော့လိုက်သည်။ တစ်ကြိမ်ထပ်မံ၍ ကျောချမ်းဖွယ်အပြုံးတစ်ခုထွက်ပေါလာသည်။

“နင့်ရဲ့လက်ရှိခွန်အားနဲ့ဒီသခင်လေးကို လက်စားချေချင်ရဲတယ်လား.. မင်းက ကိုယ့်ကိုယ်ကိုသေလမ်းရှာနေတာပဲ”

“နင်ဒီသခင်လေးအပေါ်လက်စားချေချင်တယ်ဆိုလဲ ဒီသခင်လေးဆီကို တဲ့တဲ့သာလာခဲ့..ဒီသခင်လေးရဲ့ မိတ်ဆွေတွေကိုများထိခိုက်စေရဲတယ်လား.. ခွေးမ..ဒီသခင်လေးနင့်ကိုဒီနေ့မလွှတ်ပေးဘူး”

“နင်က မီးနဲ့ကစားရတာကြိုက်တဲ့သူမလား.ဒီနေ့  သေတဲ့အထိမီးလောင်ခံရတာက ဘယ်လိုအရသာရှိလဲဆိုတာကို ဒီသခင်လေးနင့်ကိုခံစားခိုင်းမယ်”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ပြင်းထန်သောသွေးနီရောင်မီးတောက်တစ်ခုက သူ၏ဘယ်လက်မှထွက်ပေါ်လာသည်။ သွေးနီရောင်မီးတောက်ကပေါ်လာပြီး ဖျောင်ရွှယ်ယွဲ့ထံသို့ဦးတည်သွားသည်။ ရုတ်ခြည်းဆိုသလို ၎င်းက ဖျောင်ရွှယ်ယွဲ့၏နှစ်လိုဖွယ်ကောင်းပြီး ကြော့မော့သော ပုံရိပ်လေးအား လွှမ်းခြုံသွားသည်။

“အား”

စူးစူးဝါးဝါးအော်ဟစ်သောအသံက ဟင်းလင်းပြင်ထဲတွင်ထွက်ပေါ်လာသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters