Chapters

ငွေတုံး ၁၀၀။

Vol. 5 Ch. 115

ငွေတုံး ၁၀၀။

Vol. 5 Ch. 115

“ဒါက မင်းဦးလေးလေ။ မင်း သူ့ကို မှတ်မိလား?"

အမျိုးသမီး'ရူ' သူမလက်ကို ကိုင်ထားပြီး ဦးလေးဟဲကျန့်ကို ညွှန်ပြ၏။

လုရှန်း ခေါင်းညိတ်တယ်။ “ဟုတ်!”

ဟဲကျန့်သည် တင်းမာသောအမူအရာမှ ပျော့ပြောင်းသွားသည်။

"ဟဲလိန် ဘယ်မှာလဲ?”

အမျိုးသမီး'ရူ' ဟဲချင်းကို မေးလိုက်၏။

"အမေ၊ ကျွန်တော် ရှောင်ရှန်းရဲ့ အပြင်ဘက်က ပစ္စည်းတွေကို စောင့်ရှောက်ပေးနေတယ်။”

အပြင်ဘက်၌ ဟဲလိန်တစ်ယောက် လုဂျန်၊ လုရှင်းတို့နဲ့ ကစားနေ၏။ သူ့အမေရဲ့ ကျယ်လောင်သောအသံကို ကြားကြားချင်း ကမန်းကတန်း ပြန်ဖြေ၏။

ဒီတော့မှ လုရှန်း ကလေးနှစ်ယောက်နဲ့ မြင်းလှည်း ရှိနေသေးတာကို သတိရသွားတော့သည်။

“အဘွား၊ အားဂျန်နဲ့ အားရှင်းလည်း ဒီကိုလိုက်လာတယ်။ သူတို့ အပြင်မှာ။”

"သူတို့လည်း ဒီမှာရောက်နေတာလား?" အမျိုးသမီး'ကျန့်' ဒီစကားကိုကြားတော့ အလျင်စလိုပြန်မေးလိုက်၏။ “ကလေးတွေ ဘယ်လိုလုပ်အပြင်မှာ ရှိနေတာလဲ? သူတို့ကို မြန်မြန်သွားခေါ်ချည်။“

လုရှန်း ခေါင်းညိတ်ပြပြီး မြင်းလှည်းဆီ ထွက်သွားတယ်။

“လုရှန်းက အံ့သြစရာပဲ။ မြင်းလှည်းတောင် မောင်းတတ်တယ်။" အမျိုးသမီး'ရူ' လုရှန်းကို ချီးကျူးတယ်။

“နွားလှည်းပဲငှားလေ မြင်းလှည်းဘာလို့ငှားတာလဲ။ ဈေးကြီးတယ်။”

အမျိုးသမီး'ကျန့်'သည် လုရှန်း မြင်းလှည်းငှားလာသည်ဟု တွေးမိသွားသည်။

"အဖွား!"

လုဂျန်နဲ့ လုရှင်းတို့ ခြံဝင်းထဲကို ဝင်ပြီးနောက် ဟဲလိန်ရဲ့ ရင်ခွင်ထဲက လွတ်မြောက်ကာ အမျိုးသမီး'ကျန့်'ကိုယ်ပေါ်ကို ခုန်တက်ကြသည်။

“အိုး!”

အမျိုးသမီး'ကျန့်'သည် သူမရဲ့ မပျော်မရွှင်ဖြစ်မှုတွေ မေ့သွားပြီး ကလေးတိုင်းကို လက်ထဲတွင် ပွေ့ဖက်ထားရင်း တောက်ပစွာ ပြုံးနေ၏။

"‌ကျောင်းဟူ ဘယ်မလဲ?”

ဟဲကျန့်က ဟဲလိန်ကို မေးမြန်း၏။

“အမေ ပြန်လာတာမြင်တော့ ထွက်သွားပြီ။”

အမျိုးသမီး'ရူ'က လူအုပ်ကို ကြည့်လိုက်ပြီး "ကောင်းပြီ၊ တခြားဘာမှမရှိရင် ကျေးဇူးပြုပြီး လူစုခွဲကြပါ... "

ရုန်းရင်းဆန်ခတ်ဖြစ်နေတာကနေ ငြိမ်သက်သွားတာကို ကြည့်ရင်း အားလုံးက နာခံမှုဖြင့် လူစုခွဲလိုက်ကြသည်။

လုဂျန်က အမျိုးသမီး'ကျန့်'ရဲ့ လည်ပင်းကို ပွေ့ဖက်ကာ ပြုံးတယ်။ "အဖွား ဒုတိယအစ်မက လှည်းဝယ်ထားတာ။”

လူတိုင်း အံ့အားသင့်သွားပြီး လုရှန်းကို အံ့အားသင့်စွာ ကြည့်နေကြ၏။

ဒီမြင်းလှည်းက အနည်းဆုံး ငွေတုံး ၁၀၀ ကုန်ကျလောက်သည်လေ။

ဟဲလိန် အခုမှ ဂရုတစိုက်ကြည့်မိတယ်။ ဒီမြင်းလှည်းကို ချမ်းသာတဲ့ မိသားစုများတွင် အသုံးများသည်။

“တစ်ရာ… ငွေတစ်ရာ?”

အမျိုးသမီး'ရူ'နဲ့ အမျိုးသမီး'ကျန့်' တစ်ချိန်တည်းမှာ အံ့သြသွားတယ်။ ဟဲချင်းရဲ့ အစပိုင်းမှာ  အံ့အားသင့်သွားသော အမူအရာမှာ ပို၍ပင် အံ့သြလာသည်။

သူတို့ ခြစ်ကုတ်ပြီး ငွေအနည်းငယ်စုနိုင်ခဲ့သည်။ အားလုံးကို လုရှန်းနဲ့ ကျန်တဲ့သူတွေဆီတောင် ပို့လိုက်သေးသည်။ အခု လုရှန်းက ငွေ ၁၀၀ တန် မြင်းလှည်းဝယ်လိုက်တာဟု သူတို့ကိုပြောနေသည်။ လုဒဟွား နဲ့ အမျိုးသမီး'လျို' ထောင်ကျပြီးနောက်တွင် တူနဲ့ တူမများ ခက်ခဲသောဘဝတစ်ခု ဉီးဆောင်နေမည်ဟု ထင်ခဲ့ကြသည်။

ဟဲချင်း ကွဲလွဲနေသလို ခံစားရတယ်။

“အားရှန်း ပိုက်ဆံအများကြီး ဘယ်ကရခဲ့တာလဲ?” အမျိုးသမီး'ကျန့်' တိုးတိုးလေးမေးတယ်။

“ကျွန်မမှာ အံ့သြစရာကောင်းတဲ့ အရိုးတည်ဆောက်ပုံရှိပြီး ကိုယ်ခံပညာထူးချွန်သူဖြစ်လာအောင် လေ့ကျင့်နိုင်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက ပြောတယ်။ ကျွန်မကို သူရဲ့တပည့်အဖြစ် လက်ခံခဲ့တာ။"

သူမရဲ့ မရှင်းလင်းသော အဖြေသည် သူမအား သံသယစိတ်ဖြင့် တိတ်တဆိတ် စိုက်ကြည့်စေခဲ့တယ်။

“အင်း…  ရှင်းရှင်းပြောရရင် ကျွန်မဆရာက ချမ်းသာတယ်...”

စကားပြောပြီးနောက် လုရှန်း ငွေ ၁၀၀ တန်ဖိုးရှိ ငွေစက္ကူကို ထုတ်ကာ ဟဲချင်းကို ပေးလိုက်၏။

“ဉီးလေး အိမ်ပြန်ဆောက်နော်။ ကျန်တဲ့ငွေကို စီးပွားရေးလုပ်ဖို့သုံး။”

လူတိုင်း သက်ပြင်းချလိုက်ကြတယ်။

“ဒါ မင်းဆရာရဲ့ ပိုက်ဆံ။ ဉီးလေးကိုပေးလိုက်ရင် စိတ်ဆိုးလိမ့်မလား?”

“မဟုတ်ဘူး!”

လုရှန်း ပြုံးပြီး “ကျွန်မဆရာက အရမ်းတော်တယ်။ ဒါ့ပြင် သူပေးတဲ့ငွေက ကျွန်မအတွက်လေ။ ကျွန်မ ဘာပဲလုပ်လုပ် သူစိတ်ဆိုးမှာမဟုတ်ဘူး။”

သူမရဲ့ဆရာက ချမ်းသာရုံသာမက တန်ခိုးလည်းကြီးသည်လေ။

“ကောင်းပြီ…”

ဟဲချင်းက အမျိုးသမီး'ကျန့်'ကို လှမ်းကြည့်ကာ ယူရမလားဟု မေးလိုက်သည်။

“လုရှန်းဆီက ဆိုတော့ ယူလိုက်လေ အိမ်ပြန်ဆောက်မယ်။ မင်းအဖေရဲ့ တို့ဟူးဆိုင်ကို သန့်ရှင်းရမယ်။ ရွာမှာ တို့ဟူးရောင်းတာက ဆိုင်အကူဖြစ်ဖို့ မြို့ထဲပြေးတာထက် ပိုကောင်းတယ်။ မင်းအမေကိုလည်း မင်း ဂရုစိုက်လို့ရတာပေါ့။”