← Chapters

အပိုင်း(၄၀၉)

Vol. 28 Ch. 409

အပိုင်း(၄၀၉)

Vol. 28 Ch. 409

“အား”

ရှစ်ဖုန့်က သွေးနီရောင်လူသားမီးတောက်တစ်ခုအား သူ၏လက်အတွင်းတွင်ကိုင်ထားသည်။ ဖျောင်ရွှယ်ယွဲ့ အဆက်မပြတ်

ထွက်ပေါ်နေသော သွေးပျက်ဖွယ်အော်ဟစ်သံအား

ကြားရနိုင်သည်ဖြစ်သည်။ ထိုအော်သံများက ဖျောင်ရွှယ်ယွဲ့လုံမုန့်အားတိုက်ခိုက်စဉ်ကထက်အဆတစ်ရာခန့်ပိုမို၍ သွေးပျက်ဖွယ်ကောင်းသည်ဖြစ်သည်။ သူ၏အော်သံက လေထုထဲတွင်ရိုက်ခဲ့ပဲ့တင်ထပ်နေသည်။

ဆိုးရွားစွာမီးသင့်ထားသော

ရှစ်ဖုန့်၏မျက်နှာက  ဖျောင်ရွှယ်ယွဲ့၏အော်သံတို့အား ဂရုစိုက်ခြင်းရှိမနေပေ။

ဤအချိန်ကာလအပိုင်းအခြားအတွင်း အားလုံကရှစ်ဖုန့်အား သွေးအေးပြီးသွေးဆာသော နတ်ဆိုးတစ်ကောင်အဖြစ်ပြော

ဆိုကြသော်လည်း   ရှစ်ဖုန့်က သူ၏မိတ်ဆွေများနှင့်မိသားစုတို့အား

အမြဲတမ်း စိတ်ရောကိုယ်ပါအရင်းအတိုင်း

ဆက်ဆံခဲ့သည်ဖြစ်သည်။ အကယ်၍တစ်ယောက်ယောက်ကများ သူတို့ကိုနာကျင်အောင်ပြုလုပ်ရဲသည်ဆိုလျှင်  သူ၏အသက်အားစတေးရမည်ဆို

လျှင်တောင်ရှစ်ဖုန့်က၎င်းတို့အား  လူသားမဆန်သော ညှင်းပန်းနှိပ်စက်မှုဝေဒနာတို့အား

ခံစားစေမည်ဖြစ်သည်။

“စစ်နတ်ဘုရားက နောက်ဆုံးတော့နိုင်သွားပြီ.. စစ်နတ်ဘုရားကတကယ့်ကိုစစ်နတ်ဘုရားပဲ.. သူက မကျော်လွှားနိုင်ပြီး အနိုင်ယူမရတဲ့သူပဲ”

မြို့သူမြို့သားများနှင့်နန်းမျှော်စင်ထက်ရှိ  များစွာသောစစ်တပ်အရာရှိများက ရှစ်ဖုန့်၏အနိုင်ရရှိမှုအား စောင့်ကြည့်ခဲ့ကြပြီးနောက်  စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံလိုက်ကြသည်။ သူတို့ထဲမှအချို့ဆိုလျှင် မျက်လုံးများအတွင်းမျက်ရည်များ

ပြည့်နှက်နေပြီး   စိတ်ခံစားမှုများဖြင့်ကြည့်နေကြသည်။

ရှစ်ဖုန့်၏ မီးသင့်ထားသော ကိုယ်နှင့် ပုံဖမ်းမရတော့သော မျက်နှာအား သူတို့က တိုက်ရိုက်ကိုလျစ်လျူရှုထားကြသည်။ စစ်နတ်ဘုရား အနိုင်ရရှိပြီး  ဖျောင်ရွှယ်ယွဲ့အားသတ်လိုက်သည်နှင့်  သူတို့အနေဖြင့် သေသည်အထိ မီးလောက်တိုက်သွင်းခံရသည့်နာကျင်မှုအားမခံစားကြရတော့ပဲ  လုံခြုံမှုရှိလိမ့်မည်ဖြစ်သည်။

“ငါကိုယ်တော်ပြောခဲ့သားပဲ.. သခင်လေးဖုန့်က ငါတို့ရဲ့စစ်နတ်ဘုရားဖြစ်တာကြောင့် ရှုံးနိမ့်မှာမဟုတ်ပါဘူးလို့”

လုံချန်က သူ၏ယခင်ခံ့ညားထည်ဝါမှုအား  ပြန်လည်ဆောင်ကြဉ်းထားပြီး  လေထဲတွင်ရှိနေသောရှစ်ဖုန့်အားထိုးညွှန်ကာ  စစ်တပ်အမှုထမ်းများနှင့်  သူ့အနောက်ရှိ အရာရှိမှူးမတ်များအားပြောလိုက်သည်။

သို့သော် လုံချန်မှာသူ၏ယခင် ခံ့ညားထည်ဝါမှုအားပြန်လည်၍

ဆောင်ကြဉ်းထားသော်လည်း   လုံမုန့်ကိုတော့စိုးရိမ်နေဆဲဖြစ်သည်။

သူမဘာဖြစ်နေသည်ဆိုသည်အားသူမသိချေ။

“ဟုတ်ပါတယ် ဟုတ်ပါတယ်.အရှင်မင်းကြီးက

တော့တကယ်ကိုအရှင်မင်းကြီးပါပဲ.. ကျွန်တော်မျိုးတို့အစောပိုင်းက အမြင်ကန်းပြီးတော့  စစ်နတ်ဘုရားအပေါ်မှာယုံကြည်မှု ဆုံးရှုံးခဲ့ပါတယ်..ကျွန်တော်မျိုးတို့တွေ အပြစ်ရှိပါတယ်”

“ကျွန်တော်မျိုးတို့မှာ အပြစ်ရှိပါတယ်”

“ကျွန်တော်မျိုးတို့မှာ အပြစ်ရှိပါတယ်”

ထို့နောက်လိုက်ပါ၍ စစ်တပ်အမှူထမ်းများနှင့်မှူးမတ်အရာရှိများက  သူတို့အနေဖြင့်ကြီးမားသောအမှား

တစ်ခုအားပြုလုပ်ထားသကဲ့သို့လုံချန်အား အားလုံးတောင်းပန်လိုက်ကြသည်။

ထိုသို့ဆိုလျှင်တောင်စစ်တပ်အမှုထမ်းများနှင့် မှူးမတ်အရာရှိများအားလုံးတို့မှာ   စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကိုယ်စီချလိုက်ကြဆဲဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့သေဆုံးသည်နှင့်

သူတို့အားလုံးလုံခြုံပြီဖြစ်သည်။

ဤစစ်တပ်အမှုထမ်းများနှင့်မှူး

မတ်အရာရှိများအားလုံးမှာ အဆင့်အတန်းမြင့်မားသူများရှိကြပြီး သူတို့ထဲကအများစုတွင် မိန်းမများနှင့်ကိုယ်လုပ်တော်များ အိမ်၌ရှိကြသည်ဖြစ်သည်။ ချမ်းသာကြွယ်ဝမှုနှင့်အဆင့်အတန်းအတွက် အဘယ်ကြောင့်သူတို့အနေဖြင့် သေခံချင်ကြပါမည်နည်း။

“အဆုံးသတ်မှာမွန်းစတားပဲနိုင်သွားတယ်”

အင်ပါယာမြို့တော်အတွင်းဖြစ်ပျက်နေမှုများက ပင်ကိုယ်အားဖြင့်ပင်  များစွာသောအင်အားစုများကို စွဲဆောင်သည်ဖြစ်သည်။ အင်ပါယာမြို့တော်၏အပြင်ဘက်တွင် တစ်စုံတစ်ယောက်မှာအင်ပါယာမြို့တော်အလယ်ဗဟိုရှိဟင်းလင်းပြင်အားကြည့်ရင်း

သက်ပြင်းချလိုက်သည်။

“ဒီနတ်ဆိုးကတကယ့်ကိုအနိုင်မယူနိုင်တဲ့ သူပဲ… ဖျောင်ရွှယ်ယွဲ့လို ထျန်းမြောင်အင်ပါယာရဲ့ အသန်မာဆုံးပုဂ္ဂိုလ်တောင် ဒီနတ်ဆိုးအနိုင်ယူတာကိုခံလိုက်ရတယ် အခု သူမက ဒီနတ်ဆိုးနှိပ်စက်တာကိုခံနေရပြီ..

ဒီနတ်ဆိုးရဲ့ကြီးထွားလာမှုကို ဒီကမ္ဘာပေါ်မှာဘယ်သူကမှ ရပ်တန့်နိုင်ခြင်းမရှိတဲ့ပုံပဲ”

“ဖျောင်ရွှယ်ယွဲ့… ကံကောင်းစွာနဲ့  ငါတို့က ကံတရားကြောင့်  ဒီမွန်းစတားကိုမစော်ကားမိခဲ့ကြဘူး  မဟုတ်ရင်ငါတို့ရဲ့မိသားစုတွေတောင်

ဒီကမ္ဘာပေါ်က နေ အပျောက်ရှင်း

ခံရလိမ့်မယ်လို့ ငါယူဆတယ်”

“ဟုတ်တယ် ဟုတ်တယ် ဘုရားမတာပဲ”

………………………………………………………….

“သခင်လေးဖုန့် ခဏလေးနေပါအုံး.. “

ဤအချိန်တွင်နန်းမျှော်စင်ထက်၌ရှိနေ

သောချီလင်ဘုရင်မှာ ရှစ်ဖုန့်၏ဖျောင်ရွှယ်ယွဲ့အပေါ်အနိုင်ရရှိမှုအား တုန်လှုပ်အံ့အားသင့်နေခဲ့သည်။ ယခု သူပြန်အသိဝင်လာချိန်တွင်  သူတုန်လှုပ်မှုမှ ထိတ်ထိတ်ပျာပျာဖြစ်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ သူ၏ရွှေရောင်ပုံရိပ်က  ကောင်းကင်ထဲသို့လျှင်မြန်စွာပျံသန်းသွား၏။

ချီလင်ဘုရင်ထိတ်ထိတ်ပျာပျာဖြစ်ရ

သည့်အကြောင်းပြချက်က    ရှစ်ဖုန့်က ဖျောင်ရွှယ်ယွဲ့အားသေသည်အထိ‌ မီးရှို့ပစ်လိုက်မည်ကိုကြောက်လန့်

သောကြောင့်ဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့မှာ သေခြင်းတားမြစ်နယ်မြေအတွင်း

သို့ဝင်ရောက်နိုင်သည့်လျှို့ဝှက်ချက်ဖြင့် ဆက်နွယ်နေသည်ဖြစ်သည်။

“သခင်လေးဖုန့်  နေပါအုံး..”

ချီလင်ဘုရင်၏ အမြန်နှုန်းကအရမ်းကိုမြန်သည်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းကောင်း

ကင်ထဲသို့သူရောက်ရှိသွားသည်။

ဤအခိုက်အတန့်တွင်  လခြမ်းကွေးဓားက ရှစ်ဖုန့်ထံသို့ပြန်လည်၍ပျံသန်းလာသည်။ ရှစ်ဖုန့်၏လက်အတွင်းရှိသွေးနီရောင်ဓားရှည်က ဖျက်ခနဲဖြစ်သွားပြီး  ဓားအမှတ်အသားအဖြစ်ပြောင်းလဲသွားသည်။ ၎င်းက ရှစ်ဖုန့်၏လက်ခလယ်အတွင်း

ပျောက်ကွယ်သွား၏။ထို့နောက်ချက်ချင်း ရှစ်ဖုန့်က လက်ကိုဆန့်ထုတ်၍ ပျံသန်းလာသော လခြမ်းကွေးဓားအားဖမ်းယူလိုက်သည်။

လခြမ်းကွေးဓားတွင်လက်နက်

စိတ်ဝိညာဉ်မရှိသော်လည်း   ၎င်း၌  စိတ်ဝိညာဉ်ဓာတ်အချို့တော့ရှိနေဆဲဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့ ၎င်းအပေါ်၌ လျှို့ဝှက်ပညာရပ်တစ်ခုကိုအသုံးပြု၍ ကန့်သတ်မှုတစ်ခုအားထားရှိထားသည်။

၎င်းက ဖျောင်ရွှယ်ယွဲ့အား သခင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်၏။ နောက်တစ်ကြိမ်ထပ်မံ၍ ၎င်းကပြင်းထန်စွာလှုပ်ခါနေပြီး ရှစ်ဖုန့်၏လက်အတွင်းခုခံနေသည်။

ရှစ်ဖုန့်က လခြမ်းကွေးဓားအား အရင်ဆုံးဆုပ်ကိုင်သောအခါတွင်  ၎င်းပေါ်ရှိကန့်သတ်မှုအား  သူ၏ခွန်အားကိုအသုံးပြု၍ ချိုးဖြတ်ချင်ခဲ့သည်။ သို့သော် ကြိုးပမ်းအားထုတ်မှုအချို့ပြုလုပ်ပြီး

သည့်နောက်တွင် သူမအောင်မြင်ခဲ့ပေ။ အဆုံးသတ်တွင်လခြမ်းကွေးဓားက ချိုးဖြတ်လွတ်မြောက်သွားခဲ့သည်။

ယခု ဖျောင်ရွှယ်ယွဲ့ကရှစ်ဖုန့်၏လက်

အတွင်းရှိနေသောကြောင့် သူမ၏အသက်ကရှစ်ဖုန့်လက်ထဲတွင်ရှိသည်ဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့အသတ်ခံရပြီးနောက်  လခြမ်းကွေးဓားပေါ်ရှိကန့်သတ်မှုမှာ အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့်  ဤဆန်းကြယ်သောလခြမ်းကွေးဓားအား လေ့လာရန်ရှစ်ဖုန့်စိတ်ဝင်စားသည်ဖြစ်သည်။

ထို့နောက်တွင်သူ့ထံသို့ပျံသန်းလာသော ချီလင်ဘုရင်အားရှစ်ဖုန့်ကြည့်လိုက်သည်။ ချီလင်ဘုရင်ကသူ့အားစောင့်ရန်တောင်းဆိုသည်ကိုကြားရသောအခါတွင် ရှစ်ဖုန့်မျက်မှောင်အနည်း

ငယ်ကြုတ်လိုက်သည်။ စိတ်မကျေနပ်သောအမူအယာတစ်ခုက ရှစ်ဖုန့်၏ထိတ်လန့်ဖွယ်မျက်နှာ

ထက်တွင်ပေါ်လာသည်။

“ဘာဖြစ်လို့လဲ ခင်ဗျားမှာဒီခွေးမနဲ့ ဆက်ဆံရေးတစ်ခုရှိတာကြောင့် သူ့အပြုအမူတွေအတွက်တောင်း

ပန်ပေးမလို့လား”

ယခုအချိန်တွင်ရှစ်ဖုန့်၏မျက်နှာက အရမ်းကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း  သူမျက်နှာပေါ်ရှိစိတ်မကျေနပ်မှုအား

ချီလင်ဘုရင်ခံစားနိုင်သည်ဖြစ်သည်။ ရှစ်ဖုန့်၏စကားအားကြားပြီးသည့်နောက် သူ့အားနားလည်မှုလွဲနေသည်ကို ချီလင်ဘုရင်သိလိုက်သည်။ သူကအလျှင်အမြန်ရှင်းပြလိုက်သည်။

“သခင်လေးဖုန့် သခင်လေးနားလည်မှုလွဲနေပါပြီ… ဒီမိန်းမရဲ့သေခြင်းရှင်းခြင်းက ကျုပ်နဲ့ လားလားမှကိုသက်ဆိုင်ခြင်းမရှိပါဘူး..

ဒါပေမဲ့အခုက….”

“ကျုပ်သာခန့်မှန်းတာမမှားရင် ဒီမိန်းမက သေခြင်းတားမြစ်နယ်မြေထဲကနေ ပြန်လာတာဖြစ်လိမ့်မယ်…သူမရဲ့ဆန်းကြယ်တဲ့စွမ်းအားနဲ့ သခင်လေးလက်ထဲက  လခြမ်းကွေးဓားအားလုံးက သေခြင်းတားမြစ်နယ်မြေကဖြစ်လိမ့်မယ်.

.ဒါကြောင့်သခင်လေးသူမကို သေသွားအောင်မီးမရှို့ပစ်ပါနဲ့… သူမကိုအသက်ရှူသေးအောင်ထားပြီး သူမကိုကျုပ်တို့တွေစစ်မေးနိုင်ပါတယ်”

“အိုး သိပြီ”

ချီလင်ဘုရင်၏စကားတို့အားကြားပြီး

သည့်နောက် ရှစ်ဖုန့်၏အကြည့်တို့က  နောက်တစ်ကြိမ်ထပ်မံ၍  သူ၏လက်အတွင်းရှိလူသားမီး

တောက်ပေါ်သိုကျရောက်သွားသည်။ ဤအချိန်တွင်သွေးနီရောင်မီးတောက်အောက်က၌ ဖျောင်ရွှယ်ယွဲ့မှာ စိတ်မချမ်းမြေ့ဖွယ်နာကျင်မှုအ

ပြည့်ဖြင့်အော်ဟစ်နေဆဲဖြစ်သည်။

“အား..အား..ဟားဟား”

ချီလင်ဘုရင်၏စကားတို့အား

ကြားပြီးသည့်နောက် စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံများကြားမှ ရယ်မောသံတစ်ခုပေါက်ကွဲထွက်ပေါ်လာသည်။

“အိမ်မက်မက်နေတာရပ်လိုက်စမ်း….နင်ငါ့ကိုသတ်ချင်ရင် သတ်ပစ်လိုက်..ငါသေခြင်းတားမြစ်နယ်မြေထဲကနေထွက်လာခဲ့တယ် ..ဒါပေမဲ့  ငါ့ဆီကနေသေခြင်းတားမြစ်နယ်မြေနဲ့ပက်သက်တဲ့သတင်းဘာကိုမှရဖို့ စဉ်းစားမနေနဲ့ …အား..ဟားဟား..ဟားဟားဟားဟား”

“ဒီမိန်းမ ရယ်နိုင်သေးတာပဲ.. ကြည့်ရတာ လုံလောက်အောင်ဝေဒနာမခံစားရသေးပုံပဲ.. “

ရှစ်ဖုန့်က လူသားပုံစံသွေးနီရောင်မီးတောက်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။ ထို့နောက် သွေးနီရောင်မီးတောက်တို့က ရုတ်တရက်ပို၍ ပြင်းထန်လာသည်။

“အား..အား..အား..အား..အား..”

ဖျောင်ရွှယ်ယွဲ့၏ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံက  ရုတ်တရက်ပို၍ကျယ်လောင်လာပြီး  ဟင်းလင်းပြင်ထဲ၌ရိုက်ခတ်နေသည်။ ဤစိတ်မချမ်းမြေ့ဖွယ်အော်

ဟစ်သံများမှတစ်ဆင့်  ဤမိန်းမလှလေး ဖျောင်ရွှယ်ယွဲ့တစ်ယောက်  ဤနတ်ဆိုးရှစ်ဖုန့်၏လက်အတွင်း

ခံစားနေရသာ ဝေဒနာအားစိတ်ကူးကြည့်၍

ပင်ရနိုင်သည်ဖြစ်သည်။

“အရှင်စစ်နတ်ဘုရားကတကယ့်ကို အနိုင်မခံအရှုံးမပေးနဲ့သမာသတ်ကျတဲ့သူပဲ  ..ဖျောင်ရွှယ်ယွဲ့လို အချောအလှလေးနဲ့ ရင်ဆိုင်ရတာတောင်ပြောင်းလဲမှုမရှိဘူး. ပန်းလေးကိုဖျက်ဆီးပစ်ဖို့အတွက် မီးတောက်ကိုတောင်အသုံးပြုလိုက်သေးတယ်”

နန်းမျှော်စင်ထက်တွင် သက်လတ်ပိုင်းအရွယ် အရာရှိတစ်ယောက်က  ဟင်းလင်းပြင်ထဲမှအသံများအား ကြားရသောအခါတွင် သမာသတ်ကျသည့် မျက်နှာဖြင့်စကားပြောလိုက်သည်။ သို့သော်သူ၏နှလုံးသားအတွင်း

တွင်တော့စိတ်နှလုံးမချမ်း

မသာဖြစ်နေဆဲဖြစ်သည်။

“နှမြောစရာပဲ နှမြောဖို့ကောင်းလိုက်တာ..

ဖျောင်ရွှယ်ယွဲ့လိုအလှလေး.. အရမ်းလှပြီး အရမ်းသန့်စင်တယ်… အရမ်းကိုလှပပြီးနတ်သမီးလေးလိုပဲ… အဲ့နတ်သမီးလေးကို နတ်ဆိုးလိုရှစ်ဖုန့်က အရှင်လတ်လတ်ကြီးဖြုန်းတီးပစ်နေတယ်…. အကယ်၍သူမရဲ့ဒန်တန်သာ ဖျက်ဆီးခံရရင် …အကယ်၍သူမမှာသာ ခုခံနိုင်စွမ်းမရှိခဲ့ရင် ငါ့ကိုသာသူမရဲ့လှပတဲ့ကိုယ်လေးနဲ့ အရင်ဆုံးပျော်ပါးခွင့်ပေးခဲ့ရင်

ဘယ်လောက်ကောင်းလိုက်မလဲ…

နှမြောစရာပဲ..ဖြုန်းတီးလိုက်တာကွာ….

အလှလေးရဲ့အသက်နဲ့ ဘယ်လိုပျော်ပါးရမယ်ဆိုတာ

ကိုသူတကယ်မသိဘူးပဲ”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters