ဓားကိုင်ကျွမ်းကျင်မှု။
Vol. 5 Ch. 116
အဆုံးမှာ ဟဲချင်း ငွေစက္ကူ ၂၀၀ ကို ယူခဲ့သည်။
လုရှန်း သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို ဆေးကြောဖို့ ဆေးပုလင်းကို ပေးလိုက်သေးသည်။
သူ့ဆရာ တောင်ပေါ်မှာနေစဉ်က ဒီဆေးကို ဖန်တီးခဲ့တာ။ သူမ ဒဏ်ရာရတဲ့အခါတိုင်း လိမ်းပေးလေ့ရှိသည်။ ဒီဆေးရဲ့သက်ရောက်မှုက ဆရာရဲ့ မသေမျိုးနည်းလမ်းတွေလောက် သိပ်အကောင်းကြီးမဟုတ်သလို အဆိုးကြီးလည်းမဟုတ်ဘူး။
"ဒါဘာလဲ? ဒီဗူးလေး တော်တော်လှတယ်။"
လှည်းပေါ်က ပစ္စည်းတွေကို ရွေ့နေတာမြင်တော့ အမျိုးသမီး'ရူ'က မြေအိုးကိုမြင်ပြီး ချက်ချင်းမေးမြန်းတယ်။
ဟဲလိန်လည်း ကြားကြားချင်း လှည့်ကြည့်သည်။ စားပွဲပေါ်က ရွှံ့အိုးကို မြင်တော့ မျက်လုံးတွေက အရောင်တောက်လာပြီး သေချာကြည့်ဖို့ အလျင်စလိုရှေ့တိုးလာတယ်။
"ဒါဘာလဲ?"
ဟဲချင်းက ခြင်းတောင်းထဲက အာလူးနဲ့ ခရမ်းချဉ်သီးတွေကို ကြည့်ပြီးတော့ စပ်စုမေးမြန်း၏။
“ဒါက အာလူးနဲ့ ခရမ်းချဉ်သီးတွေ ဒီဗူးထဲမှာ ခရမ်းချဉ်သီးနဲ့ လုပ်ထားတဲ့ အချဉ်ရည်ပါတယ်။ ဒီအထဲမှာ ဂဏန်းငံပြာရည်လည်းရှိတယ်။”
“သမီး ဒါတွေအကုန်လုံး လုပ်လာတာလား?”
အမျိုးသမီး'ရူ' ဂဏန်းငံပြာရည်အပြည့်ရှိသည့် ဗူးကို ဖွင့်ရင်း သရေမကျပဲ မနေနိုင်တော့။
"ဒါက အရမ်းစားလို့ကောင်းတယ်။"
လုရှန်း ပြုံးရင်း ဝယ်ထားတဲ့ အသားတွေကို ဘေးနားချလိုက်တယ်။ “အဖွား စားချင်သေးရင် နောက်ကျ ၂ ဘူး လာယူခိုင်းလိုက်နော်။”
အမျိုးသမီး'ရူ' ခေါင်းညိတ်တယ်။ "အဘွား စမ်းစားကြည့်မယ်။"
ဟဲချင်းက “အဒေါ်နဲ့ ဉီးလေးတို့ ကျန်တာတွေ ဝိုင်းသယ်ပေးပါဉီး။ ဒီနေ့ညစာအတူတူစားကြစို့။”
“လုရှန်း လာတာ ရှားတယ်။ ငါတို့ အတူတူထမင်းစားကြမယ်။"
အမျိုးသမီး'ရူ'က ဟဲလိန်ကို ကြည့်ပြီး "အားလိန်၊ ကြက်၂ ကောင်သွားဖမ်း။ မင်းအဖေနဲ့ တူလေးကိုပါ တခါထဲခေါ်ခဲ့။“
ဟဲလိန်က နှုတ်ခမ်းစူပြီး “အစ်ကို့ကို မခေါ်ချင်ပါဘူး။ အကုန်လုံးက ကျွန်တော့်ကို ဝိုင်းပြီးတော့ ခိုင်းကြမှာ။”
ဟဲလိန်သည် မိသားစုထဲတွင် အငယ်ဆုံးဖြစ်ပြီး ဟဲချင်းထက် ခြောက်နှစ်ငယ်သည်။ ဒီနှစ်ဆို အသက် ၂၀ ပဲ ရှိသေးသည်။
ဟဲကျန့်က မိသားစုမှာ အကြီးဆုံးသား။ အသက် ၃၅ နှစ်ရှိပြီ။ အမျိုးသမီး'ရန်'နဲ့ လက်ထပ်ခဲ့သည်။ အမျိုးသမီး'ရန်'မှာ လွန်ခဲ့သည့် ၅ နှစ်က ရောဂါတစ်ခုနဲ့ ကွယ်လွန်သွားပြီ ဖြစ်သည်။
သူတို့တွင် ကလေးနှစ်ယောက်ရှိသည်။ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်၊ မိန်းကလေးက လုရှန်းနဲ့ အသက်တူပြီး ဒီနှစ်ထဲတွင် လက်ထပ်သွားပြီဖြစ်သည်။ ယောက်ျားလေးကတော့ အသက် (၁၄) နှစ်၊ ရွာကျောင်းတွင် ကျောင်းတက်နေသည်။
ဟဲလိန် ညည်းတွားရင်း အပြင်ထွက်သွားတယ်။
အမျိုးသမီး'ရူ' ကူကယ်ရာမဲ့ ခေါင်းခါယမ်းပြီး လုရှန်းကို "မင်းရဲ့ဦးလေးက ဒီလိုပဲ။ တစ်ခုခုလုပ်ဖို့ တာဝန်ပေးရင် အမြဲတုံ့ဆိုင်းနေတတ်တယ်။”
လုရှန်း ပြုံးပြီး ဘာမှပြန်မပြောပေ။
ဟဲချင်းက အသားတွေကို မီးဖိုချောင်ထဲသို့ ယူလာခဲ့တယ်။ လုရှန်း မီးဖိုချောင်ထဲသွားကူစဉ် လုဂျန်နဲ့ လုရှင်းကို အဖွားအား အဖော်လုပ်ပေးဖို့ ထားခဲ့တယ်။
ဟဲချင်းက ခရမ်းချဉ်သီးနဲ့ အာလူးတွေနဲ့ ဘယ်လိုလုပ်ရမည်ကို မသိတာမို့ လုရှန်း ဝင်လာတာကို မြင်တော့ ဘာမှပြန်မပြောပေ။
လုရှန်း ဝင်လာချိန်တွင် သစ်သားပုံးထဲ ပုဇွန်အရှင် တစ်ဝက်ကို တွေ့လိုက်တယ်။
“မင်းရဲ့ဦးလေးအားလိန်နဲ့ ငါ ဒီမနက်ပဲ ယူလာတာ။ မင်းစားချင်ရင် နောက်ကျမှ ချက်ကျွေးမယ်။”
သူမရဲ့အကြည့်ကို ကြည့်ရင်း ဟဲချင်း ရှင်းပြတယ်။
လုရှန်း ခေါင်းညိတ်တယ်။ သူမ အာလူးနဲ့ ခရမ်းချဉ်သီး အနည်းငယ်ကို ထုတ်ပြီး အခွံမနွှာခင် ရေဆေး၏။
အမျိုးသမီး'ရူ' ဝင်လာပြီး ကြက်သတ်ရန် ရေနွေးအိုးတည်ဖို့ ဟဲချင်းကို လာပြောသည်။
သူတို့ ကြက်သတ်မယ်ဆိုတာ ကြားတော့ လုရှန်း အာလူးတစ်ဝက်ကို အတုံးလေးတွေဖြစ်အောင် လှီးပြီး ကျန်တစ်ဝက်ကို အချောင်းလေးတွေလှီးသည်။ သူမ အာလူးတွေကို ရေစိမ်တယ်။
မကြာခင် ဟဲလိန်သည် သူ့အဘိုးဟဲဟူ၊ သူ့ဝမ်းကွဲ ဟဲဒေါင်လိန်တို့နဲ့အတူ ကြက်နှစ်ကောင် ယူလာသည်။
ဟဲကျန့်သည် ဓားတစ်ချောင်းနဲ့ ပန်းကန်တစ်လုံးယူဖို့ မီးဖိုချောင်ထဲဝင်လာတယ်။ အခွံခွာထားတဲ့အာလူးကိုတွေ့တော့ နည်းနည်း အံ့သြသွားတယ်။
အရင်က သူသည် စားသောက်ဆိုင်တစ်ခုရဲ့ မီးဖိုချောင်မှာ အလုပ်သင် ဝင်လုပ်ခဲ့ဖူးသည်။
သူရဲ့ ဓားကိုင် ကျွမ်းကျင်မှုက ကောင်းတယ်ပဲ ထင်နေခဲ့တာ။ လုရှန်းရဲ့ ဓားကိုင်စွမ်းရည်က သူ့ထက်သာလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။
"မင်းရဲ့ ဓားကိုင်စွမ်းရည်က ကောင်းလွန်းတယ်။"
သူက လုရှန်းကို ကြည့်ပြီး ရိုးသားစွာ ချီးမွမ်းတယ်။
"ကျေးဇူးတင်ပါတယ် ဦးလေး!"
လုရှန်း ပြုံးပြီး ကျေးဇူးတင်တယ်။
ဟဲကျန့် ခေါင်းညိတ်ပြကာ ဓားနဲ့ ပန်းကန်လုံးကြီးတစ်လုံးယူကာ ထွက်လာခဲ့တယ်။
မီးဖိုနားက ဟဲချင်း မော့ကြည့်ပြီး ပြုံးတယ်။ “မင်းရဲ့အကြီးဆုံးဦးလေးက အရင်က စားသောက်ဆိုင်တစ်ခုရဲ့ အလုပ်သင်တစ်ယောက်လေ။ သူက အချက်အပြုတ် ကျွမ်းကျင်တယ်။”
"တကယ်လား?"
လုရှန်းရဲ့ မျက်လုံးများ တောက်ပသွားပြီး အကြံတစ်ခု စိတ်ထဲဝင်ရောက်လာခဲ့သည်။