← Chapters

ဒီလိုအရည်အချင်းမျိုး မနှစ်သက်သည့်သူ ရှိသလား?

Vol. 5 Ch. 117

ဒီလိုအရည်အချင်းမျိုး မနှစ်သက်သည့်သူ ရှိသလား?

Vol. 5 Ch. 117

လုရှန်းရဲ့ ညွန်ကြားမှုအောက်တွင် ဟဲကျန့် ညစာပြင်ဆင် ချက်ပြုတ်သည်။

ခရမ်းချဉ်သီးကြက်ဥမွှေ၊ ပုဇွန်ကြော်၊ အာလူးပြုတ်၊ ကြက်သားပြုတ်၊ ဂဏန်းတို့ဟူး၊ ဒေါင်ပိုအသား၊ ဆောင်းဖရဲသီးဝက်နံရိုးစွပ်ပြုတ်၊ ကြက်ပေါင်းဟင်းတစ်ပန်းကန်နဲ့ လုရှန်း ပြင်ဆင်ထားသော ငံပြာရည်။

ပန်းကန်တွေပြည့်နေတဲ့ စားပွဲကိုကြည့်ပြီး ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သည့် ဟဲကျန့် သက်ပြင်းချမိတယ်။

"လုရှန်း အစားအသောက်နဲ့ ပတ်သက်ပြီး အများကြီး သိနေမယ် မထင်ထားမိဘူး။”

သူက ဟင်းလျာတွေကို ချက်ပြုတ်တဲ့သူ ဖြစ်ပေမဲ့လည်း လုရှန်းရဲ့ လမ်းညွှန်မှုကြောင့် မြန်မြန်ဆန်ဆန်ပြီးသွားတာဖြစ်သည်။

လုရှန်း ပြုံးပြီး "ရိုးရိုးသားသားပြောရရင် ကျွန်မ မြို့ထဲမှာ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ချင်တာ။"

သူမ ဟဲကျန့်ကို ကြည့်ပြီး "ဦးလေးရဲ့ အချက်အပြုတ်စွမ်းရည် ကောင်းမယ်ထင်တယ်။ အချိန်ရရင် ဦးလေး ကျွန်မဆိုင်ရဲ့ စားဖိုမှူးလုပ်မလား?"

သူမက အရမ်းအလုပ်များတာမို့ စားသောက်ဆိုင်မှာ အမြဲရှိ မနေနိုင်ပါ။ သူမ ဖန်တီးထားတဲ့ ဟင်းခတ်အမွှေးအကြိုင် ချက်ပြုတ်နည်းကို ပြင်ဆင်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ စားဖိုမှူးကို ရှာဖို့ အရင်က ဆုံးဖြတ်ထားသည်။

အခု သူမ စဉ်းစားကြည့်တော့ သူမဦးလေးထက် ဘယ်သူကမှ အားကိုးလို့ ရတဲ့လူ မရှိ။

“လုပ်မှာပေါ့။”

ဟဲကျန့် စကားမပြောခင် ဟဲဟူက "ငါတို့တွေက မိသားစုတွေလေ။ သူက အိမ်မှာ ဘာမှလုပ်စရာမရှိလို့ ကူညီလို့ရတယ်။”

ဟဲကျန့် တခဏတိတ်ဆိတ်သွားပြီ ခေါင်းညိတ်တယ်။ “ကောင်းပြီ။”

လွန်ခဲ့သည့် ၅ နှစ်၊ သူ့မိန်းမ ကွယ်လွန်သွားတည်းက သူ့ကလေးနှစ်ယောက်ကို ပြုစုဖို့ အလုပ်ထွက်ခဲ့သည်။

စားဖိုမှူးဖြစ်ဖို့က သူ့အိပ်မက်ပဲ။ သူ အလုပ်သင်မပြီးခင် 'တန်ရှန်'စားသောက်ဆိုင်က ထွက်လာရတာ နှမြောဖို့ကောင်းတယ်။ ဒါက သူ့ကို အရမ်းဝမ်းနည်းစေတယ်။

လုရှန်း ပြုံးပြီး ခေါင်းညိတ်တယ်။ “ဒါဆိုရင် ဆုံးဖြတ်ချက်ချပြီးပြီနော်။ ကျွန်မ စားသောက်ဆိုင်ဖွင့်ရင် ဦးလေးက ကျွန်မဆိုင်ရဲ့ စားဖိုမှူးဖြစ်လာရမှာနော်။“

ဟဲကျန့် ခေါင်းညိတ်တယ်။

“ငါကော၊ ငါကော အလုပ်ရနိုင်မလား? ပိုက်ဆံမလိုဘူး။ စားစရာပဲလိုတယ်။” ဟဲလိန် အပြုံးလေးနဲ့ ဆိုတယ်။

မြို့အကြောင်းပြောနေစဉ် ဟဲဟူ မတတ်နိုင်ပဲ မျက်မှောင်ကြုံ့သွားတယ်။ “မြို့တံခါး ဘယ်တော့ပြန်ဖွင့်မလဲ တွေးမိတယ်။”

“ဟုတ်တယ်!” ဟဲလိန် စူပုတ်ပုတ်ပြောတယ်။ “အိမ်ပြန်ရောက်တာ ခဏပဲရှိသေးတယ်။ အခု ကျောင်းပြန် မတက်နိုင်တော့ဘူး။ ရက်တော်တော်ကြာနေပြီ။"

"ဘာဖြစ်လို့လဲ? မြို့တံခါးက မဖွင့်ဘူးလား။ ဘာဖြစ်လို့လဲ?”

အမျိုးသမီး'ရူ'နဲ့ ဟဲကျန့်တို့ အခုလေးတင် အစ်ကိုဖြစ်သူ နေရာက ပြန်ရောက်တာဖြစ်လို့ မြို့တွင်းအခြေအနေကို မသိကြပါ။

ဟဲဒေါင်က “ကျွန်တော့်ဆရာဆီက ကြားတာက တည်းခိုခန်း မီးလောင်ပြီး လူဆယ်ဦးထက်မနည်း သေသွားတယ်တဲ့။ တစ်စုံတစ်ယောက် လုပ်လိုက်တာတဲ့။ လူသတ်သမားကိုရှာဖွေဖို့ အရာရှိတွေက မြို့တံခါးပိတ်ထားတာ။ အထဲဝင်လို့မရသလို အပြင်ထွက်လို့လည်းမရဘူး။”

"ငါတို့မြို့ကို မသွားရင် လူတွေက ထင်း၊ ဆန်၊ ဆီ၊ ဆား ဘယ်လိုဝယ်ကြမလဲ။" အမျိုးသမီး'ရူ' မျက်မှောင်ကြုံ့သွား၏။ “လူသတ်သမားကို ရှာချင်ရင်တောင် ဒီလိုလုပ်လို့မရဘူး။”

လူသတ်သမားကို ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းသည် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် သက်ရောက်မှုရှိစေ၏။ အရာရှိတွေလည်း အလျင်စလိုလုပ်လွန်းသည်။

“ကျွန်တော့်ဆရာ ပြောတဲ့အတိုင်းဆို နောက်နေ့ ပြန်ဖွင့်လိမ့်မယ်တဲ့။”

ဟဲဒေါင်က လုဂျန်နဲ့ လုရှင်းတို့အတွက် ပန်းကန်နဲ့ တူ အချို့ယူပြီး မပေးခင် “သခင်'ချု' လာနေပုံပဲ။“

သခင်'ချု' ရောက်နေတာလား? ချုစစ်ဟန်လား?

လုရှန်းရဲ့ နှလုံးတုန်လှုပ်သွား၏။ သူမ သူ့ကို မတွေ့တာကြာပြီ။

"မင်း ဘယ်လိုသိတာလဲ?" ဟဲလိန် စပ်စုတယ်။

“ကျွန်တော့်ဆရာ ပြောတာပဲ။” ဟဲဒေါင်က “ဉီးလေး မနက်ဖြန် အတန်းပြန်တက်သင့်တယ်။”

ဟဲလိန် သက်ပြင်းချပြီး "သခင်'ချူ'နဲ့သာ တစ်ကြိမ်လောက် တွေ့ခွင့်ရရင်!"

လုရှန်း မျက်ခုံးပင့်ပြီး “သခင်'ချု'ကို အရမ်းသဘောကျတာလား?”

"ဒါပေါ့!"

ဟဲလိန် ဂုဏ်ယူစွာဆိုတယ်။ “သူက ငါတို့ ဟောင်ရန်မြို့အတွက် တိုက်ပွဲဝင်ခဲ့တာ။ အသက် ၁၅ နှစ်မှာ  ခရိုင်ပညာတော်သင်၊ ၁၆ ခြောက်နှစ်မှာ ထိပ်တန်းပညာတော်သင်နဲ့ ၁၈ နှစ်မှာ တရားသူကြီးဖြစ်လာတာ။ ဒီလိုအရည်အချင်းမျိုးကို ဘယ်သူက သဘောမကျဘဲနေမှာလဲ?”

ဆရာတွေနဲ့ ကျောင်းသားတွေအတွက် ချူစစ်ဟန်က နတ်ဘုရားနဲ့တူသည်။

"ဒါဆို သူက အစွမ်းထက်တာပေါ့!" လုရှန်း ရေရွတ်တယ်။

"ဟုတ်တယ်!"

ဟဲလိန်က "သခင်'ချု'က အလွန်ချောမောတယ်လို့ ကြားတယ်။”

လုရှန်း ခေါင်းညိတ်သဘောတူတယ်။ "သူ တကယ်ကို ချောတယ်။"

သူမ ထိုစကားကိုပြောတော့ စားပွဲရှိလူတိုင်းက သူမကို ချက်ချင်းကြည့်လိုက်ကြတယ်။

All Chapters